← Chapters

တိုက်ပွဲဖြစ်ပွားခြင်း

Vol. 159 Ch. 2252

တိုက်ပွဲဖြစ်ပွားခြင်း

Vol. 159 Ch. 2252

"အရမ်းအစွမ်းထက်တာပဲ။"

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများက ရီဖူရှင်း ထိန်းချုပ်ထားသော မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းမှ ထွက်ပေါ်လာသော တိုက်ပွဲစွမ်းအားကို မြင်သည့်အခါ တုန်ယင်သွားကြသည်။ ဖျက်ဆီးခြင်းအလင်းက နေမင်းနတ်ဘုရားတောင်တန်းမှ မဟာလမ်းစဥ်ကပ်ဘေးကို ဖြတ်ကျော်ပြီးသော ကျင့်ကြံသူများသည်ပင် ဖိအားကို ခံစားမိစေသည်။

ဖျက်ဆီးခြင်းစွမ်းအား။ မဟာအင်ပါယာရှန်ကျား၏ ခန္ဓာကိုယ်မှ ဖျက်ဆီးခြင်းစွမ်းအားက နှိုင်းယှဥ်၍ မရအောင် ကြောက်မက်ဖွယ် ကောင်းလှသည်။

ဤနည်းလမ်းနှင့်ဆိုလျှင် မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းကို မည်သူမှ ထိပ်တိုက်ဆန့်ကျင်ရင်ဆိုင်နိုင်မည် မဟုတ်ပေ။

"မဟာအင်ပါယာရှန်ကျားရဲ့ ရုပ်ကြွင်းကို ထိန်းချုပ်နိုင်တဲ့ သူ့စွမ်းအားက အကန့်အသတ် ရှိလိမ့်မယ်။ ပြီးတော့ မဟာအင်ပါယာရှန်ကျားရဲ့ စွမ်းအားက သူ့အတွက် ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်နေလိမ့်မယ်။" ထိုအခိုက်အတန့်တွင် အသံတစ်ခု ထွက်ပေါ်လာပြီး ထိပ်တန်းလူအများအပြား၏ မျက်လုံးများကို မှေးကျဥ်းသွားစေသည်။ ရီဖူရှင်းက မဟာအင်ပါယာရှန်ကျား၏ ခန္ဓာကိုယ်ကို အမှန်တကယ် အလွယ်တကူ ထိန်းချုပ်နိုင်ပါလျှင် သူက စောစီးစွာ ရပ်တန့်လိုက်မည် မဟုတ်ဘဲ လေးမျက်နှာကျေးရွာ အပြင်ဘက် တိုက်ပွဲတွင် ဆရာသခင် လုပ်ခဲ့သလို သူ၏ ပြိုင်ဘက်များကို ပြင်းထန်သည့် တိုက်ခိုက်မှုများဖြင့် တိုက်ခိုက်လိမ့်မည် ဖြစ်သည်။

"သူ့ရဲ့ စိတ်ဝိညာဥ်ကို တိုက်ခိုက်ပြီး သူ့ကို ထိန်းချုပ်ထား။ သူ့အင်အားကို ဖြုန်းတီးပစ်။" နောက်ထပ် အသံတစ်ခုက ပြောလိုက်သည်။ "ပြီးတော့ သူ့ရဲ့ မူရင်းခန္ဓာကိုယ်ကို ဖျက်ဆီးပစ်။"

ရီဖူရှင်း၏ မူရင်းခန္ဓာကိုယ်ကို စီဝ​အေင်ပါယာနန်းတော်မှ ကျင့်ကြံသူအဖွဲ့က ကာကွယ်စောင့်ကြပ်ပေးနေသည်။ ရီ​ဖူရှင်း၏ ခန္ဓာကိုယ်က ဖျက်ဆီးခံလိုက်ရလျှင် သူ၏ စိတ်ဝိညာဥ်က ပြန်လည် ဝင်ရောက်စရာ နေရာမရှိတော့ဘဲ သေဆုံးခြင်းကို မလွဲမသွေ ရင်ဆိုင်ရပေလိမ့်မည်။

"အတူတူ တိုက်ခိုက်ကြရအောင်။" လူအုပ်ကြီးက ဆုံးဖြတ်ချက်ချလိုက်ကြသည်။ ရုတ်တရက် ကောင်းကင်တစ်ခွင်လုံးတွင် အလွန် ကြောက်စရာကောင်းပုံရသည့် ထိတ်လန့်ဖွယ် မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။ ကြောက်မက်ဖွယ် ကောင်းလှသည့် တိုက်ခိုက်မှုများက အဆင့်မပြတ် ကျဆင်းလာပြီး မဟာအင်ပါယာရှန်ကျား၏ ခန္ဓာကိုယ်ပေါ်ထံ တိုက်ရိုက်ဦးတည်လာသည်။

