← Chapters

စတင်စုဝေးကြခြင်း

Vol. 5 Ch. 71

စတင်စုဝေးကြခြင်း

Vol. 5 Ch. 71

"အစ်မကြီး...မင်းငါ့ကိုအပြစ်မတင်ပါနဲ့...ခွန်းလွန်တောင်ကြားမှာ အိပ်စက်ရတာကတကယ်ထူးခြားတယ်..."

လီယွမ်က ပြုံး၍ပြောလိုက်သည်။

"မင်းက အကောင်းမြင်တတ်တာပဲ...သေရမှာကြောက်တဲ့ငါတို့လိုလူတွေကတော့ ညလယ်ဘက်ကြီးတောင် အသတ်ခံရမှာကြောက်နေရတယ်...ဒါကြောင့် နှစ်နှစ်ခြိုက်ခြိုက်ကိုမအိပ်ခဲ့ရဘူး..."

နင်ဟုန်ယုက ပြောလိုက်သည်။

သူတို့စကားပြောနေစဉ် လီယွမ်သည် အဝေးတစ်နေရာသို့လှမ်းကြည့်လိုက်ရာ ခွန်းလွန်တောင်ကြားရှိ အထွတ်အထိပ်မှလူတစ်စုက သူတို့ရှိရာသို့ လျှောက်လာနေသည်ကိုတွေ့လိုက်ရသည်။

ရှေ့ဆုံးမှလျှောက်လာသော အမျိုးသမီးသည် အဖြူရောင်မြေခွေး၏သားမွှေးဖြင့် ရက်လုပ်ထားသော ရေခဲပြာရောင်၀တ်စုံကို ၀တ်ဆင်ထားခဲ့သည်။ထို၀တ်ရုံပေါ်၌ နှင်းဖြူရောင်ပုဝါတစ်ထည်အား ထောင့်ဖြတ်အနေအထားစီရင်ထားကာ ရေခဲခေါင်းလောင်းများကို သူမ၏လည်ပင်း၌ချိတ်ဆွဲထားခဲ့သည်။

ထိုရေခဲခေါင်းလောင်းများအား သန့်စင်သောရေခဲကျောက်စိမ်းမှ ထွင်းထုထားခြင်းဖြစ်ကာ သေးငယ်သောစိန်ပွင့်လေးများဖြင့် စီရင်ထားခဲ့သည်။ထို့ပြင်ကျောက်မျက်များဖြင့်ခြံရံထားသော ‌ခြေချင်းကြိုးတစ်စုံကိုလည်း သူမ၏ကျောက်စိမ်းသဖွယ်ခြေကျင်း၀တ်နှစ်ဖက်၌ ၀တ်ဆင်ထားခဲ့သည်။

ဤသည်မှာ အာတိတ်ရေခဲပြင်မျိုးနွယ်စု၏ နတ်ဆရာမများ၏ ထူးခြားသော၀တ်စုံဖြစ်ပေသည်။

သူမသည် ပေါ့ပါးသွက်လက်သောခြေလှမ်းများဖြင့် လျှောက်လာခဲ့သည်။

သူမ၏မျက်နှာကို ဖုံးအုပ်ထားသော်လည်း သူမ၏အလှက ခွန်းလွန်တောင်ကြားမှလူတိုင်းကို ဆွဲဆောင်စေခဲ့သည်။သူမ၏အေးစက်စက်စိတ်အ‌ခြေအနေက သူမ၏အလှတရားကို မဖုံးကွယ်နိုင်ပေ။

"ဟေ့ ဂျူနီယာမောင်လေး...အဲလိုပြောင်ပြောင်တင်းတင်းစိုက်ကြည့်မနေနဲ့..."

