လက်ကောက်
Vol. 74 Ch. 1029
နက်ပြာပလိန်းကို ပြန်ရောက်ပြီးနောက် လီဖူချန်းက မူလလက်ကောက်ရဲ့လုပ်ဆောင်ပုံတွေကို စတင်လေ့လာလိုက်တယ်။
လက်ရှိအခြေအနေမှာ မူလလက်ကောက်က သေချာပေါက် သူ့ရဲ့အကောင်းဆုံးဝှက်ဖဲပါပဲ။ သူက ၎င်းရဲ့လုပ်ဆောင်ပုံတွေကို လေ့လာနိုင်ရင် အကြိုနတ်ဘုရားတွေနဲတိုက်တဲ့အခါ သူက ပိုပြီးယုံကြည်ချက်ရှိလာပါလိမ့်မယ်။
"ပြောင်းလဲစမ်း"
မူလလက်ကောက်ကို သူ့ရဲ့လက်ကောက်ဝတ်မှာ ဝတ်ပြီးနောက် လီဖူချန်းက အတွင်းရှိစွမ်းအားကို အသက်သွင်းလိုက်တယ်။ နောက်အခိုက်အတန့်မှာ သတ္တုနဲ့ကျောက်တုံးနဲ့တူတဲ့ချပ်ဝတ်အလွှာတစ်ခုက လီဖူချန်းရဲ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းလာတယ်။
ဝုန်း ဝုန်း ဝုန်း .....
လီဖူချန်းက ချပ်ဝတ်ကို သူ့ရဲ့ကိုယ်ပိုင်ခွန်အားနဲ့ အရင်တိုက်ခိုက်လိုက်တယ်၊ ၎င်းက လုံးဝမလှုပ်ခါဘူးဆိုတာကို သိလိုက်ရတယ်။
ပြီးနောက် လီဖူချန်းက ဖရိုဖရဲမီးကြာပန်းနဲ့အတူ ချပ်ဝတ်ကို ချက်ချင်းတိုက်ခိုက်လိုက်တယ်။
"ဒီလိုအားကောင်းတဲ့ခံစစ်"
လီဖူချန်းက ပြုံးလိုက်တယ်။ ဖရိဖရဲမီးကြာပန်းကလည်း ချပ်ဝတ်ကို ဘာမှမလုပ်နိုင်ဘူးပဲ။
"ပြောင်းလဲစမ်း"
မူလလက်ကောက်က နောက်တစ်ကြိမ်ပြောင်းလဲသွားပြီး ဒီတစ်ခါမှာတော့ ၎င်းက သတ္တုနဲ့ကျောက်တုံးနဲ့တူတဲ့ဓားတစ်လက်အဖြစ် ပြောင်းသွားတယ်။
ဝှစ်......
လီဖူချန်းက ဓားနဲ့ခုတ်ပိုင်းလိုက်တဲ့အခါ ဓားချီက နက်ပြာပလိန်းကို ဆုတ်ဖြဲသွားတယ်။ ၎င်းက ကန့်လန့်ဖြတ်မြစ်ကြယ်ပိုင်နက်ရဲ့အနီးနားကြယ်ပိုင်နက်မှာ ထွက်ပေါ်လာပြီး ကြယ်တွေမရေတွက်များစွာကို ဆုတ်ဖြဲသွားတယ်။
"နောက်ထပ်ပြောင်းလဲစမ်း"
မူလလက်ကောက်က လျင်မြန်စွာကြီးထွားလာပြီး အဆုံးမဲ့ချီစွမ်းအားက ပလိန်းတစ်ခုလုံးကို ဖျက်ဆီးနိုင်သလို ခံစားရစေတယ်၊ ဒါပေမယ့် ဒါက မဖြစ်နိုင်မှန်း လီဖူချန်းက သိတယ်။
