မမျှော်လင့်ထားသောအကျိုးအမြတ်
Vol. 5 Ch. 65
ဓားနတ်သမီးသည် လင်းရှောင်ဓားဂိုဏ်းတွင် ဓားကိုယ်ထည်ဖြင့် မွေးဖွားလာခဲ့သည်။
သူမသည် ၃နှစ်သားအရွယ်တွင် ဓားသိုင်းပညာအား စတင်လေ့ကျင့်ခဲ့ကာ အသက်၁၀နှစ်အရွယ်တွင် ဓားသိုင်းကိုပြီးမြောက်အောင်မြင်ခဲ့သည်။သူမသည် အသက်၁၄နှစ်တွင် ဆဌမအဆင့်အငယ်တန်းမဟာသခင်ဖြစ်လာခဲ့ကာ အသက်၁၇နှစ်အရွယ်တွင် မဟာသခင်တစ်ယောက်ဖြစ်လာခဲ့သည်။
သူမသည် အသက်၂၀အရွယ်တွင် ဒုတိယအကြိမ်မြောက် ထျန်းယွမ်စစ်ပွဲတွင်ပါ၀င်ခဲ့ပြီး လူသားတို့၏နယ်နမိတ်အားစောင့်ကြပ်၍ နတ်ဆိုးများကိုတိုက်ထုတ်ခဲ့သည်။
သူမသည် သေခြင်းရှင်ခြင်းတိုက်ပွဲများအား ဆက်တိုက်ရင်ဆိုင်ခဲ့ကာ အဆင့်ကျော်လွန်၍ နတ်ဆိုးသူတော်စင်၂ဦးအား ဆက်တိုက်သတ်ဖြတ်ခဲ့ကာ "ဓားတစ်သောင်းကောင်းကင်သို့ပြန်တက်ခြင်း"ဖြစ်စဉ်ကို အစပြုခဲ့သည်။ထို့နောက် သူမသည်အဌမအဆင့်သို့တက်လှမ်းကာ ဓားသူတော်စင်ဖြစ်လာခဲ့သည်။
သူမကို ပြင်ပကမ္ဘာက ဓားနတ်သမီးအဖြစ် ခေါ်ဝေါ်လေးစားခဲ့ကြသည်။
နောက်ပိုင်းတွင် နတ်ဆိုးသူတော်စင်၇ဦးက သူမအားခြုံခိုတိုက်ခိုက်ကာ သတ်ဖြတ်ခဲ့လေသည်။
သူမသည် အသက်၂၂နှစ်တွင် ကွယ်လွန်ခဲ့သည်။
ကြယ်ကြွေသကဲ့သို့ မှတ်ညဏ်အပိုင်းအစများက လီယွမ်၏စိတ်အာရုံထဲ၌ ပွင့်လန်းလာခဲ့သည်။
"အံ့မခန်းအရည်အချင်းတွေ...တုနှိုင်းမမှီတဲ့ဂုဏ်သတင်းတွေကလည်း အရာရာကိုမကျော်လွှားနိုင်ခဲ့ပါလား"
လီယွမ်သည် ဓားနတ်သမီး၏ဘ၀ဇာတ်ကြောင်းကို ကြည့်ရင်း အတော်လေးထိတ်လန့်သွားခဲ့ရသည်။
ထျန်းယွမ်တိုက်ကြီးတွင် သိုင်းပညာကိုလေးစားရသည့် အဓိကအကြောင်းရင်းတစ်ခုရှိပေသည်။သိုင်းပညာနှင့်နှိုင်းယှဉ်ပါက အခြားသောကျင့်ကြံခြင်းနည်းစနစ်များတွင် သိသာထင်ရှားသော ချို့ယွင်းချက်များရှိပေသည်။
ဂူတာအိုကျင့်ကြံခြင်းက အမှန်တကယ်ပင်အချိန်ယူရသော ကျင့်ကြံခြင်းမျိုးဖြစ်ပေသည်။
ရင်သပ်ရှုမောဖွယ်ရာကောင်းသော အောင်မြင်မှုမျိုးကို မရရှိနိုင်ခဲ့လျှင် သင်သည်အလွန်ထက်မြက်သောပါရမီရှင်တစ်ယောက်ဖြစ်သည့်တိုင်အောင် အောင်မြင်မှုရရှိရန် နှစ်ပေါင်းများစွာ ရုန်းကန်ကြိုးစားနေရမည်ဖြစ်သည်။
ထိုအချိန်တွင် လီယွမ်က သူနှင့်ဓားနတ်သမီးကြား၌ အံ့ဩသင့်ဖွယ်ဆက်သွယ်မှုရှိထားကြောင်း ခံစားမိလိုက်ပေသည်။
