တောင်ပေါ်မှအဆင်း
Vol. 5 Ch. 69
"အစ်မပြောတာမှန်တယ်...အဲ့လူယုတ်မာတွေက ကျွန်းပေါ်ကငါ့ရဲ့အချိန်၂ရက်ကိုဆုံးရှုံးစေခဲ့တယ်...နောက်တစ်ချိန်ကျရင် သူတို့နဲ့ပြန်တွေ့တဲ့အခါကျ ပြန်ပြီးပေးဆပ်စေရမယ်..."
လီယွမ်က သူ၏နဖူးပေါ်မှချွေးများကိုသုတ်ရင်း ပြောလိုက်သည်ာ
"ခွန်းလွန်တောင်ကြားအခမ်းအနားက အရမ်းနီးနေပြီ...နန်းတော်သခင်၉ယောက်က မအားလပ်တာကြောင့် တက်ရောက်မှာမဟုတ်ဘူး...နောက်ကျရင် ငါတို့အပြစ်တင်ခံရလိမ့်မယ်"
နင်ဟုန်ယုက ဒေါသတကြီးပြောလိုက်သည်။
…
ခွန်းလွန်တောင်ကြား...
တောင်ထိပ်တစ်နေရာတွင်...
လီချန်ရှသည် အဝါရောင်၀တ်စုံအား၀တ်ဆင်ထားကာ လက်နှစ်ဖက်အား နောက်ကျောပို့ထားခဲ့သည်။သူသည် တစ်နှစ်နီးပါးလေ့ကျင့်ပြီးနောက်တွင် ရွာသားလေးတစ်ယောက်အဖြစ်မှ ဂုဏ်အရှိန်အဝါနှင့်ပြည့်စုံသော ဧကရာဇ်တစ်ပါး၏သွင်ပြင်ကို အနည်းငယ်ပိုင်ဆိုင်လာခဲ့သည်။
"ဒီနေရာဟာ အင်ပါယာမြို့တော်ကလွဲပြီးတော့ ကမ္ဘာပေါ်ကကောင်းချီးအခံရဆုံးနေရာလို့ပြောကြတယ်...ငါဘာလို့ဒီလောက်အထီးကျန်နေရတာလဲ..."
လီချန်ရှသည် အောက်သို့ငုံ့ကြည့်လိုက်ချိန်တွင် ဝောာင်တန်းများပင် သေးငယ်နေခဲ့ပေသည်။
ဘုရင်ခံများ၊နယ်မြေများ၏အုပ်စိုးသူများနှင့်ကမ္ဘာကြီး၏သူရဲကောင်းများအားလုံးသည် တောင်ခြေရင်း၌ သူ၏အမိန့်ကိုစောင့်ဆိုင်းနေကြချိန်တွင် သူသည်အမြင့်ဆုံးတစ်နေရာ၌ မတ်တပ်ရပ်နေခဲ့သည်။
သို့သော်လည်း ရည်မှန်းချက်များနှင့်ပြည့်နှက်နေသောဤနေရာသည် သူပိုင်ဆိုင်သောအရာမဟုတ်ကြောင်း လီချန်ရှက ရှင်းရှင်းလင်းလင်းခံစားမိပေသည်။
"ရှောင်ဖန်းနဲ့ငါ့အမေအတွက် ငါဘာတွေလုပ်ပေးပြီးပြီလဲ..."
"ငါက ဧကရာဇ်တစ်ပါးဖြစ်ဖို့ တကယ်သင့်တော်လို့လား..."
လီချန်ရှသည် ရှုပ်ထွေးသောခံစားချက်များအား ရရှိနေခဲ့သည်။
ယခုအခါတွင် ဤသို့ဖြစ်လာသည့်အတွက် မည်သူ့ကိုမှ အပြစ်မပြောနိုင်တော့ပေ။သူသည် ကမ္ဘာကြီး၏စစ်မှန်သောအုပ်စိုးရှင်ဖြစ်လာမည်လား သို့မဟုတ် ရုပ်သေးရုပ်တစ်ခုဖြစ်လာမည်လား...သူ့ထံတွင် ရွေးချယ်စရာများများစားစားမရှိပေ။
အဝေးတစ်နေရာမှနေ၍ လူ၂ယောက်က သူ့အားစောင့်ကြည့်နေသည်ကို လီချန်ရှသတိမထားမိပေ။
"နတ်ဆရာမ...အဆင်သင့်ဖြစ်ပြီလား..."
