← Chapters

ငတုံးတစ်ယောက်နှင့်မျက်ကန်းတစ်ယောက်

Vol. 5 Ch. 67

ငတုံးတစ်ယောက်နှင့်မျက်ကန်းတစ်ယောက်

Vol. 5 Ch. 67

"မင်းကတော့သေချာပေါက်သွားရမယ် မောင်လေး...ရှက်နေစရာမလိုဘူး...မင်းသွားချင်တယ်ဆိုရင် ငါတို့ကိုပြောလိုက်...ငါတို့အားလုံးနားလည်ပါတယ်"

နင်ဟုန်ယု၏မျက်နှာတွင် အပြုံးတစ်ခုထွက်ပေါ်လာကာ လီယွမ်၏ပုခုံးနှစ်ဖက်အား ဆုပ်ကိုင်လိုက်သည်။

"ကောင်းပါပြီ...ဒီနေ့ကိစ္စအတွက် နောင်တစ်ချိန်မှာ စီနီယာအစ်မနဲ့အစ်ကိုတို့ကို မျက်နှာသာပြန်ပေးပါမယ်"

လီယွမ်က တုံ့ဆိုင်းမနေဘဲ ခေါင်းညိတ်ပြလိုက်သည်။

"ဒါတွေအကုန်လုံးက အသေးအမွှားလေးတွေပါ...အစ်မကြီး...မင်းလည်းဂျူနီယာမောင်လေးနဲ့အတူလိုက်သွားသင့်တယ်...ခွန်းလွန်တောင်ကြားအခမ်းအနားက အေးအေးချမ်းချမ်းပြီးဆုံးသွားမှာမဟုတ်ဘူး...မင်းရဲ့စွမ်းအားက ဂျူနီယာညီလေးကို ကောင်းကောင်းကာကွယ်ပေးနိုင်တယ်လေ"

ဖေးလော့ချင်က သူ၏လက်ကိုဝှေ့ယမ်းကာ အကြံပေးလိုက်သည်။

နင်ဟုန်ယုက မျက်ခုံးပင့်ရင်းပြောလိုက်သည်။

"မင်းကဒီလိုတကယ်လုပ်ချင်တာလား...ငါတို့မောင်နှမတွေကြား ကိစ္စတွေအကုန်လုံးကို ရှင်းရှင်းလင်းလင်းလုပ်ထားသင့်တယ်နော်...ပွင့်ပွင့်လင်းလင်းပြော ဟန်မဆောင်နဲ့..."

"ဟဲဟဲ...အစ်မကြီးက အားနာနေတယ်ဆိုရင် သုံးရက်လောက်ကောင်းကောင်းစားခွင့်ပေးမယ်ဆိုရင်တော့ လျော်ကြေးအနေနဲ့သတ်မှတ်လို့ရမှာပါ..."

ဖေးလော့ချင်က ရယ်ရယ်မောမောဖြင့်ပြောလိုက်သည်။

"ထွက်သွားစမ်း...အလွန်ဆုံးတစ်နေ့ပဲ...၃ရက်သာဆိုရင် ကောင်းကင်နန်းတော်က၀က်တစ်ကောင်တောင်မှ မင်းကိုအစားစားတဲ့နေရာမှာ အရှုံးပေးရလိမ့်မယ်"

နင်ဟုန်ယုက မျက်လုံးပြူးသွားကာ အော်ဟစ်လိုက်သည်။

"ဒါဆိုရင် သဘောတူလိုက်ပြီနော်"

ဖေးလော့ချင်က လိမ္မာပါးနပ်စွာဖြင့် ပြုံးလိုက်မိသည်။

"မင်းက ငါ့ကိုထောင်ချောက်ဆင်လိုက်တာပေါ့လေ"

နင်ဟုန်ယုက မျက်ခုံးပင့်လိုက်မိသည်။

"ဟားဟား...အကောင်းဆုံးကိုလိုချင်ရင် အလယ်အလတ်ပဲရလိမ့်မယ်...အလယ်အလတ်ကိုမျှော်လင့်ရင် အဆိုးဆုံးကိုရလိမ့်မယ်...အဆိုးဆုံးကိုမျှော်လင့်ရင် ဘာမှရလာမှာမဟုတ်ဘူး...ဒါကိုတိုက်ပွဲတွင်းလှည့်စားမှုလို့ခေါ်တယ်..."

