← Chapters

စုရှင်း၏ ပိုင်ဆိုင်မှု ဝိညာဉ်ကျောက်တုံး တစ်ဘီလီယံ။ တန်ဖိုးဖြတ်မရနိုင်သော ဝိညာဉ်စုဆောင်းပန်းများ။

Vol. 34 Ch. 466

စုရှင်း၏ ပိုင်ဆိုင်မှု ဝိညာဉ်ကျောက်တုံး တစ်ဘီလီယံ။ တန်ဖိုးဖြတ်မရနိုင်သော ဝိညာဉ်စုဆောင်းပန်းများ။

Vol. 34 Ch. 466

[လအနည်းငယ်အတွင်း လူရာပေါင်းများစွာ စုပြုံရောက်ရှိလာသည်။]

[သို့သော် ဤလူများထဲမှ နောက်ထပ် အဓိကပြိုင်ပွဲ အထိ အသက်ရှင်ကျန်ရစ်မည့်သူသည် တစ်ရာခိုင်နှုန်းပင် မပြည့်နိုင်ပေ။]

[ဤအရာများသည် သင်နှင့် လုံးဝမသက်ဆိုင်ပါ။ သင်သည် သင်၏ နေအိမ်တွင် အေးချမ်းစွာ နေထိုင်ရင်း ဝိညာဉ်စုဆောင်းပန်းများကိုသာ စိုက်ပျိုးနေသည်။]

[နှစ်နှစ်တာ အချိန်သည် မျက်တောင်တစ်ခတ်အတွင်း ကုန်လွန်သွားသည်...]

[သုံးဆယ့်နှစ်နှစ်မြောက်တွင် သင်၏ ဂရုတစိုက် ပြုစုစောင့်ရှောက်မှုအောက်၌ အစေ့ တစ်ရာကျော်သည် ရင့်မှည့်လာပြီး ဝိညာဉ်စုဆောင်းပန်းအဖြစ် အပြည့်အဝ ကြီးထွားလာသည်။]

[ထို့ကြောင့် သင်သည် ဤ ဝိညာဉ်စုဆောင်းပန်းများကို ယူဆောင်ပြီး သင် တောင့်တခဲ့သော ဆေးလုံးချက်နည်း အတွက် လဲလှယ်ရန် ပြင်ဆင်သည်။]

[သင်သည် ဆေးလုံးချက်နည်း၏ ပိုင်ရှင်ကို လျင်မြန်စွာ ရှာတွေ့သည်။ ချိုင့်ဝှမ်း၏ မှောင်ခိုဈေးတွင် လူသိများသူဖြစ်သည့် စုန့်အဖိုးအို လေးဟူသော ပေါင်းစည်းအဆင့် နှောင်းပိုင်း ကျင့်ကြံသူ တစ်ဦး ရှိသည်။]

[လွန်ခဲ့သော သုံးနှစ်အတွင်း သင်သည် စုန့်အဖိုးအို လေးနှင့် ဝိညာဉ်အရည်များ၊ မှော်ပစ္စည်းများကို လဲလှယ်ခြင်းအပြင် သူထံမှ ယခင် အချက်အလက်များကိုလည်း ရယူခဲ့ရာ အတော်အတန်လေး ဆက်သွယ်မိခဲ့သည်။]

[ဤ စုန့်အဖိုးအို လေးတွင် လျှို့ဝှက်ဆန်းကြယ်သော နောက်ခံရှိသည်။ သာမန် မကောင်းဆိုးဝါး ကျင့်ကြံသူများနှင့် မတူသည့်ပုံပင်။ သူသည် သင့်ထက် သုံးနှစ် စော၍ ချိုင့်ဝှမ်းသို့ ဝင်ရောက်လာပြီး သွေးစေ့ပြိုင်ပွဲ နှစ်ကြိမ်ကို တွေ့ကြုံခဲ့ပြီးသူ ဖြစ်သည်။]

