← Chapters

နတ်သမီးကဲ့သို့၀မ်းကွဲအစ်မ

Vol. 5 Ch. 68

နတ်သမီးကဲ့သို့၀မ်းကွဲအစ်မ

Vol. 5 Ch. 68

အချိန်များတဖြည်းဖြည်းကုန်လွန်သွားကာ မျက်စိတစ်မှိတ်အတွင်း အချိန်တစ်လခွဲကုန်ဆုံးသွားခဲ့သည်။

ဓားနတ်သမီးသည် ပတ်၀န်းကျင်နှင့်လိုက်လျောညီထွေဖြစ်စေရန် တစ်လခွဲကြာကြိုးစားပြီးနောက် သူမ၏အသိစိတ်ကပိုမိုအား‌ကောင်းလာကာ ရေချိုးခြင်း၊အ၀တ်အစားလဲခြင်း၊စားသောက်ခြင်းတို့အား အလွယ်တကူလုပ်ဆောင်လာနိုင်ခဲ့သည်။

သို့သော် ဂရုတစိုက်လမ်းညွန်ပေးမည့်သူမရှိပါက သူမသည်အမှားအယွင်းမကြာခဏလုပ်မိပေသည်။

ပုံမှန်အားဖြင့် သူမသည်ထမင်းစားပြီးချိန်တွင် ငှက်ကိုဖမ်းရန် သစ်ပင်ပေါ်သို့ခုန်တက်ခြင်း၊ရေချိုးနေချိန်၌ လီယွမ်၏အခန်းတွင်းသို့ ၀င်ရောက်မိခြင်းနှင့်ညကြီးအချိန်မတော် ဝါးရုံတောထဲပြေးသွားခြင်းတို့ လုပ်ဆောင်မိပေသည်။

ထိုအပြုအမူအားလုံးက လီယွမ်အားရယ်ချင်စိတ်ဖြစ်ပေါ်စေခဲ့သည်။

ဓားနတ်သမီးသည် သူမ၏ကိုယ်ပိုင်ကျင့်ကြံမှုအား ပြန်လည်မစတင်မှီတွင် သူမလျှောက်လှမ်းရမည့် ခရီးရှည်ကြီးရှိနေပေသေးသည်။

…

တစ်လခွဲခန့်ကြာပြီးနောက် စီနီယာအစ်မနင်က လီယွမ်ထံသို့ရောက်ရှိလာခဲ့သည်။

"ရှောင်ကျောက်...ခွန်းလွန်တောင်ကြားအခမ်းအနားကစတော့မှာဆိုတော့ ငါလည်းခွန်းလွန်တောင်ကြားကို သွားရတော့မယ်"

‌၀မ်ကျောက်ကျောက်သည် လီယွမ်၏ဘ၀တွင် တစ်ခုတည်းသောရင်းနှီးတွယ်တာမှုဖြစ်ကာ ဖယ်ရှားရန်ခက်ခဲလှပေသည်။

"အဲ့နေရာက အန္တာရယ်များလား..."

၀မ်ကျောက်ကျောက်က စိတ်ပူသွားခဲ့သည်။

သူမသည် ခွန်းလွန်တောင်ကြားအခမ်းအနားအကြောင်း ကြားသိထားပေသည်။ထိုအခမ်းအနားသို့ အင်အားစုများစွာနှင့်ဘုရင်ခံများအားလုံး တက်ရောက်ကြမည်ဖြစ်ရာ နတ်ဆိုးများက ထိုပရမ်းပတာအခြေအနေအား အခွင့်ကောင်းယူ၍ ဖျက်ဆီးနိုင်ခြေရှိနေသည်။

အစ်ကိုကြီးယွမ်သည် မည်မျှပင်အစွမ်းထက်ပါစေ ထိုသို့သောအခြေအနေအောက်တွင် အမြစ်မပါသောသစ်ပင်ငယ်သဖွယ် ပြိုလဲသွားရမည်ဖြစ်သည်။

"စိတ်မပူပါနဲ့...ညဇီးကွက်ဘုရင်က စောင့်ကြပ်နေတာမလို့ ပြဿနာမရှိပါဘူး...ငါနဂါးကောင်းချီးနဲ့နှစ်မြောခံရပြီးရင် ပြန်လာခဲ့မယ်"

