← Chapters

မူလလက်ကောက်

Vol. 74 Ch. 1028

မူလလက်ကောက်

Vol. 74 Ch. 1028

"ဒါ ပလိန်းနှလုံးသားဖြစ်နိုင်မလား ဒါမှမဟုတ် စကြာဝဠာစိတ်ဝိညာဉ်စက်လုံးဖြစ်နိုင်မလား"

လီဖူချန်းက စိတ်ထဲမှာ ခန့်မှန်းလိုက်တယ်။

မကြာမီမှာ လီဖူချန်းက ရွှေရတနာခန်းမရဲ့ဂိတ်ပေါက်ကို ရောက်ရှိလာတယ်။

"ဒါ မူလအဆုံးစွန်းအရှင်ပဲ"

"တောက်၊ အကောင်းတွေအားလုံး သူပဲ ယူသွားပြန်ပြီ။ မြန်မြန်အကြောင်းကြားလိုက်ကြ၊ အဆင်မြင့်စကြာဝဠာရတနာတစ်ခုကို မူလအဆုံးစွန်းအရှင်ရသွားတယ်လို့ ပြောလိုက်ကြ"

"အကြိုနတ်ဘုရားတစ်ယောက် အကြိုနတ်ဘုရားနယ်မြေမှ ထွက်လာဖို့ တန်ဖိုးက အရမ်းမြင့်မားမှာပဲ။ ဒါက အရှင်တစ်‌ယောက်ထက် အဆမရေမတွက်နိုင်စွာ ပိုမြင့်မားတယ်။ ဒါပေမယ့် အဆင့်မြင့်စကြာဝဠာရတနာက အကြိုနတ်ဘုရားအချို့ကို ပြန်လာဖို့ ‌‌သေချာပေါက်ဆွဲဆောင်နိုင်မှာပဲ"

လီဖူချန်းဆိုတာ မြင်ပြီး လူတိုင်းရဲ့မျက်လုံးတွေက လောင်ကျွမ်းသွားတော့တယ်။ ထိုက်ချိဓားဘိုးဘေးနဲ့ဓားသမားအစည်းအရုံးအထဲက အခြားသူတွေကတောင် အနည်းငယ်မနာလိုဖြစ်မိတယ်။

သူတိူ့လည်းပဲ အကြိုနတ်ဘုရားဖြစ်ချင်တယ်၊ ဒါပေမယ့် အကြိုနတ်ဘုရားဖြစ်ဖို့က ခက်ခဲလွန်းပါတယ်လေ။ သူတို့က သူတို့ယ်သူတို့ပဲ အားကိုးနေရင် ကောင်းကင်ဆန့်ကျင်ကံတရားနဲ့ကြောက်မက်ဖွယ်ရာခွန်အားမရှိရင် သူတို့က သေချာပေါက်သေရလိမ့်မယ်။

ဒါပေမယ့် သူတို့မှာ အကြိုနတ်ဘုရားတစ်‌ယောက်ရဲ့အကူအညီရှိရင် အကြိုနတ်ဘုရားတစ်ယောက်ဖြစ်ဖို့က ပိုလွယ်ကူလာလိမ့်မယ်။ ဓားသမားအစည်းအရုံးရှိအကြိုနတ်ဘုရားတစ်ယောက်မှာ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းနှစ်ခုရှိတယ်လို့ ပြောကြတယ်။ သူတို့က အဆင့်မြင့်စကြာဝဠာရတနာတစ်ခုကို သုံးပြီး အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုနဲ့ ဖလှယ်နိုင်လောက်တယ်။

"ကြည့်ရတာ မူလအဆုံးစွန်းအရှင်က စကြာဝဠာရဲ့အစစ်အမှန်က‌လေးပဲဖြစ်ရမယ်"

"သေချာတာပေါ့၊ သူနဲ့ယှဉ်ရင် အခြားစကြာဝဠာကလေးတွေက ဘောင်မဝင်ဘူး၊ နှိုင်းယှဉ်စရာတောင် မရှိဘူး"

"အဆင့်မြင့်စကြာဝဠာရတနာတစ်ခုကို ထိန်းသိမ်းဖို့ဆိုတာ မလွယ်တာပဲ"

"ဒါကို အကြောင်းကြစမ်း၊ အခြားဂိုဏ်းရဲ့အကြိုနတ်ဘုရားတွေ ဒီကနေ အကျိုးအမြတ်ရသွားမှာကို ငါတို့ ခွင့်ပြုလို့မရဘူး"

