← Chapters

ကမ္ဘာငယ် ချင်းယွင်ရှိ အင်အားစု အသီးသီး၊ စုရှင်း၏ လျှို့ဝှက်ချက် ဖော်ထုတ်ခံတော့မည်လော။

Vol. 33 Ch. 455

ကမ္ဘာငယ် ချင်းယွင်ရှိ အင်အားစု အသီးသီး၊ စုရှင်း၏ လျှို့ဝှက်ချက် ဖော်ထုတ်ခံတော့မည်လော။

Vol. 33 Ch. 455

[သင်သည် နောက်ဆုံး စိန်ခေါ်ပွဲ၏ အဓိပ္ပာယ်ကို လျင်မြန်စွာ နားလည်လိုက်သည်။]

[သွေးစေ့ရွေးချယ်ပွဲတိုင်းတွင် သွေးစေ့များ သာမက အသက်ရှင်ရာတွင် ကျွမ်းကျင်သော အခြားကျင့်ကြံသူများလည်း အသက်ရှင် ကျန်ရစ်ခဲ့ကြောင်း ပေါ်ပေါက်လာသည်။]

[ဤကျင့်ကြံသူများသည် အင်အားအသင့်အတင့် ရှိသော်လည်း သွေးစေ့အဆင့်သို့ မရောက်ရှိနိုင်ကြပေ။ ၎င်းတို့ကို သွေးစေ့လောင်းလျာများဟု ခေါ်တွင်ကြသည်။]

[သွေးစေ့လောင်းလျာများသည် ဆုလာဘ်များ ရရှိမည် ဖြစ်သည်။ သို့သော် ရွေးချယ်ပွဲတွင် သုံးကြိမ်ဆက်တိုက် ပါဝင်ပြီးနောက် ၎င်းတို့သည် သေချာပေါက် သွေးစေ့များ ဖြစ်လာမှရမည်။ မဟုတ်ပါက သွေးစေ့များကို စိန်ခေါ်ရန် အတင်းအကြပ် ခိုင်းစေခြင်း ခံရမည်။]

[အနိုင်ရသူသည် သွေးစေ့ ဖြစ်လာပြီး၊ ရှုံးနိမ့်သူသည် သေရမည်။]

စုရှင်းသည် ဤအရာကို မြင်သောအခါ ဤစည်းမျဉ်း၏ အသုံးဝင်ပုံကို လျင်မြန်စွာ နားလည်လိုက်သည်။

“အင်း... ဒါက အသက်ရှင်သန်ရေး နည်းပညာတွေကို ကျွမ်းကျင်တဲ့ တချို့လူတွေက သွေးစေ့ ရွေးချယ်ပွဲတိုင်းမှာ ပုန်းနေ၊ ရင်းမြစ်တွေဘဲ အရယူပြီး သက်သောင့်သက်သာ နေ နေတာကို ကာကွယ်ဖို့ပဲ”

“ဒီသွေးစေ့လောင်းလျာတွေကို အမြဲတစေ စိုးရိမ်နေစေဖို့ ရည်ရွယ်တာ”

ငြင်းမရသည့် အချက်မှာ ဤစည်းမျဉ်းသည် ကျင့်ကြံသူအချို့၏ ပျင်းရိပေါ့ဆခြင်းကို တားဆီးနိုင်ပေသည်။

အကြောင်းမှာ အများဆုံး ကိုးနှစ်ကြာပြီးနောက်တွင် သူတို့သည် သွေးစေ့များကို စိန်ခေါ်ရတော့မည်။ အသက်ရှင်ဖို့အတွက် သို့မဟုတ် သေဖို့အတွက် ဖြစ်သည်။

သူသည် သရုပ်ပြခြင်း ဖန်သားပြင် ကြည့်လိုက်သည်။

[မကြာမီ နောက်ဆုံး သွေးစေ့စိန်ခေါ်ပွဲ စတင်သည်။]

[သင့်ပြိုင်ဘက်သည် ကိုယ်ခန္ဓာ ပေါင်းစည်းခြင်းအဆင့် အစောပိုင်း ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ သူသည် သွေးစေ့ရွေးချယ်ပွဲတွင် သုံးကြိမ်ဆက်တိုက် အသက်ရှင်ခဲ့ပြီး အတော်အတန် အင်အားကြီးသည်။]

