← Chapters

သဘာဝလွန် သံဖြတ်ဓား။ သွေးသန့်စင်ခြင်း အဆင့် (၃)။ (၂)

Vol. 12 Ch. 166

သဘာဝလွန် သံဖြတ်ဓား။ သွေးသန့်စင်ခြင်း အဆင့် (၃)။ (၂)

Vol. 12 Ch. 166

ဒါကိုစဉ်းစားရင်း စူးချန်ခုန်းက ခေါင်းညိတ်ပြီး ပြောလိုက်သည်။ "ကျွန်တော် ဧရာမဝေလငါးဂိုဏ်းကို စဝင်တုန်းက ခေါင်းဆောင်ငယ်လေးနဲ့ ဒုတိယသခင်မလေးတို့ရဲ့ ကျော်ကြားမှုကို ကြားခဲ့ရပါတယ်။ ကျွန်တော့်ကို တန်ဖိုးထားပြီး ဆက်ဆံပေးခဲ့လို့ ဂုဏ်ယူမိပါတယ်။ ဒါကြောင့် ကျွန်တော် ဆန္ဒရှိပါတယ်"

စူးချန်ခုန်းက သဘောတူလိုက်ကိုမြင်တော့ စစ်ခုန်းကျန့်နဲ့ စစ်ခုန်းဟွမ်နှစ်ယောက်စလုံးဟာ အပြုံးများ ဝေဝေဆာလျက်။ ဘာပဲဖြစ်ဖြစ် စူးချန်ခုန်းမှာ ကြီးမားတဲ့ အလားအလာရှိတာကြောင့် ဒီနေ့ရဲ့ ရင်းနှီးမြုပ်နှံမှုက လုံးဝကို ထိုက်တန်ပါသည်။

ထို့နောက် သူတို့ သုံးဦးသည် ကတိသစ္စာပြုပွဲကို သောက်စရာများဖြင့် ရိုးရိုးရှင်းရှင်း ကျင်းပခဲ့ကြသည်။

"အစ်ကိုကြီး၊ ဒုတိယအစ်မ" စူးချန်ခုန်းက အခမ်းအနားအပြီးမှာ အော်ခေါ်လိုက်သည်။

စစ်ခုန်းကျန့်က စူးချန်ခုန်းပုခုံးကို ပုတ်လိုက်လေ၏။ “တတိယညီလေး၊ မင်းက ငါ့ကို အစ်ကိုကြီးလို့ ခေါ်ပေမယ့် ငါ့မှာ ဘာမှ ပေးစရာမရှိဘူးကွာ။ ဒါကြောင့် ဒီသွေးသန့်စင်ဆေးသုံးလုံးကိုပဲ ကြိုဆိုတဲ့ လက်ဆောင်အဖြစ် ပေးပါရစေ!"

စစ်ခုန်းကျန့်က ကျောက်စိမ်းသေတ္တာကို ထုတ်ပြီး စူးချန်ခုန်းကို ပေးလိုက်သည်။

"သွေးသန့်စင်ဆေး?"

စူးချန်ခုန်း၏ မျက်လုံးများ အရောင်တောက်လာလေ၏။

သွေးသန့်စင်ဆေးတစ်လုံးတည်းနှင့်ပင် ချီသွေးဆေးပြား ဆယ်ပြား သို့မဟုတ် နှစ်ဆယ်လောက်တန်ဖိုးရှိပြီး ၎င်း၏ ဆေးစွမ်းသည် ကြောက်မက်ဖွယ်ရာပင်။

အဖိုးတန် သွေးသန့်စင်ဆေးသုံးလုံးကို တစ်ပြိုင်တည်း ထုတ်ပေးခြင်းက သေချာပေါက် ရက်ရောသော အပြုအမူပင်။

