← Chapters

လေမိုးကြိုးမြှားအတတ်။ မိုးပြာပင်လယ်ဧရိယာ။ (၁)

Vol. 12 Ch. 168

လေမိုးကြိုးမြှားအတတ်။ မိုးပြာပင်လယ်ဧရိယာ။ (၁)

Vol. 12 Ch. 168

စစ်ခုန်းကျန့်နှင့် အခြားသူများ၏ လုပ်ကိုင်နိုင်စွမ်းများနှင့်ဆိုလျှင် စူးချန်ခုန်းအတွက် ဧရာမဝေလငါးဂိုဏ်းသား တစ်ယောက်၏ အသွင်ကို ဖန်တီးခြင်းသည် ပို၍လွယ်ကူသည်။ ဧရာမဝေလငါးဂိုဏ်းတွင် ထောင်ပေါင်းများစွာသော တပည့်များရှိရာ လူတစ်ယောက် ထပ်တိုးလာတာကို လုံးဝသတိမထားမိမှာ မဟုတ်ပေ။

ကျယ်ဝန်းသော ရင်ပြင်တစ်ခုတွင် ဧရာမဝေလငါးဂိုဏ်းမှ ထိပ်တန်းသိုင်းပညာရှင် တစ်ရာကျော် စုဝေးခဲ့ကြပြီး စူးချန်ခုန်းလည်း ရုပ်ဖျက်၍ အသွင်ပြောင်းကာ ပါဝင်ခဲ့သည်။

အရပ်ရှည်ရှည် တောင့်တောင့်တင်းတင်းနှင့် စစ်ခုန်းကျန့်က ကျယ်လောင်စွာ မိန့်ကြားလေ၏။ "မိုးပြာပင်လယ်ကြီးကို ဖျက်စီးနေကြတဲ့ ပင်လယ်ဓားပြတွေ ရှိတယ်။ အခု နွေဦးပေါက်လာပြီ။ သူခိုးလေးတွေကို ဖယ်ထုတ်ဖို့ အချိန်တန်ပြီ!"

"စထွက်တော့!"

ချက်ချင်းလက်ငင်းပင် စစ်ခုန်းကျန့်မှ ထွက်ခွာရန် ကြေညာလိုက်သည်။ ဤနေရာမှ သိုင်းပညာရှင်တို့သည် စစ်ခုန်းမိသားစု၏ ထိပ်တန်းပုဂ္ဂိုလ်များဖြစ်ကြပြီး ကိုယ်ရေးကိုယ်တာအစောင့်များဖြစ်ကြသည်။

အမိန့်ပေးချက်အရ မြင်းစီးသူရဲတစ်ရာကျော်သည် သူတို့၏ မြင်းများကိုယ်စီစီးကာ ဧရာမဝေလငါးဂိုဏ်း၏ အပြင်ဘက်ဆီသို့ ဦးတည်သွားကြလေ၏။

"ဂိုဏ်းခေါင်းဆောင်ငယ်လေးက ဓားပြတွေကို နောက်တစ်ကြိမ် သုတ်သင်ဖို့ စီစဉ်နေတာလား။"

"ဂိုဏ်းခေါင်းဆောင်လေးမှာ ဂိုဏ်းခေါင်းဆောင်ဟောင်းရဲ့ ငယ်ငယ်တုန်းက ပုံရိပ်တွေ တကယ်ရှိတယ်ဟ!"

ဧရာမဝေလငါးဂိုဏ်း၏ တပည့်များသည် ကြီးကျယ်ခမ်းနားသော အဖွဲ့တစ်ဖွဲ့ သွားလာနေသည်ကို ကြည့်ရင်း ရိုသေလေးစားမှုတို့ ပြည့်နှက်နေ၏။

နောက်ဆုံးတစ်ခေါက် စုဝေးပွဲတွင် 'စစ်ခုန်းကျန့်' သည် မုန့်စန်းနှင့် တိုက်ရိုက် ထိပ်တိုက်ရင်ဆိုင်ခဲ့ရာ ၎င်းက သူ၏ဂုဏ်သိက္ခာကို များစွာမြှင့်တင်ပေးခဲ့သည်။ လူတော်တော်များများက သူ့ကို ဂိုဏ်းခေါင်းဆောင်အတွက် တစ်ဦးတည်းသော သူလို့ ထင်နေကြသည်။

တလမ်းလုံး ဒုန်းစိုင်းစီးလာရင်း နေ့ခင်းဘက်မှာ မိုးပြာပင်လယ်အစွန်းက ပင်လယ်အော်ကို ရောက်လာခဲ့ကြသည်။

“ဒါက…”

