← Chapters

ကမ္ဘာသုံးထောင်သို့ ပထမဆုံးအကြိမ် ရောက်ရှိခြင်း၊ ငရဲ၌ အစပြုခြင်းလော။

Vol. 33 Ch. 451

ကမ္ဘာသုံးထောင်သို့ ပထမဆုံးအကြိမ် ရောက်ရှိခြင်း၊ ငရဲ၌ အစပြုခြင်းလော။

Vol. 33 Ch. 451

“ကောင်းကောင်း စွမ်းဆောင်နိုင်ရင် ပုံမှန်အဖွဲ့ဝင် အဆင့်ကနေ သွေးစေ့အရံ အဆင့်အဖြစ် တိုးမြှင့်ခံရမယ်။ အာ့အရံအဆင့်ထပ် မြင့်သွားရင် ဒဏ္ဍာရီလာ သွေးစေ့‌တွေ ဖြစ်လာလိမ့်မယ်။”

စကားပြောရင်းဖြင့် ထိုလူ၏ မျက်လုံးများထဲတွင် လိုလားတောင့်တမှုများ ပေါ်ထွက်လာသည်။

“သွေးစေ့တစ်ယောက် ဖြစ်လာတယ် ဆိုတာက… ကောင်ကင်ဘုံကို ခြေတစ်ဖက် လှမ်းထားလိုက်သလိုကဲ”

စုရှင်းသည် စကားကို နားထောင်ရင်း ခဏမျှ ဆင်ခြင်သုံးသပ်ကာ မေးလိုက်သည်။

“ဒါဆိုရင် သွေးစေ့ပြိုင်ပွဲဝင်တွေရဲ့ အင်အားအဆင့်က ဘယ်လောက်ရှိလဲ”

စုရှင်း၏ မေးခွန်းကို ကြားသောအခါ ထိုသူက ခေါင်းယမ်းရင်း ပြန်ဖြေသည်။

“သူတို့ရဲ့ အင်အားကို ခန့်မှန်းဖို့ကျ ခက်တယ်။ အနိမ့်ဆုံးဆို သန္ဓေတည်အဆင့် ကျင့်ကြံသူတွေ ပါသလို အမြင့်ဆုံးဆိုရင် နတ်ဘုရားတွေတောင် ပါဝင်နိုင်တယ်”

“ညီလေး၊ မင်းကို အကြံတစ်ခု ပေးမယ်နော်။ ငါတို့လို လူမျိုးတွေ အတွက် သွေးစေ့ပြိုင်ပွဲမှာ အဆင့်ကောင်းရဖို့က အဓိက မဟုတ်ဘူး။ အသက်ရှင်ဖို့ကသာ အရေးအကြီးဆုံး။”

ဤသို့ဆိုပြီး ထိုလူက စုရှင်းကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်သည်။

စုရှင်းလည်း ခပ်ဖွဖွ ခေါင်းညိတ်လိုက်သည်။

ဤအချက်အလက် တစ်ပိုင်းတစ်စကပင် အနာကျက်ဆေး တစ်လုံးနှင့် တန်နေပြီ ဖြစ်သည်။

ထို့နောက် စုရှင်းသည် သစ်သားရုပ် မျက်နှာပေါက်ရှိသော နောက်တစ်ယောက်ထံ အာရုံပြောင်းလိုက်သည်။

ထိုသူသည် ခေါင်းကို အသာအယာယမ်းရင်း “ကျွန်တော်က... အောက်ကမ္ဘာက တက်လာတာမို့ မသိဘူးလေ” ဟု ပြောသည်။

သူသည် စုရှင်းအတွက် အသုံးဝင်သော အချက်အလက်များ မပေးနိုင်ခဲ့သော်လည်း ဆေးလုံးများကိုမူ ပြန်ပေးရန် ရည်ရွယ်ချက် မရှိပေ။