ကြေးဝါမျက်နှာဖုံးအား ၀တ်ဆင်ထားသော ညဇီးကွက်ဘုရင်က အသံနက်ကြီးဖြင့်မေးလိုက်သည်။
"မမှားနိုင်ဘူး...အကုန်လုံးကိုဖုံးကွယ်ဖို့အတွက် ငါတို့မျိုးနွယ်စုရဲ့ မှော်တိုတမ်ကိုတောင်အသုံးပြုထားပေးတယ်...နဂါးသွေးကြောထွက်ပေါ်လာရင်တောင်မှ ဖုံးကွယ်ထားဖို့ ပြဿနာမရှိဘူး...နတ်ဆိုးတွေက အခမ်းအနားကိုနှောင့်ယှက်ဖို့ တိုက်ခိုက်လာတဲ့အချိန်မှာ ကောင်းကောင်းလှည့်စားနိုင်မှာပဲ"
အာတိတ်ရေခဲပြင်မျိုးနွယ်စုမှ နတ်ဆရာမအန်းမူယောင်က ခေါင်းညိတ်ပြလိုက်သည်။
"ဒါက ကမ္ဘာကြီးရဲ့အခြေအနေကို ယာယီတည်ငြိမ်စေလိမ့်မယ်...အင်အားစုတွေအားလုံးကို စုစည်းနိုင်လိမ့်မယ်...နတ်ဆိုးတွေကို ဒါယန်းမင်းဆက်ကနေ နှင်ထုတ်နိုင်ပြီးတော့ အမှန်တရားကိုဖြေးဖြေးချင်းဖော်ထုတ်နိုင်လိမ့်မယ်..."
ထိုအရာသည် အန်းမူယာက ညဇီးကွက်ဘုရင်ကို ပေးခဲ့သောအစီအစဉ်ဖြစ်သည်။
"ကောင်းပြီ..."
ထိုအချိန်တွင် ဘုရင်ရဲ့ရှောင်သည် ထျန်းယန်စင်မြင့်ပေါ်၌ရပ်နေသော မင်းသားလေးက အစားထိုးသက်သက်သာဖြစ်ကြောင်း သေချာသွားခဲ့သည်။
သို့သော် မြောက်ဘက်ရေခဲမျိုးနွယ်စု၏ နတ်ဆရာမက အစာထိုးထားသောမင်းသားလေးကို ကာကွယ်လိုနေခဲ့သည်။ထို့ကြောင့် အမှန်တရားကိုဖော်ထုတ်နိုင်ရန်အတွက် မင်းသားအစစ်ကိုရှာဖွေရန် လှည့်ကွက်အချို့အသုံးပြုရန်လိုအပ်ပေသည်။
ဤလမ်းကြောင်းသာပြတ်တောက်သွားပါက အရာအားလုံးပြီးဆုံးသွားမည်ဖြစ်သည်။
မင်းသားအစစ်ကို ရှာတွေ့ပြီးချိန်မှသာ နောက်ထပ်တစ်ကြိမ် ခွန်းလွန်တောင်ကြားအခမ်းအနားကို ကျင်းပနိုင်မည်ဖြစ်သည်။ဤ ခွန်းလွန်တောင်ကြားအခမ်းအနားကို ဦးစွာကျင်းပရခြင်းမှာ နတ်ဆိုးများ၏နှောင့်ယှက်မှုကြောင့် ပရမ်းပတာဖြစ်လာနိုင်၍ဖြစ်သည်။
ဤသည်မှာ လတ်တလောအတွက် အဆင်ပြေနိုင်သည့် တစ်ခုတည်းသောအဖြေဖြစ်သည်။
"ကမ္ဘာတစ်ဝှမ်းက သူရဲကောင်းတွေက တစ်ယောက်ပြီးတစ်ယောက်ရောက်လာကြပြီ...ကမ္ဘာကြီးရဲ့ကံကြမ္မာကိုပြောင်းလဲပေးနိုင်တဲ့ ပြဇာတ်ကြီးက နောက်ဆုံးတော့စတင်တော့မယ်"
အန်းမူယာသည် ခွန်းလွန်တောင်ကြားအခမ်းအနားသို့ တက်ရောက်လာကြသည့် လူအုပ်ကြီးကိုကြည့်ရင်း ၀မ်းနည်းမှုများနှင့်ပြည့်နှက်လာခဲ့သည်။
"ရှောင်လင်းအာ...မင်းရောလာမှာလား..."
