ဓားတစ်ချက် အသက်တစ်သက်
Vol. 5 Ch. 75
"လီယွမ်...ငါတို့သွားမှရတော့မယ်..."
သူတော်စင်တစ်၀က်အဆင့် ဆင်နတ်ဆိုးသည် အရေထူကာ အသားများသည့်အတွက် ဒဏ်ရာအပြင်းအထန်ရထားသည့်တိုင်အောင် ခုခံနိုင်စွမ်းမြင့်မားနေသေးသည်။တစ်ဖက်တွင် လီလောချမ်က အလွန်မောပန်းနေခဲ့သည်။
အနီရောင်၀တ်စုံ၀တ်မိန်းကလေးသည် လီယွမ်အား လာရောက်ကယ်တင်မည်ဟု သူမမျှော်လင့်ထားခဲ့သည်။ထို့ကြောင့် နောက်ဆုံးအားထုတ်မှုအနေဖြင့် သူမသည်အားကုန်သုံး၍ လီယွမ်အားအဝေးသို့ဖယ်ထုတ်ရန် ကြိုးပမ်းလိုက်သည်။
သို့သော်လည်း မကြာမှီသူမတောင့်တင်းသွားခဲ့ရသည်။
လီယွမ်သည် လေစီးကြောင်းအတိုင်းမျှောပါမသွားဘဲ မတ်တပ်ရပ်နေဆဲဖြစ်ကာ သူမကိုကြည့်၍ ပြုံးပြလိုက်သည်။
"မစ္စလီ...စာနာတတ်တဲ့အဘွားတစ်ယောက်လိုမလုပ်ပါနဲ့...ငါ့ကိုကျေးဇူးဆပ်ဖို့သတိရပေးပါ...အနာဂတ်မှာလုပ်ငန်းလုပ်တဲ့အခါကျ ငါ့အတွက်လျော့ဈေးပေးရမယ်"
"မင်းက ခုထိတိုက်ခိုက်နိုင်သေးတာလား...မင်းကလူသားတော့ဟုတ်ပါတယ်နော်"
လီလောချမ်က အံ့ဩသွားခဲ့သည်။ဂူတာအိုသည် ထိုမျှဆန်းကြယ်သည်လော...
လီယွမ်၏အပြုအမူသည် ဂူသခင်များအပေါ် သူမနားလည်ထားသည်တို့အား လုံး၀ပျက်စီးစေခဲ့သည်။
ဘန်း...ဘန်း...ဘန်း
သူတော်စင်တစ်၀က်အဆင့် ဆင်နတ်ဆိုးသည် မြေကိုတစ်ချက်နင်းလိုက်တိုင်း မြေကြီးတုန်ခါသွားခဲ့ရသည်။မြေပြင်ပေါ်၌လဲလျောင်းနေသော သတ္တမအဆင့်ကျားနတ်ဆိုး၏အလောင်းပေါ်တွင် ဖန်ကဲ့သို့မျက်နှာပြင်နှင့်ရောင်စုံအရည်များစီးကျနေသကဲ့သို့ မျက်နှာပုံစံရှိသော ပင့်ကူငယ်လေးတစ်ကောင်ရှိနေသည်ကို သတိမထားမိဘဲ ဆင်နတ်ဆိုးက ရှေ့တိုးလာခဲ့သည်။
"သေစမ်း..."