လီယွမ်က ပြုံး၍ပြောလိုက်သည်။

"ဒါဆို... ဂရုစိုက်ပါ အစ်ကိုယွမ်"

၀မ်ကျောက်ကျောက်သည် သူမအိမ်ခြေရာမဲ့ဖြစ်ခဲ့ရသည့် အချိန်များအား ပြန်မတွေးဘဲမနေနိုင်ခဲ့ပေ။

သူမ၏အဖေ၊အမေတို့ဆုံးပါးချိန်တွင် သူမအလွန်ငတ်ပြတ်နေခဲ့ကာ နံစော်နေသောကြွက်ပုတ်များ၊ကြမ်းထော်သောသစ်ပင်အခေါက်များကို ရှာဖွေစားသောက်ခဲ့ရပြီး တောခွေးများလိုက်ကိုက်သည့်ဒဏ်ကိုလည်း မကြာခဏခံခဲ့ရသည်။

သူမ၏အဘိုးက သူမကိုခေါ်လာကာ အစ်ကိုယွမ်နှင့်မိတ်ဆက်ပေးသည့်အချိန်မှသာ သူမသည်အိမ်ဟူသောခံစားချက်အား ပြန်လည်ရရှိလာခဲ့သည်။

ယခုအချိန်တွင် သူမအဖြစ်ချင်ဆုံးဆန္ဒမှာ ယခုလိုဝါးရုံတောလေးထဲ၌ အစ်ကိုကြီးယွမ်နှင့်အတူတူ သာမန်ဘ၀လေးတစ်ခုအား သက်တောင့်သက်သာဖြတ်သန်းလိုခြင်းဖြစ်သည်။

သူမသည် ခွဲခွာရန်တွန့်ဆုတ်နေသော်လည်း ဤအရာသည် လီယွမ်အတွက်အခွင့်အရေးတစ်ခုဖြစ်ကြောင်း သိရှိထား၍ လီယွမ်၏အနာ‌ဂတ်ကို မဖျက်ဆီးမိစေရန် သတိကပ်ထားခဲ့သည်။

"ဒါဆိုလည်း ငါသွားတော့မယ်..."

လီယွမ်သည် နောက်လှည့်လိုက်ချိန်တွင် သူ၏နောက်ကျောမှနေ၍ ‌တင်းကျပ်သောခံစားချက်တစ်ခုအား ရရှိလိုက်သည်။

"အစ်ကိုကြီးယွမ်...မင်းသေချာပေါက်ပြန်လာရမယ်...ရှောင်ကျောက်က အစ်ကိုကြီးယွမ်ပြန်လာမှာကို စောင့်နေမယ်"

၀မ်ကျောက်ကျောက်က လီယွမ်၏နောက်မှပွေ့ဖက်ရင်း ပြောလိုက်သည်။

လီယွမ်သည် ကူကယ်ရာမဲ့စွာပြုံးလိုက်ကာ ရှောင်ကျောက်၏ဆံပင်များအား ညင်သာစွာပွတ်သပ်ပေးလိုက်သည်။

"ငတုံးမလေး...ငါမင်းကိုဘယ်တုံးကလိမ်ဖူးလို့လဲ...ငါ‌ကျိန်းသေပေါက်ပြန်လာမှာပေါ့..."

ရှောင်ကျောက်သည် ယခင်ထွက်ပြေးနေခဲ့ရသော နေ့ရက်များကိုပြန်သတိရကာ ထိတ်လန့်နေသည်ဟု ‌လီယွမ်ယူဆမိလိုက်သည်။

လူတစ်ယောက်သည် ငရဲမှလွတ်မြောက်လာချိန် ခံစားရသောသာယာမှုနှင့်အောင်မြင်မှုရရှိချိန်တွင် အမြတ်အစွန်းရရှိမှုကို ကြိုက်နှစ်သက်သကဲ့သို့ ယခုလိုခွဲခွာရချိန်၌လည်း ကြောက်ရွှံသောခံစားချက်ကို နားလည်ရပေသည်။

"ငါကျိန်းသေပေါက် ပြန်လာခဲ့မယ်"

လီယွမ်သည် ရှောင်ကျောက်၏လက်ကိုဖြေလျော့လိုက်ပြီးနောက်တွင် ဓားနတ်သမီးနှင့်အတူ ထွက်ခွာသွားခဲ့ကာ မကြာမှီဝါးတောလေး၏အဆုံး၌ ပျောက်ကွယ်သွားခဲ့သည်။

တောင်အဆင်းလမ်းပေါ်တွင်...

