← Chapters

အိပ်မက်များ

Vol. 5 Ch. 70

အိပ်မက်များ

Vol. 5 Ch. 70

ငယ်ဘ၀အမှတ်တရများထဲမှ အဖြူရောင်လရိပ်လေး...

ရှောင်ချင်းအာသည် ဆရာဖြစ်သူ၏စကားများကို နားမ၀င်ခဲ့ပေ။သူမသည် လီယွမ်အားထပ်တွေ့ချိန်တွင် သူမကိုဂူတာအိုနှင့်စတင်ထိတွေ့စေခဲ့သော ဤအကိုကြီးသည် အလွန်အားကောင်းသည်ဟု ခံစားမိစေခဲ့သည်။

သူမသည် ထူးခြားဂူကောင်စာရင်း၌ တတိယအဆင့်တွင်ရှိနေသော နှလုံးသားရှာဖွေခြင်းဂူကောင်ကို ပိုင်ဆိုင်ထားသော်လည်း ထိုအရာကသူမ၏နှလုံးသားထဲရှိ ခံစားချက်များကို ပြောင်းလဲစေနိုင်ခြင်းမရှိပေ။

ယင်းခံစားချက်က အလှမ်းဝေးနေပုံ‌ရသော တစ်စုံတစ်ယောက်အား လှမ်းမျှော်ကြည့်မျှော်ကြည့်နေသည့် ခံစားချက်မျိုးကို ရရှိစေခဲ့သည်။

"မင်းတို့တစ်ယောက်နဲ့တစ်ယောက်သိကြတာလား..."

နင်ဟုန်ယုက အံ့ဩသွားခဲ့သည်။

"ဟုတ်တယ်...မင်းသမီးလေးဟာ တစ်ချိန်က အမှတ်၁၂ဂူနန်းရဲ့ ဝါးရုံတောလေးထဲမှာ တစ်လလောက်လေ့ကျင့်ခဲ့ဖူးတယ်..."

လီယွမ်က ခေါင်းညိတ်ပြလိုက်သည်။

"ဆရာက အရမ်းကိုငြီးငွေ့ဖို့ကောင်းပြီး သူ့တပည့်တွေကိုတောင် သူ့လိုဖြစ်အောင်ထိန်းချုပ်ထားပေမဲ့ မင်းမှာခုလိုစိတ်၀င်စားစရာကောင်းတဲ့ သူငယ်ချင်းတွေရှိနေဖို့ မမျှော်လင့်ထားဘူး...စန်းလန်နယ်မြေရဲ့မင်းသမီးလေးကိုတောင် မင်းသိနေတာပဲ"

နင်ဟုန်ယုက ပြောလိုက်သည်။

"ညီမလေး...နင်ငါ့ကိုသိလား"

ရှောင်ချင်းအာသည် နင်ဟုန်ယုအား ခဏလောက်စိုက်ကြည့်လိုက်သည်။သူမ၏မှတ်ညဏ်များထံ၌ ယခုလိုလှပကာ ချစ်စရာကောင်းသောအစ်မကြီးကို တစ်ခါမှမတွေ့ဖူးပေ။

"ငါကနင်ဟုန်ယုပါ..."

"မင်းက စီနီယာအစ်မကြီးဟုန်ယုလား...န၀မနန်းတော်ရဲ့ လူငယ်မျိုးဆက်တွေထဲမှာ အသန်မာဆုံးလို့ ဆရာကခဏခဏပြောဖူးတယ်"

ရှောင်ချင်းအာက အံ့ဩသွားခဲ့သည်။

"ခုချိန်ကစပြီး အဲ့ဂုဏ်ပုဒ်ကို မင်းဆီလွဲပြောင်းပေးတော့မယ်"

နင်ဟုန်ယုသည် ပြိုင်ဆိုင်ရသည်ကို နှစ်သက်သူမဟုတ်ပေ။သူမသည် အနည်းငယ်မကျေမနပ်ဖြစ်နေသော်လည်း အမှန်တရားကို၀န်ခံရန် နောက်မတွန့်ခဲ့ပေ။