[သင်သည် ဒဏ်ရာ ရနေသေးသော်လည်း သင့်ဓားစွမ်းရည်ကို အားပြု၍ အချီတစ်ရာအောက်မှာပင် သူတို့ကို အနိုင်ယူနိုင်ခဲ့သည်။]

[သင်သည် သွေးစေ့အဖြစ်သို့ အောင်မြင်စွာ တိုးမြှင့်နိုင်ခဲ့သည်။]

[မကြာမီ ဤသွေးစေ့ ရွေးချယ်ပွဲ၏ နောက်ဆုံး သွေးစေ့ဆယ်ဦးကို ရွေးချယ်နိုင်ခဲ့သည်။]

[ထိုအင်အားကြီး ကျင့်ကြံသူများ၏ ဦးဆောင်မှုအောက်တွင် သင်တို့သည် ဤကမ္ဘာမှ ထွက်ခွာခဲ့ကြသည်။]

[မကြာမီ သင်သည် စည်ကားသော မြို့တစ်မြို့သို့ ဝင်ရောက်ခဲ့သည်။]

[ဤမြို့သည် ကမ္ဘာငယ် ချင်းယွင်တွင် တည်ရှိသည်မှာ သေချာပြီး ဆင်းသက်ဂိုဏ်း၏ ပိုင်နက် ဖြစ်ပုံရသည်။]

[မြို့၌ လူဦးရေ များပြားပြီး တစ်သန်းခန့် ရှိသည်။ ထိုသူအားလုံးသည် ကျင့်ကြံသူများဖြစ်ပြီး မကောင်းဆိုးရွား ကျင့်ကြံသူများ ဖြစ်သည်။]

[ဤကျင့်ကြံသူများထဲတွင် အားအနည်းဆုံးမှာပင် ရွှေအမြုတေ အဆင့်တွင် ရှိသည်၊ အင်အားကြီးသူများ၏ နက်နဲမှုကိုမူ သင် ခန့်မှန်း၍ပင် မရနိုင်ပေ။]

[သွေးသခင်၂၃၏ ဦးဆောင်မှုအောက်တွင် သင်သည် မြို့တွင်း လျှောက်သွားခဲ့သည်။ လမ်းပေါ်ရှိ ကျင့်ကြံသူများသည် သင့်အား ကြောက်ရွံ့လေးစားစွာဖြင့် ရှောင်ဖယ်ပေးကြသည်။]

[ဆွဲဆောင်မှုရှိသော၊ ရဲရင့်သော၊ လွတ်လပ်သော အမျိုးသမီး မကောင်းဆိုးရွား ကျင့်ကြံသူ အချို့သည်ပင် သင့်အား မျက်စပစ်ပြကာ ငြူတူတူ ကြည့်ကြသည်။]

[သင်၏ စိတ်ထဲတွင် အတွေးအချို့ ဝင်လာသည်။ ဤမြို့၌ သွေးစေ့များသည် မည်မျှ မြင့်မားစွာ အလေးထားခံရသည်ကို သင် နားလည်လိုက်သည်။]

[သွေးသခင်၂၃သည် သင့်အား မြို့တွင်းရှိ အခမ်းနားဆုံး တည်းခိုခန်းသို့ မကြာမီ ခေါ်ဆောင်သွားသည်။]

[အလွန်အမင်း ခမ်းနားသော သီးသန့်အခန်း၌ အကောင်းစားဝိုင်များ၊ ခဲဖွယ်များနှင့် အရသာရှိသော အစားအစာများကို အသင့်ပြင်ဆင်ထားပြီး ဖြစ်သည်။]

[သင်သည် အကောင်းစားဝိုင်နှင့် အလှအပများကို ဂရုမစိုက်သော်လည်း ထိုခဲဖွယ်များကို မြင်သောအခါ အံ့အားသင့်သွားသည်။]

[အကြောင်းမှာ ဤအရသာရှိသော အစားအစာများသည် ဝိညာဉ်သားရဲများ၏ အသားဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ မဟာယာနအဆင့် ကျောက်နဂါးသားရဲမှ ပြုလုပ်ထားသော အဓိက ဟင်းပွဲတစ်ခုကိုပင် သင် မှတ်မိသည်။]

[ကျောက်နဂါးသားကို တစ်ကိုက်စားလိုက်တိုင်း စွမ်းအင်များ သင့်ကိုယ်ထဲ စီးဝင်လာသည်။ သန့်စင်သော အသား၏ အနှစ်သာရသည် သင်၏ ဝိညာဉ်စွမ်းအင်ကို မြှင့်တင်ပေးရုံ သာမက သင်၏ ရုပ်ခန္ဓာ အဆင့်ကိုပင် တိုးတက်စေသည်။]