"မူလလက်ကောင်းက ဆန္ဒရှိသလိုပြောင်းလဲနိုင်တယ်၊ ၎င်းမှာ တိကျတဲ့ပုံစံမရှိဘူး။ ဒါပေမယ့် ငါက ဓားသမားပဲ။ မူလလက်ကောက်က ဓားတစ်လက်အဖြစ် ပြောင်းသွားရင် ငါ့ခွန်အားက အပြင်းအထန်တိုးလာလိမ့်မယ်။ ၎င်းက ချပ်ဝတ်တစ်ခုအဖြစ် ပြောင်းသွားရင် ငါ့ခံစစ်က အပြင်းအထန်တိုးလာလိမ့်မယ်။ ငါ ၎င်းကို ကြီးစေလိုက်ရင် မူလလက်ကောက်ရဲ့အကြီးကျယ်ဆုံးစွမ်းအားကို အသုံးချနိုင်လိမ့်မယ်"
လီဖူချန်းရဲ့အမြင်အရ မူလလက်ကောက်မှာ လုပ်ဆောင်ချက်သုံးခုရှိပြီး အခြားဟာတွေက သိပ်အသုံးမဝင်ပါဘူး။
မူလလက်ကောက်ရဲ့လုပ်ဆောင်ချက်တွေကို နားလည်ပြီးနောက် လီဖူချန်းက သူ့ရဲ့အာရုံကို အစိမ်းရောင်ဘူးသီးနဲ့ကမ္ဘာနှလုံးသားဆီ ရွှေ့ပြောင်းလိုက်တယ်။
အစိမ်းရောင်ဘူးသီးက အလွန်အမင်းဆန်းကြယ်တယ်။ ရေအနည်းငယ်က အစိမ်းရောင်ဘူးသီးထဲ လောင်းထည့်လိုက်ရင် သာမန်ရေက အသက်အားတွေမရေမတွက်များစွာပါဝင်တဲ့အသက်ရေတစ်ခုအဖြစ် ပြောင်းလဲသွားတယ်။ အသက်အားပါဝင်တဲ့အံ့ဖွယ်သစ်ရွက်ရည်ကို လောင်းထည့်လိုက်ရင် အံ့ဖွယ်သစ်ရွက်ရည်ရဲ့အသက်အားက ဆယ်ဆဒါမှမဟုတ်အဆတစ်ရာတောင် တိုးလာလိမ့်မယ်။
အခြားစကားဖြင့်ဆိုရင် ဒီအစိမ်းရောင်ဘူးသီးက အသက်အားကို ထောက်ပံ့တဲ့အလယ်ဆင့်စကြာဝဠာရတနာတစ်ခုဖြစ်တယ်။
အသက်အားထောက်ပံ့ခြင်းအပြင် အစိမ်းရောင်ဘူးသီးက အသက်အားကိုလည်း ထုတ်ယူနိုင်တယ်။
ရန်သူက အစိမ်းရောင်ဘူးသီးထဲသို့ စုပ်ယူခံလိုက်ရတာနဲ့ သူတို့က သူတို့ရဲ့အသက်နဲ့သေဆုံးခြင်းကိုထိန်းချုပ်မှု ဆုံးရှုံးသွားလိမ့်မယ်။ သူတို့ရဲ့အသက်အားကို အစိမ်းရောင်ဘူးသီးက ခြောက်သွေ့တဲ့အထိ စုပ်ယူသွားရပေလိမ့်မယ်။
ကမ္ဘာမှာ အသက်အားကြိီးမားတဲ့ပမာဏပါဝင်တဲ့အသုံးအဆောင်ပစ္စည်းတွေ အနည်းငယ်သာရှိပေမယ့် အသက်အားကြိီးမားတဲ့ပမာဏပါဝင်တဲ့အရှင်တွေများစွာ ရှိတယ်။ လီဖူချန်းက ရန်သူအရှင်ရဲ့အသက်အားကို ထုတ်ယူကာ အသက်သစ်ပင်ကို ပြုစုပျိုးထောင်နိုင်တယ်။
"ဘယ်လိုတောင်ကောင်းတဲ့ရတနာပါလိမ့်"
အစိမ်းရောင်ဘူးသီးရဲ့လုပ်ဆောင်ချက်ကို နားလည်ပြီးနောက် အသက်သစ်ပင်ကို အစိမ်းရောင်ဘူးသီးရဲ့အသက်ရင်းမြစ်အဆီအနှစ်ကို ဝါးမျိုခွင့်မပြုမိတဲ့အတွက် လီဖူချန်းက ဝမ်းသာသွားတယ်။
"အစိမ်းရောင်ဘူးသီးနဲ့ဆိုရင် အသက်သစ်ပင် အပြည့်အဝအရွယ်ရောက်ဖို့ သိပ်ကြာမှာမဟုတ်တော့ဘူး"