ထိုအရာသည် ဂူသခင်နှင့်ပင်မဂူကောင်အကြား သွေးချင်းဆက်နွယ်မှုနှင့်အနည်းငယ်ဆင်တူသော်လည်း ကွာဟချက်အချို့ရှိနေပေသည်။
လီယွမ်က သူ၏အချက်အလက်အားစစ်ဆေးလိုက်သည်။
ဂူသခင် - လီယွမ်
အနက်ရောင်အိုး - (ဆဌမအဆင့် - ၁၇/၃၀၀၀)
နယ်ပယ် - (ဆဌမအဆင့်)
ဝိညာဉ်စွမ်းအား - (အလယ်အလတ်နယ် မြေအဆင့်)
(ပင်မဂူ - သွေးနှင့်ချီဂူကောင်၊ပြန်လည်မွေးဖွားခြင်းဂူကောင်၊သုံးရောင်ခြယ်မီးတောက်စပါးအုံးဂူကောင်၊ပုံရိပ်ယောင်ပိုးခြည်ဂူကောင်၊ပင့်ကူဘုရင်မဂူကောင်၊ဓားနတ်သမီး)
ဂူအိမ် - ငါးရောင်ခြယ်ထူးဆန်းမီးတောက်ဂူအိမ်(ထောင်ချီဂူအိမ်)၊လျှို့ဝှက်ဆန်းကြယ်ပိုးဂူအိမ်(ထောင်ချီဂူအိမ်)
(ဂူအိမ်မှထုတ်လုပ်နိုင်သော ဝိညာဉ်ရတနာ - ကောင်းကင်မီးတောက်၊ရှင်သန်ထမြောကိခြင်းတံတွေး)
"ပြီးသွားပြီ..."
လီယွမ်သည် သူ၏ပင်မဂူကောင်စာရင်း၌ ဓားနတ်သမီးဟူသော အမည်တိုးလာကြောင်း တွေ့မြင်လိုက်ရချိန်တွင် သက်ပြင်းချမိလိုက်သည်။
"ဒီခရီးက ထိုက်တန်ပါတယ်..."
သူသည် ထူးခြားဂူကောင်ကိုရှာဖွေရန် ရောက်လာသော်လည်း အမှားအယွင်းတစ်ခုဖြစ်ပေါ်ခဲ့ကာ ဓားနတ်သမီးအား သူ၏ပင်မဂူကောင်အဖြစ် ပြောင်းလဲနိုင်ခဲ့သည်။
လီယွမ်သည် ဓားနတ်သမီး၏ထူးကဲသော တိုက်ပွဲစွမ်းအားကို တွေ့ကြုံခံစားခဲ့ပြီးဖြစ်သည်။သူမသည် ယခုအချိန်၌ သူမ၏အစွမ်းကိုမထုတ်ဖော်နိုင်လျှင်တောင်မှ သာမန်ထူးခြားဂူကောင်များထက် အလားအလာရှိပေသည်။
"ဒီနေ့က ဂူအင်မော်တယ်လျှို့ဝှက်နယ်မြေမှာ ငါရောက်နေတဲ့ ၅ရက်မြောက်နေ့ပဲ...ငါ့မှာအချိန်၂ရက်ပဲကျန်တော့လို့ ထပ်ပြီးမဖြုန်းတီးချင်တော့ဘူး"
"ဓားနတ်သမီး..."
လီယွမ်က အာရုံစူးစိုက်၍ တိုးတိုးလေးအော်လိုက်သည်။
နှစ်ပေါင်း၃၀၀၀ကြာအိပ်မောကျနေသော ဓားနတ်သမီး၏မျက်တောင်များသည် အနည်းငယ်တုန်ခါသွားခဲ့သည်။သူမသည် လီယွမ်၏ထိတ်လန့်တုန်လှုပ်နေသောအကြည့်များအောက်တွင် ဖြည်းညှင်းစွာထထိုင်လိုက်သည်။
သူမသည် ခေါင်းကိုသစ်သားရုပ်သဖွယ်လှည့်ကာ လီယွမ်အား စကားတခွန်းမှမပြောဘဲ အသက်မဲ့နေသောမျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။
"ဓားနတ်သမီး...ငါတို့သွားသင့်ပြီ..."
