← Chapters

နတ်ဆိုးများကျုးကျော်၀င်ရောက်ခြင်း

Vol. 5 Ch. 73

နတ်ဆိုးများကျုးကျော်၀င်ရောက်ခြင်း

Vol. 5 Ch. 73

ထျန်းယွမ်စင်မြင့်ပေါ်တွင်...

လီချန်ရှတစ်ယောက် မားမားမတ်မတ်ရပ်နေခဲ့သည်။

သူ၏ရင်ထဲမှ ခံစားချက်က ပိုမိုပြင်းထန်လာခဲ့သည်။ဤနေရာသည် သူပိုင်ဆိုင်သောအရာမဟုတ်သလို သူကလည်းဤနေရာကိုမပိုင်ဆိုင်ပေ။အရာအားလုံးက လွဲမှားနေခဲ့သည်။

ဤနေရာရှိ အရာအားလုံးသည် အခြားသူတစ်ယောက်နှင့် သက်ဆိုင်နေခဲ့သည်။

သူ၏အိမ်မှာ တောင်ခြေက ရွာငယ်လေးဖြစ်သည်

သူသည် တော်၀င်မိသားစုဖြစ်စေ၊နဂါးသွေးကြောဖြစ်စေ၊လီမိသားစု၏ဘိုးဘေးများနှင့်ဖြစ်စေ နီးစပ်သောခံစားချက်များရှိမနေပေ။ယခုအခါ သူ၏ခံစားချက်အစစ်အမှန်အား လုံး၀နားလည်သွားခဲ့ပြီဖြစ်သည်။

"ဒီ‌မြင်တွေ့နေရတဲ့ နဂါးသွေးကြောက အတုအယောင်ပဲ...ညဇီးကွက်ဘုရင်က ငါ့ကိုရုပ်သေးတစ်ခုလို အသုံးချချင်နေတာလား"

ဤပြဇာတ်ကြီးသည် အကောင်းလားအဆိုးလား သို့မဟုတ် ကမ္ဘာကြီးအားဒုက္ခရောက်စေမည်လား...သို့မဟုတ် လူများကိုကယ်တင်ရာရောက်မည်လား သူမသိခဲ့ပေ။နောက်ဆုံးတွင် သူ၏အသိစိတ်က တိမ်မြုပ်သွားကာ မည်သည့်အရာကိုမှ မမြင်ရတော့ပေ။

ကောင်းချီးကံကြမ္မာတိုင်အား ၀န်းရံထားသော လက်သည်းငါးခုရွှေနဂါး၏ ရုပ်လွှာကိုသာ သူစိုက်ကြည့်နေမိသည်။

အချိန်များက တရွေ့ရွေ့ကုန်ဆုံးသွားခဲ့သည်။

ဂျိမ်း...

ရုတ်ချည်းဆိုသလိုပင် အဝေးတစ်နေရာမှ ကျယ်လောင်သော ပေါက်ကွဲသံကထွက်ပေါ်လာခဲ့သည်။

ကောင်းကင်ယံတွင် ကြာညိုကြီးတစ်ပွင့် ရုတ်တရက်ပွင့်လန်းလာကာ အနက်ရောင်တိမ်တိုက်များက အဆုံးမဲ့လေလှိုင်းများကိုထုတ်လွှတ်လျက် တောက်ပသောအလင်းများကိုထုတ်လွှတ်နေသော ခွန်းလွန်တောင်ကြားကို ကျူးကျော်၀င်ရောက်လာခဲ့သည်။

ကောင်းချီးကံကြမ္မာတိုင်က ယိမ်းထိုးသွားခဲ့ကာ လက်သည်းငါးခုပါသော ရွှေနဂါး၏ပုံရိပ်က ပျက်စီးသွားမတတ်ဖြစ်သွားခဲ့သည်။

"ကြာနက်နတ်ဆိုးဧကရာဇ်...မင်းလုပ်ရဲတယ်ပေါ့..."

