← Chapters

စုရှင်း၏ ပိုင်ဆိုင်မှု ဝိညာဉ်ကျောက်တုံး တစ်ဘီလီယံ။ တန်ဖိုးဖြတ်မရနိုင်သော ဝိညာဉ်စုဆောင်းပန်းများ။

Vol. 34 Ch. 468

စုရှင်း၏ ပိုင်ဆိုင်မှု ဝိညာဉ်ကျောက်တုံး တစ်ဘီလီယံ။ တန်ဖိုးဖြတ်မရနိုင်သော ဝိညာဉ်စုဆောင်းပန်းများ။

Vol. 34 Ch. 468

သူ၏ နေအိမ်သို့ ပြန်ရောက်ပြီးနောက် စုရှင်းသည် ပတ်ဝန်းကျင်ကို တိတ်တဆိတ် စောင့်ကြည့်နေသူ မရှိကြောင်း သေချာစေရန် သူ၏ နတ်အာရုံကို အသုံးပြုကာ စစ်ဆေးလိုက်သည်။ ပြီးနောက် တီးတိုးရေရွတ်သည်။

“စုန့်အဖိုးအို လေးရဲ့ တုံ့ပြန်ပုံအရ... ဒီလူ့စီမှာ ချိုင့်ဝှမ်းထဲက ကျင့်ကြံသူတွေကို အပြင်ထုတ်လို့ရမယ့် လမ်းကြောင်း တစ်ခု ရှိမယ့်ပုံပဲ။”

စုရှင်း သူ့ဘာသာ တွေးလိုက်သည်။

“ဒါပေမဲ့ လူတစ်ယောက်ကို အပြင်ထုတ်ဖို့ ကုန်ကျစရိတ်က အရမ်း မြင့်မားရမယ်...စုန့်အဖိုးအို လေးတောင် ထုတ်မပြောရဲဘူး...”

စုရှင်း ခပ်ဖွဖွ ခေါင်းခါသည်။ သူ ယခုတစ်ကြိမ် ပြင်ဆင်ခဲ့သည့် ဝိညာဉ်စုဆောင်းပန်း အစေ့များသည် နည်းနေသေးသည်။

နောက်တစ်ကြိမ် သရုပ်ပြခြင်း အတွက် စုရှင်းသည် ဝိညာဉ်စုဆောင်းပန်း အစေ့ ရာပေါင်းများစွာကို ယူဆောင်လာရန် စီစဉ်သည်။ ထိုအခါကျလျှင် ကမ္ဘာငယ်ချင်းယွင်သို့ ထွက်ပြေးရန် သေချာပေါက် လုံလောက်လိမ့်မည်။

စုရှင်းသည် နောင်တမရဘဲ ဆေးလုံးချက်နည်း သုံးမျိုးကို ထုတ်ယူကာ စတင် မှတ်သားသည်။

…

မကြာမီ မြှုပ်နှံသရုပ်ပြခြင်း အချိန်ကာလ ကုန်ဆုံးသွားပြီး စုရှင်းသည် လက်တွေ့ကမ္ဘာသို့ ပြန်ရောက်လာသည်။

လက်တွေ့ကမ္ဘာတွင် စုရှင်း၏ မျက်လုံးများ၌ အံ့အားသင့်သည့် အရိပ်အယောင်များ ပေါ်လာသည်။

“သြော်...နဝအမြုတေ ဆေးလုံးရဲ့ ချက်နည်းက ဘာလို့ ဒီလောက် စျေးသက်သာရတာလဲလို့ တွေးနေတာ။ လက်စသတ်တော့ အဲဒီလို ဆေးဖက်ဝင် ပစ္စည်း လိုအပ်တာကိုး...”

စုရှင်း၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွှတ်သွားသည်။

နဝအမြုတေဆေးလုံး အတွက် အရေးအကြီးဆုံး ပါဝင်ပစ္စည်းကို နဂါးဘောလုံးဟု ခေါ်သည်။

နဂါးဘောလုံး ဆိုသည်မှာ နဂါးအမျိုးအစား သတ္တဝါ၏ နတ်ဆိုးအမြုတေပင် ဖြစ်သည်။

ရေနဂါး၏ နတ်ဆိုးအမြု‌တေ ဆိုလည်း ရသည်။ စစ်မှန်သော နဂါး၏ နတ်ဆိုးအမြုတေ ဆိုလျှင် ပိုကောင်းသည်။

