← Chapters

တိုက်ပွဲဝင်ခြင်း

Vol. 158 Ch. 2249

တိုက်ပွဲဝင်ခြင်း

Vol. 158 Ch. 2249

ရီဖူရှင်းက ပြောလိုက်သော်လည်း မည်သူမှ မလှုပ်ရှားကြပေ။

ဤနေရာ၌ ကောင်းကင်ဒေသမှ အင်အားစုများစွာ ရှိသည်။ သူတို့အားလုံးသည် ဤပြဿနာပေါ်တွင် သူတို့၏ ကိုယ်ပိုင်အတွေးများ ရှိကြသည်။ သူတို့က ရီဖူရှင်းကို ဆန့်ကျင်၍ အမွေအနှစ်ကို တိုက်ရိုက်ခိုးယူသင့်လား။ သို့မဟုတ်လျှင် ရီဖူရှင်းကို ကူညီလိုက်ပြီး စီဝေ့မဟာအင်ပါယာ၏ ကျင့်ကြံခြင်းနယ်မြေသို့ ဝင်ရောက်ခွင့်ရရန် ​စွန့်စားကြည့်သင့်သည်လား။

သူတို့သည် အချိန်ခဏမျှ စောင့်ဆိုင်းကာ တိုက်ပွဲ အခြေအနေကို လေ့လာရန် လိုပေသည်။

တိုက်ပွဲတွင် ကျင့်ကြံသူများစွာက ကြယ်အလင်းရောင် အကာအကွယ်ကို အဆက်မပြတ် တိုက်ခိုက်လာကြသည်။ အကာအကွယ်က ဖိနှိပ်ခံနေရပြီး ချက်ချင်းပင် ကြောက်မက်ဖွယ် အက်ကြောင်းများ ဖြစ်ပေါ်လာသည်။ မြေပြင်က စတင်၍ အပိုင်းပိုင်းကွဲထွက်လာပြီး ကြောက်မက်ဖွယ် ဝေးကွာလှသော နေရာအထိ ဖြန့်ကျက်သွားခဲ့သည်။ မြေပြင်က မိုင်ပေါင်းထောင်သောင်းချီအထိ အပိုင်းပိုင်း ကွဲထွက်သွားတော့မလို ထင်မှတ်ရပေသည်။

အဝေးမှ လေ့လာ​နေသော ကျင့်ကြံသူများသည် ထိုကြောက်မက်ဖွယ် မြင်ကွင်းအား မြင်သည့်အခါ နောက်သို့ အဆက်မပြတ် ဆုတ်ခွာလိုက်ကြသည်။ ဤပြင်းထန်သော တိုက်ပွဲက ကောင်းကင်အာဏာစက်မြို့တစ်ခွင်ကို ပျံ့နှံ့သွားလုနီးပါးပင် ဖြစ်သည်။ ထိုတိုက်ပွဲအား အနီးကပ်လေ့လာရန် မဖြစ်နိုင်ပေ။ တိုက်ပွဲအပြည့်အဝ ဖြစ်ပွားလာသည့်အခါ ထိပ်သီးပုဂ္ဂိုလ်များသည် သူတို့၏ တိုက်ပွဲစွမ်းရည်နှင့် တိုက်ခိုက်သည့် နေရာအား ကန့်သတ်ထားရန် မဖြစ်နိုင်ကြပါချေ။

ကျင့်ကြံသူများစွာ၏ စုပေါင်းတိုက်ခိုက်မှုအောက်တွင် နောက်ဆုံး၌ ပို၍ များပြားသော အက်ကြောင်းများက ကြယ်အလင်းရောင်အကာအကွယ်ပေါ် ထွက်ပေါ်လာစေခဲ့သည်။ ကောင်းကင်မှ နတ်အလင်းတန်းများ ကျဆင်းလာပြီး အကာအကွယ်၏ အက်ကြောင်းများအတွင်း စိမ့်ဝင်လာပေသည်။ နောက်ဆုံးတွင် တောက်ပသော အလင်းတန်းတစ်ခု ကျရောက်လာပြီး ကြယ်အလင်းလွှာ အကာအကွယ်က အပြည့်အဝ ပြိုကွဲသွားစေခဲ့သည်။

အကာအကွယ်က ချက်ချင်း ကွဲထွက်သွားပြီး ပုံရိပ်နှစ်ခု ထိုးထွက်လာသည်။ သူတို့သည် ပြင်းထန်သော စွမ်းအားများနှင့် အလွန် လျင်မြန်လှသည်။ ထိုပုဂ္ဂိုလ်များမှာ အလွန်အစွမ်းထက်သော တည်ရှိမှုများ ဖြစ်သည့် ရန်ဟောင်ချန်းနှင့် အင်ပါယာရှီ ဖြစ်သည်။