သူ မူလဘူတရွှေသော့ရတာနဲ့ပတ်သက်ပြီး ပေါက်ကြားမှာကို လီဖူချန်းက စိတ်မပူပါဘူး။

မူလဘူတရွှေသော့ပေါ်ထွက်လာချိန်တိုင်း ၎င်းက အသံတစ်ခုကို အလိုအလျောက်ထုတ်လွှတ်လိမ့်မယ်။ အဲဒါကို ဖုန်းကွယ်ဖို့ နည်းလမ်းမရှိပါဘူး။

ဒါ့ပြင် သူ အဆင့်မြင့်စကြာဝဠာရတနာကို ရတဲ့အခါ အကြိုနတ်ဘုရားတစ်‌ယောက်ဆိုရင်တောင် သူက တိုက်ခိုက်ဖို့အခွင့်အရေးတစ်ခုရှိလာလိမ့်မယ်။

သူက မတိုက်ခိုက်နိုင်တောင် ခြေတစ်လှမ်းနောက်ဆုတ်နိုင်တယ်၊ သူက နက်ပြာပလိန်းသို့ ပြန်သွားနိုင်တယ်။  အကြိုနတ်ဘုရားတစ်ယောက်က ဘယ်လောက်ပဲသန်မာနေပါစေ၊ ပလိန်းထဲကို မဝင်နိုင်ပါဘူး။

အသက်ကိုရှုသွင်းလျက် လီဖူချန်းက ရွှေရတနာခန်းမထဲကို ဝင်ရောက်ခဲ့တယ်။

ရွှေရတနာခန်းမထဲမှာ အခန်းဆယ်ခန်းသာ ရှိတယ်။

လီဖူချန်းက မူလဘူတရွှေသော့ကို အခန်းတစ်ခုထဲရှိသော့ပေါက်ထဲသို့ ထိုးထည့်လိုက်တယ်။

မူလဘူ‌တရွှေသော့က ပျောက်သွားပြီး အခန်းတံခါးက ပွင့်လာတယ်။

အခန်းအလယ်ရှိကျောက်စားပွဲတစ်ခုပေါ်မှာ ရွှေ၊ကျောက်တုံးတို့နဲ့ ပြုလုပ်ထားတဲ့ ရှေးဟောင်းလက်ကောက်တစ်ခုရှိတယ်။

ဒီရှေးဟောင်းလက်ကောက်ကို မြင်လိုက်တဲ့အခါ   သူက စကြာဝဠာရဲ့သမိုင်းနဲ့ စကြာဝဠာရဲ့မူလရင်းမြစ်ကို ကြည့်နေသလို လီဖူချန်းက ခံစားရတယ်။

"ဒါ ဘယ်စကြာဝဠာရတနာလဲ"

လီဖူချန်းက လက်ကောက်ကို ဆုတ်ကိုင်လိုက်တယ်။

"မူလလက်ကောက်....."

ရှေးဟောင်းလက်ကောက်ရဲ့နာမည်က လီဖူချန်းရဲ့နှလုံးသားထဲမှာ ထွက်ပေါ်လာတယ်။ နောက်အခိုက်အတန့်မှာ မူလလက်ကောက်ရဲ့အထူးလက္ခဏာတွေကို လီဖူချန်းက အကြမ်းဖျင်းသိသွားခဲ့တယ်။

မူလလက်ကောက်က စကြာဝဠာမှာ မွေးဖွားခဲ့တဲ့စဦးအရာဝတ္ထုတွေထဲကတစ်ခုဖြစ်တယ်။ ၎င်းက လက်ကောက်တစ်ခုနဲ့ တူပေမယ့် အဲဒါက နာမည်မျှပါပဲ။ ၎င်းက တုတ်ချောင်းတစ်ခုနဲ့ တူတယ်။ ၎င်းကို လေးလံတဲ့အရာဝတ္ထုတွေကို ရွေ့လျားဖို့ အသုံးပြုနိုင်တယ်။ ၎င်းကို ချိုင်းထောက်တစ်ခုအနေနဲ့လဲ အသုံးပြနိုင်တယ်။ ၎င်းရဲ့လုပ်ငန်းတွေက အဆုံးမမဲ့သလို အကန့်အသတ်ရှိတာလဲ မဟုတ်ဘူး။

orce.”

