← Chapters

ဝိညာဉ်ကွဲလက် လီဟွင်း။ လူသတ်လိုစိတ်မြင့်တက်လာခြင်း။ (၃)

Vol. 12 Ch. 176

ဝိညာဉ်ကွဲလက် လီဟွင်း။ လူသတ်လိုစိတ်မြင့်တက်လာခြင်း။ (၃)

Vol. 12 Ch. 176

"ဘုန်း!"

ပင်လယ်ဓားပြသင်္ဘောက သစ်သားကျိုးပဲ့သံများနှင့်အတူ ဝေလငါးမည်း၏ ကိုယ်ထည်ထဲသို့ တည့်တည့်ထိုးဖောက်ဝင်ရောက်သွားရာ ဝေလငါးမည်းကြီးက ပြင်းထန်စွာ တုန်လှုပ်သွားပြီး လှိုင်းလုံးကြီးများက အပေါ်သို့ တက်သွားလေ၏။

တိုက်မိရာမှ ပြင်းထန်သော တုန်ခါမှုကြောင့် ယာဉ်ပေါ်ရှိ ဧရာမဝေလငါးဂိုဏ်းသားအများအပြားသည် ခြေမခိုင်ဖြစ်လျက် ကြမ်းပြင်ပေါ်သို့ လဲကျကာ အခြားသူများက လေပေါ် လွင့်သွားပြီး ရေအောက်ထဲသို့ ထိုးကျသွားလေ၏။

စူးချန်ခုန်း၏ ခြေဖဝါးများကို ကြမ်းပြင်ပေါ်တွင် ခိုင်မြဲစွာ ရပ်ထားပြီး သူ့ကိုယ်သူ ပစ်မလဲအောင် ထိန်းထားသော်လည်း ဒုက္ခရောက်ပြီဖြစ်ကြောင်း သိသဖြင့် သူ့စိတ်ထဲတွင် အနည်းငယ် လေးလံသွားသလို ခံစားလိုက်ရသည်။

"တတိယညီလေး၊ ဟွမ့်အာ၊ အပိုပါတဲ့ အမြန်ယာဉ်ကိုယူပြီး ထွက်ခွာတော့။"

စစ်ခုန်းကျန့်က သင်္ဘောနံရံကို မှီကာ စစ်ခုန်းဟွမ်နှင့် စူးချန်ခုန်းကို အလျင်အမြန်ပြောလိုက်သည်။

ယခုတော့ ဝေလငါးမည်း၏ ထိမှန်သွားသောကြောင့် ၎င်း၏ ရွေ့လျားနိုင်စွမ်းကို ဆုံးရှုံးသွားခဲ့ပြီး အခြားပင်လယ်ဓားပြသင်္ဘောများဖြင့် ဝိုင်းရံပိတ်ဆို့ထားမည်ဖြစ်ကာ ပျက်စီးခြင်းမှ ရှောင်လွှဲ၍မရပေ။

သူတို့လုပ်နိုင်တာက ဆုံးရှုံးမှုတွေကို လျှော့ချဖို့ပါပဲ။ ဝေလငါးမည်းမှာ လွတ်မြောက်ဖို့ အခွင့်အလမ်းပေးနိုင်တဲ့ အမြန်ယာဉ်အသေးစားလေးတွေရှိသည်။

"အစ်ကိုကြီးကရော"

စစ်ခုန်းဟွမ်က အလျင်စလို မေးလိုက်သည်။

"ငါနောက်ထပ် လှေပေါ်တက်လိုက်မယ်။ တတိယညီလေး၊ သူ့ကိုခေါ်ပြီးသွားတော့။"

စစ်ခုန်းကျန့်က အော်ပြောလိုက်ပြီး အမြန်ယာဉ်ကို သယ်ဆောင်ထားသည့် ကြိုးများကို ဖြတ်ကာ လှိုင်းလုံးများထနေသော ပင်လယ်ထဲသို့ ပြုတ်ကျသွားစေလိုက်သည်။

စူးချန်ခုန်းသည် စစ်ခုန်းဟွမ်၏ ပခုံးကို ဖိလိုက်ပြီး သူဦးဆောင်ကာ ကုန်းပတ်ပေါ်မှ ခုန်ဆင်းပြီး အမြန်ယာဉ်ပေါ်သို့ တက်သွားခဲ့သည်။

