← Chapters

ဓားနတ်သမီး၏ဒဏ္ဍာရီ

Vol. 5 Ch. 62

ဓားနတ်သမီး၏ဒဏ္ဍာရီ

Vol. 5 Ch. 62

"နှစ်ပေါင်း၃၀၀၀...သူမက ဂူအင်မော်တယ်နဲ့တစ်ခေတ်တည်းလား..."

လီယွမ်က အံ့ဩသွားခဲ့သည်။

"အမှန်ပဲ...ငါတို့ပြောပြောနေတဲ့ ဓားနတ်သမီးဆိုတာ ဂူအင်မော်တယ်ရဲ့သမီးပဲ...ဒါပေမဲ့ ဂူအင်မော်တယ်ဉာဏ်အလင်းမရခင်မှာ သူမကသေဆုံးသွားခဲ့ရတယ်"

ရှယွဲ့လျန်က ပြောလိုက်သည်။

"ဒါက..."

ဂူအင်မော်တယ်လျှို့ဝှက်နယ်မြေ၌ မြုပ်နှံထားသောရုပ်အလောင်းတစ်ခုတွင် ယခုလိုဇာတ်လမ်းမျိုးရှိလိမ့်မည်ဟု လီယွမ်ကမမျှော်လင့်ထားပေ။

"လွန်ခဲ့တဲ့နှစ်ပေါင်း၃၀၀၀ကျော်က ဂူအင်မော်တယ်ဟာ တောင်တန်းတွေပေါ်ကထွက်ခွာလာတဲ့ လူငယ်လေးတစ်ယောက်ပဲ...သူဟာ အမျိုးသမီးတစ်ယောက်နဲ့မတော်တဆ တွေ့ဆုံမှုအပြီးမှာ ချစ်ကျွမ်း၀င်ခဲ့ကြတယ်"

"အဲအမျိုးသမီးဟာ ဂူအင်မော်တယ်နဲ့အချိန်တစ်ခုထိ တူတူနေထိုင်ခဲ့ပြီးတဲ့နောက်မှာ အကြောင်းပြချက်မရှိဘဲ တိတ်တိတ်လေးထွက်ခွာသွားခဲ့တယ်"

"ငယ်ရွယ်တဲ့ဂူအင်မော်တယ်ဟာ သူ့ရဲ့ချစ်သူကို နှစ်အတော်ကြာတဲ့ထိ လိုက်လံရှာဖွေနေပေမဲ့ ဘာသတင်းမှမရခဲ့ဘူး"

"အဲ့လူငယ်ဟာ န၀မအဆင့်ဂူသခင်ဖြစ်လာပြီးတဲ့နောက် နတ်ဆိုးခေါင်းဆောင်ကိုနှိမ်နင်းဖို့အတွက် ‌ဗလိုလွင်ပြင်မှာဖြစ်လာမယ့် သွေးချောင်းစီးတိုက်ပွဲမှာ ၀င်ရောက်တိုက်ခိုက်ခဲ့တယ်...အဲ့ချိန်ထိဆိုရင် နှစ်ပေါင်း၂၀ကျော်ကြာမြင့်ခဲ့တယ်လေ"

"အဲ့အချိန်မှာပဲ သူချစ်ခင်ရတဲ့အမျိုးသမီးနဲ့ထူးထူးခြားခြားဆင်တူတဲ့ မိန်းကလေးတစ်ယောက်ကို သူသတိထားမိလိုက်တယ်..."

"အဲ့အခါမှ သူ့ရဲ့အရင်ချစ်သူကို နတ်ဆိုးတွေကသတ်ဖြတ်သွားပြီးတော့ သမီးလေးတစ်ယောက်ကျန်ခဲ့တာသိလိုက်ရတယ်...သူကသမီးလေးနဲ့ပြန်ဆုံချင်ပေမဲ့ ခါးခါးသီးသီးပဲငြင်းပယ်ခံလိုက်ရတယ်"

"ဂူအင်မော်တယ်ဟာ သူ့ရဲ့အပြစ်အတွက်ချေပဖို့မကြိုးစားတော့ဘဲ နောက်ကွယ်ကနေဘဲ တိတ်တိတ်လေးစောင့်ရှောက်နေခဲ့တယ်..."

