← Chapters

အရာအားလုံးသည် ကံကြမ္မာ၏အလိုအတိုင်းသာဖြစ်သည်

Vol. 5 Ch. 64

အရာအားလုံးသည် ကံကြမ္မာ၏အလိုအတိုင်းသာဖြစ်သည်

Vol. 5 Ch. 64

လီယွမ်၏အတွေးတစ်ချက်ဖြင့် ပြန်လည်ရှင်သန်ခြင်းဂူကောင်က အဆုံးမရှိသောအသက်စွမ်းအင်ကို ပေးစွမ်းနေခဲ့သည်။

လီယွမ်ကလည်း အခေါင်းဆီသို့ ရုတ်ချည်းခုန်တက်သွားခဲ့သည်။သူသည် အခေါင်းနှင့်နီးကပ်လာသည်နှင့်အမျှ ဓားနတ်သမီးမှထုတ်လွှတ်လိုက်သော ဓားစွမ်းအင်က လီယွမ်၏မျက်နှာကို ဆုတ်ဖြဲလုနီးပါးဖြစ်သွားခဲ့သည်။

"လာစမ်း..."

လီယွမ်သည် သူ၏ခွန်အားအကုန်လုံးကိုစုစည်း၍ အရေးကြီးသောအင်္ဂါအစိတ်အပိုင်းများကို ရှောင်ရှားရန်အတတ်နိုင်ဆုံးကြိုးစားခဲ့သော်လည်း ခြေလက်များပြတ်တောက်သွားကာ အခေါင်းထဲပြုတ်ကျသွားခဲ့ရသည်။

သူသည် ဓားနတ်သမီး၏အသွင်အပြင်အစစ်အမှန်အား ထိုအခိုက်အတန့်၌ တွေ့မြင်လိုက်ရပေသည်။

ဓားနတ်သမီး၏ ဆံပင်ရှည်သည် ရေတံခွန်ကဲ့သို့စီးကျနေကာ သူမ၏နှင်းဖြူရောင်ဂါ၀န်ရှည်ပေါ် ဖြန့်ကျဲထားခဲ့သည်။သူမ၏ဆံရှည်မျှင်တိုင်းသည် လရောင်နှင့်ပေါင်းစပ်ထားသကဲ့သို့ ငွေရောင်တလက်လက်တောက်ပနေခဲ့သည်။

သူမ၏မျက်နှာအသွင်အပြင်သည် မှင်ရောင်ကဲ့သို့မဲနက်သောမျက်ခုံးများ၊သွယ်လျသောမျက်နှာပုံစံနှင့်မျက်တောင်ရှည်များဖြင့် ပုံဖော်ထားခဲ့ကာ သူမ၏အသားအရည်က နှင်းများကဲ့သို့ဖြူဖွေးနေခဲ့သည်။သူမ၏မျက်နှာက သိုးမွှေးကဲ့သို့နူးညံ့သော ကျောက်စိမ်းကဲ့သို့တောက်ပသော ဟန်အမူအရာတို့ဖြင့် ပြီးပြည့်စုံနေခဲ့သည်။

သူမ၏အနားတွင် ဓားတစ်ချောင်းရှိနေပေသည်။ထိုဓားသည် ထက်မြသောဟန်ပန်ရှိကာ အေးမြစူးရှသော အပြာရောင်အလင်းတန်းအား ထုတ်လွှတ်နေခဲ့သည်။

"ဒီဓားက ငါ့ခန္ဓာကိုယ်ကို အပိုင်းပိုင်းဖြတ်တောက်နေတာပေါ့..."

လီယွမ်သည် ထိုဓားကိုဆက်၍ စိုက်မကြည့်ဝံ့တော့ပေ။

"နေပါအုံး...တစ်ခုခုတော့မှားနေပြီထင်တယ်...ဓားနတ်သမီးရဲ့ခန္ဓာကိုယ်က ဘာလို့နွေးထွေးနေတာလဲ...သူမကတကယ်ကြီးအသက်ရှင်နေတာလား"

လီယွမ်က အလွန်အံ့ဩသွားခဲ့သည်။

နှစ်ပေါင်း၃၀၀၀...