[သီးသန့် လမ်းကြားကို ဖြတ်လျှောက်ရင်း သင်သည် ခြံဝင်းထဲတွင် နေပူဆာလှုံကာ ငိုက်မျဉ်းနေသည့် စုန့်အဖိုးအို လေးကို တွေ့လိုက်သည်။]

[စုန့်အဖိုးအို လေးသည် သင့်ကို မြင်သောအခါ နှုတ်ဆက်ရန် ကြင်နာသော အပြုံးမျက်နှာဖြင့် ထရပ်သည်။]

[သင်သည် ယဉ်ကျေးစွာ ဦးကြိုပြု၍ အချိန်ဖြုန်းခြင်းမရှိဘဲ အရိုးသန့်စင်ဆေးလုံး၊ ဝိညာဉ်နိုးထဆေးလုံး နှင့် နဝအမြုတေဆေးလုံး ချက်နည်းများ၏ စျေးနှုန်း ကို တန်းမေးမြန်းသည်။]

[စုန့်အဖိုးအို လေးသည်လည်း အချိန်မဖြုန်းဘဲ ဆေးလုံးချက်နည်း သုံးမျိုး၏ စျေးနှုန်းများကို တန်းပြောသည်။]

[အရိုးသန့်စင်ဆေးလုံး ချက်နည်းသည် ဝိညာဉ်ကျောက်တုံး ၁,၀၀၀၊ ဝိညာဉ်နိုးထဆေးလုံး ချက်နည်းသည် ဝိညာဉ်ကျောက်တုံး ၁ သန်း၊ နှင့် နဝအမြုတေဆေးလုံး ချက်နည်းသည် ဝိညာဉ်ကျောက်တုံး ၃ သန်းဟူ၍ စျေးနှုန်းအသီးသီး ရှိသည်။]

[စျေးနှုန်းများကို ကြားရသောအခါ သင်သည် ခပ်ဖွဖွ ခေါင်းညိတ်သည်။ သင်သည် အရိုးသန့်စင်ဆေးလုံး နှင့် ဝိညာဉ်နိုးထဆေးလုံး ချက်နည်းများ၏ စျေးနှုန်းများကို ကြိုတင် မှန်းဆထားပြီး ဖြစ်သည်။ သို့သော် နဝအမြုတေဆေးလုံး ချက်နည်း၏ စျေးနှုန်းသည် အနည်းငယ် နိမ့်ကျနေသလိုပင်။]

[သင်က နဝအမြုတေ ဆေးလုံး၏ စျေးနှုန်းသည် အဘယ်ကြောင့် ဤမျှ နိမ့်ကျနေရသနည်းဟု မေးသည်။]

[စုန့်အဖိုးအို လေးသည် ရယ်မောလိုက်ပြီး ဆေးဝါး ပစ္စည်းများသည် အဖိုးတန်ပြီး ချက်နည်းရှိလျှင်တောင် ဖော်စပ်ရန် ခက်ခဲကြောင်း ပြောသည်။]

[ဤသည်ကို ကြားသောအခါ သင်သည် တိတ်ဆိတ်နေသည်။ ထို့နောက် ဝိညာဉ်စုဆောင်းပန်း တစ်ပွင့်ကို ထုတ်ယူကာ ဤပစ္စည်းကို သူ မည်သို့ စျေးနှုန်းသတ်မှတ်မည်နည်းဟု မေးသည်။]

[စုန့်အဖိုးအို လေးသည် ဝိညာဉ်စုဆောင်းပန်းကို မြင်သောအခါ သူ၏ ထိုင်ခုံပေါ်မှ ပြုတ်ကျလုနီးပါးပင် ဖြစ်သွားသည်။]

[ထိုသို့သော ပစ္စည်းကို သင် မည်သို့ ရရှိခဲ့ကြောင်း သူ လျင်မြန်စွာ မေးသည်။]

[သင်သည် ရယ်မောလိုက်ပြီး ပြန်မဖြေပေ။]

