သောက်တလွဲနိုင်တဲ့ ကမ္ဘာကြီးက အရမ်းအန္တရာယ်များလွန်းတယ်
Vol. 7 Ch. 99
စိတ်နှလုံးပြန်ဂိုဏ်း၏ ပင်မတံခါးသို့ ရောက်သောအခါ ခန်းမအသီးသီးမှ တပည့်များက သူတို့ကို လိုက်ပို့ရန် ရင်ပြင်တွင် စုရုံးနေကြပြီးဖြစ်သည်။
"ဂိုဏ်းချုပ်ကို နှုတ်ဆက်ပါတယ်"
ကြိုဆိုသံများ၏ မိုးခြိမ်းသံကဲ့သို့သော သံပြိုင်သံများကြားတွင် လူယင်လုံက သူ၏လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းပြီး အော်လိုက်သည်။
"နားကျတော့"
ထိုသို့ပြောပြီး သူက လေပြင်းတစ်ချက်ကဲ့သို့ တောင်အောက်သို့ ဆက်လက်ဆင်းသွားသည်။
ခန်းမသခင်များကလည်း နားလည်ကြသည်။ သူတို့၏တည်ရှိမှုက တပည့်များကို ချုပ်တည်းခံရသလို ခံစားစေမည်သာဖြစ်သောကြောင့် သူတို့က ဂိုဏ်းချုပ်နောက်သို့ တောင်အောက်သို့ လိုက်ပါသွားကြသည်။
အကြီးပိုင်းများအားလုံး ထွက်ခွာသွားသည်နှင့် ယခင်က တင်းမာနေသော တပည့်များက ချက်ချင်းပင် သူတို့၏ခန်းမတူ ညီအကိုမောင်နှမများ ပတ်လည်တွင် စုရုံးသွားကြသည်။
"အကိုကြီးလီ အကောင်းဆုံးကြိုးစားရမယ်နော် ဒီတစ်ကြိမ်သာ အကိုကြီး ထိပ်ဆုံး သုံးယောက်ထဲဝင်နိုင်ရင် ကျွန်မ ကျွန်မ ရှင့်ကို ကျွန်မနောက်လိုက်ခွင့်ပေးမယ် ဟီးဟီး"
"လင်းအာ ငါ့ကို စောင့်နေနော် ငါပထမနေရာကို ယူမှာပါ ငါပြန်လာတဲ့အခါ ငါတို့အကြောင်းကို အကြီးအကဲတွေနဲ့ ပြောမယ်"
"စုန်းရှန် ငါမရှိတုန်း ငါ့ညီမလေးကို မင်းကိုအပ်ခဲ့တယ် ငါပြန်လာတဲ့အခါ သူ့ဆံပင် တစ်ချောင်းလေးတောင် ပျောက်နေရင် မင်းငရဲကို ရောက်သွားမယ်"
...