ပုံမှန်အားဖြင့် န၀မအဆင့် သိုင်းဧကရာဇ်တစ်ယောက်သည်ပင် အနှစ်၃၀၀ထက် အသက်မရှင်နိုင်ပေ။

စစ်နတ်ဘုရား၏ သက်တမ်းအတိအကျကို မသိရသေးသော်လည်း သူသည်ဤတိုက်ကြီးတွင် ကြာကြာမနေနိုင်ပေ။သူသည် ကောင်းကင်တံခါးကိုဖြတ်ကျော်ကာ ဟင်းလင်းပြင်နေရာလွတ်ကိုကျော်လွှား၍ အထက်ဘုံသို့တက်လှမ်းရမည်ဖြစ်သည်။

လူတစ်ယောက်က နှစ်ပေါင်း၃၀၀၀အသက်ရှင်နိုင်ပါမလား...

ဓားနတ်သမီးသည် လွန်ခဲ့သောနှစ်ပေါင်း၃၀၀၀က အမှန်တကယ်သေဆုံးခဲ့ခြင်းဖြစ်နိုင်သလား...

"နေအုံးဟ...သေစမ်း..."

လီယွမ်သည် မြေပုံပေါ်ရှိအမှတ်အသားများကို ရုတ်တရက်တွေးမိလိုက်သည်။ကျောရိုးသဏ္ဍာန်သစ်ပင်၏နံဘေးတွင် အထီးကျန်ကျွန်း၏အန္တာရယ်နေရာများအနက်တစ်ခုဖြစ်သော အင်မော်တယ်အုတ်ဂူ(ဖုတ်ကောင်အုတ်ဂူ)ရှိသည်။

ဤနေရာသည် အင်မော်တယ်အုတ်ဂူဖြစ်နေသည်လား...

"ငါဘာဆက်လုပ်ရမလဲ..."

လီယွမ်၏ခေါင်းထဲတွင် မရေမတွက်နိုင်သော အတွေးများကစီးဆင်းသွားခဲ့သည်။ယခုအခါ ထွက်ပေါက်အားလုံးပိတ်ဆို့ခံထားရပြီး သူ့ထံတွင်အချိန်သိပ်မကျန်တော့ပေ။

ငါထွက်သွားချင်ရင် ဓားနတ်သမီးကို ထာ၀ရအိပ်စက်သွားစေရမယ်...

"စိတ်လျော့...စိတ်လျော့..."

လီယွမ်သည် ကျောက်ပိုင်တုံနှင့်ရှယွဲ့လျန်တို့ ပြောခဲ့သည့်စကားများကို သေသေချာချာပြန်စဉ်းစားလိုက်သည်။ခေါင်းလောင်းကိုတီးခတ်လိုပါက ကြိုးချည်ထားသည်ကိုဖြေရမည်ဖြစ်ပြီး ယခုလည်းဤသော့ချက်ကိုချိုးဖျက်ရန်မှာ ထိုလူနှစ်ဦး၏စကားကို ပြန်ကောက်ရမည်ဖြစ်သည်။

"ဓားနတ်သမီးကို ငါတကယ်သန့်စင်နိုင်ပါမလား..."

လီယွမ်သည် အိပ်ပျော်နေပုံရသော ဓားနတ်သမီးကို တစ်ချက်ကြည့်လိုက်ရာ အံ့မခန်းလက်ရာတစ်ခုကို ကြည့်နေရသကဲ့သို့ဖြစ်နေခဲ့သည်။

"ငါဂရုမစိုက်တော့ဘူးကွာ..."

လီယွမ်အတွက် အသက်ရှင်သန်ရေးက မည်သည့်အရာထက်မဆို ပိုအရေးကြီးပေသည်။ဤအချိန်တွင် ဓားနတ်သမီးသာမက အင်မော်တယ်တစ်ပါးရောက်လာလျှင်တောင် သူ၏ဆုံးဖြတ်ချက်ကို ပြင်မှာမဟုတ်ပေ။

"ဓားနတ်သမီး...ငါ့ကိုခွင့်လွှတ်ပေးပါ...မင်းကအရင်တုံးက နတ်ဆိုးကြောင့် သေဆုံးခဲ့ရတာကြောင့် ခုတစ်ကြိမ်ငါအသက်ရှင်နိုင်ခဲ့ရင် မင်းအတွက်လက်စားချေဖို့ နတ်ဆိုး၁၀၀၀၀ကို ချေမှုန်းပေးမယ်"

"မင်းကဘာမှမပြောဘူးဆိုတော့ သဘောတူညီတယ်လို့ပဲ သတ်မှတ်လိုက်မယ်နော်"

"ဂျူနီယာကို လှုပ်ရှားခွင့်ပြုပါ..."