"နောက်ပိုင်းမှာတော့ ထျန်းယွမ်တိုက်ကြီးပေါ်မှာ လူသားတွေနဲ့နတ်ဆိုးတွေကြား ဒုတိယအကြိမ်စစ်ပွဲကြီးဖြစ်ပွားခဲ့တယ်...ဓားနတ်သမီးဟာ လူသားတွေအတွက်တိုက်ပွဲ၀င်ရင်း နယ်စပ်မှာကျရှုံးသွားခဲ့ရတယ်"

"သူမ မသေခင်လေးမှာ နားလည်မှုလွဲမှားနေတာကို ဖြေရှင်းခဲ့ပြီးတော့ ဂူအင်မော်တယ်ကို သူမရဲ့အဖေအဖြစ် အသိအမှတ်ပြုခဲ့တယ်"

"အဲ့နေ့မှာ သွေးတွေနဲ့စွန်းထင်းနေတဲ့ဓားနတ်သမီးဟာ မျက်ရည်တွေအပြည့်နဲ့ အဖေဆိုတဲ့စကားလုံးကို နောက်ဆုံးအကြိမ်ခေါ်ဆိုခဲ့ပြီးတော့ ထျန်းယွမ်တိုက်ကြီးရဲ့သမိုင်းမှာ ပထမဆုံး ဂူအင်မော်တယ်တစ်ပါးကို ထွက်ပေါ်လာစေခဲ့တယ်"

ရှယွဲ့လျန်သည် ဇာတ်ကြောင်းတစ်ခုလုံးကို ပြန်ပြောနေခဲ့ပြီး ထိုအထဲမှ‌ဇာတ်ကောင်များအတွက် စိတ်မကောင်းဖြစ်နေပုံရသည်။

လီယွမ်သည် စိတ်မထိန်းနိုင်ဘဲ သက်ပြင်းချမိလိုက်သည်။

ခေတ်တစ်ခေတ်တွင် လူသားတစ်ယောက်၏ဖြစ်တည်မှုသည် တောင်ပေါ်မှကျောက်တုံးလေးတစ်ခုနှင့်ဆင်တူပေသည်။ဓားနတ်သမီးကဲ့သို့သော ပါရမီရှင်တစ်ယောက်သည် နတ်ဆိုးများ၏သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

သမိုင်းတလျှောက် ပါရမီရှင်များစွာသည် ထိုကဲ့သို့ပင် အဆုံးသတ်ခဲ့‌ရပေသည်။သူတို့သည် ထိပ်ဆုံးသို့ရောက်ရန် အလားအလာရှိသော်လည်း လမ်းဆုံးတိုင်မလျှောက်လှမ်းနိုင်ခဲ့ပေ။

"ဂူအင်မော်တယ်ဟာ သူ့သမီးရဲ့အလောင်းကိုသယ်ဆောင်ပြီး တောင်ပေါ်တက်လာခဲ့တယ်...သူ့ရဲ့အော်ရာဟာတဖြည်းဖြည်းမြင့်တက်လာခဲ့ပြီးတော့ အဆုံးသတ်မှာသူ့ရဲ့ဂူတာအိုဟာ ကောင်းကင်တံခါးကိုတောင်ဖွင့်လှစ်နိုင်ခဲ့တယ်"

"ဂူအင်မော်တယ်လျှို့ဝှက်နယ်ပယ်ဟာ ဒီလိုဖြစ်ပေါ်လာခဲ့တာပဲ..."