ဖေးလော့ချင်က ဂုဏ်ယူစွာဖြင့်ပြောလိုက်သည်။

"ဆရာနဲ့ဂျူနီယာညီလေးတို့အားလုံး ဒါကိုမြင်ကြတယ်မလား...ငါတနေကုန်စိတ်ကြိုက်အောင်ပွဲခံတော့မယ်...ငါ့ကိုလာမတားကြနဲ့...ဟားဟား"

ဖေးလော့ချင်က သူ၏နှုတ်ခမ်းများကိုသပ်ရင်း အော်ဟစ်လိုက်သည်။

"မင်းရဲ့၀က်နဲ့တူတဲ့မျက်နှာကြီးကို မှန်ထဲပြန်ကြည့်စမ်းပါ....ဒီတစ်ခါတော့ ငါမင်းနဲ့မငြင်းချင်တော့ဘူး..."

နင်ဟုန်ယုက ကူကယ်ရာမဲ့စွာဖြင့် ရေရွတ်လိုက်သည်။

ထို့နောက်တွင်...

‌ ချောမောသောအသွင်အပြင်ရှိသော သူ၏စီနီယာအစ်ကိုဖြစ်သူ ဖေးလော့ချင်သည် ဆူဖြိုးသောဦးခေါင်းနှင့်နားရွက်အကြီးကြီးပါသော လူ၀ကြီးတစ်ယောက်အဖြစ်ပြောင်းလဲသွားကြောင်း လီယွမ်တွေ့မြင်လိုက်ရသည်။သူသည် ဥယျာဉ်ထဲသို့တဟုန်ထိုးပြေး၀င်သွားကာ မြိန်ရေရှက်ရေဖြင့် စတင်စားသုံးတော့သည်။

ထိုအရာက ဆယ်ပေခန့်မြင့်သော တောင်ကုန်းအရွယ်ရှိသည့် ဂျင်ဆင်းကလေးငယ်ဂူကောင်ကို လီယွမ်အားအမှတ်ရစေခဲ့သည်။

ဒါတွေအားလုံးက စီနီယာအစ်ကိုဖေး အစားကြူးလို့ဖြစ်လာတာလား...

"ဆရာ...မင်းရဲ့ဒုတိယတပည့်က တာအိုလက်တွဲဖော်ရှာနိုင်ပါမလား..."

နင်ဟုန်ယုက စနောက်လိုက်သည်။

"မိန်းကလေးတွေက အသက်ပြည့်ရင်မြန်မြန်လက်ထပ်သင့်တယ်...မင်းလည်းအချိန်မဆွဲနဲ့တော့..."

ယုဟွမ်းချွမ်က သူ၏တပည့်မလေးကို တစ်ချက်ကြည့်လိုက်မိသည်။

"ဂျူနီယာမောင်လေးကမဆိုးဘူ...သူကငါ့ရဲ့စံနှုန်းနဲ့ကိုက်ညီတယ်..."

နင်ဟုန်ယုက မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း ပြောလိုက်သည်။

"ဆရာက အပြင်လူတွေနဲ့ခွင့်မပြုပေးတာ အကောင်းဆုံးပဲ...ငါနဲ့ဂျူနီယာမောင်လေးကြား လက်ထပ်ပွဲကျင်းပပေးဖို့ ဘယ်လိုသဘောရလဲ..."

ယုဟွမ်းချွမ်က ကူကယ်ရာမဲ့စွာပြုံးလိုက်မိသည်။

"မင်းက တော်တော်တွေးတတ်တာပဲ..."

လီယွမ်က ချက်ချင်းပင်သူ၏လက်များကို ဝှေ့ယမ်းလိုက်သည်။

"စီနီယာအစ်မ ဒီအကြောင်းကိုပြောဖို့စောလွန်းသေးတယ်...ငါဂူတာအိုမှာ ကျင့်ကြံအောင်မြင်မှ အချစ်အကြောင်းကိုဆက်ပြောရအောင်..."