"ဘယ်လိုတောင် ကြောက်စရာကောင်းတဲ့ မူလစွမ်းအားလဲ"

မူလလက်ကောက်က ကမ္ဘာသစ်ပင်ထက် ပင်ကိုအားဖြင့် ပိုသန်မာတယ်လို့ လီဖူချန်းက ခံစားမိတယ်။

ဒါပေမယ့် ဒါက မူလလက်ကောက်က ကမ္ဘာသစ်ပင်ထက် ပိုဆန်းကြယ်တယ်လို့ မဆိုလိုပါဘူး။ သူတို့က မတူညီတဲ့အမျိုးအစားတွေဖြစ်ပြီး သူတို့ရဲ့စွမ်းအားပုံစံမှာ သူတို့ရဲ့ကိုယ်ပိုင်အားသာချက်နဲ့အားနည်းချက်တွေရှိတယ်။

"မူလလက်ကောက်က တိုက်ခိုက်ရမှာ ပိုကောင်းတယ်၊ ကမ္ဘာသစ်ပင်က အသက်သစ်ပင်လို အထောက်အပံ့ပေးရမှာ ပိုကောင်းတယ်"

လီဖူချန်းက သူ့နှလုံးသားထဲမှာ တွေးလိုက်တယ်။

မူလလက်ကောက်ကို သိမ်းပြီးနောက် လီဖူချန်းက ရွှေရတနာခန်းမမှ ထွက်လာတယ်။

အုန်း......

မူလဘူတမြေပြင်က ရုတ်တရက် တုန်ခါသွားတယ်။ အဆုံးမဲ့ရှေးဦးမူလဖရိုဖရဲက ကောင်းကင်မှ ဆင်းသက်လာတယ်၊ ၎င်းက မူလဘူတမြေပြင်တစ်ခုလုံးကို ဝါးမျိုချင်သလိုပါပဲ။

"မူလဘူတမြေပြင်က ပိတ်တော့မယ်"

လူအများစုက ဒီလိုအခြေအနေကို မြင်ခဲ့ဖူးပါတယ်၊ ဒါကြောင့် သူတို့က အထိတ်တလန့်မဖြစ်ပါဘူး။

ဖရိုဖရဲက လူတိုင်းကို ဝန်းရံလာတာကြောင့် လီဖူချန်းအပါအဝင်လူတိုင်းက မူလဘူတမြေပြင်မှ ထွက်လာတယ်။

"ဂုဏ်ယူပါတယ်၊ မူလအဆုံးစွန်းအရှင်"

ထိုက်ချိဓားဘိုးဘေးနဲ့အခြားသူတွေက လျှောက်လာတယ်။

"ငါ ကံကောင်းသွားတာပါ"

လီဖူချန်းက ပြုံးလိုက်တယ်။

"မင်းမှာပဲ ဒီလိုကံကောင်းမှုမျိုးရှိနိုင်တာ။ အဆင့်မြင့်စကြာဝဠာရတနာတစ်ခုကို အကြိုနတ်ဘုရားလက်နက်တစ်ခုနဲ့ ဖလှယ်နိုင်တယ်ဆိုတာ မင်း သိလား။ ဒါပေမယ့် မင်း ဒီအဆင့်မြင့်စကြာဝဠာရတနာကို ဓားသမားအစည်းအရုံးရဲ့အကြိုနတ်ဘုရားတစ်‌ယောက်နဲ့ ဖလှယ်နိုင်မယ်လို့ ငါ မျှော်လင့်တယ်"

ဘယ်လိုအဆင့်မြင့်စကြာဝဠာရတနာတစ်ခုမဆို  သတ်ဖြတ်ခြင်းလက်နက်တစ်ခုပါပဲ။ ၎င်းက အခြားအကြိုနတ်ဘုရားတွေလက်ထဲကို ကျရောက်သွားရင် ဓားသမားအစည်းအရုံးအတွက် အကျိုးရှိမှာမဟုတ်ဘူး။

"ငါ  ဒါနဲ့ပတ်သတ်ပြီး စဉ်းစားမှာပါ" လီဖူချန်းက ဒီလိုပြောပေမယ့် မူလလက်ကောက်ကို အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေနဲ့ ဖလှယ်ဖို့ မစဉ်းစားပါဘူး။ ပထမ၊ မူလလက်ကောက်က အလွန်တန်ဖိုးရှိပြိး အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းအများစုထက် ပိုတန်ဖိုးရှိတယ်။ ဒုတိယ၊ ဒိီလောက်များတဲ့ စကြာဝဠာရတနာများစွာနဲ့ဆိုရင် သူ့အနေနဲ့ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေအတွက် ယှဉ်ပြိုင်ဖို့ အကြိုနတ်ဘုရားနယ်မြေဒါမှမဟုတ်နတ်ဘုရားစစ်မြေပြင်ကို သွားတာ ပိုလွယ်ကူပါလိမ့်မယ်။