လီယွမ်၏ ပြင်းထန်သောအကြည့်များကိုကြည့်ရင်း နင်ဟုန်ယုကစနောက်လိုက်သည်။

"ဒါကမင်းမရနိုင်တဲ့မိန်းမမျိုးဘဲ...သူမထက်စာရင် မင်းရဲ့စီနီယာအစ်မကို ပိုအာရုံစိုက်သင့်တယ်...ငါလည်းသူမထက်စာရင် နိမ့်ကျနေတာမျိုးမရှိပါဘူး...ကလေးမွေးပြီးတဲ့အခါကျရင်လည်း ကလေးကဗိုက်မဆာစေရဘူးလို့အာမခံတယ်"

လီယွမ်....

ထိုသို့သောစကားများက စီနီယာအစ်မထံမှ မည်သို့ထွက်လာသနည်း...

"စီနီယာအစ်မ ပေါက်ကရစကားတွေလျှောက်မပြောနဲ့...ငါကသိချင်တာလေးတစ်ခုပဲ...အာတိတ်ရေခဲပြင်မျိုးနွယ်စုက ငါတို့နဲ့အရမ်းဝေးကွာလွန်းတယ်...သူတို့ကိုတစ်ခါတွေ့ရဖို့ဆိုတာ မလွယ်ဘူး"

"ငါယုံမယ်ထင်လို့လား..."

နင်ဟုန်ယုက မျက်လုံးပြူးပြလိုက်သည်။

အမျိုးမျိုးသောအင်အားစုများ၏ စောင့်ကြည့်မှုအောက်တွင် အာတိတ်ရေခဲပြင်မျိုးနွယ်စုမှ လူတစ်စုသည် တောင်ထိပ်သို့ရောက်ရှိလာကြပြီးနောက် ချက်ချင်းဆိုသလိုပင် အတူတကွစုရုံးကခုန်ကာ ရှေးခေတ်မန္တန်များအား ရွတ်ဆိုလိုက်ကြသည်။

နောက်ဆုံးတွင် နတ်ဆရာမဖြစ်သူအန်းမူယာက စစ်တုရင်အပိုင်းအစတစ်ခုအား မြေကြီးထဲထိုးထည့်လိုက်သည်။

"သူတို့ဘာလုပ်နေကြတာလဲ..."

လီယွမ်က မေးမြန်းလိုက်သည်။

"သူတို့က နဂါးသွေးနဲ့ပတ်သက်တဲ့ အခမ်းအနားတစ်ခုကို လုပ်ဆောင်နေတာဖြစ်ရမယ်...အဲ့ဒီနတ်ဆရာမဟာ မင်းသားလေးရဲ့အဒေါ်အရင်းဖြစ်ပြီးတော့ တူညီတဲ့သွေးမျိုးဆက်အချို့ဆက်ခံထားတယ်"

နင်ဟုန်ယုက ရှင်းပြလိုက်သည်။

"အာတိတ်ရေခဲပြင်မျိုးနွယ်စုဟာ တိုတမ်မှော်ပညာနဲ့သွေးမျိုးဆက်လျှို့ဝှက်ချက်တွေကို ကျွမ်းကျင်တဲ့အတွက် ညဇီးကွက်ဘုရင်က သူတို့ကိုဖိတ်ကြားခဲ့တာဖြစ်ရမယ်..."

"ကမ္ဘာပေါ်မှာ မင်းသားလေးရဲ့အစစ်အမှန်အထောက်အထားကို အတည်ပြုပေးနိုင်တဲ့သူအများကြီးမရှိဘူး...နတ်ဆရာမအန်းမူယာက အဲလူနည်းစုထဲကတစ်ယောက်ပဲ..."

န၀မနန်းတော်၏လူငယ်မျိုးဆက်သစ်ထဲတွင် အားအကောင်းဆုံးဖြစ်သည်နှင့်အညီ နင်ဟုန်ယုသည် သတင်းအချက်အလက်များစွာကို သိရှိထားပေသည်။

လီယွမ်သည် အလွန်အံ့ဩသွားခဲ့သည်။အန်းမူယာသည် မင်းသားလေး၏သွေးမျိုးဆက်ကိုခန့်မှန်းနိုင်ပါက လီချန်ရှသည် မင်းသားလေးအတုဖြစ်ကြောင်း သိရှိထားပေမည်။

ထိုသို့ဆိုလျှင်....