နင်ဟုန်ယုသည် အနီရောင်တောက်တောက်၀တ်စုံရှည်အား ၀တ်ဆင်ထားကာ သူမ၏လက်နှစ်ဖက်အား ရင်ဘတ်ပေါ်ကြက်ခြေခတ်ပိုက်ထား၍ မျက်ခုံးပင့်လိုက်မိသည်။

"မင်းက စီနီယာအစ်မကို သဘောမကျတာမထူးဆန်းတော့ဘူး...မင်းရဲ့အိုအေစစ်လေးမှာ ပုန်းအောင်းနေတဲ့အလှလေး၂ပါးရှိနေတာပဲ...ငါမင်းကိုလျော့တွက်မိလိုက်ပြီ ဂျူနီယာမောင်လေး..."

"စီနီယာအစ်မရေ...ထပ်ပြီးစနောက်မနေပါနဲ့တော့...‌ဒါကငါ့ရဲ့၀မ်းကွဲ...တောင်ပေါ်ကတစ်ယောက်က ငါ့ရဲ့ညီမ"

လီယွမ်က လေးနက်သောလေသံဖြင့် ဖြေလိုက်သည်။

"တကယ်လား...မင်းလိမ်နေတာတော့မဟုတ်ပါဘူးနော်..."

နင်ဟုန်ယုက မျက်လုံးပြူးသွားခဲ့သည်။

"သွားကြရ‌အောင်..."

လီယွမ်က ထိုအကြောင်းအရာအား ချက်ချင်းပြောင်းလဲလိုက်သည်။

နင်ဟုန်ယုက လေချွန်လိုက်ကာ လင်းယုန်နက်အား ဆင့်ခေါ်လိုက်ကာ လီယွမ်အားမေးလိုက်သည်။

"မင်းရဲ့၀မ်းကွဲလေးကို ခွန်းလွန်တောင်ကြားအခမ်းအနားကိုခေါ်ချင်တာ သေချာပြီလား..."

"စိတ်မပူပါနဲ့...စီနီယာအစ်မ...ငါ့မှာအစီအစဉ်တွေရှိပါတယ်"

ဓားနတ်သမီးသည် လက်ရှိအချိန်တွင် လီယွမ်၏အားအကောင်းဆုံး တိုက်ခိုက်ရေးစွမ်းအားဖြစ်သည့်အတွက် သဘာ၀ကျစွာပင် သူမကိုချန်ရစ်ခဲ့၍မရပေ။

"ကောင်းပြီလေ...မင်းကိုသတိ‌မပေးဘူးဆိုပြီးတော့ ငါ့ကိုအပြစ်မတင်နဲ့...ခွန်းလွန်တောင်ကြားဟာ အမျိုးမျိုးသောတပ်ဖွဲ့တွေရဲ့ ထူထပ်တဲ့အစောင့်အကြပ်တွေရှိနေတဲ့နေရာပဲ...အဲနေရာမှာ ယင်တစ်ကောင်တောင်ဖြတ်ပျံလို့မရဘူး"

"အဆင်ပြေပါတယ်..."

လီယွမ်က တည်ငြိမ်နေဆဲဖြစ်သည်။ဆန်းကြယ်ပုံရိပ်ဂူကောင်၏ရှေ့မှောက်တွင် မည်သည့်ကာကွယ်ရေးခံစစ်မဆို အလဟာဿဖြစ်ပေသည်။

ဓားနတ်သမီးသည် လက်ရှိလောကကြီးကို နားလည်သဘောပေါက်စေရန် ရည်ရွယ်ချက်တစ်ခုတည်းဖြင့်မဟုတ်ပေ။သူမအား လောကကြီးကို ရှုထောင့်ပေါင်းစုံမှကြည့်ရှုစေနိုင်ရန်၊လူအများနှင့်ပြောဆိုဆက်ဆံခြင်းဖြင့် သူမ၏လက်ကျန်အသိစိတ်ကို ပိုမိုနိုးကြားလာအောင် လှုံဆော်ပေးရန် လီယွမ်ထံတွင်ဆန္ဒမရှိပါက စီနီယာအစ်မအား ဓားနတ်သမီးနှင့်တွေ့ခွင့်ပြုမည်မဟုတ်ပေ။

"ကောင်မလေး...မင်းကတကယ်ကြီး လီယွမ်ရဲ့၀မ်းကွဲလား..."

