← Chapters

ကမ္ဘာသုံးထောင်သို့ ပထမဆုံးအကြိမ် ရောက်ရှိခြင်း၊ ငရဲ၌ စတင်ခြင်း‌လော။

Vol. 33 Ch. 449

ကမ္ဘာသုံးထောင်သို့ ပထမဆုံးအကြိမ် ရောက်ရှိခြင်း၊ ငရဲ၌ စတင်ခြင်း‌လော။

Vol. 33 Ch. 449

[ဤစကားကို ကြားပြီးနောက် စွဲမက်ဖွယ်ကောင်းသော အမျိုးသမီး၏ အသံသည် ချက်ချင်း ပြောင်းလဲသွားသည်။ “ဟက် အသုံးမကျတဲ့ လူတွေချည်းပဲ။ သူတို့က သွေးမျိုးစေ့ တစ်စေ့တောင် ထုတ်နိုင်မှာ မဟုတ်ဘူးကို ဘာတွေ အလျင်လိုနေရတာလဲ”]

[သွေးသခင်် နှစ်ဆယ့်နှစ်နှင့် သွေးသခင် နှစ်ဆယ့်သုံးတို့ အငြင်းပွားနေစဉ်၊ အနည်းငယ် အာဏာဆန်သော အသံတစ်ခုက သူတို့၏ နားများထဲသို့ ထွက်ပေါ်လာသည်: “တော်တော့၊ မငြင်းကြနဲ့တော့။ ဒီနေရာက တခြားသူတွေရဲ့ နယ်မြေပဲ။ အသက်ရှင်ကျန်ရစ်သူတွေ ရှိလားဆိုတာ ကြည့်ပြီး တတ်နိုင်သလောက် ကယ်ကြရအောင်...”]

[ဤစကားကို ကြားသောအခါ သွေးသခင် နှစ်ဆယ့်နှစ်၊ သွေးသခင် နှစ်ဆယ့်သုံး... စသည့် ထူးခြားသော လျှို့ဝှက်အမည်များကြောင့် ဤလူများသည် ဆင်းသက်ဂိုဏ်း၏ အဖွဲ့ဝင်များ ဖြစ်ကြောင်း သင် အတည်ပြုနိုင်ခဲ့သည်။]

[သို့သော် သတိထားသည့်အနေဖြင့် သင်သည် အကူအညီ တောင်းရန် အလျင်မလိုဘဲ ဆက်လက်၍ သေဟန်ဆောင်ပြီး အခြေအနေကို စောင့်ကြည့်ရန် ဆုံးဖြတ်ခဲ့သည်။]

[မကြာမီတွင် အနီးအနားမှ တိုးတိမ်သော အကူအညီ တောင်းခံသံများကို ကြားရသည်။ ၎င်းတို့သည် သူတို့၏ အသက်ကို ကယ်မည့်သူ ရောက်လာသည်ကို သိရှိသွားပြီး ချက်ချင်းပင် အကူအညီ တောင်းခံကြသည်။]

[“အား၊ ဒီမှာ ကံကောင်းတဲ့ လူလေး အနည်းငယ် အသက်ရှင်ကျန်ရစ်နေပါလား... ဒါမှမဟုတ် သက်သေတွေကို ဖျောက်ဖျက်ဖို့ သူတို့ကို စားလိုက်ရမလား” စွဲမက်ဖွယ်ကောင်းသော အမျိုးသမီး၏ အသံသည် သင့်နားထဲသို့ ရောက်ရှိလာသည်။]

[“လျှောက်လုပ်မနေနဲ့။ အခု အသက်ရှင်နေတဲ့သူ များလေလေ၊ မင်း အပြစ်ပေးခံရတာ လျော့လေလေပဲ” အာဏာပိုင်ဆန်သော အမျိုးသား၏ အသံက ပြန်ဖြေသည်။]

[မကြာမီတွင် သူတို့သည် ဒဏ်ရာရရှိနေသည့် အကျဉ်းသားများနှင့် သေလုမျောပါး အကျဉ်းသားများကို အနာကျက်ဆေးများ တိုက်နေသည့်ပုံ ပေါ်သည်။]

[ခဏကြာပြီးနောက် သင်သည် နောက်ထပ် အရေးတကြီး အသံတစ်ခုကို ကြားလိုက်ရသည်။ “သွေးသခင် တစ်ဆယ့်ကိုး၊ ကောင်းကင် နတ်ဆိုးအကျဉ်းထောင်က လူတွေ ရောက်လာပြီ၊ ငါတို့ ထွက်သွားမှ ဖြစ်မယ်...”]

