သူတော်စင်တစ်၀က်အဆင့် ဆင်နတ်ဆိုး
Vol. 5 Ch. 74
"ကျေနပ်တာပေါ့...ကျေးဇူးတင်ပါတယ် စီနီယာအစ်မ"
လီယွမ်က အံ့ဩသွားခဲ့ရသည်။
စီနီယာအစ်မနင်ဟုန်ယုသည် သူထင်ထားသည်ထက်ပို၍ အားကောင်းကာ ထက်မြက်ပေသည်။သူမသည် ဂူပညာကိုပြီးပြည့်စုံအောင် အသုံးချနိုင်ရုံသာမက သူမ၏ကိုယ်ပိုင်တိုက်ခိုက်ရေးစွမ်းရည်ကလည်း လူတိုင်းကိုအထင်ကြီးစေပေသည်။
"ဒီအခွင့်အရေးကရှားတယ်...ဒါကြောင့်မင်းရဲ့အရည်အချင်းကို ကောင်းကောင်းမြင့်တင်နိုင်အောင် ကြိုးစားလိုက်...မင်းရဲ့သူငယ်ချင်းမစ္စလီကိုတော့ ငါကယ်တင်လိုက်မယ်"
နင်ဟုန်ယုက ပြုံး၍ပြောလိုက်သည်။
သူမ၏စကားအဆုံးတွင် အနီရောင်၀တ်စုံ၀တ်အမျိုးသမီးတစ်ယောက်သည် စစ်မြေပြင်ကိုဖြတ်ကျော်သွားခဲ့ကာ သူဝောာ်စင်တစ်၀က်အဆင့် ဆင်နတ်ဆိုးဆီသို့ ပြေး၀င်သွားခဲ့သည်။
ရွှီး...ရွှီး...ရွှီး...
ရုတ်ချည်းဆိုသလိုပင် အမှောင်ထုထဲမှနေ၍ ချွန်ထက်သောမြှား၃စင်းဆက်တိုက်ထွက်ပေါ်လာကာ နင်ဟုန်ယုအားနောက်ဆုတ်စေခဲ့သည်။နင်ဟုန်ယုသည် ရွှေ၀တ်ရုံဂူကောင်ကိုအသက်သွင်းကာ ထိုမြှားတံများကို ခုခံလိုက်သည်။
"အနီရောင်စကတ်နဲ့ကောင်မလေး...မင်းကတော်တော်ချောတာပဲ...ဒီအစ်ကိုကြီးနဲ့မကစားချင်ဘူးလား..."
ကျောဘက်တွင် မြှားကျဉ်တောက်လွယ်ထားသော လူတစ်ယောက်ထွက်ပေါ်လာခဲ့သည်။
"ကျန်းချုံဖန်း...အဲ့ဒါမင်းပဲ...ဒါကခွန်းလွန်တောင်ကြားဖြစ်တယ်...ဒါတောင်မှမင်းက နတ်ဆိုးတွေနဲ့ ပြောင်ပြောင်တင်းတင်းပူးပေါင်းနေတယ်ပေါ့...ညဇီးကွက်ဘုရင်သိသွားရင် မင်းနဲ့မင်းသခင်ကိုသတ်မှာ မကြောက်ဘူးလား"
လီလောချမ်က အသစ်ရောက်လာသူအား လှမ်းအော်လိုက်သည်။
"အစ်မလီ...မင်းမှားနေပြီ...ငါလူသားတစ်ယောက်မဟုတ်တာ အတော်ကြာပြီ...နတ်ဆိုးတွေကငါ့ရဲ့ညီအစ်ကိုတွေပဲ...အဲလိုစွပ်စွဲစရာမလိုပါဘူး"
"ဒါယန်းပြည်ပြန်လည်ထူထောင်ပြီး ကမ္ဘာကြီးအေးချမ်းသွားတဲ့အချိန်ကျရင် နတ်ဆိုးတွေအားလုံးရှင်းလင်းပစ်မယ်...တစ်ကောင်မှအရှင်မထားဘူး"
လီလောချမ်က ကျိန်ဆဲလိုက်သည်။
"ဟမ့်...စိတ်ကူးယဉ်နေတာပဲ...မင်းပြောတဲ့အရာတွေကဖြစ်မလာနိုင်ဘူး...ဒါယန်းကပျက်စီးနေတာကြာပြီ...မင်းတို့လို့စိတ်ကူးယဉ်သမားတွေက အိပ်မက်ထဲမှာပဲရှင်သန်နေကြတာပဲ..."