"ဓားနတ်သမီးရဲ့ ရုပ်အလောင်းကို အဲမှာပဲမြုပ်နှံထားတယ်"

ရှယွဲ့လျန်က ဇာတ်လမ်းအဆုံးသတ်ကို ပြောပြခဲ့သည်။

လီယွမ်၏အမူအရာသည် ချက်ချင်းထိတ်လန့်သွားခဲ့ကာ အသက်ကိုခပ်ပြင်းပြင်းရှုလိုက်မိသည်။

"မင်းတို့တွေက ဓားနတ်သမီးရဲ့အလောင်းကို ဂူကောင်အဖြစ်ပြောင်းလဲဖို့ စီစဉ်နေကြတာလား"

ရှေ့မှလျှောက်နေသော ကျောက်ပိုင်တုံ၏ခန္ဓာကိုယ်က ရုတ်တရက်တုန်လှုပ်သွားခဲ့သည်။

"ညီလေးလီယွမ်...မင်းအစားကိုကြိုက်သလိုစားလို့ရတယ်...ဒါပေမဲ့ စကားကိုတော့ကြိုက်သလိုမပြောနဲ့....နန်းတော်သခင်တောင်ဒီလိုအစွမ်းအစမရှိတာ ငါတို့ကဘယ်လိုလုပ်ရဲမှာလဲ"

"ဒါဆိုရင် မင်းတို့ကဓားနတ်သမီးရဲ့ရုပ်အလောင်းကို ဘာလို့ရှာနေတာလဲ"

လီယွမ်က မေးမြန်းလိုက်သည်။

"ငါတို့က ဆရာ့ရဲ့အကြံအစည်တစ်ခုကို စမ်းသပ်တဲ့နေရာမှာ ကူညီပေးနေတာပါ"

ကျောက်ပိုင်တုံက ပြန်ဖြေလိုက်သည်။

လီယွမ်သည် ထိတ်လန့်သွားခဲ့ကာ ဤလူ၂ယောက်နှင့်သွားလာရသည်မှာ အန္ဆာရယ်အလွန်များကြောင်း ခံစားခဲ့ရသည်။သူ၏ပစ်မှတ်မှာ အိပ်မက်သစ်ပင်သာဖြစ်ပြီး ဓားနတ်သမီးရဲ့ရုပ်အလောင်းကို ထိရန်လုံး၀စိတ်ကူးမရှိပေ။

"မကြောက်ပါနဲ့ ဂျူနီယာ‌မောင်လေး...ငါတို့က စီနီယာဓားနတ်သမီးကို လုံး၀မစော်ကားဝံ့ပါဘူး...ငါတို့ကဓားနတ်သမီးရဲ့ဆန္ဒနဲ့အညီ လုပ်ဆောင်မှာပါ"

ရှယွဲ့လျန်က ပြောလိုက်သည်။

လီယွမ်က မျက်မှောင်ကြုတ်လိုက်မိသည်။

"မင်းတို့ကဘာလုပ်မှာလဲ..."

"ဒါကနောက်ဆက်တွဲဇာတ်လမ်းနဲ့ သက်ဆိုင်သွားပြီ...ဓားနတ်သမီးကွယ်လွန်သွားပြီးတဲ့နောက်မှာ ဂူအင်မော်တယ်က သူ့သမီးကို ထာ၀ရအိပ်စက်ခွင့်မပေးချင်တော့ဘူး...သူဟာကံကြမ္မာကို အံတုနိုင်ဖို့ကြိုးစားတဲ့အနေနဲ့ သူမဟာဓားနတ်သမီးရဲ့အသက်ဓာတ်ကို ပြန်လည်ရရှိဖို့ စိတ်ကူးယဉ်အိပ်မက်သစ်ပင်ကို ဒီနေရာမှာစိုက်ပျိုးခဲ့တယ်"

"ဒါပေမဲ့...လူတစ်ယောက်သေဆုံးပြီးသွားရင် ဘယ်လိုပြန်ပြီးရှင်သန်နိုင်မှာလဲ..."