ရှောင်လင်းအာသာ အသက်ရှင်နေပါက ဤနေရာသို့ရောက်လာမည်ဟု ခံစားမိနေခဲ့သည်။
သို့သော် ရှောင်လင်းအာက ဘယ်ရောက်နေမှန်းသူမသိပေ...သူမတို့ အမှန်တကယ်ပြန်ဆုံနိုင်မည်လား...
…
ခွန်းလွန်တောင်ကြားအပြင်ဘက် မြို့၌...
၇ရက်ကြာခရီးထွက်ပြီးနောက် နင်ဟုန်ယုနှင့်လီယွမ်တို့သည် သူရဲကောင်းများစုဝေးရာနေရာသို့ ရောက်ရှိလာခဲ့ကြသည်။ကောင်းကင်ယံတစ်ခုလုံး ကြည်လင်ရှင်းလင်းနေသော်လည်း အခြေအနေက စိတ်ပျက်ဖွယ်ကောင်းနေခဲ့သည်။
"မောင်လေး...ငါတို့တွေဒီနေရာကစပြီးတော့ လမ်းလျှောက်လို့ရပြီ..."
ဤနေရာသည် အရိုအသေပေးရသောနယ်မြေဖြစ်သည်။
အလယ်ပိုင်းလွင်ပြင်၊တောင်ပိုင်းရှင်းကျန်းဒေသ၊အရှေ့ပိုင်းကန္တာရ၊မြောက်ပိုင်းလွင်ပြင်ဒေသ၊အနောက်ပိုင်းမြက်ခင်းပြင်ဒေသများမှ ပထမအဆင့်မဟုတ်သော အင်အားစုများသည် ဤနေရာသို့၀င်ရောက်ရန်အရည်အချင်းမပြည့်မှီကြပေ။
ပထမအဆင့်အင်အားစုများသည်ပင် ခြေလျင်ဆင်းလျှောက်ရကာ အရိုအသေပေးရသည်။
ဤသည်မှာ နဂါးသွေးကြောအပေါ်ထားရှိသော လေးစားမှုဖြစ်သည်။
တစ်နည်းအားဖြင့်ဆိုသော် စစ်နတ်ဘုရားကို အရိုအသေပေးခြင်းဖြစ်သည်။
"စီနီယာအစ်မအရင်သွားနှင့်...ငါ့ရဲ့အမ၀မ်းကွဲကို ပြောပြီးရင်ငါလိုက်လာခဲ့မယ်"
လီယွမ်က ပြောလိုက်သည်။
"ကောင်းပြီ..."
နင်ဟုန်ယုသည် လီယွမ်တစ်ယောက် အတိတ်မေ့ရောဂါခံစားနေရသော အမ၀မ်းကွဲဖြစ်သူကို ခေါ်ဆောင်ရန်အတွက် အဘယ်ကြောင့်တွန်းအားပေးရသည်ကို နားမလည်နိုင်ပေ။သူမအား ဂရုစိုက်ရသည်မှာ ပို၍အားစိုက်ထုတ်ရပေသည်။
နင်ဟုန်ယုထွက်သွားပြီးနောက် လီယွမ်က အနီးအနားရှိတောအုပ်လေးထံ ပြေး၀င်သွားခဲ့သည်။
"ဓားနတ်သမီး...ငါ့နောက်ကလိုက်ခဲ့ပြီး အတတ်နိုင်ဆုံးပုန်းနေလိုက်...သန်မာအားကောင်းတဲ့ ကျွမ်းကျင်သူတွေနဲ့ နီးနီးကပ်ကပ်မနေနဲ့...စိတ်ထင်တိုင်းလျှောက်မလုပ်နဲ့...နားလည်လား..."