စူးချန်ခုန်းသည် သူ့ရှေ့ကို မြင်လိုက်ရတော့ အံ့သြသွားလေ၏။ ဧရာမဝေလငါးဂိုဏ်းအဖွဲ့ဝင်များနှင့်အတူ စည်ကားနေသော ပင်လယ်အော်ကြီးတွင် ဆိပ်ကမ်းတစ်ခုကို တည်ဆောက်ထားပြီး သင်္ဘောများ ဆက်တိုက် ဆိုက်ကပ်နေရာ ဆိပ်ကမ်းတစ်ခုဖြစ်သည်။

အချို့သင်္ဘောများမှာ သေးငယ်ပြီး လူတစ်ဒါဇင်သာ တင်ဆောင်နိုင်ကာ အမြန်သင်္ဘောအမျိုးအစားတွင် ပါဝင်သည်။

ကြီးမားသော သင်္ဘောကြီးများက အလျား မီတာတစ်ရာနှင့် အကျယ် ဆယ်မီတာ နီးပါး ရှိပြီး လူရာပေါင်းများစွာကို တင်ဆောင်နိုင်လေ၏။

ကမ္ဘာပေါ်၌ ရှေးခေတ်ကာလက ထိုသို့သော ကြီးမားသော သင်္ဘောများကို ထားရှိမည်ဆိုပါက အလွန်ပင် ရှားပါးပါသည်။ ဤသင်္ဘောကြီးများသည် သာမန်မြစ်များတွင် သွားလာရန်ခက်ခဲပြီး ကြီးမားကျယ်ပြန့်သော မိုးပြာပင်လယ်ကြီးပေါ်တွင်သာ ၎င်းတို့၏ ကြီးကျယ်မြင့်မြတ်မှုကို ပြသနိုင်မည်ဖြစ်သည်။

ဧရာမဝေလငါးဂိုဏ်းတွင် ထိုကဲ့သို့သော စစ်သင်္ဘောကြီး ၁၀ စင်းနီးပါး ပိုင်ဆိုင်ထားသောကြောင့် တောနက်စီရင်စုမြို့၏ မိုးပြာပင်လယ်ဧရိယာကို လွှမ်းမိုးထားနိုင်ခြင်းဖြစ်သည်။

ဤဆိပ်ကမ်းတွင် ဧရာမဝေလငါးဂိုဏ်းတပည့် အများအပြား တပ်စွဲထားပြီး ယနေ့ ရွက်လွှင့်နေချိန်မှစ၍ လက်သမား အများအပြားသည် ခရီးစဉ်အတွင်း မတော်တဆမှုများ မဖြစ်စေရန် သင်္ဘောများကို စစ်ဆေးခြင်းနှင့် ပြုပြင်ခြင်းများဖြင့် အလုပ်များနေ၏။

"လူတွေ အများကြီးပဲ။ သင်္ဘောတွေလည်း အများကြီးပဲ"

စူးချန်ခုန်းသည် ထိုကဲ့သို့သော ဆိပ်ကမ်းသို့ ပထမဆုံးလာရောက်လည်ပတ်ခြင်းဖြစ်ရာ သူ အံ့အားမသင့်ဘဲ မနေနိုင်ခဲ့။

ဧရာမဝေလငါးဂိုဏ်း၏ တပည့်အများစုသည် ဆိပ်ကမ်းတွင် စခန်းချကြပြီး အများစုမှာ ရေတပ်စစ်ဆင်ရေးတွင် အတွေ့အကြုံရင့် စစ်မှုထမ်းဟောင်းများဖြစ်ကြပြီး ဆိုက်ကပ်ထားသော သင်္ဘောများ၏ မြင်ကွင်းမှာ အင်မတန် အံ့မခန်းဖွယ်ရာပင်။

ပြင်ဆင်မှုများ ပြီးသွားတော့ နေ့လယ်ပိုင်းသို့ ရောက်နေလေပြီ။

တစ်ယောက်ပြီး တစ်ယောက် သင်္ဘောပေါ်တက်သွားကြ၏။ စူးချန်ခုန်းသည် စစ်ခုန့်ကျန့်၏ ကိုယ်ရံတော် တစ်စိတ်တစ်ပိုင်းအဖြစ် လူရာနှင့်ချီနေနိုင်သော မီတာတစ်ရာတန်း စစ်သင်္ဘော ဖြစ်သည့် ဝေလငါးမည်းပေါ်သို့ တက်လာသည်။

ကုန်းပတ်ပေါ်တွင် စူးချန်ခုန်းသည် အစွန်းတွင်ရပ်ကာ သင်္ဘောတစ်ခုလုံးက နူးညံ့သိမ်မွေ့သော ပင်လယ်လှိုင်းများနှင့်အတူ လှုပ်ရှားနေသည်ကို ခံစားနေလေ၏။