"ငါရော ငါရော"

အနီးနားရှိ အခြားသော ဧရာမဝေလငါးဂိုဏ်းသားများလည်း အသိဝင်လာကြလေ၏။ အမြန်ယာဉ်တွင် လူဆယ်ဦးထက် ပိုမတင်နိုင်သောကြောင့် အချင်းချင်း အမြန်ယာဉ်ပေါ်သို့ အပြေးအလွှား ခုန်တက်ကြသည်။

လူအများအပြားသည် လှော်တက်ကို ဆွဲကာ လှေငယ်လေးဖြင့် အဝေးဆီသို့ လျင်မြန်စွာ ပြေးသွားကြသည်။

သို့ပေမယ့် စစ်ခုန်းဟွမ်က စစ်ခုန်းကျန့်ဟာ ကုန်းပတ်ပေါ်မှာ ရပ်နေပြီး ထွက်သွားဖို့ ရည်ရွယ်ချက်မရှိဘဲ သူ့ကို လက်ပြနှုတ်ဆက်နေတာကို တွေ့လိုက်ရသည်။

ဝေလငါးမည်းတွင် လူဒါဇင်အနည်းငယ်မျှသာ တင်ဆောင်နိုင်သော အမြန်ယာဉ် လေးငါးစီးမျှသာ ရှိပြီး ဝေလငါးမည်းပေါ်၌ ကျန့်ခဲ့သည့် အနည်းဆုံး ငါးရာခန့်ရှိသော်လည်း လူတိုင်းက လှေဖြင့် ထွက်ခွာရန် မဖြစ်နိုင်တော့သည်မှာ ရှင်းပါသည်။

“ဒါဟာ ငါ ဆုံးဖြတ်ချက်မှားခဲ့လို့ပဲ… ဒါကြောင့် ဒီနေ့ ဒီအခြေအနေကို ရောက်ခဲ့ရတာ။ ငါထွက်ပြေးလိုက်ရင့် ငါ့မှာ မျက်နှာပြစရာ ရှိတော့မှာ မဟုတ်ဘူး။”

စစ်ခုန်းကျန့်၏ ပါးစပ်က ခါးသီးစွာ တွန့်ချိုးသွားလေ၏။ ပင်လယ်ဓားပြအဖွဲ့ ၃ ဖွဲ့၏ ခြုံခိုတိုက်ခိုက်ခြင်းသည် အောင်ပွဲအတွက် သူ စိတ်မရှည်ခြင်းကြောင့်ဟု သူ့ကိုယ်သူ အပြစ်တင်ခဲ့သည်။

ယခုအခါ ဝေလငါးမည်းက ပျက်စီးသွားခဲ့ပြီး ထိန်းမနိုင်သိမ်းမရဖြစ်ကာ သင်္ဘောပေါ်ရှိ သိုင်းပညာရှင် ကိုးဆယ်ရာခိုင်နှုန်း အသက်ဆုံးရှုံးရမည်ဖြစ်သည်။ ဒီလိုအခြေအနေမျိုးမှာ စစ်ခုန်းကျန့်ဟာ သူ့ကိုယ်သူ ထွက်ပြေးဖို့ ခွင့်မပြုခဲ့သလို ဂိုဏ်းထဲက တခြားညီအစ်ကိုတွေနဲ့ ရင်ဆိုင်ဖို့လည်း အရှက်ရတယ်လို့ ခံစားရသည်။

ထို့ကြောင့် စစ်ခုန်းကျန့်သည် သင်္ဘောပေါ်တွင်နေခဲ့ပြီး အခြားသူများအတွက် အချိန်အနည်းငယ်ပေးကာ သေသည်အထိ တိုက်ပွဲဝင်ရန် ရွေးချယ်ခဲ့သည်။

"အစ်ကိုကြီး!"