ကမ္ဘာသစ်သားအပါအဝင် အသက်အားပါဝင်တဲ့ရတနာအားလုံးကို အစိမ်းရောင်ဘူးသီးထဲသို့ လီဖူချန်းက ပစ်ထည့်လိုက်တယ်။
"တော်တော်တော့ကြာပြီ။ သွေးပုဆိန်းအရှင် အံ့ဖွယ်သစ်ရွက်ရည်ဘယ်လောက်ထိ စုထားပြီးပါလိမ့်"
လျှပ်တစ်ပြက်အလင်းနဲ့အတူ လီဖူချန်းက အံ့ဖွယ်သစ်ရွက်မြို့ဆီ ဦးတည်လိုက်တယ်။
သွေးပုဆိန်အရှင်ရဲ့အမူအရာက မသက်မသာဖြစ်နေတယ်။ လီဖူချန်းက အကြိမ်တိုင်းမှာ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတွေ အလုံအလောက်ပေးပေမယ့် သူက အချိန်တိုအတွင်းမှာ အံ့ဖွယ်သစ်ရွက်ရည်ကို ထုတ်ယူခဲ့ရင် ကမ္ဘာသစ်ရွက်ရဲ့အခြေခံအုတ်မြစ်ကို ထိခိုက်စေပါလိမ့်မယ်။
ကမ္ဘာသစ်ပင်ကို ဝယ်ယူဖို့ လီဖူချန်းရဲ့အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၂၀ထရီလီယံကမ်းလှမ်းမှုကိုတော့ သွေးပုဆိန်အရှင်က စဉ်းတောင်မစဉ်းစားပါဘူး။
ကမ္ဘာသစ်ရွက်တစ်ရွက်က အထွတ်အထိပ်အဆင့်ဝိဉာဉ်ကျောက်တုံးထရီလီယံအနည်းငယ်သာ ထိုက်တန်ပေမယ့် သူက ဒီလောက်များတဲ့အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတွေကို ဘာလို့လိုအပ်မှာလဲ။ သူတို့က သူ့ရဲ့ခွန်အားနဲ့အုတ်မြစ်ကို တိုက်ရိုက်မတိုးစေနိုင်ဘူးလေ။
သူ့ရဲ့အဆင့်မှာ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတွေရဲ့တိုးမြှ့င်မှုက ကိတ်မုန့်ပေါ်ရှိအကာတစ်ခုမျှသာဖြစ်ပြီး ဘာအဓိပ္ပါယ်မှ အများကြီးမရှိပါဘူး။
"စိတ်မကောင်းစရာတစ်ခုပဲ"
သူက ကမ္ဘာသစ်ပင်ကို ဝယ်ယူခွင့်မရတဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်။
သူက ၎င်းကို ဝယ်ယူပြီး ကမ္ဘာသစ်ရွက်ကို ထောက်ပံ့ဖို့ အစိမ်းရောင်ဘူးသီးကို အသုံးပြုလိုက်ရင် သက်ရောက်မှုတွေက သေချာပေါက် ထူးရှယ်ဖြစ်လာပါလိမ့်မယ်။
လွန်ခဲ့တဲ့ရက်အနည်းငယ်က သူ့ရဲ့အသက်အားကုန်ခန်းသွားတဲ့ကမ္ဘာသစ်ရွက်က အသက်အားတဖြည်းဖြည်းပြန်ရလာတာကို လီဖူချန်းကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရတယ်။
နောက်ဆုံးမှာတော့ လီဖူချန်းက သူ့ရဲ့အာရုံတွေကို ကမ္ဘာနှလုံးသားအပေါ် ပြောင်းလိုက်တယ်။
