← Chapters

( ရောက်လာပြီလား? သတင်းကောင်းပဲ!)

Vol. 5 Ch. 58

( ရောက်လာပြီလား? သတင်းကောင်းပဲ!)

Vol. 5 Ch. 58

လက်ရှိမှာ…

ထိုက်အန်းမြို့တော်တစ်ခုလုံး ရှုတ်ထွေးနေသည်။

ရွှမ်ထျန်းရဲ့ အဆင့်ကြေညာချက် ကြောင့်ပဲ!

တရှားပြည်သူတွေရဲ့ နှလုံးသားထဲမှာ ဂုဏ်ယူမှုတို့ ဝေဆာနေလေ၏။

“ အရှင်မင်းကြီးက အရမ်းတော်တာပဲ။ သမိုင်းတစ်ခုလုံးမှာတောင် နှိုင်းယှဥ်ဖွယ် မရှိဘူး!”

“ မဟာတံတိုင်းဆောက်တဲ့ နေရာမှာ နည်းနည်းလွဲနေတယ်ဆိုပေမဲ့ မင်းကြီးရဲ့ ထက်မြက်မှုကိုတော့ လက်ခံတယ်”

ထိုအချိန်မှာပဲ လုံးဝကို ပုံစံကွဲတဲ့ အဝတ်အစားတွေနဲ့ လူအုပ်တစ်စု ဝင်ရောက်လာခဲ့သည်။ သူတို့ရဲ့ မြင်းတွေကလဲ သန်မာကြီးထွား၏။

“ ကြည့်လိုက်။ ဘယ်သူတွေလဲ မသိဘူး?”

တစ်စုံတစ်ယောက်က ပြောလိုက်သည်။

အကုန်လုံးလဲ ဝိုင်းကြည့်လိုက်သည်။

“ ဝတ်စုံကိုကြည့်ရတာတော့ ကျန်းဟူ ကနဲ့ တူတယ်နော်”

“ ကျန်းဟူကလူတွေက ဒီကို.ဘာလာလုပ်တာလဲ?”

“ ကြည့်ရတာ ကျန်းနန်မြို့ကိစ္စနဲ့ ဆိုင်လောက်တယ်”

“ ကျန်းနန်? ကျန်းနန်မှာ ဘာဖြစ်လို့လဲ?”

“ ငါလဲသေချာမသိဘူး။ ဒီရက်ပိုင်း အဲ့က လူတွေလာတာ တွေ့ဖူးလို့လေ။ ကြည့်လိုက်။ ဟိုမှာလဲ လာနေတယ်”

လူတွေရဲ့ စကားသံတွေ အဆက်မပြတ် ထွက်ပေါ်နေသလို အကုန်လုံးရဲ့အကြည့်ကလဲ ကျန်းဟူက လူတွေအပေါ်မှာ ကျရောက်နေသည်။

ဒါပေမဲ့ ထိုသူတွေက အဖက်မလုပ်ပေ။

အဆုံးမှာတော့ သူတို့တွေ မြို့ထဲထိ ဝင်ရောက်လာတော့သည်။

……..

ထိုအချိန်မှာတော့ ရှကျိုးယွီတစ်ယောက် ခေါင်မိုးပေါ်မှာ ထိုင်နေခဲ့သည်။ အသက်မပါတော့တဲ့ မျက်လုံးက တစ်နေရာကိုပဲ စိုက်ကြည့်နေပြီး ခန္ဓာကိုယ်ကလဲ လှုပ်ရှားမှုမရှိပေ။

သူ လုပ်စရာ မရှိနေတာပင်။

သုံးရက်လုံး ဖူယွဲ့နန်းဆောင်မှာ နေ့မအား ညမအား အလုပ်များခဲ့သည်။

သူ့ရဲ့ အသိစိတ်တောင် ခန္ဓာကိုယ်က လွင့်သွားသလိုပဲ။

ဖူယွဲ့ကတော့ အခုထိ အိပ်ယာမှာ နှပ်နေတုန်းပဲ။ အိပ်မောကျနေလေရဲ့။

“ တစ်ကယ်ပဲ ဘယ်လောက်ကောင်းတဲ့ ပေါက်ပြားဆိုဆို လယ်ကွင်းတစ်ခုလုံးတော့ မတူးနိုင်ဘူးဆိုတာ ငါလက်ခံလိုက်ပြီ’

ရှကျိုးယွီ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

ထိုအချိန်မှာပဲ ကျောက်ကောင်းရဲ့ အရိပ် ထွက်ပေါ်လာခဲ့သည်။

“ အရှင်မင်းကြီးကို အရိုအသေပေးပါတယ်”

“ ထစေ”