ရီဖူရှင်း၏ ထိန်းချုပ်မှုအောက်မှမဟာအင်ပါယာရှန်ကျား ခန္ဓာကိုယ်အနီးတွင် ပြင်းထန်သော မဟာလမ်းစဥ် စွမ်းအားတို့ ဖြစ်ပေါ်လာသည်။ စက္ကန့်ပိုင်းအတွင်း၌ ရှေးဟောင်းနတ်အလင်းတို့က ရုပ်ကြွင်းကို လွှမ်းခြုံသွားသည်။ ထိုထိတ်လန့်ဖွယ် မဟာလမ်းစဥ်စွမ်းအားများနှင့် ထိတွေ့မိသည့် မည်သူမဆို ချက်ချင်း ပေါက်ကွဲထွက်သွားရပေလိမ့်မည်။ သူ့အနီးမှခုခံကာကွယ်ခြင်းစွမ်းအားများက ထိုးဖောက်၍ မရနိုင်အောင်ပင် ဖြစ်သည်။

ဤရုပ်ခန္ဓာ...

စောင့်ကြည့်နေသည့် လူတိုင်းက ထိတ်လန့်တုန်လှုပ်သွားကြသည်။ သူတို့က ထိုးဖောက်၍ မရနိုင်သော ခုခံကာကွယ်မှုကို မည်သို့ တိုက်ခိုက်ရမည်နည်း။

သို့သော် ရီဖူရှင်းက မည်သို့မှ လှုပ်ရှားမှုမပြုသည်ကို မြင်သောအခါ သူတို့၏ ခန့်မှန်းချက်က မှန်ကန်သည်ဟု ထင်မှတ်လိုက်ပေသည်။ ရီဖူရှင်းသည် နတ်ဘုရားရုပ်ကြွင်းကို လေးမျက်နှာကျေးရွာမှ ဆရာသခင်ကဲ့သို့ ထိုစွမ်းအားများကို ထိန်းချုပ်ရာတွင် ကျင့်သားမရသောကြောင့် ဖြစ်နိုင်ပေသည်။ ထို့ပြင် သူ၏ လက်ရှိ ကျင့်ကြံဆင့်နှင့် မဟာအင်ပါယာ၏ ကြောက်မက်ဖွယ် စွမ်းအားနှင့် ရုပ်ကြွင်းကို ထိန်းချုပ်ရခြင်းမှာ ထိတ်လန့်ဖွယ် လုပ်ဆောင်မှု ဖြစ်နေဆဲ ဖြစ်သည်။ သူ ထမ်းပိုးထားရသော ဝန်ထုပ်က ကြီးမားလိမ့်မည် ဖြစ်ကာ သူတို့က သူ့ကို အားအင်ကုန်ခမ်းလာအောင် လုပ်ဆောင်နိုင်ပေသည်။

ထိုအခိုက်အတန့်တွင် ကု့ချင်းအသံတစ်ခုက ပြင်းထန်စွာ ပေါက်ကွဲထွက်လာသည်။ ထိုအသံက အလွန် လေးလံလှသည်။ ကြည့်ရသည်မှာ မမြင်နိုင်သည့် အသံလှိုင်းများအဖြစ် ဖွဲ့စည်းလာပုံရကာ ရီဖူရှင်း၏ နားစည်အတွင်း ထိုးဖောက်ဝင်ရောက်သွားကာ သူ့ စိတ်ဝိညာဥ်ကို ပြင်းထန်သည့် စွမ်းအားနှင့် တိုက်ခိုက်ခံရသလို ပြင်းထန်စွာ တုန်ယင်လာစေသည်။

လေးလံကာ အင်အားမဲ့ပြီး အသက်ရှုရပင် ခက်ခဲလာပုံရသည်။

ထိုက်ဟွာနတ်တေးသွား။

မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းက ခေါင်းကို မော့လိုက်ပြီး လေဟာနယ်အတွင်း ကြည့်လိုက်သည့်အခါ ထိုက်ဟွာကောင်းကင်အရှင်၏ ပုံရိပ် ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။ ထိုပုံရိပ်က လေဟာနယ်အတွင်း တင်ပျဥ်ခွေကာ ထိုင်နေခဲ့သည်။ သူ၏ မဟာလမ်းစဥ်က ကု့ချင်းဖြစ်သည်။ ကြီးမားသော ကု့ချင်းတစ်လက်အလယ်တွင် သံစဥ်များက အဆက်မပြတ် ပဲ့တင်ထပ်နေပြီး ပြင်းထန်သည့် စွမ်းအားတို့နှင့် အသံလှိုင်းအဖြစ် ပြောင်းလဲသွားပေသည်။ ၎င်းက ထိုက်ဟွာနတ်တေးသွားပင် ဖြစ်သည်။

