← Chapters

ရီဖူရှင်း၏ ယုံကြည်မှု

Vol. 158 Ch. 2250

ရီဖူရှင်း၏ ယုံကြည်မှု

Vol. 158 Ch. 2250

နေမင်းနတ်ဘုရားဓားက လေဟာနယ်အတွင်းမှ ကျင့်ကြံသူများကို သတ်ဖြတ်ရန် အောက်သို့ ဆက်လက် ကျဆင်းလာသည်ကို ကြည့်ရင်း ရီဖူရှင်းသည် သူ့တွင် ရွေးချယ်စရာမရှိတော့ဘဲ လှုပ်ရှားရမည်ကို သိလိုက်သည်။

ထို့အပြင် မှော်နက်လောကနှင့် နတ္ထိဘုံမှ ကျင့်ကြံသူများကလည်း သူတို့ကို အနီးကပ်စောင့်ကြည့်နေသေးသည့်အတွက်ကြောင့် တိုက်ခိုက်ရန်မှာ တစ်ခုတည်းသော ရွေးချယ်စရာဖြစ်နေသည်။

သူက ထိုသို့ တွေးလိုက်မိသည့် အချိန်၌ ရီဖူရှင်းအရှေ့တွင် တစ်စုံတစ်ယောက်က ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုသူက နတ်အလင်းများနှင့် တောက်ပနေပြီး သူ၏ ရုပ်ခန္ဓာက ခမ်းနားထည်ဝါလှသည်။ ၎င်းကို အနန္တအက္ခရာစာလုံးများဖြင့် ဖွဲ့စည်းထားသည်ဟု ထင်မှတ်ရပြီး ကြောက်မက်ဖွယ် အလင်းများ ထုတ်လွှတ်နေသည်။

ဘုန်း... ရီဖူရှင်း အနီးတွင် ရှိနေသည့် စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများက ၎င်းကို မြင်သည့်အခါ အဝေးသို့ အလျင်အမြန် ဆုတ်ခွာသွားကြသည်။ သူတို့၏ နှလုံးသားများက ပြင်းထန်စွာ ခုန်ပေါက်နေခဲ့၏။

ထိုရုပ်ခန္ဓာက လူတိုင်း၏ နှလုံးသားထဲတွင် ထိတ်လန့်အံ့အားသင့်မှုကို ခံစားမိစေခဲ့သည်။

လေဟာနယ်အတွင်း၌ ထိပ်သီးအင်အားစုများမှ ခေါင်းဆောင်တို့၏ မျက်လုံးများက ထက်ရှလာပြီး သူတို့၏ နှလုံးသားများက ပြင်းထန်စွာ တုန်ယင်နေခဲ့သည်။ အထူးသဖြင့် ရှန်ချင်းနယ်မြေမှ ကျင့်ကြံသူများ၏ မျက်လုံးများထဲ၌ တောက်ပသော အလင်းများ ဖြစ်ပေါ်လာ၏။ သူတို့သည် ထိုဖြစ်တည်လာသော ရုပ်ခန္ဓာကို စိုက်ကြည့်နေကြသည်။

သို့သော် ၎င်းက အစစ်အမှန် ရုပ်ခန္ဓာတစ်ခုမဟုတ်ဘဲ ရုပ်ကြွင်းတစ်ခုသာ ဖြစ်သည်။

"မဟာအင်ပါယာရှန်ကျားရဲ့ ရုပ်ကြွင်းပဲ။" ရှန်ချင်းနယ်မြေမှ ကျင့်ကြံသူများက ၎င်းကို သတိပြုမိသည့်အခါ တုန်ယင်လာကြသည်။ အခြားနယ်မြေများမှ ကျင့်ကြံသူတို့ကလည်း မည်သည်တို့ ဖြစ်နေသည်ကို ရှင်းလင်းစွာ သတိပြုမိကြပေသည်။ နတ်ဘုရားတစ်ပါး၏ မြင့်မြတ်သော ရုပ်ကြွင်းသာလျှင် ထိုမျှ ကြောက်မက်ဖွယ် စွမ်းအားကို ထုတ်လွှတ်နိုင်ပေသည်။

သို့သော် ဤတစ်ကြိမ်၌ ရီဖူရှင်းက ထိုရုပ်ကြွင်းကို ထုတ်ယူလိုက်ခြင်းမှာ မညျသညျ့အဓိပ်ပါယျနညျး။

