← Chapters

လေအူသံကဲ့သို့မြှား။ ဓားပြကြီး ဆယ့်ရှစ်ယောက်။ (၁)

Vol. 12 Ch. 171

လေအူသံကဲ့သို့မြှား။ ဓားပြကြီး ဆယ့်ရှစ်ယောက်။ (၁)

Vol. 12 Ch. 171

အသွေးအသားတို့ ရှိသော ခန္ဓာကိုယ်ကိုပင် မဆိုနှင့် ချပ်ဝတ်တန်ဆာဝတ်ထားရင်တောင် ဒီမြှားကြောင့်နှင့် တစ်ချက်တည်းနဲ့ သေသွားနိုင်သည်။

ဤမြှားကိုရင်ဆိုင်ရသော ချီသွေးအလွှာနယ်ပယ်ရှိ သာမန်သိုင်းပညာရှင်တစ်ယောက်အတွက်တော့ ဆယ်ကြိမ်တွင် တစ်ကြိမ်သာ အသက်ရှင်နိုင်ပြီး အကွာအဝေးကို ထိန်းသိမ်းထားသရွေ့ ချီသွေးဝံပုလွေမြူနယ်ပယ်မှ ဆရာသခင်တစ်ဦးကိုပင်လျှင် အဝေးမှ ပစ်သတ်နိုင်သည်။

စူးချန်ခုန်း ချက်ချင်းပင် စိတ်အားထက်သန်စွာ လေ့ကျင့်ခဲ့သည်။ လိပ်အသက်ရှူနည်းပညာသည် အဋ္ဌမနယ်ပယ်သို့ ရောက်ရှိသွားသောကြောင့် သူ၏အတွင်းစိတ်စွမ်းအားသည် နက်နဲသိမ်မွေ့သည်။ လေမိုးကြိုးမြှားအတတ်၏ အရေးကြီးဆုံးအချက်မှာ ချီအနှစ်သာရ၊ ချီစွမ်းအင်နှင့် သွေးတို့ဖြင့် လည်ပတ်စေခြင်းဖြစ်သည်။ ဤလေမိုးကြိုးလေးပစ်ခြင်းကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ထားခြင်းဖြင့် သူသည် စစ်ခုန်းဟွမ်နှင့် ချက်ချင်းယှဉ်နိုင်မည်ဟု မဆိုဘဲ သူ့အဆင့်၏ ဆယ်ပုံလျှင် လေးပုံငါးပုံရှိရုံဖြင့် လုံလောက်ပြီဖြစ်သည်။

စူးချန်ခုန်းသည် သင်္ဘောဦးတွင် လေးပစ်လေ့ကျင့်နေသည်။ ဤသံကောင်းအားသန်လေးကိုဆွဲရန် ပေါင်ရာနှင့်ချီသော လက်အား လိုအပ်သော်လည်း သူ ပင်ပန်းသည်ဟု မခံစားရပေ။

တစ်ရက်ကြာပြီးနောက် သံကောင်းအားသန်လေးက စုတ်ပြဲစပြုလာလေ၏။ စူးချန်ခုန်းသည် နောက်ကျရင် သူနှင့် သင့်လျော်သော ခိုင်ခံ့သည့်လေးကို ထုလုပ်ရန် လိုအပ်သည်ဟု တွေးမိသည်။

လေမိုးကြိုးမြှားအတတ်(ဝင်ခွင့်အဆင့် ၁၁%)

စစ်ခုန်းဟွမ်၏ လမ်းညွှန်မှုနှင့် သူ့ကိုယ်ပိုင် ပြင်းထန်သော လေ့ကျင့်မှု အပြီးတွင် လေမိုးကြိုးမြှားအတတ်သည် စူးချန်ခုန်း၏ အရည်အချင်းပြ ဘောင်ကွက်တွင် ပေါ်လာလေပြီ။ သူလုပ်ရမည့်အရာမှာ ၎င်း၏ နယ်ပယ်ကို မြှင့်တင်ရန် ဖြစ်သည်။

