← Chapters

စုရှင်း၏ ပိုင်ဆိုင်မှု ဝိညာဉ်ကျောက်တုံး တစ်ဘီလီယံ။ တန်ဖိုးဖြတ်မရနိုင်သော ဝိညာဉ်စုဆောင်းပန်းများ။

Vol. 34 Ch. 467

စုရှင်း၏ ပိုင်ဆိုင်မှု ဝိညာဉ်ကျောက်တုံး တစ်ဘီလီယံ။ တန်ဖိုးဖြတ်မရနိုင်သော ဝိညာဉ်စုဆောင်းပန်းများ။

Vol. 34 Ch. 467

ထို့နောက် စုရှင်းသည် ဖြည်းညှင်းစွာ ပြောလိုက်သည်။

“ညီကိုစုန့်၊ အမှန်အတိုင်း ပြောရရင်... ငါ့လက်ထဲမှာ ဝိညာဉ်စုဆောင်းပန်း အတော်များများ ရှိသေးတယ်...”

“မင်းသာ အချက်အလက် နည်းနည်းလောက် ထုတ်ဖော်ဖို့ ဆန္ဒရှိမယ်ဆိုရင်၊ ငါ မင်းကို ဒီ ဝိညာဉ်စုဆောင်းပန်းတွေ တစ်ခါတည်း ပေးလိုက်နိုင်တယ်! ဒါ့အပြင် ငါ မင်းကို ကြီးမားတဲ့ အရောင်းအဝယ် တစ်ခုတောင် ကမ်းလှမ်းနိုင်သေးတယ်”

စုရှင်း၏ စကားများကို ကြားသောအခါ စုန့်အဖိုးအို လေးသည် ဝိညာဉ်စုဆောင်းပန်းကို ယူလိုက်သည်။ ခဏတာ တုံ့ဆိုင်းပြီးနောက် သူက ပြောသည်။

“ဟဲဟဲ၊ ညီကို အမှန်အတိုင်း ပြောရရင်... ငါ ဒီချိုင့်ဝှမ်းကို လာတာက သွေးစေ့ပြိုင်ပွဲမှာ ပါဝင်ဖို့ သက်သက် မဟုတ်ဘူး၊ စီးပွားရေး အတွက်လည်း ပါတယ်...”

စုရှင်းသည် ဤစကားများကို ကြားပြီး အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ စီးပွားရေးလုပ်သည် ဟုတ်လား။

သို့သော် သွေးစေ့ပြိုင်ပွဲတွင် ပါဝင်ခြင်းသည် သေရေး၊ရှင်ရေး ကိစ္စဖြစ်သည်။ မည်သို့ စီးပွားရေး လုပ်နိုင်မည်နည်း။

ထို့နောက် စုန့်အဖိုးအို လေးသည် အကျယ်တဝင့် ရှင်းပြသည်။

“ညီကို မင်းမြင်တဲ့ အတိုင်းပဲ၊ ဒီချိုင့်ဝှမ်းထဲမှာ ကျင့်ကြံသူတွေ အားလုံးက သွေးစေ့ ခွဲတမ်းအတွက် အသက်နဲ့ရင်းပြီး တိုက်ခိုက်နေကြတယ်... ပြီးတော့ ချိုင့်ဝှမ်းထဲကို ဝင်လာပြီးရင် အပြင်ပြန်ထွက်ဖို့ နည်းလမ်းလည်း မရှိဘူးလေ၊ ဒါက အတွင်းမှာရှိတဲ့ ကျင့်ကြံသူတွေနဲ့ အပြင်ဘက်က လူတွေအတွက် လိုအပ်တဲ့ ပစ္စည်းတွေရဲ့ စျေးနှုန်း ကွာခြားချက်ကို ဖန်တီးပေးတယ် မဟုတ်လား။ ဒါက အကျိုးအမြတ်ရှိတဲ့ စီးပွားရေးပဲ မဟုတ်ဘူးလား။”