'ဒါဘယ်လို အဓိပ္ပာယ်မရှိတာတွေလဲ'
သူ့ပတ်လည်မှ ပါဝင်ယှဉ်ပြိုင်မည့် တပည့်များက နိမိတ်မကောင်းသော စကားများကို ဘယ်ညာမခွဲဘဲ ပြောဆိုနေကြသည်ကို နားထောင်ရင်း ကျန်းပေရန်က သူတို့၏ပါးစပ်များကို ပိတ်ရန် အင်းချပ်ဝါများဖြင့် ကပ်ထားလိုက်ချင်တော့သည်။
သူတို့ထဲက ဘယ်တစ်ယောက်မှ အသက်ရှင်လျက် ပြန်လာရန် အစီအစဉ်မရှိကြဘူးလား။
နှုတ်ဆက်ပွဲ၏ လေထုနှင့် လုံးဝ အံမဝင်ခွင်ကျဖြစ်နေသည်ဟု ခံစားမိသောအခါ ကျန်းပေရန်က ခန်းမသခင်များနောက်သို့ တောင်အောက်သို့ လိုက်ရန်ပြင်ဆင်နေစဉ်မှာပင် ရင်းနှီးသောအသံတစ်သံက အနီးအနားမှ ခေါ်လိုက်သည်။
"ပေရန်"
အသံလာရာသို့ လှည့်ကြည့်ရင်း ကျန်းပေရန် အံ့ဩသွားသည်။
"အကိုကြီးလူ ခင်ဗျားဒီကို ဘာလာလုပ်တာလဲ"
"ဒါက မင်းဂိုဏ်းကို ကိုယ်စားပြုပြီး ပြိုင်ပွဲဝင်တာ ပထမဆုံးအကြိမ်ပဲလေ မင်းရဲ့အကိုကြီးက မင်းကို လာပို့ရမှာပေါ့"
အကိုကြီးလူက ရယ်မောပြီးမှ ထပ်ပြောသည်။
"ရိုးရိုးသားသားပြောရရင် မင်းက ဂိုဏ်းအတွက် ဒီလိုမျိုးကိစ္စမှာ တကယ်ပဲ ပါဝင်လိမ့်မယ်လို့ ငါအခုထိ ယုံရခက်နေတုန်းပဲ"
"အကိုကြီး ခင်ဗျားကျွန်တော့်ကို အထင်လွဲနေပြီ ကျွန်တော်က ဂိုဏ်းအတွက် အကျိုးပြုချင်နေတာ အမြဲတမ်းပါ"
"ဟားဟားဟား ကောင်းပြီလေ ဒါဆိုရင် ငါမင်းကိုမှားအကဲဖြတ်မိပုံပဲ ငါအရင်တစ်ခေါက်ပေးတဲ့ စိတ်နှလုံးကာကွယ်မှန်ကို ယူလာခဲ့လား"
"အင်း ဝတ်ထားပါတယ်"
ကျန်းပေရန်က သူ၏ရင်ဘတ်ကို ပုတ်ပြသည်။
"မွေးနေ့ပွဲကို တက်ရောက်တဲ့ဂိုဏ်းတွေအားလုံးက ဂုဏ်သတင်းရှိတဲ့ ဖြောင့်မတ်မှန်ကန်တဲ့ဂိုဏ်းတွေ ဖြစ်သင့်ပေမဲ့ တပည့်တွေအများကြီး တစ်နေရာတည်းမှာ စုဝေးနေကြတော့ ကောင်းတဲ့သူရော ဆိုးတဲ့သူရော ရောနှောနေမှာပဲ နှိမ့်နှိမ့်ချချနေပြီး ကိုယ့်လုံခြုံရေးကို ဦးစားပေး"
"အကိုကြီးရဲ့ သင်ကြားမှုတွေကို ကျွန်တော်မှတ်သားထားပါ့မယ်"
ခေါင်းညိတ်ရင်း အကိုကြီးလူက သူ၏သိုလှောင်လက်စွပ်ထဲမှ အင်းချပ်သုံးခုကို ထုတ်ယူပြီး ကျန်းပေရန်ထံသို့ ကမ်းပေးသည်။