ပင်လယ်ဓားပြလိုက်သည့် နေ့ရက်များသည် ပျင်းရိစရာကောင်းပြီး သင်္ဘောပေါ်တွင် အချိန်အများစုမှာ လုပ်စရာမရှိပေ။ ရံဖန်ရံခါ ကြုံတွေ့ရသည့် အခြားသင်္ဘောများမှာ ကုန်သည်သင်္ဘောများဖြစ်သည်။ ပင်လယ်ဓားပြ သင်္ဘောတွေနဲ့ ကြုံတွေ့ရတာကတော့ တစ်ပတ်မှာ တစ်ခါတောင် ဖြစ်မလာပါ။

ပင်လယ်ဓားပြ သင်္ဘောအများစုသည် ဧရာမဝေလငါးဂိုဏ်းမှ သင်္ဘောတစ်စင်းကို တွေ့သည်နှင့် ချက်ချင်း ခုတ်မောင်းသွားကြရာ ပင်လယ်ပြင်တွင် အခြားသင်္ဘောများကို လိုက်ရန်မှာ မလွယ်ကူလှပေ။

အများစုမှာ ဧရာမဝေလငါးဂိုဏ်းသည် ပင်လယ်ဓားပြများ ဝင်ရောက်လာခြင်းနှင့် ဖြတ်သန်းသွားသော ကုန်သည်သင်္ဘောများကို လုယက်ခြင်းမှ ကာကွယ်ရန် ၎င်းတို့၏ သင်္ဘောလမ်းကြောင်းများတစ်လျှောက် အလှည့်ကျ ကင်းလှည့်လေ့ရှိသည်။

ဝေလငါးမည်းကြီးသည် လဝက်တစ်ကြိမ် ပြုပြင်ရန်အတွက် ဆိပ်ကမ်းသို့ ပြန်လာရမည်ဖြစ်သည်။

စူးချန်ခုန်းသည် သိုင်းပညာကို လေ့ကျင့်ပြီး သင်ယူထားသည့် လေမိုးကြိုးမြားပစ်ခြင်းကို နေ့တိုင်း လေ့ကျင့်ရင်း လုံးဝမပျင်းရိခဲ့ပါ။

နေ့ရက်များသည် အေးချမ်းစွာ ဖြတ်သန်းခဲ့ပြီး နှစ်လတာ ကုန်ဆုံးသွားခဲ့သည်။

နှစ်လကြာတော့ တစ်ခုသော အချိန်ကိုရောက်လာ၏။

မိုးပြာပင်လယ်အစွန်းရှိ ခန်းမတစ်ခုတွင် ဧရာမဝေလငါးဂိုဏ်းဆိပ်ကမ်းရှိ စူးချန်ခုန်း၊ စစ်ခုန်းကျန့်နှင့် စစ်ခုန်းဟွမ်တို့ အားလုံး တက်ရောက်ခဲ့ကြသည်။

စစ်ခုန်းကျန့်က သူ့မျက်နှာမှာ စိတ်လှုပ်ရှားစွာနှင့် ဆို၏။ "ငါတို့သတင်းရပြီးပြီ၊ ဝမ့်ထျန်းယွမ်ကိုတွေ့ပြီ!"

"ဝမ့်ထျန်းယွမ်?"

ဒီနာမည်ကိုကြားတာနဲ့ စူးချန်ခုန်းရဲ့ နှလုံးသားက တုန်လှုပ်သွားသည်။

နံပါတ်ခုနစ်နေရာရှိ မိုးပြာပင်လယ်မှ ပင်လယ်ဓားပြ ဆယ့်ရှစ်ယောက်ထဲမှ ဝမ့်ထျန်းယွမ်သည် ထိပ်တန်းရေတပ်သင်္ဘောတစ်စင်း ပိုင်ဆိုင်ကာ မိုးပြာပင်လယ်တစ်လျှောက် နာမည်ဆိုးဖြင့် ကျော်ကြားသည်။

"ဝမ့်ထျန်းယွမ်က တကယ့်ငါးအကြီးကြီးပဲ!"