လီယွမ်က မတ်တပ်ထရပ်လိုက်သည်။
ဓားနတ်သမီးကလည်း မတ်တပ်ထရပ်လိုက်သည်။သူမသည် လီယွမ်၏ဝိညာဉ်ပင်လယ်ထဲတွင် နေထိုင်သည့် အသိစိတ်တစ်စွန်းတစ်စမျှသာဖြစ်သည်။သူမထံတွင် စဉ်းစားတွေးခေါ်နိုင်စွမ်း မရှိတော့ပေ။
ဓားနတ်သမီးသည် ခေါင်းတလားမှထွက်လာပြီးနောက် လီယွမ်ကမေးခွန်းတစ်ခုကို တွေးလိုက်မိသည်။
သူသာ ဓားနတ်သမီးကို ဤနေရာမှခေါ်ထုတ်လိုက်ပါက နန်းတော််ကိုးခုဂူအသိုက်မှလူများက ဤအကြောင်းကိုတွေ့ရှိသွားမည်လား...
နန်းတော်သခင်၉ယောက်ကသာ အမှန်တရားကိုသိရှိသွားပါက သူ့အားအပိုင်းပိုင်းဖြတ်တောက်ကာ သေချာလေ့လာကြလိမ့်မည်။
"ပုံရိပ်ယောင်ပိုးခြည်ဂူကောင်က ဂူနတ်သမီးရဲ့ပုံစံကို ဖုံးကွယ်ထားနိုင်မလားလို့ ငါတွေးမိသေးတယ်..."
လီယွမ်က တိုးတိုးလေးရေရွတ်မိလိုက်သည်။
ထိုအချိန်တွင် ရောင်စုံအလင်းများက ပြန်လည်တောက်ပလာခဲ့သည်။
"ဟုတ်သားပဲ...အိပ်မက်သစ်ပင်ရှိနေသေးတာပဲ..."
ယခင်က သူသည်အိပ်မက်သစ်ပင်ကို သန့်စင်ရန်အတွက် ကြိုးစားခဲ့သော်လည်း အိပ်မက်သစ်ပင်တွင် ပိုင်ရှင်ရှိနေ၍ သန့်စင်မရကြောင်း တွေ့ရှိခဲ့သည်။
"အိပ်မက်သစ်ပင်ရဲ့ပိုင်ရှင်က ဓားနတ်သမီးဖြစ်နိုင်ခြေအရမ်းများတယ်...ခုဆို ဓားနတ်သမီးက ငါ့ရဲ့ပင်မဂူကောင်ဖြစ်လာပြီဆိုတော့ အိပ်မက်သစ်ပင်ကိုသန့်စင်ဖို့ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ဘူးမလား"
ထိုသို့တွေးမိရင်း လီယွမ်ကချက်ချင်းပင် သူ၏အတွေးများကို အာရုံစုစည်းလိုက်သည်။
(ပေါင်းစပ်ရန်ရွေးချယ်ထားသော ဂူကောင်များမှာ )
(အိပ်မက်သစ်ပင် - ကောင်းကင်တံခါးဖွင့်လာချိန်တွင် ရောင်စုံနတ်နှင်းရည်ဖြင့် ကျွေးမွေးရာမှ ကြီးထွားလာသောအံ့ဖွယ်သစ်ပင်ဖြစ်သည်။ထိုအံ့ဖွယ်သစ်ပင်သည် အရာအားလုံးကိုသန့်စင်ပေးနိုင်ကာ အင်မော်တယ်အဖြစ် လူသိများကြပေသည်။ထိုအရာသည် သေမျိုးကမ္ဘာ၏အိပ်မက်ပင်ဖြစ်သည်။)
"တကယ်ကောဖြစ်နိုင်ပါမလား..."
လီယွမ်၏မျက်လုံးများက တောက်ပလာခဲ့သည်။
"ဒါပေမဲ့ အိပ်မက်သစ်ပင်က အရမ်းကြီးလာတော့ ဒီနေရာမှာချက်ချင်းပေါင်းစပ်ရမှာပဲ...အဲလိုမှမဟုတ်ရင် အိမ်ပြန်ပြီး ငါရဲ့ဝါးရုံတောမှာ စိုက်ထားလိုက်ချင်တယ်"
"ကီ...ကီ..."
လီယွမ်အတွေးများနေချိန်တွင် ပက်ကျိက နှေးကွေးစွာထွက်ပေါ်လာခဲ့သည်။
"မင်းစားချင်တာလား..."