ကြောက်မက်ဖွယ် ကြယ်နတ်ဓားများက ရန်ဟောင်ချန်း၏ ပုံရိပ်အနီး ပေါ်ပေါက်လာသည်။ သူတို့က ချက်ချင်း ကျယ်ပြောသော လေဟာနယ်ကို ဖုံးလွှမ်းကာ ကောင်းကင်ရှိ ကျင့်ကြံသူများအား လွှမ်းခြုံသွားသည်။ သူက နတ်ဘုရားနည်းစနစ်ကို ကျယ်ပြောလှသော နေရာတစ်ခွင်တွင် တိုက်ရိုက် ထုတ်လွှတ်လိုက်၏။ ချက်ချင်းပင် သူတို့ကို တိုက်ခိုက်လာသည့်  ကောင်းကင်တွင် ရပ်နေသော ထိပ်သီးပုဂ္ဂိုလ်များက မဟာလမ်းစဥ် စွမ်းအားများကို ကတိုက်ကရိုက် ထုတ်လွှတ်လာပြီး ကြယ်နတ်ဓားများအား တိုက်ခိုက်လိုက်သည်။ အားအကောင်းဆုံး ပုဂ္ဂိုလ်အနည်းငယ်က အရှေ့ဆုံး၌ ရပ်​နေခဲ့ကြသည်။

အင်ပါယာရှီ၏ တိုက်ခိုက်မှုက တပြိုင်တည်း ကျရောက်လာသည်။ သူတို့ နှစ်ယောက်က လေဟာနယ်ကို ချက်ချင်း စုတ်ဖြဲပစ်လိုက်ပြီး လေဟာနယ်အတွင်း ကြောက်မက်ဖွယ် နက်ရှိုင်းလှသော အက်ကြောင်းများ ဖြစ်ပေါ်လာစေသည်။ ကျင့်ကြံသူများစွာက တိုက်ခိုက်မှုများကြောင့် ဖိအားပေးခံလိုက်ရပြီး အသည်းအသန် လူစုခွဲလိုက်ကြသည်။

ကောင်းကင်ထက်တွင် မတူညီသော နေရာများ၌ အမျိုးမျိုးသော ကျင့်ကြံသူများ ထွက်ပေါ်လာသည်။ မြေပြင်တွင် ရီဖူရှင်းကို ကျင့်ကြံသူများစွာက စောင့်ကြပ်ပေးနေကြသည်။ ဆေးအင်ပါယာက နောက်ကျောတွင် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကို လွယ်ထားကာ သူ့ဘေး၌ ရပ်နေခဲ့သည်။ စောင့်ကြည့်မျှော်စင်မှ ထိတ်လန့်စရာကောင်းသည့် နတ်စွမ်းအားများ ထွက်ပေါ်နေခဲ့သည်။

ဘုန်း...

ထိုအခိုက်အတန့်တွင် နတ်ဓားများမှ အလင်းတန်းတစ်ခုက လေဟာနယ်ကို ဖြတ်သန်းထိုးဖောက်လာသည်။ ၎င်းက အက်ကြောင်းများမှ ပေါ်ပေါက်လာသကဲ့သို့ ထင်မှတ်ရသည်။ ၎င်းသည် ထိုနေရာအား ဝါးမြိုချင်နေသကဲ့သို့ လေဟာနယ်ကို ဖျက်ဆီးပစ်လိုက်သည်။

စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူတစ်​ယောက်က ချက်ချင်း ရှေ့သို့ လှမ်းကာ ၎င်းကို ခုတ်ပိုင်းလိုက်သည်။ သို့သော် ကောင်းကင်တွင် ပြည့်နှက်နေသည့် ဓားချီများက ကြောက်မက်ဖွယ် အက်ကြောင်းများမှ ထွက်ပေါ်လာသည်။ နတ်ဓားများက အက်ကြောင်းများအတွင်း ပေါင်းစပ်သွားသလို ထင်မှတ်ရပြီး ရီဖူရှင်းဘက်သို့ တိုးဝင်လာသည်။

ဘန်း...

