← Chapters

မိန်းမများကြားက စစ်ပွဲ

Vol. 7 Ch. 96

မိန်းမများကြားက စစ်ပွဲ

Vol. 7 Ch. 96

ဘာပဲဖြစ်ဖြစ် လူအုပ်ကြီးရှေ့တွင် ခန်းမသခင်၏ မျက်နှာကိုတော့ ကယ်တင်ရမည်။

"ဟုတ်ကဲ့" ဟု ဖြေရင်း ကျန်းပေရန်က နီလာနှလုံးခန်းမတပည့်များ၏ တန်းစီထဲသို့ ဝင်ရောက်လိုက်သည်။

ဤတစ်ကြိမ်တွင် နီလာနှလုံးခန်းမက ကျန်းပေရန်အပါအဝင် စုစုပေါင်းတပည့်ခြောက်ဦးကို စေလွှတ်သည်။ စစ်တုရင်အတွက် နှစ်ဦး၊ သိုင်းပညာတိုက်ခိုက်ရေးအတွက် နှစ်ဦး၊ ဓားသိုင်းအတွက် တစ်ဦးနှင့် ခြေကန်သိုင်းအတွက် တစ်ဦး ဖြစ်၏။

ပါဝင်ယှဉ်ပြိုင်သူများကို ရွေးချယ်ပုံအရ လူငယ်သူရဲကောင်းပြိုင်ပွဲ၏ ပွဲစဉ်များ မည်မျှ ကွဲပြားစုံလင်သည်မှာ ထင်ရှားနေသည်။

ဓားသိုင်းကွက်များ ဓားရှည်သိုင်းကွက်များ လက်ဝါးသိုင်းကွက်များ စသည်တို့အတွက် အထူးပြုပြိုင်ပွဲများ ရှိလေသည်။

သို့သော် ဂုဏ်သိက္ခာအရှိဆုံးပွဲစဉ်မှာ ကျယ်ပြန့်သော သိုင်းပညာတိုက်ခိုက်ရေးပြိုင်ပွဲဖြစ်ကြောင်း သံသယ ဖြစ်ဖွယ်မရှိပေ။

သင်မည်သည့်လှုပ်ရှားမှု သို့မဟုတ် လက်နက်ကိုသုံးသည်ဖြစ်စေ သင်၏ပြိုင်ဘက်နှင့် ရင်ဆိုင်ရန် စင်မြင့်ပေါ်သို့ တက်လှမ်းနိုင်သည်။

နောက်ဆုံးအောင်နိုင်သူမှာ တပည့်အားလုံးတွင် အသန်မာဆုံးဖြစ်ပေမည်။

နီလာနှလုံးခန်းမ၏ ပါဝင်သူခြောက်ဦးသာရှိခြင်းနှင့် နှိုင်းယှဉ်လျှင် အိမ်နီးချင်းရေမှန်ခန်းမတွင် များစွာပိုများသည်။

ပီပါ တယော ရှောင် ပုလွေ စဲ့ နှင့် စောင်းကဲ့သို့သော တူရိယာများတီးခတ်သည့် ဂီတပညာရှင်များပင် တစ်ဒါဇင်ကျော်ရှိ၏။ (ရှောင် - ပုလွေပုံစံ တူရိယာ ၊ စဲ့ - ဇီသာ ပုံစံ တူရိယာ)

အဖွဲ့လိုက်ဖျော်ဖြေမှုများ အုပ်စုလိုက်သီဆိုမှုများနှင့် သိုင်းပညာတိုက်ခိုက်ရေးတို့ကိုပါ ထည့်ပေါင်းလိုက်လျှင် စုစုပေါင်းမှာ တပည့်နှစ်ဆယ့်ရှစ်ဦးအပြည့်ဖြစ်ပြီး ခန်းမ နှစ်ဆယ့်လေးခု အားလုံးတွင် အများဆုံးဖြစ်သည်။

"အကိုကြီးကျန်း လမ်းခရီးမှာ ကျွန်တော့်ကို လမ်းညွှန်မှုတချို့ ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"