လီယွမ်သည် သူ့ကိုယ်သူအကြိမ်ကြိမ်စိတ်အားတင်းလိုက်ပြီးနောက် အာရုံအပြည့်အ၀စူးစိုက်၍ ဓားနတ်သမီး၏ခန္ဓာကိုယ်ကို စတင်သန့်စင်လိုက်သည်။

(ရွေးချယ်ထားသောဂူကောင်များမှာ...)

(ဤအရာသည် ပိုင်ရှင်မဲ့ပစ္စည်းမဟုတ်သောကြောင့် ကြည့်ရှုခြင်းသို့မဟုတ် ပေါင်းစပ်ခြင်းတို့မလုပ်ဆောင်နိုင်ပါ)

"သေစမ်း...အကုန်ပြီးပြီ"

လီယွမ်က သူ၏နှလုံးသားတစ်ခုလုံး အေးခဲသွားသလို ခံစားလိုက်ရသည်။

ဓားနတ်သမီး၏အလောင်းသည် ပိုင်ရှင်ရှိနေသည်လား...သူမ၏အားနည်းသောအသိစိတ်က နှစ်ပေါင်း၃၀၀၀ကြာရှင်သန်နေခဲ့သည်လား...ထိုသို့မဟုတ် ဂူအင်မော်တယ်၏ စိတ်ဆန္ဒအား ရည်ညွန်းနေသည်လား...

"ငါသာအချိန်ပေးသန့်စင်မယ်ဆိုရင် အနည်းဆုံး၁၀နှစ်လောက်တော့ အချိန်ယူရလိမ့်မယ်...ငါအဲလောက်ကြာကြာမစောင့်နိုင်ဘူး..."

ယခုအခါ လမ်းများအားလုံး ပိတ်ဆို့ခံထားရပုံပေါ်သည်။

"မဟုတ်ဘူး...ငါလက်လျော့လိုက်လို့မရဘူး...ထွက်လမ်းဆိုတာအမြဲရှိတယ်...နည်းလမ်းတစ်ခုတော့ရှိရမယ်..."

လီယွမ်က လေးလေးနက်နက်စဉ်းစားနေခဲ့သည်။

အချိန်အတော်ကြာပြီးနောက် သူ၏စိတ်ထဲ၌ အတွေးတစ်ခုဖြစ်ပေါ်လာခဲ့သည်။

"သူ့မှာပိုင်ရှင်ရှိလို့ မသန့်စင်နိုင်ဘူးပေါ့...ငါသာသူ့ရဲ့သခင်ဖြစ်သွားရင် သန့်စင်ဖို့အချိန်နည်းနည်းပဲယူရလိမ့်မယ်...ပြဿနာကလည်းလုံး၀ပြေလည်သွားလိမ့်မယ်"

"ဝူမေ့...ထွက်လာခဲ့...ဓားနတ်သမီးကို ငါတို့ရဲ့မိသားစုဝင်အဖြစ် ပြောင်းလဲလိုက်တော့..."

လီယွမ်က ရဲရဲတင်းတင်းပင် ဆုံးဖြတ်ချက်ချလိုက်သည်။

ထို့နောက် လီယွမ်သည် ချက်ချင်းပင်လှုပ်ရှားလိုက်ကာ သူ၏ခန္ဓာကိုယ်ကိုပြန်လည်ကုသလိုက်ပြီး ဓားနတ်သမီး၏ဓားကို တင်းကြပ်စွာဆုပ်ကိုင်လိုက်သည်။လီယွမ်သည် ထိုအခိုက်အတန့်တွင် ဧရာမဝိညာဉ်ဂူကောင်ကို အမြင့်ဆုံးထိအသက်သွင်းထားလိုက်သည်။

ဝူမေ့သည် ဓားနတ်သမီး၏ခန္ဓာကိုယ်အား ကျူးကျော်ရန်ရည်ရွယ်ချက်ဖြင့် ပင့်ကူပိုးမျှင်အမြောက်အများကို ချက်ချင်းပင်ထုတ်ဖော်လိုက်သည်။

"အရာရာတိုင်းကို ကံကြမ္မာကသာဆုံးဖြတ်ထားတယ်...ငါတို့ကအဲ့ဒါကိုထိန်းချုပ်နိုင်စွမ်းမရှိဘူး..."

"ဒါက ဂူအင်မော်တယ်တစ်ယောက်ဖြစ်လာဖို့ ပေးဆပ်ရမဲ့ တန်ဖိုးလား..."

