← Chapters

လေအူသံကဲ့သို့မြှား။ ဓားပြကြီး ဆယ့်ရှစ်ယောက်။ (၂)

Vol. 12 Ch. 172

လေအူသံကဲ့သို့မြှား။ ဓားပြကြီး ဆယ့်ရှစ်ယောက်။ (၂)

Vol. 12 Ch. 172

ဧရာမဝေလငါးဂိုဏ်းမှ တပည့်များစွာသည် မျှော်လင့်ခြင်းများဖြင့် လက်ကို ပွတ်ကာ တချိန်တည်းတွင် စိတ်လှုပ်ရှားကာ စိုးရိမ်နေကြသည်။ တိုက်ပွဲတွင် မလွှဲမရှောင်သာ ကျဆုံးမှုများရှိသောကြောင့် စိုးရိမ်ရတာဖြစ်သည်။ သူတို့က သေသူများထဲတွင် မပါသွားနိုင်ပါဟု မည်သူကမှ အာမခံနိုင်သော်လည်း နာမည်ရဖို့ အခွင့်အလမ်းအတွက် စိတ်လှုပ်ရှားနေမိသည်။

သံဖြတ်ဓားကို ခါးမှာ ကြိုးနဲ့ချည်ပြီး သံကောင်းအားသန်လေးတစ်ချောင်းနဲ့ မြှားကျည်တောက်တွေကို နောက်ကျောမှာ ထမ်းထားသည့် စူးချန်ခုန်းဟာလည်း လှုပ်ရှားမှုအတွက် ပြင်ဆင်ဖို့ သူ့ရဲ့ကြွက်သားနဲ့ အရွတ်တွေကို ဆန့်ထုတ်ကာ အဆင်သင့်ဖြစ်နေလေပြီ။

"ငါတို့ရောက်ပြီ!"

နောက်ထပ် နာရီဝက်လောက် ခရီးထွက်ပြီးနောက်တွင် ဝေလီဝေလင်းအချိန်၌ ကောင်းကင်ကြီးက မှိန်ဖျော့နေဆဲ။ သင်္ဘောပေါ်က လူတွေအားလုံး နိုးကြားနေကြပြီး ရှေ့ကိုရောက်တော့ ကျွန်းတစ်ကျွန်းရဲ့ ပုံသဏ္ဍာန်ကို မြင်လိုက်ရသည်။ ထိုကျွန်းသည် ကောင်းကင်ရင်းမြစ် ပင်လယ်ဓားပြအဖွဲ့၏ တပ်စွဲရာနှင့် စခန်းချရာနေရာဖြစ်သည်။

မီတာတစ်ရာရှည်သော သင်္ဘောကြီးငါးစင်းသည် ကမ်းစပ်သို့ ဆိုက်ကပ်လာ၏။ ဧရာမဝေလငါးဂိုဏ်းမှ စစ်သည်တော်များသည် ဒီရေအလား သင်္ဘောပေါ်မှ ခုန်ဆင်းလာကြသည်။ စစ်သင်္ဘောများကို စောင့်ကြပ်နေသည့် သိုင်းသမား အနည်းငယ်နှင့် သင်္ဘောသားများမှလွဲ၍ ကျန်သူများသည် ကျွန်းဆီသို့ ခရီးထွက်လာခဲ့ကြသည်။

ကျွန်း၏အလယ်ဗဟိုတွင် ကင်းမျှော်စင်များနှင့် အများအားဖြင့် တစ်ထပ်အိမ် အဆောက်အအုံများနှင့် အဆောက်အအုံအမျိုးမျိုးကို တည်ရှိသည်။ ၎င်းက ရွာငယ်လေး သို့မဟုတ် မြို့တစ်မြို့နှင့်တူသည်။

