(ဒါက တရှားရဲ့ အမွေအနှစ်လား?)
Vol. 5 Ch. 69
"ဒါက ကောင်းကင်တာအိုရဲ့ နတ် အမှတ်သားမလား!!!"
"ဘယ်လိုလုပ် ကောင်းကင်တာအိုရဲ့ နတ်အမှတ်အသားက တရှားတိုင်းပြည်မှာ ပေါ်လာရတာလဲ?"
"တကယ်ကို ကောင်းကင်ဘုံရဲ့ တာအိုအမှတ်အသားကို ငါမြင်ရမယ်လို့ မထင်ခဲ့မိဘူး"
"ဒါ ကောင်းကင်နန်းတော်ရဲ့ ပစ္စည်းမလား!"
"ဖြစ်နိုင်တာက တရှားတိုင်းပြည်ရဲ့ နန်းတော်ထဲမှာ ကောင်းကင်ဘုံကို ထိုးဖောက်နိုင်မယ့် ပါရမီရှင်တစ်ယောက် ပုန်းကွယ်နေခဲ့တာလား?"
လီဖူရဲ့မျက်လုံးတွေက တည်ငြိမ်နေခဲ့သည်။
တရှားတိုင်းပြည်ရဲ့ တော်ဝင်နန်းတော်ကိုကြည့်နေရင်း သူ့ရဲ့မျက်လုံးတွေက တဖြည်းဖြည်း အံ့သြမှုတို့ စွန်းထင်လာလေ၏။
သာမန်လူတွေနဲ့ မတူတဲ့ သူ့ လိုမျိုး ဥာဏ်ကြီးရှင်တစ်ယောက် တောင်မှ မနေနိုင်အောင် လေးစားမိသွားသည်။
ကမ္ဘာမြေမှာမွေးဖွားလာပေမဲ့ ကောင်းကင်ဘုံကို တက်လှမ်းနိုင်တဲ့ ကျင့်ကြံရေးလမ်းစဥ်ဆိုတာ သူ့ ဘဝတစ်လျှောက်လုံး ရှာဖွေဆည်းပူးနေခဲ့ရတဲ့ လမ်းစဥ်ပဲ။
ဒါကြောင့် သူ့ရဲ့နှလုံးသားအနက်ပိုင်းကနေ မနာလိုမှုတွေကို ခံစားနေခဲ့ရသည်။
...ယှဥ်ပြိုင်ချင်တဲ့စိတ်ဆန္ဒလို့ ပြောရမလား။
"မဖြစ်နိုင်တာ! တရှားမှာ ဘယ်လိုလုပ် ဒီလိုလူမျိုးရှိနေရတာလဲ"
“ပိုဆိုးတာက တရှားရဲ့တော်ဝင်မိသားစုထဲမှာ ရှိနေတာလား?!”
"ဒီတရှားတိုင်းပြည်မှာ ဘယ်လောက်တောင် လျှို့ဝှက်ချက်တွေ များနေတာလဲ?"
လီဖူတွေးနေရင်းနဲ့ပဲ အနီးကပ် သွားရောက်စုံစမ်းဖို့ ဆုံးဖြတ်လိုက်သည်။ ဒါပေမဲ့ သူလှုပ်ရှားဖို့ ကြိုးစားလိုက်ချိန်မှာ သူ့ရဲ့ခန္ဓာကိုယ်က လှုပ်လို့မရတာကို ရှာတွေ့ခဲ့သည်။
သူတင် မဟုတ်ခဲ့ဘူး။ နဂါးအရိပ် လွှမ်းမိုးခံထားရတဲ့ နေရာတစ်ခုလုံး လုံးဝကို လှုပ်လို့မရနေတာပဲ။
ထိုပိုင်နက်အတွင်းမှာရှိတဲ့ သက်ရှိတွေနဲ့၊ အရာအားလုံးက ရပ်တန့်နေသလိုမျိုး ဖြစ်နေခဲ့သည်။
ဒါပေမဲ့ လီဖူသိုင်းပညာသုံးပြီး မကြိုးစားကြည့်ခင်မှာဘဲ ခံစားနေခဲ့ရတဲ့ အရှိန်အဝါက ချက်ချင်းဆိုသလို ပျောက်ကွယ်သွားလေ၏။
မြို့တော်ထဲက သာမန်ပြည်သူတွေခမျာ သတိတောင်မထားခဲ့မိဘူး။
လှုပ်ရှားနေရာကနေ ရပ်သွားခဲ့ကြ ပေမဲ့ အချိန်ခဏအတွင်းမှာ ပြန်ကောင်းသွားတာမို့ သာမာန်သူတွေအနေနဲ့ သတိမထားမိတာ ပုံမှန်ပဲဖြစ်သည်။
"ပျောက်...ပျောက်သွားတာလား?"