သူတော်စင်တစ်၀က်အဆင့် ဆင်နတ်ဆိုးသည် လီယွမ်အားကန်ထုတ်ရန်အတွက် သူ၏ခြေထောက်ကို ပင့်မြှောက်လိုက်ချိန်တွင် ဆိုးရွားသောခံစားချက်ကိုရရှိလိုက်သည်။ဆင်နတ်ဆိုးမတုံ့ပြန်နိုင်မှီ ချွန်ထက်သောလက်သည်းတစ်စုံက သူ၏ရင်ဘတ်အားထိုးဖောက်သွားခဲ့သည်။
"ကျား...ကျားလက်သည်းတွေလား"
ဆင်နတ်ဆိုးသည် မယုံကြည်နိုင်စွာလှည့်ကြည့်လိုက်ချိန်တွင် မျက်လုံးများပြူးကျယ်သွားရသည်။အဘယ်ကြောင့်ဆိုသော် ခေါင်းမပါသော ကျားနတ်ဆိုး၏အလောင်းကိုသာ တွေ့လိုက်ရ၍ဖြစ်သည်။
လီလောချမ်သည်လည်း စိတ်ရှုပ်ထွေးသွားရသည်။
"ဒါက အလောင်းတွေကိုထိန်းချုပ်နိုင်တဲ့ ဂူကောင်လား"
ဘန်း...
သူတော်စင်တစ်၀က်အဆင့် ဆင်နတ်ဆိုး၏ နှလုံးသားသည် ကျားနတ်ဆိုး၏လက်သည်းများကြောင့် ကြေမွသွားသော်လည်း မသေဆုံးသေပေ။သူ့ထံတွင် ခွန်အားများကျန်ရှိနေသေး၍ ကျားနတ်ဆိုး၏အလောင်းကို လက်ဖြင့်ခါထုတ်လိုက်ကာ တောင်ခြေရှိတောအုပ်ထံသို့ ရုတ်တရက်ခုန်ချထွက်ပြေးသွားခဲ့သည်။
"ပြေးနိုင်တုန်းလား...မင်းရဲ့အသက်စွမ်းအင်က တော်တော်အားကောင်းတာပဲ"
လီယွမ်သည် ထိုကဲ့သို့ထိပ်တန်းအရည်အသွေးရှိသော ရုပ်သေးမျိုးကို လက်လွတ်မခံလိုသည့်အတွက် ချက်ချင်းပင်နောက်သို့ လိုက်သွားခဲ့သည်။
"ထွက်ပြေးသွားတဲ့ရန်သူနောက်ကို လိုက်မသွားနဲ့...တောအုပ်ထဲမှာအန္တာရယ်ပိုများတယ်..."
လီလောချမ်က အော်ဟစ်လိုက်သည်။
"မင်းရဲ့ဒဏ်ရာတွေကိုသာကုထားပါ...မင်းကအရမ်းကိုအားနည်းနေတာဆိုတော့ ငါဘာလုပ်မယ်ဆိုတာ မစိုးရိမ်နဲ့"
လီယွမ်က မောက်မာစွာပြောလိုက်ပြီး ပြန်လည်ကုသခြင်းဂူကောင်နှစ်ကောင်ကို ပစ်ချထားခဲ့ကာ တောအုပ်ထဲသို့တည့်တည့်ပြေး၀င်သွားခဲ့သည်။ထို့နောက် သဲလွန်စအနည်းငယ်ပင်မကျန် ပျောက်ကွယ်သွားခဲ့သည်။
"ရိုင်းလိုက်တာ...မောက်မာလိုက်တာ...ဒါပေမဲ့ ဒီလိုပုံစံက သူ့ကိုပိုပြီးဆွဲဆောင်မှုရှိစေတယ်...သူကကြော့ရှင်းပြီး နူးညံ့သိမ်မွေ့သလိုဟန်ဆောင်နေတာက ကြည့်ရမကောင်းဘူး"
လီလောချမ်က တံတွေးထွေးလိုက်သော်လည်း တိုးတိုးလေးညည်းညူလိုက်သည်။
သတိကြီးကာ အရာရာကိုနှိမ့်ချတတ်သော လီယွမ်ထက်စာလျှင် ရိုင်းရိုင်းစိုင်းစိုင်းပြုမူတတ်ကာ သွေးချီစွမ်းအင်များပြည့်၀နေသော သူမ၏ရှေ့မှောက်ရှိ အမျိုးသားကို သူမပို၍တန်ဖိုးထားပေသည်။
တောင်ခြေရှိတောအုပ်ထဲတွင်...