သပ်ရပ်စွာ ဆောက်လုပ်ထားသော မဏ္ဍပ်တစ်ခုတွင် လူတစ်ယောက် ငြိမ်သက်စွာ တရားထိုင်နေ၏။ အသက်လေးဆယ်ကျော်ရှိပြီဖြစ်သော ဤလူသည် သူ၏နှာခေါင်းပေါက်များမှ တစ်ဆင့် အဆက်မပြတ် စီးဆင်းနေသော အနီရောင်အခိုးအငွေ့များကို မှုတ်ထုတ်နေရာ လေးနက်သော သိုင်းကျွမ်းကျင်မှုကို ပြသနေလေ၏။

ထိုလူက မိုးပြာပင်လယ်၏ ပင်လယ်ဓားပြ ဆယ့်ရှစ်ယောက်မှ အဆင့်ခုနစ်နေရာရှိ ဝမ့်ထျန်းယွမ်မှလွဲ၍ အခြားသူ မဟုတ်ပေ။

"ခြောက်ကြိမ်မြောက်သွေး သန့်စင်တာ... တကယ်ကို ခက်ခဲလားနော်။ ငါ့ ဒီတစ်သက် ချီသွေးနဂါးရှည်နယ်ပယ်ကို ရောက်ဦးမှာလားပဲ။"

အချိန်အတော်ကြာပြီးနောက် ဝမ့်ထျန်းယွမ်သည် အသက်ရှုခြင်းနှင့် စွမ်းအင်လည်ပတ်မှုသံသရာကို အဆုံးသတ်လိုက်ပြီးသောအခါတွင် သူ၏မျက်ခုံးများ တွန့်ချိုးလာပြီး သူ့မျက်နှာမှာ ကူကယ်ရာမဲ့ခြင်းတို့ တစ်စွန်းတစ်စ။

ဝမ့်ထျန်းယွမ် ပင်လယ်ဓားပြဖြစ်လာရခြင်း၏ အဓိကအကြောင်းရင်းမှာ သူ၏ကိုယ်ပိုင်ကျင့်ကြံမှု မြင့်မားသော နယ်ပယ်များသို့ တက်လှမ်းနိုင်ဖို့ များပြားသော စည်းစိမ်ဥစ္စာများကို စုဆောင်းရန် ဖြစ်သည်။

ဝမ့်ထျန်းယွမ်ဟာ လေးဆယ်ကျော်လောက်သာ ရှိပုံရသော်လည်း သူက ခြောက်ဆယ်နီးပါးရှိနေပြီဖြစ်သည်။ အသက်ခြောက်ဆယ်ကျော်လာပါက လူတစ်ယောက်၏ ချီစွမ်းအင်နှင့် သွေးများ ဆုတ်ယုတ်လာပြီး မည်သည့်တိုးတက်မှုမဆို လူငယ်များအတွက်ထက် အဆများစွာ ပိုခက်ခဲလာသည်။

လူတစ်ယောက်၏ ကြိုးစားအားထုတ်မှုက အကန့်အသတ်ရှိသည်ကို သိလျက် ဝမ့်ထျန်းယွမ်လည်း စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ အချို့သောပန်းတိုင်များကို ပြင်းပြင်းထန်ထန်ကြိုးစားရုံဖြင့် မအောင်မြင်နိုင်ပေ။

"ဒေါင် ဒေါင် ဒေါင်"

ဝမ့်ထျန်းယွမ်က ဆက်လက်ကျင့်ကြံရန် ပြင်ဆင်နေချိန်တွင် ကျယ်လောင်စူးရှသောခေါင်းလောင်းသံ ထွက်ပေါ်လာလေ၏။

"ရန်သူ တိုက်ခိုက်တာလား"

ဝမ့်ထျန်းယွမ်၏ မျက်လုံးများ ပွင့်လာပြီး လူသတ်လိုစိတ်များက လက်ကနဲ။ သူ့ဘေးနားရှိ ကြက်သွေးရောင် ဓါးကောက်ကို ဖမ်းဆွဲကာ စတင် လှုပ်ရှားလိုက်သည်။