"ဒါတွေက လေလွတ်မြောက် အင်းချပ်သုံးခုပဲ အန္တရာယ်နဲ့ကြုံတွေ့ရင် အသက်သွင်းလိုက် ဒါတွေက မင်းကိုလွတ်မြောက်အောင် ကူညီပေးလိမ့်မယ်"
"ကျေးဇူးတင်ပါတယ် အကိုကြီး"
ကျန်းပေရန်က အင်းချပ်များကို ကျေနပ်သောအပြုံးဖြင့် လက်ခံလိုက်သည်။
အဝေးတွင် ကျန်းပေရန်၏ အပြန်အလှန်ဆက်ဆံမှုများကို အနီးကပ်စောင့်ကြည့်နေသော လင်ယုယန်မှာ လုံးဝ တုန်လှုပ်သွားသည်။
'အကိုကြီးက တကယ်ပဲ ဒီလိုလေးစားတဲ့အမူအရာမျိုး ပြတာလား အဲ့ဒီအကိုကြီးလူက ဘယ်သူများလဲ ငါတို့ပြန်ရောက်ရင် ပိုပြီးစုံစမ်းရမယ် မဟုတ်ဘူး ငါသာ အဲ့ဒီအကိုကြီးလူကို မဆင်မခြင်ချဉ်းကပ်ရင် အကိုကြီး စိတ်ဆိုးမှာပဲ အင်း ဒါကိုသေသေချာချာ အစီအစဉ်ချရမယ်'
တစ်ချိန်တည်းမှာပင် လျိုဇီဂျင်းနှင့် အခြားညီအစ်မလေးယောက်မှာလည်း အလားတူပင် အံ့ဩနေကြသည်။
သူတို့၏အထင်တွင် အကိုကြီးက အမြဲတမ်း အထီးကျန် လွတ်လပ်သောဟန်ပန်ဖြင့် နေထိုင်ပြီး မည်သူ့ကိုမှ အဖြေမပေးသလို ပြုမူခဲ့သည်။
သို့သော် ယခုအခါတွင်မူ သူက ထိုအကိုကြီးရှေ့တွင် အလွန်နွေးထွေးစွာ ပြုံးနေသည်။
တစ်ယောက်ကိုတစ်ယောက် အကြည့်ဖလှယ်ပြီးနောက် သူတို့၏တပည့်များဖြင့် ဝန်းရံထားသော ညီအစ်မငါးယောက်က တိတ်တဆိတ် သဘောတူညီလိုက်ကြသည်။
'ဒါကို နောက်မှအစည်းအဝေးမှာ ဆွေးနွေးကြမယ်'
ကျန်းပေရန်ကို သတိထားရန် နောက်ထပ်သတိပေးချက်အနည်းငယ်ပေးပြီးနောက် အကိုကြီးလူက သူ၏ပခုံးကို ပုတ်ပြီး ပြောလိုက်သည်။
"ကောင်းပြီ ငါဒီလောက်ပဲထားခဲ့မယ် မင်းအောင်ပွဲခံပြီး ဂုဏ်ကျက်သရေတွေနဲ့ ပြန်လာနိုင်ပါစေ အဲ့လိုဆိုရင် မင်းဂိုဏ်းထဲမှာ ခိုင်မာတဲ့အနေအထားတစ်ခု ရရှိလိမ့်မယ်"
"စိတ်မပူပါနဲ့ အကိုကြီး ကျွန်တော်အစွမ်းကုန် ကြိုးစားပါ့မယ်"
"အင်း ဒါဆိုသွားတော့"
"ဂရုစိုက်ပါ အကိုကြီး"
အကိုကြီးလူကို ဦးညွှတ်ပြီး ကျန်းပေရန်က လှည့်ထွက်ကာ တောင်အောက်သို့ ဆင်းသွားသည်။