လီယွမ်သည် ဆင်နတ်ဆိုးနောက်သို့လိုက်ရင်း လူသူကင်းမဲ့သောနေရာတစ်ခုထိ ရောက်ရှိလာခဲ့သည်။
ထိုအရာသည် လီယွမ်လိုချင်သောအရာ အတိအကျဖြစ်သည်။
အကယ်၍ သူသည် တရား၀င်အကြောင်းပြချက်ပေးကာ ပင်မအင်အားစုမှ ထွက်ခွာလာနိုင်မည့် အခွင့်အရေးကိုရရှိခဲ့ပါက အဘယ်ကြောင့် မရယူရမည်နည်း။သူသည် လူအများရှေ့တွင် စိတ်ထင်သလိုလျှောက်လုပ်၍မရပေ။
ဘုရင်ခံများကသရုပ်ဆောင်နေသည်ဆိုလျှင် သူကိုယ်တိုင်ကလည်း သရုပ်ဆောင်နေခြင်းဖြစ်သည်။
"ရိုးရိုးသာသားဝေဖန်ရရင် ငါကသရုပ်ဆောင်နည်းနည်းညံ့တာပဲ..."
လီယွမ်သည် ဧရာမဝိညာဉ်ဂူကောင်အား အသက်သွင်းမှုကို ဖြေလျော့ပေးလိုက်ပေသည်။
ယခုအချိန်တွင် သူသည်သတိကပ်ထားရပေသည်။ဧရာမဝိညာဉ်ဂူကောင်အား အသုံးပြုနေချိန်တွင် သွေးချီစီးဆင်းမှုသည် အလွန်မြင့်လွန်းကာ မတော်တဆအခြေအနေသို့ အလွယ်တကူရောက်သွားနိုင်ခဲ့သည်။ထိုသို့သောပုံစံက သူ့အကြိုက်မဟုတ်ပေ။
"ဟမ်..."
အသက်ရှင်သန်ရေးအတွက် ပြေးလွှားနေရသော ဆင်နတ်ဆိုးသည် ရုတ်ချည်းဆိုသလိုပင် တစ်စုံတစ်ခုအား ခံစားမိလိုက်၍ ပြေးနေခြင်းကိုရပ်တန့်ကာ လီယွမ်အားလှည့်ကြည့်လိုက်သည်။
"မင်းရဲ့သွေးချီစွမ်းအင်တွေက ကျဆင်းနေပြီ...မင်းဒီပုံစံကိုဆက်မထိန်းနိုင်တော့ဘူးမလား"
ဆင်နတ်ဆိုးသည် မုန်တိုင်းဘေးမှ လွတ်မြောက်လာသည်ဟု ခံစားမိလိုက်သည်။
"မင်းက နန်းတော်၉ခုဂူအသိုက်ရဲ့ပါရမီရှင်တစ်ယောက်ပဲဖြစ်ရမယ်...ဆဌမအဆင့်ဂူသခင်တစ်ယောက်က ငါ့ကိုဒီအဆင့်ထိရောက်အောင် တွန်းပို့နိုင်တာ မင်းဂုဏ်ယူသင့်တယ်"
"သေလိုက်တော့...ပုရွက်ဆိတ်လေး"
ဆင်နတ်ဆိုးက လီယွမ်ထံသို့ တည့်တည့်ပြေး၀င်လာခဲ့သည်။
သို့သော် ဆင်နတ်ဆိုးသည်ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ရပ်တန့်လိုက်မိသည်။သူ၏ခန္ဓာကိုယ်တစ်ခုလုံးက အေးစက်တောင့်တင်းနေခဲ့ကာ အသက်ဘေးအန္တာရယ်အား ခံစားလိုက်ရသည်။