ကျန်းချုံဖန်းက လှောင်ရယ်လိုက်သည်။
"ဘယ်လိုသစ္စာဖောက်မျိုးလဲ...ရွှံစရာကောင်းလိုက်တာ ထွီး..."
လီလောချမ်က ရွှံရှာဟန်ဖြင့် တံတွေးထွေးလိုက်သည်။
"မင်းအသက်ရှင်နေမှ ဒီအကြောင်းကိုဆက်ပြောရအောင်"
ကျန်းချုံဖန်းက ရယ်ရယ်မောမောဖြင့်ပြောလိုက်သည်။
"ခဏနေအုံး...ဒီမုဒိမ်းကောင်ရဲ့ဦးခေါင်းကို အရင်ဖြတ်လိုက်မယ်"
နင်ဟုန်ယုက ဆက်လက်၍သည်းမခံနိုင်တော့ပေ။
"ညီမလေးသတိထားနော်...ဒီကောင်ကတော်တာ်အစွမ်းထက်တယ်...တစ်ချိန်တုံးကသူဟာ ယိုဘုရင်ရဲ့မွေးစားသားဖြစ်ခဲ့ပြီး သူ့ရဲ့ခွန်အားကလည်း သူတော်စင်တပိုင်းအဆင့်နဲ့အတော်နီးစပ်နေပြီ"
လီလောချမ်က သတိပေးလိုက်သည်။
စစ်မြေပြင်က နှစ်ခြမ်းကွဲသွားပြန်သည်။
လမ်းကြောင်းထဲသို့ နတ်ဆိုးများပိုမိုဝင်ရောက်လာသည်နှင့်အမျှ စန်းလန်တပ်၏ အသေအပျောက်ပိုမိုများပြားလာခဲ့သည်။အခြားသောလမ်းကြောင်းများပေါ်ရှိ အခြေအနေများက ပိုမို၀မ်းနည်းဖွယ်ကောင်းကာ နတ်ဆိုးအချို့ဆိုလျှင် ထျန်းယွမ်တောင်ထိပ်သို့ပင် ဦးတည်သွားကြပြီဖြစ်သည်။
"လူတိုင်းသရုပ်ဆောင်နေကြတာလား..."
ခွန်းလွန်တောင်ကြားတွင် ကမ္ဘာပေါ်ရှိအစွမ်းအထက်ဆုံးသူရဲကောင်းများစုစည်းနေကာ ဒါယန်း၏အားအကောင်းဆုံးတပ်ဖွဲ့ဖြစ်သော ညဇီးကွက်အစောင့်များရှိနေသည်တောင်မှ နတ်ဆိုးများအား မတားဆီးနိုင်ခြင်းကို လီယွမ်မယုံကြည်ခဲ့ပေ။
တစ်စုံတစ်ယောက်သည် လီချန်ရှအားနန်းမတက်စေလို၍ တော်၀င်မိသားစုအား ကိုင်တွယ်ရန်အတွက် နတ်ဆိုးများအား တမင်တကာအသုံးချနေပုံရသည်။
စန်းလန်တပ်တော်သည်သာ သေခြင်းတရားကိုဆန့်ကျင်၍ အပြင်းအထန်တိုက်ခိုက်နေခြင်းဖြစ်သလို အဆင့်မြင့်ကျွမ်းကျင်သူများကြား၌လည်း စန်းလန်ဘုရင်ခံရဲ့ရှောင်ကသာ တော်၀င်မိသားစုအား အမှန်တကယ်စိတ်ရင်းဖြင့် ပြန်လည်အသက်သွင်းလိုသူဖြစ်သည်။
ဘန်း...