ဘေးတွင်ရပ်နေသော စစ်ခုန်းဟွမ်က ဆိုလေ၏။ "ဒီသွေးသန့်စင်ဆေးပြားရဲ့ ဆေးဖက်ဝင်စွမ်းအားက လွန်ကဲပြီး ချီသွေးအလွှာအဆင့်က သိုင်းပညာရှင်တွေ အများကြီး မသောက်သင့်ဘူး။ ဒါပေမယ့် မင်းက ဧရာမဝေလငါးအတတ်ကို လေ့ကျင့်ထားတာကြောင့် မင်းခန္ဓာကိုယ်က ထူးခြားပြီး အချိန်တိုအတွင်းမှာ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်မှာပါ။"

"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး" စူးချန်ခုန်းက ကျေးဇူးတင်ကြောင်း ဖော်ပြပြီး လက်ဆောင်ကို လက်ခံခဲ့သည်။

စူးချန်ခုန်းလည်း တိတ်တဆိတ် သက်ပြင်းချရင်း စစ်ခုန်းမောင်နှမများနှင့် ညီအစ်ကိုများ ကျမ်းသစ္စာ ကျိန်ဆိုခြင်းသည် ဧရာမဝေလငါးအတတ်ကို ကျင့်ကြံရန် ဖုံးကွယ်ထားသော စိုးရိမ်ပူပန်မှုများကို ဖြေရှင်းပေးခဲ့ပြီး စစ်ခုန်းမိသားစု၏ ခေါင်းဆောင် အဖွဲ့ခွဲက ထိုကိစ္စနှင့် သူ့အား ထိခိုက်စေမည်ကို ကြောက်ရွံ့နေစရာ မလိုတော့ပါ။

စူးချန်ခုန်း၏ အရည်အချင်းနှင့် စွမ်းရည်ကြောင့် အသိဉာဏ်ရှိသူတိုင်းသည် သူနှင့် ရန်သူဖြစ်လာမည့်အစား သူ့အား ဆွဲသွင်းရန် ရွေးချယ်သွားမည်ဖြစ်သည်။

ထို့နောက် စူးချန်ခုန်းက စဉ်းစားချင့်ချိန်ပြီးနောက် သံသယနှင့် မေးလိုက်လေ၏။ “အခုဆိုရင် ဧရာမဝေလငါးဂိုဏ်းမှာ အဖွဲ့နှစ်ဖွဲ့ ကွဲနေပြီ။ ဂိုဏ်းခေါင်းဆောင်ရဲ့ အခွင့်အာဏာနဲ့ဆိုရင် လူတွေရဲ့စိတ်နှလုံးကို တည်ငြိမ်အောင်ထားပြီး ဂိုဏ်းတွင်း မသင့်မြတ်မှုတွေကို ရှောင်ရှားဖို့ မျက်နှာကိုပြဖို့ပဲ လိုတော့တာပါ။ အဲ့တာကို သူဘာလို့ ပေါ်မလာသေးတာလဲ။"

လွန်ခဲ့သောရက်အနည်းငယ်က စုဝေးပွဲတွင် ဧရာမဝေလငါးဂိုဏ်း တပည့်အများစုသည် ခေါင်းဆောင်၏အဖွဲ့ခွဲကို မျက်နှာသာပေးနေကြဆဲဖြစ်ကြောင်း သိသာထင်ရှားသော်လည်း စစ်ခုန်းယုံ၏ ကြာရှည်စွာဆုတ်ခွာမှုက မုန့်စန်းကို အမြတ်ထုတ်ရန် အခွင့်အရေးပေးနေသည်။

"အစ်ကိုတို့အဖေက တံခါးပိတ်ကျင့်ကြံရာမှာ အရေးကြီးတဲ့အခိုက်အတန့်မှာ ရှိနေတော့ အနှောက်အယှက်ပေးလို့ မဖြစ်ဘူး။ ဒါပေမယ့် စိတ်မပူပါနဲ့။ သူ့အရည်အချင်းတွေက တုနှိုင်းမဲ့ဖြစ်ပြီး ကြီးကျယ်တဲ့ အောင်မြင်မှုတစ်ခုကို သိပ်မကြာခင်မှာပဲ ရလောက်တော့မှာပါ။" ဟု စစ်ခုန်းကျန့်က ရိုးရိုးရှင်းရှင်း ပြန်ပြောသည်။