စုရှင်းသည် စုန့်အဖိုးအို လေး၏ စကားများကို ထောက်ခံသည့်အနေဖြင့် ခပ်ဖွဖွ ခေါင်းညိတ်သည်။

အမှန်တကယ်တမ်းက ချိုင့်ဝှမ်းထဲရှိ ကျင့်ကြံသူ အများစုသည် စုရှင်းကဲ့သို့ ဆင်းရဲစွာ ဝင်လာခြင်း မဟုတ်ပေ။

လူအများအပြားသည် သူတို့၏ စည်းစိမ်အားလုံးကို ယူဆောင်၍ ချိုင့်ဝှမ်း စုဝေးရာ နေရာသို့ ရောက်လာကြသည်။

ထို့ပြင် ချိုင့်ဝှမ်းထဲ ဝင်လာသည့် ကျင့်ကြံသူများ၏ ကျင့်ကြံမှုအဆင့်သည် အတော်လေး မြင့်မားသည်။ အများစုသည် နတ်ဘုရား အသွင်ပြောင်း အဆင့်နှင့် လွတ်မြောက်ခြင်း ပြန်လည်ရောက်ရှိအဆင့်တွင် ရှိကြသည်…

ချိုင့်ဝှမ်းထဲတွင် အနာကျက် ဆေးလုံးနှင့် မှော်ရတနာကဲ့သို့သော ပစ္စည်းများသည် အထူး တန်ဖိုးရှိသည်။ သေချာ ကိုင်တွယ်မည်ဆိုလျှင်…

ချိုင့်ဝှမ်း၏ ရတနာများကို ကမ္ဘာငယ်ချင်းယွင်စီ ရောင်းချပြီး၊ အပြင်ဘက်က သင့်လျော်သည့် ရတနာများကို ချိုင့်ဝှမ်းထဲ ယူလာမည်ဆိုလျှင် စည်းစိမ်ဥစ္စာများစွာ ရနိုင်မည်မှာ သေချာသည်။

ဤအချက်ကို သိလိုက်သောအခါ စုရှင်း၏ မျက်လုံးများ လင်းလက်သွားသည်။

“နေဦး... ဆိုလိုတာက စုန့်အဖိုးအို လေးမှာ ချိုင့်ဝှမ်းရဲ့ အတွင်းနဲ့ အပြင်ကို ဆက်သွယ်ပေးတဲ့ လမ်းကြောင်း ရှိတယ်‌ပေါ့”

ဤအချက်ကို စိတ်ထဲမှတ်ထားပြီး စုရှင်းသည် သူ့ရှေ့က စုန့်အဖိုးအို လေးကို မေးလိုက်သည်။

“ညီကိုစုန့်၊ မင်း သွေးစေ့ပြိုင်ပွဲမှာ အသက်ရှင်ပြီး သွေးစေ့ ဖြစ်လာမယ်ဆိုပြီး ခုလောက်ထိ ယုံကြည်စိတ်ချနေတာလား။ မဟုတ်ရင်တော့ စီးပွားရေး လုပ်ဖို့အတွက်နဲ့ အသက်ကို ဆုံးရှုံးခံတာက တန်ဖိုးရှိမှာ မဟုတ်ဘူးနော်...”

စုရှင်း၏ စကားများကို ကြားသောအခါ စုန့်အဖိုးအို လေးက ရယ်မောပြီး ပြောသည်။

“ငါ့မှာ ငါ့ကိုယ်ပိုင် လမ်းကြောင်းရှိတာပေါ့... ပြီးတော့ နောက်ထပ် သွေးစေ့ပြိုင်ပွဲ ပြီးရင် ငါ ဒီမှာ ရှိတော့မှာ မဟုတ်ဘူး။ မင်း ကုန်သွယ်စရာ တစ်ခုခု ရှိရင် အမြန်လုပ်တာ ပိုကောင်းတယ်... နောက်လူ လွှဲပြောင်းယူတဲ့အခါ မင်း ငါ့ဆီကလိုမျိုး ကောင်းမွန်တဲ့ အရောင်းအဝယ်မျိုး ရချင်မှ ရတော့မှာဗျ...”