ဆေးအင်ပါယာက မြေပြင်သို့ ခြေဆောင့်နင်းလိုက်သည်။ အဆုံးမဲ့ ကြောက်မက်ဖွယ် မဟာလမ်းစဥ်စွမ်းအားက သူ့ထံမှ ချက်ချင်း ပေါက်ကွဲထွက်လာ၏။ သူက လက်ထဲမှ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကို မြှောက်ကာ တိုက်ပွဲသို့ တိုးဝင်သွားသည်။ နတ်တံခါးများက သူ့အနီးတွင် ပေါ်ပေါက်လာပြီး လောကဖိနှိပ်ခြင်းဂိတ်တံခါးက ဖြစ်တည်လာကာ ရှေ့သို့ တိုးဝင်သွားသည်။ ဂိတ်တံခါးများက သူတို့ထံ ဝင်လာနေသော နတ်ဓားများကို ပြိုကွဲသွားစေပြီး သူတို့ရပ်နေသည့် နေရာသို့ ကျရောက်လာသည့် တိုက်ခိုက်မှုများကို တားဆီးလိုက်ကည အကြွင်းမဲ့ ကာကွယ်ရေးနယ်မြေတစ်ခု ဖြစ်တည်လာပုံရသည်။

ယခင်က တုန်းဟွာအခမ်းအနားတိုက်ပွဲတွင် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်အား အသုံးပြုခဲ့သော ဆေးအင်ပါယာက လုံလောက်အောင် အစွမ်းထက်နေခဲ့ပြီးဖြစ်ကာ တုန်းဟွာနယ်မြေသခင်အိမ်တော်မှ နင်ယွမ်နှင့်ပင် ရင်ဆိုင်နိုင်စွမ်းရှိခဲ့သည်။ သူက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်နှင့် တသားတည်းဖြစ်လာအောင် ပေါင်းစပ်နိုင်ခဲ့သည့်အခါ လောကဖိနှိပ်ခြင်းဂိတ်တံခါး၏ စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်နိုင်ခဲ့ပြီ ဖြစ်သည်။ သူသည် မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေးအား ရင်ဆိုင်ခဲ့ဖူးသည့် အစွမ်းထက် ပုဂ္ဂိုလ်နှင့်ပင် ရင်ဆိုင်နိုင်စွမ်းရှိခဲ့ပြီ ဖြစ်ပေသည်။ ထို့ကြောင့် သာမန်ပုဂ္ဂိုလ်များက ထိုဂိတ်တံခါးများ၏ ကာကွယ်ရေးစွမ်းအားကို ချိုးဖျက်နိုင်ခြင်း မရှိပေ။

ကောင်းကင်အမြင့်မှ ထိုက်ချူဓားသခင်သည် အောက်ဘက်ရှိ အကာအကွယ်ကို ဓားကဲ့သို့ ထက်ရှသည့် အကြည့်များဖြင့် ကြည့်နေခဲ့သည်။ အစွမ်းထက် လေပြင်းနှင့် တိမ်တိုက်များက ကောင်းကင်တွင် လွှမ်းခြုံလာသည်။ ကြောက်မက်ဖွယ် ဓားစွမ်းအားများက ကောင်းကင်တွင် ပေါ်ပေါက်လာပြီး ၎င်းမှ မရေတွက်နိုင်သော ဓားများကို မွေးဖွားလာစေသည်။ နဂါးငွေ့တန်းက ကောင်းကင်ကို ဖြည့်စွက်ထားပြီး ထိုစွမ်းအားက အလွန် ကြောက်မက်ဖွယ် ကောင်းနေခဲ့သည်။ ၎င်းသည် ကောင်းကင်၌ အော်မြည်နေခဲ့၏။ ကျဆင်းလာနေသည့် စွမ်းအားများက ပို၍ ကြီးထွားလာနေသည်။ အနီးဝန်းကျင်မှ လူများက ၎င်း၏ စွမ်းအားကို ခံစားမိကြပေသည်။

"လူတိုင်း သတိထားကြ။" ရီဖူရှင်းက ကောင်းကင်သို့ မော့ကြည့်ကာ သတိပေးလိုက်သည်။ ဆေးအင်ပါယာက လေထဲသို့ ခြေလှမ်းလိုက်၏။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ ပို၍များပြားသော နတ်တံခါးများက ကောင်းကင်အတွင်း၌ မျောလွင့်နေသည်။ ၎င်းက ရှေးဟောင်း လောကဖိနှိပ်ခြင်းဂိတ်တံခါးများကို ဆင့်ခေါ်ကာ စွမ်းအားအားလုံးကို ဖိနှိပ်ထားသလို ထင်မှတ်ရသည်။ ၎င်းသည်  အောက်ဘက်သို့ တိုးဝင်လာသော စွမ်းအားလှိုင်းများကို ဆက်လက်တိုးပွားလာရန် မဖြစ်နိုင်အောင် ပြုလုပ်နေသည်။ ကောင်းကင်တွင် စွမ်းအားနှစ်ခုက ပြည့်နှက်နေပြီး ၎င်းတို့အချင်းချင်း ထိခတ်မိသည့်အခါ ကြောက်မက်ဖွယ် ပြင်းထန်သော အသံတို့ကို ကြားနိုင်ပေသည်။

ဘုန်း...