ကျန်းပေရန် မျက်စိမှ လုံးဝပျောက်ကွယ်သွားသောအခါ အကိုကြီးလူက ထွက်ခွာရန် လှည့်လိုက်သော်လည်း ရုတ်တရက် အကြည့်များစွာက သူ့အပေါ်တွင် စူးစိုက်နေသည်ကို ခံစားလိုက်ရသည်။
သို့သော်လည်း သူပတ်ပတ်လည် ကြည့်လိုက်သောအခါ သူ့ကို ဘယ်သူ ကြည့်နေသည်ကို သူအတိအကျ မပြောနိုင်ခဲ့ပေ။
ပခုံးတွန့်ပြီး သူက ရွှေရောင်တောင်ထွတ်သို့ ဆက်လက်ထွက်ခွာသွားသည်။
လက်ဖက်ရည်တစ်ခွက်သောက်စာ အချိန်ကြာပြီးနောက် ပါဝင်ယှဉ်ပြိုင်မည့် တပည့်အားလုံးက သူတို့၏သက်ဆိုင်ရာ ခန်းမသခင်များကို နှုတ်ဆက်ရန် တောင်ခြေတွင် စုဝေးကြသည်။
လျှို့ဝှက်လမင်းဂိုဏ်းသို့ ခရီးစဉ်အတွက် အကြီးပိုင်းအနည်းငယ်သာ လိုက်ပါကြသည်။
ဂိုဏ်းချုပ်အပြင် အမွှေးတိုင်သခင်နှစ်ဦးနှင့် ဂိုဏ်း၏ ရေရှည်စီမံကိန်းများကို ပုံမှန်ကိုင်တွယ်သော လက်ဝဲအမတ်သာ လိုက်ပါသွားမည်ဖြစ်သည်။
ကျန်ခန်းမသခင်များနှင့် အကြီးအကဲများမှာမူ နောက်ချန်နေရစ်ခဲ့မည်။
နောက်ဆုံးတော့ ဒါက မွေးနေ့ပွဲတစ်ခုဖြစ်ပြီး တိုက်ပွဲတစ်ခုမဟုတ်ပေ။
ဂိုဏ်းချုပ်၏ တည်ရှိမှုတစ်ခုတည်းကပင် လေးစားမှုပြသည့်အနေဖြင့် သိသာသော အပြုအမူ တစ်ခုဖြစ်နေပြီ။
ခမ်းနားသော အခြွေအရံများ မလိုအပ်ပေ ၎င်းက အိမ်ရှင်ကို အရိပ်မိုးရန် ကြိုးစားနေသလိုပင် ဖြစ်သွားနိုင်သည်။
ကိုယ်စားလှယ်အဖွဲ့က သေးငယ်သော်လည်း အစီအစဉ်များမှာမူ ခမ်းနားရမည်။
ခြေလျင်ခရီးသွားခြင်းမှာ မဖြစ်နိုင်ပေ။
မင်နွားဟုခေါ်သော ထူးဆန်းသားရဲများက ဆွဲသော ကြီးမားသောရထားကြီး ဆယ့်ငါးစီးက တောင်ခြေတွင် စောင့်ဆိုင်းနေပြီးဖြစ်သည်။
ဂိုဏ်းချုပ်အတွက် သီးသန့်ထားသော ရထားကြီးကို တတိယတန်းစား ထူးဆန်းသားရဲဖြစ်သော ခရမ်းရောင်အရိပ်နတ်ဆိုးမြေခွေးက ဆွဲထားပြီး ၎င်း၏အစွမ်းအစမှာ ကျင့်ကြံသူများကြားမှ မဟာအနက်ရောင်သခင်အဆင့်နှင့် ညီမျှသည်။
"ကောင်းပြီ ရထားတွေပေါ်တက်ကြ အခုထွက်ခွာမယ်"
"အမိန့်အတိုင်းပါ"