လီယွမ်၏ ပင်မဂူကောင်များအားလုံးတွင် အသိစိတ်ရှိပြီး သူတို့အားလုံးက ကိုယ်ပိုင်ဆန္ဒအား ထုတ်ဖော်နိုင်ကြသည်။
ဧရာမဝိညာဉ်ဂူကောင်သည် စစ်ပြန်တစ်ယောက်နှင့်တူကာ ပြန်လည်ရှင်သန်ခြင်းဂူကောင်က တိတ်ဆိတ်နေသောပညာရှင်တစ်ယောက်နှင့်တူသည်။ပက်ကျိက အလွန်ပင်ပျင်းရိကာ ဆားနယ်ငါးတစ်ကောင်အတွက် ကောင်းမွန်သောကိုယ်စားလှယ်တစ်ယောက်ဖြစ်သည်။
ပင့်ကူဘုရင်မဂူကောင်က အရွယ်ရောက်နေသော တက်ကြွသည့်မိန်းမပျိုတစ်ယောက်နှင့်တူသည်။
ပက်ကျိအတွက် သူ၏ဆန္ဒကို တက်တက်ကြွကြွဖော်ပြစေနိုင်သည့် အခြေအနေများစွာရှိမနေပေ။
"ဒါက မင်းအပိုင်ဘဲ..."
ရှောင်ကိုင်နှင့်ဝူမေ့တို့သည် အိပ်မက်သစ်ပင်ကို များစွာစိတ်၀င်စားကြခြင်းမရှိသည့်အတွက်ကြောင့် ပက်ကျိအား အိပ်မက်သစ်ပင်ကို ပေးလိုက်ခြင်းသည် မှန်ကန်သောအရာတစ်ခုဖြစ်ပေသည်။
(ရွေးချယ်ထားသော ဂူကောင်များမှာ ပင်မဂူကောင်ပုံရိပ်ယောင်ပိုးခြည်ဂူကောင်၊အိပ်မက်သစ်ပင်)
(စတင်ပေါင်းစပ်နေသည်...)
"သောက်ပျင်းကြီးတဲ့ဂူကောင်...မင်းရဲ့ဘ၀အတွက် မင်းကိုယ်တိုင်တိုက်ပွဲ၀င်တာပိုကောင်းတယ်...ဒီအိပ်မက်သစ်ပင်ရဲ့တန်ဖိုးက အဆင့်နိမ့်ထူးခြားဂူကောင်တွေထက် မနည်းဘူး"
လီယွမ်သည် ပက်ကျိဖွံ့ဖြိုးလာလိမ့်မည်ဟု မျှော်လင့်ထားပေသည်။
ဤနှစ်များတလျှောက် ပက်ကျိသည် သူ့အတွက် တိုက်ပွဲများတွင် ပံ့ပိုးကူညီမှုများစွာပြုလုပ်ခဲ့သည်။သူသည် ခက်ခက်ခဲခဲဖြင့် တိုက်ခိုက်ရေးစွမ်းရည်အချို့ကို ပြသနိုင်ခဲ့သည်။
သူသည် ထိုသို့လုပ်ဆောင်ရာတွင် အစပျိုးရန် ပက်ကျိကိုနိူးဆော်ခဲ့ရသည်။
နောက်အခိုက်အတန့်တွင် လီယွမ်၏မျက်မှောက်၌ ပုံရိပ်ယောင်သဖွယ်ဖြစ်နေသော အနက်ရောင်အိုးက တဖြည်းဖြည်းကြီးမားလာခဲ့သည်။ထိုအနက်ရောင်အိုးသည် ကောင်းကင်ယံရှိ တိမ်တိုက်များကိုပင် ထိုးဖောက်၀င်ရောက်သွားကာ ကောင်းကင်ထောက်တိုင်တစ်ခုသဖွယ် အိပ်မက်သစ်ပင်အား ဝိုင်းရံထားခဲ့သည်။
လီယွမ်သည် ယခုလိုထူးခြားဆန်းပြားသော ရတနာတစ်မျိုးအား ဂူကောင်သန့်စင်ရန် ပထမဆုံးအကြိမ် အသုံးပြုခဲ့ခြင်းဖြစ်သည်။
သူသည် အနက်ရောင်အိုး၏အကူအညီမပါလျှင် အိပ်မက်သစ်ပင်အားသန့်စင်ရန်အတွက် အနည်းငယ်နှစ်ပေါင်း၁၀၀ခန့်လိုအပ်မည်ဖြစ်သည်။