နှလုံးသားရှာဖွေခြင်းဂူကောင်နှင့် ရင်ဆိုင်ရချိန်တွင် သူမထံ၌အောင်နိုင်ရန် အခွင့်အရေးမရှိပေ။

"စီနီယာအစ်မဟုန်ယုရဲ့ အဆင့်ကိုရောက်တဲ့ထိ ငါသွားရမယ့်လမ်းကြောင်းက အရှည်ကြီးကျန်နေပါသေးတယ်"

ရှောင်ချင်းအာက နှိမ့်ချနေခဲ့သည်။

"ရှောင်ချင်းအာ....စကားတွေမပြောနဲ့တော့...သွားရမယ့်အချိန်ရောက်ပြီ...ငါတို့ကိုအဖေစောင့်နေတယ်"

ထိုအချိန်တွင် ဓားရှည်ကိုင်ဆောင်ထားသော လူငယ်တစ်ဦးရောက်လာခဲ့သည်။

လီယွမ်သည် ခေါင်းလှည့်ကြည့်လိုက်ရာ စန်းလန်နယ်မြေ၏မင်းသားလေးဖြစ်သော ရှောင်လဲ့ကိုတွေ့လိုက်ရသည်။လီယွမ်သည် သူ့အားမတွေ့ရသည်မှာ နှစ်အတော်ကြာပြီဖြစ်သည်။ယခုအခါ ထိုလူငယ်လေးသည် ယောကျာ်းတစ်ယောက်၏ အားမာန်များဖြင့် ပြည့်၀နေခဲ့သည်။

ရှောင်လဲ့သည် သံခမောက်နှင့်သံချပ်ကာကို ကျကျနန၀တ်ဆင်ထားကာ ခွန်အားများဖြင့်ပြည့်နှက်နေခဲ့သည်။သူသည် နှုတ်ဆက်စကားမပြောဘဲ လီယွမ်ကိုသာတစ်ချက်ကြည့်လိုက်သည်။

"အစ်ကိုကြီးလီယွမ်...စီနီယာအစ်မဟုန်ယု...ငါ‌တို့သွားတော့မယ်နော်"

"ဒါနဲ့ သတိထားကြနော်...ခွန်းလွန်တောင်ကြားအခမ်းအနားက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပြီးသွားမှာမဟုတ်ဘူး...သွေးချောင်းစီးတိုက်ပွဲတွေဖြစ်လာနိုင်တယ်"

ရှောင်ချင်းအာက တိုးတိုးလေးပြောလိုက်သည်။

"ကောင်းပြီ...မင်းလည်းသတိထား..."

လီယွမ်က ခေါင်းညိတ်ပြလိုက်ကာ မင်းသမီးလေးထွက်သွားသည်ကို ကြည့်နေလိုက်သည်။

စန်းလန်ဘုရင်၏သဘောထားက ဤခွန်းလွန်တောင်ကြားအခမ်းအနားကို အယုံအကြည်မရှိကြောင်း ပြသခဲ့သည်။အခြားသောဘုရင်ခံများနှင့်ခေါင်းဆောင်များသည်လည်း ယုံကြည်မှုမရှိကြပေ။

အထူးသဖြင့် နတ်ဆိုးများနှင့်ပူးပေါင်းကာ သူတို့၏ရပ်တည်ချက်အား ရှင်းရှင်းလင်းလင်းပြသထားသူများဖြစ်သည်။

…

ညဉ့်နက်အချိန်၌...