ထိုတေးသွား​၏ အတက်အကျက အဆက်မပြတ် ဖြစ်ပေါ်နေပြီး နေရာတစ်ခွင်လုံးရှိ လေထုက အလွန် လေးလံလာပုံရသည်။ လူအများသည် သူတို့၏ စိတ်ဝိညာဥ်အတွင်းမှ ထိတ်လန့်တုန်လှုပ်မှုကို ခံစားမိလိုက်ပြီး နှလုံးသားထဲမှ တုန်ယင်လာသည်။

သေချာပေါ​က်ပင် ထိုက်ဟွာနတ်တေးသွားက တစ်စုံတစ်ယောက်၏ စိတ်ဝိညာဥ်ကို ထိခိုက်စေရန် လုံလောက်သည့် စွမ်းအားဖြစ်ကြောင်း သိသာပေသည်။ ၎င်းတို့သည် ရီဖူရှင်း၏ စိတ်ဝိညာဥ်ကို တိုက်ခိုက်ရန် ကြိုးစားနေသည်။

ရီဖူရှင်းသည် ထိုက်ဟွာကောင်းကင်အရှင်က ဤအခိုက်အတန့်တွင် သူ့ကို တိုက်ခိုက်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ ယခင်က စီဝေ့မဟာအင်ပါယာ၏ ကျင့်ကြံရေးနယ်မြေ၌ သူက နတ်မိမယ်ထိုက်ဟွာကို ကူညီပေးပြီး ထိုက်ဟွာကောင်းကင်အရှင်အား သိမ်းသွင်းရန် မျှော်လင့်ခဲ့သည်။

သို့သော် ထိုက်ဟွာကောင်းကင်အရှင်သည် သူ၏ ဆန့်ကျင်ဘက်တွင် ရပ်တည်ကာ ရန်သူ ဖြစ်လာရန် ရွေးချယ်ခဲ့သည်။ ၎င်းက ထိုအဖြစ်အပျက်ကြောင့်ပေလား။

ကြီးမားသည့် ဖိအားအောက်တွင် မဟာအင်ပါယာရှန်ကျားကို ထိန်းချုပ်နေသည့် သူ၏ စွမ်းရည်​က စတင်ယိုယွင်းလာသည်။ သူသည် ချောမွေ့စွာ ထိန်းချုပ်နိုင်မှုက ပို၍ ခက်ခဲလာပုံရသည်ကို ခံစားမိပေသည်။

ထိုအခိုက်အတန့်တွင် ကု့ချင်းအသံက ပို၍ မြင့်တက်လာသည်။ လူအုပ်ကြီးသည် ထိပ်သီးပုဂ္ဂိုလ်တစ်ဦး ရှေ့သို့ လျှောက်လာသည်ကို မြင်လိုက်ရသည်။ သူသည် ရီ​ဖူရှင်းနှင့် မနီးမဝေးတွင် ဆင်းသက်လာ၏။ သူ့လက်ချောင်းများက ကောင်းကင်နှင့် မြေကြီးကြားမှ မဟာလမ်းစဥ်ကု့ချင်းအား တီးခတ်နေပြီး ၎င်းတို့ကို တူညီစွာ ကြောက်မက်ဖွယ်ကောင်းသော တေးသွား အသံလှိုင်းတစ်ခုအဖြစ် အပြင်ဘက်သို့ ထွက်ပေါ်လာသည်။ ၎င်းသည် ထိုက်ဟွာနတ်တေးသွားနှင့် ထိပ်တိုက်တွေ့ဆုံခဲ့ပြီး စူးရှသော အသံတို့ကို ထုတ်လွှတ်ပေးခဲ့သည်။

"ဒါက..." အနီးဝန်းကျင်မှ လူများကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။ ဤတစ်ကြိမ်၌ လှုပ်ရှားလာသူမှာ ကျီရှောင်းနယ်မြေမှ အရှင်လော့ ဖြစ်သည်။ တူညီစွာပင် သူသည်လည်း နတ်တေးသွား၌ ကျွမ်းကျင်ပေသည်။ နတ်တေးသွားတို့ ထိပ်တိုက်တွေ့ဆုံသည့် အလယ်၌ ပတ်ဝန်းကျင်ရှိ မဟာလမ်းစဥ် စွမ်းအားများက တိုက်ခိုက်မှုကြောင့် ပြိုကျပျက်စီးကာ မဟာလမ်းစဥ် မုန်တိုင်းတစ်ခု ဖြစ်တည်လာသည်။