သို့သော် နဂါးဘောလုံး၏ အရည်အသွေး မြင့်မားလေလေ၊ နဝအမြုတေ ဆေးလုံး၏ အာနိသင် ပိုကောင်းလေလေ ဖြစ်သည်။

စစ်မှန်သော နဂါးသွေးပါသည့် နတ်ဆိုးအမြု‌တေကို အသုံးပြုပြီး နဝအမြုတေ ဆေးလုံးကို သန့်စင်မည်ဆိုလျှင် မဟာယာနအဆင့် ကျင့်ကြံသူကိုပင် အသေးစား အဆင့်တစ်ခုကို အလွယ်တကူ ဖောက်ထွက်ရန် ကူညီပေးနိုင်သည်။

“ဘယ်လောက် ကံကောင်းတဲ့ တိုက်ဆိုင်မှုလဲ”

စုရှင်း၏ မျက်လုံးများသည် အပြုံးတစ်ပွင့်နှင့်အတူ အရောင်တောက်သွားသည်။

နဂါးမျိုးနွယ်ကဲ့သို့သော သတ္တဝါမျိုးသည် သုံးထောင်ကမ္ဘာတွင် အလွန်ရှားပါးသည်။

အဘယ့်ကြောင့်ဆိုသော် နဂါးအများစုသည် သတ်မှတ်ထားသော ပင်လယ်များနှင့် ကြီးမားသော နယ်ပယ်များတွင်သာ နေထိုင်ကြပြီး သာမန်လောကတွင် တစ်ခါတစ်ရံမှသာ ပေါ်လာတတ်သည်။ သို့်သော် စုရှင်းက အရမ်းကံကောင်းနေသည် မဟုတ်ပါလား။

ထို ကျိန်စာသင့်နဂါးသည် စစ်မှန်သော နဂါးသွေးပါသည့် နဂါးမျိုးပင် ဖြစ်သည်။

စုရှင်းက သရုပ်ပြခြင်းတိုင်းတွင် ကျိန်စာသင့်နဂါးကို သတ်ပြီး နဂါးဘောလုံးကို ထုတ်ယူကာ နဝအမြုတေ ဆေးလုံးကို သန့်စင်နေသရွေ့ ခန္ဓာကိုယ် သန့်စင်ခြင်းမှာ အဆင့်တစ်ခုကို အလကား ရနေသည်နှင့် တူတူပင် ဖြစ်သည်။ ဘာလို့ မလုပ်သင့်ရမှာလဲ။

“ဟားဟား... ဒီ ကျိန်စာသင့်နဂါးက တကယ်ပဲ ရတနာသိုက်ပါလား”

စုရှင်း ရယ်မောလိုက်သည်။

ဆေးလုံးချက်နည်း သုံးမျိုးထဲတွင် နဝအမြုတေ ဆေးလုံး၏ ပစ္စည်းများသည် ရရှိရန် အခက်ခဲဆုံးပင် ဖြစ်သည်။ နဂါးဘောလုံးက ရရှိရန် အခက်ခဲဆုံးဖြစ်ပြီး ကျန်သည့် ပစ္စည်းများကိုမူ စုရှင်း၏ ဝိညာဉ်စိုက်ခင်းဂူတွင် အားလုံး ရနိုင်သည်။

ဝိညာဉ်နိုးထဆေးလုံး အတွက်မူ ဝိညာဉ်နိုးထပန်းဟု အမည်ရှိသည့် ဝိညာဉ်ဆေးပင် တစ်မျိုးကို အဓိက ပါဝင်ပစ္စည်းအဖြစ် လိုအပ်သည်။

ချင်းယွင်ကျီ ချန်ထားခဲ့သည့် အစေ့များထဲတွင် ဝိညာဉ်နိုးထပန်း အစေ့များ ပါသည်။ စုရှင်း စိုက်ပျိုးပြီးသည်နှင့် ဝိညာဉ်နိုးထဆေးလုံးကို သန့်စင်နိုင်သည်။

ဝိညာဉ်နိုးထဆေးလုံးကို အသုံးပြုခြင်းဖြင့် သရုပ်ပြခြင်းတိုင်းတွင် ဉာဏ်အလင်းပွင့်ချိန် ဆယ်နှစ် ထပ်တိုး ရရှိမည် ဖြစ်သည်။ ရွှေရလိုက်သလိုပင်။