[ဤသည်ကို မြင်သော စုန့်အဖိုးအို လေးသည် သင့်ကို ဂရုတစိုက် စစ်ဆေးသည်။ နောက်ဆုံးတွင် စျေးနှုန်းကို ပြောသည်။ ပန်းတစ်ပွင့်လျှင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ငါးသောင်း၊ သင့်၌ မည်မျှပင် ရှိပါစေ သူ ယူမည်ဟု ပြောသည်။]

လက်တွေ့ကမ္ဘာတွင် စုရှင်းသည် ဤကိန်းဂဏန်းကို မြင်သောအခါ အံ့အားသင့်သွားသည်။

“ဘယ်လောက်။ ဝိညာဉ်စုဆောင်းပန်း တစ်ပွင့်အတွက် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ငါးသောင်းတောင်”

စုရှင်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူသည် ဝိညာဉ်စုဆောင်းပန်းကို တန်ဖိုးရှိကြောင်း သိသော်လည်း ဤမျှ တန်ဖိုးရှိလိမ့်မည်ဟုတော့ မမျှော်လင့်ခဲ့ပေ။

စုရှင်း၏ ဝိညာဉ်စိုက်ခင်းဂူတွင် ဝိညာဉ်စုဆောင်းပန်း တစ်သောင်းကျော် ရှိသည်။

ဆိုလိုသည်မှာ... စုရှင်း၏ ပိုင်ဆိုင်မှုသည် ဝိညာဉ်ကျောက်တုံး သန်းပေါင်း ငါးရာကျော် ရှိမည်ဟု ဆိုလိုသည်။

ဝိညာဉ်ကျောက်တုံး သန်းပေါင်း ငါးရာ၊ ကျင့်ကြံသူတစ်ဦးအတွက် သာမက၊ နတ်ဘုရား တစ်ပါးဆိုလျှင်ပင် ဤမျှများပြားသော ပမာဏအတွက်ဆို ရူးသွပ်သွားနိုင်သည်။

စုရှင်းသည် သက်ပြင်းကို ရှိုက်သွင်းပြီး ကိုယ့်ဘာသာ တီးတိုးရေရွတ်သည်။

“ဝိညာဉ်စွမ်းအင် ကုန်ခမ်းနေတဲ့ ဒီခေတ်မှာ ဝိညာဉ်စုဆောင်းပန်းက ဒီလောက် အဖိုးတန်လိမ့်မယ်လို့ ငါ မမျှော်လင့်ခဲ့ဘူး”

“အံ့သြစရာ မဟုတ်ပါဘူး... အဲဒီတုန်းက ဝိညာဉ်စုဆောင်းပန်းကို ကျိန်စာသင့်ကျုံး မြင်တုန်းကလည်း ဒီလို လောဘကြီးတဲ့ အမူအရာမျိုး ရှိခဲ့တာပဲ...”

သို့သော် ပို၍ စဉ်းစားကြည့်သောအခါ…

ဝိညာဉ်စုဆောင်းပန်း တစ်ပွင့်သည် အဆုံးမဲ့ ဝိညာဉ်စွမ်းအင် ရှိခြင်းနှင့် အတူတူနီးပါး ဖြစ်သည်။

ဝိညာဉ်စုဆောင်းပန်း ရှိနေသမျှ ကာလပတ်လုံး ၎င်းသည် ဝိညာဉ်စွမ်းအင်ကို အဆက်မပြတ် ထုတ်လုပ်နိုင်သည်... ထောင်ချီသော နှစ်အနည်းငယ်အတွင်း ဝိညာဉ်စုဆောင်းပန်း တစ်ပွင့်မှ ထုတ်လုပ်သော ဝိညာဉ်စွမ်းအင်သည် ဝိညာဉ်ကျောက်တုံး သန်းပေါင်း ငါးရာ ထက် ကျော်လွန်သွားနိုင်သည် မဟုတ်ပါလား။