"မူလအဆုံးစွန်းအရှင်၊ မင်း အဆင့်မြင့်စကြာဝဠာရတနာကို ထိန်းသိမ်းနိုင်မှာမဟုတ်ဘူး။ ဘာလို့ မင်း အဲဒါကို မလွှဲပေးတာလဲ။ ဒါ မင်း အသက်ရှင်ဖို့အခွင့်အရေးပဲ"

"မူလအဆုံးစွန်းအရှင်၊ မင်း အဆင့်မြင့်စကြာဝဠာရတနာကို နတ်ဘုရားခန်းမကို လက်လွှဲပေးရင် အရင်ကဖြစ်ပျက်သမျှအကုန်လုံး သင်ပုန်းချေနိုင်တယ်"

ဂိုဏ်းအမျိုးမျိုးရဲ့အထက်အကြီးအကဲတွေက ရယ်မောလှောင်ပြောင်နေကြတယ်။

"မင်းတို့ အဲဒါနဲ့ပတ်သတ်ပြီး စိုးရိမ်စရာမလိုပါဘူး"

လီဖူချန်းက တစ်ချက်ကြည့်လိုက်တယ်၊ သူက ဒိလူတွေကို မကြောက်ပါဘူး။

"ဟမ့်၊ ဒါဆိုလဲ မင်း ဘယ်လောက်ထိ မောက်မာနိုင်မလဲ ကြည့်ရတာပေါ့"

တစ်ယောက်မှ လှုပ်ရှားဖို့ အစီအစဉ်မရှိပါဘူး။ သူတို့က အရေအတွက်အားဖြင့်အသာရပြီး အထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်တွေ အများကြီးရှိပေမယ့် သူတို့က အလယ်ဆင့်စကြာဝဠာရတနာရောအဆင့်မြင့်စကြာဝဠာရတနာရောရှိတဲ့လီဖူချန်းအတွက် ပြိုင်ဘက်မဟုတ်ပါဘူး။ လီဖူချန်းက ဒေါသထွက်သွားရင် သူတို့က သူတို့ရဲ့အသက်ကိုတောင် ဆုံးရှုံးသွားနိုင်တယ်။

ဝေဖန်ချက်အနည်းငယ်ပြုပြီးနောက် ဂိုဏ်းအသီးသီးက ထွက်ခွာသွားကြတယ်။

……

အကြိုနတ်ဘုရားနယ်မြေက စကြာဝဠာရှိအဆန်းကြယ်ဆုံးနဲ့ကြောက်စရာအကောင်းဆုံးနေရာဖြစ်တယ်။

ဒီနေရာက အလွယ်တကူဝင်လို့ရနိုင်တဲ့နေရာမျိုးမဟုတ်ဘူး။ ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ရဲ့ခွန်အားမရှိရင် သေတာနဲ့ အတူတူပါပဲ။

အကြိုနတ်ဘုရားနယ်မြေနဲ့စကြာဝဠာအကြားမှာ ဧရာမချောက်နက်တစ်ခုရှိတယ်။ဒီချောက်နက်ကို စကြာဝဠာချောင်နက်လို့ခေါ်တယ်။

စကြာဝဠာအတွင်းပိုင်းက ခရမ်းရင့်ရောင်ချီတည်ရှိမှုတွေနဲ့ ပြည့်နေတယ်။ ဒီချီတည်ရှိမှုက ဖရိုဖရဲအပျက်အစီးနယ်မြေရဲ့ချီတည်ရှိမှုထက် အများကြီးပိုကြောက်စရာကောင်းတယ်။ ၎င်းနဲ့ထိတွေ့ပြီးရင် ပြိုင်ဘက်ကင်းအရှင်အ‌ဆင့်အောက်ဘယ်သူမဆို သူတို့ရဲ့အသားတွေအရိုးတွေ အရည်ပျော်ကြသွားရလိမ့်မယ်။ ပြိုင်ဘက်ကင်းအရှင်တွေက အဲဒါနဲ့ ထိတွေ့မိရင် သူတို့က သေချာပေါက် သေဆုံးရလိမ့်မယ်။ စကြာဝဠာရတနာ‌တွေ၊ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကသာ ခရမ်းရင့်ရောင်ချီတည်ရှိမှုကို အချိန်အကြာကြီးရင်ဆိုင်နိုင်တယ်။