ဤသည်ကို မြင်သောအခါ စုရှင်း၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။ စိတ်ထဲမှလည်း ဤလူသည် သစ်သားရုပ်နှင့် တူသယောင် ရှိသော်လည်း တကယ်တမ်းတော့ အတော်ပင် မျက်နှာပြောင်တိုက်ပါလားဟု တွေးလိုက်မိသည်။

မကြာမီပင် စုရှင်းသည် ထိုလူနှစ်ယောက်ကို နှုတ်ဆက်ပြီး အသုံးဝင်သော အချက်အလက် အချို့ကို ရရှိရန် မျှော်လင့်ရင်း ချိုင့်ဝှမ်းတစ်ဝိုက်တွင် လှည့်ပတ်သွားခဲ့သည်။

ချိုင့်ဝှမ်းသည် အလွန်ကျယ်ဝန်းပြီး မြို့ငယ်လေး တစ်မြို့နှင့်တောင် နှိုင်းယှဉ်နိုင်သည်။

ထိုနေရာတွင် လူထောင်ပေါင်းများစွာရှိပြီး သန္ဓေတည်အဆင့်မှစ၍ ပေါင်းစည်းခြင်း အဆင့်နှင့် မဟာယာနအဆင့် အထိ ကျင့်ကြံသူများ ပါဝင်သည်။

ထို့အပြင် ချိုင့်ဝှမ်းအတွင်း၌ အရက်ဆိုင်များ၊ တည်းခိုခန်းများ... ပြည့်တန်ဆာအိမ်များ၊ မှောင်ခိုဈေးများ... နှင့် သာမန်ခြံဝင်းများပါ ရှိနေသည်။

၎င်းသည် ကျင့်ကြံသူများ စုဝေးရာ နေရာတစ်ခုသဖွယ် ဖြစ်သည်။

စုရှင်းသည် ချိုင့်ဝှမ်းရှိ ဈေးကွက်ကို လှည့်ပတ်ကြည့်ရှုရာ ကောင်းမွန်သော ပစ္စည်းများစွာကို တွေ့မြင်ခဲ့ရသည်။

ရောင်းဝယ်ရေးအတွက် အသုံးပြုသည့် ငွေကြေးများတွင် ဝိညာဉ်ကျောက်၊ ဝိညာဉ်အရည်... သွေးခဲဆေးလုံးနှင့် သွေးဝိညာဉ်အရည်တို့ပင် ပါဝင်သည်။

စုရှင်း၏ စည်းစိမ်ဥစ္စာ အများစုမှာ သူ၏ ဝိညာဉ်စိုက်ခင်းဂူထဲတွင် ဝှက်ထားခဲ့သည်။ သို့သော် ဂူ၏ တည်နေရာကိုလည်း ဆုံးရှုံးသွားခဲ့ပြီဖြစ်ရာ သူသည် လက်တွေ့တွင် အဖက်ဖက်မှ ငွေကြေးမရှိသူတစ်ဦး ဖြစ်နေသည်။

မကြာမီပင် မြှုပ်နှံသရုပ်ပြခြင်း အချိန် ကုန်ဆုံးသွားပြီး စုရှင်းသည် လက်တွေ့ကမ္ဘာသို့ ပြန်လည် ရောက်ရှိခဲ့သည်။

“ဒီသွေးစေ့ပြိုင်ပွဲဆိုတာက ဆင်းသက်ဂိုဏ်းအတွက် အရမ်း အရေးကြီးမယ် ထင်တယ်”

“ပြိုင်ပွဲမှာ အဆင့်ကောင်းတစ်ခု ရနိုင်မယ်ဆိုရင် ပိုပြီး နက်ရှိုင်းတဲ့ လျှို့ဝှက်ချက်တွေကို သိခွင့်ရလိမ့်မယ်”

စုရှင်းက သက်ပြင်းချရင်း ပြောသည်။

“ကမ္ဘာတွေ ဖြတ်ကျော်တုန်းက ဝိညာဉ်စိုက်ခင်းဂူရဲ့ တည်နေရာကို ဆုံးရှုံးခဲ့တော့ အနှစ်နှစ်အလလက စုဆောင်းခဲ့သမျှတွေ အကုန်ဆုံးရှုံးလိုက်ရတယ်။ စိတ်မကောင်းစရာပဲ”