ကျောက်ကောင်းရဲ့ အသံကိုကြားတာနဲ့ ရှကျိုးယွီ သတိဝင်သွားပြီး သိပ်မဝေးတဲ့နေရာက ကျောက်ကောင်းကို လှမ်းကြည့်လိုက်သည်။

ထိုအခါမှ ကျောက်ကောင်းလဲ ခပ်ဖြည်းဖြည်း ထလိုက်သည်။

“ ဘာကိစ္စလဲ?” ရှကျိုးယွီ မေးလိုက်သည်။

“ အရှင်မင်းကြီး.. ထိုက်အန်းမြို့တော်မှာ ဒီရက်ပိုင်း မျက်နှာစိမ်းတွေ အများကြီး ရောက်နေတယ်”

ရှကျိုးယွီ မျက်မှောင်ကြုတ်သွားပြီး ဖြည်းဖြည်းချင်း မတ်တပ်ထလိုက်သည်။

သူအနည်းငယ် စိတ်လှုပ်ရှားသွားပြီလေ။

‘ နောက်ဆုံးတော့ အဲ့တိုင်းပြည်တွေ လှုပ်ရှားပြီလား?’

‘ စစ်တိုက်တော့မှာလား?’

‘ ကောင်းလိုက်တာ’

‘ ဟဟ ကံကြမ္မာအမှတ် မင်းနဲ့ငါနဲ့တွေ့ပြီ!’

ရှကျိုးယွီ စိတ်လှုပ်ရှားလွန်းလို့ မျက်လုံးများပင် လက်ထလာသည်။

ကျောက်ကောင်း အနည်းငယ် အံ့သြသွားသည်။

'အရှင်မင်းကြီးက စိတ်လှုပ်ရှားနေတာလား?’

‘ဘာကြောင့်လဲ?’

‘ ကျန်းဟူကလူတွေက အရမ်းကိုင်တွယ်ရ ခက်တဲ့ဟာကို’

‘ ဘာလို့ အရမ်းစိတ်လှုပ်ရှားနေတာ များလဲ?’

လက်တွေ့မှာတော့ ကျောက်ကောင်း စကားတစ်ခွန်းမဆိုဘဲ ခေါင်းညိတ်ပြလိုက်သည်။

“ ကျွန်တော်မျိုး စုံစမ်းခဲ့ရသလောက် လူအများစုက ထိုက်အန်းက မဟုတ်ပါဘူး။ သူတို့က…”

“ သူတို့က ဘယ်ကလဲ?”

ရှကျိုးယွီကတော့ တော်တော် စိတ်လှုပ်ရှား နေပြီပင်။

သူ့ရဲ့မျက်လုံးထဲမှာ အလင်းရောင် အပြည့်ပဲ။

ကျောက်ကောင်း အမြန်ပြောလိုက်တော့သည်။

“ ကျန်းဟူ ကပါ!”

ရှကျိုးယွီရဲ့ မျက်လုံးက ပိုလက်သွားကာ

“ အိုး ဟုတ်လား?”

ကျောက်ကောင်း တော်တော် အံ့သြနေပြီပင်။

ရှကျိုးယွီ ဘာကြောင့် စိတ်လှုပ်ရှားနေတယ်လို့ သူ ခံစားနေရမှန်း ကိုယ်တိုင်လဲ နားမလည်နိုင်ဘူး။

အကြောင်းအရင်းလဲ မရှာနိုင်နေဘူး။

ကျောက်ကောင်း မနေနိုင်စွာ သတိပေးလိုက်သည်။

“ အရှင်မင်းကြီး.. သူတို့ရဲ့ စုဝေးမှုက မလိုလားအပ်တဲ့ ပြဿနာတွေကို ခေါ်လာနိုင်ပါတယ်”

ရှကျိုးယွီ ခေါင်းညိတ်လိုက်ကာ

“ရတယ်”

ကျောက်ကောင်း ကူကယ်ရာမဲ့ချင်လာပြီ။

'ရတယ်!!??’

'အရှင်မင်းကြီးက ဂရုမစိုက်ဘူးလား?’

‘ ဒါမှမဟုတ် အစီအစဥ်ရှိလို့လား?’

ကျောက်ကောင်း အတွေးလွန်နေစဥ်မှာ ရှကျိုးယွီ ပြောလိုက်သည်။

“ မင်းပဲကိုင်တွယ်လိုက်”

ကျောက်ကောင်း ချက်ချင်း ဒူးထောက်ကျသွားကာ

“ အရှင်မင်းကြီး…”

“ဘာလုပ်တာလဲ? အမြန်ထစမ်း”

ရှကျိုးယွီပင် အံ့သြသွားခဲ့သည်။ ကျောက်ကောင်း ရုတ်တရက် ဒူးထောက်မယ်လို့ သူ မမျှော်လင့်ထားမိဘူး။

“ အရမ်းစိတ်မပူပါနဲ့။ ကောင်းကောင်း ဖြေရှင်းလိုက်”

“ အရှင်မင်းကြီး.. ဒီအစေခံက..”