အရိုးသန့်စင်ဆေးလုံး အတွက်မူ ပို၍ပင် သန့်စင်ရ လွယ်ကူသည်။

လိုအပ်သော ပစ္စည်းများသည် မရှားပါးပါ။ စုရှင်းသည် ယင်းကို အပြည့်အဝ သန့်စင်ပြီး ရှားစစ်တပ်သို့ ရောင်းချနိုင်သည်။ ထိုအခါ စွမ်းအင် ရရှိပြီး သူတို့၏ အင်အားကို မြှင့်တင်နိုင်လိမ့်မည်။ နှစ်ဦးနှစ်ဖက်လုံး အတွက် အကျိုးအမြတ် ရှိသည်။

“ဒီသရုပ်ပြခြင်းက အကျိုးကျေးဇူးတွေ အတော်များတာဘဲ”

“သုံးနှစ်ကျော် ကျန်သေးတယ်... ငါ အချက်အလက်တွေကို ထပ်ပြီး သေချာစုဆောင်းနိုင်ရင် ကျေနပ်စရာ ဖြစ်လိမ့်မယ်...”

စုရှင်းက သူ့ဘာသာ တွေးပြီး သရုပ်ပြခြင်း ဖန်သားပြင်ကို ကြည့်လိုက်သည်။

[စုန့်အဖိုးအို လေးနှင့် ကုန်သွယ်ပြီးနောက် သင်၏ဘဝသည် အေးချမ်းသော အခြေအနေသို့ ပြန်ရောက်သွားသည်။]

[မကြာမီ နောက်ထပ် သွေးစေ့ပြိုင်ပွဲကို ကျင်းပသည်။]

[သင်သည် ဤ သွေးစေ့ပြိုင်ပွဲတွင် ဆက်လက် သတိထားခဲ့သည်။ ပြိုင်ပွဲ ပြီးဆုံးသည်အထိ အသက်ရှင်ကျန်ခဲ့သည်။ လမ်းတစ်လျှောက်တွင် လွတ်မြောက်ခြင်း ပြန်လည်ရောက်ရှိအဆင့် ကျင့်ကြံသူ ဒါဇင်ချီကို သတ်ပစ်လိုက်သည်။]

[ဤပြိုင်ပွဲ၏ ဆုလာဘ်များကို စုဆောင်းပြီးနောက် သင်သည် ချိုင့်ဝှမ်းသို့ ပြန်လာသည်။]

[ဤပြိုင်ပွဲတွင် စုန့်အဖိုးအိုလေးသည် ထူးချွန်စွာ လုပ်ဆောင်သည်။ သူ၏ ပေါင်းစည်းခြင်းအဆင့် ပြည့်စုံသော အင်အားဖြင့် သွေးစေ့ နေရာကို ရယူခဲ့သည်။]

[သင်သည် ယခင်ပြိုင်ပွဲ နှစ်ခုမှ သင် အနိုင်ရခဲ့သော နယ်နမိတ် ဖောက်ထွင်းဆေးလုံးများကို ထုတ်ယူသည်။ ဤဆေးလုံးများသည် ကျင့်ကြံသူများ အတွက် အကြီးမားဆုံး ဆွဲဆောင်မှုများထဲမှ တစ်ခု ဖြစ်သည်။]

[ဤဆေးလုံးကို ရှေးဟောင်း နက်နဲသော ဆေးလုံးဟု ခေါ်သည်။ ယင်းသည် ပေါင်းစည်းခြင်းအဆင့် အောက်ရှိ ကျင့်ကြံသူများကို အခက်အခဲများ ဖောက်ထွက်ရန် ကူညီပေးနိုင်သည်။]

[နတ်ဘုရား အသွင်ပြောင်းအဆင့် တတိယအလွှာ ကျင့်ကြံသူတစ်ဦးသည် ဆေးလုံးတစ်လုံး သောက်ပြီးသည်နှင့် နတ်ဘုရားအသွင်ပြောင်းအဆင့် စတုတ္ထအလွှာ၏ အခက်အခဲကို လျင်မြန်စွာ ဖောက်ထွင်းနိုင်သည်။]