လူတိုင်းလိုလိုပင် စခန်းချ၍အနားယူနေကြသည်။

တစ်ချိန်က တိတ်ဆိတ်နေခဲ့သော ခွန်းလွန်တောင်ကြားသည် မကြာသေးမှီရက်ပိုင်းအတွင်း ညတိုင်းလိုလိုတောက်ပနေခဲ့သည်။

ထိုသို့သောအခြေအနေများကြောင့် လီယွမ်နှင့်နင်ဟုန်ယုတို့သည် သူတို့ကြားကန့်လန့်ကာတစ်ခုခြား၍ အိပ်စက်ခဲ့ကြသည်။

လီယွမ်သည် စောင်ပေါ်၌လဲလျောင်းနေရင်း သူ၏လက်များကိုခေါင်းအုံးသဖွယ်ပြုလုပ်၍ ကောင်းကင်အား မော့ကြည့်နေခဲ့သည်။သူသည် အပေါ်ယံဖွင့်ထားသော တဲအိမ်မှနေ၍ အဖြူရောင်လမင်းကို ‌‌ကြည့်နေခဲ့သည်။

ယခုအချိန်တွင် သူသည်စိတ်မငြိမ်ဖြစ်နေ၍ အိပ်မရပေ။

သူသည် ဤနေရာနှင့်ရှုပ်ထွေးစွာ ဆက်စပ်နေပုံရသည်။

လီယွမ်သည် တော်၀င်သမားတော်မသေခင် ပြောခဲ့သောစကားများကို ပြန်လည်ကြားယောင်လာမိသည်။

"ယွမ်အာ...မင်းမှတ်ထားရမှာက မင်းကငါ့မြေးမဟုတ်ဘူး...မင်းရဲ့အထောက်အထားအမှန်က ဒါယန်းမင်းဆက်ရဲ့မင်းသားတစ်ပါးဖြစ်ပြီး မင်းအမေက အာတိတ်ရေခဲပြင်မျိုးနွယ်ရဲ့ နတ်ဆရာဖြစ်သလို လွန်ခဲ့တဲ့၁၆နှစ်က ဒါယန်းဧကရာဇ်ရဲ့ ကိုယ်လုပ်တော်ပဲ..."

"ဒီကျောက်စိမ်းဆွဲသီးထဲမှာ ထိုက်ဇူဧကရာဇ်မင်းမြတ်ရဲ့သွေးတစ်စက်ပါ၀င်တယ်...ဒါကိုအစွမ်းထက်တဲ့ဆေးနဲ့ပေါင်းစပ်လိုက်မယ်ဆိုရင် မင်းဆုံးရှုံးသွားတဲ့ သိုင်းနတ်ဘုရားအရိုးတွေကို ပြန်လည်ရရှိနိုင်ဖို့ မျှော်လင့်ချက်ရှိတယ်..."

"ယွမ်အာ...မင်းနတ်ဆိုးအားလုံးကိုသတ်ဖြတ်ရမယ်...ပြီးတော့ဒါယန်းတိုင်းပြည်ကို ပြန်လည်တည်ထောင်ပြီး မိဖုရားတွက်လက်စားပြန်ချေပေးရမယ်"

လီယွမ်သည် သူ၏ရင်ဘတ်ထဲ၌ ပူလောင်သောခံစားချက်တစ်ခုအား ရရှိလိုက်သည်။

လီယွမ်သည် လက်ကိုဆန့်တန်း၍ ထိုက်ဇူဧကရာဇ်၏သွေးစက်ပါ‌၀င်သော ကျောက်စိမ်းဆွဲသီးကို ဆုပ်ကိုင်လိုက်သည်။နှစ်ပေါင်းများစွာကြာအောင် တံဆိပ်ခတ်ခံထားရသော ထိုက်ဇူဧကရာဇ်၏သွေးစက်က သူနှင့်ပေါင်းစပ်ရန်စိတ်အားထက်သန်နေသကဲ့သို့ တုန်ခါနေခဲ့ပေသည်။

ခွန်းလွန်တောင်ကြားရှိ နဂါးသွေးကြောက သူ့အတွက်အကောင်းဆုံး အဟာရဖြစ်ပေသည်။

"စိတ်မပူပါနဲ့...မကြာခင်ရလာလိမ့်မယ်..."