အကိုကြီးကျန်း သူ၏ဘေးတွင် ရပ်နေသည်ကို မြင်သောအခါ မော့ရှာက တိုးညင်းစွာ ပြောလိုက်သည်။

ခန်းမတွင် ရှားရှားပါးပါးသာ ရှိနေတတ်သော အမည်ခံတပည့်တစ်ဦးအနေဖြင့် ရေမှန်ခန်းမမှ အမျိုးသမီးတပည့်များစွာက ကျန်းပေရန်ကို မမြင်ဖူးရုံသာမက နီလာနှလုံးခန်းမအတွင်းမှာပင် တပည့်များစွာက သူနှင့် အနည်းငယ်သာ ဆက်ဆံဖူးကြသည်။

သို့သော် မော့ရှာမှာ ခြွင်းချက်တစ်ယောက်ဖြစ်သည်။

မော့ရှာသည် နီလာနှလုံးခန်းမကို ကိုယ်စားပြုသည့် အခြားစစ်တုရင်ကစားသမားတစ်ဦးဖြစ်သည်။

ရေမှန်ခန်းမနှင့် မပူးပေါင်းမီကပင် နီလာနှလုံးတန်ဆောင်းတွင် မကြာခဏ စစ်တုရင်ကစားလေ့ရှိသော တပည့်တစ်ဦးအနေဖြင့် သူက ကျန်းပေရန်ကို အကြိမ်များစွာ မြင်ဖူးသည်။

သို့သော် ဤအကိုကြီးအပေါ် သူ၏နားလည်မှုမှာ ကျန်းပေရန်က ပင်မခန်းမတွင် အခြားတပည့်များနှင့် မကစားဘဲ ခန်းမသခင်ချန်ကိုသာ အမြဲတမ်းရှာဖွေ၍ ယှဉ်ပြိုင်ကစားလေ့ရှိသည် ဟူသောအချက်တွင်သာ ကန့်သတ်ထားသည်။

ခန်းမသခင်ချန်၏ ကျွမ်းကျင်မှုမှာ နီလာနှလုံးခန်းမတပည့်များအားလုံးက ပြိုင်ဘက်ကင်းဟု အသိအမှတ်ပြုထားသည်။

သူက ပြိုင်ဘက်တစ်ရာနှင့် တစ်ပြိုင်နက်တည်း ကစားလျှင်ပင် သူက သူတို့ကို လွယ်ကူစွာ စိုးမိုးနိုင်သည်။

ထို့ကြောင့် မော့ရှာက ခန်းမသခင်ချန်၏ အသိအမှတ်ပြုမှုကို ရရှိထားသော အကိုကြီးအကြောင်းကို အလွန်သိချင်နေသည်။

မော့ရှာက စကားစတင်သည်ကို မြင်သောအခါ ကျန်းပေရန်က ပြန်ဖြေသည်။

"လမ်းညွှန်မှုဆိုတာကတော့ စကားကြီးလွန်းပါတယ် ထိုးထွင်းသိမြင်မှုတွေ ဖလှယ်ကြတာပေါ့"

ကျန်းပေရန်ကလည်း မော့ရှာအပေါ် အနည်းငယ်အမှတ်ရနေသည်။

ပြီးခဲ့သည့်နှစ်က ခန်းမသခင်ချန်နှင့် စစ်တုရင်ကစားနေစဉ် နောက်တစ်ယောက်က ပါရမီရှိသော တပည့်သစ်တစ်ဦး မကြာသေးမီက ဝင်ရောက်လာပြီး အနာဂတ်တွင် သူနှင့်ထိုက်တန်သော ပြိုင်ဘက်တစ်ဦး ဖြစ်လာနိုင်ကြောင်း ပြောခဲ့သည်။

ခန်းမသခင်ချန်၏ အရည်အချင်း အပေါ်အမြင်မှာ အရင်လိုပင် စူးရှနေဆဲဖြစ်ပုံရသည်။

နီလာနှလုံးခန်းမသို့ ဝင်ရောက်သည်မှာ တစ်နှစ်သာရှိသေးသော်လည်း မော့ရှာက စစ်တုရင် ကိုယ်စားလှယ်များထဲမှ တစ်ဦးအဖြစ် ရွေးချယ်ခံရပြီးဖြစ်သည် သူ၏လျင်မြန်သောတိုးတက်မှု၏ သက်သေပင်။