[သင်သည် ရှေးဟောင်း နက်နဲသော ဆေးလုံး နှစ်လုံးကို ထုတ်ယူပြီး သေသေချာချာ အနံ့ခံသည်။ ဤဆေးလုံးများသည် အသေးစား အဆင့်များကို ဖောက်ထွက်ရန် ကူညီနိုင်သော်လည်း သက်တမ်းတိုစေသည့် ဘေးထွက်ဆိုးကျိုးများ ရှိပုံရကြောင်း တွေ့ရှိခဲ့သည်။ အဆက်မပြတ် အသုံးပြုလျှင် စွမ်းရည်ကိုပင် ထိခိုက်စေနိုင်သည်။]

[သင် အနည်းငယ် နောင်တရမိသည်။ ပိုမို အဆင့်မြင့်သော နယ်နမိတ် ဖောက်ထွင်းဆေးလုံးကို ရနိုင်မည်ဆိုလျှင် သင့်ကို အဆင့်များ ဖောက်ထွက်ရန် ကူညီပေးနိုင်လိမ့်မည်။]

[သက်တမ်းတိုစေသည့် အာနိသင်များ အတွက်မူ သင် လုံးဝ မစိုးရိမ်ပါ။ အဘယ့်ကြောင့်ဆိုသော် သရုပ်ပြစက်က သင်၏ ကျင့်ကြံမှုအဆင့်ကို ထုတ်ယူသည့်အခါ ဘေးထွက်ဆိုးကျိုး မပါဘဲ သန့်စင်သော ကျင့်ကြံမှု တုံ့ပြန်ချက်ကိုသာ ထုတ်ယူမည် ဖြစ်သောကြောင့်ပင်။]

[ခဏစဉ်းစားပြီးနောက် သင်သည် မကြာသေးမီက ပြိုင်ပွဲမှ လုယူခဲ့သော ရတနာများနှင့် ဆေးလုံး နှစ်လုံးကို ယူဆောင်ပြီး စုန့်အဘိုးအိုငါးကို ရှာသည်။]

[စုန့်အဖိုးအိုငါးသည် စုန့်အဖိုး‌အိုလေး၏ ညီငယ်ဖြစ်ကြောင်း ပြောဆိုပြီး သူ၏ ကုန်သွယ်မှုများကို ချောမွေ့စွာ လွှဲပြောင်းယူခဲ့သည်။]

[ယင်းက စုန့်မိသားစုသည် ချိုင့်ဝှမ်း၏ ကုန်သွယ်ရေးဗဟိုတွင် နက်ရှိုင်းသည့် အခြေခံရှိပြီး အင်အားကြီး ပုဂ္ဂိုလ်တစ်ဦးက သူတို့ကို ထောက်ခံနေသည်ဟူသော သင်၏ ယုံကြည်ချက်ကို ပိုပြီး အတည်ပြုပေးခဲ့သည်။]

[သို့သော် စုန့်မိသား၏ သြဇာလွှမ်းမိုးမှု ကြီးလေလေ၊ သင့်အတွက် ပိုပြီး အကျိုးရှိလေလေပင် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သင်သည် သူတို့၏ အဆက်အသွယ်များကို အသုံးပြု၍ ချိုင့်ဝှမ်းမှ ထွက်ခွာနိုင်မလားဆိုသည်ကို သိချင်သောကြောင့် ဖြစ်သည်။]

[ထို့ကြောင့် ယနေ့၌ သင်သည် စုန့်အဖိုးအိုငါးကို ရှာပြီး ချိုင့်ဝှမ်းမှ ထွက်ခွာရန် နည်းလမ်း ရှိမရှိကို သိမ်မွေ့စွာ မေးခဲ့သည်။]

[မမျှော်လင့်ဘဲ စုန့်အဖိုးအိုငါးသည် သင်၏ မေးခွန်းကို ကြားပြီးနော် လက်ညှိုးတစ်ချောင်း ထောင်ပြီး ရှေ့တူရှုသို့ ညွှန်ပြလိုက်သည်။]

[ဝိညာဉ်ကျောက်တုံး ဆယ်သန်းနှင့်ဆိုလျှင် သူသည် သင့်ကို မည်သူမှ မသိစေဘဲ ချိုင့်ဝှမ်းမှ ထွက်ခွာနိုင်အောင် လုပ်ပေးနိုင်သည်။ သို့သော် သင်သည် နောက်ထပ် သွေးစေ့ပြိုင်ပွဲ မစတင်မီ ပြန်လာဖို့ လိုအပ်သည်...]

…

All Chapters