"ငါတို့ကို ရှာတွေ့သွားပြီလား" ကျွန်းပေါ်သို့ ဆင်းလာသော ဧရာမဝေလငါးဂိုဏ်းမှ သိုင်းသမား နှစ်ထောင်ကျော်သည် အဝေးမှခေါင်းလောင်းသံကို ကြားလိုက်ရပြီး ကောင်းကင်ရင်းမြစ် ပင်လယ်ဓားပြအဖွဲ့က သူတို့ကို ရှာတွေ့သွားကြောင်း သိသွားလေ၏။ ကျွန်းပေါ်သို့ လူများစွာ ဆင်းလာသဖြင့် သတိမပြုမိဖို့ဆိုဆာ မဖြစ်နိုင်လောက်ပေ။

ထို့ကြောင့် တစ်ခုတည်းသော ရွေးချယ်စရာက သူတို့ကို ထိပ်တိုက်ရင်ဆိုင်ဖို့ပင်။

"ရန်သူ တိုက်ခိုက်တာလား"

ကျွန်း၏အလယ်ဗဟိုမှ ပင်လယ်ဓားပြများလည်း လန့်နိုးလာပြီး လက်နက်ကိုယ်စီ ဆွဲကိုင်လိုက်ကြသည်။ ရုတ်တရက် တိုက်ခိုက်မှုကြောင့် အံ့အားသင့်ခဲ့ရသော်လည်း သူတို့သည် သွေးထွက်သံယို တိုက်ပွဲများစွာကို ကြုံတွေ့ခဲ့ကြသူများဖြစ်ပြီး ရန်သူနှင့် ရင်ဆိုင်ရန် အသင့်ဖြစ်နေသော လက်ရွေးစင် တိုက်ခိုက်ရေးသမားများ ဖြစ်ကြသည်။

"ဧရာမ ဝေလငါးဂိုဏ်းလား။ ဒီနေရာကို ဘယ်လိုရှာတွေ့သွားကြတာလဲ။"

တိုက်ခိုက်သူများက ဧရာမဝေလငါးဂိုဏ်းမှဖြစ်ကြောင်း ကင်းထောက်များက သတိပြုမိပြီး လူအချို့က တဟုန်ထိုး နိုးကြားလာလေ၏။

မိုးပြာပင်လယ်တွင် မဟာဗျူဟာမြောက် လမ်းကြောင်းများစွာကို လွှမ်းမိုးထားသည့် ဧရာမဝေလငါးဂိုဏ်းသည် ပါမွှားရန်သူ မဟုတ်ပေ။

"ရောက်လာတဲ့ ရန်သူက ဧရာမဝေလငါးဂိုဏ်းရဲ့ ခေါင်းဆောင်ငယ်လေး စစ်ခုန်းကျန့်လား။ မင်းတို့ အခုပြန်ဆုတ်ဖို့ သိပ်မနောက်ကျသေးဘူး။ ကောင်းကင်ရင်းမြစ်အုပ်စုကို မင်းတို့ သိမ်းပိုက်လို့မရဘူး။ ကိုယ့်ကိုယ်ကို အထင်မှားမနေကြနဲ့။"

မတားစီးခင်တွင် အဝေးတစ်နေရာမှ မုန်တိုင်းကဲ့သို့ ကျယ်လောင်သောအသံ ထွက်ပေါ်လာပြီး ကြီးမားသော ဖိနှိပ်မှုစွမ်းအားကို ထုတ်လွှတ်ကာ စကားဆိုသူ၏ ကြီးကျယ်ခမ်းနားသော ကျင့်ကြံမှုကို ပြသနေ၏။

ထိုစကားကိုကြားတော့ စစ်ခုန်းကျန့်က လှောင်ပြောင်ရယ်မောလိုက်သည်။ "ဝမ့်ထျန်းယွမ်၊ ခင်ဗျား ကျွန်တော်တို့ရဲ့ ဧရာမဝေလငါးဂိုဏ်းရဲ့ နယ်မြေကို အကြိမ်ကြိမ် ကျူးကျော်ခဲ့ပြီးပြီ။ ဒီနေ့ကို ခင်ဗျား မျှော်လင့်ထားသင့်တယ်။ ဒီနေ့တော့ သူခိုးလေးတွေကို ဟန့်တားနိုင်ဖို့ ခင်ဗျားကြီးရဲ့ခေါင်းကို အရယူမယ်။"

“သတ်!”