ထို့အပြင် ဝိညာဉ်ကျောက်တုံးများသည် နောက်ဆုံးတွင် ကုန်ဆုံးသွားမည်သာ ဖြစ်သည်။

သို့သော် ဝိညာဉ်စုဆောင်းပန်းသည် ဘယ်သောအခါမှ မနွမ်းဘဲ အမြဲတမ်း ရှိနေလိမ့်မည်။

အင်အားကြီး ကျင့်ကြံသူတစ်ဦးသည် ၎င်းတို့၏ ကောင်းချီးပေးထားသော နယ်မြေ ကို အဆင့်မြှင့်လိုပါက ဝိညာဉ်စုဆောင်းပန်းကို ပြန်လည် စိုက်ပျိုးခြင်းသည် အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်မှာ သေချာသည်။

ဤသို့ တွေးသောအခါ ဝိညာဉ်စုဆောင်းပန်း၏ စျေးနှုန်းမြင့်မားခြင်းသည် အံ့သြစရာ မဟုတ်တော့ပေ…

“အင်း၊ နောက်တစ်ကြိမ် ငါ သရုပ်ပြတဲ့အခါကျ ဝိညာဉ်စုဆောင်းပန်းကို ပိုပြီး ယူဆောင်လာရမယ် ထင်တယ်”

စုရှင်း၏ ရင်ထဲတွင် စိတ်လှုပ်ရှားမှု တစ်ခုကို ခံစားလိုက်ရသည်။ ဤ ဝိညာဉ်စုဆောင်းပန်းများဖြင့်ဆိုလျှင် စုရှင်းသည် သူအတွက် အသုံးဝင်သော ကျင့်ကြံရေး ရင်းမြစ်များစွာကို ရရှိနိုင်သည်။

အတွေးတစ်ခုဖြင့် စုရှင်းသည် တိတ်ဆိတ်စွာ ရွတ်ဆိုလိုက်သည်။

“မြှုပ်နှံသရုပ်ပြခြင်း လုပ်ဆောင်ချက်ကို သုံးမယ်... ကြာချိန်- ၂၄ နာရီ။”

[သင်သည် မြှုပ်နှံသရုပ်ပြခြင်း လုပ်ဆောင်ချက်ကို အောင်မြင်စွာ အသုံးပြုလိုက်သည်... ကျန်ရှိသော စွမ်းအင်မှတ်- ၆၉၇.၃၉ သန်းမှတ်]

စုရှင်း၏ အမြင်အာရုံ ပြောင်းလဲသွားပြီး သူသည် ထူးဆန်းသော ခြံဝင်းတစ်ခုတွင် ပေါ်လာသည်။

စုရှင်း၏ ရှေ့တွင် အသားဖြူဖြူ၊ ခပ်ဝဝနှင့် ပြုံးရွှင်နေသော၊ ချမ်းသာသည့် ကုန်သည်နှင့်တူသော သက်လတ်ပိုင်း အမျိုးသားတစ်ဦး ရှိသည်။

“ဟဲဟဲ ညီလေး၊ စဉ်းစားပြီးပြီလား။ ငါ့စျေးနှုန်းက တရားမျှတတယ် မဟုတ်လား”

စုရှင်းသည် ဝမ်းသာနေသော်လည်း အပြင်ပန်းတွင်မူ မည်သည့် အမူအရာမျှ မပြခဲ့ပါ။ တိတ်ဆိတ်၍သာ နေသည်။

စုရှင်း တိတ်ဆိတ်နေသည်ကို မြင်သောအခါ စုန့်အဖိုး လေးသည် အနည်းငယ် စိုးရိမ်လာပြီး လျင်မြန်စွာ လက်ဖက်ရည် ငှဲ့ပေးကာ စုရှင်းကို အဆက်မပြတ် ပြောဆိုသည်။

“ညီကို၊ ငါ ဒီစျေးနှုန်းနဲ့ မင်းကို လိမ်တာ မဟုတ်ပါဘူး။ ဝိညာဉ်စုဆောင်းပန်းက အရမ်း အဖိုးတန်ပြီး ဒီဘက်ခေတ်မှာ မျိုးတုန်းလုနီးပါး ဖြစ်နေပေမဲ့ ဝိညာဉ်စုဆောင်းပန်း တစ်ပွင့်တည်းမှာ အသုံးပြုမှုက ကန့်သတ်ချက် ရှိတာပဲလေ...”