"ပြန်လည်ရှင်သန်ခြင်းဂူကောင်လိုမျိုး ထူးခြားဂူကောင်တောင်မှ တစ်စုံတစ်ယောက်ရဲ့ အသက်ကိုပြန်ရှင်လာစေတယ်ဆိုရင် ကန့်သတ်ချက်တွေရှိတယ်...ဓားနတ်သမီးလို သေဆုံးသွားတာကြာတဲ့လူတစ်ယောက်က ပြန်လည်ရှင်သန်ဖို့ မဖြစ်နိုင်ဘူး"

"မဖြစ်နိုင်ဘူးဆိုတာမရှိဘူး...နှစ်အနည်းငယ်ကြာပြီးတဲ့နောက်မှာ ဂူအင်မော်တယ်ဟာ ကောင်းကင်တံခါးကနေထွက်ခွာသွားပြီး ပြန်မလာခဲ့ဘူး"

"သူမထွက်ခွာခင် ဂူအင်မော်တယ်ဟာ သူ့ရဲ့ကိုယ်ပိုင်စိတ်ဆန္ဒကို အတင်းအကျပ်ခွဲထုတ်ပြီး ဓားနတ်သမီးရဲ့ရုပ်အလောင်းကို ကာကွယ်ဖို့အတွက် ခုလိုမျိုးသီးခြားကျွန်းငယ်တစ်ခုပေါ်မှာ တံဆိပ်ခတ်ချန်ရစ်ထားခဲ့တယ်"

"ဂူအင်မော်တယ်ရဲ့စိတ်ဆန္ဒက ဓားနတ်သမီးကို ကျိန်းသေပြန်နိုးထစေလိမ့်မယ်...ဒါကကံကြမ္မာရဲ့ပဲ့တင်သံပဲ..."

"ကံကြမ္မာရဲ့ပဲ့တင်သံ..."

ထိုအခိုက်အတန့်တွင် လီယွမ်သည် သူ၏နားလည်နိုင်စွမ်းကို‌ မေးခွန်းပြန်ထုတ်မိလိုက်သည်။

"အရာရာတိုင်းကို ကံကြမ္မာက အဆုံးအဖြတ်ပေးတယ်...ငါတို့ကအဲ့ဒါကို ထိန်းချုပ်နိုင်စွမ်းမရှိဘူး..."

ရှယွဲ့လျန်က သက်ပြင်းချရင်း ပြောလိုက်သည်။

"ဂူအင်မော်တယ်ဟာ ထူးခြားဂူကောင်စာရင်းရဲ့ ဒုတိယနေရာမှာရှိနေတဲ့ ကြီးမြတ်သောကံကြမ္မာဂူကောင်နဲ့ ဂူအင်မော်တယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပေမဲ့ သူ့ဘ၀တစ်ခုလုံးကအလှည့်အပြောင်းတွေနဲ့ပြည့်နှက်နေခဲ့တယ်...သူဟာဘ၀တလျှောက်လုံး ချစ်ခြင်းမေတ္တာကို စွဲလမ်းခြင်းကြီးစွာကြိုးစားရှာဖွေခဲ့ပေမဲ့ ကံကြမ္မာရဲ့လှည့်စားခြင်းကိုပဲ ခံခဲ့ရတယ်"

"နောင်မျိုးဆက်က လူတွေကတော့ ဒါကကံတရားရဲ့လှည့်ဖျားမှုလို့ခေါ်ကြတယ်"

"လူတစ်ယောက်ဟာ သူ့ရဲ့ဘ၀လက်တွဲဖော်ကို အကြိမ်ပေါင်းများစွာတိုင် သူ့ဘေးနားကအမြဲဖြတ်သွားတာကိုတောင် သတိမမူနိုင်ခဲ့ဘူးလေ"

"မဟာကံကြမ္မာဂူကောင်ကို သန့်စင်ပြီးတဲ့အချိန်မှာ ကံကြမ္မာက ဂူအင်မော်တယ်ကြုံတွေ့ရမယ့်အရာအားလုံးအတွက် အဖိုးအခကိုသတ်မှတ်ထားပြီးဖြစ်တယ်"

ကျောက်ပိုင်တုံက စကားစမြည်၀င်ရောက်ပြောဆိုလိုက်သည်။

"မဟာကံကြမ္မာဂူကောင်ရဲ့ မှော်အစွမ်းကြောင့် ဓားနတ်သမီးဟာတဖန်ပြန်လည်နိုးထလာနိုင်တယ်လို့ ဂူသခင်အစဉ်အဆက်ကယုံကြည်ခဲ့ကြတယ်...သတ္တမနန်းတော်သခင်အဆက်ဆက်က ဒီအကြံအစည်ကိုအသက်သွင်းဖို့ နည်းလမ်းရှာခဲ့ကြတယ်"

"ခုကောရှာတွေ့ပြီလား..."