“ဝိညာဉ်စိုက်ခင်းဂူကို ခေါ်လာနိုင်တဲ့ နည်းလမ်း ရှာတွေ့ရင် ဒီလောက်ထိ ခက်ခဲတဲ့ အစပြုခြင်းမျိုး ရှိမှာမဟုတ်ဘူး”

“ဒီသွေးစေ့ပြိုင်ပွဲမှာ ငါ့စွမ်းရည်တွေကို အစွမ်းကုန် ထုတ်ပြရမယ်။ အာ့ကျမှ ဒီချိုင့်ဝှမ်းအပြင်က ကမ္ဘာကို ပိုမြန်မြန် ရောက်နိုင်မှာ”

ဤသို့တွေးရင်း စုရှင်းသည် သရုပ်ပြခြင်း ဖန်သားပြင်ကို ကြည့်လိုက်သည်။

[နောက်ရက်အနည်းငယ်တွင် သင်သည် ဒဏ်ရာများကို ကုစားရင်း ချိုင့်ဝှမ်းကိုလည်း လေ့လာခဲ့သည်။]

[ချိုင့်ဝှမ်းသည် ကျင့်ကြံသူများ စုဝေးရာ နေရာလေးတစ်ခုနှင့် တူသည်။ စောင့်ကြည့်ပြီးနောက် ဤနေရာရှိလူတိုင်းသည် သွေးစေ့ပြိုင်ပွဲအတွက် ပြင်ဆင်နေကြကြောင်း သင် သိလိုက်ရသည်။]

[ရက်အနည်းငယ် အတွင်း သင်သည် တားမြစ်နယ်မြေ ဖြစ်သော နောက်ဘက်တောင်မှလွဲ၍ ချိုင့်ဝှမ်းတစ်ခုလုံး နီးပါးကို လေ့လာခဲ့သည်။]

[ပြည့်တန်ဆာအိမ်ကိုပင် အသာအယာ ကြည့်ခဲ့သည်... သို့သော် သင်သည် ဆင်းရဲလွန်းသဖြင့် အပေါက်ဝမှသာ ကြည့်ရှုနိုင်ခဲ့သည်။]

[လေ့လာမှုမှတစ်ဆင့် သင် တွေ့ရှိသည်မှာ ချိုင့်ဝှမ်းရှိ လူအများစုမှာ ကျင့်ကြံသူများ ဖြစ်ကြသည်။ သို့သော်လည်း လောရွှေရင် ကဲ့သို့သော လူအနည်းငယ်တွင် ထူးဆန်းသော စွမ်းအားများ ပိုင်ဆိုင်ထားပြီး သူတို့သည် ကျင့်ကြံခြင်းလမ်းကိုလည်း မလိုက်ကြပေ။]

[သူတို့သည် အခြားကမ္ဘာများမှ ဆင်းသက်လာခြင်း ဖြစ်မည်ဟု သင် ယူဆခဲ့သည်။]

[ချိုင့်ဝှမ်းရှိ လူများကို အုပ်စုနှစ်စု ခွဲခြားနိုင်သည်။ တစ်စုမှာ သင့်ကဲ့သို့ပင် ဆင်းသက်ဂိုဏ်း၏ ပုံမှန်အဖွဲ့ဝင်များဖြစ်ပြီး သွေးစေ့ပြိုင်ပွဲတွင် အရံဖြစ်လာရန် ယှဉ်ပြိုင်ကြသူများ ဖြစ်သည်။]

[နောက်တစ်စုမှာ ပြိုင်ပွဲနှစ်ခု သို့မဟုတ် သုံးခုကို အောင်မြင်ပြီး သွေးစေ့အရံ ဖြစ်လာကြသူများ ဖြစ်သည်။ ပို၍ပင် အင်အားကြီးသည်မှာ အသိသာပင်။ မဟာယာနအဆင့် ကျင့်ကြံသူများ၏ တည်ရှိမှုကိုပင် သင် ခံစားမိသည်။]