ရာနှင့်ချီသောတိုက်ပွဲများအပြီးတွင် လီလောချမ်သည် ဆင်နတ်ဆိုး၏နင်းချေခြင်းကိုခံရရကာ မသန်မစွမ်းဖြစ်လုနီးနီးဖြစ်ခဲ့သည်။သူမ၏ပြန်လည်ကုသမှုအရှိန်ကလည်း နှေးကွေးလာခဲ့ကာ အားနည်းသည့်အခြေအနေတွင်ရှိနေခဲ့သည်။
ထိုမြင်ကွင်းကိုကြည့်၍ လီယွမ်သည် ၀င်ရောက်စွက်ဖက်ရန်မှတစ်ပါး ရွေးချယ်စရာမရှိတော့ပေ။
လီလောချမ်သေဆုံးသွားပါက စန်းလန်တပ်တော်သည် လုံး၀ကျရှုံးသွားမည်ဖြစ်ကာ သူနှင့်စီနီယာအစ်မဖြစ်သူသည်လည်း အဆုံးသတ်ကောင်းတော့မည်မဟုတ်ပေ။
ဗုံး...ဗုံး...ဗုံး...
သူတော်စင်တစ်၀က်အဆင့်ရှိ ဆင်နတ်ဆိုးသည် ကျယ်လောင်စွာရယ်မောကာ လီလောချမ်အား အကြိမ်ကြိမ်ကန်ကျောက်နေခဲ့ကာ တစ်ချက်တစ်ချက်ဆိုသလို သူ၏ရှည်လျားလှသော ဆင်နှာမှောင်းကိုဝှေ့ယမ်း၍ တိုက်ခိုက်နေခဲ့သည်။
ဆင်နတ်ဆိုး၏ တိုက်ခိုက်မှုတိုင်းက မြေကြီးပေါ်၌ အပေါက်ကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
လီလောချမ်သည် သတိမထားမိဘဲ ထပ်မံတိုက်ခိုက်ခံလိုက်ရသည်။သူမ၏ဓားသည် အတင်းကန်ထုတ်ခံလိုက်ရကာ ဆင်နတ်ဆိုး၏ခြေထောက်က သူမကိုအသားပြားဖြစ်အောင် ကြိတ်ခြေတော့မည်ဖြစ်သည်။
အရေးကြီးဆုံးအခိုက်အတန့်တွင် လီယွမ်ကရောက်ရှိလာခဲ့ကာ ဆင်နတ်ဆိုးကိုတွန်းလှန်လိုက်သည်။
လီယွမ်သည် ဧရာမဝိညာဉ်ဂူကောင်ကို အပြည့်အ၀အသက်သွင်းလိုက်ရာ သွေးချီစွမ်းအင်များက လီယွမ်၏ခန္ဓာကိုယ်တဝိုက်တွင် မီးတောက်များကဲ့သို့ ပြင်းထန်စွာတောက်လောင်လာခဲ့သည်။သူ၏ရှည်လျားသောဆံပင်များက လေပေါ်လွှင့်မျောနေခဲ့ကာ သွေးချီစွမ်းအင်များကြောင့် အနီရောင်လှိုင်းလုံးကြီးသဖွယ် ထင်မှတ်ရပေသည်။
ဘန်း...
လီယွမ်သည် ဆင်ခြေထောက်နှင့်မျက်နှာချင်းဆိုင်၍ လက်သီးတစ်ချင်ပစ်သွင်းလိုက်သည်။
သူတော်စင်တစ်၀က်အဆင့် ဆင်နတ်ဆိုးသည် တုန်လှုပ်သွားခဲ့ကာ နောက်သို့ခြေတစ်လှမ်းဆုတ်ပေးလိုက်ရပြီး လီယွမ်သည်ကား ခြေလှမ်းများစွာနောက်ဆုတ်ပေးလိုက်ရသည်။ထိုမြင်ကွင်းက လီလောချမ်အားအလွန်အံ့ဩသင့်စေခဲ့သည်။
"လီယွမ်...မင်း...မင်းကလူကောဟုတ်ရဲ့လား"
သူမသည် အလွန်ပင်အံ့အားသင့်နေခဲ့သည်။
ဆင်နတ်ဆိုးများသည် သဘာ၀ကျစွာပင် ခွန်အားအရာ၌ ပြီးပြည့်စုံပေသည်။ဤဆင်နတ်ဆိုးသည် သူတော်စင်တစ်ပိုင်းဖြစ်ပေရာ သူ၏ခွန်အားတစ်ခုတည်းဖြင့်ပင် အဆင့်တူစစ်သည်တော်များအား ချေမှုန်းရန်လုံလောက်ပေသည်။
ခန္ဓာကိုယ်၏သွေးချီစွမ်းအင်ကို ကောင်းကောင်းမထိန်းချုပ်နိုင်သော ဂူသခင်များအတွက် ပြောနေစရာပင်မလိုပေ။
"အီးပေါလောကြီး...မင်းတော့သေပြီသာမှတ်"
လီယွမ်သည် များစွာရှင်းပြမနေဘဲ ဆင်နတ်ဆိုးအားကြည့်၍ လှောင်ပြောင်လိုက်သည်။
"မစ္စလီ...ငါဒီဆင်နတ်ဆိုးရဲ့အလောင်းကိုလိုချင်တယ်...ငါ့ကိုကူညီပေးမလား"
"ကောင်းပြီလေ..."