ခဏအကြာတွင် အနက်ရောင်အိုးက ပြင်းထန်စွာလှုပ်ခါလာခဲ့သည်။
လီယွမ်က မျှော်လင့်ချက်အပြည့်ဖြင့် စောင့်ကြည့်နေခဲ့သည်။
၅နာရီခန့်ကြာပြီးနောက် အနက်ရောင်အိုး၏ လှုပ်ရှားမှုက တဖြည်းဖြည်းရပ်တန့်သွားခဲ့သည်။ယခင်ကဆိုလျှင် ရှားပါးသောဂူကောင်များကို ပေါင်းစပ်ချိန်က အကြာဆုံးလက်ဖက်ရည်တစ်ခွက်သာ ကြာခဲ့ပြီး ယခုတစ်ချိန်က အကြာဆုံးဖြစ်သည်။
အဆုံးသတ်တွင် စနစ်၏သတိပေးသံက ထွက်ပေါ်လာခဲ့သည်။
(သင်၏ပင်မဂူကောင်ဖြစ်သော ပုံရိပ်ယောင်ပိုးခြည်ဂူကောင်သည် ထူးခြားဂူကောင်ဖြစ်သော ဆန်းကြယ်ပုံရိပ်ဂူကောင်အဖြစ်ပြောင်းလဲသွားခဲ့ပါသည်။)
(ဆန်းကြယ်ပုံရိပ်ဂူကောင် - ၎င်းကိုပင်မဂူကောင်အဖြစ် သန့်စင်ပြီးပါက ဂူသခင်အားသတ်မှတ်နယ်မြေအတွင်းရှိ အရာအားလုံးကိုပြောင်းလဲစေနိုင်သော စွမ်းအားကိုပေးဆောင်နိုင်သည်။၎င်း၏လွှမ်းမိုးနိုင်စွမ်းက သက်ရှိ၊သက်မဲ့များနှင့် ကောင်းကင်နှင့်မြေကြီးကိုပါသက်ရောက်စေသည်။တိုက်ပွဲအတွင်း၌ ၎င်းသည် အရာရာတိုင်း၏ပုံစံကိုဖုံးကွယ်ခြင်း၊အသွင်ပြောင်းခြင်းတို့အားလုပ်ဆောင်နိုင်ကာ ဂူသခင်အတွက်လိုက်လျောညီထွေရှိသော နယ်ပယ်တစ်ခုအားတည်ဆောက်ပေးနိုင်သည်)
"ထူးခြားဂူကောင်...ထူးခြားဂူကောင်စာရင်းမှာ အဆင့်၈မှာရှိနေတဲ့ ဆန်းကြယ်ပုံရိပ်ဂူကောင်ပဲ"
စိတ်ကူးယဉ်အိပ်မက်ဂူကောင်သည် နှစ်ပေါင်း၃၀၀၀ကြာတည်ရှိခဲ့ကာ ဂူအင်မော်တယ်ကိုယ်တိုင်စိုက်ပျိုးထားသော အင်မော်တယ်သက်ရှိဖြစ်သည်။ထိုစိတ်ကူးယဉ်အိပ်မက်သစ်ပင်သည် ထူးခြားဂူကောင်အဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်ဟု လီယွမ်ကမျှော်လင့်ထားခြင်းမရှိပေ။
သို့သော်လည်း ဆင့်ကဲဖြစ်စဉ်က အမှန်တကယ်အောင်မြင်သွားသောအခါ နှလုံးသားထဲမှ ပျော်ရွှင်မှုများကိုချိုးနှိမ်ရန် ခက်ခဲနေပေသည်။
ပတ်၀န်းကျင်ကိုပြောင်းလဲခြင်း...နယ်ပယ်တစ်ခုကိုတည်ဆောက်ခြင်း...အသွင်အပြင်ကိုဖုံးကွယ်ခြင်း....
ဆန်းကြယ်ပုံရိပ်ဂူကောင်၏ အဓိကစွမ်းအား၃ခုမှာ တိုက်ခိုက်ခြင်း၊ခုခံခြင်းနှင့်ခိုး၀င်တိုက်ခိုက်ခြင်းတို့အား လုပ်ဆောင်ပေးနိုင်သည့် မှော်စွမ်းအားများဖြစ်ကြသည်။
ဗုံး...ဗုံး...
ထိုအချိန်တွင် မြေကြီးတစ်ခုလုံး တုန်ခါသွားခဲ့သည်။
"သေစမ်း...မဟုတ်သေးဘူး..."