"ကောင်းပြီ...အစ်မမင်းကိုစောင့်နေမယ်"

နင်ဟုန်ယုက ထပ်မံစနောက်လိုက်သည်။

ချစ်ခြင်းမေတ္တာသူသည် နေ့ချင်းညချင်းဖြစ်ပေါ်လာခြင်းမဟုတ်ကြောင်း သူမနားလည်ထားပေသည်။လူနှစ်ယောက်အတူတူရှိရန်မှာ တစ်စုံတစ်ယောက်က ဦးစွာအစပြုရန်လိုအပ်ပေသည်။သူမသည် ဂျူနီယာမောင်လေးကဲ့သို့ ငယ်ရွယ်သောပါရမီရှင်တစ်ယောက်ကို သူမဘက်မှအစပြုရန်အတွက် ဆန္ဒရှိခဲ့ပေသည်။

ငါ့ရဲ့ဂျူနီယာမောင်လေးက အတင်းအကြပ်လုပ်ဆောင်တာမျိုးကို မကျေနပ်လောက်ဘူး...ဒီတိုင်း‌ပုံမှန်လေးသွားကြတာပေါ့...တစ်နေ့နေ့တော့ အဆင်ပြေသွားမှာပါ...

နောက်တစ်နေ့တွင်...

ဆရာဖြစ်သူနှင့်တပည့်၃ယောက်တို့က အတူတူနေ့လည်စာစားခဲ့ကြသည်။

လီယွမ်လည်း ထွက်ခွာရန်ပြင်ဆင်နေခဲ့သည်။

"မင်းတို့ လင်းယုန်နက်ကိုစီးသွားရင်တောင် ရှင်းကျန်းတောင်ပိုင်းကနေ ခွန်းလွန်တောင်ကြားကိုရောက်ဖို့အတွက် အနည်းဆုံးအချိန်၁၅ရက်ကြာလိမ့်မယ်..."

"မင်းတို့အဲကိုရောက်တာနဲ့ ပြင်ဆင်ဖို့အတွက် အနည်းဆုံးအချိန်၃ရက်ယူရလိမ့်မယ်...မောင်လေး...တစ်လခွဲအတွင်းမှာ မင်းကိုလာရှာဖို့ အမှတ်၁၂ဂူနန်းကို လာခဲ့မယ်"

နင်ဟုန်ယုက အစီအစဉ်ကောင်းတစ်ခုကို ပြုလုပ်ခဲ့သည်။

"နားလည်ပါပြီ...ဆရာလည်းဂရုစိုက်ပါ...အချိန်ရရင်ထပ်ပြီးလာလည်ပါမယ်"

လီယွမ်က ခေါင်းညိတ်လိုက်ကာ ဆရာဖြစ်သူအား နှုတ်ဆက်လိုက်သည်။

"မင်းဆရာက သူ့ရဲ့တစ်ဘ၀တာမျှော်လင့်ချက်တွေအားလုံးကို မင်းဆီအပ်နှံထားလိုက်ပြီနော်..."

ယုဟွမ်းချွမ်သည် သူ၏ခြောက်သွေ့နေသောလက်များဖြင့် လီယွမ်၏လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်သည်။

"လီယွမ်...ငါ့အတွက် ထူးခြားဂူကောင်ဖြစ်တဲ့ အိပ်မက်ပိုးဂူကောင်ကို သန့်စင်ပေးပါ..."

…

၇ရက်ကြာပြီးနောက်...

လီယွမ်သည် ဓားနတ်သမီးနှင့်အတူ အမှတ်၁၂ဂူနန်းရှိ ဝါးတောလေးရှိရာသို့ ပြန်ရောက်လာခဲ့သည်။

"အစ်ကိုကြီးယွမ်...ပြန်လာပြီလား..."

လီယွမ်သည် ဝါးတောလေးထဲမ၀င်မှီ စန်းဂူမျှော်စင်အတွင်းမှနေ၍ ၀မ်ကျောက်ကျောက်က ချက်ချင်းထွက်ပေါ်လာခဲ့သည်။

"ရှောင်ကျောက်...မင်းရဲ့စိတ်စွမ်းအားက ပိုပြီးထက်မြက်လာတာပဲ..."