ဧရာမဝေလငါးဂိုဏ်း၏ စစ်သင်္ဘောများကို သံမဏိကဲ့သို့ မာကျောသော သစ်သား၊ ထူးခြား ပေါ့ပါးသော အဖိုးတန် သစ်သားများကို အသုံးပြု၍ တည်ဆောက်ထားခြင်း ဖြစ်ပြီး ၎င်းသည် သင်္ဘောတည်ဆောက်မှုအတွက် အသင့်တော်ဆုံး ပစ္စည်းများထဲမှ တစ်ခုပင် ဖြစ်သည်။

"ရွက်လွှင့်!"

သင်္ဘောပေါ်ရှိ လူတိုင်းကို အမိန့်ပေးလိုက်ရာ သင်္ဘောရွက်ကြီးများ လေထဲတွင် တဖျပ်ဖျပ်ခတ်ကာ ဝေလငါးမည်းကြီးလည်း တဖြည်းဖြည်း ဆိပ်ကမ်းမှ ထွက်ခွာ၍ ပင်လယ်ပြင်ဆီသို့ ဦးတည်သွားလေ၏။ ဧရာမ ဆိပ်ကမ်းကြီးကတော့ အနောက်ဘက်တွင် ခြေရာလက်ရာမကျန်ဘဲ ပျောက်ကွယ်သွားခဲ့လေပြီ။

စူးချန်ခုန်းသည် ကုန်းပတ်မှ ပင်လယ်ရှုခင်းကို ခံစားနေ၏။

မြင့်မားသော ရွက်တိုင်များပေါ်တွင် ဧရာမ ဝေလငါးဂိုဏ်း၏ တပည့်များသည် အလွန်ကောင်းမွန်သော အမြင်အာရုံဖြင့် အမြင့်ပေါ်တက်ကာ ပတ်ဝန်းကျင်ကို စောင့်ကြည့်နေကြသည်။

ဝေလငါးမည်း၏ တွန်းကန်အားသည် လေတိုက်အားသာမက အောက်ထပ်တွင် လှော်ခတ်နေသော သင်္ဘောသား အများအပြားထံမှလည်း ထွက်ပေါ်လာခြင်းဖြစ်သည်။

အချိန်ကြာလာသည်နှင့်အမျှ နေ့တာသည် မှောင််မိုက်လာပြီး ပင်လယ်ပြင်သည် ငြိမ်သက်တိတ်ဆိတ်လာသည်။ စူးချန်ခုန်း အနည်းငယ် ငြီးငွေ့လာ၏။ ပင်လယ်ပြင်ကြီးက များသောအားဖြင့် တိတ်ဆိတ်ပြီး ‌ပျင်းရိဖွယ်ကောင်းသည်။ သင်္ဘောကြီး ရေပြင်ကို ထိုးဖောက်နေသည့်အသံနှင့် ရံဖန်ရံခါ နှောင့်ယှက်တတ်သော လေနှင့်လှိုင်းသံများသာရှိ၏။

"ငါလည်း လေ့ကျင့်ဖို့ အခန်းထဲကို ပြန်သွားဦးမှပဲ။"

နောက်ဆုံးတွင် စူးချန်ခုန်းသည် သင်္ဘောခန်းထဲသို့ ပြန်သွားပြီး ငြိမ်သက်စွာ အသက်ရှုသွင်း ရှူထုတ်ကာ အေးဆေးတည်ငြိမ်သော ပထမညကို ဖြတ်သန်းခဲ့သည်။

နောက်တစ်နေ့မနက် အစောကြီး မရောက်ခင်မှာ အနှောက်အယှက်တချို့ ပေါ်လာလေ၏။

"အရှေ့မှာ တစ်ခုခုရှိတယ်။ ပစ်မှတ်ကို တွေ့ပြီ။"

ရွက်တိုင်ပေါ်ကနေ ကင်းထောက်တစ်ယောက်က လှမ်းအော်ပြီး လူတိုင်းကို လှုံ့ဆော်လိုက်သည်။

"အရေအတွက် ဘယ်လောက်လဲ"

စစ်ခုန်းကျန့် ချက်ချင်း မေးလိုက်သည်။

ဂရုတစိုက်ကြည့်ရှုပြီးနောက် နံနက်စောစောတွင် မြူခိုးများကြား လှမ်းကြည့်နေသော ကင်းထောက်က ပြန်လည် သတင်းပို့သည် “သင်္ဘောတစ်စင်းပါပဲ။ ဆယ်မီတာရှည်တယ်။ အလံမှာ ဘာမျိုးနွယ်စု အမှတ်အသားမှ မပါဘူး။ ပင်လယ်ဓားပြသင်္ဘောတစ်စီး ဖြစ်တဲ့ပုံပဲ။"