ဧရာမဝေလငါးဂိုဏ်း၏ သိုင်းပညာရှင် အများအပြားသည် ရှေ့သို့ ချီတတ်လာကြပြီး ပင်လယ်ဓားပြများသည် လေးနက်သောမျက်နှာထားဖြင့် အိမ်များနှင့် အဆောက်အဦးအမျိုးမျိုးတွင် နေရာယူထားကြသည်။

ပင်လယ်ဓားပြအချို့သည် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားကြပြီး အချို့က လေးနှင့်မြှားများကို ကိုင်ဆောင်ထားကြသည်။ သူတို့၏ ပစ္စည်းကိရိယာများမှာ အလွန်လက်ရာမြောက်လှသည်။

“သတ်!”

စစ်ပွဲအော်သံများကြားတွင် နှစ်ဖက်စလုံးသည် အပိုစကားမဆိုဘဲ အသေအကြေတိုက်ပွဲတွင် ချက်ချင်း ပါဝင်ခဲ့ကြသည်။

"ဝမ့်ထျန်းယွမ်၊ ခင်ဗျားကြီး သေလိုက်တော့"

စစ်ခုန်းကျန့်သည် သူ၏ လွှဓားသွားကို ဝင့်ကာ တစ်ချက်လွှဲလိုက်ရုံဖြင့် ပင်လယ်ဓားပြ နှစ်ယောက် သို့မဟုတ် သုံးယောက်ခေါင်းကို ဖြတ်ပစ်လိုက်သည်။ သူကဦးစီးကာ ဝမ့်ထျန်းယွမ်ရှိရာနေရာဆီသို့ ဦးတည်သွားလေ၏။

"ငါက မင်းကို ကြောက်နေမယ်လို့ ထင်နေလား ကောင်လေး"

ဝမ့်ထျန်းယွမ်သည် ကြက်သွေးရောင် ဓါးကောက်ကို ကိုင်ဆောင်ရင်း စွမ်းအင်များ ပေါက်ကွဲကာ ချီစွမ်းအင်နှင့် သွေးများ တဟုန်ထိုး ထွက်ပေါ်လာ၏။ တဟုန်းဟုန်းတောက်နေသော ချီစွမ်းအင်နှင့် သွေးများသည် ဝံပုလွေမြူခိုးများ တလိမ့်လိမ့်တက်နေပုံရပြီး အုံ့ဆိုင်းနေကာ ကောင်းကင်ကို အနီရောင်ဖျော့ဖျော့ဖြင့် ခြယ်သထားလေ၏။

"ဒီ ဝမ့်ထျန်းယွမ်က ချီချန်းဟုန်ထက်တောင် သန်မာတယ်ဟ။"

စူးချန်ခုန်းသည် အဝေးမှကြည့်ကာ သူ့ဘာသာသူ တွေးနေမိသည်။

သို့သော် သူ အရမ်း မစိုးရိမ်ပါပေ။ အကယ်၍ စစ်ခုန်းကျန့်သည် ဝမ့်ထျန်းယွမ်၏ ပုန်းအောင်းရာနေရာကို သိသိကြီးဖြင့် စတင်တိုက်ခိုက်ခဲ့မည်ဆိုလျှင် သူအနိုင်ယူနိုင်မည်ဟု ယုံကြည်ထားသောကြောင့်ဖြစ်သည်။

"ဒုန်း!"