ဒီစကားကိုကြားတော့ စူးချန်ခုန်းက အနည်းငယ် ခေါင်းညိတ်ပြလိုက်ပေမယ့် ဒီကိစ္စတွေက ဒီလောက်မရိုးရှင်းဘူးဆိုတာ သူနားလည်လေ၏။

တံခါးပိတ်ကျင့်ကြံနေရင်တောင်မှ ဂိုဏ်းခေါင်းဆောင်က သူ့မျက်နှာကို ငါးနှစ်ခြောက်နှစ်လောက် မပြဖို့ဆိုတာ မဖြစ်နိုင်သလို သူမသွားခင်မှာ အရာအားလုံးကို စီစဉ်ပေးဖို့ ပျက်ကွက်ခဲ့သည်။ ပြဿနာတစ်ခုခုတော့ ရှိနေပြီလို့ စူးချန်ခုန်း ထင်သည်။

"တတိယညီလေး၊ အခုလောလောဆယ် မင်းကိုယ်မင်း လူသိရှင်ကြားပြဖို့ အဆင်မပြေသေးဘူး။ ဒါကြောင့် အခု ဒီမှာပဲ ငြိမ်ငြိမ်နေလိုက်ပါ။ အဲဒီသစ္စာဖောက် မုန့်စန်းကို အစ်ကိုတို့ ကိုင်တွယ်ပြီးတာနဲ့ မင်းနာမည်ကို ရှင်းပေးမယ်" ဟု စစ်ခုန်းကျန့်က ပြောလိုက်သည်။

ယခင်က စူးချန်ခုန်းသည် လီလေ့နှင့် ချီချန်းဟုန်ကို သတ်ခဲ့ပြီး မုန့်စန်း၏ သတင်းမှားဖြန့်မှုကြောင့် ဧရာမဝေလငါးဂိုဏ်းက သူ့ကို သစ္စာဖောက်ဟု နာမည်တပ်ခြင်းခံခဲ့ရသည်။ ယခု ဧရာမဝေလငါးဂိုဏ်းရှိ လူတိုင်း၏အမြင်တွင် သူသည် ယုတ်မာသော သစ္စာဖောက်တစ်ယောက်သာ။

“ကောင်းပါပြီ။" စူးချန်ခုန်း သဘောတူလိုက်သည်။ အခု သူ့တာဝန်က မုန့်စန်းရဲ့ခေါင်းကို ဖြတ်နိုင်တဲ့ စွမ်းအားမပြည့်မချင်း သူ့ကိုယ်သူ သန်မာအောင်နေဖို့ပင်။

စစ်ခုန်းကျန့်နှင့် စစ်ခုန်းဟွမ်တို့ ထွက်သွားပြီး ခန်းမကြီးထဲတွင် စူးချန်ခုန်းတစ်ယောက်သာ ကျန်ရစ်ခဲ့သည်။

စူးချန်ခုန်းကတော့ သူ့ရဲ့ သိုင်းပညာ လေ့ကျင့်မှုမှာ အပြည့်အဝ အာရုံစိုက်နိုင်ဖို့ ဒီငြိမ်းချမ်းတဲ့ အချိန်ကို ပိုပြီး မျှော်လင့်ထားသည်။ ဒီနေရာက သူ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ပြီး အရင်းအမြစ်တွေ ပေါများတာကြောင့် စိုးရိမ်စရာမလိုဘဲ လေ့ကျင့်နိုင်သည်။