ညဇီးကွက်ဘုရင်က ဤအကြောင်းကိုသိထားသည်လား....

ဖြစ်နိုင်ခြေအလွန်များပေသည်။

"အရာရာတိုင်းက ငါထင်ထားသလိုပဲ...ခွန်းလွန်တောင်ကြားအခမ်းအနားဟာ ကမ္ဘာကြီးကိုလှည့်စားဖို့ ပြပွဲတစ်ခုသာသာပဲ...သူတို့ကငါးကြီးတစ်ကောင်ကို ထောင်ချောက်ထဲကျုံးသွင်းနေတာပဲ..."

ထိုငါးကြီးသည်ကား သူပင်ဖြစ်နိုင်ပေသည်။လီယွမ်သည် ညဇီးကွက်ဘုရင်ကို မယုံဝံ့ပေ။

ထို့ပြင် သူတစ်ခါမှမတွေ့ဖူးသော အဒေါ်ဖြစ်သူကိုပင် မယုံဝံ့သလို မင်းသားလေးလီချန်ရှ သူ၏ကယ်တင်ရှင်ဖြစ်သော တော်၀င်သမားတော်ကိုပင် မယုံဝံ့သေးပေ။

သူအလွန်သတိထားရပေမည်။

သူသာ မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်ခံလိုက်ရမည်ဆိုပါက အဆုံးသတ်ရလဒ်မှာ တစ်ခုတည်းသာဖြစ်သည်။သူသည် လူတိုင်း၏အာရုံစိုက်ခံရသော အသားတစ်တုံးဖြစ်လာမည်သာ...

လီယွမ်အတွေးများနေချိန် အာတိတ်ရေခဲပြင်မျိုးနွယ်စု၀င်များသည် ယဇ်ပူဇော်ခြင်းကိုအဆုံးသတ်ကာ အလံတိုင်နှင့်စစ်တုရင်အပိုင်းအစများကို စိုက်ထူရန် အခြားနေရာသို့လျှောက်သွားခဲ့ကြသည်။

လီယွမ်သည် လူအုပ်ထဲတွင်ရပ်နေကာ ဖြတ်သွားဖြတ်လာတစ်ယောက်ကဲ့သို့ ထိုဖြစ်စဉ်တစ်ခုလုံးအား တည်တည်ငြိမ်ငြိမ်ကြည့်နေခဲ့သည်။သူ၏နှလုံးသားက မည်မျှပင်တုန်လှုပ်နေပါစေ သူ၏မျက်နှာအမူအရာက ထူးခြားမှုမရှိခဲ့ပေ။

ခဏအကြာတွင် အာတိတ်ရေခဲပြင်မျိုးနွယ်စုသည် ဦးတည်ချက်ပြောင်းလာကာ နန်းတော်ကိုးခုဂူအသိုက်၏ အခြေစိုက်ရာနေရာဆီ ချဉ်းကပ်လာခဲ့သည်။

လီယွမ်သည် မျက်မှောင်ကြုတ်လိုက်ပြီး နင်ဟုန်ယု၏နောက်သို့ အနည်းငယ်ဆုတ်ခွာလိုက်သည်။

"မောင်လေး...ဘာလို့ငါ့နောက်မှာပုန်းနေတာလဲ...ရေခဲအလှမယ်တွေက မင်းရှေ့ရောက်လာပြီလေ...မင်းဘာလို့အနီးကပ်မကြည့်ရတာလဲ...ဒါကရှားရှားပါးပါးအခွင့်အရေးနော်...."

နင်ဟုန်ယုက စနောက်လိုက်သည်။

"နှိုင်းယှဉ်ကြည့်မယ်ဆိုရင် စီနီယာအစ်မကပိုပြီးတော့ ဆွဲဆောင်မှုရှိတယ်လို့ ကျနော်ထင်တယ်..."