လီလောချမ်က အနည်းငယ်ထူးဆန်းသလိုခံစားလိုက်ရသည်။ယခုအခါ လီယွမ်သည် မတူကွဲပြားသောလူတစ်ဦးနှင့်တူနေခဲ့သည်။သူသည် ပို၍ပင်မောက်မာလာကာ ယခင်ကလိုနှိမ့်နှိမ့်ချချမနေတော့ပေ။
သူသည် အသက်ရှင်နေသေးသော သူတော်စင်တစ်၀က်နတ်ဆိုးကို အလောင်းတစ်ခုအဖြစ် သုံးနှုန်းခဲ့ပေသည်။
"မင်းတော့ သေပြီသာမှတ်လိုက်တော့..."
သူတော်စင်တစ်၀က်အဆင့် ဆင်နတ်ဆိုးသည် အလွန်ပင်ဒေါသထွက်သွားခဲ့သည်။သူသည် ယခုအချိန်ထိအကောင်းတိုင်းရှိနေသော်လည်း တစ်စုံတစ်ယောက်က သူ့အားအလောင်းတစ်ခုလိုသတ်မှတ်ထားသည်မှာ ခွင့်လွှတ်ပေး၍မရနိုင်သောအရာဖြစ်သည်။
"ဆင်နတ်ဆိုးတွေက အကောင်ကြီးတာကလွဲလို အသုံးမ၀င်ပါဘူး...ငါကအလောင်းကောင်လို့ပြောလိုက်ရင် မင်းကသေပြီးပြီလို့မှတ်ထားလိုက်"
လီယွမ်၏ဆံပင်ရှည်များက လေပေါ်လွှင့်မျောနေကာ မောက်မာသောလေသံဖြင့်ဆိုလိုက်သည်။
"သေစမ်း..."
သူတော်စင်တစ်၀က်အဆင့် ဆင်နတ်ဆိုးက စတင်တိုက်ခိုက်လိုက်သည်။
လီယွမ်၏လက်မောင်းအောက်ရှိ ကြွက်သားများကဖောင်းကြွလာကာ သူ၏အ၀တ်အစားများစုတ်ပြဲထွက်သွားခဲ့သည်။ထို့နောက်သူသည် မြင်းထိုင်အနေအထားဖြင့် ရှေ့သို့အားစုကာ လက်သီးနှစ်ဖက်ဖြင့် ထိုးချလိုက်သည်။
ကြီးမားသောစွမ်းအားချင်းတိုက်မိပြီးနောက် လီယွမ်ထံမှ သွေးများစီးကျလာခဲ့သည်။
"ပြန်လည်ရှင်သန်ခြင်းဂူကောင်..."
လီယွမ်သည် အနည်းငယ်အထိနာသော်လည်း နောက်ဆုတ်ရန်စိတ်မကူးခဲ့ပေ။သူသည် အသက်တစ်ချက်ရှုလိုက်ကာ ပြန်လည်ရှင်သန်ခြင်းဂူကောင်၏စွမ်းအားကိုအသုံးပြု၍ သူ့ကိုယ်သူကုသလိုက်သည်။သူ၏အတွင်းအင်္ဂါများဒဏ်ရာရထားသည်တောင်မှ ဂူကောင်၏အစွမ်းကြောင့် ပြန်လည်ကောင်းမွန်လာခဲ့သည်။
"လီယွမ်...မင်းရူးနေတာလား...ကိုယ့်ကိုကိုယ်သတ်ဖို့ကြိုးစားနေဝာာလား..."