လီယွမ်သည် တိုးတိုးလေးညည်းညူလိုက်သည်။

"ငါပိုင်ဆိုင်သမျှကို ပြန်ယူရမယ်...မင်းကိုမြေကြီးထဲမြုပ်နှံထားမှာမဟုတ်ဘူး...ဒါပေမဲ့အခွင့်အရေးကို သေချာစောင့်ရမယ်"

ဖရိုဖရဲကာလသည် တိုးတက်ရန်အကောင်းဆုံးအချိန်ဖြစ်သည်။

အင်အားစုအားလုံးသည် လက်ရှိအခြေအနေနှင့်ပတ်သက်၍ ခန့်မှန်းနေကြဆဲဖြစ်သည်။သို့သော်လည်း ၃ရက်အကြာတွင်ပြုလုပ်မည့် ခွန်းလွန်တောင်ကြားအခမ်းအနားက ပရမ်းပတာဖြစ်လာမည်ကို လီယွမ်သိရှိထားပေသည်။

အဘယ်ကြောင့်ဆိုသော် နဂါးသွေးကြောများက မထင်ရှားသေး၍ဖြစ်သည်။

ဤအခြေအနေက မည်မျှထိဖရိုဖရဲဖြစ်လာနိုင်ကြောင်း လီယွမ်ကိုယ်တိုင်ပင် မသိရှိပေ။

အခွင့်အရေးရလာမည်ဆိုပါက သူသည်တော်၀င်သမားတော်၏မြေးကို ကယ်တင်မည်ဖြစ်သည်။အခွင့်အရေးမရခဲ့ပါက အငြိုးအာဃာတများကို အဟောင်းရောအသစ်ပါပေါင်း၍ ဖြေဖျောက်နိုင်ရန်အတွက် နှစ်ပေါင်းများစွာစောင့်ဆိုင်းမည်ဖြစ်သည်။

ဗုံး...‌ဗုံး...ဗုံး...

လီယွမ်၏နှလုံးသားက ပြင်းထန်စွာခုန်ပေါက်နေခဲ့သည်။

ခွန်းလွန်တောင်ကြားအောက်တွင် သူနှင့်ပဲ့တင်ထပ်နေသော အရာတစ်ခုအမြဲရှိနေပေသည်။

"သိုင်းနတ်ဘုရားရဲ့သွေးစက်က အရမ်းကိုအံ့ဩဖို့ကောင်းတာပဲ..."

လူတစ်ယောက်၏သွေးနှင့်အရိုးများကို အစားထိုးလိုက်လျှင်တောင်မှ အချို့သောအရာများကို အစားထိုး၍မရ‌နိုင်ပေ။အမွေအနှစ်က သူ၏စိတ်ဝိညာဉ်၌ရေးထွင်းထားကာ ကံကြမ္မာကအတည်ပြုထားပြီးဖြစ်သည်။

"အဲ့ဒါကောင်းတယ်..."

လီယွမ်က သက်ပြင်းချမိလိုက်သည်။ဤအရာကို အလွယ်တကူအစားထိုးနိုင်မည်ဆိုပါက သိုင်းနတ်ဘုရားတစ်ဖြစ်လည်း ဧကရာဇ်ထိုက်ဇူ၏ရတနာသည် ဟိုးယခင်ကပင် ရည်မှန်းချက်ကြီးမားသော လူများ၏သိမ်းပိုက်ခြင်းကို ခံရမည်ဖြစ်သည်။

သူစဉ်းစားနေချိန်တွင် လေတိုက်ခတ်မှုကြောင့် တဲအတွင်းကာရံထားသော ကန့်လန့်ကာက လေဖြင့်လွှင့်ထွက်သွားကာ‌ နွေးထွေးလှပသော အသွင်အပြင်က လီယွမ်၏မျက်စိရှေ့ထွက်ပေါ်လာခဲ့သည်။

သူမသည် လီယွမ်၏နံဘေးတွင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေခဲ့သည်။သူမ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသောမွှေးရနံ့က သူ၏နှာခေါင်းထဲသို့ တိုး၀င်လာခဲ့သည်။

"ဒါကို ငါဘယ်လိုမေ့နိုင်မှာလဲ..."