လီယွမ်က ညွန်ကြားလိုက်သည်။
ဓားနတ်သမီးက အနည်းငယ်ခေါင်းညိတ်လိုက်သည်။
လီယွမ်သည် ဆန်းကြယ်ပုံရိပ်ဂူကောင်ကို ထုတ်ဖော်လိုက်ပြီး ဓားနတ်သမီးပေါ်စေလွှတ်လိုက်ရာ သူမ၏ခန္ဓာကိုယ်က လေထုနှင့်ရောယှက်ပေါင်းစပ်သွားသကဲ့သို့ သဲလွန်စမရှိပျောက်ကွယ်သွားခဲ့သည်။
အားလုံးအဆင်ပြေသွားပြီဖြစ်ကြောင်း အတည်ပြုပြီးနောက်တွင် လီယွမ်သည်အသက်ခပ်ပြင်းပြင်းရှုကာ ဖြည်းဖြည်းချင်းနောက်လှည့်လိုက်သည်။
သူသည် မြင့်မားသောတောင်ထိပ်များကို ကျော်ကြည့်၍ ခွန်းလွန်တောင်ထိပ်ကို လှမ်းကြည့်လိုက်သည်။
ထိုနေရာမှ အသံတချို့က သူ့အားဆွဲခေါ်နေသကဲ့သို့ ထူးဆန်းသောခံစားချက်ကို ရရှိစေခဲ့သည်။
သူ၏သွေးနှင့်အရိုးများအား တောင်၀င်သမားတော်၏ မြေးဖြစ်သူကို ပေးအပ်ထားသလို ထိုက်ဇူဧကရာဇ်၏သွေးစက်နှင့်လည်း ပေါင်းစပ်ခြင်းမပြုလုပ်ရသေးပေ။
သို့သော်လည်း ဖျက်ဆီးမရနိုင်သောချိတ်ဆက်မှုကဲ့သို့ နားလည်ရခက်သောနှောင်ကြိုးတစ်ခု ရှိနေခဲ့သည်။
လီယွမ်သည် ဤနေရာသို့ရောက်လာသည်နှင့် ထိုခံစားချက်များက ရုန်းကြွလာခဲ့သည်။
"ဘိုးဘေးတို့ ကျေးဇူးပြုပြီးတော့ ငါ့ကိုမနှောင့်ယှက်ကြပါနဲ့...ဒီလီယွမ်အတွက်အချိန်မကျသေးဘူး...အချိန်ကျလာရင် ဒါယန်းကိုကျိန်းသေပြန်လည်တည်ထောင်ပါမယ်"
လီယွမ်သည် သူ၏အတွင်းစိတ်ထဲ၌ ရုန်းကြွနေသောလှုပ်ရှားမှုများအား မျိုသိပ်ထားလိုက်သည်။
လီယွမ်သည် ၁၆နှစ်တိုင်တိုင် သူ့အားခေါ်ဆောင်ကာ နတ်ဆိုးများ၏ရန်မှလွတ်မြောက်အောင် လုပ်ဆောင်ပေးခဲ့သော တော်၀င်သမားတော်၏ မြေးဖြစ်သူအား တွေ့ဆုံရန် ဤနေရာသို့ရောက်လာခဲ့ခြင်းဖြစ်သည်။
လီယွမ်သည် စစ်နတ်ဘုရား၏ရတနာသိုက်နှင့် နဂါးသွေးကြော၏ကံကြမ္မာကိုပင် ဂရုမစိုက်ခဲ့ပေ။
တစ်နေ့နေ့တွင် သူသည်အတားအဆီးများကိုဖြတ်ကျော်ကာ တောင်ထိပ်သို့တက်လှမ်း၍ သူ့ထံမှယူဆောင်သွားသည့်အရာအားလုံးကို ပြန်လည်ရယူသွားမည်ဖြစ်သည်။
လီယွမ်သည် ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ပြီး တောအုပ်ထဲမှထွက်ကာ လူအုပ်ကြားထဲတိုး၀င်သွားခဲ့သည်။
ယနေ့တွင် ခွန်းလွန်တောင်ကြားတစ်ခုလုံးကို အလွှာ၄ခုခွဲခြားထားခဲ့သည်။