လီလောချမ်က အလွန်ထိတ်လန့်သွားခဲ့သည်။
ထိုကောင်လေးသည် ပုံမှန်အချိန်များတွင် နှိမ့်ချတတ်သော်လည်း ယနေ့တွင်သူ့အသက်သူပင် မနှေမြောတတ်တော့ပုံရသည်။
အရေးအကြီးဆုံးအချက်မှာ လီယွမ်သည် ဆဌမအဆင့်ဂူသခင်တစ်ယောက်မဟုတ်ပေလော...
အဘယ်ကြောင့် သတ္တမအဆင့်မဟာသခင်တစ်ဦးသဖွယ် အစွမ်းထက်နေရသနည်း။
"စိတ်မပူပါနဲ့...ဒီကောင့်ကိုအသေသတ်ဖို့ လာကူညီအုံး..."
လီယွမ်သည် အော်ဟစ်လိုက်ကာ အရူးအမူးတိုက်ခိုက်လိုက်သည်။
သူတော်စင်တစ်၀က်အဆင့် ဆင်နတ်ဆိုးပင်လျှင် လီယွမ်၏ရူးသွပ်သောတိုက်ပွဲ၀င်ပုံစံကြောင့် ထိတ်လန့်နေခဲ့သည်။ဤတိုက်ခိုက်မှုကြောင့် သူ၏ကိုယ်တွင်းအင်္ဂါများသည်ပင် လှုပ်ခါသွားရကာ နာကျင်သွားရသည်။ဤလူသားသည် အဘယ်ကြောင့်သူ့ထက်ခံနိုင်ရည်ရှိနေရသနည်း။
"သေလိုက်စမ်း..."
ထိုအချိန်တွင် လီလောချမ်၏တိုက်ခိုက်မှုကရောက်ရှိလာခဲ့သည်။လီယွမ်သည် ဆင်နတ်ဆိုးအားထိန်းချုပ်ထားသည်ဖြစ်ရာ သူမ၏ထက်မြက်သောဓားသိုင်းစွမ်းအားကို လွတ်လွတ်လပ်လပ် အမှန်တကယ်ထုတ်ဖော်နိုင်ခဲ့သည်။
လီယွမ်၏လက်ထဲ၌ ရှောင်ကိုင်သည် ပုန်းအောင်းနေခဲ့ကာ အဖြူရောင်မီးတောက်များကို တိတ်တိတ်လေးပြင်ဆင်နေခဲ့သည်။
သူတော်စင်တစ်၀က်အဆင့် ဆင်နတ်ဆိုးသည် တစ်လှမ်းပြီးတစ်လှမ်းဆုတ်ခွာနေခဲ့ရသည်။သူသည် ကြီးကြီးမားမားထိခိုက်ခြင်းမရှိသော်လည်း အလွန်ပင်နာကျင်ခံစားနေရကာ အဆုံးသတ်တွင် သည်းမခံနိုင်တော့ပေ။
"ငါသခင်ရှန်းရဲ့ လမ်းကနေထွက်သွားစမ်း..."
သူတော်စင်တစ်၀က်အဆင့် ဆင်နတ်ဆိုးသည် ဆုတ်ခွာရန်မကြိုးစားတော့ဘဲ သူ၏အတွင်းအင်္ဂါအားနာကျင်နေသည်ကို ကြိတ်မှိတ်ခံစားလိုက်ကာ ထိုးစစ်ဆင်ရန်ပြင်ဆင်လိုက်သည်။
ထိုအချိန်တွင် လီယွမ်၏လက်ထဲမှနေ၍ ရောင်စုံအကြေးခွံများပိုင်ဆိုင်ထားသော စပါးအုံးမြွေတစ်ကောင်ထွက်လာသည်ကို တွေ့ရှိလိုက်ရသည်။
ငါးရောင်ခြယ်မီးတောက်စပါးအုံးသည် ပါးစပ်ကိုဟ၍ အဖြူရောင်မီးတောက်တစ်ခုအား မှုတ်ထုတ်လိုက်သည်။
ဆင်နတ်ဆိုးသည် မသိစိတ်မှအန္တာရယ်အသိပေးချက်ကြောင့် ရှောင်တိမ်းလိုက်သော်လည်း အဖြူရောင်မီးတောက်က သူ၏ဦးနှောက်ရှိရာသို့ တန်းတန်းမတ်မတ်တိုး၀င်သွားခဲ့သည်။
"စိတ်ဝိညာဉ်တိုက်ခိုက်မှု..."