ကျယ်လောင်သောဟိန်းဟောက်သံနှင့်အတူ မူလက ‌ခွန်းလွန်တောင်‌ကြား၌ရှိနေသော ညဇီးကွက်ဘုရင်သည် မျက်စိတစ်မှိတ်အတွင်း ကောင်းကင်ပေါ်ရှိ ကြာညိုပေါ်တွင် ထွက်ပေါ်လာခဲ့သည်။

ညဇီးကွက်ဘုရင်သည် လက်ဝါးဖြင့်ရိုက်ထုတ်လိုက်ရာ ကောင်းကင်နှင့်မြေပြင်အကြားရှိ လေဟာနယ်က‌မှန်တစ်ချပ်လို အက်ကွဲသွားခဲ့ပြီး ကြာညိုကလည်း ပြာများအဖြစ် ပေါက်ကွဲသွားခဲ့ရသည်။

သို့သော်လည်း ကောင်းကင်နှင့်မြေကြီးအကြား ပြန့်ကျဲနေသောပြာမှုန်များသည် မရေမတွက်နိုင်သော ကြာနက်အငယ်စားလေးများအဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ နောက်ထပ်တစ်ကြိမ် ပေါက်ကွဲသွားခဲ့သည်။

ဂျိမ်း...ဂျိမ်း...ဗုံး...

ဆက်တိုက်ပေါက်ကွဲမှုများကြောင့် ခွန်းလွန်တောင်ကြားတစ်ခုလုံး တုန်ခါသွားကာ မြေကြီးကလည်း လှုပ်ခါသွားခဲ့သည်။

"ယဇ်ပလ္လင်ကို ကာကွယ်ကြ..."

ညဇီးကွက်ဘုရင်က အမိန့်ပေးလိုက်ပြီးနောက် ကြာနက်နတ်ဆိုးဧကရာဇ်အား စစ်မြေပြင်မှနေ၍ အဝေးသို့ဆွဲခေါ်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ခွန်းလွန်တောင်ကြား၏အရပ်ရပ်မှ နတ်ဆိုးများကပြေးထွက်လာခဲ့ကြသည်။

"ဒါက အရမ်းကိုကောင်းမွန်တဲ့ ပြဇာတ်တစ်ပုဒ်ပဲ..."

အခြေအနေများက လီယွမ်မျှော်လင့်ထားသလိုပင်...ညဇီးကွက်ဘုရင်သည် ယဇ်ပူဇော်ခြင်းအခမ်းအနားကို ရပ်တန့်ရန် အခွင့်အရေးအရယူခဲ့သည်။

ဤနည်းအားဖြင့် ဘုရင်ခံများနှင့်ကျွမ်းကျင်သူများက မူမမှန်ကြောင်း သတိထားမိလျှင်တောင်မှ ထူးခြားဖြစ်စဉ်များကြောင့် ဒါယန်းတော်၀င်မိသားစု၏ စစ်မှန်သောအမွေခံပြန်လာပြီဖြစ်ကြောင်း သာမန်လူများကို ယုံကြည်စေမည်ဖြစ်သည်။

လောကတွင် လူမိုက်များက မရေမတွက်နိုင်ပေ...အနည်းငယ်စဉ်းစားတတ်သူများပင် လူအများ၏လမ်းကြောင်းအတိုင်း ယောင်ချာချာဖြင့် လိုက်ပါနေရသည်။

ဤပြဇာတ်က ဒါယန်းတော်၀င်မိသားစုအတွက် အကျိုးရှိပေသည်။အနည်းဆုံးသူတို့သည် လူအများ၏စိတ်အခြေအနေကို မြင့်တင်ပေးနိုင်ခဲ့သည်။သူတို့သည် နေရာအမျိုးမျိုး၌ ဖြန့်ကျက်ထားသော အစောင့်တပ်ဖွဲ့များ၏ စည်းလုံးညီညွတ်မှုအား တိုးမြင့်ပေးလာနိုင်ခဲ့သည်။

"သတ်ကြ..."

ယခုလည်း အမျိုးမျိုးသောအင်အားစုများမှ လူမိုက်များသည် နတ်ဆိုးများအား အရူးအမူးတိုက်ခိုက်လာခဲ့ကြသည်။

"တကယ်ကြီး တစ်ခုခုဖြစ်လာတာပဲ...မောင်လေး ငါ့အနားမှာပဲနေ"

နင်ဟုန်ယုက မျက်မှောင်ကြုတ်လိုက်မိသည်။

သူတို့၂ဦး၏တာ၀န်မှာ ယိုဘုရင်တပ်စွဲထားသော‌နေရာနှင့်ကပ်လျက်ဖြစ်သော လမ်းကြောင်းတစ်ခုအား စောင့်ကြပ်ရန်ဖြစ်သည်။

"သေစမ်း..."