သူက အခြားသူများ ယူဆောင်သွားမည်ကို ကြောက်ရွံ့ခြင်း မရှိသည်လား။

ရှန်ချင်းနယ်မြေမှ ကျင့်ကြံသူများက နတ်ဘုရားရုပ်ကြွင်း၏ ကြောက်မက်ဖွယ်ကောင်းပုံကို တွေ့ကြုံခဲ့ပြီး ဖြစ်သည်။ သို့သော် နောက်ဆုံးအကြိမ်၌ ၎င်းကို ထိန်းချုပ်ခဲ့သူက လေးမျက်နှာကျေးရွာမှ ဆရာသခင် ဖြစ်သည်။ သို့ပေမယ့် ယခုတစ်ကြိမ်၌ နတ်ဘုရားရုပ်ကြွင်းကို ထုတ်ယူလိုက်သူက ရီဖူရှင်း ဖြစ်လေသည်။ သူက အချိန်တိုအတွင်း ကျင့်ကြံခဲ့ပြီးနောက် နတ်ဘုရားရုပ်ကြွင်းအား ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်နိုင်သလား။

သို့သော် သူ့အဆင့်၌ မည်သို့ အောင်မြင်နိုင်ပါမည်နည်း။

သူတို့၏ မျက်လုံးများက ထိုနေရာတွင် ရှိနေပြီး ရီဖူရှင်းဘက်မှ ကျင့်ကြံသူများက အတော်လေး စိတ်သက်သာရာ ရသွားခဲ့သည်။ ကြည့်ရသည်မှာ ရီဖူရှင်းထံ၌ ဝှက်ဖဲတချို့ ရှိနေပုံရသည်။ မဟုတ်လျှင် သူက အလွန်လျင်မြန်စွာ ပြန်လာလိမ့်မည် မဟုတ်ပေ။

သူ့ကို ရှုံးနိမ့်အောင်လုပ်ပြီး သတ်ဖြတ်ရန်မှာ သိပ်လွယ်ကူလိမ့်မည် မဟုတ်ချေ။

ထိုအချိန်တွင် ရီဖူရှင်းက အလွန်တောက်ပသည့် နတ်အလင်းတို့ကို ထုတ်လွှတ်လိုက်ပြီး ရှေးဟောင်းသစ်ပင်၏ အကိုင်းအခက်များက မရေတွက်နိုင်သော လေစီးကြောင်းများအဖြစ် ပြောင်းလဲသွားသည်။ ယင်းတို့က မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းအတွင်း ရောက်ရှိသွားပြီး တဖြေးဖြေး စိမ့်ဝင်သွားသည်။ တစ်ချိန်တည်းတွင် ရီဖူရှင်း၏ အထက်၌ သိမ်မွေ့နက်နဲသော ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ၎င်းက သူ၏ ပုံရိပ်ဖြစ်လေသည်။ သူ၏ မျက်လုံးများက မဟာအင်ပါယာရှန်ကျားကို စိုက်ကြည့်နေပြီး ထိုနေရာသို့ ရွေ့လျားသွားကာ ၎င်း၏ အထဲသို့ ဝင်ရောက်၍ ပေါင်းစပ်ရန် ကြိုးစားနေသည်။

.........

လူတိုင်း၏ အကြည့်များအောက်တွင် ထိုပုံရိပ်နှင့် အဆုံးမဲ့လေစီးကြောင်းတို့က နတ်ဘုရားရုပ်ကြွင်းအတွင်း တိုးဝင်သွားကာ သူ၏ စိတ်ဝိညာဥ်ဖြင့် မဟာအင်ပါယာရှန်ကျားအား ရုပ်ကြွင်းကို ထိန်းချုပ်ရန် ကြိုးစားနေသည်။ ထိုမြင်ကွင်းမှာ ရှန်ချင်းနယ်မြေမှ လူများကို အနည်းငယ် စိုးရိမ်ပူပန်လာစေ၏။

ရီဖူရှင်းက အမှန်တကယ် ထိုသို့ လုပ်နိုင်စွမ်း ရှိသည်လား။

သူက လေးမျက်နှာကျေးရွာမှ ဆရာသခင်နှင့် တူညီသော စွမ်းရည်မျိုး ရှိခဲ့လျှင် မည်မျှ ကြောက်မက်ဖွယ် ကောင်းလိမ့်မည်မှာ ခန့်မှန်း၍ပင် ရနိုင်လိမ့်မည် မဟုတ်ပေ။