လီယွမ်အတွက် ဤကိစ္စကမယုံနိုင်ဖွယ်ကောင်းသည်ဟု ခံစားမိနေဆဲဖြစ်သည်။

"အတိအကျကိုတော့ ငါတို့ရဲ့ဆရာဖြစ်တဲ့ သတ္တမနန်းတော်သခင်ကပဲ ရှင်းပြပေးနိုင်လိမ့်မယ်"

ကျောက်ပိုင်တုံက ပြန်ဖြေလိုက်သည်။

ထိုစကားများကိုနားထောင်ပြီးနောက် ဤကိစ္စက အနည်းငယ်ဖြစ်နိုင်ခြေရှိကြောင်း လီယွမ်ကထူးဆန်းစွာခံစားလိုက်ရသည်။

သတ္တမနန်းတော်သခင်သည် အလွန်ရက်စက်ကြမ်းကြုတ်သူတစ်ယောက်ဖြစ်သည်။

သူသည် ဂူကောင်နှင့်လူသိရှင်ကြား လက်ထပ်ထိမ်းမြှားဝံ့သူဖြစ်သည်။သူသည် အနယ်နယ်အရပ်ရပ်မှ လူများကိုဖိတ်ခေါ်ခဲ့ကာ လူပေါင်းများစွာ၏မထီမဲ့မြင်အကြည့်အောက်၌ ကြောက်လန့်ခြင်းတစ်စုံတစ်ရာမရှိဘဲ လက်ထပ်ပွဲကိုလုပ်ဆောင်နိုင်ခဲ့သည်။

သို့သော် လွန်ခဲ့သောနှစ်ပေါင်း၃၀၀၀က သေဆုံးသွားခဲ့ပြီဖြစ်သော လူတစ်ယောက်ကို တစ်ဖက်လူက ပြန်လည်နိုးထအောင်လုပ်ဆောင်နိုင်မည်ဟု သူမထင်ထားပေ။

အဖြစ်နိုင်ဆုံးသောအရာမှာ ဓားနတ်သမီးအား အလောင်းသန့်စင်ခြင်းဂူကောင်ကဲ့သို့ ခပ်ဆင်ဆင်တူညီသော ရွေ့လျားနိုင်စွမ်းကိုသာ ပေးစွမ်းနိုင်မည်ဖြစ်သည်။

ထိုသို့လုပ်ဆောင်လျှင်...

ဂူသခင်အမြောက်အများက ထိုလုပ်ရပ်ကိုပြင်းပြင်းထန်ထန်ကန့်ကွက်ကြမည်ဖြစ်ပြီး လူတိုင်း၏ဝိုင်း၀န်းတိုက်ခိုက်မှုကို ခံရနိုင်ခြေရှိပသည်။

သူတို့၃ယောက်သည် စကားစမြည်ပြောဆိုရင်း မြေအောက်လမ်းကြောင်းထဲ နက်နက်ရှိုင်းရှိုင်း တိုး၀င်သွားခဲ့သည်။

အိပ်မက်သစ်ပင်၏အမြစ်များသည် ရောင်စုံအလင်းတန်းများကို တဖျတ်ဖျတ်ထုတ်လွှတ်နေခဲ့ကာ မှောင်မိုက်နေသော မြေအောက်လမ်းကြောင်းကိုပင် ခဏခဏလင်းထိန်နေစေခဲ့သည်။