စန်းလန်ဘုရင်မျှော်လင့်ထားသည့်အတိုင်း လီယွမ်နှင့်နင်ဟုန်ယုတို့ရောက်ရှိလာချိန်တွင် နတ်ဆိုးများစွာသည် ထိုလမ်းကြောင်းသို့စုပြုံတိုး၀င်လာကြသည်။ယိုဘုရင်သည် လုံး၀ခုခံခြင်းမရှိဘဲ နတ်ဆိုးများကို၀င်ရောက်ခွင့်ပြုခဲ့သည်။

စန်းလန်တပ်သည် နတ်ဆိုးများနှင့်သွေးချောင်းစီးတိုက်ပွဲအား ဆင်နွဲခဲ့ကြသည်။

လီယွမ်သည် ရင်းနှီးသောပုံရိပ်တစ်ခုအား တွေ့မြင်လိုက်ရသည်။သူမသည် စန်းလန်မင်းသမီး၏ ကိုယ်ရံတော်ဟောင်းဖြစ်သူ လီလောချမ်ဖြစ်သည်။

"လီယွမ်လား..."

သူမအား လာရောက်ကူညီပေးသူကိုမြင်သော် လီလောချမ်အံ့အားသင့်သွားခဲ့သည်။တစ်ချိန်တည်းမှာပင် လီယွမ်၏အစွမ်းထက်အော်ရာကြောင့် သူမတုန်လှုပ်သွားခဲ့ရသည်။လီယွမ်ထံမှထုတ်လွှတ်နေသော သွေးချီစွမ်းအင်သည် သိုင်းပညာ၏မဟာသခင်တစ်ယောက်ထက် မနိမ့်ပါးလှပေ။

"မစ္စလီ...ငါတို့မတွေ့ရတာတောင်ကြာပြီ...ဒီတိုက်ပွဲမှာ သတ္တမအဆင့်နတ်ဆိုးတစ်ကောင်ရဲ့အလောင်းကိုရ‌အောင်လို့ မင်းငါ့ကိုကူညီပေးနိုင်မလား"

လီယွမ်သည် ရှေ့တက်သွားခဲ့ကာ နတ်ဆိုးတစ်ကောင်ကို သတ်ဖြတ်ရင်းပြောလိုက်သည်။

"မင်းကခုချိန်မှာ စီးပွားရေးအကြောင်းကိုပြောနေတာလား...ဒီအကျပ်အတည်းကိုဖြတ်ကျော်ပြီးမှ အဲ့အကြောင်းကိုဆက်ပြောကြမယ်..."

လီလောချမ်က ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။

"မောင်လေး...နင်တော်တော်ကံကောင်းတာပဲ...ဘယ်နေရာကိုပဲသွားသွား...ခုလိုသွေးချောင်းစီးနေတဲ့စစ်မြေပြင်မှာတောင် မိန်းမလှတွေနဲ့ ဆုံတွေ့ရတာပဲ"

နင်ဟုန်ယုက နောက်မှကပ်လိုက်လာကာ တိုးတိုးလေးပြောလိုက်သည်။

"အစ်မကြီး...အရမ်းကြီးမစဉ်းစားနဲ့...မစ္စလီက ငါ့ရဲ့စီးပွားရေးလုပ်ဖော်ကိုင်ဖက်ဖြစ်တယ်...ဒီနေ့မှပြန်တွေ့ရတာပါ..."

လီယွမ်က ကာကွယ်ပြောဆိုခဲ့သည်။

"အဟမ်း...မင်းစဉ်းစားကြည့်ပါအုံး...ငါမင်းကိုခုထိလက်ဆောင်မပေးရသေးဘူးမလား...ခုနက သတ္တမအဆင့်နတ်ဆိုးအလောင်းကိုလိုချင်တယ်လို့ ပြောခဲ့တယ်နော်...ဒီစီနီယာအစ်မက မင်းကိုလက်ဆောင်ပေးမှာပေါ့...မစ္စလီထက်စာရင် မင်းအပေါ်ငါကောင်းကောင်းဆက်ဆံပေးပါမယ်"

နင်ဟုန်ယုက အရှက်ပြေရယ်မောကာ ပေါ့ပေါ့ပါးပါးပင် စကားအကြောင်းအရာကို ‌ပြောင်းလဲလိုက်သည်။

"ဟူး..."