ကမ္ဘာနှလုံးသားရဲ့ကျင့်ကြံခြင်းအကျိုးသက်ရောက်မှုတွေက ဘာပါလိမ့်"
လီဖူချန်းက ကမ္ဘာနှလုံးသားထဲကို ဝင်ရောက်ခဲ့ပြီး ကမ္ဘာနှလုံးသားကို ဟင်းလင်းပြင်ရဲ့အနက်ဆုံးအပိုင်းထဲမှာ ဖုံးကွယ်ထားလိုက်တယ်။
"ဒီလိုရှင်းလင်းတဲ့ကမ္ဘာဥပဒေသ"
ရက်အနည်းငယ်ကြာပြီးနောက် ကမ္ဘာနှလုံးသားထဲမှာ ကျင့်ကြံတာက ကမ္ဘာသစ်သီးထဲမှာ ကျင့်ကြံတာထက် အဆတစ်ရာပိုကောင်းမှန်း လီဖူချန်းက သိသိသာသာခံစားမိတယ်။ နေရာလပ်-အချိန်အရှိန်ပေါင်းထည့်မှုနဲ့အတူ သက်ရောက်မှုက အဆတစ်ထောင်ပိုကောင်းလာတယ်။
လီဖူချန်းရဲ့လက်ရှိကျင့်ကြံခြင်းနယ်ပယ်မှာ နှစ်ရာအနည်းငယ်မှာ သေးငယ်တဲ့တိုးတက်မှုတစ်ခု၊ နှစ်ထောင်အနည်းငယ်မှာ ကြီးမားတဲ့တိုးတက်မှုတစ်ခု ရှိဖို့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် ကျင့်ကြံခြင်းသက်ရောက်မှုက အဆတစ်ထောင်ပိုကောင်းပြီး အရာအားလုံးက ပြဿနာတစ်ခုမဟုတ်ပါဘူး။
အရင်က လီဖူချန်းက ကမ္ဘာသစ်သီးထဲမှာ နှစ်တစ်ထောင်ကျင့်ကြံတဲ့အခါ အဲဒ့က ပုံမှန်ပတ်ဝန်းကျင်တစ်ခုမှာ နှစ်ထောင်အနည်းငယ်ကျင့်ကြံတာနဲ့ ညီမျှတယ်။
အခု လီဖူချန်းက ကမ္ဘာနှလုံးသားထဲမှာ နှစ်တစ်ထောင်ကျင့်ကြံခြင်းက ကမ္ဘာသစ်သီးထဲမှာ နှစ်တစ်သန်းကျင့်ကြံခြင်းနဲ့ ညီမျှတယ်။ ဒါက ပုံမှန်ပတ်ဝန်းကျင်တစ်ခုမှာ နှစ်သန်းရာအနည်းငယ်ကျင့်ကြံတာနဲ့ ညီမျှကာ ကြောက်စရာကောင်းတဲ့အရေအတွက်တစ်ခုဖြစ်တယ်။
လီဖူချန်းရဲ့လက်ရှိအသက်က နှစ်တစ်သောင်းကိုအနည်းငယ်ပဲ ကျော်သေးတယ်။ ဒါပေမယ့် ဒါက နေရာလပ်-အချိန်အရှိန်ကို ထည့်ရေတွက်ထားတာမဟုတ်ဘူး။ နေရာလပ်-အချိန်ပါ ပါဝင်ရင် လီဖူချန်းရဲ့အသက်က နှစ်တစ်သောင်းထက် အများကြီးပိုကြီးတယ်။
"နှစ်တစ်ထောင်၊ မဟုတ်ဘူး၊ နှစ်ရာအနည်းငယ်အတွင်း ငါ အသန်မာဆုံးအရှင်တစ်ယောက်ဖြစ်လာလိမ့်မယ်"
အခြားတစ်ယောက်ယောက်သာဆိုရင် ကမ္ဘာနှလုံးသားနဲ့ဆိုရင်တောင် အသန်မာဆုံးအရှင်ဖြစ်ဖို့ အလွန်ခက်ခဲတယ်။ ဒါပေမယ့် လီဖူချန်းရဲ့ထိုးထွင်းသိမြင်မှုက သာမန်လူတစ်ယောက်ထက် အဆထောင်သောင်းသိန်းကျော် ပိုကောင်းတယ်။ ဒါကြောင့် သူ့အနေနဲ့ အသန်မာဆုံးအရှင်ဖြစ်ဖို့က အချိန်တစ်ခုသာလိုတယ်။