စစ်ခုန်းဟွမ်လည်း အနည်းငယ် အံ့သြသွားသည်။

ဝမ့်ထျန်းယွမ်၏ ဦးခေါင်းအတွက် တောနက်စီရင်စုမှ တာဝန်ရှိသူများ ပေးအပ်သော ဆုကြေးမှာ ငွေငါးသောင်းဖြစ်သည်။

ဤငွေငါးသောင်းကို ဘယ်သူမဆို မရရှိနိုင်သည်မှာ သေချာပါသည်။

စစ်ခုန်းကျန့်က အားတက်သရော ဆိုလေ၏။ "ဝမ့်ထျန်းယွမ်ဟာ ငါတို့ ဧရာမဝေလငါးဂိုဏ်းရဲ့ ပိုင်နက်ထဲကို ထပ်ခါတလဲလဲ ဝင်ခဲ့ပြီး ဖြတ်သန်းသွားတဲ့ ကုန်သည်သင်္ဘောတွေကို ချုံခိုတိုက်ခိုက်ခဲ့တယ်။ ငါတို့ဂိုဏ်းထဲက သင်္ဘောတစ်စင်းကို နစ်မြုပ်စေပြီး သိသိသာသာ ဆုံးရှုံးမှုတွေ ဖြစ်စေခဲ့တာ။ သူ့ကို ချေမှုန်းနိုင်ရင် ငါတို့ ဧရာမဝေလငါးဂိုဏ်းတို့ရဲ့ နာမည်ဂုဏ်သတင်းကို မြှင့်တင်ပေးနိုင်ပြီး ဓားပြလေးတွေကိုလဲ ဖိတ်ဖိတ်တုန်အောင် ခြောက်နိုင်မယ်လို့ ယုံကြည်တယ်။”

ဝမ့်ထျန်းယွမ်ကို ဖယ်ရှားလိုက်ခြင်းသည် ပြန့်ကျဲနေသော ပင်လယ်ဓားပြများကို ရာနှင့်ချီ၍ နှိမ်နင်းခြင်းထက် ပိုမိုကောင်းမွန်သော ရလဒ်ကို ရရှိနိုင်မည်ဖြစ်သည်။

"ဝမ့်ထျန်းယွမ်က လောလောဆယ် မိုးပြာပင်လယ်မှာရှိတဲ့ ကျွန်းတစ်ကျွန်းမှာ တပ်စွဲထားတယ်။ ဒီတာဝန်ကို အမြန်ထမ်းဆောင်ရမယ်!"

စစ်ခုန်းကျန့်သည် ကြီးမားသော အမြတ်အစွန်းများဆီသို့ ဦးတည်သွားစေမည့် ပိုက်ကွန်တစ်ခုထဲတွင် သတ္တမအဆင့် ပင်လယ်ဓားပြနှင့် သူ၏တပ်များကို ပိုက်နက်တစ်ခုအတွင်း ဖမ်းမိရန် လှုပ်ရှားမှု ကြီးကြီးမားမား တစ်ခုခု ပြုလုပ်ရန် လျင်မြန်စွာ ဆုံးဖြတ်ခဲ့သည်။

"နောက်ဆုံးတော့ စိတ်ဝင်စားစရာတစ်ခု ပေါ်လာပြီ!"