သူတို့၃ယောက်လုံးသည် ဧရာမခေါင်းတလားကြီးကို တွေ့မြင်လိုက်ရသည်။

ကျောက်ပိုင်တုံ၏အသက်ရှုသံက တဖြည်းဖြည်းမြန်ဆန်လာခဲ့သည်။

"ဓားနတ်သမီးက ဒီမှာရှိနေတာပဲ...ငါတို့သူ့ကိုနိုးရမယ်"

ရှယွဲ့လျန်သည်လည်း အလွန်ပင်စိတ်လှုပ်ရှားနေခဲ့သည်။

ထိုအခိုက်အတန့်တွင် လီယွမ်သည် အမှန်တကယ်ပင် ထိတ်လန့်သွားခဲ့သည်။

သတ္တမနန်းတော်တစ်ခုလုံးသည် အရူးများဖြင့်ပြည့်နှက်နေပေသည်။သူတို့သည် အလောင်းတစ်ခုကို ပြန်လည်နိုးထအောင်ပြုလုပ်ရန် အလွန်စိတ်အားထက်သန်နေကြသည်။ထိုခေါင်းတလားအတွင်းမှနေ၍ နှစ်ထောင်ချီဖုတ်ကောင်၁ကောင်ခုန်ထွက်လာကာ လူတိုင်းအားကိုက်စားမည်ကို သူတို့မကြောက်ရွှံကြသည်လား...

"ညီလေးလီယွမ်...မင်းငါ့ကိုကူညီပေးနိုင်မလား..."

ကျောက်ပိုင်တုံက ထပ်ပြောလာခဲ့သည်။

"မရဘူး..."

လီယွမ်က ချက်ချင်းတုံ့ပြန်လိုက်သည်။

ကျောက်ပိုင်တုံသည် လီယွမ်၏တုံ့ပြန်ချက်ကြောင့် အံ့အားသင့်သွားခဲ့သည်။ဤကောင်လေးသည် အဘယ်ကြောင့် စည်းချက်အတိုင်းမလိုက်ပါလာရသနည်း။

"ညီလေး...ဒီကိစ္စက နန်းတော်ကိုးခုဂူအသိုက်ရဲ့ ကြီးမြတ်တဲ့အကြောင်းရင်းနဲ့သက်ဆိုင်နေတယ်...ဒီကိစ္စအောင်မြင်သွားရင် တောင်ပိုင်းရှင်းကျန်းဒေသတစ်ခုလုံးကို ပျံ့နှံ့သွားပြီး မင်းရဲ့နာမည်ကလည်း ခေတ်အဆက်ဆက်သမိုင်းတွင်သွားလိမ့်မယ်..."

"ငါ လုံး၀ငြင်းတယ်"

လီယွမ်သည် သူတို့၏ပြောစကားကို မယုံကြည်ခဲ့ပေ။

နန်းတော်၉ခုဂူအသိုက်၏ အရေးကြီးကိစ္စဆိုပါက ဤကိစ္စအားဆောင်ရွက်ရန် အဘယ်ကြောင့် တပည့်များကိုသာပို့ဆောင်ရမည်နည်း။ဤအရာသည် သတ္တမနန်းတော်သခင်၏ တကိုယ်ကောင်းဆန်သောရည်ရွယ်ချက်ဖြစ်ကြောင်း သိသာပေသည်။

"ဂျူနီယာညီလေး...မင်းကငါတို့ရဲ့အစီအစဉ်ကိုသိလိုက်ပြီဆိုတော့ ငါတို့ထဲကတစ်ယောက်ဖြစ်သွားပြီ...ငါတို့နဲ့ပူးပေါင်းဖို့အကြံပြုချင်တယ်"

ကျောက်ပိုင်တုံက သူ၏ဟန်ဆောင်မှုကိုရုပ်သိမ်း၍ သူ၏သရုပ်အမှန်အား ထုတ်ဖော်လိုက်သည်။

လီယွမ်သည် ထိုစကားကိုကြားပြီးနောက် သူ၏အမူအရာက လေးနက်လာခဲ့သည်။

ရှယွဲ့လျန်၏အပြုံးများက ပျောက်ကွယ်သွားခဲ့ကာ သူမ၏အမူအရာက အေးစက်ခက်ထန်လာခဲ့သည်။သူမသည် လီယွမ်မြင်တွေ့ခဲ့သော ချိုမြိန်ကာစိတ်ထားနူးညံ့သည့် စီနီယာအစ်မ မဟုတ်တော့ပေ။