ကျောက်ကောင်း စကားဟလိုက်သည်။

ဒါပေမဲ့ ရှကျိုးယွီ လက်ယမ်းပြလိုက်လေကာ

“ အများကြီး ပြောမနေပါနဲ့။ ငါကိုယ်တော် မင်းရဲ့စွမ်းရည်ကို ယုံကြည်ပြီးသား!”

ရှကျိုးယွီကတော့ သူ ဝင်မပါချင်လို့ လွှဲချနေတာပင်။

ပြီးတော့ ကျောက်ကောင်းရဲ့ပုံစံက အရမ်း အားယားနေသလိုပဲလေ။

'မအားနိုင်တော့အောင် အလုပ်ပေးရမယ်’

‘မဟုတ်ရင် ငါ့ကို လာနှောက်ယှက်လွန်းလို့’

ဒါပေမဲ့ ထိုစကားလုံးတွေက ကျောက်ကောင်းအတွက် မတူညီတဲ့ အဓိပ္ပါယ် တစ်ခုဖြစ်ခဲ့သည်။

သူ့ရဲ့နှလုံးသားထဲမှာ အခုန်မြန်နေစေတဲ့ အတွေးတွေက

‘ အရှင်မင်းကြီးက ငါ့ကို ဒီလောက်ယုံတာလား?’

‘ငါ့ရဲ့သန်မာမှုကို ယုံတယ်ပေါ့?’

‘ဒါပေမဲ့ ဒီတစ်ခေါက် ကျန်းဟူ ဘက်က လူများတယ်’

‘ ငါ့ရဲ့သန်မာမှုနဲ့ တစ်ချို့တစ်လေကိုပဲ ဖြေရှင်းနိုင်လောက်မယ်’

‘နေအုံး။ ငါမကိုင်တွယ်နိုင်လောက်ရင် မင်းကြီးက ငါ့ကိုတာဝန်ပေးခဲ့မှာကို မဟုတ်ဘူး’

ကျောက်ကောင်း ချက်ချင်းပဲ အသက်ဝဝ ရှုသွင်းလိုက်သည်။

“ အရှင်မင်းကြီး.. ဒီကိစ္စက..”

ဒါပေမဲ့ ရှကျိုးယွီက အခွင့်အရေး မပေးခဲ့ပါချေ။

ချက်ချင်းပဲ ပိတ်ပြောလိုက်သည်။

“ ဘယ်လိုဖြေရှင်းမလဲက မင်းရဲ့အရည်အချင်းပေါ်ပဲ မူတည်တယ်။ ကျန်းဟူရဲ့ တပ်သားတွေ ရောက်နေတယ်မလား? သူတို့ စည်းကျော်တဲ့ အပြုအမူရှိခဲ့ရင် မင်းစိတ်ကြိုက် ဖြေရှင်းနိုင်တယ်”

​ပြီးတာနဲ့ ရှကျိုးယွီက လက်ယမ်းပြပြီး ကျောက်ကောင်းကို မောင်းထုတ်လိုက်သည်။

ထိုအချိန်မှာပဲ စနစ်ရဲ့အသံကို သူကြားလိုက်ရသည်။

( အရှင်မင်းကြီးက သိုင်းလောကကို ဂရုမစိုက်တဲ့အပြင် တိုင်းပြည်နဲ့ပတ်သတ်တာကိုပါ အရေးမစိုက်ဘူး)

( ကံကြမ္မာအမှတ် ၅၀၀ လျော့တယ်။ လက်ရှိ ၅၄၀၀၀ ကျန်တယ်)

( ဆုလာဘ်- နတ်နဂါးယပ်တောင်)

ရှကျိုးယွီရဲ့ လက်ထဲကို ခေါက်ယပ်တောင် တစ်ခုရောက်လာခဲ့သည်။

သူ ခဏလောက် ခပ်ကြည့်လိုက်တော့..