ပုံမှန်အားဖြင့် တည်ငြိမ်သော စစ်ခုန်းဟွမ်၏မျက်လုံးများသည် မျက်ရည်များဖြင့် ပြည့်နှက်နေ၏။ သူသည် သူ၏ရွေးချယ်မှုကို နားလည်ပြီး သူလုပ်နိုင်သမျှမှာ စစ်ခုန်းကျန့်၏ ဆုံးဖြတ်ချက်ကို လေးစားခြင်းဖြစ်သည်။

စူးချန်ခုန်းလည်း အတန်ငယ် တိတ်ဆိတ်သွားသည်။ သူသာ စစ်ခုန်းကျန့်၏ အနေအထားတွင် ရှိပါက သူ့အသက်ကို ကယ်တင်ရန် ရွေးချယ်နိုင်ဖွယ်ရှိသည်။ အသက်ရှင်နေသရွေ့ အခွင့်အရေးဆိုတာ ရှိစမြဲပင်။

သို့ပေမယ့် အဲဒါက စစ်ခုန်းကျန့်၏ စရိုက်ပင်ဖြစ်သည်။ သူကိုယ်တိုင်က အသက်ထက် အာဏာနှင့် ဂုဏ်သိက္ခာကို ပိုတန်ဖိုးထားပြီး စူးချန်ခုန်းကလည်း ဒါကို နားလည်ပါသည်။ ကံကြမ္မာက စစ်ခုန်းကျန့်ကို မျက်နှာသာပေးကာ သူရှင်သန်နိုင်မည်ဟု မျှော်လင့်ရင်း စိတ်ထဲက သက်ပြင်းချနိုင်ရုံသာ။

"သူတို့ကိုသတ်ပစ်!"

ဝေလငါးမည်းနှင့် တိုက်မိသော ပင်လယ်ဓားပြသင်္ဘောပေါ်မှ ပျဉ်ချပ်ကျလာပြီး သွေးဆာနေသော ပင်လယ်ဓားပြများ အများအပြားသည် ဝေလငါးမည်းပေါ်တွင် ပျဉ်ပြားများကို နင်းကာ တက်လာကြသည်။

"စစ်ခုန်းကျန့် ဒီမှာရှိတယ်ကွ။ မင်းတို့သတ္တိရှိရင် ငါ့ဆီလာကြ!"

စစ်ခုန်းကျန့်သည် လွှဓားသွားကို ကိုင်ဆောင်ကာ ပင်လယ်ဓားပြများ၏ အာရုံကို ဖမ်းစားလျက် ပြင်းထန်သော အော်သံကြီးကို ထုတ်လွှတ်လိုက်သည်။ ချီသွေးဝံပုလွေမြူများက တလိမ့်လိမ့်တက်လာပြီး ယခု သူလုပ်နိုင်တာက အစွမ်းကုန် တိုက်ခိုက်ဖို့ပင်။

ပင်လယ်ဓားပြသင်္ဘောများစွာသည် ဝန်းရံပိတ်ဆို့ထားပြီး မရွေ့လျားနိုင်သော ဝေလငါးမည်းသည် အသတ်ခံရန် အသင့်ဖြစ်နေသော သိုးတစ်ကောင်အလား။

"အခု အစီအစဉ်က လိုက်လာတဲ့သူတွေကို အရင်ဖယ်ပစ်ဖို့ပဲ"

စူးချန်ခုန်းသည် သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။ သူတို့လည်း အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။

ဟူး ဖူး!

အမြန်ယာဉ်ပေါ်တွင် ဧရာမဝေလငါးဂိုဏ်းမှအဖွဲ့ဝင်အများအပြားသည် စွမ်းအားရှိသမျှ လှော်ခတ်နေကြပြီး ပင်လယ်ဓားပြအုပ်စု၏ ဆန့်ကျင်ဘက်ဘက်သို့ လှေကို အရှိန်အဟုန်အမြင့်ဆုံးသို့ တွန်းပို့နေကြသည်။

"လိုက်! ဟိုမှာ ဝေလငါးမည်းကနေ ပြေးလာတဲ့လူတွေ ရှိတယ်။ တစ်ယောက်မှ မလွတ်စေနဲ့!"