စကြာဝဠာချောက်နက်ကို ဖြတ်ပြီးနောက် အခြားတစ်ဖက်မှာ ကြီးမားတဲ့ပလိန်းတစ်ခုရှိတာကို သိပေလိမ့်မယ်။ ဒါပေမယ့် ဒီပလိန်းက ပျက်စီးယိုယွင်းမှုအပြည့်ဖြစ်နေတယ်။ အဲဒါကို ရောင်စုံအလင်း‌‌တွေ၊ လေပြင်း‌တွေ၊ အနက်ရောင်မိုးတွေ၊ မီးလျှံတွေ‌တို့လိုသဘာဝဘေးအန္တရာယ်မျိုးစုံတွေက အားဖြည့်ထားပေးတယ်။

အကြိုနတ်ဘုရားနယ်မြေကို အတွင်းနယ်မြေနဲ့အပြင်နယ်မြေဆိုပြီးပိုင်းခြားထားတယ်။ အတွင်းနယ်မြေက နတ်ဘုရားစစ်မြေပြင်နဲ့နီးကပ်ပြီး ၎င်းက တားမြစ်ဧရိယာဖြစ်တယ်။ အကြိုနတ်ဘုရားတွေကသာ ထိုနေရာမှာ အသက်ရှင်နိုင်တယ်။ အပြင်နယ်မြေက အားကောင်းတဲ့ပြိုင်ဘက်ကင်းအရှင်တွေဒါမှမဟုတ်အထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်တွေအတွက် နေရာတစ်ခုဖြစ်တယ်။

အကြိုနတ်ဘုရားနယ်မြေကို ဝင်ရောက်ဖို့က လွယ်ကူပါတယ်။ ပြိုင်ဘက်ကင်းအရှင်ခွန်အားရှိတဲ့မည်သူမဆို ဝင်ရောက်နိုင်တယ်။ ဒါပေမယ့် ထွက်လာဖို့က ပိုခက်ခဲတယ်။ ထွက်လာဖို့အတွက် အထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ကတောင် အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းအစအနတစ်ခုနဲ့တန်ဖိုးတစ်ခုပေးချေဖို့ လိုအပ်တယ်။ အကြိုနတ်ဘုရားတစ်ယောက်ထွက်လာဖို့က ပို‌တောင် ခက်ခဲတယ်။ အကြိုနတ်ဘုရားနယ်မြေရဲ့ဥပဒေသက စကြာဝဠာရဲ့ဥပဒေသနဲ့ မတူကွဲပြားတယ်လို့ အချို့က ခန့်မှန်းထားကြတယ်။ အခြားစကားဖြင့်ဆိုရရင် အကြိုနတ်ဘုရားနယ်မြေရဲ့ဥပဒေသက  စကြာဝဠာဥပဒေသအထက်မှာ ရှိတယ်။ ထွက်လာချင်တဲ့ဘယ်သူကိုမဆို စကြာဝဠာဥပဒေသက ကန့်သတ်ထားတယ်။

အကြိုနတ်ဘုရားနယ်မြေရဲ့အတွင်းပိုင်းနယ်မြေရှိလိုဏ်ဂူတစ်ခုထဲမှာ အနက်ရောင်အရှိန်အဝါတစ်ခုဖုံးလွှမ်းထားတဲ့လူတစ်ယောက်က မျက်လုံးတွေ ဖွင့်လိုက်တယ်။ သူ့ရဲ့နဖူးပေါ်မှာ ကြီးမားတဲ့နွားဦးချိုသုံးခုရှိတယ်။ အတွေ့အကြုံဗဟုသုတများတဲ့တစ်စုံတစ်ယောက်သာ ဒီမှာရှိရင် ဒီလူက နတ်ဆိုးမျိုးနွယ်ရဲ့အကြိုနတ်ဘုရားဖြစ်ပြီး အမှောင်ကောင်စီရဲ့ဦးချိုသုံးခုနတ်ဆိုးနတ်ဘုရားဆိုတာ သိပေလိမ့်မယ်။ သူ့ခွန်အားက အကြိုနတ်ဘုရားတွေကြားမှာ အားမနည်းပါဘူး။ သူ့ရဲ့အကြိုနတ်ဘုရားလက်နက်က  ဘယ်လိုပုံစံကိုမဆို ပြောင်းလဲနိုင်တဲ့ချပ်ဝတ်တစ်ခုဖြစ်ပြီး သူ့ရဲ့အရေပြားနဲ့ပေါင်းစပ်ထားတာ ကြာပါပြီ။

"အဆင့်မြင့်စကြာဝဠာရတနာလား"

