← Chapters

လေမိုးကြိုးမြှားအတတ်။ မိုးပြာပင်လယ်ဧရိယာ။ (၃)

Vol. 12 Ch. 170

လေမိုးကြိုးမြှားအတတ်။ မိုးပြာပင်လယ်ဧရိယာ။ (၃)

Vol. 12 Ch. 170

"ဒုတ် ဒုတ် ဒုတ်"

ပင်လယ်ထဲသို့ ခုန်ချထွက်ပြေးသည့် ပင်လယ်ဓားပြတစ်ဦးမျှ မလွတ်မြောက်ကြောင်း စူးချန်ခုန်း အဝေးမှ လှမ်းမြင်လိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် အဝေးတစ်နေရာရှိ ဝေလငါးမည်းမှ မြှားများသည် သူတို့အား ထိုးဖောက်သွားရာ မကြာမီတွင် မြှားမှန်ထားသော အလောင်းများ ပင်လယ်မျက်နှာပြင်ပေါ်သို့ ပေါ်လာသောကြောင့်ဖြစ်သည်။

စူးချန်ခုန်းသည် ဝေလငါးမည်း၏ ကုန်းပတ်သို့ ပြန်သွားရာ စစ်ခုန်းဟွမ်က သူ၏လေးအား သုတ်နေသည်ကို တွေ့လိုက်ရသည်။

"ဘယ်လိုခံစားရလဲ" စစ်ခုန်းကျန့်က နံဘေးမှမေးလိုက်သည်။

“ဒီပင်လယ်ဓားပြတွေက အရမ်းအားနည်းတယ်” ဟု စူးချန်ခုန်းက ပြန်ဖြေ၏။

စစ်ခုန်းကျန့်က ရယ်မောရင်း "ဒါပေါ့။ သာမန်လူဆိုးပင်လယ်ဓားပြတွေက ဧရာမဝေလငါးဂိုဏ်းရဲ့ ထိပ်တန်းအဖွဲ့ဝင်တွေနဲ့ ဘယ်ယှဉ်နိုင်မလဲကွာ။ ဒါပေမဲ့ သူတို့ကို လျှော့တွက်လို့မရဘူး။ ပြန့်ကျဲနေတဲ့ ပင်လယ်ဓားပြတွေဟာ ကုန်သွယ်သင်္ဘောလေးတွေကို အနိုင်ကျင့်ရုံသက်သက်ပဲ။ ဒါပေမယ့် မိုးပြာပင်လယ်ရဲ့ ပင်လယ်ဓားပြ ဆယ်ရှစ်ယောက်မှာ တစ်ယောက်စီက သိုင်းပညာကျွမ်းကျင်ပြီး သူတို့မှာ တပ်သားတွေအများကြီးရှိတယ်။ ပေါ့ပေါ့တန်တန် သဘောမထားသင့်ဘူး။"

စူးချန်ခုန်း အတန်ငယ် ခေါင်းညိတ်ပြလိုက်သည်။ မိုးပြာပင်လယ်ထဲမှာ ပင်လယ်ဓားပြတွေ သောင်းကျန်းနေပြီး နာမည်ဆိုးနဲ့ အကျော်ကြားဆုံးက ပင်လယ်ဓားပြ ဆယ့်ရှစ်ယောက်ပင်။ စစ်ခုန်းကျန့်သည် ယခင်က ပင်လယ်ဓားပြ ဆယ့်ရှစ်ယောက်ထဲမှ ထိပ်တန်း အဆင့် (၅) ကျွမ်းကျင်သူနှင့် တွေ့ကြုံခဲ့ရသောကြောင့် ဒဏ်ရာပြင်းထန်စွာ ရရခဲ့သည်။ နှစ်ဖက်စလုံး ဒဏ်ရာရခဲ့ပြီး စစ်ခုန်းကျန့် အပြည့်အဝ ပြန်လည်ကောင်းမွန်ရန် နှစ်လမှ သုံးလကြာခဲ့သည်။

ယင်းက ပင်လယ်ဓားပြ ဆယ့်ရှစ်ဦး၏ ခွန်အားနှင့် အခြေခံအုတ်မြစ်ကို ပြသခဲ့ပြီး ကံကောင်းထောက်မစွာပင် သူတို့သည် အချင်းချင်း ရန်ငြိုးဖွဲ့ကာ တူညီသော အမြစ်များကို မမျှဝေခဲ့ကြပေ။ သူတို့သာ ပူးပေါင်းလိုက်ကြမည်ဆိုလျှင် မိုးပြာပင်လယ်ရှိ ဧရာမဝေလငါးဂိုဏ်း၏ အခြေအနေကို စိန်ခေါ်နိုင်ပေသည်။