လီယွမ်က ပြုံးပြုံးလေးပြောလိုက်သည်။

သွေးမျက်လုံးဂူကောင်က ဂူသခင်၏အမြင်အာရုံကိုဖယ်ထုတ်ထားခဲ့သော်လည်း အခြားသောရှုထောင့်များ၌ အားကောင်းသောခံစားချက်ကို ပေးစွမ်းထားခဲ့သည်။အချိန်ကြာလာသည်နှင့်အမျှ ၀မ်ကျောက်ကျောက်၏အာရုံခံနိုင်စွမ်းက ပို၍တိုးတက်လာခဲ့သည်။

"အစ်ကိုကြီးယွမ်...မင်းဘေးကကောင်မလေးကဘယ်သူလဲ..."

၀မ်ကျောက်ကျောက်သည် လီယွမ်၏ဘေးနားတွင်ရပ်နေသော ထူးခြားသောအမူအရာရှိသည့် အမျိုးသမီးတစ်ယောက်အား ချက်ချင်းသတိထားမိလိုက်သည်။

"သူမက...သူမက ဓားနတ်သမီးလို့ လူတွေသိထားကြတဲ့ ငါ့ရဲ့အဝေးတစ်နေရာက ၀မ်းကွဲတစ်ယောက်ပါ..."

"၀မ်းကွဲ...အစ်ကိုကြီးယွမ် နောက်ဆုံးတစ်ကြိမ်တုံးက ငါ့ရဲ့လက်မောင်းဒဏ်ရာကို ကုသပေးခဲ့တဲ့ ၀မ်းကွဲဆိုတာ အမကြီးဓားနတ်သမီးကိုပြောတာလား"

၀မ်ကျောက်ကျောက်က အနည်းငယ်ရှက်ရွှံသွားခဲ့သည်။

"အင်း...မင်းပြောသလိုပဲ...သူမကငါ့ရဲ့မိသားစု၀င်ဖြစ်တယ်"

လီယွမ်က ခဏလောက်စဉ်းစားပြီး ပြန်ပြောလိုက်သည်။သူတို့အားလုံးသည် လီယွမ်၏ပင်မဂူကောင်များဖြစ်ကြသည့်အတွက် သူတို့သည်မိသားစု၀င်များဖြစ်ကြသည်မှာ မှားယွင်းနေခြင်းမဟုတ်ပေ။

"အိုး...တွေ့ရတာ၀မ်းသာပါတယ်...အစ်မဓားနတ်သမီး..."

၀မ်ကျောက်ကျောက်က တုန်ယင်နေသောလေသံဖြင့်နှုတ်ဆက်လိုက်သည်။ဤအစ်မကြီးသည် မယုံနိုင်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်ကာ အစ်ကိုကြီးယွမ်ထက် များစွာပိုမိုအစွမ်းထက်ပေသည်။

"သူမကစကားမပြောနိုင်ဘူး..."

လီယွမ်က ထပ်ဆောင်းပြောလိုက်သည်။

၀မ်ကျောက်ကျောက်သည် ကိုယ်ချင်းစာစိတ်ကြောင့် သက်ပြင်းမချဘဲမနေနိုင်တော့ပေ။အစ်ကိုကြီးယွမ်သည် အလွန်ပင်ကြင်နာတတ်ကာ သူမလိုမျက်မမြင်တစ်ယောက်အပြင် ဆွံ့အနေသော၀မ်းကွဲတစ်ယောက်ကိုပင် ခေါ်ယူစောင့်ရှောက်ပေးခဲ့သည်။

"အစ်ကိုကြီးယွမ်...ငါတစ်ခုခုသွားချက်လိုက်အုံးမယ်...အစ်မကြီးဓားနတ်သမီးကို ဒီနေရာနဲ့ရင်းနှီးသွားအောင် အရင်လုပ်လိုက်ပါ..."

သူမသည် မျက်မမြင်တစ်ယောက်ဖြစ်ချိန်တွင် သွားလာလှုပ်ရှားရန် ခက်ခဲခဲ့သည်။

ဓားနတ်သမီးသည်ကား အလွန်အစွမ်းထက်သော်လည်း ဆွံ့အနေခဲ့သည်။သူမသည် ရက်စက်ကြမ်းကြုတ်ကာ ထိန်းချုပ်ရခက်ခဲသော ရန်သူအချို့ကြောင့် ယခုလိုအခြေအနေမျိုးဖြင့် အဆုံးသတ်ရခြင်းဖြစ်သည်ဟု သူမယူဆမိပေသည်။

"ခုလိုကူညီပေးလို့ ကျေးဇူးတင်ပါတယ် ရှောင်ကျောက်..."