သူ့လက်ထဲရှိဆက်သွယ်ရေးတိုကင်က အက်ကွဲသွားတယ်။ ဦးချိုသုံးခုနတ်ဆိုးနတ်ဘုရားက လျှာသပ်လိုက်လေတယ်၊ သူ့မျက်လုံးတွေက လောဘတကြီးလင်းလက်နေတယ်။

ခုခံမှုအရ သူက အကြိုနတ်ဘုရားတွေအကြားမှာ သေချာပေါက်အကောင်းဆုံးပေါ့။ ဒါပေမယ့် သူ့ရဲ့တိုက်ခိုက်ရေးစွမ်းအားကတော့ အနည်းငယ်အားနည်းကာ ဝှက်ဖဲနည်းနည်းသာရှိတယ်။ သူက အဆင့်မြင့်စကြာဝဠာရတနာတစ်ခုကို ရခဲ့ရင် သူ့ခွန်အားက နောက်တစ်ဆင့်ကို ရောက်ရှိသွားပေလိမ့်မယ်။ ထိုအချိန်မှာ သူက ဒုတိယမြောက်ဒါမှမဟုတ်တတိယမြောက်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကိုတောင် ရရှိလိမ့်မယ်။

တောင်ထိပ်ပေါ်ရှိမှန်နန်းတော်တစ်ခုအထဲမှာ ရွှေရောင်ချပ်ဝတ်တစ်ခုကို ဝတ်ဆင်ထားပြီး ရွှေရောင်လှံတံတစ်ခုကိုကိုင်ဆောင်ထားလျက် အရေပြားပေါ်မှာရွှေရောင်းအင်းကွက်‌တွေနဲ့ချောမောခန့်ညားတဲ့လူတစ်ယောက်က နတ်ဘုရစစ်မြေပြင်ကို အဝေးမှ ကြည့်နေတယ်။

ရုတ်တရက် သူက အက်ကွဲသွားတဲ့ဆက်သွယ်ရေးတိုကင်တစ်ခုကို ယူထုတ်လိုက်တယ်။

"အဆင့်မြင့်စကြာဝဠာရတနာလား"

ရွှေရောင်ချပ်ဝတ်လူက နှာခေါင်းရှုံ့လိုက်တယ်"ငါတို့မျိုးနွယ်ဝင်မဟုတ်တဲ့သူတွေမှာ ရည်ရွယ်ချက်အမျိုးမျိုးရှိနေမှာပဲ။ အဆင့်မြင့်စကြာဝဠာရတနာတွေကို ငါတို့မျိုးနွယ်ကပဲ ရသင့်တယ်။ လူသားမျိုးနွယ်က အဆင့်မြင့်စကြာဝဠာရတနာတစ်ခုတောင် မထိုက်တန်ဘူး"

အလွန်အမင်းမတ်စောက်တဲ့တောင်ထိပ်တစ်ခုပေါ်မှာ ဓားသမားတစ်ယောက်က သူ့ဓားတွေ လေ့ကျင့်နေတယ်။

သူ့ရဲ့ဓားက ထိပ်တန်းပဲ။ ထိုးချက်တိုင်းက စိတ်ဝိညာဉ်ထဲထိတိုင် စိမ့်ဝင်ပြီး အရာအားလုံးကို ဗလာနတ္တိဖြစ်သွားစေတယ်။ သူ့ဓားမှာ အရှိန်အဟုန်တစ်ခုမှ မရှိသလို လူတွေကို သူတို့နှလုံးသားထဲမှာ အေး‌စိမ့်စိမ့်ခံစားချက်တစ်ခုကို ခံစားရစေတယ်။ သူတို့က သေစေနိုင်တဲ့ခြိမ်းခြောက်မှုတစ်ခုကို ရင်ဆိုင်ရသလိုပေါ့။

"အဆင့်မြင့်စကြာဝဠာရတနာလား။ ငါ ခရီးတစ်ခေါက် ပြန်သွားရတော့မှာပေါ့"

ဒိီတစ်ခါ အကြိုနတ်ဘုရားဘယ်လောက်တောင် အပြေးလာမလဲ ငါ သိချင်တယ်"

အဆင့်မြင့်စကြာဝဠာရတနာတစ်ခုထွက်ပေါ်လာတဲ့အချိန်တိုင်း ကြောက်စရာကောင်းတဲ့အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းတစ်ခုကို ဖြစ်စေတယ်။ ဒါတောင် အကြိုနတ်ဘုရားအများစုက နတ်ဘုရားစစ်မြေမှာ ရောက်နေပြီး သတင်းမရလို့ပဲ။ မဟုတ်လို့ကတော့ ကမ္ဘာသစ်ပင်ဖျက်ဆီးခံရတဲ့မြင်ကွင်းမျိုး ဖြစ်လာပေလိမ့်မယ်။