လီယွမ်၏အမူအရာက အနည်းငယ်ပြောင်းလဲသွားခဲ့သည်။
"ခုဆိုရင်ငါက အိပ်မက်သစ်ပင်တစ်ခုလုံးကို သန့်စင်ပြီးသွားပြီလေ...ဒီနယ်မြေတစ်ခုလုံးက အလွတ်ဖြစ်သွားခဲ့ပြီ...ဒါကရုတ်တရက်ပြောင်းလဲမှုတွေဖြစ်လာမှာကို ငါစိုးရိမ်မိတယ်...နန်းတော်၉ခုက စွမ်းအားကြီးတဲ့ပုဂ္ဂိုလ်တွေ ဒီအကြောင်းအရာကိုစုံစမ်းဖို့ သေချာပေါက်ကိုရောက်လာလိမ့်မယ်"
"ငါသွားရတော့မယ်...ပက်ကျိရေ လမ်းဖောက်စမ်း..."
ပက်ကျိတစ်ဖြစ်လည်း ဆန်းကြယ်ပုံရိပ်ဂူကောင်သည် အတွေးတစ်ချက်ဖြင့် သူ၏စွမ်းအားကို စတင်ပြသခဲ့သည်။ပက်ကျိသည် အဆက်မပြတ်ဖရိုဖရဲဖြစ်နေသော နယ်မြေ၌ တည်ငြိမ်သောလမ်းကြောင်းတစ်ခုကို ဖွင့်လှစ်ပေးခဲ့သည်။
ထိုအရာက ပတ်၀န်းကျင်ကို အမှန်တကယ်ပြောင်းလဲပေးနိုင်သည်။
ဆန်းကြယ်ပုံရိပ်က တဖွဲဖွဲကျနေသောမိုးစက်များအောက်မှ နေရောင်အောက်တွင် အေးအေးဆေးဆေးနေနိုင်သလို လေပြင်းမုန်တိုင်းအောက်၌လည်း နှင်းမှုန်များကိုဖမ်းဆုပ်နိုင်အောင် လုပ်ဆောင်ပေးနိုင်ပေသည်။
"ထူးခြားဂူကောင်ဆိုတဲ့အတိုင်းပါဘဲလား..."
လီယွမ်သည် ဆန်းကြယ်ပုံရိပ်ဂူကောင်၏အစွမ်းဖြင့် ဖရိုဖရဲဖြစ်နေသောနေရာမှ ထွက်ခွာလာပြီးနောက် မြူခိုးများကိုဖြတ်ကျော်ကာ ဝိညာဉ်လိပ်ရှိရာ ကျွန်းစပ်ဆီထွက်လာခဲ့သည်။
ကျောရိုးသဏ္ဍာန်သစ်ပင်နယ်မြေက လုံး၀ကိုပြိုကျသွားခဲ့သည်။
လီယွမ်သည် ကြီးစွာသောဒုက္ခကိုခံစားခဲ့ရပြီးနောက် ထိတ်လန့်တုန်လှုပ်နေသောကလေးနှင့် တူနေခဲ့သည်။
"မဟုတ်သေးပါဘူး...ငါကဘာလို့ထိတ်လန့်နေရတာလဲ..."
"ဒါကိုမူလက သူ့သမီးဖြစ်တဲ့ဓားနတ်သမီးကို ပြုစုစောင့်ရှောက်ဖို့အတွက် ဂူအင်မော်တယ်ကဖန်တီးထားခဲ့တာဖြစ်တယ်...ငါကခုဆိုရင် သူ့သမီးကိုကိုယ်စားစောင့်ရှောက်ပေးရမှာဆိုတော့ ထိုက်သင့်တဲ့အခကြေးငွေကိုယူတာ အရမ်းကြီးတော့မလွန်ပါဘူး"
လီယွမ်သည် သူ့နှလုံးသားကိုနှစ်သိမ့်ပေးနေရင်း မြူခိုးများကြား အရှိန်အဟုန်ပြင်းပြင်းဖြင့် ထွက်ပြေးနေခဲ့သည်။
ခဏအကြာတွင် လီယွမ်က ကမ်းစပ်နားရောက်ရှိလာခဲ့သည်။
"ပက်ကျိရေ...ဓားနတ်သမီးကို ကာကွယ်ထား...သေမျိုးကမ္ဘာက ဓားနတ်သမီးရဲ့အလှကို အနှောင့်အယှက်မဖြစ်စေနဲ့..."
…