ရုတ်ချည်းဆိုသလိုပင် လီယွမ်သည် စိတ်သက်သာရာရသလို ခံစားလိုက်ရသည်။

ဝူမေ့သည် ပင့်ကူပိုးမျှင်အားလုံးကိုထုတ်ဖော်ကာ ဓားနတ်သမီးအား ထိန်းချုပ်ရန်ကြိုးစားနေခဲ့သည်။

"ဂူအင်မော်တယ်..."

လီယွမ်သည် တည်ကြည်ခံ့ညားသောရုပ်သွင်ပြင်တစ်ခုက တင်ပလ္လင်ခွေလျက်ထိုင်နေသည်ကို ပုံဖော်မိလိုက်ပြီးနောက် ထိုပုံရိပ်က သူ၏ခေါင်းကိုအဆက်မပြတ်ခါယမ်းကာ သက်ပြင်းချမိလိုက်သည်။

သမိုင်းတလျှောက်တွင် တစ်ယောက်တည်းသော ဂူအင်မော်တယ်သည် သူစိတ်ကူးထားသလိုပင် သာမန်လူများနှင့်လုံး၀ကွဲပြားသော်လည်း သာမန်လူများကဲ့သို့ပင် စိတ်ရှုပ်ထွေးနေပုံရပေသည်။

"ငါ့ရဲ့သမီးလေး...ဒါကမင်းရဲ့ကံကြမ္မာပဲ...ဒါကအဖေတစ်ယောက်အနေနဲ့ ငါအတတ်နိုင်ဆုံးလုပ်ဆောင်ပေးခဲ့တာပဲ"

"ဂူအင်မော်တယ်လျှို့ဝှက်နယ်မြေမှာ အိပ်မောကျနေတဲ့ ဒီခန္ဓာကိုယ်ဟာ နှစ်ပေါင်း၃၀၀၀တိုင်တိုင် လက်ကျန်အသိစိတ်လေးကို စုဆောင်းထားပြီး ရှင်သန်လိုစိတ်ပြင်းပြတဲ့ဝိညာဉ်ကို ဖန်တီးခဲ့တယ်...လက်ကျန်ဝိညာဉ်လေးက နှစ်ပေါင်း၃၀၀တိုင်အောင် တည်တည်ငြိမ်ငြိမ်ထိန်းချုပ်နိုင်ပြီးတဲ့နောက်မှာ ပြန်လည်မွေးဖွားလာနိုင်တယ်"

"အဲ့ဝိညာဉ်ဟာ နှစ်ပေါင်း၃၀ကြာပြီးတဲ့နောက်မှာ မူလအခြေအနေကို ပြန်လည်ရောက်ရှိပြီးတဲ့နောက်မှာ ပြောင်းလဲခြင်းမရှိဘဲ အတိတ်နဲ့ပစ္စုပ္ပန်ဘ၀ကို ပြန်ပြီးမှတ်မိနိုင်လိမ့်မယ်"

လီယွမ်၏စိတ်ထဲတွင် စိတ်ကူးယဉ်ဆန်ဆန်အသံတစ်ခုက ပဲ့တင်ထပ်လာခဲ့သည်။

လီယွမ်သည် ထိုစကားသံကို စွဲစွဲမြဲမြဲနားထောင်ပြီးနောက်တွင် ထိုစကား၏အဓိပ္ပါယ်ကို နားလည်လိုက်သည်။ထို့နောက် သူ၏အသက်ရှင်သန်လိုစိတ်ကပြင်းထန်လာကာ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

"ဂူအင်မော်တယ်...ငါလီယွမ်က ဒီကံကြမ္မာရဲ့အလိုအတိုင်း တာ၀န်ကိုဆက်လက်ထမ်းဆောင်ပါမယ်"

"ဓားနတ်သမီးရဲ့ဝိညာဉ်ကိုထိန်းသိမ်းပေးပြီးတော့ ဒီဘ၀မှာ သူ့ကိုဆက်လက်ကာကွယ်ပေးသွားပါမယ်"

"ဂူအင်မော်တယ်...ငါကဓားနတ်သမီးရဲ့ ကံကြမ္မာပဲ..."