လက်ရှိအချိန်တွင် ဓားနတ်သမီးသည် အဖြူရောင်၀တ်စုံအား၀တ်ဆင်ထားကာ အမှီအခိုကင်းမဲ့သော သေမျိုးလောကနှင့်မသက်ဆိုင်သော ပုံစံအားဖော်ဆောင်နေခဲ့သည်။

လွန်ခဲ့သောနှစ်ပေါင်း၃၀၀၀ကပင် သူမသည်တုနှိုင်းမဲ့အလှတရားတစ်ခုဖြစ်သည်။နှစ်ပေါင်း၃၀၀၀ကြာအောင် တိတ်ဆိတ်စွာအိပ်စက်ခြင်းက သူမ၏စိတ်အခြေအနေအား အင်မော်တယ်လောကမှ နတ်သမီးတစ်ယောက်နှင့်မခြားဖြစ်စေခဲ့သည်။

နင်ဟုန်ယုထံတွင် ချောမောလှပသောရုပ်ရည်သွင်ပြင်ရှိပြီး လူငယ်များစွာ၏ချစ်ခင်ကြိုက်နှစ်သက်မှုအား ရရှိထားသော်လည်း ဓားနတ်သမီးနှင့်နှိုင်းယှည်ကြည့်ရမည်ဆိုပါက ကွာဟချက်မှာ သိသာလွန်းပေသည်။

အထူးသဖြင့် သူမတို့၏စိတ်အခြေအနေချင်းက ကမ္ဘာခြားနေခဲ့သည်။

သူမထံတွင် ဓားနတ်သမီးအားကျော်လွန်နိုင်သည့် တစ်ခုတည်းသောအရာမှာ သူမ၏ဂုဏ်ယူဖွယ်ရာအကောင်းဆုံးဖြစ်သော ရင်ဘတ်ပင်ဖြစ်သည်။

ထိုသို့တွေးမိပြီးနောက် နင်ဟုန်ယုကမျဉ်းဖြောင့်အတိုင်းမနေဘဲ ရင်ဘတ်ကိုရှေ့ကော့ထားလိုက်သည်။

သူမကနတ်သမီးဆိုရင်ကောဘာဖြစ်လဲ...အနည်းဆုံးတော့ ငါ့မှာသူ့ထက်သာတဲ့ဟာရှိနေတာပဲ...ငါတို့ကမုန့်တစ်ခုတည်းအတွက်မဟုတ်ဘဲ မျက်နှာသာရဖို့ တိုက်ခိုက်နေရတာပဲ...

လီယွမ်သည် စီနီယာအစ်မဖြစ်သူ၏ အပြုအမူများအား သတိထားမိချိန်တွင် မရယ်ဘဲမ‌နေနိုင်တော့ပေ။ဤဂရုမစိုက်တတ်သော စီနီယာအစ်မကြီးထံတွင် ယခုလိုအရည်အချင်းများရှိကြောင်း ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။

သူမက ငါ့ရဲ့စီနီယာအစ်မကြီးဖြစ်ထိုက်ပါပေတယ်...

"ဘာလို့စကားမပြောရတာလဲ..."

ဓားနတ်သမီးသည် တိတ်ဆိတ်နေကော အဝေးမှကောင်းကင်ကို စိုက်ကြည့်နေသည်ကိုမြင်သောအခါ နင်ဟုန်ယုကတစ်ခုခုမှားယွင်းနေကြောင်း ခံစားမိလိုက်သည်။

"ငါ့ရဲ့၀မ်းကွဲက မှတ်ညဏ်တွေပျောက်ဆုံးသွားပြီး သူရဲ့ဝိညာဉ်ကထိခိုက်သွားတော့ စကားမပြောနိုင်တော့ဘူး..."