‘လေတော့ ရသားပဲ’

ရှကျိုးယွီ ဘယ်လိုပဲတွေးတွေး ဒီယပ်တောင်က အလှသုံးယပ်တောင်ပဲ။

ဒါကြောင့် ခါးမှာ အလွယ်ချိတ်လိုက်သည်။

ကျောက်ကောင်း တစ်ခုခု ပြောချင်ခဲ့သည်။

ဒါပေမဲ့ အဆုံးမှာ အံသာကြိတ်ပြီး တစ်ခွန်းမှ မပြောခဲ့ဘူး။

ကျောက်ကောင်းရဲ့ နှလုံးသားကတော့ လှိုင်းထန်နေခဲ့သည်။

ခြေနှစ်လှမ်းပြည့်အောင် မလှမ်းခင်မှာပဲ ဖူယွဲ့နန်းဆောင်ထဲ ဝင်လာနေတဲ့ လီချန်ချိုးနဲ့ ဆုံသည်။

ချန်ရှုံးရဲ့ ကိစ္စနဲ့ပတ်သတ်ပြီးတည်းက လီချန်ချိုးကို ကျောက်ကောင်း အမြင်ကြည်နေသည်။

ကျောက်ကောင်းရဲ့ မဲမှောင် နေတဲ့ မျက်နှာကြောင့် လီချန်ချိုး မနေနိုင်စွာ အနားကပ်လာသည်။

ကျောက်ကောင်းလဲ ရင်ဖွင့်လိုက်သည်။

“ သခင်လေးလီ အရှင်မင်းကြီးက ကျွန်တော့်ကို ကျန်းဟူ တပ်သားတွေကို ဖြေရှင်းခိုင်းခဲ့တယ်။ ဒါပေမဲ့ ကျွန်တော် နည်းလမ်းမစဥ်းစားနိုင် သေးဘူး”

ကျောက်ကောင်း သက်ပြင်းချလိုက်သည်။

ရှကျိုးယွီရဲ့ အမိန့်နောက်မှာ အမြဲတမ်း အဓိပ္ပါယ်တစ်ခုခုရှိမှန်း သူ ကောင်းကောင်း သိပေမဲ့ အဖြေရှာလို့မရနေဘူး။

“ ဟုတ်လား? ယောက်ဖဘုရင်ကြီးက တာဝန်ပေးပြီဆိုမှတော့ သေချာပေါက် ဖြေရှင်းနည်းရှိလို့ပဲ။ ဒါပေမဲ့ ယောက်ဖဘုရင်ကြီးက အဲ့လိုပဲ… တိုက်ရိုက် မပြောဘူး။ မိန်းမစိုးကျောက် သတိမထားမိလို့ ဖြစ်မယ်”

“သတိမထားမိလို့?”

ကျောက်ကောင်း အံ့သြသွားသည်။

မရေမတွက်နိုင်တဲ့ အတွေးတွေ သူ့ခေါင်းထဲ ဝင်ရောက်လာသည်။

ထိုအချိန်မှာ သူ ရုတ်တရက် တွေးမိသွားသည်။

‘ငါဘာကို သတိမထားမိတာလဲ?’

‘ဟုတ်သား’

'အရှင်မင်းကြီးက ယပ်တောင်ခပ်ပြသွားတယ်’

‘အဲ့ဒါဘာကို ဆိုလိုတာလဲ?’

‘ ငါကယပ်တောင်တစ်ခုလို ကမ္ဘာကြီးကို မွှေနှောက်ပစ်ရမှာလား?’

‘အာ.မဟုတ်သေးပါဘူး’

‘နေအုံး!’

‘သေခြင်း ရှင်ခြင်း အဆောင်စာရွက်သိုင်း!’

‘ ငါ့ကိုပေးခဲ့ပြီး သေချာလေ့လာခိုင်းခဲ့တယ်မလား!’

‘ ဖြစ်နိုင်တာ အသုံးလိုလာမဲ့ ဒီနေ့လိုနေ့မျိုး ရောက်လာမှာ ကြိုသိနေတာလား?’

‘ ဒါကြောင့် ငါ့ကိုပေးခဲ့တာပေါ့’

‘ အဲ့ဒီအင်အားကြီးတပ်သားတွေကို ငါက ထိန်းချုပ်ပစ်လိုက်ရမှာပေါ့!’

‘ဒါပဲ ဟုတ်တယ်’

“ အကြံဉာဏ်အတွက် တစ်ကယ်ပဲ ကျေးဇူးပါ သခင်လီ။ အရှင်မင်းကြီးက အရိပ်အမြွတ် ပေးခဲ့တယ်။ ကျွန်တော် သတိမထားမိခဲ့တာ”

ကျောက်ကောင်း နူးညံ့စွာ ပြောလိုက်သည်။

လီချန်ချိုး ပြုံးသွားပြီး

“ ယောက်ဖတော်မှာ အဖြေရှိမယ်မှန်း ငါသိသားပဲ! ဟုတ်ပြီ ငါစကားဆက်မပြော တော့ဘူးနော်။ မမကို သွားကြည့်မလို့။ ဘာဖြစ်တာလဲမသိဘူး။ အခုထိ အိပ်နေတယ်”

…………

All Chapters