စူးချန်ခုန်းလည်း ထုံးစံအတိုင်း ပါဝင်ရန် ဆုံးဖြတ်ခဲ့သည်။ လွန်ခဲ့သည့် နှစ်လတွင် သူသည် ပင်လယ်သို့သွားခဲ့သော်လည်း ဧရာမဝေလငါးဂိုဏ်းမှ ပုရွက်ဆိတ်များကဲ့သို့ နှိပ်စက်ခြင်းကို ခံခဲ့ရသော ပင်လယ်ဓားပြများသာ ကြုံတွေ့ခဲ့ရသည်။ သို့သော်လည်း ဝမ့်ထျန်းယွမ်သည် သာမန်ပင်လယ်ဓားပြတစ်ဦး မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်းသိလိုက်ရသောကြောင့် စိန်ခေါ်မှုကို ရင်ဆိုင်လိုသည်။

ထို့အပြင် ဒီထက်မက ဆုလာဘ်တွေကိုလည်း ရကောင်း ရနိုင်ပါသည်။

စစ်ပွဲအရှိန်၏တန်ဖိုးသည် ပဓာနဖြစ်သည်။ ထိုနေ့၌ပင် စစ်ခုန်းကျန့်သည် သူ၏လူများကိုခေါ်ကာ ပင်လယ်ပြင်သို့ ထွက်လာခဲ့သည်။

ဤတစ်ကြိမ်တွင် ဧရာမဝေလငါးဂိုဏ်းသည် တပည့်နှစ်ထောင်ကျော်ကို တင်ဆောင်ကာ စုစုပေါင်း စစ်သင်္ဘောငါးစင်းဖြင့် မိုးပြာပင်လယ်ထဲသို့ ရွက်လွှင့်ခဲ့လေ၏။

"ဒီလောက်ကြီးမားသော တပ်ဖြန့်မှုကြီးက စစ်ဆင်ရေးကြီးကြီးမားမားတစ်ခု လုပ်ဆောင်နေတာလား"

"သေချာတာပေါ့။ စစ်သင်္ဘောတစ်ဝက်လောက်ကို စုစည်းပြီး ဒီပမာဏကို နောက်ဆုံးတစ်ခေါက် ဖြန့်ကျက်ခဲ့တုန်းက အဆင့်ကိုး ပင်လယ်ဓားပြ လီဟွင်းကို ရင်ဆိုင်ခဲ့တာပဲလေ။"

ဧရာမဝေလငါးဂိုဏ်းမှ သိုင်းပညာရှင်အများစုက သူတို့ကြား စတင် မှန်းဆပြောဆိုနေကြသည်။

စစ်ဆင်ရေးကို လျှို့ဝှက်ထားရန်နှင့် စစ်ခုန်းကျန့်သည် ရည်မှန်းချက်ပန်းတိုင်သို့ မရောက်မီတွင် လူတိုင်းကို အသိပေးရန် စီစဉ်ခဲ့သည်။ သို့သော်လည်း ထိုသို့ စုဝေးခြင်းသည် ကြီးမားသော လုပ်ဆောင်မှုတစ်ခုဖြစ်ကြောင်း လူတိုင်း သဘောပေါက်ကြသည်။

ဝေလငါးမည်း၏ ကုန်းပတ်ပေါ်တွင် စူးချန်ခုန်းသည် ပင်လယ်ဘက်သို့ လှိုင်းလုံးကြီးများအား ဖြတ်သွားသော သင်္ဘောကြီးများစွာကို ကြည့်နေပြီး စိတ်ထဲတွင် စိတ်လှုပ်ရှားမှုများ တဟုန်ထိုးတက်လာ၏။

"အားလုံးပဲ၊ ပင်လယ်ဓားပြ ဆယ့်ရှစ်ယောက်ထဲက သတ္တမမြောက် ဝမ့်ထျန်းယွမ်ရဲ့ ကောင်းကင်ရင်းမြစ်အဖွဲ့ဟာ မိုးပြာပင်လယ်မှာရှိတဲ့ ကျွန်းတစ်ကျွန်းမှာ လောလောဆယ် တပ်စွဲထားတယ်ဆိုတဲ့ သတင်းကို ငါတို့ ရထားတယ်။ ငါတို့ရဲ့ တာဝန်က ဝမ့်ထျန်းယွမ်ကို ချေမှုန်းပြီး ကောင်းကင်ရင်းမြစ်အဖွဲ့ကို နှိမ်နင်းဖို့ပဲ။"