သို့သော်လည်း အခြားနီလာနှလုံးခန်းမတပည့်လေးဦးမှာမူ ကျန်းပေရန်အပေါ် လုံးဝအမှတ်မရကြပေ။

နောက်ဆုံးတော့ သူတို့က သိုင်းပညာကို အထူးပြုကြသည်။

သူတို့က တော်ဝင်စာမေးပွဲအတွက် ပြင်ဆင်နေသော ကျောင်းသားလေးယောက်နှင့်တူသည်။ သူတို့က စမ်းသပ်စာမေးပွဲများတွင် ထိပ်တန်းရမှတ်ရသူ သို့မဟုတ် မည်သည့်အတန်းတွင် အထူးသဖြင့် အားကောင်းသော သင်္ချာပါရမီရှင်တစ်ဦးရှိသည်ကို ကြားဖူးနိုင်သော်လည်း မည်သည့်ကျောင်းသားက ဇီသာ ကို ထူးချွန်စွာတီးခတ်သည် သို့မဟုတ် စစ်တုရင်တွင် သခင်တစ်ဦးဖြစ်သည်ကို အာရုံစိုက်မည် မဟုတ်ပေ။

သူတို့က ထိုသို့သောအရာများကို အထင်သေးသောကြောင့်မဟုတ်ဘဲ သူတို့၏လမ်းကြောင်းများက မဖြတ်သန်းသောကြောင့်သာ ဖြစ်သည်။

"တောင်..." "တောင်..."

တောင်ထိပ်မှခေါင်းလောင်းသံ ရပ်တန့်သွားသည်နှင့် ကျန်းဟယ်ချင်းက ကျောက်တုံးပေါ်မှ ခုန်ဆင်းပြီး နီလာနှလုံးခန်းမအဖွဲ့ကို ပြောလိုက်သည်။

"တောင်တက်"

ပင်မတောင်ထွတ်က အတိတ်ကဂိုဏ်းချုပ်များကို ရည်စူးထားသော ဘိုးဘွားဗိမာန်ကို ထားရှိသောကြောင့် လေးစားမှုပြသည့်အနေဖြင့် မည်သူမျှ ပျံတက်ခွင့်မပြုပေ။

ထို့အပြင် တောင်တက်ခြင်းသည် မည်သည့်ကျင့်စဉ်သိုင်းကွက်မှမသုံးဘဲ ခြေတစ်လှမ်းချင်းစီ လျှောက်လှမ်းရန် လိုအပ်သည်။

အခြားတစ်ဖက်တွင် ယွီမန်ဝင်းကလည်း ရေမှန်ခန်းမ၏ တပည့်များကို တက်ရောက်ရန် အမိန့်ပေးလိုက်သည်။

ထိုသို့ဖြင့် ခန်းမနှစ်ခု၏ တပည့်များက တောင်တက်လမ်းတစ်လျှောက် အတူတကွ ထွက်ခွာခဲ့ကြသည်။

သို့သော် သူတို့တက်လှမ်းနေစဉ်မှာပင် ရေမှန်ခန်းမ တပည့်များ၏ အရေအတွက်က ပို၍ပို၍ များပြားလာပုံရသည်။

"ညီမလေးရယ် ခြေလှမ်းသတိထား တိမ်တိုက်ထိုးတက်တောင်ထွတ်က လမ်းကို တပည့်တွေကို လေ့ကျင့်ပေးဖို့ တမင်မညီမညာလုပ်ထားတာ ချော်မလဲအောင် သတိထား"

"ကျေးဇူးတင်ပါတယ် အကိုကြီးလင် ရှင်က တကယ်ဗဟုသုတစုံတာပဲ"

"ဘာမှမဟုတ်ပါဘူး ဒါက ငါကောက်ရထားတဲ့ အသေးအဖွဲအရာလေးတွေပါပဲ"