ဟိုးအဝေးကနေ ဆယ်ကျန်းရှည်လျားတဲ့ ပင်လယ်ဓားပြ သင်္ဘောတစ်စင်း ပြင်းပြင်းထန်ထန် လိုက်လာနေ၏။ သင်္ဘောဦးမှ ပင်လယ်ဓားပြတစ်ဦးက စိတ်လှုပ်ရှားနေသည်။ သွေးရောင်ဓါးသွားပုံစံဖြင့် ရေးဆွဲထားသော ရွက်လွှင့်ကြီးများကိုကြည့်ပြီး ၎င်းသည် သွေးဓားသွားပင်လယ်ဓားပြအုပ်စုမှ ဖြစ်ရမည်။

“ဝုန်း!”

စစ်ခုန်းဟွမ်၏ လှပသော မျက်နှာလေးက လေးနှင့်မြှား ဆွဲလိုက်ရာ လူသတ်အသွင်အပြင်နှင့် ပြည့်နှက်နေ၏။ လေးညှို့ တုန်ခါနေသည့်အသံကြားမှ လေနှင့် မိုးခြိမ်းသံကို သယ်ဆောင်လာသော မြှားတစ်စင်း ပစ်လွှတ်လိုက်သည်။

"ဒုန်း!"

သင်္ဘောဦးပေါ်မှ ပင်လယ်ဓားပြသည် ရင်ဘတ်ကိုပေါက်သွားပြီး ဘတ်စကက်ဘောအရွယ်ရှိ သွေးသံရဲရဲ အပေါက်တစ်ပေါက် ဖြစ်သွားလေ၏။ မြှားတစ်စင်းက သူ့ရင်ဘတ်ကို မထိမီ အသံထွက်ရန် အချိန်ပင်မရှိခဲ့။

"အဲ့ဒါက ဧရာမဝေလငါးဂိုဏ်းက စစ်ခုန်းဟွမ်ရဲ့ လေမိုးကြိုးမြှားမလား။"

"ငါတို့ သူ့ကို ဖမ်းရမှာပေါ့။ ဒါက တကယ့်ကိုကြီးကျယ်တဲ့ အောင်မြင်မှုပဲ"

ပင်လယ်ဓားပြသင်္ဘောပေါ်မှ ပင်လယ်ဓားပြများသည် ပစ်မှတ်ထားမခံရစေရန် လျင်မြန်စွာ ခုန်ဆင်းလာကြသည်။ သူတို့သည် တစ်ချိန်တည်းတွင် ထိတ်လန့်ပြီး စိတ်လှုပ်ရှားနေသည်။ အခြားလှေပေါ်တွင် ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦးရှိနေကြောင်း သိလိုက်ရသဖြင့် ပိုပြီးစိတ်လှုပ်ရှားလာခဲ့သည်။ သူ့ကို သတ်ခြင်း သို့မဟုတ် ဖမ်းဆီးခြင်းက တကယ့်ကို ထင်ရှားသော လုပ်ဆောင်မှုတစ်ခုပင်။

"ပစ်!"

သင်္ဘောပေါ်ရှိ ပင်လယ်ဓားပြ ဒါဇင်များစွာသည် ၎င်းတို့၏လေးများနှင့် မြှားများကို ဆွဲယူကာ မြှားခေါင်းများကို မီးညှိလိုက်ကြသည်။

ဝှစ် ဝှစ် ဝှစ်

ဒါဇင်ပေါင်းများစွာသော မြှားများသည် လေထဲတွင် မျဉ်းကွေးပုံစံဖြင့် ရောက်လာပြီး အမြန်ယာဉ်ပေါ်ရှိ လူများကို ချိန်ရွယ်ထားလေ၏။

စူးချန်ခုန်း၏ လုပ်ဆောင်ချက်များက လျှပ်စီးလက်သလို မြန်သည်။ သူ့အင်္ကျီလက်တွေကို တဖျပ်ဖျပ်ခတ်ပြီး သူ့ကိုပစ်မှတ်ထားတဲ့ မြှားတွေကို သုတ်သင်ကာ ရေထဲကျသွားအောင် ပစ်လွှတ်လိုက်သည်။

“အား”

သို့သော် လှေပေါ်တွင် ဧရာမဝေလငါးဂိုဏ်းမှ အဖွဲ့ဝင်နှစ်ဦးက မြှားထိမှန်ကာ နာကျင်စွာ အော်ဟစ်လိုက်သည်။