လီယွမ်တစ်ယောက် ရယ်ရခက်ငိုရခက်ဖြစ်သွားရပြန်သည်။

သူနှင့်မစ္စလီတို့သည် အမှန်တကယ်ပင်စီးပွားရေးအရ ပတ်သက်သူများဖြစ်ကြသော်လည်း ဤစီနီယာအစ်မက မနာလိုဖြစ်ကာ သူ့အားအတင်းလိုက်နှောင့်ယှက်နေခဲ့သည်။သူမသည် အမှန်ပင်ထူးခြားလှပေသည်။

သူအတွေးများနေစဉ် နင်ဟုန်ယုက လက်တွေ့အကောင်အထည်ဖော်ရန် လုပ်ဆောင်နေခဲ့သည်။

ဂူသခင်တစ်ယောက်ဖြစ်သော်လည်း နင်ဟုန်ယု၏တိုက်ခိုက်ရေးပုံစံမှာ အနီးကပ်တိုက်ပွဲ၀င်ခြင်းကို အလေးသာပေသည်။သူမသည် သိုင်းပညာများကိုတတ်ကျွမ်းကာ ဂူကောင်များက သူမ၏ခန္ဓာကိုယ်တဝိုက်တွင် လှည့်ပတ်နေကာ ထူးထူးခြားခြားပင် ပျောက်ကွယ်သွားခဲ့သည်။

ထိုဂူကောင်များသည် နတ်ဆိုးများနှင့်ထိတွေ့မိချိန်တွင် ထိုနတ်ဆိုးများထဲမှအချို့သည် ခန္ဓာကိုယ်များယားယံကာ သေဆုံးသွားကြရပြီး အချို့နတ်ဆိုးများမှာ မျက်လုံးများပြူးကျယ်လျက် လဲကျသေဆုံးသွားကြသည်။

ခဏအကြာတွင် နင်ဟုန်ယုသည် သွေးစွန်းနေသောလမ်းကြောင်းကို ဖြတ်ကျော်ကာ သတ္တမအဆင့်ကျားနတ်ဆိုးထံသို့ ချဉ်းကပ်သွားခဲ့သည်။

လီယွမ်သည် တိုက်ပွဲ့၀င်နေသော်လည်း ခွန်အားအပြည့်ထုတ်မသုံးခဲ့ပေ။ရှောင်ကိုင်နှင့်ဝူမေ့တို့သည် သူ၏အ၀တ်အစားထဲ၌ပုန်းအောင်းနေခဲ့ကာ ဓားနတ်သမီးကလည်း အဝေးမှနေ၍သာစောင့်ကြည့်နေခဲ့သည်။

ဘန်း...

လီယွမ်သည် ဆဌမအဆင့်နတ်ဆိုးအား အနိုင်ယူလိုက်ပြီးနောက် သူ၏အခြေအနေကို ချိန်ဆလိုက်သည်။

"ထောင်ချီဂူအိမ်၂ခုရဲ့ ပံ့ပိုးပေးမှုကြောင့် ငါ့ရဲ့ခွန်အားဟာ ဆဌမအဆင့်နတ်ဆိုးထက် လုံး၀သာလွန်နေခဲ့ပြီ...တကယ်ဆိုရင် ပြဿနာမရှိဘဲ သတ္တမအဆင့်နတ်ဆိုးကိုတောင်မှ ရင်ဆိုင်နိုင်စွမ်းရှိတယ်"

သူသည် အခြားသောနည်းလမ်းတစ်မျိုးမျိုးကိုအသုံးပြုကာ ခွန်အားကိုအပြည့်အ၀ထုတ်ဖော်၍ တိုက်ခိုက်မည်ဆိုပါက သတ္တမအဆင့်နတ်ဆိုးကို သတ်ဖြတ်နိုင်မည်ဟု ယုံကြည်မှုရှိပေသည်။

သို့သော်လည်း ယခုလိုရှုပ်ယှက်ခတ်နေသော စစ်မြေပြင်ပေါ်၌ သူသည်ထင်ရှားပေါ်လွင်လိုခြင်းမရှိဘဲ ပုံမှန်စွမ်းဆောင်ရည်ကိုသာ ပြသနေခဲ့သည်။

ကောင်းကင်ပေါ်တွင် နဂါးသွေးကြော၏ အံ့ဖွယ်ပုံရိပ်က ဆက်လက်ထင်ဟပ်နေဆဲဖြစ်သော်လည်း အစိတ်စိတ်အမွှာမွှာအက်ကွဲနေကာ ပြိုလဲလုဆဲဆဲဖြစ်နေခဲ့သည်။

"နဂါးသွေးကြောရဲ့ပဲ့တင်သံကိုလိုက်ပြီးတော့ တော်၀င်အမွေအနှစ်ကို ဆက်ခံဖို့အခွင့်အရေးတစ်ခုရှာရမယ်..."