ခန်းမသခင်များအားလုံး တောင်ပေါ်သို့ ပြန်တက်သွားသည်နှင့် လူယင်လုံက အမိန့်ထုတ်ပြီး သူ၏ကိုယ်ပိုင်ရထားကြီးထဲသို့ ဝင်ထိုင်လိုက်သည်။
တပည့်များအတွက်မူ ရထားကြီးဆယ့်ငါးစီးရှိရာ အချို့ခန်းမများက မျှဝေသုံးစွဲရမည်မှာ မလွဲမသွေပင်။
ထိုင်ခုံခွဲဝေပေးရမည့် တာဝန်မှာ ထုံးစံအတိုင်း သူ၏ရာထူးအသစ်သို့ မကြာသေးမီက ခန့်အပ်ခံထားရသော ဝူချင်းစစ်အပေါ်သို့ ကျရောက်သည်။
အသေးအဖွဲတာဝန် တစ်ခုဖြစ်သော်လည်း ချင်းကန်တစ်ဦးအဖြစ် ဝူချင်းစစ်၏ ပထမဆုံး အခွင့်အာဏာကျင့်သုံးမှုဖြစ်သည်။(ချင်းကန်" ဆိုသည်မှာ အရေးကြီးသောမစ်ရှင်တစ်ခုအတွက် ခန့်အပ်ခံရသော "မြပြာရောင်သံမဏိ" အဆင့်ရှိ တပည့်ခေါင်းဆောင်၏ ရာထူးအမည်ဖြစ်ပါတယ်)
စာရင်းကိုဆွဲထုတ်ရင်း သူက လူအုပ်ကြီးကို ဝေ့ကြည့်လိုက်ရာ အကိုကြီးကျန်းအပေါ်တွင် စက္ကန့်အနည်းငယ်ပိုကြာအောင် ရပ်တန့်နေသည်။
အကိုကြီးက မည်သည့်အရိပ်အမြွက်မှမပေးသည်ကို မြင်သောအခါ ဝူချင်းစစ်က စိတ်သက်သာရာရသွားပြီး ရထားများကို တစ်စီးချင်းစီ ခွဲဝေပေးတော့သည်။
သူတို့၏ရှိနှင့်ပြီးသော ပူးပေါင်းဆောင်ရွက်မှုနှင့် နီလာနှလုံးခန်းမတွင် တပည့်နည်းပြီး ရေမှန်ခန်းမတွင် တပည့်များသော အချက်များကြောင့် နှစ်ဖွဲ့ကို ရထားတစ်စီးတည်းတွင် အတူတကွ စုဖွဲ့လိုက်သည်။
ထိုအစီအစဉ်က အခြားခန်းမများမှ တပည့်များကို မနာလိုမှုဖြင့် သွားကြိတ်စေသည်။
'အဲ့တုန်းက နီလာနှလုံးခန်းမကို ရွေးချယ်ခဲ့တာ တကယ်ပဲ အကောင်းဆုံးဆုံးဖြတ်ချက်ပဲ'
ကျေးဇူးတင်စွာဖြင့် လဲ့ယန်ရှုက တက်ရန်ပြင်ဆင်နေစဉ် တောင်ပြိုခန်းမမှ တပည့်တစ်ဦးက ပြေးလာပြီး ပြောလိုက်သည်။
"အကိုကြီးလဲ့ ငါ မင်းထိုင်ခုံအတွက် အဆင့်နိမ့် သစ်ဝိညာဉ်ကျောက်တုံးတစ်တုံးနဲ့ လဲမယ် ဘယ်လိုလဲ"
လဲ့ယန်ရှုက အဆင့်နိမ့် သစ်ဝိညာဉ်ကျောက်တုံးနှစ်တုံးကို ဆွဲထုတ်ပြီး ပြန်ဖြေသည်။
"ငါမင်းကိုနှစ်တုံးပေးမယ် အခုငါ့ကိုဆက်မနှောင့်ယှက်နဲ့တော့"
"ဟွန်း စောင့်နေလိုက်….."