"ဒီသွေးသန့်စင်ဆေးသုံးလုံးက ချီသွေးပြောင်းလဲခြင်းအဆင့်သုံးကို အဆင့်တက်ဖို့ လုံလောက်ပါတယ် ဟုတ်တယ်မလား။ အဲဒါအပြင် ဓားသွားနည်းပညာကို နောက်တစ်ဆင့်တက်ဖို့ ဝီရိယစိုက်ပြီး လေ့လာဖို့ လိုတယ်။"

စူးချန်ခုန်းမှာလည်း ကျင့်ကြံဖို့ အစီအစဉ်ရှိပါ၏။

သူအနိုင်ယူနိုင်ဖို့ နှုတ်ဆက်လက်ဆောင်အဖြစ် စစ်ခုန်းကျန့် ပေးခဲ့တဲ့ အဖိုးတန် သွေးသန့်စင်ဆေးပြားသုံးပြားကို ချီသွေးပြောင်းလဲခြင်းအဆင့်သုံးကို အပြီးသတ်ဖို့ ရည်ရွယ်ပြီး လက်ခံလိုက်တာဖြစ်သည်။

ဆေးပြားများနှင့်ဆိုလျှင် ဓါးလေ့ကျင့်မှုကို အာရုံစိုက်နိုင်လေပြီ။ စူးချန်ခုန်းသည် ဧရာမဝေလငါးဂိုဏ်းသို့ ဝင်ရောက်လာချိန်မှစ၍ သံဖြတ်ဓားနည်းပညာကို လေ့ကျင့်ရာတွင် တဖြည်းဖြည်း တိုးတက်လာခဲ့သည်။

ထို့အပြင် မကြာသေးမီက ဧရာမဝေလငါးစွမ်းရည်ငါးခုကို လေ့ကျင့်ပြီးနောက် ၎င်း၏ အနှစ်သာရကို သံဖြတ်ဓါးနည်းပညာတွင် ထည့်သွင်းရန် စဉ်းစားခဲ့သည်။

ဥပမာအားဖြင့် ဧရာမဝေလငါး လေရှူထုတ်ခြင်း၏ အနှစ်သာရမှာ ပြင်းထန်သော တိုက်ခိုက်မှုကို ထုတ်လွှတ်ရန် စွမ်းအင်စုဆောင်းခြင်းဖြစ်သည်။ ၎င်းသည် သံဖြတ်ဓားနည်းပညာ၏ ဆွဲချက်နှင့် ပြီးပြည့်စုံစွာ ပေါင်းစပ်နိုင်သည်။ ၎င်းက စူးချန်ခုန်း၏ ဓားဆွဲတိုက်ခိုက်မှုကို ပိုမိုမြန်ဆန်စေပြီး အရှိန်နှင့် ခွန်အားကို ပိုမိုကြောက်စရာကောင်းစေကာ စုဆောင်းထားသော ဓားချီကို ပို၍ပင် ကြမ်းတမ်းပြင်းထန်စွာ ပေါက်ကွဲစေနိုင်သည်။

စူးချန်ခုန်းသည် သူ၏ အတွေးများအတိုင်း သူ့ဓါးကို စတင်လေ့ကျင့်ခဲ့သည်။ ပင်ကိုယ်စွမ်းရည်ရမှတ် ၂၂ မှတ်ဖြင့် သူ၏နားလည်နိုင်စွမ်းသည် ထူးခြားလှပြီး လုံလောက်သောလေ့ကျင့်မှုဖြင့် သူသည် မရှိမဖြစ်လိုအပ်သော အရာများကို မလွဲမသွေ ဆုပ်ကိုင်နိုင်မည်ဖြစ်သည်။

“သွေးသန့်စင်ဆေးရဲ့ အာနိသင်ကို စမ်းကြည့်ရအောင်။”