ထိုလူသားဂူသခင်၏ရှေ့တွင် လူတစ်ယောက်ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။
ထိုလူသားသည် နတ်သမီးသဖွယ်ချောမောသော မိန်းမတစ်ယောက်ဖြစ်သည်။
ထိုမိန်းကလေးသည် အင်မော်တယ်တစ်ပါးက သေမျိုးကမ္ဘာဆီဆင်းသက်လာသကဲ့သို့ ခံစားရစေကာ ထိုကဲ့သို့ထူးခြားသောမိန်းကလေးမျိုးကို ဆင်နတ်ဆိုးပင်မတွေ့ဖူးပေ။ဆင်နတ်ဆိုးသည် အံ့ဩစွာဖြင့် ထိုမိန်းကလေးအား စိုက်ကြည့်နေမိသည်။
"ကျေးဇူးပြုပြီးတော့ နတ်ဆိုးကိုသတ်ဖြတ်ဖို့ ဓားနတ်သမီးကိုတောင်းဆိုပါတယ်"
လီယွမ်က ညင်သာစွာရေရွတ်လိုက်သည်။
ဓားအလင်းက ရုတ်ချည်းတောက်ပလာခဲ့သည်။ဓားနတ်သမီးသည် ဓားကိုဆွဲထုတ်လိုက်ချိန်ထိ လီယွမ်၏ရှေ့တွင်ရှိနေသော်လည်း ဓားအရောင်တစ်ချက်လက်သွားချိန်တွင် ဆင်နတ်ဆိုး၏နောက်၌ရောက်ရှိလာခဲ့သည်။
ဆင်နတ်ဆိုး၏မျက်နှာပေါ်တွင် ကြောက်ရွှံ့မှုအရိပ်အယောင်များ ထင်ဟပ်သွားခဲ့သည်။
အသက်ရှုကြိမ်၃ခါအတွင်းမှာပင် သူ၏ဦးခေါင်းသည် ဧရာမနတ်ဆိုးခန္ဓာကိုယ်ပေါ်မှချော်ထွက်သွားကာ လည်ပင်းမှနေ၍သွေးများစီးကျလာခဲ့သည်။
သူတော်စင်တစ်၀က်အဆင့် ဆင်နတ်ဆိုးသေဆုံးသွားပြီဖြစ်သည်။
တစ်ချိန်တည်းမှာပင် လီယွမ်တစ်ယောက်မြေပေါ်လဲကျသွားခဲ့ကာ သူ၏မျက်နှာများဖြူဖျော့နေခဲ့သည်။လီယွမ်သည် အားအင်ကုန်ခမ်းမှုကြောင့် ခြေလက်များအားနည်းကာ မူးဝေနေခဲ့သည်။
တိုက်ပွဲအတွင်း ပြန်လည်ရှင်သန်ခြင်းဂူကောင်နှင့်ဧရာမဝိညာဉ်ဂူကောင်တို့အား ဆက်တိုက်အသုံးပြုနေခဲ့သလို ရှောင်ကိုင်၏အံ့အားသင့်ဖွယ်ရုတ်ချည်းတိုက်ခိုက်မှုနှင့် ဝူမေ့၏ကျားနတ်ဆိုးအလောင်းကို လျင်မြန်စွာသန့်စင်နိုင်ခြင်းက သူ၏စွမ်းအင်၉၀ရာခိုင်နှုန်းအား ကုန်ဆုံးစေခဲ့သည်။
ဓားနတ်သမီး၏ဓားတစ်ချက်က သူ့အားလက်ကျန်စွမ်းအားကို ကုန်ခမ်းစေခဲ့သည်။
"ဟူး...စွမ်းအားတွေက အားကောင်းလေလေ....ထိန်းချုပ်ရခက်လေပဲ..."