မျက်လုံးမှိတ်ကာ တင်ပျဉ်ခွေထိုင်ပြီး လီဖူချန်းက ကမ္ဘာနှလုံးသားထဲရှိကမ္ဘာဥပဒေသကို ဂရုတစိုက်အာရုံခံလိုက်တယ်။
သူ့ဘေးနားမှာတော့ သမန်းဝံပုလွေလီဖူချန်းရှိတယ်။
သမန်းဝံပုလွေလီဖူချန်းက လက်ရွေးစင်အရှင်မှ အထွတ်အထိပ်အရှင်ဖြစ်နေပါပြီ။
ကမ္ဘာနှလုံးသားက သာမန်ထက်ထူးခြားတာ ကံကောင်းတယ်။ လီဖူချန်းရဲ့နေရာလပ်-အချိန်အရှိန်ကို အဆတစ်ရာလောက်သာ မြှင့်တင်နိုင်ပေမယ့် သမန်းဝံပုလွေလီဖူချန်းကို အဆတစ်ထောင်အထိ မြှင့်တင်နိုင်တယ်။ ဒါက အစွန်းအလင်းမိခင်ကျောက်တုံးထက် လုံးဝမနိမ့်ကျပါဘူး။
သမန်းဝံပုလွေလီဖူချန်းအနေနဲ့ အထွတ်အထိပ်အရှင်မှ ပြိုင်ဘက်ကင်းအရှင်ဖြစ်ဖို့ သိပ်ကြာမှာမဟုတ်ဘူးလို့ လီဖူချန်းက ယုံကြည်ထားတယ်။
ဆယ်နှစ်၊ အနှစ်နှစ်ဆယ်......
ဝုန်း......
လီဖူချန်းရဲ့စိတ်နဲ့စကြာဝဠာတစ်ခုလုံးမှာ ကြီးမားတဲ့ပေါက်ကွဲမှုတစ်ခုရှိတယ်။ ရှေးဟောင်းဧရာမဓားတစ်လက်က နက်ပြာပလိန်းအထက်ကောင်းကင်မှာ တွဲလောင်းလျက် တည်ရှိနေတယ်။
ဒီရှေးဟောင်းဧရာမဓားက အလွန်ကြီးတယ်။ ၎င်းက ကမ္ဘာရှိအရာအားလုံးကို ခုတ်ပိုင်းနိုင်တဲ့ နတ်ဓားတစ်လက်နဲ့တူတယ်။ ဒါက ရှေးဦးမူလဖရိုဖရဲကို ခုတ်ပိုင်းနိုင်တယ်၊ ယင်နဲ့ယန်ကို ခုတ်ပိုင်းနိုင်တယ်။
မူလအဆုံးစွန်းဓားနည်းစနစ်၊ နှောင်းပိုင်းအခြေအနေကြယ်ပိုင်နက်အဆင့်။
"သက်စောင့်စွမ်းအားက လျင်မြန်စွာ ကုန်ဆုံးလာနေတာပဲ။ ဓားတာအိုရင်းမြစ်အဆီအနှစ်ကို စုပ်ယူတဲ့အရှိန်ကလဲ အများကြီးပိုမြန်လာတယ်"
ကျင့်ကြံခြင်းနည်းစနစ်တိုးတက်ခြင်းက လီဖူချန်းရဲ့ခွန်အားကို တိုးစေရုံသာမက လီဖူချန်းရဲ့တိုက်ပွဲအတွင်းခံနိုင်ရည်ကိုလည်း အကြီးအကျယ်တိုးစေတယ်။
လီဖူချန်းရဲ့မူလအဆုံးစွန်းဓားနည်းစနစ်ချိုးဖြတ်သွားတဲ့အခိုက်မှာ အရှင်သတ်မှတ်ချက်က ထပ်မံထွက်ပေါ်လာတယ်။ လီဖူချန်းရဲ့အဆင့်က ၇မှ၂အထိ ရုတ်တရက်မြင့်တက်သွားပြီး အလင်းနတ်ဘုရားအရှင်အောက်သာ နိမ့်ကျတော့တယ်။