"ဟူး.... သောက်တလွဲနိုင်တဲ့ ကမ္ဘာကြီးပါလား"
တောင်ပြိုခန်းမတပည့်က လူတိုင်းရှေ့တွင် ထိုသို့ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်သွားသည်ကို ကြည့်ရင်း ကျန်းပေရန်က စိတ်ထဲမှ မညည်းညူဘဲမနေနိုင်။
ကမ္ဘာလောကသို့ ရောက်ရှိလာကတည်းက သူ၏ပတ်ဝန်းကျင်မှ အဖြစ်အပျက်များက မကြာခဏ အဓိပ္ပာယ်မရှိသည့်အခြေအနေသို့ နီးကပ်နေကြောင်း သူသိထားသည်။
သို့သော် သိခြင်းက လက်ခံခြင်းဟု အဓိပ္ပာယ်မရ။
အချိန်အတော်ကြာပြီးသည့်တိုင် သူက မိုက်မဲသူများက သူနှင့်တူညီသောဂိုဏ်းကို မျှဝေသုံးစွဲနေသည့်အချက်ကို မဖြေရှင်းနိုင်သေးပေ။
ဒါက သူ သီးသန့်နေခြင်းကို နှစ်သက်ရသည့် အကြီးမားဆုံးအကြောင်းရင်းလည်းဖြစ်သည် သူက သူတို့၏စက်ဝိုင်းထဲသို့ ရိုးရှင်းစွာ ဝင်မဆံ့နိုင်ပေ။
'တစ်ခါတစ်ရံမှာ ဒီမိုက်မဲသူတွေက အသုံးဝင်လာတတ်ပေမဲ့'
ထိုအတွေး သူ၏စိတ်ထဲသို့ ဝင်လာသည်နှင့် မြပြာရောင်မီးလျှံခန်းမမှ တပည့်တစ်ဦးက ကျန်းပေရန်ထံသို့ ချဉ်းကပ်လာပြီး ပြောလိုက်သည်။
"အကို ငါ မင်းထိုင်ခုံအတွက် အဆင့်နိမ့် မီးဝိညာဉ်ကျောက်တုံးနှစ်တုံးနဲ့ လဲမယ် ဘယ်လိုသဘောရလဲ"
သူစကားဆုံးသည်နှင့် ကျန်းပေရန်ရှေ့တွင် ရွေးချယ်မှုသုံးခု ပေါ်လာသည်။
[ရွေးချယ်မှု ၁: မြပြာရောင်မီးလျှံခန်းမတပည့်၏ လက်ထဲမှ အဆင့်နိမ့် မီးဝိညာဉ်ကျောက်တုံးများကို ပုတ်ထုတ်လိုက်ပါ။ ဆုလာဘ်: ကြယ်ရှစ်လုံးနတ်ဆိုးစွမ်းအား (မြေကမ္ဘာအဆင့်၊ အလယ်လတ်တန်း)]
[ရွေးချယ်မှု ၂: ယဉ်ကျေးစွာ ငြင်းပယ်ပါ။ ဆုလာဘ်: မြူခိုးတိမ်တိုက်ကျမ်း (မြေကမ္ဘာအဆင့်၊ အဆင့်နိမ့်တန်း)]
[ရွေးချယ်မှု ၃: လဲလှယ်မှုကို လက်ခံပါ။ ဆုလာဘ်: ကျပန်းအခြေခံကျွမ်းကျင်မှုအမှတ် +၁]
ရွေးချယ်မှုများကို သုံးသပ်ပြီးနောက် ကျန်းပေရန် နားလည်သွားသည်။
ထင်ရှားသည်မှာ မြပြာရောင်မီးလျှံခန်းမတပည့်က သူတစ်ဦးတည်းအတွက် မြေကမ္ဘာအဆင့် အဆင့်နိမ့် အခက်အခဲကို မထိုက်တန်ပေ။
ဆုလာဘ်က ဒီလောက်မြင့်မားရခြင်းအကြောင်းရင်းမှာ သူ့ကိုငြင်းပယ်ခြင်းက ရေမှန်ခန်းမ၏ အမျိုးသမီးတပည့်များအပြည့်ပါသော ရထားပေါ်သို့ တက်ပြီးနောက် ဒုက္ခများသို့ ဦးတည်သွားမည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
ယဉ်ကျေးစွာ ငြင်းပယ်ခြင်းကပင် အခက်အခဲကို အဆင့်တစ်ဆင့်သာ လျှော့ချပေးပြီး အရင်းခံ အန္တရာယ်မှာ မပြောင်းမလဲရှိနေကြောင်း ဆိုလိုသည်။
'ရေမှန်ခန်းမက မိန်းမတွေက တကယ်ပဲ ဘေးဥပဒ်တစ်ခုပဲ'