[ဤလူများ ထွက်ခွာတော့မည်ကို မြင်သောအခါ သင်သည် သေဟန်ဆောင်ခြင်းကို ရပ်လိုက်ပြီး အကူအညီ တောင်းခံလိုက်သည်: “ကျွန်တော့်ကို ကူညီပါ~ ကျွန်တော် အသက်ရှင်နေသေးတယ်~”]

[“ကောင်းပြီ၊ မင်းက သေဟန်ဆောင်နေတဲ့ ကလိမ်ကကျစ်လေးဘဲ။ ငါတို့အားလုံး အညာမိတော့မလို့။”]

[အာဏာပိုင်ဆန်သော အမျိုးသား၏ အသံသည် ထပ်မံထွက်ပေါ်လာသည်။ ၎င်းသည် သွေးသခင် တစ်ဆယ့်ကိုး၏ အသံ ဖြစ်ပုံရသည်။ သူသည် သူ၏လက်ကို ဆန့်ထုတ်လိုက်ရာ နက်နဲသော စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ကိုယ်ခန္ဓာ ပေါင်းစည်းခြင်း အဆင့် ကျင့်ကြံသူ တစ်ဦးပင် ချိုးဖျက်ရန် ခက်ခဲသည့် အကျဉ်းခန်း တံခါးသည် တို့ဖူးကဲ့သို့ ကြေမွသွားသည်။]

[သူသည် သင့်ကို ကြက်ကလေး တစ်ကောင်ကဲ့သို့ မတင်လိုက်ပြီး၊ အခြားသူများကို ပြောလိုက်သည်။ “မြန်မြန်၊ အနားကိုလာကြ။”]

[အခြားသူများသည် လျင်မြန်စွာ စုဝေးလာကြသည်။ သွေးသခင် တစ်ဆယ့်ကိုးသည် ဗုဒ္ဓလက်နက်နှင့် ဆင်တူသည့် အနီရောင် မှော်ရတနာ တစ်ခုကို ထုတ်ယူကာ လေထဲသို့ အားဖြင့် ခုတ်ပိုင်းလိုက်သည်။]

[အာကာသ အက်ကွဲကြောင်း တစ်ခုသည် ဖြည်းညှင်းစွာ ဖြစ်ပေါ်လာသည်။ လူတိုင်းသည် အလျင်စလိုဖြင့် ၎င်းအတွင်းသို့ ထိုးဆင်းသွားကြပြီး ကောင်းကင် နတ်ဆိုးအကျဉ်းထောင်မှ ထွက်ပြေးခဲ့ကြသည်။]

လက်တွေ့ကမ္ဘာ၌ စုရှင်းသည် သက်ပြင်းရှည်ကြီး ချလိုက်ပြီးနောက် ဆင်ခြင်တွေးတောနေမိသည်။

“ဒီလိုဆိုရင် ကမ္ဘာသုံးထောင်မှာ ဆင်းသက်ဂိုဏ်းက လူတိုင်းမုန်းတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်မယ်ထင်တယ်။ ရာဇဝတ်ဂိုဏ်းတစ်ခု ဖြစ်နိုင်တယ်...”

“ဒါပေမဲ့ ဆင်းသက်ဂိုဏ်းရဲ့ စွမ်းအားက ငါ အစက ထင်ထားတာထက်တောင် ပိုပြီး ကြောက်စရာ ကောင်းမယ့်ပုံပဲ။ ကြယ်ပြာမှာလို ပုန်းအောင်းနေတာတောင် မဟုတ်ဘူး... သူတို့က ထောင်ဖောက်ပြေးဖို့ ကိစ္စတောင် ရဲရဲကြီး လုပ်ရဲကြတယ်။”

“ကောင်းကင် နတ်ဆိုး အကျဉ်းထောင် ဒါက ကမ္ဘာသုံးထောင်ထဲက နောက်ထပ် အစွမ်းထက်တဲ့ အဖွဲ့အစည်း တစ်ခုလား။”

စုရှင်းသည် ရေရွတ်လိုက်မိသည်။ လက်ရှိတွင် ကမ္ဘာသုံးထောင်ရှိ အဓိက အဖွဲ့အစည်းကြီး သုံးခုကို သူသိပြီ ဖြစ်သည်။

ချင်းယွင်ဂိုဏ်း၊ ကောင်းကင်နတ်ဆိုး အကျဉ်းထောင် နှင့် ဆင်းသက်ဂိုဏ်း။

စုရှင်းသည် ဘောပင်နှင့် စာရွက်ကို ထုတ်ယူကာ မှတ်စုများ ရေးချနေသည်။

“ဆင်းသက်ဂိုဏ်းက လူသားမျိုးနွယ်ရဲ့ သစ္စာဖောက်တွေပဲ၊ သူတို့ရဲ့ ရည်ရွယ်ချက်က မရှင်းလင်းဘူး... ဒါပေမဲ့ သူတို့ရဲ့ လုပ်ရပ်တွေက နတ်ဆိုးမျိုးနွယ်က လူသားတွေကို သတ်ဖို့ ကူညီပေးနေတယ်...”