လီယွမ်က ပြန်လည်စနောက်ရန်ပင် အစပြုလိုက်သည်။

"မင်းက တော်တော်ညဏ်ကောင်းတာပဲ..."

သူမတို့စကားစမြည်ပြောနေစဉ် အာတိတ်ရေခဲပြင်မျိုးနွယ်စုမှ လူတစ်စုရောက်လာခဲ့သည်။

အန်းမူယာသည် ခြေတစ်လှမ်းလှမ်းတိုင်း ဖုန်မှုန့်လေးပင်မထစေဘဲ ရေခဲကြာပန်းပေါ်လျှောက်နေသကဲ့သို့ ဖြူဖွေးသောခြေဖဝါးများဖြင့် ရှေ့သို့လျှောက်လာခဲ့သည်။

ရှောင်းလင်းအာသည် ဤနေရာသို့လာမလာသိရရန်အတွက် သူမသည်တိုတမ်များအားမစီစဉ်မှီ လူစုံသည်ထိစောင့်ခဲ့ခြင်းဖြစ်သည်။

သူမထိုသို့တွေးနေချိန်တွင် အန်းမူယာ၏စိတ်ထဲ၌ တစ်စုံတစ်ခုကို ရုတ်တရက်ခံစားလိုက်ရသည်။

သူမ၏ရင်ဘတ်ပေါ်ရှိ ကျောက်စိမ်းဆွဲသီးက အနည်းငယ်တုန်ခါနေခဲ့သည်။

"ရှောင်လင်းအာ...သူတကယ်ရောက်လာခဲ့ပြီ"

နတ်ဆရာမအန်းမူယာက စိတ်လှုပ်ရှားသွားခဲ့သည်။

သို့သော်လည်း သူမသည်အလျင်စလိုမပြုမူခဲ့ပေ။ယခုအခါ သူမ၏လှုပ်ရှားမှုတိုင်းကို ညဇီးကွက်ဘုရင်ကစောင့်ကြည့်နေခဲ့သည်။သူကသာ ရှောင်လင်းအာကိုဖော်ထုတ်လိုက်ပါက အကျိုးဆက်များက အလွန်ဆိုးရွားသွားမည်ဖြစ်သည်။

အန်းမူယာသည် တည်တည်ငြိမ်ငြိမ်ဖြင့် ရှေ့ဆက်တိုးလာခဲ့သည်။

သူမသည် လူရှင်းသောတစ်နေရာသို့ရောက်ချိန်၌ နောက်ထပ်အလံတစ်ခုအား စိုက်ထူလိုက်သည်။သူမသည် ရှောင်လင်းအာကိုတမင်တကာလိုက်လံမရှာဖွေဘဲ လူတိုင်းအား ညီတူညီမျှ ကြည့်ရှုနေခဲ့သည်။

"တောင်ပိုင်းရှင်းကျန်း...နန်းတော်၉ခုဂူအသိုက်"

"တော်၀င်မိသားစုရဲ့ သွေးချောင်းစီးကပ်ဘေးကြီးအပြီးမှာ ရှောင်လင်းအာကနန်းတော်ကနေထွက်ပြေးလွတ်မြောက်ပြီး တောင်ပိုင်းရှင်းကျန်းကို လွတ်မြောက်ခဲ့တာလား...သူကသိုင်းပညာအစား မှော်ပညာကိုလေ့လာခဲ့တာလား..."

ညီမဖြစ်သူ၏ကျောက်စိမ်းဆွဲသီးဆက်စပ်မှုမှတဆင့် ရှောင်လင်းအာသည် အနီးအနား၌ရှိနေကြောင်း သူမရှင်းရှင်းလင်းလင်းခံစားမိလိုက်သည်။

သို့သော်လည်း သူမသည်တစ်ယောက်ပြီးတစ်ယောက် လိုက်လံမခွဲခြားနိုင်၍ ရှောင်လင်းအာကို ဤနေရာတွင်ချက်ချင်းခွဲထုတ်ရန် မလွယ်ကူပေ။

"ခွန်းလွန်တော်ကြားအခမ်းအနားကပြီးရင် နန်းတော်၉ခုဂူအသိုက်ကို အလည်သွားရမယ်..."