စုရှင်းသည် ဤစကားများကြောင့် စိတ်လှုပ်ရှားသွားပြီး ဝိညာဉ်စုဆောင်းပန်း သုံးပွင့်ကို ထပ်မံ ပေးအပ်ကာ ပြောသည်။

“ညီကိုစုန့် မင်းရဲ့ လမ်းကြောင်းက ဘာလဲ။ ပြောပြလို့ရမလား”

စုရှင်းက ယခုလောက်ထိ ဝိညာဉ်စုဆောင်းပန်း သုံးပွင့်အား ရက်ရက်ရောရော ထပ်မံ ထုတ်ပေးသည်ကို မြင်သောအခါ၊ စုန့်အဖိုးအို လေးသည် ဝိညာဉ်စုဆောင်းပန်း သုံးပွင့်ကို ပေါ့ပေါ့ပါးပါးပင် လက်ခံလိုက်သည်။ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ပြီး ဘယ်သူမှ မရှိကြောင်း သေချာအောင် အတည်ပြုပြီးနောက် သူက ပြောသည်။

“ဟဲဟဲ၊ ညီကို... မင်းက အပြင်လူ မဟုတ်မှန်း ငါသိတယ်...”

“အမှန်အတိုင်း ပြောရရင်၊ ကမ္ဘာငယ်ချင်းယွင်က ပစ္စည်းဆို ဘာပစ္စည်းနေနေ အရမ်းကြီး အဖိုးမတန်ဘူးဆိုရင် ငါ မင်းအတွက် ရအောင် ယူပေးနိုင်တယ်။”

“လမ်းကြောင်းအတွက်ကတော့၊ ငါ့နောက်မှာ သွေးနံပါတ်ရှိတဲ့ သခင်တစ်ဦး ရှိတယ်ဆိုတာပဲ သိထားလိုက်”

သွေးနံပါတ် ရှိသော သခင်တစ်ဦး။

ဤသည်ကို ကြားသောအခါ စုရှင်း အံ့အားသင့်သွားသည်။

သွေးနံပါတ်ရှိသူများ ဆိုသည်မှာ သွေးသခင် ၂၃နှင့် သွေးသခင် ၁၉ကဲ့သို့သော ပုဂ္ဂိုလ်များကို ရည်ညွှန်းသည်... နံပါတ်စဉ် တပ်ထားသော ပုဂ္ဂိုလ်များ။

ဤသူများသည် ဆင်းသက်ဂိုဏ်း၏ အဓိက ဖြစ်သည်။ အသက်ရှုလိုက်ရုံဖြင့် စုရှင်းကို အလွယ်တကူ ချေမှုန်းနိုင်သည့် ထင်ရှားသော ပုဂ္ဂိုလ်များ…

ယေဘုယျအားဖြင့် ပြောရလျှင် သွေးစေ့ပြိုင်ပွဲ မှတစ်ဆင့် သွေးစေ့ ဖြစ်လာရန်မှာ မဟာယာနအဆင့် ကျင့်ကြံသူ ဖြစ်မှရမည်။

သွေးစေ့ ဖြစ်လာပြီးနောက် ထူးချွန်စွာ လုပ်ဆောင်ပြီး ကောင်းကင်ဘေးကို ရှင်သန်နိုင်မှ သင့်လျော်သော နတ်ဘုရား ဖြစ်လာပြီး ဆင်းသက်ဂိုဏ်းတွင် နံပါတ်တစ်ခု ရရှိနိုင်မည်။