လီယွမ်သည် မြက်ခင်းပေါ်လဲလျောင်းရင်း တွေးမိလိုက်သည်။
ဓားနတ်သမီးသည် အစွမ်းထက်သော်လည်း သူမ၏လှုပ်ရှားမှုက အလွန်စွမ်းအင်ကုန်ခမ်းပေသည်။ဓားတစ်ချက်စီတိုင်းကို လီယွမ်၏စွမ်းအား ၄၀ရာခိုင်နှုန်းခန့်ကို ကုန်ဆုံးစေခဲ့သည်။ဓားချက်၂ချက်ဆိုပါက လီယွမ်သေလုနီးပါးဖြစ်သွားနိုင်ကာ ဓားချက်၃ချက်ဆိုပါက လီယွမ်၏စိတ်ဝိညာဉ်ပင် ကောင်းကင်၌ ပျံသန်းစေနိုင်သည်။
လီယွမ်သည် လက်ဖက်ရည်တစ်ခွက်စာခန့် အချိန်ကြာပြီးနောက် ဖြှည်းညှင်းစွာထထိုင်လာကာ အားအင်များပြန်ရလာခဲ့သည်။
သူသည် ကောင်းကင်ကိုတစ်ချက်မော့ကြည့်လိုက်သည်။
နတ်ဆိုးများ၏ဆက်တိုက်တိုက်ခိုက်ခြင်းကိုခံရပြီးနောက် ထျန်းယွမ်စင်မြင့်ပေါ်ရှိ ကောင်းချီးကံကြမ္မာမှတ်တိုင်သည် သိသိသာသာမှိန်ဖျော့သွားကာ လက်သည်းငါးခုရွှေနဂါး၏ရုပ်လွှာကို မမြင်တွေ့ရတော့ပေ။
"ဒီလောက်ဆိုရင် ညဇီးကွက်ဘုရင်က နတ်ဆိုးတွေအပေါ်ကို အပြစ်ပုံချလို့ရပြီလို့ ထင်တာပဲ...."
"သူက ခုရှိနေတဲ့မင်းသားလေးအတုကို ခြိမ်းခြောက်ဖို့အကြပ်ကိုင်မှာလား...ဒါမှမဟုတ် အစားထိုးသွေးစက်ကိုအသုံးပြုပြီး ငါ့ရဲ့ခန္ဓာကိုယ်အစစ်ကို ရှာဖွေမှာလား"
လီယွမ်သည် ခန့်မှန်းမရခဲ့ပေ။
ကံကောင်းထောက်မစွာဖြင့် ညဇီးကွက်ဘုရင်ဖန်တီးလိုက်သော မငြိမ်မသက်ဖြစ်မှုက သူလိုအပ်နေသောအရာအတိအကျဖြစ်သည်။သူသည် အခြားသူများ၏အမြင်မှပုန်းအောင်းကာ နဂါးသွေးကြောကို ဖော်ထုတ်နိုင်ပေသည်။
"လီမိသားစုရဲ့ဘိုးဘေးတွေ မျိုးဆက်ဆက်တွေအားလုံးရဲ့တော်၀င်ပညာရှိတွေ ငါလီယွမ်ဟာ မင်းတို့အတွက်ကောင်းကင်နဲ့မြေကြီးကို ကိုးကွယ်ဖို့အတွက် ကြီးကျယ်ခမ်းနားတဲ့အခမ်းအနားကြီးကို မကျင်းပနိုင်တဲ့ထိ အခြေအနေတွေက အဆင်မပြေခဲ့ဘူး"
"ဒါပေမဲ့ စိတ်မပူပါနဲ့...ငါတို့ပိုင်တဲ့အရာကို ဘယ်သူမှယူခွင့်မပြုဘူး..."