လီဖူနေရာမှာတင် မှင်သက်နေခဲ့သည်။ သူ့ရဲ့မျက်လုံးထဲမှာ မေးခွန်းတွေပြည့်နေလေ၏။
ပြင်းထန်တဲ့အရှိန်အဝါရဲ့ လှုံ့ဆော်မှုကြောင့် လီဖူရဲ့ တည်ငြိမ်နေတဲ့ နှလုံးသားပင် မထိန်းနိုင်အောင် ခုန်လှုပ်နေခဲ့သည်။
သူရလိုက်တဲ့အရှိန်အဝါက ပထမအဆင့် သိုင်းနတ်ဘုရားထက်ကို ကျော်လွန်နေတာမလား။
ဘယ်လိုလူသားကများ တကယ်ပဲလုပ်နိုင်ခဲ့တာလဲ။
ထျန်းချီတာဝါတစ်ခုလုံးမှာတောင် အဲလိုထူးချွန်တဲ့ ပုဂ္ဂိုလ်မျိုးရှိရဲ့လား။
တကယ်တော့ ထျန်းချီတာဝါမှာ ထိုသို့ပါရမီရှင်မျိုးရှိပါသည်။ ဒါပေမဲ့ အလွန်ရှားသည်ပြောရမည်။ ဒါပေမဲ့ မဖြစ်နိုင်စရာကောင်းတာက အခု ထိုက်အန်းလိုမျိုး သေးငယ်တဲ့မြို့တစ်ခုမှာ အဲဒီလို ပါရမီရှင်တစ်ယောက်ရဲ့အရှိန်အဝါကို သူ ခံစားလိုက်ရတာပဲ။
မဟုတ်သေးဘူး...
အဲဒီလူ အခုထိ အဆင့်မတက်နိုင်လောက်သေးဘူး။ ထူးဆန်းတဲ့အရှိန်အဝါကို ခဏတာလေးပဲ သူ ခံစားခဲ့လိုက်ရတာလေ။
'တကယ်ပဲ အဆင့်တက်ခဲ့မယ်ဆိုရင် အဲဒီအရှိန်အဝါတွေတင် မကဘဲ ထူးဆန်းတဲ့ ရာသီဥတုအပြောင်းအလဲကိုပါ ထိုက်အန်းမြို့က ကြုံတွေရလိမ့်မယ်’
'ဒါဆိုရင် အဲဒီလူက အဆင့်တက်လုနီးနီးကို ဖြစ်ခဲ့တာပေါ့’
'တရှားက တကယ်ပဲ ဘယ်လိုတိုင်းပြည်များလဲ?’
'ဒါဆိုဖြစ်နိုင်တာက တရှားတိုင်းပြည်က ငါတို့ထျန်းချီတာဝါရဲ့ စည်းကမ်းတွေကို နားလည်နေတာမဟုတ်ဘဲနဲ့...
သူတို့မှာ ငါတို့ကို ယှဥ်ပြိုင်နိုင်တဲ့အစွမ်းအစ ရှိနေတာများလား?!’
ထိုသို့တွေးမိလိုက်တာနဲ့ လီဖူ ဆက်လက်ပြီး မတည်ငြိမ်နိုင်တော့ဘူး။
ဘာလို့ဆိုရင် သူ့ရဲ့မျက်စိရှေ့မှာရှိတဲ့ တရှားတိုင်းပြည်က... သူနဲ့ လုံးဝကို မရင်းနှီးတဲ့ နေရာတစ်ခုလိုမျိုး ခံစားနေခဲ့ရသည်။
လီဖူရဲ့နှလုံးသားထဲမှာရှိတဲ့ သံသယမေးခွန်းတွေအားလုံးက နောက်ဆုံးမှာ ပုံရိပ်တစ်ခုအဖြစ် အသွင်ပြောင်းသွားခဲ့သည်။ ...ရှကျိုးယွီ!