စစ်သင်္ဘောငါးစင်းဖြင့် နေ့တစ်ဝက် ရွက်လွှင့်ပြီးနောက်တွင် နောက်တစ်နေ့ မိုးလင်းခါနီးအချိန်၌ စစ်ခုန်းကျန့်က သတင်းဖြန့်ရန် အမိန့်ပေးခဲ့သည်။

"ကောင်းကင်ရင်းမြစ် ပင်လယ်ဓားပြအုပ်စုလား။ အဲဒါက မိုးပြာပင်လယ်ထဲက ကြောက်စရာကောင်းတဲ့ ပင်လယ်ဓားပြအဖွဲ့အစည်းတွေထဲက တစ်ခုပဲ။"

ထိုသတင်းကို သိလိုက်သောအခါ ဧရာမဝေလငါးဂိုဏ်း၏ တပည့်များအားလုံးသည် အချီကြီးကြီးရတော့မည်ကိုသိ၍ ထိတ်လန့်ကာ အလွန်တရာ စိတ်လှုပ်ရှားနေကြသည်။

"ဒီစစ်ဆင်ရေးအတွက် ကောင်းကင်ရင်းမြစ်အဖွဲ့က သာမန်ပင်လယ်ဓားပြတစ်ဦးကို သတ်နိုင်တာနဲ့ ငွေအချောင်းတစ်ရာ ချီးမြှင့်မှာဖြစ်ပြီး ကောင်းကင်ရင်းမြစ်အဖွဲ့မှ အရာရှိတစ်ဦးကို သတ်နိုင်ရင် ငွေတစ်ထောင် ချီးမြှင့်မယ်။ ချီစွမ်းအင်နယ်ပယ်သိုင်းပညာရှင်ကို ငွေတစ်သောင်း ချီးမြှင့်ပြီး ဝမ့်ထျန်းယွမ်ကို ချေမှုန်းနိုင်ရင် ငွေငါးသောင်း ဆုချီးမြှင့်မယ်”

နောက်ဆက်တွဲကြေညာချက်တွင် စစ်ဆင်ရေး၏ဆုလာဘ်များကို အသေးစိတ် ရှင်းပြထားသည်။ ဂိုဏ်း၏ ရက်ရောမှုနှင့် မျှတသော မက်လုံးများသည် အဖွဲ့အစည်းတစ်ခု ရေရှည်တွင် ရှင်သန်နိုင်မည့် မရှိမဖြစ်လိုအပ်သော နည်းလမ်းဖြစ်သည်။

ယေဘူယျအားဖြင့် ထိုကဲ့သို့သော အဓိကတိုက်ပွဲများသည် ဂိုဏ်း၏သိုင်းပညာရှင်များအား သတ္တိရှိရှိ တိုက်ခိုက်ရန် အားပေးသည့်ဆုများပင်ဖြစ်သည်။ ရန်သူတိုင်းကို သတ်ဖြတ်နိုင်ခြင်းအတွက် အောင်ပွဲရရုံသာမက ငွေတစ်ရာထက် မနည်းသော ဆုလာဘ်ကိုလည်း ရရှိနိုင်သည်။ ၎င်းက ဧရာဝေလငါးဂိုဏ်း၏ သာမာန်တပည့်များ အသိမှတ်ပြုခံရအောင် ကြိုးစားအားထုတ်စေပြီး အောင်မြင်မှု အသီးအပွင့်များ ဆွတ်ခူးရစေဖို့ သင့်လျော်သော အချိန်အခါပင် ဖြစ်ပါ၏။

All Chapters