← Chapters

ကမ္ဘာသုံးထောင်သို့ ပြန်လည်ရောက်ရှိခြင်း၊ ဓားထိန်းချုပ် နည်းစနစ် ပြီးပြည့်စုံခြင်း။

Vol. 33 Ch. 462

ကမ္ဘာသုံးထောင်သို့ ပြန်လည်ရောက်ရှိခြင်း၊ ဓားထိန်းချုပ် နည်းစနစ် ပြီးပြည့်စုံခြင်း။

Vol. 33 Ch. 462

“အခုဆိုရင် အယောင်ဆောင် အေးဂျင့်တွေကို သိထားပြီဆိုတော့ နောင်လာမယ့် ကုန်သွယ်မှုတွေမှာ သူတို့ကို ရှောင်ရှားနိုင်ပြီ။ ပိုပြီး ဘေးကင်းလုံခြုံတာပေါ့...”

ဤသို့တွေးရင်း စုရှင်းသည် သရုပ်ပြခြင်း ဖန်သားပြင်ကို ကြည့်လိုက်သည်။

[ဤသူလျှိုစာရင်းကို ရရှိပြီးနောက် သင်သည် ရမ်းကားစွာ မပြုမူပါ။ ရှားနိုင်ငံ စစ်တပ်က ၎င်းကို အခုချိန်တွင် ဖော်ထုတ်လိုက်ခြင်းသည် ဆင်းသက်ဂိုဏ်း၏ သံသယကို မလွဲမသွေ နှိုးဆွမိလိမ့်မည်။]

[ထို့ကြောင့် သင်သည် ပုံမှန်အတိုင်း နေ့စဉ် ကျင့်ကြံမှုကို ဆက်လက် လုပ်ဆောင်သည်။]

[ဆယ့်သုံးနှစ်မြောက်တွင် သင်၏ ကောင်းကင်ဓားနည်းစနစ်အပေါ် နားလည်မှုသည် အသေးစား အောင်မြင်မှု အဆင့်တွင်သာ ရှိနေသေးသည်။]

[သို့သော် သင့်ကို အံ့အားသင့်စေသည်မှာ သင်၏ ဓားထိန်းချုပ်နည်းစနစ် နားလည်မှုသည် ပိုမိုတိုးတက်လာပြီး ကြီးမြတ်သော အောင်မြင်မှု အဆင့်သို့ ရောက်ရှိသွားခြင်းပင်။]

[ဓားထိန်းချုပ်နည်းစနစ်၏ ကြီးမြတ်သော အောင်မြင်မှု အဆင့်တွင် သင်သည် ဓားပျံဖြင့် တစ်နာရီလျှင် မိုင်ပေါင်း တစ်သောင်းငါးထောင် ခရီးသွားနိုင်သည်။ ထိုအခါ သင်၏ လွတ်မြောက်ခြင်း အမြန်နှုန်းသည်လည်း များစွာ တိုးလာသည်။]

[ဆယ့်လေးနှစ်မြောက်တွင် သင်၏ ကျင့်ကြံမှုအဆင့်သည် အောင်မြင်စွာ ဖောက်ထွက်သွားပြီး သင်သည် ကိုယ်ခန္ဓာ ပေါင်းစည်းအဆင့် တတိယအလွှာ ကျင့်ကြံသူ ဖြစ်လာသည်။]

[ကိုယ်ခန္ဓာ ပေါင်းစည်းအဆင့် တတိယအလွှာသို့ ဖောက်ထွင်းပြီးနောက် သင်သည် ပျင်းရိခြင်း မရှိဘဲ နေ့စဉ် ဆက်လက်ကျင့်ကြံကာ ကောင်းကင်ဓားနည်းစနစ်ကို နားလည်သဘောပေါက်ရန် ကြိုးစားသည်။]

[ဤသို့ဖြင့် နောက်ထပ် သုံးနှစ် ကုန်လွန်သွားသည်။]

[ဆယ့်ခုနစ်နှစ်မြောက်တွင် သင်သည် ကောင်းကင်ဓားနည်းစနစ် နားလည်မှုတွင် အခက်အခဲတစ်ခုနှင့် ရင်ဆိုင်လာရပြီး တိုးတက်မှုလည်း နှေးကွေးလာသည်။]