လီယွမ်က ရှင်းပြလိုက်သည်။

"အဲလိုလား...တောင်းပန်ပါတယ် မိန်းကလေး...ငါကမင်းကိုလှောင်ပြောင်လိုစိတ်နဲ့ပြောတာမဟုတ်ပါဘူး...ငါ့ကိုခွင့်လွှတ်ပါ"

နင်ဟုန်ယုက ထိတ်လန့်သွားခဲ့ကာ လျင်မြန်စွာဦးညွတ်လိုက်သည်။

"ဒါဆို...သူမကမင်းရဲ့၀မ်းကွဲအစ်မပေါ့..."

နင်ဟုန်ယုက ယုံကြည်သွားခဲ့သည်။

လီယွမ်၏ရုပ်ရည်သွင်ပြင်နှင့် အရည်အချင်းတို့ကြောင့် ရင်သားကြီးကြီး၊ခြေတံရှည်ရှည်၊တင်ပါးကြီးကြီးရှိသော လက်တွဲဖော်တစ်ယောက်ကိုရရှိရန် ပြဿနာမရှိသင့်ပေ။

သူသည် ယခုလိုအတိတ်မေ့ကာ အူကြောင်ကြောင်ဖြစ်နေသူအား လက်တွဲဖော်အဖြစ် ရွေးချယ်စရာမလိုအပ်ပေ။

"ဒါဆိုရင် ငါ့မှာအခွင့်အရေးရှိသေးတာပေါ့..."

နင်ဟုန်ယုက ပျော်ရွှင်စွာဖြင့်ပြုံးလိုက်မိသည်။

"စီနီယာအစ်မ...ကျေးဇူးပြုပြီး ငါ့ကိုမစနဲ့တော့..."

လီယွမ်က ပြုံးလိုက်မိသည်။စီနီယာအစ်မသည် ပင်ကိုယ်အားဖြင့် စိတ်အားထက်သန်သော်လည်း အခြေအနေကိုမှန်းဆနိုင်စွမ်းရှိပေသည်။ထို့ပြင် သူမကိုယ်သူမနှစ်သိမ့်ပေးနိုင်စွမ်းရှိသည့်အတွက်ကြောင့် သူသည်အများကြီးရှင်းပြနေစရာမလိုအပ်ပေ။

"အင်း...ငါပြောဖို့မေ့နေတာတစ်ခုရှိတယ်..."

နင်ဟုန်ယုက သူမ၏နဖူးကိုပွတ်သပ်နေရင်း တစ်စုံတစ်ခုကို ရုတ်တရက်သတိရလိုက်သည်။

"ဘာပြောစရာရှိလို့လဲ...အစ်မ"

"အရင်တစ်ခါတုံးက မင်းဂူအင်မော်တယ်လျှို့ဝှက်နယ်မြေမှာ သွားလေ့ကျင့်တုံးက သီးခြားကျွန်းမှာ တစ်ခုခုမဖြစ်ခဲ့ဘူးလား...ခုတော့အဲလိုဖြစ်ရတဲ့ အကြောင်းရင်းကိုသိလိုက်ပြီ"

"ဘာကြောင့်လဲ..."

လီယွမ်က စိတ်ရှုပ်ထွေးသွားခဲ့သည်။

"နန်းတော်၉ခုက အကြီးအကဲတွေ ပူးပေါင်းစုံစမ်းပြီးတဲ့နောက်မှာ ဂူအင်မော်တယ်လျှို့ဝှက်နယ်မြေထဲက ဧရာမသစ်ပင်ကြီးပျောက်ကွယ်သွားတာ တွေ့လိုက်ရတယ်...အဲ့သစ်ပင်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း၃၀၀၀က ဂူအင်မော်တယ်စိုက်ပျိုးခဲ့တဲ့ ရှားပါးအင်မော်တယ်သစ်ပင်ဖြစ်တယ်လို့‌ ကောလဟာလတွေထွက်ပေါ်နေတယ်"

နင်ဟုန်ယုက ညည်းညူလိုက်သည်။

"အဲ့ကိစ္စကိုဘယ်သူလုပ်ခဲ့တာလဲဆိုတာ သိရပြီလား..."