အောက်ခြေအလွှာတွင် အမျိုးမျိုးသောအင်အားစုများမှ တပ်စွဲထားသောတပ်ဖွဲ့များရှိနေခဲ့သည်။သူတို့အားလုံးသည် နတ်ဆိုးများနှင့်မဟာမိတ်များကိုစောင့်ကြပ်နေခဲ့ပြီး သတိကိုအမြင့်ဆုံးထား၍ အချိန်မရွေးစစ်ပွဲစတင်ရန် ပြင်ဆင်ထားခဲ့ကြသည်။
အလယ်ပိုင်းအလွှာကိုမူ အမျိုးမျိုးသောအဓိကအင်အားစုများ၏ လက်ရွေးစင်များပါ၀င်နေခဲ့သည်။
လီယွမ်သည် သူတို့ထဲမှ တစ်ယောက်ဖြစ်ပေသည်။
ပိုမိုနက်ရှိင်းသောအလွှာများကို အသီးသီးသောအင်အားစုများ၏ ထိပ်ပိုင်းအလွှာများဖြစ်သော နန်းတော်ကိုးခု၏သခင်အဆင့်များ၊ဘုရင်ခံများနှင့်ခေါင်းဆောင်များက သိမ်းပိုက်ထားခဲ့ပေသည်။
အနက်ရှိင်းဆုံးတောင်ထိပ်တွင် ဒါယန်းတော်၀င်မိသားစုနှင့် ညဇီးကွက်အစောင့်များရှိနေပေသည်။
"မောင်လေး...အဆင်ပြေခဲ့လား"
နင်ဟောင်ယုသည် လီယွမ်ပြန်ရောက်လာသည်ကိုမြင်သော် တောင်ထိပ်အားညွန်ပြလိုက်သည်။
"တိမ်တွေကိုရောက်ခါနီး ရွှေရောင်ကွင်းပြင်ကိုတွေ့လား..."
"အင်းတွေ့တယ်..."
လီယွမ်က ခေါင်းညိတ်ပြလိုက်သည်။
"အဲ့ဒါကို ထျန်းယွမ်ကွင်းပြင်လို့ခေါ်တယ်...ဒါယန်းမင်းဆက်ရဲ့ဧကရာဇ်တွေဟာ ခွန်းလွန်တောင်ကြားအခမ်းအနားကို ဒီနေရာမှာကျင်းပကြပြီး ကောင်းကင်နဲ့မြေကြီးကိုယဇ်ပူဇော်ကြတယ်"
နင်ဟုန်ယုက ရှင်းပြလိုက်သည်။
"တော်တော်မြင့်တာပဲ..."
လီယွမ်က မျက်လုံးမှိတ်လိုက်ကာ ရေရွတ်လိုက်သည်။
သူ၏စိတ်စွမ်းအားသည် အလယ်အလတ်နယ်မြေအဆင့်သို့ရောက်ရှိသွားခဲ့ပြီးနောက် သူ၏အမြင်အာရုံက သာမန်လူများထက် အဆပေါင်းများစွာ သာလွန်နေပြီဖြစ်သော်လည်း သူ၏အမြင်အာရုံက တိမ်လွှာများကိုဖြတ်ကျော်သွားပြီးနောက် မြင်တွေ့နိုင်သည်မှာ အမဲစက်များသာဖြစ်သည်။
"အဲ့ဒါသူမဟုတ်လား...တောင်၀င်သမားတော်ရဲ့မြေး...ငါ့ရဲ့ကယ်တင်ရှင်"
လီယွမ်၏နှလုံးခုန်သံများက ပြင်းထန်လာခဲ့သော်လည်း သူ၏စိတ်လှုပ်ရှားမှုများကို တင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားလိုက်သည်။
"မောင်လေး...ကံကြမ္မာကောင်းချီးကိုနှစ်မြုပ်ခံရဖို့ စိတ်အားထက်သန်နေပြီလား..."
နင်ဟုန်ယုက ပြုံး၍ပြောလိုက်သည်။
"အမှန်ပဲ..."
လီယွမ်က ခေါင်းညိတ်ပြလိုက်သည်။
"ခဏတော့စောင့်...၃ရက်လောက်တော့ကြာမယ်ထင်တယ်..."