လီယွမ်သည် သူပိုင်ဆိုင်သောအရာကို မစွန့်လွှတ်လိုခဲ့ပေ။

ပရမ်းပတာဖြစ်လေလေ သူ့အတွက်အခွင့်အရေးပိုကောင်းလေဖြစ်သည်။

လီယွမ်အတွေးများနေစဉ်တွင် ပုံရိပ်တစ်ခုက ရုတ်တရက်ပျံထွက်သွားခဲ့ကာ အဝေးမှတောင်တန်းနှင့်တိုက်မိ၍ ပြင်းထန်စွာပြိုလဲသွားခဲ့သည်။ထိုပုံရိပ်မှာ လီလောချမ်ပင်ဖြစ်သည်။

"အဌမအဆင့် နတ်ဆိုးသူတော်စင်လား..."

လီယွမ်ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။

"မဟုတ်သေးဘူး...အဌမအဆင့်မဟုတ်သေးဘူး...ဒါကသူတော်စင်တစ်ပိုင်းအဆင့်ပဲ"

ထိုနတ်ဆိုးသည် ဆင်ဦးခေါင်းနှင့်လူသားခန္ဓာကိုယ်ရှိသော ဆင်နတ်ဆိုးတစ်ကောင်ဖြစ်သည်။၎င်း၏ခြေထောက်များကလည်း ဆင်ခြေထောက်များဖြစ်၍ လမ်းလျှောက်လိုက်တိုင်း မြေကြီးတုန်ခါသွားခဲ့သည်။သာမန်ဓားလှံများက ၎င်းအပေါ်သက်ရောက်ခြင်းမရှိပေ။

"လီယွမ်...နောက်ပြန်ဆုတ်..."

လီလောချမ်သည် ဓားကိုတင်းကြပ်စွာဆုပ်ကိုင်ကာ ထပ်မံတိုက်ခိုက်လိုက်သည်။မဟာသခင်တစ်ယောက်အနေဖြင့် သူမ၏သွေးစွမ်းအင်သည် အလွန်ပြင်းထန်ကာ လျင်မြန်စွာပြန်လည်ကောင်းမွန်လာနိုင်သည်။သူမသည် စန်းလန်တပ်၏ မျိုးဆက်သစ်များအနက် လက်ရွေးစင်တစ်ယောက်ဖြစ်ကာ သူတော်စင်တစ်ပိုင်းအားရင်ဆိုင်ရမည်ကို မကြောက်ရွှံခဲ့ပေ။

နှစ်ဖက်လုံးက အပြန်အလှန်တိုက်ခိုက်နေသော်လည်း အခြေအနေက ရှင်းလင်းပြတ်သားနေခဲ့သည်။လီလောချမ်သည် သတ္တမအဆင့်မဟာသခင်တစ်ယောက်ဖြစ်သော်လည်း ဆင်နတ်ဆိုးကိုမယှည်နိုင်ခဲ့ပေ။

"လူသားပါရမီရှင်တစ်ယောက်က ဘာမှလည်းမဟုတ်ပါလား..."

ဆင်နတ်ဆိုးသည် လူသားဘာသာစကားကို ပြောတတ်ပြီး သူ၏တိုက်ခိုက်မှုများက အစီအစဉ်မကျသော်လည်း သူ၏မွေးရာပါခွန်အားက အရာအားလုံးကိုချိုးဖျက်နိုင်ပေသည်။ဆင်ခြေထောက်တစ်ချောင်းက တောင်တန်းများကိုပင် ဖျက်ဆီးနိုင်ရာ လီလောချမ်၏ဓားသိုင်းက မည်မျှအစွမ်းထက်ပါစေ ဆင်နတ်ဆိုးကိုမယှည်နိုင်ပေ။

"အဆင့်မြင့်နတ်ဆိုးတစ်ကောင်ပဲ..."