"ညီလေးလီယွမ်...နန်းတော်သခင်၉ယောက်တောင်မှ ဂူအင်မော်တယ်လျှို့ဝှက်နယ်ပယ်ကို ထိန်းချုပ်နိုင်စွမ်းမရှိဘူး...မင်းသာဒီမှာသေရင် ဘယ်သူမှသိလိုက်မှာမဟုတ်ဘူး"

သူမသည် နောက်သို့တိတ်တိတ်လေးရွေ့သွားကာ လီယွမ်၏ဆုတ်ခွာမည့်လမ်းကြောင်းအား ပိတ်ဆို့လိုက်သည်။

"မင်း...ငါ့စကားကိုနားထောင်ပြီး ဒီသစ္စာအဆိပ်ကိုသောက်ရင် အလွှတ်ပေးဖို့စဉ်းစားပေးမယ်...ဒါကမင်းအပေါ်သက်ညှာပေးနိုင်တဲ့ ငါ့ရဲ့အကြီးမားဆုံးသည်းခံမှုပဲ"

ကျောက်ပိုင်တုံက သက်ပြင်းချရင်းပြောလိုက်သည်။

"မင်းတို့က လက်စဖျောက်ဖို့စီစဉ်နေတာပဲ"

လီယွမ်သည် အလွန်ဒေါသထွက်နေပုံရကာ သူ၏အမူအရာက ထိတ်လန့်နေပြီး ခန္ဓာကိုယ်တစ်ခုလုံးတုန်ယင်နေခဲ့သည်။

"ငါတို့ကမင်းကိုလွှတ်လမ်းပေးထားပြီးပြီ...မင်းကငါတို့နဲ့မပူးပေါင်းရင် ငါတို့မင်းကိုအလွှတ်မပေးနိုင်ဘူး"

ကျောက်ပိုင်တုံကပြောလိုက်သည်။

"ငါ...ငါ"

လီယွမ်၏အမူအရာက ရုတ်ချည်းပြောင်းလဲသွားကာ သူ၏မျက်နှာကသွေးဆုပ်ဖြူရော်သွားခဲ့သည်။လီယွမ်သည် ကြံရာမရဟန်ဖြင့် နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ပြီးနောက်တွင် မြေပြင်ပေါ်သို့ဒူးထောက်ကျလုမတတ်ဖြစ်သွားခဲ့သည်။

"ငါ...မင်းတို့ကိုကတိပေးမယ်..."

"ကဲ...ကဲ...ဒါကိုအရင်စားလိုက်"

ရှယွဲ့လျန်က ပြုံး၍ရှေ့သို့လျှောက်လာကာ ကျိန်ဆိုဂူကောင်ကို ပေးလိုက်သည်။

သူမသည် လီယွမ်အားဂူကောင်ကို ပေးအပ်တော့မယ့်ဆဲဆဲတွင် လီယွမ်၏ခန္ဓာကိုယ်မှနေ၍ ကြောက်မက်ဖွယ်ကောင်းသော သွေးချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ရှယွဲ့လျန်သည် ထိတ်လန့်သွားကာ နောက်ပြန်ဆုတ်လိုက်သော်လည်း အေးစက်စက်လက်တစ်ဖက်က သူမ၏ရင်ဘတ်ကိုထိုးဖောက်၀င်ရောက်ကာ သူမ၏နှလုံးသားကိုဆုပ်ကိုင်ထားခဲ့သည်။

"နင်..."

ရှယွဲ့လျန်သည် ပြူးကျယ်သောမျက်လုံးအစုံဖြင့် မယုံနိုင်ဟန်မျက်နှာအမူအရာဖြင့် မြေပေါ်လဲကျသွားခဲ့တော့သည်။

…

All Chapters