ဧရာမဝေလငါးဂိုဏ်းသည် တောနက်စီရင်စုမြို့အနီးရှိ အရေးကြီးသော ပင်လယ်လမ်းကြောင်းများကိုသာ သိမ်းပိုက်နိုင်သည်။ မိုးပြာပင်လယ်တစ်ခုလုံးကို လက်ဝါးကြီးအုပ်ထားဖို့ဆိုတာ မဖြစ်နိုင်ပါ။

ထို့နောက် စူးချန်ခုန်းက စစ်ခုန်းဟွမ်ကို လှည့်ပြီး ပြောလိုက်သည်။ "သခင်မလေး၊ ကျွန်တော် လေးအတတ်ကို သင်ချင်တယ်"

ပင်လယ်ပြင်တွင် တိုက်ပွဲအတွင်း ပြိုင်ဘက်များက တာဝေးပစ်ကြလေ၏။ လူအများအပြားသည် ကြောက်မက်ဖွယ်ကောင်းသော မြားပစ်စွမ်းရည်ကို ကျွမ်းကျင်ကြသည်။

ယခု သူသည် ဧရာမဝေလငါးဂိုဏ်း၏ ပင်လယ်ဓားပြများကို လိုက်သတ်သည့်အဖွဲ့နောက်ကို လိုက်နေသဖြင့် အချိန်ဖြုန်းနေခြင်းထက် လေးပစ်ခြင်းကဲ့သို့ အခြားသော ကိုယ်ခံပညာစွမ်းရည်ကို သင်ယူထားတာ ပိုကောင်းသည်ဟု ခံစားမိသည်။ နောက်ထပ် အတတ်ပညာတစ်ခုကို တတ်ကျွမ်းထားတာလည်း ကောင်းပါသည်။

လောလောဆယ်တွင် စူးချန်ခုန်း၏ သံဖြတ်ဓါးနည်းပညာနှင့် ဝူချင်းရှီသည် သဘာဝလွန်နယ်ပယ်အဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။ အချိန်တိုအတွင်း ပြောင်းလဲမှုတစ်ခု အောင်မြင်ရန် ခက်ခဲလှသည်။

စစ်ခုန်းဟွမ်သည် မြားပစ်ခြင်းတွင် အထူးကျွမ်းကျင်ပြီး မီတာတစ်ရာ နှစ်ရာအကွာအဝေးမှပင် ချီသွေးဝံပုလွေမြူ နယ်ပယ်ရှိ ချီချန်းဟုန်၏ လက်ဖဝါးကို ပစ်ခတ်ခဲ့ဖူးသည်။ သူ့ထံမှ လေးပညာကို သင်ယူခြင်းသည် မှန်ကန်သော ရွေးချယ်မှုဖြစ်မည်မှာ သေချာပါသည်။

ယခုအခါ အပြင်လူများရှေ့တွင် စူးချန်ခုန်းသည် အာရုံစိုက်မှုကို ရှောင်ရှားရန် စစ်ခုန်းကျန့်နှင့် စစ်ခုန်းဟွမ်တို့အား ဂိုဏ်းခေါင်းဆောင်ငယ်လေးနှင့် သခင်မလေးအဖြစ် ခေါ်ဆိုနေဆဲပင်။

စစ်ခုန်းဟွမ် အံ့အားသင့်သွားလေ၏။ မြှားပစ်ခြင်းကို မြင့်မားသောအဆင့်အထိ ကျွမ်းကျင်ရန် အချိန်နှင့် ကြိုးစားအားထုတ်မှုများစွာ လိုအပ်သည်။

လေးများနှင့် ဒူးလေးများတွင် ဒူးလေး၏ အားသာချက်မှာ ကြီးမားသော ဒူးလေးများ သို့မဟုတ် နတ်ဘုရား ဒူးလေးများထဲမှ တစ်ခုမဟုတ်ပါက ကိုင်တွယ်ရလွယ်ကူသော်လည်း စွမ်းရည် အကန့်အသတ်ရှိသည်။ မီတာတစ်ရာကျော်အကွာမှ ရန်သူကို သာမာန် ဒူးလေးဖြင့် သတ်ရန် ခက်ခဲသည်။