[ချိုင့်ဝှမ်းအတွင်း ခိုက်ရန်ဖြစ်ပွားမှုများကို ရှောင်လွှဲ၍ မရနိုင်ပေ။ တစ်ကြိမ်တွင် တိုက်ပွဲတစ်ခု၌ အသက်သေလုနီးပါးပင် ဖြစ်ခဲ့သည်။ သွေးသခင်၂၃က ဝင်ရောက်တားမြစ်ကာ ပြိုင်ပွဲမစမီ သတ်ဖြတ်ခြင်း မပြုရန် အားလုံးကို သတိပေးခဲ့သည်။]

[နောက်တစ်လကြာသည်အထိ သင်သည် ချိုင့်ဝှမ်းတွင် ဒဏ်ရာများကို လျှို့ဝှက်ကုသနေခဲ့ပြီး ရံဖန်ရံခါတွင် သတင်းအချက်အလက်များ စုဆောင်းခဲ့သည်။]

[ဤတစ်လတာ ကာလအတွင်း သင်သည် တည်းခိုခန်းတစ်ခုတွင် အစေခံအဖြစ် အလုပ်လုပ်ကိုင်ခဲ့ရာ သွေးဝိညာဉ်ကျောက် အချို့ကို ရရှိခဲ့သည်။]

[ဤသွေးဝိညာဉ်ကျောက်များသည် အရည်အသွေးကောင်းမွန်ပြီး အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်များနှင့် နှိုင်းယှဉ်နိုင်သည်။ သင်သည် ၎င်းတို့ကို အသုံးပြု၍ ကိုယ့်ကိုယ်ကို ကာကွယ်ရန်အတွက် အဆင့်နိမ့် မှော်လက်နက် ဖြစ်သည့် ဝိညာဉ်ဓားတစ်လက်ကို ဝယ်ယူခဲ့သည်။]

[တစ်လတာ အချိန်သည် လျင်မြန်စွာ ကုန်လွန်သွားခဲ့သည်။]

[ဤတစ်လအတွင်း သင်သည် ကုသဆေးပုလင်း တစ်ဝက်ကို အသုံးပြုခဲ့သည်။ ၎င်းတို့တွင် မသိရသေးသည့် ဘေးထွက်ဆိုးကျိုးများ ရှိနိုင်သော်လည်း ၎င်း၏ ကုသနိုင်စွမ်းမှာ ကောင်းမွန်သည်။]

[“မသေမျိုး ရှောင်ချီ” စွမ်းရည်၏ အကူအညီဖြင့် သင်၏ ပြန်လည် သက်သာနှုန်းသည် သုံးဆတိုးလာသည်။ ဒဏ်ရာများ လုံးဝနီးပါး ပျောက်ကင်းခဲ့သည်။]

[ယခင်က ပိတ်ဆို့ထားသော ဝိညာဉ်စွမ်းအင်နှင့် ကျင့်ကြံမှုအဆင့်များ ပြန်လည် အသက်ဝင်လာသည်။]

[သင့်၏ အင်အားသည် အထွတ်အထိပ်၏ ၇၀ မှ ၈၀ ရာခိုင်နှုန်းခန့်အထိ ပြန်လည် ကောင်းမွန်လာသည်။]

[တစ်နေ့တွင် သွေးသခင်၁၉သည် ချိုင့်ဝှမ်းတွင် ပေါ်လာပြီး ထောင်နှင့်ချီသော ကျင့်ကြံသူများအား သွေးစေ့ပြိုင်ပွဲ တရားဝင် စတင်ပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်။]

[ချက်ချင်းပင် သူသည် နည်းစနစ်တစ်ခုကို အသုံးပြု၍ အာကာသလမ်းကြောင်း တစ်ခုကို ဖွင့်လိုက်သည်။ သင်နှင့် အခြားသူများ အားလုံးအား ၎င်းအတွင်းသို့ ဝင်ရောက်ရန် အမိန့်ပေးခဲ့သည်။]

[ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ မျက်နှာအမူအရာများကို သင် လေ့လာကြည့်သည်။ အချို့မှာ စိုးရိမ်ပူပန်နေကြသော်လည်း အချို့မှာမူ စိတ်လှုပ်ရှားနေကြသည်ကို တွေ့ရသည်။ သို့သော် လူတိုင်းသည် လမ်းကြောင်းထဲသို့ ဝင်ရောက်သွားကြသည် ဖြစ်ရာ သင်လည်း လိုက်ပါသွားခဲ့သည်။]

[လမ်းကြောင်းကို ဖြတ်ကျော်ပြီးနောက် သင်သည် ကမ္ဘာငယ်တစ်ခု အတွင်းသို့ ရောက်ရှိသွားသည်။]

[ဤကမ္ဘာငယ်သည် ကျယ်ပြန့်ပြီး စတုရန်းကီလိုမီတာ တစ်သောင်းခန့်ရှိသည်။ ဤနေရာရှိ ဝိညာဉ်စွမ်းအင်မှာ ပေါများသည်။ ကောင်းကင်အဆင့် မဟုတ်သော်ငြား ဝိညာဉ်စွမ်းအင်များ၏ ရတနာသိုက်တစ်ခုတော့ ဖြစ်သည်။]

[ချိုင့်ဝှမ်းမှ ကျင့်ကြံသူများ သာမက အခြားသော ဆင်းသက်ဂိုဏ်းမှ ကျင့်ကြံသူများလည်း သွေးစေ့ပြိုင်ပွဲ အတွက် ရောက်လာကြသည်။]

[စုစုပေါင်း ကျင့်ကြံသူ သောင်းနှင့်ချီ၍ ဤကမ္ဘာငယ် အတွင်းသို့ ဝင်ရောက်လာကြသည်။]

[ထို့နောက် သွေးသခင်၂၃က ပြိုင်ပွဲစည်းမျဉ်းများကို ရှင်းပြခဲ့သည်။]

[ပြိုင်ပွဲဝင်သူများသည် တစ်ဦးနှင့်တစ်ဦး သတ်ဖြတ်ရမည်။ ပြိုင်ဘက်၏ အင်အား မည်မျှပင်ရှိစေကာမူ တစ်ယောက်ကို သတ်လျှင် တစ်မှတ် ရရှိမည်။]

[အမှတ်ပေါင်း တစ်ထောင်ပြည့်သူ သို့မဟုတ် အဆင့် တစ်ဆယ်အတွင်း ဝင်သူများသည် သွေးစေ့များ ဖြစ်လာလိမ့်မည်။]

[ပြိုင်ပွဲသည် သုံးရက် ကြာမြင့်မည်။ သုံးရက် အကြာထိ အသက်ရှင် ကျန်ရစ်သူများသည် သွေးစေ့အရံများ ဖြစ်လာလိမ့်မည်။]

[ဤအကြောင်းအရာကို ကြားရသောအခါ စည်းမျဉ်းများ၏ ရက်စက်ကြမ်းကြုတ်မှုကြောင့် သင်သည် တုန်လှုပ်သွားသည်။]

[သို့သော် ဆက်၍ တွေးတောရန် အချိန်မရှိတော့ပေ။ သွေးသခင်၂၃က သွေးစေ့ပြိုင်ပွဲကို တရားဝင် စတင်ပြီဖြစ်ကြောင်း ကြေညာလိုက်သည်။]

[ပြိုင်ပွဲ စတင်သည်နှင့် တစ်ပြိုင်နက် ကျင့်ကြံသူများအကြားရှိ ချစ်ကြည်ရင်းနှီးမှုများ ပျောက်ကွယ်သွားပြီး တစ်ယောက်နှင့်တစ်ယောက် သတ်ဖြတ်ကြတော့သည်။]

…

All Chapters