အချိန်တိုအတွင်း ဂိုဏ်းအားလုံးရဲ့အကြိုနတ်ဘုရားတွေက သတင်းကို ရရှိခဲ့တယ်။ သူတို့အထဲမှာ ဂိုဏ်းကြီးကိုးဂိုဏ်းထဲကပါသလို အခြားဂိုဏ်းတွေကလည်း ပါတယ်။

ဒါပေမယ့် ဘယ်လောက်များများ ပြန်လာချင်သလဲကိုတော့ မသိဘူးပေါ့လေ။

တကယ်တော့ သူတို့က ပြန်လာရင်တောင် အဆင့်မြင့်စကြာဝဠာရတနာတစ်ခုကို ရချင်မှရမှာပါ။ ဒါ့အပြင် သူတို့က အကြိုနတ်ဘုရားနယ်မြေက ဖိအားပေးထွက်ရင် ဒဏ်ရာရရှိပါလိမ့်မယ်။

အတိုချုပ်အားဖြင့် အဆင့်မြင့်စကြာဝဠာရတနာတစ်ခုက ကောင်းပေမယ့် အဲဒါကို လုယူဖို့ စွမ်းရည်ရှိဖို့လိုတာပေါ့။

စကြာဝဠာရဲ့သဘာဝကျုံးတစ်ခုအထဲမှာ ဓားမော့နဲ့တူတဲ့အပြာရင့်ရောင်အလင်းစီးကြောင်းတစ်ခုက  ရှေ့သို့ တိတ်တဆိတ်ရွေ့လျားနေတယ်။

အလင်းစီးကြောင်းက နှေးသလို ထင်ရပေမယ့် လက်တွေ့မှာ ၎င်းက အသက်တစ်ခါရှုတိုင်း အလင်းနှစ်မရေမတွက်များစွာ ခရီးသွားနိုင်တယ်။

ဒါက စကြာဝဠာရဲ့သဘာဝကျုံးသာမဟုတ်ရင် ၎င်းက ကြယ်ပိုင်နက်များစွာကို ဖြတ်ကျော်ပြီးနေလောက်ပြီ။

အပြာရင့်ရောင်စီးကြောင်းအထဲမှာ နောက်ကျောမှာအပြာရင့်ရောင်တောင်ပံတစ်စုံနဲ့ လူရွယ်တစ်ယောက်ရှိတယ်။

စကြာဝဠာရဲ့သဘာဝကျုံးထဲရှိခရမ်းရင့်ရောင်အရှိန်အဝါက ကြောက်စရာကောင်းလွန်းတယ်။ လူရွယ်ရဲ့ခန္ဓာကိုယ်ပေါ်ရှိအပြာရင့်ရောင်စီးကြောင်းက ပိုပိုပါးလာ၊မှိန်လာတယ်။

"တောက်၊ ငါ့ရဲ့စွမ်းအားတစ်ဝက်ကျော်တောင် သုံးစွဲပြီးပြီ"

လူငယ်က မျက်မှောင်ကြုတ်လိုက်တယ်။

အကြိုနတ်ဘုရားတစ်‌ယောက် နတ်ဘုရားနယ်မြေမှ ထွက်ခွာဖို့ ကြီးမားတဲ့တန်ဖိုးတစ်ခုပေးချေရမယ်ဆိုတာ သူ သိတယ်။ ဒါပေမယ့် ဒီတန်ဖိုးက ကြီးမားလွန်းတယ်။ သူ့ခန္ဓာကိုယ်ထဲမှာ အကြိုနတ်ဘုရားစွမ်းအားစီးဆင်းနေတယ်ဆိုတာ သိမှာပါ။ ခရီးသွားရုံနဲ့ သူ့အကြိုနတ်ဘုရားစွမ်းအားတစ်ဝက်ကျော်သုံးစွဲထားရတယ်ဆိုတာ မတော်တရားလွန်းပါတယ်။

၇၀ရာခိုင်နှုန်း၊ ၈၀ရာခိုင်နှုန်း၊ ၉၀ရာခိုင်နှုန်း.......