ထိုအချိန်တွင် လီယွမ်သည် ဂူအင်မော်တယ်၏အလိုဆန္ဒကို နားလည်သည်ဖြစ်စေ နားမလည်သည်ဖြစ်စေ ဂရုမစိုက်နိုင်ဘဲ သူ၏သဘောထားကို ရှင်းရှင်းလင်းလင်းဖော်ပြခဲ့သည်။

ကျန်ရှိသောအရာအတွက် အဆင်မပြေလျှင်တောင်မှ သူသေသည်အထိ တိုက်ပွဲ၀င်သွားမည်ဖြစ်သည်။

သူ့ထံတွင် နောက်ဆုံးဝှက်ဖဲတစ်ခု ကျန်ရှိနေသေးသည်။

သေစမ်း...

လီယွမ်၏ စိတ်ဝိညာဉ်ပင်လယ်က လှိုင်းထန်နေခဲ့သည်။လီယွမ်သည် သူ၏ရင်ဘတ်၌ကွယ်ဝှက်ထားသော ကျောက်စိမ်းတုံးအား မသိစိတ်မှဆုပ်ကိုင်မိလိုက်သည်။

ဤအရာက သူ၏နောက်ဆုံးနည်းလမ်းဖြစ်သည်။

စစ်နတ်ဘုရားဖြစ်သူ ထိုက်ဇူဧကရာဇ်၏စိတ်ဆန္ဒနှင့်သွေးတစ်စက်ပါ၀င်သော ကျောက်စိမ်းဆွဲသီး...

ဂူအင်မော်တယ်၏စိတ်ဆန္ဒသည် အလွန်ခိုင်မာပြီး သိုင်းနတ်ဘုရား၏စိတ်ဆန္ဒကလည်း ပျော့ညံ့နေခြင်းမရှိပေ။

"မင်း..."

လီယွမ်၏အသိစိတ်ပင်လယ်ထဲတွင် မှုန်ဝါးနေသောရုပ်သဏ္ဍာန်က လီယွမ်အားစိုက်ကြည့်လိုက်ချိန်တွင် လျှို့ဝှက်ဆန်းကြယ်သော အချိန်နှင့်အာကာသနေရာတစ်ခုမှ ဂူအင်မော်တယ်နှင့်ရင်ဆိုင်နေရသလို ခံစားလိုက်ရသည်။

"ဒီကံကြမ္မာကို ထမ်းဆောင်ပါမယ်"

လီယွမ်က ထပ်မံအော်ဟစ်လိုက်သည်။

ထိုအချိန်တွင် အချိန်ကာလကအေးခဲသွားပုံရသည်။ဂူအင်မော်တယ်၏အရိပ်သည် မလှုပ်မယှက်ဖြစ်နေကာ လီယွမ်၏လက်ကလည်း ဓားနတ်သမီး၏ဓားကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားခဲ့သည်။သူသည် သူ၏ကိုယ်ပိုင်အသက်အတွက် တိုက်ပွဲ၀င်ရန် အသင့်ပြင်ဆင်ထားခဲ့သည်။

"ကောင်းပြီ..."

ထိုအချိန်တွင် ဂူအင်မော်တယ်က စကားစလာခဲ့သည်။

"မင်းလုပ်နိုင်တယ်..."

ထိုသို့ပြောပြီးသည်နှင့် ဂူအင်မော်တယ်၏မျက်နှာက ပို၍ပင်ကြည်လင်ပြတ်သားလာခဲ့သည်။လီယွမ်သည် သူ့အားရှင်းရှင်းလင်းလင်းမြင်တွေ့ရတော့မည့်အချိန်တွင် ဓားနတ်သမီး၏ဓားက တုန်ခါနေခြင်းရပ်တန့်သွားခဲ့သည်။

ဝိညာဉ်လောကရှိ အရာခပ်သိမ်းသည် လက်တွေ့ဘ၀၌လည်း သက်ဆိုင်နေခဲ့သည်။ယခုအခါ ပြင်းထန်သောညှဉ်းပန်းနှိပ်စက်မှုအာရုံများက ပျောက်ကွယ်သွားကာ ဓားသွား၏သတ်ဖြတ်လိုစိတ်များလည်း မရှိတော့ပေ။

လှပသောဓားနတ်သမီးက ခေါင်းတလားထဲ အိပ်မောကျနေခဲ့သည်။

လီယွမ်၏တစ်ကိုယ်လုံးသည် ချွေးများဖြင့်စိုရွှဲနေခဲ့ကာ လည်ချောင်းများပင်ခြောက်သွေ့နေခဲ့သည်။