အန်မူယာသည် သူမ၏နှလုံးခုန်နှုန်းအား ထိန်းချုပ်လိုက်ကာ ထိုနေရာမှလာခဲ့သည်။

နတ်ဆရာမထွက်သွားသည်ကိုမြင်သည့်အချိန်မှ လူအုပ်ထဲရှိလီယွမ်သည် စိတ်သက်သာရာရသွားခဲ့သည်။

"သူမက ငါရောက်နေတာကို သိ‌သွားလောက်ပြီ...အနည်းဆုံးတော့ ဒီထဲမှာငါပါနေတယ်ဆိုတာ သူမသိတယ်"

လီယွမ်၏ကျောက်စိမ်းဆွဲသီးသည် ယခုလေးတင်တစ်စုံတစ်ခုအား ခံစားမိလိုက်၍ သူ၏အဒေါ်ဖြစ်သူမှ သူ့အားမှတ်မိသွားမည်ကိုစိုးရိမ်သောကြောင့် အလွန်ဗျာများသွားခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် အန်းမူယာသည် မည်သည့်အရာမှမဖြစ်ခဲ့သလို တည်ငြိမ်နေခဲ့သည်။

"ငါ့အဒေါ်က ငါရှိနေတာကိုသတိပြုမိပေမဲ့ ညဇီးကွက်ဘုရင်သိသွားမှာကို စိုးရိမ်တဲ့အတွက် ငါ့ကိုအသိအမှတ်မပြုခဲ့ဘူးထင်တယ်"

"ဒါပေမဲ့ ငါကိုယ်တိုင်က သတိမထားမိတာပဲ..."

လီယွမ်က အနည်းငယ်တွေဝေသွားခဲ့သည်။

သူ၏အမေသည် ကျောက်စိမ်းဆွဲသီးတစ်စုံအားချန်ရစ်ထားခဲ့ကာ အဒေါ်ဖြစ်သူက အဆိုပါကျောက်စိမ်းဆွဲသီးအား ၀တ်ဆင်ထားလိမ့်မည်ဟု သူတကယ်မမျှော်လင့်ထားခဲ့ပေ။

"မုန်တိုင်းကချဉ်းကပ်လာခဲ့ပြီ..."

လီယွမ်သည် ဤပြပွဲကြီး၏အဆုံးတွင် မည်သို့မည်ပုံဖြစ်လာမည်ကို သိချင်လာခဲ့သည်။

သူဤနေရာသို့ရောက်လာပြီးမှသာ သူသည်နဂါးသွေးကြော၏အရိပ်အယောင်ကိုခံစားမိပြီး သူ၏သွေးနှင့်အရိုးကိုဆက်ခံထားသော မင်းသားလေးက မလုပ်ဆောင်နိုင်ကြောင်း နားလည်လိုက်သည်။

ညဇီးကွက်ဘုရင်ကိုယ်တိုင်က ဤကိစ္စကိုသတိပြုမိ‌နိုင်သော်လည်း သူသည်လူတိုင်းအားဆင့်ခေါ်နေဆဲဖြစ်ကာ ကမ္ဘာပေါ်ရှိလူတိုင်းအား ခွန်းလွန်တောင်ကြား၌စုစည်းခဲ့သည်။

ထိုသို့မဟုတ်လျှင် အမှန်တရားကိုဖုံးကွယ်ရန် နည်းလမ်းအချို့ရှိနေပုံရသည်။

သူတို့သည် ခွန်းလွန်တောင်ကြားအခမ်းအနားကို ဘေးကင်းကင်းဖြင့် အဆုံးထိကျင်းပနိုင်မည်ဟု မျှော်လင့်ထားပုံမရပေ။သူတို့သည် အစီအစဉ်တစ်ခုကိုအပြီးသတ်ရန် ဤအရာကိုလုပ်ဆောင်ခဲ့ပုံရသည်။