သို့သော် လေးများကို ကျွမ်းကျင်ရန် ခက်ခဲပါ၏။ လေးသမားသည် နှစ်ပေါင်းများစွာ လေ့ကျင့်ရန် လိုအပ်ပြီး သူတို့၏ အကန့်သတ်က သာမန်ဒူးလေးများနှင့် နှိုင်းယှဉ်၍မရပေ။ လေး၏စွမ်းရည်သည် အသုံးပြုသူ၏ ကျွမ်းကျင်မှုအဆင့်ပေါ်တွင် လုံးဝမူတည်သည်။ အတွေ့အကြုံရှိ လေးသမား၏လက်ထဲတွင် လေးကောင်းတစ်လက်သည် စနိုက်ပါသမားနှင့်တူပြီး ခြိမ်းခြောက်မှုတစ်ခု ဖြစ်သည်။

ရန်သူနှင့်ရင်ဆိုင်ရသောအခါ တာဝေးမှပစ်ကာ အားနည်းသောနည်းလမ်းဖြင့် သန်မာသော ရန်သူများကို အနိုင်ယူရန် သင့်တော်သော အနေအထားကို ရှာဖွေခြင်းသည် အတော်လေးကို ပုံမှန်ပင်သည်။

စစ်ခုန်းဟွမ်သည် သူ၏ လက်ရှိအောင်မြင်မှုအဆင့်ကို ရရှိရန် ငယ်ရွယ်စဉ်ကတည်းက မြားပစ်ခြင်းကို စတင်လေ့ကျင့်ခဲ့သူဖြစ်သည်။

"မင်း သင်ယူချင်တယ်ဆိုရင် ရတာပေါ့။ ငါ မင်းကို အရင်က လက်ဆောင်မပေးခဲ့ရဘူး။ ဒါကြောင့် ဒီလေမိုးကြိုးလေးအတတ်ကို လျော်ကြေးတစ်ခု အနေနဲ့ ပေးပါစေ" ဟု သူက ဆိုလေ၏။

စစ်ခုန်းဟွမ်က ဝမ်းသာအားရ သဘောတူခဲ့သည်။ သူတို့သည် သစ္စာရေကို သောက်ပြီး ကျမ်းကျိန်ထားသောကြောင့် မောင်နှမတွေဖြစ်ကြပြီး သူ့လူအတွက် တွန့်တိုနေစရာ အကြောင်းမရှိပါ။

"သံကောင်းအားသန်လေးတစ်ချောင်းကို သွားယူပေးခဲ့!"

စစ်ခုန်းဟွမ်က သူ့လက်အောက်ငယ်သားတွေကို သင်္ဘောခန်းထဲမှ သူ့ရဲ့ လေးအပိုဖြစ်တဲ့ သံကောင်းအားသန်လေးကို လာယူပေးဖို့ အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့။” မကြာမီတွင် ဧရာမဝေလငါးဂိုဏ်းမှ သိုင်းပညာရှင်သည် သံကောင်းအားသန်လေးကို ယူလာခဲ့ပြီး ၎င်း၏အလေးချိန်ကြောင့် ခက်ခက်ခဲခဲ ရုန်းကန်နေရလေ၏။

လေးတစ်ခုလုံးကို အဓိကအားဖြင့် သံကောင်းဖြင့် ထုလုပ်ထားပြီး လူ၏အမြင့် ထက်ဝက်ခန့်ရှိကာ တည်ငြိမ်စေရန်အတွက် အဝတ်အထပ်ထပ်ဖြင့် ထုပ်ပိုးထားပြီး လေးကြိုးအား ဆေးရည်စိမ်ထားသော နွားအရွတ်ကို အကြိမ်ကြိမ် သန့်စင်ပြီး ပြုပြင်ထားခြင်းဖြစ်သည်။

ဤသံကောင်းအားသန်လေးသည် လေးဆယ်မှ ငါးဆယ်လျန်အထိ အလေးချိန်ရှိသည်။

(တစ်လျန်=၃၇ဂရမ်)