လီယွမ်၏မျက်လုံးများက တောက်ပသွားခဲ့သည်။

သူတော်စင်နယ်ပယ်ရောက်ရန် ခြေတစ်လှမ်းသာလိုသော နတ်ဆိုးမဟာသခင်သည် ဝူမေ့၏ထိန်းချုပ်နိုင်သော အတိုင်းအတာတွင်ရှိသည်။ဆင်နတ်ဆိုးကိုသာ ထိန်းချုပ်နိုင်ပါက သူ၏တိုက်ခိုက်ရေးစွမ်းအားသည် တဟုန်ထိုးတိုးတက်လာမည်ဖြစ်သည်။

"ကံမကောင်းလိုက်တာ...ငါ့အတွက်အခွင့်အရေးသိပ်မရှိဘူး..."

ဓားနတ်သမီးသည် တိုက်ပွဲတွင်၀င်မပါသင့်ပေ။ဓားနတ်သမီးသည် အလွန်ထူးကဲလွန်းသည့်အတွက်ကြောင့် သူမသာလူအများရှေ့တွင် ထွက်ပေါ်လာသည်နှင့် သတင်းပျံ့နှံ့သွားကာ အဆုံးမဲ့ဒုက္ခများကို သယ်ဆောင်လာမည်ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်း၃၀၀၀က ဓားနတ်သမီး၏ဂိုဏ်းဖြစ်သော လင်းရှောင်ဓားဂိုဏ်းမှသူများသည် ခွန်းလွန်တောင်ကြားတွင်ရှိမနေနိုင်ဟု လီယွမ်တပ်အပ်မပြောဝံ့ပေ။

လင်းရှောင်ဓားဂိုဏ်းသည် သူတို့၏ဘိုးဘေးဖြစ်သူအား အခြားသူတစ်ယောက်က ဂူကောင်အဖြစ်အသုံးပြုကာ အိပ်ယာကိုနွေးထွေးစေရန် လုပ်ဆောင်စေခဲ့‌ကြောင်း တွေ့ရှိသွားပါက ကျိန်းသေပေါက် သူ့အားသတ်ဖြတ်သွားမှာဖြစ်သည်။

ဝေါင်း...

ထိုအချိန်တွင် စစ်မြေပြင်တစ်နေရာ၌ မထင်မှတ်ထားသော အရာတစ်ခုဖြစ်သွားခဲ့သည်။

လီယွမ်သည် အသံလာရာဘက်သို့လှည့်ကြည့်လိုက်ရာ အနီရောင်၀တ်စုံရှည်အား ၀တ်ဆင်ထားသော နင်ဟုန်ယုသည် ကျားနတ်ဆိုး၏လည်ပင်းပေါ် ရောက်နေကြောင်း တွေ့လိုက်ရသည်။ထိုအချိန်တွင် သူမ၏ခြေထောက်များမှ ရွှေရောင်အလင်းများထွက်ပေါ်လာကာ ကျားနတ်ဆိုး၏လည်ပင်းကို ပြင်းထန်စွာလိမ်ချိုးလိုက်သည်။

ဂျွတ်...

ကျားနတ်ဆိုး၏လည်ပင်းက ချက်ချင်းကျိုးသွားခဲ့ရသည်။

"စီနီယာအစ်မက ရွှေ၀တ်ရုံဂူကောင်နဲ့စွမ်းအားဂူကောင်ကို တပြိုင်နက်အသုံးပြုသွားတာပဲ..."

ထိုအချိန်တွင် နင်ဟုန်ယုသည် လီယွမ်၏အကြည့်ကို သတိပြုလိုက်မိသည်နှင့် ကျားနတ်ဆိုး၏အလောင်းထံချဉ်းကပ်သွားခဲ့သည်။ထို့နောက် သူမ၏နှင်းဖြူရောင်ခြေတံရှည်များက သွေးအိုင်ထဲလဲကျနေဟော ကျားနတ်ဆိုး၏အလောင်းပေါ်ရောက်ရှိသွားခဲ့သည်။

"ဘယ်လိုလဲ...ဂျူနီယာမောင်လေး...အစ်မရဲ့လက်ဆောင်ကို သဘောကျလား"

…

All Chapters