"လုံးဝမဟုတ်ဘူးနော် ချိုင်အာကတော့ အရာအားလုံးကို နည်းနည်းစီသိထားတာ အမြဲ အသုံးဝင်တယ်လို့ ထင်တယ် ကြည့်လေ အခုပဲ ကျွန်မကိုကူညီနေပြီ"

"ညီမလေးရယ်ကို ကူညီနိုင်တာ ငါ့အတွက် ဂုဏ်ယူစရာပါ"

"ညီမလေးရယ် ဒီဘက်ကိုလာ အရင်က ကြိုစစ်ထားတယ် ဒီလမ်းက အလွယ်ဆုံးပဲ"

"ဝိုး အကိုကြီးယန်ကတော့ တကယ်ပဲ ပြင်ဆင်မှုကောင်းတာပဲ ဘယ်လောက်တောင် စဉ်းစား ပေးတတ်လိုက်လဲ"

"ဘာမှမဟုတ်ပါဘူး ညီမလေးရယ်က မြှောက်ပြောလွန်းပါတယ်"

"ညီမလေးရယ် သူ့စကားအဓိပ္ပာယ်မရှိတာတွေကို နားမထောင်နဲ့ ဒီကောင်က ဒီလမ်းကိုသိတာ အရင်တစ်ခေါက်လာတုန်းကကြောင့်"

"လင် မင်းငါ့နာမည်ကို ထပ်ဖျက်ချင်နေတာလား ငါဒီလမ်းကို အရင်တစ်ရက်ကမှ ရှာတွေ့တာ မင်းမှာပြဿနာရှိလား"

"ဘာလဲ မင်းရန်ဖြစ်ချင်လို့လား"

"ချိုင်အာက အကိုကြီးနှစ်ယောက် ကျွန်မကြောင့် ရန်ဖြစ်နေတာကို မမြင်ချင်ဘူး ကျေးဇူးပြုပြီး မတိုက်ခိုက်ကြပါနဲ့နော်"

"ငါတို့ရန်မဖြစ်ပါဘူး ရန်မဖြစ်ပါဘူး"

"ငါတို့က စနောက်နေတာပါ စိတ်ပူစရာမလိုပါဘူး ညီမလေးရယ်"

...

"……"

သူ့ရှေ့တွင် ဖြစ်ပျက်နေသော မြင်ကွင်းကို ကြည့်ရင်း ကျန်းပေရန်က လူအုပ်ကြီးနှင့် အလှမ်းကွာစေရန် သူ၏ခြေလှမ်းများကို ပြတ်ပြတ်သားသား နှေးလိုက်သည်။

ကူညီရန်နည်းလမ်းမရှိပေ ယောက်ျားလေးတွေရဲ့ ဟော်မုန်းတွေနဲ့ မိန်းကလေးတွေရဲ့ ကောက်ကျစ်တဲ့အမူအရာတွေ ရောထွေးနေတာက သူကိုင်တွယ်နိုင်သည်ထက် လွန်ကဲနေသည်။

သူနောက်ဆုတ်နေစဉ်မှာပင် လျိုဇီဂျင်းနှင့် အခြားမိန်းကလေး လေးယောက်မှာလည်း ရဲရင့်သော ယောက်ျားလေးတပည့်များ၏ ဝန်းရံခြင်းကို ခံနေရသည်ကို သူသတိပြုမိလိုက်သည်။

ကျန်းပေရန်က သူအရင်တစ်ခေါက်က သူတို့နှင့် ရှင်းလင်းသော စည်းတစ်ခု ခြားထားခဲ့သည်ကို စိတ်သက်သာရာရမိသည်။

သူက လျိုဇီဂျင်းနှင့် အခြားသူများက လမ်းခရီးတွင် သူ့ကို ရုတ်တရက်နှုတ်ဆက်လျှင် မည်သို့တုံ့ပြန်ရမည်ကို အစပိုင်းတွင် စိုးရိမ်နေခဲ့သည်။

ယခုအခါတွင်မူ သူ၏စိုးရိမ်မှုများမှာ လုံးဝအခြေအမြစ်မရှိကြောင်း ထင်ရှားနေသည်။

'စနစ်က ငါ့ကို ဒီတစ်ခါ ဘာရွေးချယ်မှုမှ မတင်ပြတာ မဆန်းတော့ဘူး သူတို့ငါ့ကို မေ့သွားကြပြီ ထင်တယ် ကောင်းကင်ဘုံကို ကျေးဇူးတင်ပါတယ်'