[ထို့ကြောင့် အခြားသွေးစေ့များနှင့် အလှပဂေးများက ဝိုင်များသောက်စား ပျော်မြူးနေကြချိန်တွင် သင်သည် အစားအစာများကိုသာ တစိုက်မတ်မတ် စားသုံးခဲ့သည်။]

[သင့်ဘေးမှ စကားနည်းသောလူက ခပ်ယဲ့ယဲ့ပြုံးရင်း “နောင်ဆိုရင် ငါတို့အားလုံး သွေးစေ့တွေပဲ၊ တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်ကြရအောင်... အကဲဖြတ်ပြီးရင်တော့ တခြားသူတွေထက် သာလွန်တဲ့ဘဝကို နေထိုင်နိုင်ပြီ” ဟု ပြောသည်။]

[စကားနည်းသောလူ၏ စကားကိုကြားသောအခါ သင်သည် တုန်လှုပ်သွားသည်။ အကဲဖြတ်ခြင်း။ ဘယ်လို အကဲဖြတ်ခြင်းလဲ။]

[သင်သည် သင်၏သံသယများကို လျင်မြန်စွာ မေးမြန်းလိုက်သည်။]

[စကားနည်းသောလူက သွေးစေ့များသည် အရိုးအသက်၊ ပါရမီ၊ ကျင့်ကြံမှုနည်းစနစ်များ၊ တိုက်ခိုက်ရေး စွမ်းရည်များနှင့် နတ်ဘုရားပညာရပ်များ စသည်တို့ကို ပြည့်စုံစွာ အကဲဖြတ်ခြင်း ခံယူရသည်ဟု သင့်အား ပြောပြသည်။]

[ထိုမှသာ သွေးစေ့များ အတွက် အကောင်းဆုံး ကျင့်ကြံမှု လမ်းကြောင်းကို သတ်မှတ်နိုင်မည်... အဘယ်ကြောင့်ဆိုသော် သွေးစေ့များ အားလုံးသည် မူလက လွတ်လပ်သော ကျင့်ကြံသူများ သို့မဟုတ် ကမ္ဘာငယ်များမှ တက်လာသော ကျင့်ကြံသူများ ဖြစ်သည့်အတွက် အခြေခံအုတ်မြစ်များ လိုအပ်နေသောကြောင့် ဖြစ်သည်။]

[စကားနည်းသောလူ၏ စကားကို ကြားရသောအခါ အခြားသွေးစေ့များကလည်း မျှော်လင့်တကြီး အမူအရာများ ပြသကြသည်။ အကဲဖြတ်ပြီးနောက် ရင်းမြစ်များ ခွဲဝေမှုသည် သူတို့အတွက် ကြီးမားသော အခွင့်အရေး ဖြစ်သည်ကို ရှင်းရှင်းလင်းလင်း နားလည်ထားကြသည်။]

[ဤသွေးစေ့များသည် သင့်လျော်သော ကျင့်ကြံမှု နည်းစနစ်များ၊ နတ်ဘုရား စွမ်းရည်များ၊ ဝိညာဉ်ဆေးလုံးများနှင့် ဆေးရည်များကိုပင် ရရှိကြလိမ့်မည်။]

[စကားနည်းသောလူ၏ စကားကို ကြားပြီးနောက် လုံးဝ စိတ်မအေးနိုင်သည်မှာ သင်တစ်ဦးတည်းသာ ရှိသည်။]

လက်တွေ့ကမ္ဘာတွင် စုရှင်းသည် ဤအရာကို မြင်သောအခါ ‌ဒေါသထွက်သွားပြီး ပေါင်ကို ရိုက်လိုက်သည်။

“သွေးစေ့တွေကို ရွေးချယ်ရုံပဲ မဟုတ်လား။ ဘာလို့ ပါရမီနဲ့ အသက်ကိုပါ စစ်ဆေးတာလဲ”

“အခုတော့ ငါ လုံးဝ ဒုက္ခရောက်ပြီ...”