ဤမိန်းကလေးသည် မျက်စိမမြင်သော်လည်း ညဏ်ကောင်းသောကြောင့် လူအများနှင့်လိုက်လျောညီထွေရှိပေသည်။

"ဒါလေးလုပ်ရတာ မခက်ခဲပါဘူး..."

၀မ်ကျောက်ကျောက်သည် လီယွမ်အိမ်ပြန်ရောက်လာသည့်အတွက် အလွန်၀မ်းသာနေခဲ့သည်။သူမသည် မြန်မြန်ဆန်ဆန်ဖြင့် မီးဖိုချောင်ထဲ၀င်ရောက်သွားခဲ့သည်။

လီယွမ်က ဓားနတ်သမီးအား အိပ်ခန်းထဲခေါ်သွားခဲ့သည်။

"ဓားနတ်သမီး...ခုချိန်ကစပြီးတော့ မင်းဒီမှာအိပ်ရလိမ့်မယ်..."

အကယ်၍ တစ်စုံတစ်‌ယောက်သည် ဓားနတ်သမီး၏ လက်ကျန်အသိစိတ်ကို ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်လိုပါက နှစ်ပေါင်း၃၀၀ကြာ ဂရုတစိုက်ကုသရန်လိုအပ်ပေသည်။သူမအား လက်ရှိကမ္ဘာကြီး၏အစိတ်အပိုင်းတိုင်းနှင့် ဖြေးဖြေးချင်းထိတွေ့စေကာ အသက်စွမ်းအင်ကိုဖြည့်တင်းပေးရန် မဖြစ်မနေလိုအပ်ပေသည်။

"ဓားနတ်သမီး...ဒီကောင်မလေးရဲ့နာမည်က ရှောင်ကျောက်ပဲ...ငါတို့ကခုချိန်ကစပြီးတော့ မိသားစုတစ်ခုဖြစ်တယ်...မင်းကသူ့ကိုရန်ရှာလို့မရဘူးနော်..."

လီယွမ်သည် ဓားနတ်သမီးအား သူငယ်ချင်းနှင့်ရန်သူကိုခွဲခြားသိ‌စေရန် သင်ကြားပေးခဲ့သည်။

ထိုသို့မဟုတ်ပါက ဓားနတ်သမီးသည် သူမှလွဲ၍ အခြားသူတိုင်းအား ရန်သူအဖြစ်သတ်မှတ်မည်ဖြစ်သည်။

ဓားနတ်သမီးက အနည်းငယ်ခေါင်းညိတ်ပြလိုက်သည်။

"မင်းနားလည်တယ်မလား..."

ဤမျှရိုးရှင်းသောတုံ့ပြန်မှုက လီယွမ်အားအံ့အားသင့်စေခဲ့သည်။သူ၏ဝိညာဉ်နှင့်ချိတ်ဆက်ပြီးနောက်တွင် ဓားနတ်သမီးသည် ရိုးရှင်းသောအရာများအား နားလည်နိုင်စွမ်းရှိလာပုံရသည်။

သူ၏မျက်လုံးထဲတွင် ဓားနတ်သမီးသည် ယခုအချိန်၌ သက်ရှိလူသားတစ်ယောက်သာဖြစ်သည်။

သူမကိုယ်တိုင် စဉ်ဆက်မပြတ်အသွင်ပြောင်းကာ ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်နိုင်သည်။နောင်တစ်ချိန်တွင် သူမသည်လွန်ခဲ့သောနှစ်ပေါင်း၃၀၀၀က ဓားနတ်သမီး၏စွမ်းအားကို ထုတ်ဖော်အသုံးချနိုင်မည်ဖြစ်သည်။ထိုအရာက သူ့အားထူးကဲသောအကူအညီကိုဖြစ်ပေါ်စေမည်ဖြစ်သည်။

ထို့နောက်ဓားနတ်သမီးအား ရိုးရှင်းသောညွန်ကြားချက်အချို့ ထပ်ပေးလိုက်သည်။

ဥပမာအားဖြင့် ရေသောက်ခြင်း၊အိပ်ခြင်း၊အ၀တ်အစားချွတ်ခြင်း၊၀တ်ဆင်ခြင်းတို့ ဖြစ်သည်။

"အစ်ကိုကြီးယွမ်...အစ်မကြီးဓားနတ်သမီး စားလို့ရပြီနော်..."