သူတို့တောင်စောင်းသို့ ရောက်သောအခါ ရေမှန်ခန်းမ၏ ချီတက်ပွဲက ကြီးမားသော စီတန်းလှည့်လည်ပွဲ တစ်ခုအဖြစ် ကြီးထွားလာခဲ့သည်။

အမျိုးသမီးတပည့်တိုင်းနီးပါးတွင် ယောက်ျားလေးတပည့်တစ်ဦးက ဂရုစိုက်နေပြီး စိတ်နှလုံးပြန်ဂိုဏ်း၏ တပည့်များ မည်မျှ စည်းလုံးချစ်ခင် ကြသည်ကို ပြသနေသည်။

"ညီမလေးရယ် ရေဆာနေလား ပျားရည်ယူလာတယ် သောက်မလား"

"အကိုကြီးလင်ကတော့ တကယ်စဉ်းစားပေးတတ်တာပဲ ဒါပေမဲ့ ချိုင်အာ အခုထိ ရေမဆာသေးဘူး"

"ကောင်းပြီလေ ဆာတဲ့အခါ ပြောလိုက် မင်းအတွက် အအေးခံထားပေးမယ်"

"ကျေးဇူးတင်ပါတယ် အကိုကြီးလင်"

အကိုကြီးလင်ကို ကျေးဇူးတင်ပြီးနောက် ရယ်ရှင်းချိုင်၏ အကြည့်က လျိုဇီဂျင်းရှိရာသို့ နောက်တစ်ကြိမ် ရောက်ရှိသွားသည်။

'ဟွန်း ဟန်ဆောင်ကောင်းလိုက်တာ သူကအကိုကြီးခုံကို တွယ်ကပ်နေရင်း အကိုကြီးဖန်ကို မြူဆွယ်နေသေးတယ် ဒါပေမဲ့ ဖြူစင်အပြစ်ကင်းသလို ဟန်ဆောင်နေတုန်းပဲ ဒီအကိုကြီးတွေကလည်း တကယ်မိုက်မဲတာပဲ သူမရဲ့ဟန်ဆောင်မှုကို ယုံကြည်နေကြတယ်'

ရေမှန်ခန်းမ၏ ယခင်ခန်းမ၏ပန်းပွင့် အဖြစ် ရယ်ရှင်းချိုင်က တစ်ချိန်က စိတ်နှလုံးပြန်ဂိုဏ်းမှ ယောက်ျားလေးတပည့်တိုင်း၏ အိပ်မက်ဖြစ်ခဲ့သည်။

များစွာသောသူတို့က သူမကို တစ်ချက်လေးမြင်တွေ့ရရန် ရေမှန်ခန်းမအပြင်ဘက်တွင် တစ်နေကုန် စောင့်ဆိုင်းကြလိမ့်မည်။

ခန်းမထဲမှ အတော်ဆုံးလူငယ်များပင် သူမကို မျက်နှာသာရရန် အကြောင်းပြချက်အမျိုးမျိုးရှာကြသည် သူတို့ထဲတွင် အပြင်းထန်ဆုံးဖြစ်သော ခုံအန်းနန်လည်း ပါဝင်သည်။

သူက ထိုသို့ငယ်ရွယ်စဉ်မှာပင် တပ်ချိုးလှံရှင်ဘွဲ့ကို ရရှိခဲ့သည်က ဘာများအရေးကြီးသနည်း။ သူက သူမ၏ခြေဖဝါးအောက်တွင် ဒူးထောက်ခဲ့ရသည် မဟုတ်လော။

သို့သော် ထိုလျိုဇီဂျင်း ခန်းမထဲသို့ ဝင်ရောက်လာပြီးနောက် အရာအားလုံး ပြောင်းလဲသွားသည်။

ခုံအန်းနန်က သူမထံသို့ နေ့စဉ် မလာတော့ဘဲ ထိုမြေခွေးမလေးပတ်လည်တွင် လှည့်ပတ်နေတော့သည်။