ဆယ်မီတာနီးပါးရှည်သော သင်္ဘောတစ်စင်းတွင် အနည်းဆုံး လူတစ်ရာထက်မနည်း ထားရှိနိုင်သည်။

ဒါကိုကြားတော့ စစ်ခုန်းကျန့်ရဲ့ မျက်နှာထားက အေးစက်သွားလေ၏။ "ထိပ်တန်းဂိုဏ်းသား ဆယ်ယောက်စီပါတဲ့ အမြန်သင်္ဘောလေးစင်းကို ချလိုက်။ သူတို့က ပင်လယ်ဓားပြတွေဆိုရင် မညှာနဲ့။ သတ်ပစ်!"

“ဟုတ်ကဲ့!”

အားလုံးက တုံ့ပြန်ပြီး မြန်မြန်ဆန်ဆန် လှုပ်ရှားခဲ့ကြသည်။

"ကျွန်တော်လည်းလိုက်မယ်!" သိလိုစိတ်ကို မထိန်းနိုင်ဘဲ စူးချန်ခုန်းသည်လည်း ဧရာမဝေလငါးဂိုဏ်းနှင့် မိုးပြာပင်လယ်ဓားပြများကြားတိုက်ပွဲကို သက်သေအဖြစ် လိုက်ကြည့်ရန် ဆုံးဖြတ်ခဲ့သည်။

ဝေလငါးမည်း၏ ကုန်းပတ်အစွန်းတွင် ကြိုးများဖြင့် ချည်ထားသော သစ်သားလှေငယ်များသည် ရေထဲသို့ နိမ့်ကျသွားသည်။ ဤလှေများသည် အလွန်သေးငယ်ပြီး တစ်စီးလျှင် လူဆယ်ဦးထက် ပိုမဆံ့နိုင်ပါ။

ဤခေတ်တွင် ရေတပ်တိုက်ပွဲများကို အမျိုးအစားများစွာ ခွဲခြားထားသည်။ တစ်မျိုးမှာ တာဝေးပစ်တိုက်ပွဲဖြစ်ပြီး ရန်သူ့သင်္ဘောများကို ဖျက်စီးရန်အတွက် မြှားများ၊ အမြှောက်များ ပစ်လွှတ်ခြင်းဖြစ်သည်။

နောက်တစ်ခုကတော့ ရန်သူ့ထဲကို အရှိန်အဟုန်နဲ့ အားအပြည့် ချီတက်ဖို့ သင်္ဘောတွေရဲ့ ကိုယ်ပိုင်ပစ္စည်းအမြောက်အမြားကို အသုံးပြုပြီး လေးမြှားတွေပေါ်မှာ ယန္တရားတွေကို အသုံးပြုပြီး အပြန်အလှန် ပျက်သုဉ်းစေမယ့် နည်းလမ်းတစ်ခု ဖြစ်သည်။

ငွေကုန်ကြေးကျအနည်းဆုံးမှာ ရန်သူ၏သင်္ဘောကို အမြန်လှေများဖြင့် တိတ်တဆိတ် ချဉ်းကပ်ပြီး ကုန်းပတ်ပေါ်တက်ကာ သင်္ဘောပေါ်ရှိ ရန်သူအားလုံးကို အနီးကပ်တိုက်ခိုက်ခြင်း ဖြစ်သည်။

ပင်လယ်ဓားပြသင်္ဘောဟု သံသယရှိသော မြူခိုးများကြားမှ သင်္ဘောကို ဧရာမဝေလငါးဂိုဏ်းမှ မစုံစမ်းရသေးသဖြင့် စစ်ခုန်းကျန့်သည် ထိုသင်္ဘော၏ ကုန်းပတ်ပေါ်တက်ပြီး ရန်သူကို ဖယ်ရှားရေး အစီအစဉ်အတွက် ရွေးချယ်ခဲ့သည်။

စူးချန်ခုန်းလည်း အမြန်လှေပေါ်ကို ခုန်တက်သွားလေ၏။

"မင်းကို ဒီနားမှာ မတွေ့ဖူးပါဘူး။ လူသစ်လား"

အမြန်လှေပေါ်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက စူးချန်ခုန်းကို တစ်ချက်ကြည့်လိုက်ပြီး သူနှင့် အနည်းငယ်မျှ မရင်းနှီးသလို ခံစားရသဖြင့် မေးခွန်းထုတ်လိုက်သည်။

All Chapters