“ကောင်းကင် နတ်ဆိုးအကျဉ်းထောင်နဲ့က တစ်ဖက်ထဲလားဆိုတာ သေချာမသိသေးပေမယ့် သူတို့က ဆင်းသက်ဂိုဏ်းရဲ့ ရန်သူတွေပဲ။ အခုတော့ သူတို့ကို ကြားနေလို့ဘဲ သတ်မှတ်ထားရအောင်။”

“ပြီးတော့ ချင်းယွင်ဂိုဏ်း ရှိသေးတယ်။ ငါ့မှာက ချင်းယွင်တံဆိပ် ရှိတယ်ဆိုတော့ ချင်းယွင်ဂိုဏ်းကို ဝင်ရောက်ခွင့် ရလိမ့်မယ်။ ဒါကြောင့် ချင်းယွင်ဂိုဏ်းကိုကျ မဟာမိတ်အဖြစ် သတ်မှတ်ထားတယ်...”

စုရှင်းသည် ကမ္ဘာသုံးထောင်ရှိ သူ၏ ရည်မှန်းချက်များကို ရှင်းလင်းစွာ သိရှိလိုက်သည်။

ယင်းမှာ ဆင်းသက်ဂိုဏ်းမှ ထွက်ခွာရန် နည်းလမ်းရှာပြီး ချင်းယွင်ဂိုဏ်းသို့ ဝင်ရောက်ရန်ပင် ဖြစ်သည်။

ထို့ပြင် လက်ရှိတွင် သရုပ်ပြခြင်း၏ အခြေအနေသည် ပြောင်းလဲသွားသည်။ သရုပ်ပြခြင်းတွင် စုရှင်း၌ သေဆုံးရတော့မည့် အန္တရာယ်လည်း မရှိတော့ပါ။

“ဆင်းသက်ဂိုဏ်းကနေတစ်ဆင့် ကမ္ဘာသုံးထောင်ထဲ ဝင်ရောက်ဖို့ဆိုတာက ဖြစ်နိုင်ပါ့မလား။”

ထိုအတွေးဖြင့် စုရှင်းသည် သူ၏ အကြည့်များကို သရုပ်ပြခြင်း ဖန်သားပြင်ပေါ်တွင် အာရုံစိုက်လိုက်သည်။

[သင်သည် လျင်မြန်စွာပင် သူတို့ဖွင့်ထားသော အာကာသ လမ်းကြောင်းကို ဖြတ်သန်းပြီး ဆင်းသက်ဂိုဏ်းမှ ထွက်ပြေးခဲ့သည်။]

[ပတ်ဝန်းကျင်ရှိ အာကာသသည် လှုပ်ခါနေပြီး သင်သည် မကြာမီပင် ဆင်းသက်ဂိုဏ်း၏ လျှို့ဝှက် အခြေစိုက်စခန်း ဖြစ်ပုံပေါ်သည့် လျှို့ဝှက်ချိုင့်ဝှမ်း တစ်ခုသို့ ရောက်ရှိလာခဲ့သည်။]

[အစီအရင် တစ်ခုကို ဖြတ်ကျော်ပြီးနောက် ဆင်းသက်ဂိုဏ်း၏ အဖွဲ့ခွဲတစ်ခုသို့ သင် ရောက်ရှိလာခဲ့သည်။ ထိုအခါ အာဏာရှင် ဆန်သော လူက သင့်အား မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။]

[သင်အပါအဝင် ကယ်ဆယ်ခံရသော အခြားကျင့်ကြံသူ သုံးဦးသည်လည်း ဆင်းသက်ဂိုဏ်း၏ အဖွဲ့ဝင်များ ဖြစ်ပုံရသည်။]

[အာဏာရှင်ဆန်သော လူက လမ်းညွှန်ချက် အချို့ကို တီးတိုးပြောလိုက်ရာ သွေးသခင် နှစ်ဆယ့်နှစ်သည် ရှေ့သို့ တိုးလာသည်။ တစ်စုံတစ်ခုကို ကြေညာတော့မည့်ပုံ ပေါ်နေသည်။]

လက်တွေ့ကမ္ဘာ၌ စုရှင်းသည် စိတ်လှုပ်ရှားသွားပြီး ရေရွတ်လိုက်သည်။

“ဒီအချိန်မှာက အသက်အန္တရာယ် မရှိလောက်ဘူး... အာ့တော့ သတင်းအချက်အလက် ပိုစုဆောင်းဖို့ မြှုပ်နှံသရုပ်ပြခြင်းကို လုပ်ဆောင်သင့်တယ်...”