ဓားမြစ်က ဆင်းလာသည့် လမ်းတလျှောက်မှ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။ အလွန် ကြောက်မက်ဖွယ် အမှောင်အက်ကြောင်းတို့ ထွက်ပေါ်လာ၏။ အက်ကြောင်းများက ဓားများနှင့် ယှဥ်တွဲနေပုံရသည်။ မူလဘုံအတွင်း လေဟာနယ်က မတည်ငြိမ်နေပေ။ ၎င်းသည် ထိုမျှ ပြင်းထန်သော တိုက်ခိုက်မှုကို ခံနိုင်ရည်မရှိနေပါချေ။

ဓားမြစ်က အောက်သို့ ထိုးဆင်းလာသည့်အခါ ရှေးခေတ်အချိန်အခါမှ လာသည်ဟု ထင်မှတ်ရသည့် လောကဖိနှိပ်ခြင်းဂိတ်တံခါးများကလည်း မိုးရွာချသလို ကျဆင်းလာသည်။ ယင်းတို့က ကြောက်မက်ဖွယ် ဖျက်ဆီးခြင်းမုန်တိုင်းတို့အား ဖြစ်ပေါ်စေသည်။ အနီးဝန်းကျင်ရှိ လေဟာနယ်က အပြည့်အဝဖျက်ဆီးခံလိုက်ရပြီး ကြောက်မက်ဖွယ် တွင်းနက်ကြီး ဖြစ်လာပုံရသည်။

သူတို့က အချင်းချင်း တိုက်ခိုက်​နေစဥ် အခြားကျင့်ကြံသူများကလည်း အလုပ်များနေကြသည်။ သူတို့ကြားရှိ နေမင်းနတ်တောင်တန်းမှ အစွမ်းထက် ကျင့်ကြံသူတစ်ဦးက နေမင်းနတ်မီးလျှံကို ဆင့်ခေါ်လိုက်၏။ သူ့တစ်ကိုယ်လုံးက နေမင်းနတ်အလင်းတို့နှင့် လွှမ်းခြုံခံထားရပေသည်။ မဟာလမ်းစဥ်နတ်မီးလျှံတို့က သူ့ကို ဝန်းရံထားသည်။ သူက နေမင်းနတ်ဘုရားတစ်ပါးကဲ့သို့​ သူ့အနီးဝန်းကျင်ရှိ အရာအားလုံးကို မီးရှို့ပြာချတော့မတတ် ပူပြင်းသော စွမ်းအင်ကို ထုတ်လွှတ်နေသည်။ သူ၏ မီးတောက်များက အရာအားလုံးကို အရည်ဖျော်ချပစ်နိုင်သကဲ့သို့ ထင်မှတ်ရပေသည်။

ဘုန်း...

ကြောက်မက်ဖွယ် မီးလျှံနယ်မြေက မဟာလမ်းစဥ် နယ်မြေတစ်ခုကဲ့သို့ ထွက်ပေါ်လာသည်။ အားလုံးသော ကျင့်ကြံသူများက ပူပြင်းသော မီးလျှံနယ်မြေအတွင်း လွှမ်းခြုံခံထားရသည်။ နေမင်းက ကောင်းကင်အမြင့်၌ ထွန်းလင်းနေ၏။ နေမင်း၏ အောက်ခြေတွင် မီးလျှံနတ်ဘုရားတစ်ပါး ပေါ်ပေါက်လာပြီး ကြီးမားသည်ထက် ကြီးမားလာသည်။ ၎င်းသည် နေမင်းနတ်ဘုရားတစ်ပါးနှင့် အသွင်တူပေသည်။

ထိုနတ်ဘုရားက အရာအားလုံးကို ထွန်းလင်းစေမည့် ကြောက်မက်ဖွယ် နေမင်းနတ်အလင်းကို ထုတ်လွှတ်နေသည်။ အလင်းများ ထိတွေ့သမျှ နေရာတိုင်းတွင် အရာအားလုံးက ပြာမှုန်များအဖြစ် ပြောင်းလဲသွားပြီး မည်သည်မှ မကျန်တော့အောင် ပြိုကွဲသွားစေသည်။

စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူအနည်းငယ်က ရှေ့ထွက်လာသည်။ သူတို့က နေမင်းနတ်စွမ်းအားကို ဆန့်ကျင်တိုက်ခိုက်လိုက်သည်။

သူတို့က လက်များကို တစ်ချိန်တည်း ဆန့်ထုတ်လိုက်ကာ ချက်ချင်းပင် ၎င်း၏ အလယ်၌ ကြယ်အလင်းရောင်ဝင်္ကပါတစ်ခု ဖြစ်တည်လာပြီး ကျင့်ကြံသူများကို ဝန်းရံထားသည်။ ထိုကြယ်အလင်းရောင်ဝင်္ကပါက တောက်ပလင်းလက်နေခဲ့၏။ နေမင်းနတ်မီးလျှံက အောက်ဘက်ရှိ ထိုဝင်္ကပါပေါ်သို့ ကျဆင်းလာသော်လည်း ၎င်းဝင်္ကပါအား ထိုးဖောက်နိုင်ခြင်း မရှိခဲ့ပေ။ နေမင်းနတ်မီးလျှံ အလင်းက ကြယ်အလင်းများ၏ ပိတ်ဆို့တားဆီးခြင်းကို ခံလိုက်ရသည်။

ကောင်းကင်ရှိ နေမင်းနတ်ဘုရားက လက်များကို ဆန့်ထုတ်လိုက်သည်။ နေမင်းမှ  ပြိုင်ဘက်ကင်းနေမင်းနတ်စွမ်းအားတို့ ထိုးထွက်လာကာ ကြီးမားလှသည့် နေမင်းနတ်ဓားတစ်လက် ဖြစ်တည်လာသည်။  နေမင်းနတ်ဘုရား၏ ဓားက နေနတ်ဘုရားလက်ထဲ၌ ကိုင်ထားနိုင်လောက်အောင် အလွန် ကြီးမားလှသည်။ နေမင်းနတ်ဘုရား၏ နတ်အလင်းက ဓားပေါ်တွင် စုစည်းနေသည်။

နေမင်းနတ်ဘုရား၏ ပုံရိပ်က သူ့လက်ထဲမှ ဓားကို ရှေ့သို့ ထိုးစိုက်လိုက်သည်။ နေမင်းနတ်အလင်းက လျင်မြန်စွာ ကျယ်ပြန့်လာခဲ့သည်။ နေမင်းနတ်ဘုရား၏ ဓားက ချက်ချင်းပင် ရှေ့သို့ တည့်မတ်စွာ ထိုးသွင်းလာခဲ့သည်။ ကြောက်မက်ဖွယ် နတ်မီးလျှံတို့က ကြယ်အလင်းဝင်္ကပါကို တိုက်စားနေသည်။ ကြယ်အလင်းဝင်္ကပါက တဖြေးဖြေး မီးလျှံအရောင်အဖြစ် ပြောင်းလဲသွားပြီး မည်သည်မှမရှိတော့အောင် တိုက်စားခံရပြီး နောက်ဆုံးရလဒ်က ဝင်္ကပါပြိုကွဲသွားခြင်း ဖြစ်ပေသည်။

ကောင်းကင်ဒေသမှ ထိပ်သီးပုဂ္ဂိုလ်များ အားလုံးတွင် ထိတ်လန့်အံ့သြဖွယ် စွမ်းရည်များ ရှိကြသည်။ သူတို့မှ အများစုမှာ မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေးကို ရင်ဆိုင်ခဲ့ရသော အစွမ်းထက်တည်ရှိမှုများ ဖြစ်ကြသည်။ အဆင့်များကြားမှ ကွာခြားချက်ကို အရေအတွက်ဖြင့် ဖာထေး၍ မရနိုင်ပေ။

ကောင်းကင်ဒေသမှ ကျင့်ကြံသူများကြားတွင် နတ်ဘုရားကပ်ဘေးမှ ရှင်သန်နိုင်ခဲ့သူတို့ ပိုရှိခဲ့လျှင် ရီဖူရှင်းတို့အတွက် ပျက်စီးကိန်းဆိုက်ရပေလိမ့်မည်။

နေမင်းနတ်ဘုရား၏ ဓားက ဝင်္ကပါအား တဖြေးဖြေး ထိုးဖောက်နေသည်ကို ကြည့်ကာ ရီဖူရှင်းက ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။ သူ၏ အကြည့်များထဲ၌ အေးစက်မှုတို့ ရှိနေခဲ့သည်။ နောက်ဆုံးအခြေအနေမှ မဟုတ်လျှင် သူက မလှုပ်ရှားချင်ခဲ့ပေ။

***

All Chapters