"ဂူအင်မော်တယ်က ဒီလိုဖြစ်လာအောင် အရင်ကတည်းကစီမံထားပုံရတယ်...ဒါပေမဲ့ သူ့ရဲ့အခြေအနေတွေကြမ်းတမ်းလွန်းတယ်...ငါကလွဲလို့လူအများစုက သူနဲ့တွေ့ခွင့်ရမှာမဟုတ်ဘူး"

အလောင်းကို ဂူအင်မော်တယ်လျှို့ဝှက်နယ်မြေတွင် နှစ်ပေါင်း၃၀၀၀ကြာအောင် ပြုစုပျိုးထောင်ခဲ့ပြီးနောက် အင်မော်တယ်အဖြစ်တည်ရှိနိုင်သော်လည်း လက်ကျန်အသိစိတ်ကို ပြန်လည်ရရှိအောင်ခြေရာကောက်ရမည်ဖြစ်သည်။

ဓားနတ်သမီးက ထိုလုပ်ဆောင်ချက်ဖြစ်ကာ ဂူအင်မော်တယ်၏ ပထမဆုံးသောခန့်မှန်းချက်က မှန်ကန်ခဲ့သည်။

ဒုတိယအချက်မှာ အလွန်ခက်ခဲပေသည်။ထိုအရာသည် အသက်နှင့်ဝိညာဉ်အကြားချိတ်ဆက်မှုဟု ခေါ်တွင်နိုင်ကာ ဓားနတ်သမီးအား သူ၏ကိုယ်ပိုင်ဂူကောင်အဖြစ်သန့်စင်ရန် ဂူသခင်ကလုပ်ဆောင်ရန်လိုအပ်သည်။

သို့သော်လည်း အစွမ်းထက်သောဂူသခင်များသည် သူတို့၏ပင်မဂူကောင်ကို လွယ်လွယ်ဖြင့်အစားမထိုးကြပေ။

ဤနေရာသို့လာရောက်သောဂူသခင်သည် အားနည်းနေပါက မိမိကိုယ်ကိုသတ်သေခြင်းသာဖြစ်ကာ နောက်ထပ်နှစ်၃၀၀တိုင် အသက်ရှင်မည်မဟုတ်ပေ။အထူးသဖြင့် ဓားနတ်သမီး၏အသိစိတ်ကို ပြန်လည်ရှင်းလင်းစေကာ သူမ၏ဝိညာဉ်ပြန်လည်ထူထောင်ရေးလုပ်ဆောင်ရန် မဖြစ်နိုင်တော့ပေ။

ဂူအင်မော်တယ်၏အစီအစဉ်တစ်ခုလုံးက သီအိုရီသက်သက်သာဖြစ်ခဲ့သည်။

လီယွမ်သည် ထိုမဖြစ်နိုင်လုနီးပါး သီအိုရီအတွက် တစ်ခုတည်းသောအဖြေဖြစ်ခဲ့သည်။

"ဒါကရော ကံကြမ္မာရဲ့အလိုပဲလား..."

ထိုအရာက အမှန်ပင်ကံကြမ္မာ၏လုပ်ဆောင်ချက်ဖြစ်သလို ထူးခြားဂူကောင်စာရင်းတွင် ဒုတိယအဆင့်ရှိနေသော မဟာကံကြမ္မာဂူကောင်၏ အစွမ်းပင်ဖြစ်သည်။

"တောင်းပန်ပါတယ်...ဓားနတ်သမီး"

လီယွမ်သည် သူ၏ကံကြမ္မာအလိုအရ ဓားနတ်သမီးနှင့်ပေါင်းစပ်ရာ၌ အနက်‌ရောင်အိုးကိုအသုံးမပြုခဲ့ပေ။ဂူအင်မော်တယ်သည် အစီအစဉ်များကိုလုပ်ဆောင်ထားခဲ့ပြီဖြစ်ရာ သူကအရိုးရှင်းဆုံးနည်းလမ်းကိုသာ အသုံးပြုသွားမည်ဖြစ်သည်။

သူသည် နှလုံးသွေးတစ်စက်အားဖောက်ထုတ်ကာ ဓားနတ်သမီး၏ပါးစပ်ထဲသို့ စိမ့်၀င်သွားစေလိုက်သည်။ထို့နောက် တင်ပလ္လင်ခွေထိုင်ချလိုက်ကာ သူ၏ကံကြမ္မာကို နားလည်ရန်ကြိုးစားလိုက်သည်။

ထိုအခိုက်အတန့်တွင် သူ၏စိတ်အာရုံ၌ မြင်ကွင်းများ ထွက်ပေါ်လာခဲ့သည်။

…

All Chapters