အဝေးတွင် နတ်မိမယ်ထိုက်ဟွာနှင့် လော့ဆုတို့က မြင်ကွင်းကို စောင့်ကြည့်နေကြသည်။ နတ်မိမယ်ထိုက်ဟွာသည် သူမ ဖခင်က ရီဖူရှင်းအား တိုက်ခိုက်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ ယခင်က သူမသည် အခွင့်အရေးအား လွဲချော်ခဲ့သော်လည်း ယခု သူမ ဖခင်က ရီဖူရှင်းအား တိုက်ခိုက်လိုက်သည့်အခါ သူမတို့က ရီဖူရှင်းနှင့် ကမ္ဘာမကြေရန်သူ ဖြစ်လာပေတော့မည်။ ယနေ့ အခြေအနေတွင် ရီဖူရှင်းနှင့် အခြားလူများက အလွန် အန္တရာယ်များသော အ​ခြေအနေ၌ ကျရောက်နေခဲ့သည်။ သူတို့ကို တိုက်ခိုက်လာသည့် မည်သူမဆို သူတို့၏ ဒဏ်ရာပေါ် ဆားသိပ်ခြင်းနှင့် ထူးမခြားနားဖြစ်ပြီး သူတို့အား ပျက်စီးခြင်းကြမ္မာ ဆိုက်ရောက်စေရန် ဆန္ဒရှိသည်နှင့် အတူတူပင် ဖြစ်သည်။

ဤသို့သော အခြေအနေအလယ်တွင် လှုပ်ရှားမှုပြုလုပ်ခြင်းမှာ မည်သည့်အခါမှ ဖြေရှင်းနိုင်တော့မည် မဟုတ်သော တစ်သက်တာ အမုန်းတရားကို ပေါက်ဖွားစေနိုင်ပေသည်။

အခြားတစ်ဖက်မှ တိုက်ပွဲတွင် တစ်စုံတစ်ယောက်က ရီဖူရှင်း၏ ရုပ်ခန္ဓာကို တိုက်ခိုက်နေသည်။ သူတို့သည် စီဝေ့အင်ပါယာနန်းတော်၏ ခုခံကာကွယ်မှုကို ​ချိုးဖျက်ကာ ရီဖူရှင်း၏ ခန္ဓာကိုယ်ကို တိုက်ခိုက်ချင်နေသည်။ ထိုလူများကြားတွင် ရွှေရောင်နတ်ပြည်ထောင်ဘုရင် ကိုက်ချိန်က အားအကောင်းဆုံး ​ဖြစ်သည်။ သူ့နောက်ဘက်တွင် နတ်ဘုရားတစ်ပါးကဲ့သို့ ပုံရိပ် ပေါ်ပေါက်လာပြီး နတ်ဘုရား၏ သက်ပြင်းချသံကို ကြားလိုက်ကြရသည်။ နတ်ဘုရားစွမ်းအား၏ အရှိန်အဝါနှင့် ရွှေရောင်နတ်လှံက လေဟာနယ်ကို ထိုးဖောက်ပြီး ကြယ်ရောင်တော​က်ပနေသော အကာအကွယ်ကို တဖြေးဖြေးချင်း ထိုးဖောက်နေခဲ့သည်။

ရီဖူရှင်းသည် သူရှိနေသည့် နေရာ၌ ရပ်နေဆဲဖြစ်ကာ မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းအတွင်း နစ်မြုပ်နေသည်။ သို့သော် သူက အနီးဝန်းကျင် တိုက်ပွဲမြေပြင်များမှ ဖြစ်ပျက်သမျှကို ကြည့်ရှုနေခဲ့၏။ သူ၏ စိတ်အာရုံအတွင်းမှ မည်သည့်အရာမှ ပြေးမလွတ်နိုင်ခဲ့ပေ။

ဘုန်း...