“ပြီးတော့ ဝိညာဉ်စုဆောင်းပန်း တစ်ပွင့်ကို ပြင်ပ လေလံပွဲမှာဆို ဝိညာဉ်ကျောက်တုံး တစ်သိန်း ရနိုင်ပေမဲ့ ဒီချိုင့်ဝှမ်းမှာရှိတဲ့ လူတိုင်းက စိတ်ပျက်အားငယ်နေတဲ့ လူတွေပါ။ နောက်ထပ် သွေးစေ့ပြိုင်ပွဲ မှာ သေသွားနိုင်တယ်လေ။ ဝိညာဉ်စုဆောင်းပန်းကို အသုံးဝင်တဲ့ ရင်းမြစ်တွေနဲ့ လဲလှယ်ပြီး သွေးစေ့ဖြစ်ဖို့ ငါတို့ရဲ့ အင်အားကို မြှင့်တင်တာက ပိုကောင်းတာ‌ပေါ့။”

ဤသည်ကို ကြားရသောအခါ စုရှင်းသည် ပို၍ပင် စိတ်လှုပ်ရှားသွားသည်။ အပြင်ဘက်တွင် ဝိညာဉ်စုဆောင်းပန်း၏ စျေးနှုန်းက ပို၍ပင် မြင့်မားလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ပန်းတစ်ပွင့်တည်းကပင် လေလံပွဲမှာဆို ဝိညာဉ်ကျောက်တုံး တစ်သိန်း ရနိုင်သည်။

“ဒါပေမဲ့... စုန့်အဖိုးအို လေးရဲ့ လေသံအရ သူက ဝိညာဉ်စုဆောင်းပန်းကို အရမ်း လိုအပ်နေပုံပဲ။ ထူးဆန်းတယ်၊ သူ့ ပြောစကားအရဆို ဝိညာဉ်စုဆောင်းပန်းက သူ့အတွက် သိပ်အသုံးဝင်မှာ မဟုတ်ဘူးလေ ဟုတ်တယ်မလား”

ဤအတွေးများဖြင့် အတွေးများနေစဉ် စုရှင်းက မေးလိုက်သည်။

“ဟားဟား၊ စုန့်ညီကိုရာ၊ မင်းပြောစကားအရဆို ဝိညာဉ်စုဆောင်းပန်းက မင်းအတွက်လည်း သိပ်အသုံးဝင်မှာ မဟုတ်ဘူးလေ ဒါကို ဘာလို့ အရမ်း လိုအပ်နေရတာလဲ။”

စုရှင်း၏ မေးခွန်းကို ကြားသောအခါ စုန့်အဖိုးအို လေးသည် ချက်ချင်း ပါးစပ်ပိတ်သွားပြီး စကားတစ်ခွန်းမှ ထပ်မပြောတော့ပေ။

သူ၏ တုံ့ပြန်မှုကို မြင်သောအခါ စုန့်အဖိုးအို လေး၌ ကြီးမားသော လျှို့ဝှက်ချက် ရှိကြောင်း စုရှင်း ပို၍ပင် ယုံကြည်သွားသည်။

(စာကြွင်း-ကျင့်ကြံသူများသည် သက်တမ်းအရ နှစ်ရာချီ၊ထောင်ချီ ရှိသောကြောင့် စုရှင်းနှင့် သက်တမ်းကွာဟမှုအရ လေးစားသမှုဖြင့် စုန့်အဖိုးအိုဟု ရေးသားခြင်း ဖြစ်သည်။ သို့ရာတွင် အချင်းချင်း စကားပြောရာ၌ ကျင့်ကြံသူအချင်းချင်းကြားတွင် ကျင့်ကြံခြင်းအဆင့်မရ သက်တမ်း ဤမျှထိ ကွာဟခြင်း မရှိကြသဖြင့် ညီကိုဟုသာ ခေါ်ဆိုခြင်း ဖြစ်သည်။)

…

All Chapters