ဆိုလိုသည်မှာ လွတ်လပ်သော နတ်ဘုရား တစ်ဦး ဖြစ်ရုံမျှဖြင့် မလုံလောက်ပေ။

သွေးနံပါတ်ပါသော ပုဂ္ဂိုလ်များသည် အနည်းဆုံး လူသားနတ်ဘုရား အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။

စုရှင်းသည် စိတ်လှုပ်ရှားလာပြီး သတိထား၍ မေးသည်။

“အဲ့ဒါက သွေးသခင် ၁၉များလား”

စုရှင်း၏ စကားများကို ကြားသောအခါ စုန့်အဖိုးအို လေးက ခေါင်းခါပြီး ပြောသည်။

“ဟာဟာ၊ ညီကိုကတော့ လာနောက်နေတယ်...အဲ့ဒီလို ခန့်ညားတဲ့ ပုဂ္ဂိုလ်က ဒီလို သေးဖွဲတဲ့ ကိစ္စတွေကို စိတ်ပူပါ့မလား”

“ငါ့အထက်က တစ်ယောက်က နောက်ပိုင်း သွေးနံပါတ်ပါတဲ့ သခင်တစ်ပါး။ ဒါပေမဲ့ သူလည်း လူသားနတ်ဘုရားအဆင့် အထွတ်အထိပ်မှာရှိတဲ့ ထင်ရှားတဲ့ ပုဂ္ဂိုလ်တစ်ပါးပါပဲ။”

ဤသည်ကို ကြားသောအခါ စုရှင်းသည် ဆင်းသက်ဂိုဏ်း၏ အတွင်းပိုင်း အင်အားကို ပိုမို နားလည်သဘောပေါက်လာသည်။

စုန့်သခင် လေး၏ လေသံအရ သွေးသခင်၁၉၏ အင်အားသည် လူသားနတ်ဘုရားအဆင့်ကို များစွာ ကျော်လွန်သင့်သည်။

မြေနတ်ဘုရား...သို့မဟုတ် ကောင်းကင်နတ်ဘုရား၊ သို့မဟုတ် ပိုပြီးတောင် သန်မာသည့် ကျင့်ကြံသူများလား။

စုရှင်း သေချာမသိနိုင်ပေ။

စုန့်အဖိုးအို လေး တိတ်ဆိတ်နေသည်ကို မြင်သောအခါ စုရှင်းသည် ရင့်မှည့်သော ဝိညာဉ်စုဆောင်းပန်း ရှစ်ဆယ်ကို ထုတ်ယူပြီး ပေးအပ်ကာ ပြောသည်။

“ငါ့ကို အဲဒီ ဆေးလုံးချက်နည်း သုံးမျိုး ပေး...”

စုရှင်းက ဝိညာဉ်စုဆောင်းပန်း ရှစ်ဆယ်ကို ဤမျှရက်ရောစွာ ထုတ်လိုက်သည်ကို မြင်သောအခါ စုန့်အဖိုးအို လေး၏ မျက်လုံးများ ပြူးကျယ်သွားသည်။

သူ၏ မျက်လုံးများတွင် အံ့အားသင့်မှု တစ်ချက် လင်းလက်သွားပြီး သူက မေးသည်။

“ညီကို၊ မင်း ရှေးခေတ်က အင်အားကြီး ကျင့်ကြံသူတစ်ဦးရဲ့ အကြွင်းအကျန် ကို ရှာတွေ့ခဲ့တာလား။ မင်းမှာ ဝိညာဉ်စုဆောင်းပန်း ဘယ်လောက်ရှိလဲ။ မင်းမှာ ရှိသမျှ အကုန် ငါ ဝယ်မယ်။ ပန်းတစ်ပွင့်ကို ဝိညာဉ်ကျောက်တုံး ခြောက်သောင်း ငါ ပေးမယ်။”