ရီဖူရှင်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော မုန်တိုင်းက ပို၍ ပြင်းထန်လာသည်။ ရွှေရောင်နတ်အလင်းတို့ ဝန်းရံနေပြီး အနန္တအက္ခရာများက ပြင်းထန်သည့် မုန်တိုင်းအဖြစ် ပြောင်းလဲသွားကာ လေဟာနယ်ကို လွှမ်းခြုံ၍ စုစည်းလာသည်။

ထိပ်သီးပုဂ္ဂိုလ်များစွာ၏ စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းက ခေါင်းမော့ကာ ကြောက်မက်ဖွယ် ပြင်းထန်သည့် အက္ခရာများ စုစည်းနေသော နေရာသို့ ကြည့်လိုက်သည်။ ထိုနေရာ၌ ခမ်းနားထည်ဝါသော အလင်းများ တောက်ပနေသည့် ရွှေရောင်လှံတစ်စင်း ထွက်ပေါ်လာသည်။ မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းက လက်ကို ဆန့်တန်းလိုက်ပြီး လေဟာနယ်အတွင်းရှိ လှံကို လက်ဖြင့် ဖမ်းဆုပ်လိုက်သည်။ သူ့ခန္ဓာကိုယ်က တဖြေးဖြေး ကြီးမားလာကာ နတ်ဘုရားတစ်ပါးအသွင် ကူးပြောင်းသွားသည်။ အက္ခရာများ၏ ထိတ်လန့်ဖွယ် ကောက်ကြောင်းများက သူ့အသွေးအသားများတွင် လောင်ကျွမ်းလာပြီး သူ့ကို ကြည့်နေသည့် လူများအား အလွန်အမင်း နာကျင်စေသော ခံစားမှုကို ဖြစ်ပေါ်လာစေသည်။

အခြားတစ်ဖက်၌ မဟာအင်ပါယာရှန်ကျား၏ အခြားလက်တစ်ဖက်သည်လည်း ရှေ့သို့ ဆန့်ထုတ်ကာ လှံအား ဆွဲဆုပ်လိုက်သည်။ ကြောက်မက်ဖွယ် နတ်ဘုရားစွမ်းအားတို့ ပေါက်ကွဲထွက်လာ၏။ လေဟာနယ်အတွင်းရှိ တိုက်ပွဲမြေပြင်မှ ကျင့်ကြံသူတိုင်းသည် အလွန် တုန်လှုပ်ဖွယ် စွမ်းအားတို့ ​ထွက်ပေါ်လာသည်ကို ခံစားမိခဲ့ပေသည်။

ဘုန်း.....

ထိတ်လန့်တုန်လှုပ်ဖွယ် စွမ်းအားတို့ ပေါက်ကွဲထွက်လာ၏။ မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းက ကောင်းကင်ခွင်းလှံကို ယူငင်ကာ ကောင်းကင်၌ ရှိနေသော ပုဂ္ဂိုလ်များထံ ပစ်လွှတ်လိုက်သည်။ ချက်ချင်းပင် ကောင်းကင်နှင့် မြေကြီးကြား၌ မျဥ်းတစ်ကြောင်း ဖြစ်ပေါ်လာကာ ကြောက်မက်ဖွယ်ကောင်းသည့် အနက်ရောင်မျဥ်းကြီးတစ်ကြောင်း ထွက်ပေါ်လာ၏။ ၎င်းသည် လေဟာနယ်ကို ဖျက်ဆီးပစ်လိုက်သလို ခံစားရစေသည်။ ယင်းလှံတိုက်ခိုက်မှုနှင့် လိုက်ကာ လှံ၏ ပုံရိပ်ယောင်များက လေဟာနယ်ကို စုတ်ဖြဲပစ်လိုက်သလိုပင် ဖြစ်၏။ ကြောက်မက်ဖွယ် စွမ်းအားက အားလုံးသော တည်ရှိမှုများကို ဝါးမြိုပြီး တစ်ချိန်တည်းတွင် ပြင်းထန်သည့် စွမ်းအားက အားလုံးသော မဟာလမ်းစဥ်များကို ဖြတ်သန်းသွားခဲ့သည်။

လေဟာနယ်အတွင်းရှိ တိုက်ခိုက်နေသော ကျင့်ကြံသူများက မတူညီသော နေရာများသို့ ဆုတ်ခွာသွားကြပြီး စက္ကန့်ပိုင်းအတွင်း လူစုခွဲလိုက်ကြသည်။ မဟာအင်ပါယာရှန်ကျား၏ ခန္ဓာကိုယ်အနီး ချဥ်းကပ်ရန် မည်သူမှ သတ္တိမရှိကြပေ။

ထိုအခိုက်တွင် ၎င်းရုပ်ကြွင်းက တစ်နေရာသို့ ကြည့်လိုက်သည်။ ထိုနေရာ၌ ရွှေရောင်နတ်ပြည်ထောင်ဘုရင် ကိုက်ချိန် ရှိနေခဲ့၏။ မဟာအင်ပါယာရှန်ကျားသည် ခြေထောက်ကို မြှောက်ကာ ထိုနေရာသို့ ပြေးဝင်သွားခဲ့လေသည်။

***

All Chapters