"တစ်နေ့မှာ ငါနတ်ဆိုးအားလုံးကိုသတ်ဖြတ်မယ်...ဒါယန်းကိုပြန်လည်အသက်၀င်စေမယ်...တော်၀င်မိသားစုကိုပြန်လည်ထူထောင်မယ်...ငါ့မှာဒီလိုအစွမ်းအစမျိုးရှိတယ်လို့ယုံကြည်တယ်ဆိုရင် အမွေအနှစ်ကိုလက်ဆင့်ကမ်းခွင့်ပြုပါ...မင်းတို့ယုံကြည်မှုကို ငါ့အသက်နဲ့ရင်းပြီးသက်သေပြမယ်"
လီယွမ်သည် မြေပြင်ပေါ်၌ နဖူးကိုဖိကာ ဘိုးဘေးများအား အရိုအသေပေးလိုက်သည်။ထို့နောက် ခွန်းလွန်တောင်ကြားရှိနဂါးသွေးကြော၏ ပဲ့တင်ထပ်သံအား မျက်လုံးမှိတ်ကာ ခံစားလိုက်သည်။
ဆိုရိုးစကားတစ်ခုရှိပေသည်။ရိုးသားမှုသည် အောင်မြင်မှု၏သော့ချက်တစ်ခုဖြစ်သည်။
ဂူအင်မော်တယ်၏စွမ်းအားကို တွေ့ကြုံအပြီးတွင် သိုင်းနတ်ဘုရားတစ်ပါးဖြစ်သော ထိုက်ဇူဧကရာဇ်၏ စိတ်ဆန္ဒကလည်း အားနည်းလိမ့်မည်မဟုတ်ကြောင်း သူခံစားမိပေသည်။သူသည် ထိုစိတ်ဆန္ဒအား ဆက်သွယ်နိုင်မည်ဟု သေချာနေခဲ့သည်။
ဗုံး...ဗုံး...ဗုံး...
လီယွမ်၏နှလုံးခုန်သံက ပြင်းထန်လာခဲ့သည်။
သူ၏နှလုံးသားက အလွန်ပူလောင်လာခဲ့သည်။ကျောက်စိမ်းဆွဲသီးတွင် ချိတ်ပိတ်ထားသော ထိုက်ဇူဧကရာဇ်၏သွေးစက်က ကျောက်စိမ်းဆွဲသီးမှ စိမ့်ထွက်လာခဲ့ကာ သွေးအခိုးအငွေ့များအဖြစ် ပြောင်းလဲသွားခဲ့ပြီး သူ၏ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားခဲ့သည်။
လီယွမ်မျှော်လင့်ထားသည့်အတိုင်း ခွန်းလွန်ရှိ ဒါယန်းနဂါးသွေးကြောသည် အမွေဆက်ခံမှု၏သော့ချက်ဖြစ်သည်။
ချက်ချင်းဆိုသလိုပင် သူ၏ခန္ဓာကိုယ်ပေါ်၌ ရွှေရောင်အလင်းတန်းများ ဖြစ်ပေါ်လာခဲ့သည်။
လီယွမ်သည် နဂါး၀တ်ရုံအား၀တ်ဆင်ထားသကဲ့သို့ သူ၏ဘုန်းတန်ခိုးအာနုဘော်ကို ထင်ရှားစွာပြသနေခဲ့သည်။သူ၏ပတ်၀န်းကျင်တွင် လက်သည်းငါးခုရွှေနဂါးများက ၀န်းရံလျက်ရှိပေသည်။
လီယွမ်က အလွန်အံ့ဩသွားခဲ့သည်။
အမွေအနှစ်အားလက်ခံလိုက်ခြင်းက ခွန်းလွန်တောင်ကြားတစ်ခုလုံးကို တုန်လှုပ်ခြောက်ခြားစေကာ နဂါးများကကောင်းကင်ယံသို့ပျံတက်၍ ကမ္ဘာကြီးကိုလှုပ်ခတ်သွားစေမယ့် စွမ်းအားကိုထုတ်ဖော်လိမ့်မည်ဟု သူယူဆထားခဲ့သည်။
သို့သော် ရလဒ်ကသူထင်ထားသလိုမဟုတ်ခဲ့ပေ။
ဟားဟားဟား...
လီယွမ်က စိတ်မထိန်းနိုင်ဘဲရယ်မောမိလိုက်သည်။
"ငါတို့ရဲ့ဘိုးဘေးတွေက ဒီလိုဖြစ်လာလိမ့်မယ်လို့ ကြိုတင်မျှော်လင့်ထားခဲ့တာပေါ့...သူတို့ကရွှေနဂါးကိုတောင် ဆင့်ကဲပြောင်းလဲစေခဲ့တာပဲ..."
"ငါ့ရဲ့သတိထားမှုက အမွေအနှစ်ကို လွယ်လွယ်ကူကူရရှိစေခဲ့တာပဲ"
…
Thank For Reading.