လှေပေါ်သို့ ကျလာသော မီးမြှားအချို့သည် ပြင်းထန်စွာ လောင်ကျွမ်းစ ပြုလာသည်။ ဒီမြှားတွေရဲ့ ခေါင်းကို မီးလောင်လွယ်တဲ့ အဆီတွေနဲ့ လိမ်းကျံထားပြီး ရေထဲမှာတောင် ခဏတာ လောင်ကျွမ်းနိုင်သည်။

ဝှစ် ဝှစ် ဝှစ်

အကွာအဝေးက အလွန်နီးကပ်ခြင်းမရှိသော်လည်း ပင်လယ်ဓားပြသင်္ဘောသည်မီးမြှားများကို အဆက်မပြတ်ပစ်ခတ်ပြီး အနောက်မှ လိုက်လာခဲ့သည်။

"ဒုန်း ဒုန်း ဒုန်း "

စစ်ခုန်းဟွမ်သည် ထပ်ခါထပ်ခါ လက်တုံ့ပြန်သည့်တိုင် သူ၏ အားကောင်းသော လေမိုးကြိုးမြှားများသည် ပင်လယ်ဓားပြသင်္ဘောထဲသို့ အပေါက်များကို ဖောက်ထွင်းဝင်ရောက်ကာ သစ်သားပြားများ လွင့်ထွက်သွားစေသော်လည်း အကျိုးမရှိခဲ့ပေ။ ယခု အမြန်ယာဉ်ပေါ်တွင် မြှားမှန်သော ဧရာမဝေလငါးဂိုဏ်းသား သုံးဦးရှိနေလေပြီ။

နောက်ထပ် မီးတောက်လေးများ ကုန်းပတ်ပေါ်သို့ ကျကာ လှေကို တောက်လောင်စေခဲ့သည်။ အချိန်တစ်ခုရောက်သည်နှင့် မလွှဲမရှောင်သာသော ရလဒ်မှာ လှေပျက်ခြင်းနှင့် အသက်ဆုံးရှုံးခြင်းပင်။

စူးချန်ခုန်းလည်း ထပ်တူထပ်မျှ စိုးရိမ်နေ၏။ သူ့ကိုယ်သူသာ ကာကွယ်နိုင်ခဲ့ပြီး မကြာမီတွင် လှေကို လှော်မည့်သူမရှိနိုင်တော့သဖြင့် ထွက်ပြေးရန် ပို၍ပင် မဖြစ်နိုင်တော့ပေ။

"ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ!"

ပင်လယ်ထဲသို့ တိုက်ရိုက် မငုပ်မီ ဤစကားလုံးများကို စစ်ခုန်းဟွမ်နှင့် အခြားလူများထံ ပြောနေစဉ် စူးချန်ခုန်း၏ မျက်နှာပေါ်တွင် အေးစက်မှု အရိပ်အမြွက်တို့ ပေါ်လာလေ၏။

"ထိုက်လေ့!" စစ်ခုန်းဟွမ်က အံ့အားသင့်စွာ အော်လိုက်သည်။

ထိုအချိန်တွင် စူးချန်ခုန်းသည် အသက်အောင့်ကာ ရေထဲသို့ ခုန်ဆင်းပြီး ပင်လယ်ဓားပြသင်္ဘောဆီသို့ ကူးခတ်သွားခဲ့သည်။ လိပ်အသက်ရှူနည်းကို လေ့ကျင့်ရင်း ငါးတစ်ကောင်ကဲ့သို့ ရေထဲတွင် သက်တောင့်သက်သာ ခံစားခဲ့ရသည်။

စူးချန်ခုန်းသည် ရေအောက်မှာ မျက်လုံးဖွင့်ကြည့်လိုက်တော့ ပင်လယ်ဓားပြသင်္ဘော ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။ ထို့နောက် သူသည် ၎င်း၏နံဘေးကို ချဉ်းကပ်ကာ သင်္ဘောကိုယ်ထည်ပေါ်သို့ စတင်တက်လိုက်သည်။ သူ၏လက်ချောင်းများ၌ ခွန်အားများစုစည်းကာ သစ်သားနံရံများတွင် အပေါက်များကို တောက်တဲ့ကဲ့သို့ သွက်သွက်လက်လက် တက်သွားလေ၏။

All Chapters