[ထို့နောက် သင်သည် ဓားထိန်းချုပ်နည်းစနစ်ကို လေ့ကျင့်သည့်ဘက်သို့ ပြန်လှည့်ခဲ့သည်။ မကြာမီတွင် ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိနိုင်ရန် မျှော်လင့်ခဲ့သည်။]

[တစ်နေ့တွင် သင်သည် ဓားထိန်းချုပ်နည်းစနစ်ကို လေ့ကျင့်နေစဉ် လျှို့ဝှက်ဆန်းကြယ်သော အခြေအနေသို့ ရောက်ရှိသွားသည်။]

[သင်သည် မမျှော်လင့်ဘဲ အသိဉာဏ် အလင်းပွင့်ခြင်းကို အစပျိုးမိသည်။]

[ဤအသိဉာဏ် အလင်းပွင့်ခြင်း အခြေအနေတွင် ဓားထိန်းချုပ်နည်းစနစ် အပေါ် သင်၏ နားလည်မှုသည် လျင်မြန်စွာ တိုးတက်လာသည်...]

[သုံးရက်တာ အချိန်သည် မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွားသည်။]

[သင် သတိပြန်ဝင်လာသောအခါ ဆုံးရှုံးမှုတစ်ရပ်ကို ခံစားလိုက်ရသည်။]

[ဓားထိန်းချုပ်နည်းစနစ် အပေါ် သင်၏ နားလည်မှုသည် ပြီးပြည့်စုံခြင်း အဆင့်သို့ အောင်မြင်စွာ ရောက်ရှိသွားသည်။]

[ဓားထိန်းချုပ်နည်းစနစ်ကို ပြီးပြည့်စုံစွာ ကျွမ်းကျင်ခြင်းဖြင့် သင်သည် ဓားပျံဖြင့် တစ်နာရီလျှင် မိုင်ပေါင်း သုံးသောင်း ခရီးသွားနိုင်သည်။]

[တစ်နေ့လျှင် မိုင်ပေါင်း သုံးသိန်းခြောက်သောင်း ခရီးသွားခြင်းသည် ပြဿနာ မရှိတော့ပေ။]

[ထို့ပြင် သင်၏ ဝိညာဉ်ဓား အရည်အသွေး တိုးတက်လာသည်နှင့်အမျှ သင်၏ ကိုယ်ပိုင် ကျင့်ကြံမှုနှင့် ဓားတာအို နားလည်မှု တိုးတက်လာသည်နှင့်အမျှ သင့် ဓားပျံ၏ အမြန်နှုန်းသည် ပိုမိုမြန်ဆန်လာမည်သာ ဖြစ်သည်။]

လက်တွေ့ကမ္ဘာတွင် စုရှင်း၏ အမူအရာသည် အနည်းငယ် ရှုပ်ထွေးလာပြီး သူသည် ခပ်ဖွဖွ သက်ပြင်းချလိုက်သည်။

“တကယ်ကို ရတာမလို လိုတာမရဘဲဟေ့...”

စုရှင်းသည် ကောင်းကင်ဓားနည်းစနစ်ကို အသိဉာဏ် အလင်းပွင့်ရန် မျှော်လင့်ပြီး လုံ့လဝီရိယရှိရှိ ကျင့်ကြံခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

ဓားထိန်းချုပ်နည်းစနစ်ကို ပေါ့ပေါ့ပါးပါး လေ့ကျင့်တာက မမျှော်လင့်ဘဲ တစ်ခါတည်း အသိဉာဏ် အလင်းပွင့်ခြင်းကို အစပျိုးမိပြီး ပြီးပြည့်စုံစွာ ကျွမ်းကျင်သွားခဲ့သည်။

“နှမြောစရာပဲ... ကောင်းကင်ဓားနည်းစနစ်သာ ကြီးမြတ်သော အောင်မြင်မှု အဆင့်ကို ရောက်ခဲ့ရင်၊ ငါ့ရဲ့ ကျင့်ကြံမှုက နည်းနည်းလေး ပိုတိုးတက်ခဲ့ရင်... မဟာယာနအဆင့် ကျင့်ကြံသူနဲ့ တိုက်ခိုက်တာက ပြဿနာရှိတော့မှာ မဟုတ်ဘူး။”