စူးချန်ခုန်းသည် သံကောင်းအားသန်လေးကို ယူကာ လေးညှို့ကိုဆွဲရန် ကြိုးစားလိုက်သည်။

လေးကြိုးနှင့် လေးက ကျစ်လစ်သည်။ ၎င်းကို လပြည့်ကဲ့သို့ ဆွဲရန် အနည်းဆုံး ခွန်အား ပေါင်ရာနှင့်ချီ လိုအပ်သည်။ ထိုကဲ့သို့ သန်မာသော သံကောင်းအားသန်လေးများသည် သာမန်လူသုံးနိုင်သည့် အရာမဟုတ်ပေ။ နတ်ဘုရားခွန်အားနယ်ပယ်အထက်ရှိ ကိုယ်ခံပညာရှင်သာလျှင် ၎င်းတို့အား ကျွမ်းကျင်စွာ အသုံးပြုနိုင်သည်။

စူးချန်ခုန်းသည် သွေးသန့်စင်ခြင်းကို သုံးကြိမ်တိုင်တိုင် ခံယူထားသောကြောင့် ထိုကဲ့သို့ သန်မာသော သံကောင်းအားသန်လေးကို အသုံးပြုဖို့ ထုံးစံအတိုင်း ပြဿနာမရှိပါပေ။

"လီထိုက်လေ့ရဲ့ နောက်ခံက ဘယ်လိုပါလိမ့်။ သခင်မလေးက သူ့ကို ဘာလို့ လေးပစ်သင်ပေးတာလဲ။"

ဝေလငါးမည်းရှိ သိုင်းပညာရှင် အများအပြားသည် ဤမြင်ကွင်းကို ကြည့်ပြီး တိတ်တဆိတ် အံ့အားသင့်နေကြသည်။

စစ်ခုန်းဟွမ်သည် အမျိုးသမီးတစ်ဦးဖြစ်သော်လည်း သိုင်းပညာနယ်ပယ်တွင် သူ၏ကျွမ်းကျင်မှုသည် လေးနက်သည်။ ငယ်စဉ်ကတည်းက လေ့ကျင့်ခဲ့သော လေးပညာကြောင့် သူ့ကို ဧရာမဝေလငါးဂိုဏ်းတွင် ထိပ်တန်းလေးသမားဟု ခေါ်ဆိုတာက ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ။ သူသည် လီထိုက်လေ့ကို အလွန်တန်ဖိုးထားပုံရပြီး လေးပစ်တာကို ကိုယ်တိုင်ကိုယ်ကျ သင်ပေးလိုစိတ်ရှိသည်။

ဒါပေမယ့် တခြားသူတွေက အနားမကပ်ရဲကြဘဲ သင်္ဘောဦးနှင့် ဝေးရာမှာ နေနေကြသည်။

စစ်ခုန်းဟွမ်က သူ၏ လက်ရာမြောက်စွာ ဖန်တီးထားသော ပင်လယ်ပြာရောင် လေးတံရှည်ကို ပြန်ဆွဲလိုက်ပြီး စူးချန်ခုန်းကို ရှင်းပြသည် “ငါ့ရဲ့ လေးပစ်ခြင်းအတတ်ကို လေမိုးကြိုးမြှားအတတ်လို့ ခေါ်တယ်။ ဒါပေမယ့် အဆင့်မြင့်မြားပစ်နည်းကို လေ့လာဖို့အတွက် အခြေခံကို အရင် ကျွမ်းကျင်အောင် လုပ်ရမယ်။”

စူးချန်ခုန်းသည် စစ်ခုန်းဟွမ်၏ရှင်းပြချက်ကို စေ့စေ့နားထောင်ရင်း အတန်ငယ် ခေါင်းညိတ်လိုက်သည်။

"မြှားပစ်ဖို့ ကိုယ်ဟန်အနေအထားက ခြေနှစ်ဘက်လုံး ဟန်ချက်ညီညီနဲ့ ပခုံးအကျယ်အတိုင်း ထားရမယ်။ မြေပြင်က တက်လာတဲ့ စွမ်းအား၊ လက်မောင်းကနေ လွှတ်လိုက်တဲ့ မြှားနဲ့ မျက်လုံးနှစ်ဖက်လုံးကို ပစ်မှတ်နဲ့ ဖြောင့်ဖြောင့် ထားရမယ်။"

စစ်ခုန်းဟွမ်သည် အခြေခံအကျဆုံး နည်းပညာများနှင့် စူးချန်ခုန်းကို သရုပ်ပြခြင်းမှ စတင်ကာ ကြီးမားသော လေးကို ဖြည်းညှင်းစွာ အပြည့်ဆွဲ၍ စေ့စေ့စပ်စပ် ရှင်းပြနေ၏။

"ဖောက်"