စစ်ခုန်းကျန့်သည်လည်း ချီသွေးဝံပုလွေမြူနှင့်အတူ ကောင်းကင်သို့ လျှံထွက်ကာ ဝမ့်ထျန်းယွမ်၏ ပြောင်မြောက်လှသော အမူအရာထက် အနည်းငယ်မျှ နိမ့်ကျခြင်းမရှိပါပေ။ သူတို့ကို ပတ်ဝန်းကျင်ရှိ စစ်သည်များနှင့် ပင်လယ်ဓားပြများက ဝင်စွက်ဖက်ခြင်း မပြုဝံ့ဘဲ နှစ်ဦးသား လူအုပ်ကြီးကို ဖြတ်ကာ ပြင်းထန်သော ရိုက်ခတ်မှုများနှင့် တိုက်မိသွားကြသည်။

ချီစွမ်းအင်နှင့်သွေးတို့၏ ဒုတိယနယ်ပယ် တိုက်ခိုက်ရေးသမားနှစ်ဦးတို့ အသေအကြေတိုက်ပွဲကို စတင်လိုက်သောအခါတွင် မြေကြီးသည် အနည်းငယ်တုန်ခါသွားလေ၏။ ဓါးဆွဲလိုက်သည်နှင့် ဓားချီသည် ပြင်းထန်လာပြီး လေထုသည် လူသတ်လိုစိတ်များဖြင့် ပြင်းထန်လာခဲ့သည်။

စစ်ခုန်းကျန့်သည် ငယ်စဉ်ကတည်းက နယ်မြေအနှံ့ တိုက်ပွဲဝင်ခဲ့ပြီး သူ၏ လွှဓားသွားသည် ပင်လယ်ပြင်ရှိ ဧရာမငါးမန်းတစ်ကောင်ကဲ့သို့ ၎င်း၏လမ်းကြောင်းမှ အရာအားလုံးကို ခုတ်ပိုင်းလိုက်သည်။ ထိုအချိန်တွင် မိုးပြာပင်လယ်၏ ပင်လယ်ဓားပြကြီးများထဲမှ ခုနစ်ယောက်မြောက်အဖြစ် အဆင့်သတ်မှတ်ခံထားရသော ဝမ့်ထျန်းယွမ်သည်လည်း အားနည်းသည့်လက္ခဏာကို မပြခဲ့ပေ။ သူ၏ ကြက်သွေးရောင် ဓားကောက်သည် ခုတ်ချက်တစ်ခုစီတိုင်းဖြင့် တစ်ကိုက်ရှည်လျားသည့် အက်ကွဲကြောင်းကို ဖြစ်ပေါ်‌စေသည်။

"ခေါင်းတစ်လုံးအတွက် ငွေတစ်ရာတဲ့ဟေ့။" ဧရာမဝေလငါးဂိုဏ်း၏ ယူနီဖောင်းနှင့် ထိပ်ပြောင်ပြောင် သိုင်းသမားတစ်ဦးသည်လည်း မျက်နှာထက်ဝယ် သွေးဆာနေသော အပြုံးဖြင့် ပင်လယ်ဓားပြတစ်ဦးအား ဓားသွားဖြင့် ထက်ခြမ်းခွဲလိုက်သည်။

"အောက်တန်းစားကောင်ကများ မိုးပြာပင်လယ်ရဲ့ အဆင့်သတ်မှတ်ချက်မှာ နေရာယူချင်တယ်ပေါ့။” ဧရာမဝေလငါးဂိုဏ်း၏ ကျန်သိုင်းသမားများသည်လည်း စိတ်ဓာတ် တက်ကြွလာကြသည်။

အပြင်းအထန် တိုက်ပွဲဝင်ကြသူများ ဖြစ်ကြသော တစ်ထောင်ကျော်ရှိသည့် ကောင်းကင်ရင်းမြစ် ပင်လယ်ဓားပြအုပ်စုမှ ပင်လယ်ဓားပြများ အသီးသီးသည် ဧရာမဝေလငါးဂိုဏ်း၏ တိုက်ခိုက်ခြင်းကို ပြတ်ပြတ်သားသား မကြောက်မရွံ့ ရင်ဆိုင်နေကြသည်။ တိုက်ပွဲတွင် လူထောင်ပေါင်းများစွာ ပါဝင်ဆင်နွှဲခဲ့ကြပြီး တိုက်ပွဲအော်သံများက ကောင်းကင်ကြီးကိုပင် တုန်ဟည်းစေကာ နံနက်ခင်းမြူခိုးများအား သွေးနီရောင်သို့ ပြောင်းလဲသွားစေ၏။

All Chapters