စုရှင်းသည် ခေါင်းကို အနည်းငယ် ယမ်းလိုက်သည်။

“ဓားထိန်းချုပ်နည်းစနစ်ကို ပြီးပြည့်စုံစွာ ကျွမ်းကျင်တာလည်း မဆိုးပါဘူး၊ တစ်နေ့ကို မိုင်ပေါင်း သုံးသိန်းခြောက်သောင်း ခရီးသွားနိုင်တယ် ဆိုတာက ကြယ်ပြာပေါ်က ဘယ်နေရာကိုမဆို တစ်ရက်အတွင်း ရောက်နိုင်တယ်လို့ ဆိုလိုတာဘဲ။”

စုရှင်း ကျေနပ်မိသည်။ အသိဉာဏ် အလင်းပွင့်ခြင်းကို အစပျိုးခြင်းသည် ဘာမှမဖြစ်သည်ထက် ပိုကောင်းနေသေးသည်။

“ဒါပေမယ့် ဒီသရုပ်ပြခြင်းမှာ နောက်ထပ် အသိဉာဏ် အလင်းပွင့်ခြင်း ဖြစ်နိုင်ခြေက နည်းတယ်ဆိုတော့ ငါ့ရဲ့ ကျင့်ကြံမှုကို မြှင့်တင်ဖို့ အာရုံစိုက်တာက ပိုကောင်းမယ်။”

ဤအတွေးဖြင့် စုရှင်းသည် သရုပ်ပြခြင်း ဖန်သားပြင်ကို ကြည့်လိုက်သည်။

[ဆယ့်ရှစ်နှစ်မြောက်တွင် သင်သည် လုံ့လဝီရိယစိုက်ကာ ဆက်လက် ကျင့်ကြံသည်။ သင်၏ ကျင့်ကြံမှုအဆင့်သည် တည်ငြိမ်စွာ တိုးတက်ခဲ့သည်။]

[ဆယ့်ကိုးနှစ်မြောက်တွင် သင်သည် အချိန်အချို့ယူ၍ သားရဲထိန်းချုပ်နယ်မြေရှိ သတ်ဖြတ်ခြင်း စစ်မြေပြင်သို့ သွားရောက်ခဲ့သည်။ ဒဏ္ဍာရီလာ နတ်ဆိုးသားရဲများ အားလုံးကို သတ်ဖြတ်ရန် လပေါင်းများစွာ အချိန်ယူခဲ့ပြီး သင်သည် ငွေရောင်ဆံပင် နတ်ဆိုးဧကရာဇ်ကို ပေါ့ပေါ့ပါးပါးပင် သတ်ပစ်လိုက်သည်။]

[နှစ်ဆယ်နှစ်မြောက်တွင် သင်သည် နေ့စဉ် သီးသန့်ကျင့်ကြံမှုကို ဆက်လက် လုပ်ဆောင်သည်။ သင်၏ ကျင့်ကြံမှုအဆင့်ကို တိုးတက်စေရန် ကြိုးစားသည်။]

[ဤသို့ဖြင့် နောက်ထပ် ငါးနှစ် ကုန်လွန်သွားသည်။]

[နှစ်ဆယ့်ငါးနှစ်မြောက်တွင် သင်သည် ဤငါးနှစ်တာကာလကို ဝိညာဉ်စိုက်ခင်းဂူအတွင်း သီးသန့်ကျင့်ကြံရင်းဖြင့် ကုန်လွန်ခဲ့သည်။ ကြယ်ပြာသို့ တစ်ခါတစ်ရံမှသာ ပြန်လာတတ်သည်။ နတ်ဆိုးနှိမ်နင်းရေး စခန်းနှင့် ဆင်းသက်ဂိုဏ်း၏ အခြေအနေများကိုသာ ရံဖန်ရံခါ အာရုံစိုက်သည်။]