အရင်အဆင့်၂ကောင်းကင်ဘုံပြောင်းပြန်တိုက်ပွဲဘိုးဘေး၊ အဆင့်၃စီရင်ချက်ဆရာသခင်၊ အဆင့်၄ရေခဲမီးနတ်ဘုရားအရှင်၊ အဆင့်၅ထိုက်ချိဓားဘိုးဘေး၊ အဆင့်၆ဖျက်ဆီးခြင်းအရှင်၊ အဆင့်၇သုတ်သင်ခြင်းခုနှစ်ခုဓားမော့အရှင်၊ အဆင့်၉ဖရိုဖရဲဘိုးဘေးနဲ့အဆင့်၁၀ရွှေနဂါးဘိုးဘေးတို့က အဆင့်တစ်ဆင့်နိမ့်ကျသွားတယ်။
အခြားသူတွေက အဆင်ပြေပေမယ့် နှစ်ဆယ်သန်းအတွင်း ရွှေရောင်နဂါးဘိုးဘေးက ထိပ်ဆုံးဆယ်ယောက်အတွင်းမှ ပထမအဆုံးအကြိမ်ပြုတ်ကျသွားခဲ့တယ်။
"ဟမ့် အကြိုနတ်ဘုရားတွေပြန်ရောက်လာတာနဲ့ မင်းသေရမှာပဲ"
ရွှေနဂါးဘိုးဘေးက အလွန်မပျော်မရွှင်ဖြစ်နေတယ်။ သူက ဆုံးဖြတ်တစ်ခုချလိုက်တယ်၊ ဒီမုန်တိုင်းကျော်သွားတာနဲ့ သူက အကြိုနတ်ဘုရားနယ်မြေကို ဦးတည်ပြီး သူ့ကိုယ်ပိုင်ကံကြမ္မာကောင်းကို ရှာဖွေမယ်ပေါ့။
"ဒါ အရမ်းမိုက်ရိုင်းလွန်းတယ်ကွာ"
ညနတ်ဆိုးအရှင်ရဲ့မျက်လုံးတွေက ကြောက်စရာကောင်းတဲ့အလင်းတွေ လက်သွားတယ်။
"သူ့ခွန်အားတိုးတက်လာတာ အရမ်းမြန်တာပဲ။ ကြည့်ရတာ ဟိုအဆင့်မြင့်စကြာဝဠာရတနာကြောင့်ထင်တယ်"
"ဒါ ဘာအဆင့်မြင့်စကြာဝဠာရတနာပါလိမ့်။ ဒဏ္ဍာရီလာစကြာဝဠာစိတ်ဝိညာဉ်စက်လုံးများလား"
"ကျင့်ကြံခြင်းကို ကူညီပေးနိုင်တဲ့အဆင့်မြင့်စကြာဝဠာရတနာတစ်ခုနဲ့ဆိုရင် အသန်မာဆုံးအရှင်ဖြစ်နိုင်တယ်။ အကြိုနတ်ဘုရားတစ်ယောက်ရဲ့ခွန်အားက အသန်မာဆုံးအရှင်ထက် ပိုသန်မာပေမယ့် ကျင့်ကြံခြင်းအဆင့်အရ သူတို့က အသန်မာဆုံးအရှင်ထက် နိမ့်ကျတယ်"
လီဖူချန်းရဲ့အဆင့်တိုးလာတာကိုမြင်ပြီး လူတိုင်းက မနာလိုဖြစ်နေမိတယ်။
"စိတ်ဝင်စားစရာပဲ၊ ဒါ ငါ့ရဲ့ပစ်မှတ်မူလအဆုံးစွန်းအရှင်ပဲမလား"
မိိုးကြိုးလျှပ်စီးတောင်ပံတွေနဲ့လူရွယ်ကလည်း အရှင်သတ်မှတ်ချက်ကို မြင်ရတယ်။ မူလအဆုံးစွန်းအရှင်နာမည်ကို မြင်တဲ့အခါ သူ့အခွင့်အလမ်းက ရောက်ရှိလာပြီဆိုတာ သိလိုက်တယ်။
လျှပ်တစ်ပြက်အလင်းနဲ့အတူ လူရွယ်က ကန့်လန့်ဖြတ်မြစ်ကြယ်ပိုင်နက်ဆီ တစ်ဟုန်ထိုးပြေးသွားတော့တယ်။
ရက်အနည်းငယ်အတွင်း လူရွယ်က စကြာဝဠာတစ်ဝက်ကို ဖြတ်ကာ ကန့်လန့်ဖြတ်မြစ်ကြယ်ပိုင်နက်ကို ရောက်ရှိလာတယ်။