တရှားတိုင်းပြည်ရဲ့ စိတ်ဓာတ်ခိုင်မာတဲ့ ဘုရင်မင်းမြတ်!
တရှားတိုင်းပြည်ရဲ့အောင်မြင်မှုတွေက တကယ်ပဲ သူ့ကြောင့်လား?
လီဖူ မေးခွန်းထုတ်လိုက်သည်။
နောက်ဆုံးမှာတော့ သူ ခေါင်းသာ ယမ်းလိုက်တော့သည်။
သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ ထိုးတက်နေတဲ့ သိချင်စိတ်တွေကို ထိန်းချုပ်လိုက်လေ၏။
...
ထိုအချိန် ပိုင်ဟွားနန်းဆောင်ထဲမှာ လျိုချင်းချန်က မသေမျိုးဆေးလုံးကို လက်ထဲမှာကိုင်ထားရင်း ဆေးလုံးရဲ့အရှိန်အဝါတွေကို အငမ်းမရ စုပ်ယူနေခဲ့သည်။
သူမက ရိုးရှင်းစွာ ဝတ်ဆင်ထားလေ၏။
ဒီဆေးလုံးရဲ့အရှိန်အဝါတွေကြောင့် ဒီရက်ပိုင်းမှာ သူမရဲ့ရင်ထဲက ခံစားချက်တွေကို ဖိနှိပ်နိုင်ခဲ့သည်။ ဒီခံစားချက်က အရမ်းကို ပေါ့ပါးစေသည်။ သူမရဲ့နှလုံးသားက တစ်ခါမှ မခံစားရဖူးသလိုမျိုး ပေါ့ပါးနေလေ၏။
ဒါပေမဲ့ ထိုအချိန်မှာ သူမ ရုတ်တရက် ဆန်းကြယ်တဲ့ဖိအားတစ်ခုကို ခံစားမိလိုက်သည်။ အာရုံခံကြည့်လိုက်တော့ နန်းတော်က ထွက်ပေါ်လာတာပင်။
ကြီးမားတဲ့အရှိန်အဝါကြောင့် သူမ မနေနိုင်စွာ နန်းတော်ဘက်ကို လှည့်ကြည့်မိသွားသည်။
နောက်တစ်စက္ကန့်လည်းကြာရော…..
သူမရဲ့နှလုံးသားပါ တုန်ယင်လာတော့၏။
တရှားတိုင်းပြည်ရဲ့ကံကြမ္မာကို တစ်ခုခုက စုပ်ယူနေခဲ့တယ်!
တရှားတိုင်းပြည်ရဲ့ တော်ဝင်ဆရာမကြီးတစ်ယောက်အနေနဲ့ လျိုချင်းချန်က ကံကြမ္မာအမှတ်ကို အမြဲတမ်း စိတ်ဝင်တစားရှိခဲ့သည်။
ဖြစ်နိုင်တာက... သူမလည်းပဲ အဆင့်တက်ဖို့အတွက် ကံကြမ္မာအမှတ်တချို့ကို စုပ်ယူချင်နေတာလည်း ပါနိုင်တာပေါ့။
အထူးသဖြင့် အခုလိုမျိုး ၆ဆလောက် တက်သွားတဲ့အချိန်မှာ သူမလည်း အနည်းငယ် လောဘတက်လာခဲ့သည်လေ။
ဒါပေမဲ့ အခုတော့ တရှားတိုင်းပြည်ရဲ့ ကံကြမ္မာအမှတ်ကို အင်အားကြီးစွာ စုပ်ယူနေတဲ့ အရှိန်အဝါတစ်ခုကို သူမ ခံစားလို့ရနေသည်။
"တိုင်းပြည်ရဲ့ကံကြမ္မာအမှတ်ကို စုပ်ယူနေရဲလောက်အောင် ဘယ်သူက ရဲတင်းနေတာလဲ?"