ညဇီးကွက်ဘုရင်သည် ကမ္ဘာပေါ်တွင် သိုင်းပညာ၏အထွတ်အထိပ်ကျွမ်းကျင်သူအဖြစ် သတ်မှတ်ခံထားရသော်လည်း စစ်နတ်ဘုရား၏အစီအစဉ်အား ချိုးဖျက်ရန်အတွက် နည်းလမ်းမရှိပေ။ညဇီးကွက်ဘုရင်တိုင်းသည် ဧကရာဇ်ထိုက်ဇူ၏ပျိုးထောင်မှုအောက်တွင် ကြီးပြင်းလာရသူများဖြစ်၍ ယခုလိုချိုးဖျက်ရန်အတွက် ပို၍မဝံ့ရဲပေ။

"ကိစ္စတွေက ပိုပိုပြီးစိတ်၀င်စားဖို့ကောင်းလာပြီ..."

ဖြစ်စဉ်တစ်ခုလုံး၏ အသေးစိတ်အချက်အလက်များကို ကောက်ချက်ချပြီးနောက် လီယွမ်သည် ခွန်းလွန်တောင်ကြားအခမ်းအနားကို အကြမ်းဖျင်းနားလည်လာခဲ့သည်။

"ဖရိုဖရဲဖြစ်ပါစေ...ဖရိုဖရဲဖြစ်ရင်ပိုကောင်းတယ်...ငါ့အတွက်က ဖရိုဖရဲဖြစ်လေ ပိုပြီးလုံခြုံလေပဲ...ငါ့ရဲ့နှလုံးသားထဲကအထုံးတွေကို ဖြေဖျောက်ဖို့အခွင့်အရေးရလာမယ်..."

"ဖရိုဖရဲဖြစ်ပါစေ ဖရိုဖရဲဖြစ်ရင် ပိုကောင်းတာပေါ့"

"ငါ့အတွက် ကမောက်ကမတွေများလေလေ ပိုလုံခြုံလေလေ ငါ့အတွက်က ငါ့နှလုံးသားထဲက ကြိုးထုံးတွေကို ဖြေဖျောက်ဖို့ အခွင့်အရေးပေးတယ်"

…

နောက်ထပ်တစ်ညကုန်ဆုံးသွားပြီးနောက်...

ခွန်းလွန်တောင်ကြားအခမ်းအနားမစတင်မှီ နောက်ဆုံးနေ့သို့ရောက်လာခဲ့သည်။

နင်ဟုန်ယုက မနက်စောစော လီယွမ်ကိုနိုးလိုက်သည်။

"မောင်လေး...မင်းတကယ်ယုံကြည်စိတ်ပြင်းပြနေတာလား...ဒါမှမဟုတ်ပေါ့လျော့လွန်းတာလား...မုန်တိုင်းကဒီလောက်ကြီးနေတာကို မင်းကအိပ်ပျော်နိုင်သေးတယ်နော်"

"ဘာဖြစ်လို့လဲ အစ်မ"

ခွန်းလွန်တောင်ကြားတွင် လီယွမ်သည် သူ၏ဘိုးဘေးများမှပေးအပ်သော လုံခြုံသည့်စိတ်ခံစားချက်ကို ရရှိထား၍ အမှန်တကယ်ပင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားခဲ့သည်။

နင်ဟုန်ယုက အနည်းငယ်မျက်မှောင်ကြုတ်လိုက်မိသည်။

"နန်းတော်သခင်နဲ့စန်းလန်ဘုရင်တို့က အရေးကြီးတဲ့ကိစ္စတွေကို ဆွေးနွေးနေကြတယ်...ငါတို့ဒီနေရာကိုလာခဲ့တာမှားပြီထင်တယ်...ခွန်းလွန်တောင်ကြားအခမ်းအနားက တစ်ခုခုတော့မှားနေပြီ"

…

All Chapters