ဤသည်ကို ကြားသောအခါ စုရှင်းသည် ခေါင်းခါပြီး ပြောသည်။

“မရှိတော့ဘူး၊ ဒါအကုန်ပဲ... ငါ့မှာ ထပ်ပြီးရှိသေးရင် မင်းကို ဝှက်ထားပါ့မလား။ ဘာပဲဖြစ်ဖြစ် ရတနာတွေနဲ့ လဲလှယ်ပြီး ငါ့ရဲ့ ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ပြီး အသက်ရှင်ရမယ်။ အဲ့ဒါက လက်ရှိမှာ အရေးအကြီးဆုံးပဲ။”

ဤသည်ကို ကြားသောအခါ စုန့်အဖိုးအို လေး၏ မျက်လုံးများ ဝိုင်းစက်သွားသည်။ စုရှင်း၏ စကားများသည် အဓိပ္ပာယ်ရှိသည်ဟု သူ တွေးသည်။

ဝိညာဉ်စုဆောင်းပန်း တစ်သန်း ရှိလျှင်ပင် ကျင့်ကြံမှုအဖြစ် မပြောင်းလဲလျှင် လာမည့် သွေးစေ့ပြိုင်ပွဲတွင် ရှင်သန်နိုင်မည် မဟုတ်ပါ။

ထို့ကြောင့် စုန့်အဖိုးအို လေးသည် ဝိညာဉ်စုဆောင်းပန်းများကို ဂရုတစိုက် လက်ခံယူပြီး ဆေးလုံးချက်နည်း သုံးမျိုးကို လွှဲပြောင်းပေးခဲ့သည်။

စုရှင်းသည် ဆေးလုံးချက်နည်းများကို ယူပြီး မှန်ကန်ကြောင်း အတည်ပြုပြီးနောက် သိမ်းဆည်းလိုက်သည်။

မထွက်ခွာမီ စုရှင်းသည် ရုတ်တရက် မေးလိုက်သည်။

“ညီကိုစုန့် မင်းမှာ ချိုင့်ဝှမ်းထဲကနေ လူတွေကို အပြင်ထုတ်ဖို့ လမ်းကြောင်းရော ရှိလား။”

စုရှင်း၏ စကားများကို ကြားသောအခါ စုန့်အဖိုးအို လေး၏ မျက်နှာသည် အနည်းငယ် ပြောင်းလဲသွားသည်။ သူသည် အတင်းလုပ်ယူ၍ ပြုံးကာ ပြောသည်။

“ဟားဟား၊ ညီကိုက နောက်ပြီဗျာ... ဒီချိုင့်ဝှမ်းထဲကို ဝင်လာရင် သွေးစေ့ပြိုင်ပွဲမှာ ပါဝင်ရမယ်...ကျွန်တော့်လို အနေအထားလေးနဲ့ လူတွေကို ဘယ်လိုလုပ် ထုတ်နိုင်မလဲ။”

စုရှင်းသည် ဤအဖြေကို ခေါင်းညိတ်ကာ ထောက်ခံသည်။ ထို့နောက် ဘာမှ ထပ်မပြောတော့ဘဲ သူ၏ ခြံဝင်းသို့ ပြန်ရန် လှည့်ထွက်သွားသည်။

(စာကြွင်း-ကျင့်ကြံသူများသည် သက်တမ်းအရ နှစ်ရာချီ၊ထောင်ချီ ရှိသောကြောင့် စုရှင်းနှင့် သက်တမ်းကွာဟမှုအရ လေးစားသမှုဖြင့် စုန့်အဖိုးအိုဟု ရေးသားခြင်း ဖြစ်သည်။ သို့ရာတွင် အချင်းချင်း စကားပြောရာ၌ ကျင့်ကြံသူအချင်းချင်းကြားတွင် ကျင့်ကြံခြင်းအဆင့်မရ သက်တမ်း ဤမျှထိ ကွာဟခြင်း မရှိကြသဖြင့် ညီကိုဟုသာ ခေါ်ဆိုခြင်း ဖြစ်သည်။)

…

All Chapters