ထိုသည်မှာ ရိုးရှင်းစွာ မဖြစ်နိုင်ပေ။

သူတို့သည် လေးမျက်နှာကျေးရွာမှ ဆရာသခင်က ရီဖူရှင်းကို တစ်ခုခု သင်ပေးလိုက်လျှင်ပင် ရီဖူရှင်း၏ အဆင့်က ဆရာသခင်ထက် နိမ့်ကျသည်ဟု တွေးနေကြသည်။ သူက ဆရာသခင်ကဲ့သို့ ရုပ်ကြွင်းကို ထိန်းချုပ်နိုင်လျှင်ပင် ထိုမျှ ပြောင်မြောက်သော တိုက်ခိုက်ရေးစွမ်းအား ထွက်ပေါ်လာအောင် မည်သို့ လုပ်ဆောင်နိုင်ပါမည်နည်း။

မည်သို့ပင်ဖြစ်စေ ရီဖူရှင်းက နတ်ဘုရားရုပ်ကြွင်းအား ထိန်းချုပ်နိုင်လျှင်ပင် သူ ထုတ်ဖော်နိုင်သည့် တိုက်ခိုက်ရေးစွမ်းအားက အကန့်အသတ် ရှိပေလိမ့်မည်။

ဤသည်မှာ ရှန်ချင်းနယ်မြေမှ လူများ သူတို့ကိုယ်သူတို့ ဖြေသိမ့်သည့် နည်းလမ်းဖြစ်ပေသည်။

ရှန်ချင်းနယ်မြေအတွင်းတွင် လေးမျက်နှာကျေးရွာ၌ ဆရာသခင်က မှန်းဆ၍ မရအောင် နက်နဲသော တည်ရှိမှုတစ်ခု ဖြစ်သလို အလွန် အစွမ်းထက်ပြီး ကြောက်မက်ဖွယ် အရည်အချင်းတို့နှင့် အခြားကျင့်ကြံသူအချို့ ရှိနေခဲ့ပြီး ဖြစ်သည်။ အကယ်၍ ရီဖူရှင်းကဲ့သို့ သူမျိုးက မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းကို အပြည့်အဝ ထိန်းချုပ်နိုင်သူ ဖြစ်လာပါက အနာဂတ်တွင် အခြားလူများအတွက် နေရာပင် ရှိပါလိမ့်ဦးမည်လား။

သိပ်မကြာခင်မှာပင် နယ်မြေသခင်အိမ်တော်က အင်အားစုအသစ်ဖြစ်လာသော လေးမျက်နှာကျေးရွာကို ထိန်းချုပ်နိုင်စွမ်း ရှိလိမ့်တော့မည် မဟုတ်ပေ။

ကျိုးမုဟွမ်သည်လည်း လူအုပ်ထဲ၌ ရှိနေခဲ့သည်။ ရှန်ချင်းနယ်မြေသခင်အိမ်တော်မှ ဒုနယ်မြေသခင်အနေနှင့် သူက ပါဝင်ခြင်း မရှိခဲ့ပေ။

ရီဖူရှင်းက သူ၏ စိတ်ဝိညာဥ်ကို ဖြန့်ကျက်ကာ မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းကို ထိန်းချုပ်ရန် ကြိုးစားနေသည်အား မြင်လိုက်ရသည့် အခိုက်အတန့်၌ သူ၏ နှလုံးသားက ပြင်းထန်စွာ တုန်ယင်လာသည်။ သူသည် ယခင်က ရီဖူရှင်း၏ အရည်အချင်းကို သဘောကျခဲ့ပြီး နယ်မြေသခင်အိမ်တော်သို့ ဝင်ရောက်ကာ ကျင့်ကြံစေလိုခဲ့သည်။ ထိုရည်ရွယ်ချက်ကြောင့် သူသည် ကျိုးလင်ရှီးကိုပင် ရီဖူရှင်းနှင့် မိတ်ဆွေလုပ်ရန် ပြောခဲ့သေးသည်။

သို့သော် ရီဖူရှင်းက မလှုပ်မယှက်နှင့် နယ်မြေသခင်အိမ်တော်သို့ ဝင်ရောက်ရန် ရည်ရွယ်ချက်မရှိခဲ့ပေ။ ရီဖူရှင်းသည် လေးမျက်နှာကျေးရွာ၌ ကျင့်ကြံရန်သာ နေခဲ့ပြီး သူ၏ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့သည်။

နောက်ပိုင်းတွင် ရီဖူရှင်းသည် မဟာအင်ပါယာရှန်ကျား ရုပ်ကြွင်းမှ နည်းစနစ်ကို တစ်ယောက်တည်း နားလည်သဘောပေါက်နိုင်ခဲ့သည်။ ထို့ကြောင့် ကျင့်ကြံသူများစွာက လေးမျက်နှာကျေးရွာကို ဝိုင်းရံခဲ့သော်လည်း ဆရာသခင ထိတ်လန့်တုန်လှုပ်ဖွယ် တိုက်ပွဲစွမ်းရည်ကြောင့် သူတို့အားလုံး ဖိနှိပ်ခံခဲ့ရသည်။