ထိုသို့အကောင်အထည်မြင်ရသော မီးတောက်သည် စိတ်ဝိညာဉ်နှင့်သက်ဆိုင်သော တိုက်ခိုက်မှုကိုထုတ်ဖော်နိုင်လိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။
လီယွမ်နှင့်လီချန်ရှတို့သည် ဆင်နတ်ဆိုး၏တုန်လှုပ်ခြောက်ခြားမှုကို အခွင့်ကောင်းယူကာ တစ်ယောက်ကအပေါ်စီးမှ နောက်တစ်ယောက်ကအောက်မှနေ၍ တိုက်ခိုက်ခဲ့သည်။
ရွှီး...
ရှည်လျားသောလေခွဲသံနှင့်အတူ လီလောချမ်၏ရှည်လျားသောဓားသည် ဆင်နတ်ဆိုး၏ဦးခေါင်းကို ပြင်းထန်စွာခုတ်ပိုင်းမိသွားသည်။လီယွမ်၏တိုက်ခိုက်မှုက ပိုမိုရက်စက်ကာ သူ၏အားအပြည့်ဖြင့်ကန်ချက်က ဆင်နတ်ဆိုး၏ခန္ဓာကိုယ်အောက်ပိုင်းကို အထိနာစေခဲ့သည်။
"အား..."
သူတော်စင်တစ်၀က်အဆင့် ဆင်နတ်ဆိုးသည် ကြေကွဲဖွယ်ရာအော််ဟစ်လိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်မှနေ၍ ကြောက်မက်ဖွယ်စွမ်းအားတစ်ခုအား ထုတ်ဖော်လိုက်သည်။ဆင်နတ်ဆိုး၏နောက်တွင် ဆယ်ပေကျော်မြင့်သောအသွင်သဏ္ဍာန်တစ်ခုဖြစ်တည်လာရာ ခဏချင်းပျောက်ကွယ်သွားခဲ့သည်။
လီယွမ်နှင့်လီလောချမ်တို့၂ယောက်လုံးသည် တုန်လှုပ်သွားကာ နောက်ပြန်ဆုတ်မိလိုက်ကြသည်။
"နတ်ဆိုးတာအိုရဲ့ ကောင်းကင်ဖြစ်စဉ်"
ဤသည်မှာ အဌမအဆင့်နတ်ဆိုးသူတော်စင်သာ ဖော်ထုတ်နိုင်သော ကောင်းကင်ဖြစ်စဉ်ဖြစ်သည်။တစ်ခဏသာကြာမြင့်သော်လည်း အဌမအဆင့်အောက်၌ မည်သူမှမရပ်တည်နိုင်ပေ။
လီလောချမ်သည် မြေကြီးပေါ်သို့ပြင်းထန်စွာလဲကျသွားခဲ့ကာ သူမ၏အရိုးများက အက်ကွဲပြိုလဲလုနီးနီးဖြစ်သွားခဲ့သည်။မဟာသခင်တစ်ယောက်၏ ပြန်လည်ကောင်းမွန်နိုင်စွမ်းကလည်း ဖြည်းဖြည်းချင်းနှေးကွေးသွားကာ ပြန်လည်ကောင်းမွန်ရန် မလုပ်ဆောင်နိုင်တော့ပေ။
လီယွမ်၏မရီဒျန်များအားလုံး ကျိုးပဲ့သွားခဲ့သော်လည်း ပြန်လည်ရှင်သန်ခြင်းဂူကောင်၏အစွမ်းဖြင့် ချက်ချင်းကုသနိုင်ခဲ့သည်။
"ငရဲကိုသွားလိုက်တော့..."
သူတော်စင်တစ်၀က်အဆင့် ဆင်နတ်ဆိုးသည် သွေးချင်းနီရဲနေခဲ့သည်။သူသည် ပြင်းထန်စွာဖြင့်ရှေ့သို့ခုန်တက်လာခဲ့ကာ မြေကြီးနှင့်တောင်တန်းများကိုလှုပ်ခါနိုင်သောစွမ်းအားဖြင့် လူနှစ်ယောက်ကိုအပိုင်းပိုင်းခွဲပစ်ရန် ဆုံးဖြတ်ထားခဲ့သည်။
…