ရေမှန်ခန်းမသို့ လာရောက်လည်ပတ်သည့်အခါ သူမကိုမြင်တွေ့ရန် လမ်းလွှဲလာတတ်သော သူများပင် သူတို့၏လမ်းကြောင်းများကို ပြောင်းလဲသွားကြသည်။

ယခုအခါ လျိုဇီဂျင်းကို ဝန်းရံနေသူများမှာ ဂိုဏ်းထဲမှ အထက်တန်းအကျဆုံး လူငယ်တပည့်များ အားလုံးနီးပါးဖြစ်ပြီး သူမပတ်လည်တွင် ကျန်ရှိနေသူများမှာမူ ပိုအားကောင်းသော အကိုကြီးများနှင့် မယှဉ်ပြိုင်နိုင်မှန်း သိသော အကြွင်းအကျန်များသာဖြစ်သည်။

သူမပိုစဉ်းစားလေလေ ရယ်ရှင်းချိုင်၏ နှလုံးသားထဲတွင် မနာလိုမှုမီးတောက်များက ပိုမိုပြင်းထန်စွာ လောင်ကျွမ်းလေဖြစ်သည်။

"အား"

အသက်ပြင်းပြင်းရှူထုတ်ရင်း ရယ်ရှင်းချိုင်က သူမ၏အကြည့်ကို အဝေးတွင် နောက်ကျကျန်နေသော ကျန်းပေရန်ထံသို့ ရုတ်တရက် လွှဲလိုက်သည်။

'ဒါကမဖြစ်နိုင်လောက်ဘူး ဒါပေမဲ့ အဲ့လျိုဆိုတဲ့ကောင်မလေးက ဒီနာမည်မရှိတဲ့ နီလာနှလုံးခန်းမ တပည့်အပေါ်မှာ အထူးခံစားချက် တချို့ ရှိနေပုံပဲ'

အစောပိုင်းက အခြားသူတိုင်းက ကျန်းပေရန်ကို စပ်စုစွာ ကြည့်နေကြစဉ် ရယ်ရှင်းချိုင်က သူမ၏မျက်လုံးများကို သူမ၏ ပြိုင်ဘက် အပေါ်တွင်သာ စူးစိုက်ထားပြီး လျိုဇီဂျင်း၏ အကြည့်တွင် သူ့ကို ကြည့်သည့်အခါ အခြားအမျိုးသားတပည့်များနှင့် နှိုင်းယှဉ်လျှင် ကွဲပြားသော အလင်းရောင် တစ်ခုကို သတိပြုမိခဲ့သည်။

'စပ်စုချင်စိတ်သက်သက်ပဲလား မဟုတ်ဘူး ဒါထက် ပိုရိုးရှင်းမှာမဟုတ်ဘူး ဟွန်း ငါသူမကို စမ်းသပ်ကြည့်ရမယ်'

သူမ၏စိတ်ကို ဆုံးဖြတ်ပြီးနောက် ရယ်ရှင်းချိုင်က အုပ်စုမှ ခွဲထွက်လိုက်သည်။

အကိုကြီးများ၏ နားမလည်သောအကြည့်များကို လျစ်လျူရှုရင်း သူမက လှည့်ပြီး ကျန်းပေရန်ထံသို့ လျှောက်သွားသည်။

"အမ် ကျွန်မ မှန်မှန်ကန်ကန် မှတ်မိတယ်ဆိုရင် ရှင်က အကိုကြီးကျန်း ဟုတ်တယ်မလား"

စကားပြောနေစဉ် ရယ်ရှင်းချိုင်၏ ဘေးဘက် အမြင်အာရုံက လျိုဇီဂျင်းအပေါ်တွင်သာ ရှိနေသည်။

သူမအံ့ဩစွာပင် လျိုဇီဂျင်းသာမက သူမအလားတူပင် စိတ်အနှောင့်အယှက်ဖြစ်ရသော အခြားမိန်းကလေး လေးယောက်လုံးကပါ တစ်ပြိုင်နက်တည်း ခေါင်းလှည့်လိုက်ကြသည်။