လီယွမ်သည် ရယ်ရမည်လား ငိုရမည်လားမသိ၍ နဖူးကိုရိုက်လိုက်မိသည်။

သူ၏အတွေးများ အာရုံလွဲသွားသည်နှင့် ဓားနတ်သမီး၏လက်ကျန်အသိစိတ်လေးက ထိန်းချုပ်မှုလွတ်ကင်းသွားခဲ့သည်။သူမသည် သူမကိုယ်သူမမထိန်းချုပ်နိုင်ဘဲ သူ့ဘက်သို့တဖြည်းဖြည်းတိုးကပ်လာခဲ့သည်။

ယခုလေးတင်ပဲ ခွန်းလွန်တောင်ကြား၏ နဂါးသွေးကြောမှ စွမ်းအင်ကဆွဲဆောင်ထားချိန်တွင် ဓားနတ်သမီးကတဲထဲ ၀င်လာခဲ့ပြီဖြစ်သည်။

သို့ပေမဲ့...သို့သော်...ဤမြင်ကွင်းက အလွန်ပင်လှပပေသည်။

လီယွမ်သည် ဓားနတ်သမီး၏ရင်သပ်ရှုမောဖွယ်အလှအပကို သဘောကျစွာဖြင့်ကြည့်နေမိသည်။

သေမျိုးကမ္ဘာနှင့်နှစ်ပေါင်း၃၀၀၀ကြာ ခွဲခွာနေခဲ့ပြီးနောက် သူမ၏အသွင်အပြင်သည် အလွန်မြင့်မြတ်လာကာ မည်မျှပင်ကြည့်ကြည့် မ၀နိုင်ပေ။

"‌ကောင်းပြီ...မင်းဒီမှာအိပ်လို့ရတယ်..."

လီယွမ်သည် စိတ်အနှောင့်အယှက်ဖြစ်ရသော်လည်း ဒုက္ခမများစေရန်အတွက် ဓားနတ်သမီးကို စောင့်ကြည့်ရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။

ခွန်းလွန်တောင်ကြားသည် သူ့အတွက်လျှို့ဝှက်ဆန်းကြယ်လွန်းပေသည်။

အထူးသဖြင့် ခွန်းလွန်တောင်ကြားအခမ်းအနားကျင်းပသည့်နေ့တွင် မထင်မှတ်ထားသော အပြောင်းအလဲများဖြစ်လာနိုင်သည့်အတွက် ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်သည်။

ဓားနတ်သမီးသည် မျက်လုံးမမှိတ်ဘဲ ခေါင်းတညိတ်ညိတ်ဖြင့် လီယွမ်အားစိုက်ကြည့်နေဆဲဖြစ်သည်။

"ငါ့ကိုစိုက်ကြည့်မနေနဲ့...အိပ်တော့"

လီယွမ်သည် အတွေးတစ်ချက်ပို့လွှတ်လိုက်ကာ ပက်လက်အနေအထားဖြင့် လှဲအိပ်လိုက်သည်။ဓားနတ်သမီးကလည်း လီယွမ်၏ပုံစံအတိုင်းလိုက်နာကာ မျက်လုံးမှိတ်၍လှဲအိပ်လိုက်သည်။

သူမသည် အနည်းငယ်နာခံတတ်သူ၊တုံးအသူ၊ချစ်စရာကောင်းသော်လည်းရံဖန်ရံခါ ပုန်ကန်တတ်သူဖြစ်သည်။