[ဤငါးနှစ်တာ ကာလအတွင်း ဝိညာဉ်စွမ်းအင်ကိုသာ မှီခို၍ ကျင့်ကြံခဲ့သော်လည်း သင်၏ ကျင့်ကြံမှုအဆင့်သည် တိုးတက်လာပြီး ကိုယ်ခန္ဓာပေါင်းစည်းအဆင့် တတိယအလွှာ၏ နောက်ဆုံးပိုင်းသို့ ရောက်ရှိလာသည်။]

[သင်သည် နောက်ဆုံးသုံးနှစ်တွင် ကိုယ်ခန္ဓာပေါင်းစည်းအဆင့် အလယ်အလတ်သို့ ထိုးဖောက်ရန် စီစဉ်သည်။ ထို့ကြောင့် သင်သည် သီးသန့်ကျင့်ကြံမှုကို ဆက်လက်လုပ်ဆောင်သည်။]

စုရှင်းသည် သူ၏ရှေ့မှ သရုပ်ပြခြင်း စာသားကို ကြည့်ရင်း ခပ်ဖွဖွ ခေါင်းညိတ်သည်။

“နှစ်ဆယ့်ငါးနှစ်မတိုင်ခင် သုံးထောင်ကမ္ဘာကို သွားတာက အကျိုးမရှိဘူး။ ကောင်းကင်နတ်ဆိုး အကျဉ်းထောင်မှာ အကျဉ်းချခံရရုံဘဲ ဖြစ်လိမ့်မယ်...”

“ပြီးတော့ ဆင်းသက်ဂိုဏ်းရဲ့ ချိုင့်ဝှမ်းမှာရှိတဲ့ ဝိညာဉ်စွမ်းအင်က ဝိညာဉ်စိုက်ခင်းဂူထက် အများကြီး နည်းပါးတယ်။ အာ့တော့ အေးအေးချမ်းချမ်းလေး ကျင့်ကြံပြီး နှစ်ဆယ့်ရှစ်နှစ်ကျမှ သွားတာက ပိုကောင်းတယ်”

ဤအတွေးဖြင့် စုရှင်းသည် သရုပ်ပြခြင်း ဖန်သားပြင်ကို ကြည့်လိုက်သည်။

[သီးသန့်ကျင့်ကြံမှု၏ နေ့စဉ် လည်ပတ်မှုများတွင် နှစ်နှစ်တာ အချိန်သည် မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွားသည်။]

[နှစ်ဆယ့်ခုနစ်နှစ်မြောက်တွင် သင်၏ ကျင့်ကြံမှုအဆင့်သည် ကိုယ်ခန္ဓာ ပေါင်းစည်းအဆင့် အလယ်အလတ်သို့ ရောက်ရှိရန် နီးကပ်လာသည်။ သင်သည် နောက်ဆုံး ထိုးဖောက်မှုကို ပြင်ဆင်သည်။]

[သင်သည် နှစ်များတစ်လျှောက် စုဆောင်းထားသော ဝိညာဉ်အရည် စက်ပေါင်း သန်းချီကို ထုတ်ယူလိုက်သည်။ ကိုယ်ခန္ဓာပေါင်းစည်းအဆင့် အလယ်အလတ်သို့ တစ်ခါတည်း ထိုးဖောက်ရန် အသင့်ဖြစ်နေခဲ့သည်။]

[အချိန်သည် လျင်မြန်စွာ ကုန်လွန်သွားသည်၊ တစ်နှစ်ခွဲ‌အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားသည်...]

[နှစ်ဆယ့်ခုနစ်နှစ်မြောက် နှစ်ကုန်ပိုင်းတွင် သင်၏ ကျင့်ကြံမှုအဆင့်သည် နောက်ဆုံး၌ ကိုယ်ခန္ဓာပေါင်းစည်းအဆင့် စတုတ္ထအလွှာသို့ ထိုးဖောက်နိုင်ခဲ့သည်။]

[ကိုယ်ခန္ဓာပေါင်းစည်းအဆင့် အလယ်အလတ် ကျင့်ကြံသူ ဖြစ်လာသည့် အတွက် ဂုဏ်ယူပါသည်။]