သူတို့က ပေါ့ပေါ့ပါးပါး ပတ်ဝန်းကျင်ကို လှမ်းကြည့်ဟန် အလျင်အမြန် ဟန်ဆောင်ခဲ့ကြသော်လည်း အကိုကြီးကျန်းထံသို့ ထိုအစောပိုင်းက တစ်ပြိုင်နက်တည်း ကြည့်ခဲ့သော အကြည့်မှာ ငြင်းမရအောင်ပင်။

"အိုဟိုး စိတ်ဝင်စားစရာပဲ"

သူမ၏ခန့်မှန်းချက်ကို ယုံကြည်မှုရှိစွာဖြင့် ရယ်ရှင်းချိုင်က ချက်ချင်းပင် ကျန်းပေရန်ကို ပို၍ပင်စွဲဆောင်မှုရှိသော အပြုံးတစ်ခု ပြုံးပြလိုက်သည်။

'တောက် ဒီမိန်းမက ဘာလို့ငါ့နောက်လိုက်နေရတာလဲ'

ရေမှန်ခန်းမမှ အမျိုးသမီးတပည့် အားလုံးတွင် ကျန်းပေရန်က ထိုတစ်ယောက်ကို တိုက်ခိုက်သူ အဖြစ် သတ်မှတ်ထားသည်။

သူဒီလောက်အဝေးကြီး နောက်ဆုတ်နှင့်ပြီးပြီ သူမ၏အာရုံစိုက်မှုကို ဘယ်လိုလုပ်ပြီး ဆက်ဖမ်းမိနိုင်သေးတာလဲ။

'သူမမှာ စုဆောင်းခြင်း စိတ်ဝေဒနာ တစ်ခုခုများ ရှိနေတာလား နီလာနှလုံးခန်းမက ယောက်ျားလေး တပည့်တိုင်းကို အောင်နိုင်မှ သူမကျေနပ်မှာလား'

ကျန်းပေရန်၏ အတွေးနက်နေသောအမူအရာက ရယ်ရှင်းချိုင်၏ မျက်လုံးထဲတွင်မူ သူမ၏ ကျက်သရေကြောင့် မှင်သက်နေခြင်းအဖြစ် ပြောင်းလဲသွားသည်။

သူမက မရင်းနှီးသောယောက်ျားလေးတပည့်တစ်ဦးကို နှုတ်ဆက်သည့်အခါတိုင်းနီးပါး သူတို့က ထိုသို့ တောင့်တင်းသွားလေ့ရှိသည်။

"အကိုကြီး နောက်ကျကျန်နေတာကို ကျွန်မသတိပြုမိလို့ အကူအညီလိုမလား လာကြည့်တာပါ အား"

စကားပြောရင်း ကျန်းပေရန်ထံသို့ ပိုနီးကပ်စွာ ခြေလှမ်းလိုက်စဉ် ရယ်ရှင်းချိုင်က ရုတ်တရက် ခြေချော်ပြီး သူ့ထံသို့ ယိုင်လဲသွားသည်။

တစ်ချိန်တည်းမှာပင် ရွေးချယ်မှုသုံးခုက ကျန်းပေရန်ရှေ့တွင် ပေါ်လာသည်။

[ရွေးချယ်မှု ၁: ရယ်ရှင်းချိုင်ကို သင်၏လက်မောင်းများထဲတွင် ဖမ်းယူလိုက်ပါ။ ဆုလာဘ်: တပ်တစ်သောင်း မြင့်မြတ်တံဆိပ် (မြေကမ္ဘာအဆင့်၊ အလယ်လတ်တန်း)]

[ရွေးချယ်မှု ၂: ရယ်ရှင်းချိုင်ကို တည်ငြိမ်အောင်ထိန်းပေးပါ။ ဆုလာဘ်: နဂါးယောင်လက်သည်းကျမ်း (အနက်ရောင်အဆင့်၊ အဆင့်မြင့်တန်း)]

[ရွေးချယ်မှု ၃: လျင်မြန်စွာ ရှောင်တိမ်းလိုက်ပါ။ ဆုလာဘ်: ကျပန်းအခြေခံအရည်အသွေးအမှတ် +၁]

All Chapters