လျှို့ဝှက်စွာမေးမြန်းပြီးနောက် လီဖူချန်းက နက်ပြာပလိန်းထဲမှာ ရှိနေတာကို လူရွယ်က သိလိုက်တယ်။
"မင်း နက်ပြာပလိန်းထဲမှာ နေရုံနဲ့ ငါ ဘာမှမလုပ်နိုင်ဘူးလို့ မင်းထင်နေတာလား"
လူရွယ်က နှာခေါင်းရှုံ့လိုက်တယ်။
ကောင်းကင်ဘုံအရှင်အဆင့်နဲ့အထက်ကသူတွေ အခြားပလိန်းတွေကို မဝင်နိုင်ဘူးဆိုတာ မှန်ပါတယ်၊ ဒါပေမယ့် တစ်ယောက်မှ အရူးမဟုတ်ဘူး၊ ဒီလိုအနေအထားတစ်ခုနဲ့ ရင်ဆိုင်ဖို့ နည်းလမ်းတစ်ခု အမြဲတမ်းရှိတယ်။ဥပမာအားဖြင့် ပလိန်းတစ်ခုလုံးကို ချိတ်ပိတ်ကာ အဝင်အထွက်ကို ကာကွယ်တားဆီးခြင်း။
ဒါပေမယ့် ပလိန်းချိတ်ပိတ်ခြင်းက နောက်ဆုံးအားကိုးရာမျှပဲ။ အခြားအကြိုနတ်ဘုရားတွေ ရောက်ရှိလာတာနဲ့ အခြားသူတွေကို ကူညီတာနဲ့ အတူတူဖြစ်ပါလိမ့်မယ်။
ဒါကြောင့် ပလိန်းချိတ်ပိတ်ခြင်းက ပြင်ဆင်မှုတစ်ခုမျှပါပဲ။ အစစ်အမှန်နည်းလမ်းက လီဖူချန်းနဲ့ဆက်စပ်သူတိုင်းကို ဖမ်းဆီးဖို့ပါပဲ။ လီဖူချန်းက ဒီလူတွေရဲ့အသက်ကို လစ်လျူရှုလိမ့်မယ်လို့ လူရွယ်က မယုံပါဘူး။
"ပလိန်းကို အရင်ချိတ်ပိတ်လိုက်မယ်"
လူရွယ်က သူ့နောက်ကျောရှိမိုးကြိုးလျှပ်စီးတောင်ပံတွေကို ခတ်လိုက်တယ်။ မိုးကြိုးလျှပ်စီးတောင်ပံတစ်စုံက ကြီးမားလာပြီး နက်ပြာပလိန်းတစ်ခုလုံးကို ဝန်းရံသွားတယ်။
ထို့နောက် မိုးကြိုးလျှပ်စီးတောင်ပံက ပျောက်ကွယ်သွားတယ်။
"အကြိုနတ်ဘုရားလား"
လူရွယ်ရောက်ရှိလာတာကို လီဖူချန်းက ချက်ချင်းသိတယ်။ လူရွယ်ရဲ့နည်းလမ်းကို အာရုံခံပြီးနောက် လီဖူချန်းက အသက်တစ်ချက်ရှုသွင်းလိုက်တယ်။ နောက်ဆုံးတော့ ဖြစ်လာမယ့်အရာတွေက ဖြစ်လာမှာပဲ။ သူက သာမန်အကြိုနတ်ဘုရားတွေနဲ့ ယှဉ်ပြိုင်နိုင်တယ်လို့ လီဖူချန်းက ယုံကြည်တယ်၊ ဒါပေမယ့် ယုံကြည်ခြင်းက ယုံကြည်ခြင်းမျှသာပဲ။ တိုက်ခိုက်ပြီးမှသာ သူတကယ်ယှဉ်နိုင်သလားကို လီဖူချန်းက သိမှာပါ။
တုံ့ဆိုင်းမနေဘဲ လီဖူချန်းက နက်ပြာပလိန်းမှ ထွက်လာတယ်။
သူက တိုက်ပွဲကို ရှောင်နိုင်ပေမယ့် အကြိုနတ်ဘုရားက နောက်တိုက်ကွက်တွေကို သေချာပေါက် ပြုလုပ်မယ်ဆိုတာ သူ ယုံတယ်။
သူက အရင်လက်ဦးမှုရယူကာ တိုက်ခိုက်တာ ပိုကောင်းပါတယ်။