ထို့နောက်တွင် ရီဖူရှင်းက သူတို့နှင့် အောက်ဘုံသို့ မလာခင်အချိန်ထိ လေးမျက်နှာကျေးရွာ၌ ကျင့်ကြံနေခဲ့သည်။

ယခု သူက အမှန်တကယ် မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းကို ထိန်းချုပ်နိုင်စွမ်း ရှိနေပြီလား။

သူက ၎င်းကို တွေးမိသည့်အခါ ကျိုးမုဟွမ်သည် သူ၏ နှလုံးသားအတွင်း ပဋိပက္ခခံစားချက်အချို့ကို ခံစားမိပြီး ရီဖူရှင်းအား မနာလိုဖြစ်နေသည်ကိုပင် ခံစားမိပေသည်။ သူ၏ ထူးခြားသော အဆင့်နှင့် သူက မဟာအင်ပါယာရှန်ကျား ရုပ်ကြွင်းကို ထိန်းချုပ်နိုင်စွမ်း ရှိခဲ့လျှင် ထိုသို့သော နားလည်သဘောပေါက်မှုမျိုးက သူ့ကို ပို၍ မြင့်မားသည့် အဆင့်သို့ ရောက်အောင် ကူညီပေးနိုင်မည်မှာ သေချာပေသည်။ သို့သော် သူသာမကဘဲ ရှန်ချင်းနယ်မြေအတွင်း၌ မည်သူမှ နားလည်သဘောပေါက်နိုင်ခြင်း မရှိခဲ့သည့် မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းအား ရီဖူရှင်းက အောင်မြင်ခဲ့ပေသည်။ သူက ယခု သူမတူထူးကဲသော အရည်အချင်းနှင့် တည်ရှိမှု ဖြစ်သည်။

ယခုတွင် ရီဖူရှင်းနှင့် အခြားလူများ၏ အထက်တွင် နေမင်းနတ်ဓားက ထိုးဖောက်ဝင်ရောက်လာနေပြီ ဖြစ်သည်။ နေမင်းနတ်မီးလျှံက ထိတွေ့မိသော အရာအားလုံးကို အရည်ဖျော်ပစ်နိုင်သည့် ရပ်တန့်မရနိုင်သော စွမ်းအားကို ပိုင်ဆိုင်ထားပြီး အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။ စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများက ၎င်းကို တားဆီးချင်သော်လည်း အမိန့်ပေးသည့် အသံတစ်ခုကို ကြားလိုက်ရသည်။ "ဒီနေရာကနေ ဖယ်ပြီး ကျုပ် ခန္ဓာကိုယ်ကို ကာကွယ်ထား။"

ထိုအသံထွက်ကျလာသောအခါ မဟာအင်ပါယာရှန်ကျား၏ မျက်လုံးများက ပွင့်ဟလာပြီး အလွန် တောက်ပသည့် နတ်အလင်းတို့ ထိုးထွက်လာကာ ဖျက်ဆီး၍မရနိုင်သော နတ်ဓားကဲ့သို့ လေဟာနယ်ကို ထိုးခွင်းသွားသည်။ တစ်ချိန်တည်းတွင် မဟာအင်ပါယာရှန်ကျား၏ ခန္ဓာကိုယ်က ပြန်အသက်ရှင်လာသလို ပို၍ အသက်ဝင်လာသကဲ့သို့ ထင်မှတ်ရပေသည်။

ထိုမျက်လုံးများတွင် ငြင်းဆန်၍ မရနိုင်သော အေးစက်မှုများ ပါဝင်နေပြီး အထင်အမြင်သေးသည့် ခံစားချက် အနည်းငယ်လည်း ပျော်ဝင်နေသေးသည်။ ၎င်းတို့တွင် မဟာအင်ပါယာရှန်ကျားနှင့် ရီဖူရှင်းတို့ နှစ်ယောက်လုံး၏ စွမ်းအားများ ပါဝင်နေပြီး တသားတည်း ဖြစ်နေသလို ထင်မှတ်ရသည်။

ဘုန်း...