မြှုပ်နှံသရုပ်ပြခြင်းတွင် သေဆုံးခြင်းသည် တကယ့်သေခြင်းသို့ မရောက်ရှိသော်လည်း ၎င်းမှရရှိသော နာကျင်မှုသည် တကယ့် အဖြစ်အပျက်နှင့် အလွန်အမင်း ဆင်တူသည်။

“မြှုပ်နှံသရုပ်ပြခြင်း စတင်မယ်...”

[ဒင်၊ သင်သည် မြှုပ်နှံသရုပ်ပြခြင်းကို အောင်မြင်စွာ စတင်ခဲ့သည်။ ကျန်ရှိသော စွမ်းအင် - ၁.၄၃၈၈ ဘီလီယံ။]

စုရှင်း၏ အမြင်အာရုံများ ပြောင်းလဲသွားပြီး သူသည် မရင်းနှီးသော ချိုင့်ဝှမ်းတစ်ခု၌ ပေါ်လာသည်။

ပတ်ဝန်းကျင်သည် မှောင်မိုက်နေခဲ့သည်။ စုရှင်းသည် အပေါ်သို့ မော့ကြည့်လိုက်ရာ ကောင်းကင်ပေါ်တွင် ကြီးမားသော အစီအရင် တစ်ခုကို မြင်လိုက်သည်။ ၎င်းသည် ချိုင့်ဝှမ်း၏ အရှိန်အဝါကို ဖုံးကွယ်ထားသည့်ပုံ ပေါ်သည်။

သူ့ရှေ့၌ အသက်နှစ်ဆယ်ဝန်းကျင်ရှိ မကောင်းဆိုးရွားဆန်သော လူငယ်တစ်ဦးဖြစ်သည့် သွေးသခင် နှစ်ဆယ့်နှစ်က စတင် ကြေညာသည်။

“မင်းတို့လေးတွေ၊ အခုတော့ ကိုယ့်ကိုယ်ကို သေချာ ဂရုစိုက်ထားကြ။ တစ်လနေရင် 'သွေးမျိုးစေ့' ရွေးချယ်ပွဲ လုပ်မယ်...”

“အသက်ရှင်ကျန်ရစ်ရင် မင်းတို့က မြင့်မြတ်တဲ့ သွေးမျိုးစေ့တွေ ဖြစ်လာမယ်၊ မအောင်မြင်ရင်တော့ သေလိမ့်မယ်။”

ခဏရပ်ပြီးနောက် သွေးသခင် နှစ်ဆယ့်နှစ်သည် ဆေးပုလင်း အနည်းငယ်ကို ပေါ့ပါးစွာ ပစ်ပေးကာ ပြောလိုက်သည်။

“ဒီဆေးလုံးတွေကို သုံးပြီး ကိုယ့်ကိုယ်ကို အရင် ကုစားကြ၊ မဟုတ်ရင် မင်းတို့သာ ဆိုးဆိုးရွားရွား သေသွားရင် ငါ့အတွက် အတော်လေး ရှက်စရာ ကောင်းလိမ့်မယ်။”

သွေးသခင် နှစ်ဆယ့်နှစ်က နောက်ဆုံး၌ ညွှန်ကြားလိုက်သည်။

“ဒီအချိန်အတွင်း မင်းတို့ ချိုင့်ဝှမ်းထဲမှာပဲ နေရမယ်။ နောက်ဘက်တောင်ကလွဲရင် ကျန်တဲ့နေရာအားလုံးကို သွားလို့ရတယ်...”

ညွှန်ကြားချက်အချို့ ထပ်ပေးပြီးနောက် သွေးသခင် တစ်ဆယ့်ကိုးနှင့် အခြားသူများသည် ထွက်ခွာသွားသည်။

ဤအရာကို မြင်သောအခါ စုရှင်းသည် ဆင်ခြင်တွေးတောနေခဲ့သည်။ သူ ဆင်ခြင်တွေးတောနေစဉ် အတူဖမ်းဆီးခံရသူ သုံးဦးသည် မြေပြင်ပေါ်ရှိ ဆေးလုံးများကို လုယူရန် ချက်ချင်း ကုန်းရုန်းထကာ သွားသည်။

…

All Chapters