စူးချန်ခုန်းသည် ကျောက်စိမ်းပုလင်းထဲမှ သွေးသန့်စင်ဆေးကို သွန်ချလိုက်သည်။

သွေးသန့်စင်ဆေးပြားသည် နီရဲနေပြီး လက်ချောင်းထိပ် အရွယ်ခန့်ရှိ၏။ အနံ့ခံလိုက်ရုံနှင့် လူတစ်ယောက်၏သွေးကို ထကြွစေသည်။

ချီသွေးပြောင်းလဲခြင်းအဆင့်သုံး ကျင့်ကြံသူများ ပိတ်ဆို့နေသည့် အဆင့်မှ ဖြတ်ကျော်ရန် သို့မဟုတ် ချီသွေးဝံပုလွေမြူနယ်ပယ်တွင် ချေဖျက်ရလွယ်သောကြောင့် သွေးသန့်စင်ဆေးကို အများအားဖြင့် သောက်သုံးကြသည်။ ထိုသို့မဟုတ်ပါက ၎င်း၏အစွမ်းထက်သော သဘာဝက ခန္ဓာကိုယ်ကို ပျက်စီးစေနိုင်သည်။

သို့သော် စူးချန်ခုန်းသည် သူနှင့် အဆင့်တူ သိုင်းသမားတို့နှင့် ကွဲပြားသော ကိုယ်လုံးကိုယ်ပေါက်ရှိပြီး ဧရာမဝေလငါးအတတ်ကို လေ့ကျင့်ထားသောကြောင့် သောက်သုံးရန် အရည်အချင်းပြည့်မီ၏။

စူးချန်ခုန်းက သူ့ခေါင်းကို မော့ပြီး သွေးသန့်စင်ဆေးကို မျိုချကာ ကျင့်ကြံမှုကို စတင်လိုက်သည်။

“ဟူး!”

သွေးသန့်စင်ဆေး၏ စွမ်းအားကို ထုတ်လွှတ်လိုက်သည်နှင့်အမျှ စူးချန်ခုန်းသည် သူ၏ ခန္ဓာကိုယ်အနှံ့ ပြင်းထန်သော ဆေးစွမ်းအားများ အရှိန်အဟုန်ဖြင့် အရှိန်ပြင်းပြင်း ပြေးလွှားသွားသည်ကို ခံစားလိုက်ရပြီး သူ၏ အရေပြားသည် ပူလောင်သော ခံစားမှုဖြင့် နီရဲသွားခဲ့သည်။

“ဒီဆေးအစွမ်းက… ချီသွေးဆေးပြားထက် တကယ့်ကို ဆယ်ဆလောက် သာလွန်တာပဲ! ဒါပေမယ့်… အားပြင်းလေလေ ပိုကောင်းလေလေပဲ…”

စူးချန်ခုန်းသည် သွေးသန့်စင်ဆေးကို အရှိန်မြှင့်ရန်အတွက် အပြင်းအထန် လေ့ကျင့်ခန်းများကို အသုံးပြုကာ လက်သီးနှင့် ဓားနည်းပညာများကို အလွတ်မပေးဘဲ လေ့ကျင့်သောကြောင့် စိတ်ဓာတ် တက်ကြွလာ၏။

ဆေးစွမ်းအားစီးကြောင်းများသည် စူးချန်ခုန်း၏ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် ပေါင်းစပ်သွားပြီး သူ၏ ချီနှင့် သွေးများကို တဖြည်းဖြည်း အားကောင်းလာစေသည်။ ၎င်းက အပြင်သို့ ဖြာထွက်ကာ နီမြန်းသော အလွှာတစ်ခု ဖြစ်ပေါ်လာ၏။

ဧရာမဝေလငါးနည်းပညာကို လေ့ကျင့်ခြင်းဖြင့် စူးချန်ခုန်းသည် သူနှင့် အဆင့်တူများထက် အဆပေါင်းများစွာ သာလွန်သော အစာချေနိုင်စွမ်းရှိသောကြောင့် သွေးသန့်စင်ဆေး၏ ဆေးစွမ်းအားကို သန့်စင်နိုင်လေသည်။

All Chapters