သူမသည် ကြောင်လေးတစ်ကောင်လို ခံစားရစေခဲ့သည်။

ထို့နေ့ညတွင် လီယွမ်ကအိပ်မက်တစ်ခုမက်ခဲ့သည်။

သူသည် ဖရိုဖရဲကာလများအတွင်း ထွန်းတောက်လာသော ထိုက်ဇူဧကရာဇ်အားမြင်ယောင်ခဲ့သည်။သူသည်ငြိမ်းချမ်းသာယာသော လောကကိုအစပျိုးရန်အတွက် ၃ပေအရှည်ရှိသောဓားကိုကိုင်ဆောင်ကာ ခွန်းလွန်တောင်ကြားကို ဒါယန်းနဂါးသွေးကြောအဖြစ် ပြောင်းလဲပေးခဲ့သည်။

သူ၏အမေဖြစ်သူ ကိုယ်လုပ်တော်အန်းက သူ့အားမျက်ရည်စက်လက်ဖြင့် နှုတ်ဆက်နေသည်ကိုလည်း တွေ့လိုက်ရသည်။

နဂါးရာဇပလ္လင်ပေါ်သို့ ဦးတည်နေသောလှေကားထစ်များပေါ်တွင် လီမိသားစု၏ဘိုးဘေးများနှင့်မင်းဆက်များ၏ဧကရာဇ်များက သူတို့၏မျိုးဆက်သစ်များလက်ထဲသို့ ရာဇပလ္လင်အား လက်ဆင့်ကမ်းပေးနေသည်ကို အိပ်မက်မက်ခဲ့သည်။

…

မနက်စောစောအချိန်တွင်...

လီယွမ်သည် ကျယ်လောင်သောအသံကြောင့် နိုးထလာခဲ့သည်။

"မင်းတွေ့လိုက်လား...အဲ့ဒါအာတိတ်ရေခဲပြင်မျိုးနွယ်စုက‌လူတွေပဲ...သူတို့ရဲ့မျိုးနွယ်စုက မိန်းကလေးတွေက နတ်သမီးလေးလိုလှပတယ်လို့ကြားဖူးတယ်"

"ရှေ့ဆုံး‌ကခေါင်းဆောင်လာတာက အာတိတ်ရေခဲပြင်မျိုးနွယ်စုရဲ့ နတ်ဆရာမအန်းမူယာပဲ..."

"အရင်တုံးကတော့ အင်ပါယာရဲ့ကိုယ်လုပ်တော်ဖြစ်တဲ့ နတ်ဆရာမဟာ အရမ်းကိုလှပတာကြောင့် ဒါယန်းအင်ပါရီယယ်အဆောင်က အခြားအလှမယ်တွေအားလုံးထက် ပိုမိုသာလွန်ခဲ့တယ်...သူ့ညီမကလည်း သူ့လောက်နီးနီးလှတာပဲ"

ဆွေးနွေးသံများက အဆက်မပြတ်ထွက်ပေါ်လာခဲ့သည်။

အာတိတ်ရေခဲပြင်မျိုးနွယ်...နတ်ဆရာမ...အန်းမူယာ...

ဤစကားများက လီယွမ်၏နှလုံးသားကို လှိုင်းထနေစေခဲ့သည်။သူ၏‌အမေဘက်မှ တစ်စုံတစ်ယောက်ကို နောက်ဆုံးတွေ့ခွင့်ရခဲ့ပြီဖြစ်သည်။ထိုလူသည် သူ၏အဒေါ်ဖြစ်နိုင်သလား...

ထိုသို့တွေးမိပြီးနောက် လီယွမ်သည် ရုတ်တရက်ထထိုင်လိုက်ကာ အ၀တ်အစားလဲ၍ တဲထဲမှထွက်လာခဲ့သည်။

နင်ဟုန်ယုသည် တဲအပြင်ဘက်တွင် ရပ်ကာပြုံးပြုံးကြီး သူ့အားစိုက်ကြည့်နေခဲ့သည်။

"မောင်လေးကြည့်ရတာ မနေ့ညကကောင်းကောင်းအိပ်ပျော်ခဲ့ပုံရတယ်...မိန်းမချောလေးတစ်ယောက်ဖြတ်သွားတာကိုကြားမှ နိုးလာတာလား"

…

All Chapters