လီယွမ်က မေးမြန်းလိုက်သည်။

"သတ္တမနန်းတော်က တစ်ယောက်ယောက်လုပ်ခဲ့တာဖြစ်ရမယ်"

"သတ္တမနန်းတော်သခင်ရဲ့ တပည့်၂ယောက်ဖြစ်တဲ့ ရှယွဲ့လျန်နဲ့ကျောက်ပိုင်တုံတို့ဟာ အင်မော်တယ်အုတ်ဂူထဲ‌၀င်ရောက်သွားပြီးတော့ တစ်စုံတစ်ခုလုပ်ဆောင်ခဲ့ပုံရတယ်..."

နင်ဟုန်ယုက ပြောလိုက်သည်။

"အင်မော်တယ်အုတ်ဂူက ဘာလဲသိလား..."

"မသိပါဘူး..."

လီယွမ်က မသိချင်ဆောင်ကာ ခေါင်းခါပြလိုက်သည်။

"အင်မော်တယ်အုတ်ဂူဟာ ဂူအင်မော်တယ်ရဲ့သမီးဖြစ်သူ အိပ်စက်အနားယူရာနေရာဖြစ်တယ်...အကြီးအကဲတွေက အဲနေရာကိုရောက်သွားတဲ့အခါ ဧရာမသစ်ပင်ကြီးပျောက်ကွယ်သွားရုံသာမက ဂူအင်မော်တယ်ရဲ့သမီးရှိနေတဲ့ ခေါင်းတလားကပါအဖုံးပွင့်နေပြီး သူမရဲ့အလောင်းပါပျောက်ကွယ်သွားတာကို တွေ့လိုက်ရတယ်"

"ထာ၀ရအိပ်စက်နေသူတွေဟာ အလင်းရောင်ကိုမမြင်တွေ့နိုင်ဘူး...ဂူအင်မော်တယ်ရဲ့သမီးအလောင်းဟာ လေထဲမှပျောက်ကွယ်သွားသလို သဲလွန်စရှာမရခဲ့ဘူး"

"အဲလိုနဲ့သေသေချာချာစုံစမ်းပြီးတဲ့နောက်မှာ အကြီးအကဲတွေဟာ ရှယွဲ့လျန်နဲ့ကျောက်ပိုင်တုံတို့ကို ဖော်ထုတ်နိုင်ခဲ့တယ်...ဒါပေမဲ့ သူတို့ကလည်း ပျောက်ကွယ်နေတဲ့အတွက် ဒီကိစ္စအတွက် ဖြေရှင်းချက်မရသေးဘူး"

"အရင်ကတော့ နန်းတော်သခင်က မင်းကိုစစ်ဆေးမေးမြန်းချင်ခဲ့ပေမဲ့ ဆရာတူဦးလေးချီယန်ရဲ့ အာမခံချက်ကြောင့် မင်းကိုသံသယရှိတဲ့လူစာရင်းကနေ ဖယ်ထုတ်လိုက်တာပဲ..."

နင်ဟုန်ယုက အဆက်မပြတ်ပြောဆိုနေခဲ့သည်။

"တကယ်ကြီးလား..."

လီယွမ်သည် ရှယွဲ့လျန်နှင့်ကျောက်ပိုင်တုံတို့အား နှလုံးသားထဲမှနေ၍ ကျေးဇူးတင်လိုက်မိသည်။

ထိုလူနှစ်ယောက်သာ သူ့ကိုယ်စားအပြစ်မခံယူခဲ့လျှင် သူအမှန်တကယ်ဒုက္ခရောက်သွားနိုင်သည်။

"ဒါပေမဲ့ ကိစ္စတွေက လွယ်လွယ်နဲ့ကောက်ချက်ချလို့မရသေးဘူး..."

နင်ဟုန်ယုက သက်ပြင်းချရင်းပြောလိုက်သည်။

"အဲလူယုတ်မာတွေကို ရှာတွေ့တဲ့တစ်နေ့ကျရင်တော့ ဂူအသိုက်က ပြင်းပြင်းထန်ထန်အပြစ်ပေးဖို့ လက်တွန့်နေမှာမဟုတ်ဘူး"

…

All Chapters