ပိုလက်သွက်တဲ့ တစ်စုံတစ်ယောက်က သူမထက် အရင် တိုင်းပြည်ရဲ့ကံကြမ္မာအမှတ်တွေကို စုပ်ယူနေပြီမလို့ လျိုချင်းချန်တွေးကာ စိတ်ပူသွားခဲ့သည်။
ဒါပေမဲ့ မကြာခင်မှာပဲ ဒီကိစ္စက မရိုးရှင်းမှန်း သဘောပေါက်သွားတော့သည်။
"မဟုတ်သေးဘူး" လျိုချင်းချန် ရေရွတ်လိုက်သည်။
ဆေးလုံးကိုကိုင်ထားတဲ့ သူမရဲ့လက်ပင် အနည်းငယ် အောက်ကိုကျသွားခဲ့သည်။
သူမရဲ့မျက်လုံးတွေက နက်ရှိုင်းလာလေ၏။
"တိုင်းပြည်ရဲ့ကံကြမ္မာအမှတ်ကို စုပ်ယူနေတဲ့လူတွေက တကယ်ပဲ မကောင်းတဲ့လူတွေဆိုရင် ရှကျိုးယွီ ဒီလိုငြိမ်နေမှာမဟုတ်ဘူး။ သူ မသိဘဲနေစရာလည်း အကြောင်းမရှိဘူး!"
"ဒါပေမဲ့ ကံကြမ္မာအမှတ်က တကယ်ကြီး လျော့နေတာဟ!"
“ဘာတွေဖြစ်နေတာလဲ။ ငါ အရင်ကထင်ခဲ့သလိုမျိုး တကယ်ပဲ တရှားတိုင်းပြည်ရဲ့နန်းတော်ထဲမှာ တစ်ခုခု ပုန်းကွယ်နေတာလား?”
လျိုချင်းချန် ပိုပိုပြီး ရှုပ်ထွေးလာခဲ့သည်။
ရုတ်တရက် လက်ထဲကဆေးလုံးကို သူမ ကြည့်မိသွားသည်။ ချက်ချင်းပဲ သူမရဲ့မျက်လုံးတွေ လင်းလာလေ၏။
"ဟုတ်တယ်။ ဒီဆေးလုံးဆိုတာ တရှားတိုင်းပြည်မှာ ပေါ်မလာနိုင်တဲ့အရာမျိုးပဲ။ ဒါပေမဲ့ ရှကျိုးယွီရဲ့လက်ထဲမှာ ရောက်လာခဲ့တယ်"
"ဒါဆိုရင် ဖြစ်နိုင်တာက ရှကျိုးယွီ အရင်တုန်းက ဆေးလုံးဖန်တီးဖို့အကြောင်း ပြောခဲ့တဲ့ဟာက စိတ်ကူးယဥ်နေတာ မဟုတ်ဘဲနဲ့ တကယ်ပဲ ကြိုတင် ပြင်ဆင်ချက်တစ်ခုများလား?"
"မဟုတ်သေးဘူး!"
လျိုချင်းချန် အနည်းငယ် ကူကယ်ရာမဲ့သွားသည်။
သူမအနေနဲ့ ညီမဖြစ်သူ လီချင်းလွမ်ကိုလဲ အနည်းငယ် ညွှန်ကြားသင့်ပြီလို့ တွေးမိလိုက်သည်။
“ဒီလိုကိစ္စကြီးက ပေါ့ပေါ့တန်တန် လုပ်လို့မရဘူး။ မတော်လို့ ရှကျိုးယွီရဲ့အစီအစဉ်တွေကို နှောင့်နှေးအောင်လုပ်မိခဲ့ပြီး…. သူ အမျက်တော်ရှသွားခဲ့ရင် ငါတို့ရဲ့တာအိုဂိုဏ်း တစ်ခုလုံး ပျက်စီးကိန်းကြုံရနိုင်တယ်!”
လျိုချင်းချန် ခပ်ဖြည်းဖြည်း ထရပ်လိုက်သည်။
အဝတ်အစားကို သပ်ရပ်အောင် အနည်းငယ်ပြင်ပြီးတာနဲ့ နန်းတော်ဆီကို ဦးတည်လေတော့၏။
သူမ ရှကျိုးယွီကို သွားတွေ့ဖို့ ဆုံးဖြတ်လိုက်တာပဲ။
...