"အဆင့်တက်ဖို့အတွက် ခက်ခဲနေတဲ့စစ်သည်တော်တွေနဲ့ဂူသခင်တွေဟာ ဒီအခွင့်အရေးကို စောင့်ဆိုင်းနေကြတယ်...အဲလိုစောင့်ဆိုင်းနေသူတွေထဲမှာ သိုင်းသူတော်စင်တွေ၊ဂူသူတော်စင်တွေတောင်ပါနေတယ်"
နင်ဟုန်ယုက ရှင်းပြလိုက်သည်။
"အစ်ကိုကြီးလီယွမ်...အစ်ကိုကြီးလီယွမ်"
သူတို့၂ယောက်စကားပြောနေချိန်တွင် အဝေးမှနေ၍ ပြတ်သားသောအသံတစ်ခုကို ကြားလိုက်ရသည်။လီယွမ်သည် အသံလာရာဘက်သို့လှည့်ကြည့်လိုက်ရာ တောင်ပိုင်းရှင်းကျန်းဒေသ၏ အဖြူရောင်၀တ်စုံအား ၀တ်ဆင်ထားသော မိန်းကလေးတစ်ယောက်က သူ့ဆီပြေးလာနေကြောင်း တွေ့လိုက်ရသည်။
ထိုကောင်မလေးသည် သူ့အားစိုက်ကြည့်ကာ ချိုချိုသာသာပြုံးပြနေခဲ့သည်။
"မင်းသမီးလေး..."
"အစ်ကိုကြီးလီယွမ်...နောက်ဆုံးတော့ငါမင်းကိုတွေ့ခဲ့ပြီ...မင်းလာမယ်ဆိုတာ ငါသိနေတယ်..."
စန်းလန်မင်းသမီးလေးရှောင်ချင်းအာသည် လီယွမ်ကိုတွေ့ချိန်တွင် အလွန်၀မ်းသာပျော်ရွှင်သွားခဲ့သည်။
"ဂုဏ်ယူပါတယ် မင်းသမီးလေး...မင်းရဲ့အိပ်မက်ကိုအကောင်အထည်ဖော်နိုင်ပြီး အစွမ်းထက်တဲ့ဂူသခင်တစ်ယောက်ဖြစ်လာလို့ ၀မ်းသာပါတယ်"
လီယွမ်၏အာရုံခံမှုအရဆိုလျှင် ရှောင်ချင်းအာသည် ပဉ္စမအဆင့်ဂူသခင် ဖြစ်နေပြီဖြစ်သည်။သူမသည် အသက်၁၃နှစ်သာရှိသေးကာ သူ့ထက်၁၀နှစ်ငယ်သေးသည်။
ဤသည်မှာ ထူးခြားဂူကောင်စာရင်း၏ တတိယအဆင့်၌ရှိနေသော နှလုံးသားရှာဖွေခြင်းဂူကောင်၏ စွမ်းအားပင်ဖြစ်သည်။
"ချင်းအာက အစ်ကိုကြီးလီယွမ်ရဲ့နောက်မှာပဲရှိပါသေးတယ်...မင်းကချင်းအာရဲ့ပန်းတိုင်တစ်ခုပဲ"
ရှောင်ချင်းအာက ချိုချိုသာသာပြောလိုက်သည်။
ထိုနေ့ညက နတ်ဆိုးများနှင့်လီယွမ်တို့အကြား ရက်စက်ကြမ်းတမ်းသော သွေးထွက်သံယိုတိုက်ပွဲကြီးသည် စန်းလန်မင်းသမီး၏စိတ်ထဲ၌ နက်နက်ရှိုင်းရှိုင်းစွဲထင်နေခဲ့သည်။
နောက်ပိုင်းကာလများတွင် သူမသည်ဂူသခင်များစွာနှင့် ဆုံတွေ့ခဲ့သော်လည်း လီယွမ်ကဲ့သို့ အရှိန်အဟုန်ဖြင့်ပြည့်စုံသောသူမျိုးကို ထပ်မံမဆုံတွေ့ခဲ့ရပေ။
ဆရာဖြစ်သူတောင်မှ ချင်းအာကိုခဏခဏပြောယူရသည်။
"ငတုံးမလေး...ဒါကမင်းရဲ့ငယ်ဘ၀အမှတ်တရထဲက အဖြူရောင်လရိပ်လေးတစ်ခုဖြစ်နေမှာပါ..."
…