သူက မြေပြင်သို့ ခြေချလိုက်သည်နှင့် ပို၍ ကြောက်မက်ဖွယ်ကောင်းသော အက်ကြောင်းများ ပေါ်ပေါက်လာကာ အဝေးသို့တိုင် ဖြန့်ကျက်သွားလေသည်။ မဟာအင်ပါယာရှန်ကျား၏ ခန္ဓာကိုယ်က လှုပ်ရှားလာသည်။ ၎င်းသည် အနန္တရှေးဟောင်းအက္ခရာတို့နှင့် ဝန်းရံခံထားရသော ကြောက်မက်ဖွယ် နတ်အလင်းအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်က ကောင်းကင်အထက်သို့ ထိုးတက်သွားခဲ့သည်။

နေမင်းနတ်ဓားက ကျဆင်းလာသော်လည်း မဟာအင်ပါယာရှန်ကျားက တုံ့ဆိုင်းတွေဝေခြင်းမရှိ ဖမ်းထားလိုက်ခြင်းကို ခံရပေသည်။ သူက လက်ကို ဆန့်ထုတ်ကာ ဓားအား ဆုပ်ကိုင်လိုက်သည်။ ကြောက်မက်ဖွယ် နေမင်းနတ်မီးလျှံက ချက်ချင်း ကျူးကျော်ဝင်ရောက်လာပြီး မဟာအင်ပါယာရှန်ကျား၏ ခန္ဓာကိုယ်အား ဖုံးလွှမ်းထားကာ သူ့ကို အပြီးတိုင် လောင်ကျွမ်းသွားတော့မလို ထင်မှတ်ရပေသည်။

သို့သော် ၎င်းက နတ်ဘုရားရုပ်ကြွင်း ဖြစ်လေသည်။ နေမင်းနတ်ဘုရားမီးလျှံနှင့် မည်သို့ သန့်စင်ခံရနိုင်ပါမည်နည်း။

"ဒါက..."  ထိုမြင်ကွင်းကို မြင်သည့်အခါ အားလုံးသော ကျင့်ကြံသူများ၏ နှလုံးသားများက ပြင်းထန်စွာ ခုန်လှုပ်လာခဲ့သည်။ သူက နေမင်းနတ်ဓားကို လက်ဗလာဖြင့် ဖမ်းယူရန် ကြိုးစားခဲ့သည်လား။

လက်ရှိ ရှိနေသည့် လူများကြားတွင် ထိုသို့သော အပြုအမူမျိုးဖြင့် မည်သူက ကြိုးစားကြည့်ရဲပါမည်နည်း။

ရီဖူရှင်းသာလျှင် လုပ်နိုင်ပေလိမ့်မည်။ သူက မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းကို ထိန်းချုပ်ရဲပြီး လက်ဗလာဖြင့် နတ်ဓားအား ဖမ်းဆုပ်ရဲပေသည်။ မဟာအင်ပါယာ၏ ရုပ်ကြွင်းက နှစ်ပေါင်းများစွာ ပျက်စီးခြင်းမရှိဘဲ ထာဝရ ဖျက်ဆီး၍မရနိုင်သော ဖြစ်တည်မှုမျိုး ဖြစ်ပေသည်။ နေမင်းနတ်မီးလျှံက အစစ်အမှန် နတ်ဘုရားများမှ ထုတ်လွှတ်ခြင်း မဟုတ်ခဲ့လျှင် မဟာအင်ပါယာ၏ ရုပ်ကြွင်းကို မည်သို့ ဖျက်ဆီးနိုင်ပါမည်နည်း။

ရုတ်တရက် မဟာအင်ပါယာရှန်ကျား၏ လက်က အငွေ့များထွက်လာပြီး လူတိုင်း၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်များအောက်တွင် နေမင်းနတ်အလင်းများဖြင့် ဖွဲ့စည်းထားသော နေမင်းနတ်ဓားက တဖြေးဖြေးချင်း စတင် ပျက်စီးလာခဲ့ပေသည်။ နေမင်းနတ်ဓားက ဆက်လက်၍ ပြိုကွဲနေပြီး ၎င်း၏ ဝန်းကျင်တွင် ကြောက်မက်ဖွယ်ပင် မီးလျှံစက်ကွင်းကို ဖန်တီးနေကာ မဟာအင်ပါယာရှန်ကျား၏ ခန္ဓာကိုယ်က အထက်သို့ ထိုးတက်သွားခဲ့သည်။ မဟာအင်ပါယာရှန်ကျား၏ ခန္ဓာကိုယ်က မီးလျှံများဖြင့် လွှမ်းခြုံခံထားရလျှင်ပင် ၎င်းက သတိပြုမိပုံမပေါ်ပေ။

မဟာအင်ပါယာရှန်ကျား အသက်ရှိစဥ်က သူသည် ကောင်းကင်လမ်းစဥ်ကိုပင် အာခံရဲသော ထူးခြားသည့် ဖြစ်တည်မှုတစ်ခု ဖြစ်ခဲ့ပေသည်။

***

All Chapters