လေးညှို့ကြိုးဖြင့် မြှားတစ်စင်း ပစ်လွှတ်လိုက်ရာ လေပြင်းများ ဖြစ်ပေါ်ကာ တိမ်များနှင့် မြူခိုးများကို ဖြတ်လျက် ကောင်းကင်သို့ တည့်တည့် ပစ်လွှတ်လိုက်သည်။

ဒုတ်။

အမြင့်မီတာ နှစ်ရာကျော်တွင် ပေါက်ကွဲသံ ထွက်ပေါ်လာပြီး သာမန်မျက်စိဖြင့် မမြင်နိုင်လောက်သည့် အမြင့်တွင် ပျံသန်းနေသော ပင်လယ်ငှက်တစ်ကောင်၏ ခန္ဓာကိုယ် ပေါက်ကွဲသွားသည်။

"ကောင်းလိုက်တဲ့ လေးအတတ်"

စူးချန်ခုန်းသည် ထိုမြင်ကွင်းကို သဘောကျမိလေ၏။ ပင်လယ်ငှက်သည် မီတာနှစ်ရာအကွာတွင် ပျံသန်းနေသော်လည်း စစ်ခုန်းဟွမ်၏ တိကျသောမြှားက ၎င်းကို ပစ်ချနိုင်ခဲ့သည်။ သူ၏လေးပစ်ခြင်းမှာ အမှန်ပင် ကျရှုံးခြင်းမရှိဘဲ သူ၏အခြေခံအုတ်မြစ်က ခက်ခဲနက်နဲလှသည်။

"လေးပစ်တာကို လေ့ကျင့်ပြီး အချိန်ကို ချိန်ညှိရမယ်။ ဖြတ်လမ်း လုံးဝမရှိဘူး။ လေ့ကျင့်ပြီး စွမ်းအားကို စုဆောင်းဖို့ အချိန်အကြာကြီးလိုတယ်" ဟု စစ်ခုန်းဟွမ်က ပြောကြားခဲ့သည်။

"မြားပစ်ရာမှာ တိကျမှုက အရေးကြီးဆုံးပဲ။ ပစ်မှတ်ကို မထိနိုင်ဘူးဆိုရင် မင်းရဲ့လက်က ဘယ်လောက်ပဲ သန်မာနေပါစေ။ မြှားက ဘယ်လောက်ပဲ သေလောက်တဲ့အထိ ပြင်းထန်ပါစေ လုံးဝ အသုံးမဝင်ဘူး။ အဲ့တာကြောင့် လေ့ကျင့်ပြီး လေ့လာမှပဲရမယ်။

“ဟုတ်ကဲ့ နားလည်ပါပြီ။” ဟု နှစ်ပေါင်းများစွာ သိုင်းပညာကို လေ့ကျင့်ခဲ့သော စူးချန်ခုန်းက ဒါကို သဘာဝကျကျ နားလည်သည်။

စစ်ခုန်းဟွမ်၏ လမ်းညွှန်မှုအောက်တွင် စူးချန်ခုန်းသည် လေးကိုင်းကိုကွေးပြီး လေးပစ်လေ့ကျင့်ခြင်းကို စတင်လိုက်သည်။

“ဝှစ်!”

မြှားသည် လေကိုခွင်းကာ လှိုင်းခွပ်များထစေပြီး ပင်လယ်ထဲသို့ ထိုးကျသွားခဲ့သည်။

စစ်ခုန်းဟွမ်က ဘေးကနေ စူးချန်ခုန်း၏ ဟာကွက်များကို ပြုပြင်ပေးနေပြီး သူသည် မြှားအား ချိန်ညှိကာ ဆက်လေ့ကျင့်ပြီး တိုးတက်မှုများရှိလာလေ၏။ သူ၏အခြေခံ သိုင်းပညာအခြေခံအုတ်မြစ်သည် မြင့်မားသောစွမ်းရည်တန်ဖိုး ၂၂မှတ် နှင့်ပေါင်းစပ်ထားသောကြောင့် တက္ကသိုလ်ကျောင်းသားက မူလတန်းကျောင်းသုံးပစ္စည်းများကို သင်ယူနေခြင်းနှင့်တူပြီး စစ်ခုန်းဟွမ် မျှော်လင့်ထားသည်ထက်ပင် သူ၏ တိုးတက်မှု အရှိန်အဟုန်က သူ့အား အံ့အားသင့်စေခဲ့သေးသည်။