[ကိုယ်ခန္ဓာပေါင်းစည်းအဆင့် အလယ်အလတ်သို့ ရောက်ရှိပြီးနောက် သင်သည် ကြယ်ပြာမှ ထွက်ခွာရန် အချိန်တန်ပြီ ဖြစ်ကြောင်း သိလိုက်သည်။]

[သင်သည် နတ်ဘုရားစစ်သည်တော်ခေတ် အကျဉ်းခန်းသို့ ထွက်ခွာခဲ့သည်။ ထို့နောက် ကျောက်စိမ်းသုံးခုကို စုဆောင်းပြီး ဝမ်မူဂိုဏ်း အပျက်အစီးများသို့ အောင်မြင်စွာ ဝင်ရောက်သည်။]

[ယခင်က ပေါ့ပေါးသော တိုက်ခိုက်မှုဖြင့် သင်သည် သင်္ချိုင်းလမ်းကြောင်းရှိ သက်ရှိ ရုပ်သေးကို သတ်ပစ်ခဲ့ပြီး ၎င်း၏ မပျက်စီးသော ခန္ဓာကိုယ်ကို ထိန်းသိမ်းထားလိုက်သည်။]

[သို့သော် သူတော်စင် ဝမ်မူကို သတ်သောအခါ သူ၏ အလောင်းကို မပျက်စီးစေဘဲ ထိန်းသိမ်းနိုင်ခဲ့ခြင်း မရှိပါ။ သူတော်စင် ဝမ်မူသည် ခုနစ်ပိုင်းပြတ်သွားသဖြင့် သူ့ကို သက်ရှိရုပ်သေး အဖြစ် ပြုလုပ်ရန် မဖြစ်နိုင်တော့ပေ။]

[သင်သည် မတွန့်ဆုတ်ဘဲ အစီအရင်ထဲတွင် ဖမ်းမိထားသော ဝိညာဉ်သွေးကြော နဂါးကို လွှတ်ပေးလိုက်သည်။]

[ဝိညာဉ်သွေးကြော နဂါး လွတ်မြောက်လာသည်နှင့်အမျှ ၎င်း၏ အရှိန်အဝါ ထွက်ပေါ်လာပြီး ကျိန်စာသင့်နဂါးကို လျင်မြန်စွာ ဆွဲဆောင်မိသည်။]

[သင်နှင့် ကျိန်စာသင့်နဂါးကြား ပြင်းထန်သော တိုက်ပွဲ ဖြစ်ပွားသည်။]

[သင် ကိုယ်ခန္ဓာပေါင်းစည်းအဆင့် အစောပိုင်းတွင် ရှိစဉ်ကပင် ကျိန်စာသင့်နဂါးသည် သင့်အတွက် ပြိုင်ဘက် မဖြစ်ခဲ့ပါ။ ယခုအခါ သင် အလယ်အလတ်အဆင့်သို့ ရောက်နေသည့်အခါ ပို၍ပင် မယှဉ်နိုင်တော့ပေ။]

[ရိုးအီနေသော လှည့်ကွက်တစ်ခုကို သုံး၍ သင်သည် အားနည်းသလို ဟန်ဆောင်ကာ နောက်ဆုံးတွင် ပြင်းထန်သော ဒဏ်ရာများ အရခံ၍ ကျိန်စာသင့်နဂါးကို သတ်ပစ်ခဲ့သည်။]

[ထို့နောက် သင်သည် ဒဏ်ရာများကို ကုသရန် ဝိညာဉ်စိုက်ခင်းဂူသို့ ဝင်ရောက်သည်။]

[“ခွန်အားကြီးသူ” စွမ်းရည်သည် ထူးခြားသော ပြန်လည်နာလန်ထူမှု အမြန်နှုန်းကို ဆောင်ယူသည်။ တစ်လအတွင်း သင်၏ ဒဏ်ရာများသည် လုံးဝ ပျောက်ကင်းသွားသည်။]

[သင်သည် ကျိန်စာသင့်နဂါးထံမှ အသံလွှင့် ကျောက်စာကို ထုတ်ယူပြီး သွေးသခင်၃နှင့် ဆက်သွယ်သည်။]

[တစ်လအကြာတွင် သွေးသခင်၃သည် ကြယ်ပြာသို့ ဆင်းသက်လာသည်။]

…

All Chapters