ခဏအကြာတွင် အိပ်ခန်းအပြင်ဘက်မှနေ၍ ရှောင်ကျောက်ကျောက်၏အသံက ထွက်ပေါ်လာခဲ့သည်။

"သွားကြရအောင်..."

လီယွမ်ထွက်သွားပြီးနောက် ဓားနတ်သမီးက သူ့နောက်မှ လိုက်လာခဲ့သည်။

"ဓားနတ်သမီး...ဒီမှာထိုင်နေလိုက်..."

လီယွမ်သည် ထိုင်ခုံကိုလက်ညိုးထိုးပြလိုက်သည်။ဓားနတ်သမီးသည် တူကိုမည်သို့အသုံးပြုရမည်ဖြစ်ကြောင်း မသိရှိ၍ အူကြောင်ကြောင်ဖြင့်ထိုင်ချလိုက်သည်။

"အစ်ကိုယွမ်...အစ်မကြီးဓားနတ်သမီးရဲ့စိတ်အခြေအနေက တစ်ခုခုမှားယွင်းနေတာလား..."

၀မ်ကျောက်ကျောက်က မေးမြန်းလိုက်သည်။

"အမှန်ပဲ...ခုချိန်မှာသူမက မှတ်ညဏ်တွေအားလုံးကိုဆုံးရှုံးထားတယ်...ခုဆိုရင်သူမကမွေးကင်းစကလေးတစ်ယောက်လိုပဲ အရာအားလုံးကို အစကနေသင်ယူရလိမ့်မယ်"

"ဘယ်လောက်တောင်သနားစရာကောင်းလိုက်လဲ...အစ်မကြီးဓားနတ်သမီးကို ခွံ့ကျွေးခွင့်ပြုပါ"

၀မ်ကျောက်ကျောက်က သစ်သားဇွန်းကိုကောက်ကိုင်၍ပြောလိုက်သည်။

"ပါးစပ်ဖွင့်...အာ...."

ရှောင်ကျောက်သည် အလွန်ပင်စိတ်ရှည်နေခဲ့ကာ ဓားနတ်သမီးအား ပြုစုစောင့်ရှောက်ခဲ့သည်။

ညအချိန်တွင် လီယွမ်က ရှောင်ကျောက်အား ဓားနတ်သမီးကို ရေချိုးနည်း၊အ၀တ်အစားလဲနည်းများကို သင်ကြားပေးခိုင်းခဲ့သည်။

လီယွမ်သည် ရေချိုးခန်းထဲမှ ရှောင်ကျောက်၏အော်သံများကို ကြားလိုက်ရသည်။

"ဝိုး...အစ်မကြီးဓားနတ်သမီးရဲ့အသားအရည်က အရမ်းကိုချောမွေ့နေတာပဲ...ဒါတွေကိုထိတွေ့ရတာ အရမ်းကိုနူးညံ့ပြီးအဆင်ပြေလိုက်တာ..."

"အစ်မကြီးဓားနတ်သမီးက ချောမောလှပတဲ့မျက်နှာရှိပြီးတော့ ခန္ဓာကိုယ်အချိုးအစားက ငါ့ထက်အများကြီးပိုသာတယ်"

‌၀မ်ကျောက်ကျောက်သည် ဓားနတ်သမီး၏ခန္ဓာကိုယ်အား ရေသုတ်ပေးနေရင်း မနာလိုဖြစ်နေမိသည်။သူမသည် ဓားနတ်သမီး၏အသွင်အပြင်အစစ်အမှန်အား မမြင်တွေ့ရသော်လည်း သူမသည်ပြိုင်စံရှားအလှတရားတစ်ခုဖြစ်ကြောင်း သိသာနေခဲ့သည်။

သူမသည် သေမျိုးကမ္ဘာသို့နှင်ထုတ်ခံထားရသော အင်မော်တယ်နတ်သမီးဟုပင် ထင်မှားရပေသည်။

…

All Chapters