စုရှင်းသည် သက်ပြင်းချလိုက်သည်။ ဆင်းသက်ဂိုဏ်းက ဤသို့လုပ်ခြင်းမှာ ကျိုးကြောင်းဆီလျော်ကြောင်း သူသိသည်။

သွေးစေ့ဖြစ်လာခြင်းသည် ဆင်းသက်ဂိုဏ်း၏ တရားဝင်တပည့် ဖြစ်လာပြီး မွေးမြူထိုက်သူ ဖြစ်လာသည်... ထို့အပြင် သူလျှိုများကို ဖယ်ရှားလိုသည့် အလားအလာလည်း ရှိလိမ့်မည်။

“သရုပ်ပြခြင်းထဲမှာ ငါ့အသက်က အနှစ်လေးဆယ်ကျော်လေးပဲ ရှိသေးတာ‌လေ”

“အနှစ်လေးဆယ်ကျော်၊ သုံးမျိုးပြောင်းလဲသွားတဲ့ ကောင်းကင်ဝိညာဉ်အမြစ် ပါရမီနဲ့... ကိုယ်ခန္ဓာ ပေါင်းစည်းအဆင့် အင်အားကြီးသူ ဖြစ်နေတယ်၊ သူတို့ ငါ့ကို ခွဲစိတ်စစ်ဆေးကြည့်ရင်တောင် အံ့သြစရာ မရှိဘူး။”

စုရှင်းသည် အနည်းငယ် အကူအညီမဲ့သလို ခံစားလိုက်ရသည်။

ကောင်းကင်ဝိညာဉ်အမြစ် ရှိသည့်တိုင် အသက်နှစ်ရာတွင် ကိုယ်ခန္ဓာပေါင်းစည်းခြင်း အဆင့်သို့ ရောက်ရှိခြင်းသည်ပင် ထူးခြားသော ကံကောင်းခြင်းဟု သတ်မှတ်ခံရသည်။

စုရှင်း၏ အရှိန်အဟုန်သည် အမှန်တကယ်ပင် ပုံမှန်ထက် ကျော်လွန်နေသဖြင့် စုံစမ်းစစ်ဆေးမှုများကို ဆွဲဆောင်ရန် လွယ်ကူသည်။

“ကောင်းပြီလေ ငါ့ပါရမီနဲ့ အသက်ကို သိပြီးရင် ဆင်းသက်ဂိုဏ်းက ငါ့ကို လေ့ကျင့်ပေးဖို့ အားထုတ်ပါစေလို့ပဲ ဆုတောင်းရတော့မယ်”

စုရှင်းသည် ဤသို့တွေးရင်း သရုပ်ပြခြင်း ဖန်သားပြင်ကို ကြည့်လိုက်သည်။

[မကြာမီ ခမ်းနားသော ပွဲတော် ပြီးဆုံးသွားသည်။]

[သင်မှလွဲ၍ လူတိုင်းက သူတို့၏ အစားအစာများကို ပျော်ရွှင်စွာ စားသုံးခဲ့သည်။]

[မကြာမီ သွေးသခင်၂၃သည် ပြန်ရောက်လာပြီး ပါရမီ အကဲဖြတ်ခြင်း အတွက် သင်တို့အားလုံးကို တည်းခိုခန်း၏ မြေအောက်ထပ်ရှိ လျှို့ဝှက်အခန်း တစ်ခုသို့ ခေါ်ဆောင်သွားသည်။]

[သင်သည် လုပ်ငန်းစဉ်အတွင်း ထွက်ပြေးရန် စဉ်းစားသော်လည်း အင်အားကွာခြားမှုကို ချိန်ဆပြီးနောက် လက်လျှော့လိုက်သည်။]

[မကြာမီ အခြားသွေးစေ့ကိုးဦးသည် သူတို့၏ လက်များကို ပါရမီ အကဲဖြတ် ကျောက်တုံးပေါ်တွင် တင်လိုက်သည်။]

[သင့်ကို အံ့အားသင့်စေသည်မှာ ထိုရေနက်ကမ္ဘာမှ စကားနည်းသော ကျင့်ကြံသူသည် တကယ်တမ်းတွင် စူပါဝိညာဉ်အမြစ် ပါရမီရှိခြင်းပင်။]

[စူပါဝိညာဉ်အမြစ် ဆိုသည်မှာ ကောင်းကင်ဝိညာဉ်အမြစ်ကို ကျော်လွန်သော တည်ရှိမှုတစ်ခု ဖြစ်သည်။ ထိုကမ္ဘာငယ်တွင် ထိုသို့သော ပါရမီရှင်သည် နှစ်တစ်ထောင်တွင် တစ်ဦးပင် ပေါ်လာချင်မှ ပေါ်လာမည် ဖြစ်သည်။]

…

All Chapters