ဆေးလုံးစမ်းသပ်ခန်းထဲမှာရှိတဲ့ လီချင်းလွမ်ကတော့...
ဆေးလုံးဖန်တီးမှုမှာပဲ အာရုံအပြည့်အဝ စိုက်ထားခဲ့သည်။
သူမရဲ့ တစ်ကိုယ်လုံးမှာလည်း ချွေးတွေရွှဲနေလေ၏။
မီးပေါင်းဖိုထဲကနေ ဆေးလုံးတွေ တစ်လုံးပြီးတစ်လုံး ခုန်ပြီးထွက်လာကာ သူမရဲ့လက်ထဲကို ရောက်လာခဲ့သည်။
ရာချီတဲ့ဆေးလုံးတွေက ကျောက်တုံးလိုမျိုး ကြည်လင်သည်။
ဆေးလုံးတွေရဲ့အပေါ်မှာ ထူးဆန်းတဲ့ အရှိန်အဝါတစ်ခုက လွှမ်းခြုံထားသလိုရှိသည်။
အသက်ဝင်နေသလိုမျိုး ဆွဲဆောင်မှုရှိနေလေ၏။
ဒါက ထန်ရွှမ်းဆေးလုံးပဲ!
လီချင်းလွမ်ရဲ့မျက်လုံးတွေက ပျော်ရွှင်မှုကြောင့် တောက်ပသွားလေသည်။
ဆေးလုံးဖန်တီးမှုမှာ အပြည့်အဝ အာရုံစိုက်ခဲ့တာမို့လို့ တော်ဝင်နန်းတော်ထဲက ပြောင်းလဲမှုတွေကို သူမ သတိမထားမိလိုက်ဘူး။
သူမက ပျော်ရွှင်စွာဖြင့် ဆေးလုံးတွေကိုသာ စိုက်ကြည့်နေလေ၏။
"ဒီမီးပေါင်းဖိုက တကယ်ပဲ ဆေးလုံးတွေကို ဖန်တီးပေးနိုင်မယ်လို့ ငါ မထင်ခဲ့မိဘူး။ ဒီမီးပေါင်းဖိုရဲ့ အကူအညီကြောင့် ကြာချိန်ကို လျှော့ချနိုင်ရုံတင်မကဘဲ ဆေးလုံးရဲ့အရည်အသွေးက ပိုတောင်ကောင်းလာသေးတယ်။ ဒီလိုဆိုရင်တော့ ရှကျိုးယွီ လိုချင်သလို ဆေးလုံးတွေ ရနိုင်တော့မယ်!"
လီချင်းလွမ် တွေးလေလေ သူမရဲ့မျက်လုံးထဲမှာ ဂုဏ်ယူမှုတို့ ပြည့်နှက်လာလေလေပင်။
သူမရဲ့ခံစားချက်တို့ပါ တောက်ပလာခဲ့သည်။
သူမအတွက်တော့ ဒီဆေးလုံးတွေက ဖန်တီးဖူးသမျှထဲမှာ အကောင်းဆုံးဆေးလုံးတွေပဲ။ အခုလိုမျိုး အရည်အသွေးမြင့် ဆေးလုံးကို ဖန်တီးနိုင်တဲ့ အဓိကအကြောင်းအရင်းကလည်း အခု သူမ မျက်စိရှေ့မှာရှိနေတဲ့ အရည်အသွေးမြင့် မီးပေါင်းဖိုကြောင့်သာ... သူမရဲ့အကြည့်က နဂါးကိုးကောင် မီးပေါင်းဖိုဆီကို ကျရောက်သွားခဲ့သည်။
"ဒီမီးပေါင်းဖိုက ဘယ်ကရောက်လာလဲ ငါသိချင်လိုက်တာ။ တကယ်ပဲ အရမ်းမိုက်တယ်!"
ထိုအချိန်မှာ လီချင်းလွမ် တစ်ခုခုကို ရှာတွေ့သွားသလိုမျိုးဖြစ်သွားပြီး အံ့သြတကြီး ရေရွတ်လိုက်လေသည်။
"နေဦး! မပြောနဲ့နော် ဒီမီးပေါင်းဖိုက...!!”
………….