တစ်ရက်တာအချိန်လေးနှင့် စူးချန်ခုန်းဟာ လပေါင်းများစွာ လေးပစ်လေ့ကျင့်ခဲ့သည့်နှယ် မယုံနိုင်လောက်သည့် အရှိန်နဲ့ တိုးလာခဲ့သည့်။

“တကယ်တော့… တတိယညီလေးက တစ်သန်းမှာ တစ်ယောက်သာရှိတဲ့ ပါရမီရှင်လေးပဲ။ အဖေ့ထက်ကို မနိမ့်ကျဘူး။”

စစ်ခုန်းဟွမ်သည် စူးချန်ခုန်း၏ ပင်ကိုယ်စွမ်းရည်နှင့် ထိုးထွင်းဉာဏ်တို့ကြောင့် စိတ်ထဲတွင် အံ့အားသင့်နေမိသည်။

စူးချန်ခုန်းသည် ဧရာမဝေလငါးနည်းပညာ အပြည့်အစုံကို ရရှိခဲ့ပြီးနောက် ဧရာမဝေလငါးဂိုဏ်းတွင် လက်ထောက်ခန်းမခေါင်းဆောင် သုံးဦးကို ကွပ်မျက်ပြီး ဧရာမဝေလငါးဂိုဏ်း စုရုံးပွဲတွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းပကားကို မပြသမီ တစ်လခန့်သာ လေ့ကျင့်ခဲ့ရခြင်းမှာ အံ့သြစရာမဟုတ်တော့ပေ။

"အခု မင်းကို လေမိုးကြိုးပစ်နည်းကို သင်ပေးမယ်။ နည်းစနစ်နဲ့ မင်းရဲ့ အသက်ရှုလမ်းကြောင်းကို ညွှန်ပြပြီး မင်းရဲ့ခွန်အားကို သတိရလိုက်ပါ။ မင်း နားမလည်တာရှိရင် မေးလို့ရတယ်။"

စစ်ခုန်းဟွမ်သည် သူ ထူးချွန်သော လေမိုးကြိုးမြှားအတတ်ပညာကို စူးချန်ခုန်းအား စတင်သင်ကြားပေးခဲ့သည်။

"မြှားလွှတ်လိုက်တာနဲ့ ကျားဟောက်သံ၊ နဂါးအော်သံ၊ လေနှင့် မိုးခြိမ်းသံတွေ ရှိလာလိမ့်မယ်။ လေနဲ့ မိုးခြိမ်းသံတွေ တစ်သားတည်း ဖြစ်သွားတဲ့ နယ်ပယ်ဆီကို ရောက်အောင်သွား။ မြှားတစ်ချက် လွှတ်လိုက်တာနဲ့ တောင်တန်းတွေ မြစ်‌တွေ ပျက်သုဉ်းသွားလိမ့်မယ်။"

ရှင်းပြနေရင်းနှင့် စစ်ခုန်းဟွမ်သည် သူ၏ ချီစွမ်းအင်ကို အာရုံစိုက်ကာ လေမိုးကြိုးမြှားအတတ်ကို အသုံးပြု၍ သရုပ်ပြခဲ့သည်။

"ဂျွတ်!"

မြှားကို အပြည့်အ၀ ဆွဲလိုက်သောအခါ မြှားတစ်စင်းသည် လေပြင်းနှင့် မိုးခြိမ်းသံကဲ့သို့ လျင်မြန်စွာ ထွက်ပေါ်ပြီး မြှားဦးခေါင်းသည် လေကိုခွင်း၍ စူးစူးစိုက်စိုက် စီးဆင်းနေကာ လေလှိုင်းဂယက်များကို မရပ်တန့်စေနိုင်တော့။ မြှားတစ်စင်းတည်းကြောင့် ဤကဲ့သို့သော အနှောင့်အယှက်ဖြစ်သွားသည်ကို မည်သူမဆို တွေးကြည့်ရန် ခက်ခဲပေသည်။

"ဒုန်း!"

ထိုမြှားသည် ပင်လယ်ရေမျက်နှာပြင်မှ မီတာသုံးရာအကွာရှိ အတန်အသင့်ရှိသော ကျောက်တုံးကြီးကို ထိမှန်သွားခဲ့သည်။ ပေါက်ကွဲသံများကြားတွင် အချင်း မီတာများစွာရှိသော ကျောက်တုံးကြီးသည် ကွဲအက်သွားပြီး အပိုင်းအစများက အရပ်ရပ်သို့ လွင့်ပျံသွားလေ၏။

All Chapters