သူ့အကြိုနတ်ဘုရားစွမ်းအားရဲ့၉၀ရာခိုင်နှုန်းကို အသုံးပြုပြီးတဲ့အခါ လူရွယ်က ရွေးချယ်စရာမရှိဘဲ သူ့နောက်ကျောရှိအကြိုနတ်ဘုရားမိုးကြိုးလျှပ်စီးတောင်ပံတွေကို အသက်သွင်းလိုက်ရတယ်။

အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေမှာလည်း မူလရင်းမြစ်စွမ်းအင်ရှိတယ်။ ဒါ့ပြင် ဒီမူလရင်းမြစ်စွမ်းအင်က စကြာဝဠာရဲ့မူလရင်းမြစ်စွမ်းအင်ကို ကျော်ဖြတ်န်ိုင်တယ်။ အခြားစကားဖြင့်ဆိုရရင် မူလရင်းမြစ်စွမ်းအင်အရ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေက ဘယ်လိုစကြာဝဠာရတနာထက်မဆို  သာလွန်တယ်။

ဒါပေမယ့် ဖော်ပြရမယ့်တစ်ချက်ရှိတယ်။ စကြာဝဠာရတနာတွေမှာပါဝင်တဲ့မူလရင်းမြစ်စွမ်းအင်က အလွန်သန်မာတယ်ဆိုတာပဲ။ အဲဒါက အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကတောင် ယှဉ်နိုင်တဲ့အရာမဟုတ်ဘူး။

တစ်ခုက အရည်အသွေးနောက် လိုက်ပြီး အခြားတစ်ခုက အရေအတွက်နောက် လိုက်တယ်။

အကြိုနတ်ဘုရားအများစုအရ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေမှာ အကြိုနတ်ဘုရားမူလရင်းမြစ်စွမ်းအင်ပါဝင်တယ်။ အကြိုနတ်ဘုရားမူလရင်းမြစ်စွမ်းအင်ကသာ တစ်ယောက်ယောက်ရဲ့စွမ်းအင်ကို အကြိုနတ်ဘုရားစွမ်းအင်အဖြစ်သို့ ပြောင်းလဲနိုင်တယ်။

အကြိုနတ်ဘုရားလျှပ်စိီးတောင်ပံတွေကို အသုံးပြုရတဲ့အတွက် လူငယ်က အလွန်အမင်းနာကျင်မိတယ်။

အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းရဲ့စွမ်းအားက ပြန်ပြည့်ဖို့‌ အလွန်ခက်ခဲတယ်။ ၎င်းကို အသုံးပြုတဲ့အခါတိုင်း လျော့ကျသွားတယ်။ အကြိုနတ်ဘုရားနယ်မြေကသာ ၎င်းကို အမြန်ပြန်ပြည့်စေနိုင်တယ်။

ပုံမှန်အားဖြင့် အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကို အသုံးပြုတဲ့အခါ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းစွမ်းအားကို အသက်သွင်းမယ့်အစား သူတို့က သူတို့ရဲ့ကိုယ်ပိုင်စွမ်းအားကို အသုံးပြုကြတယ်။ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းရဲ့စွမ်းအားက ကုန်ခန်းသွားမှာကို သူတို့က ကြောက်ရွံ့လို့ပဲ။

၁၀ရာခိုင်နှုန်း၊ ၂၀ရာခိုင်နှုန်း၊ ၃၀ရာခိုင်နှုန်း.....

လျှပ်စီးတောင်ပံရဲ့စွမ်းအား၃၀ရာခိုင်နှုန်းကို အသုံးပြုပြီးတဲ့အခါ လူငယ်က စတင်နောင်တရလာတယ်။ အကြိုနတ်ဘုရားနယ်မြေမှ ထွက်ခွာခြင်းက မှန်ကန်တဲ့အရာလားဆိုတာ သူ မသိဘူး။ သူက အရာအားလုံးကို မဆုံးရှုံးချင်ပါဘူး။

နောက်ဆုံးမှာ လျှပ်စီးတောင်ပံရဲ့စွမ်းအားတစ်ဝက်ကျော်အသုံးပြုပြီးသွားတဲ့အခါမှာ လူငယ်က စကြာဝဠာရဲ့သဘာဝကျုံးကို ကျော်ဖြတ်သွားခဲ့တယ်။

"ငါ ဒီအဆင့်မြင့်စကြာဝဠာရတနာကို ရကိုရရမယ်။ သို့မဟုတ်ရင် ငါ ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်မှာပဲ"

ဦးတည်ဘက်ကို ရှာဖွေလျက် လူရွယ်က သူ့နောက်ကျောရှိလျှပ်စီးတောင်ပံကို ခတ်ပြီး သူ့ရဲ့ပုံရိပ်က ရုတ်တရက် ပျောက်ကွယ်သွားတော့တယ်။

All Chapters