← Chapters

အဘိုးလုနှင့် သဘောတူညီချက်၊ ပန်းတိုင်- ကိုယ်ခန္ဓာ သန့်စင်ခြင်း ပရမ်းပတာ မူလအစနယ်ပယ်

Vol. 34 Ch. 469

အဘိုးလုနှင့် သဘောတူညီချက်၊ ပန်းတိုင်- ကိုယ်ခန္ဓာ သန့်စင်ခြင်း ပရမ်းပတာ မူလအစနယ်ပယ်

Vol. 34 Ch. 469

လက်တွေ့ကမ္ဘာတွင် စုရှင်း၏ မျက်လုံးများ လင်းလက်လာသည်။

“ဒီ စုန့်ညီအစ်ကိုတွေမှာ ချိုင့်ဝှမ်းကနေ ထွက်ခွာဖို့ နည်းလမ်း တကယ်ကြီး ရှိတာပဲ။”

“သွေးနံပါတ်ပါတဲ့ သခင်ကြီးက တစ်ဆင့်လား”

“ထွက်ခွာဖို့ အချိန်က သုံးနှစ်ထက် ကျော်လို့ မရဘူး၊ နောက် သွေးစေ့ပြိုင်ပွဲ မတိုင်ခင် ပြန်လာမှရမယ်။”

စုရှင်းသည် အနည်းငယ် အထင်သေးမိသည်။

ချိုင့်ဝှမ်းမှ ထွက်ခွာခြင်းသည် ကမ္ဘာငယ်ချင်းယွင်သို့ ဝင်ရောက်ခြင်းကို ဆိုလိုသည်။

ထို့နောက် စုရှင်းသည် ချင်းယွင်ဂိုဏ်းမှ လူများနှင့် ဆက်သွယ်ပြီး ချင်းယွင်နယ်မြေထဲသို့ တိုက်ရိုက် ဝင်ရောက်သွားမည်။ သွေးစေ့ပြိုင်ပွဲ အတွက် ပြန်လာတော့မည် မဟုတ်ပေ။

“ဒါပေမဲ့ ဝိညာဉ်ကျောက်တုံး ဆယ်သန်း... စျေးနှုန်းက တကယ်ကို အရမ်း မြင့်မားတယ်။ နောက်ကွယ်က သခင်ကြီးအတွက် ကာကွယ်ကြေး ဖြစ်ရမယ်၊ ဟုတ်တယ်မလား”

စုရှင်း သူ့ဘာသာ တွေးလိုက်သည်။

ဝိညာဉ်စုဆောင်းပန်းများသည် ဤမျှ တန်ဖိုးရှိသောကြောင့် စုရှင်း ကမ္ဘာငယ်ချင်းယွင် ထဲသို့ အောင်မြင်စွာ ခိုးဝင်နိုင်ရန် ဝိညာဉ်စုဆောင်းပန်း နှစ်ရာသာ သုံးစွဲရန် လိုအပ်မာ် ဖြစ်သည်။ ဤကုန်ကျစရိတ်ကို သူ တတ်နိုင်သည်။

စုရှင်းသည် သူ၏ အကြည့်ကို သရုပ်ပြခြင်း ဖန်သားပြင်ဘက်သို့ လွှဲလိုက်သည်။

[စုန့်အဖိုးအို ငါး၏ စကားများကို ကြားပြီးနောက် သင်သည် တိတ်ဆိတ်နေသည်။ သင်သည် အချက်အလက် အချို့ကို ထပ်မံ လဲလှယ်ပြီး ဘာမှ မဖြစ်ခဲ့သလို ဟန်ဆောင်ကာ ထွက်ခွာခဲ့သည်။]

[ထိုအချိန်က သင့်တွင် ဝိညာဉ်ကျောက်တုံးများစွာ မရှိသေးပေ။ ထို့ကြောင့် နောက်သရုပ်ပြခြင်း တစ်ခုကို စောင့်ဆိုင်းရန်သာ ဆုံးဖြတ်လိုက်သည်။]

[နောက်ထပ် သုံးနှစ်တာ ကာလအတွင်း သင်သည် သင်၏ အင်အားကို တိုးတက်စေရန် ချိုင့်ဝှမ်းထဲတွင် နေ့စဉ် ကျင့်ကြံသည်။]

[သို့သော် သင်၏ ကျင့်ကြံမှု အဆင့်သည် ပေါင်းစည်းအဆင့် စတုတ္ထအလွှာတွင်သာ ဆက်လက် ပိတ်မိနေသည်။ ထပ်မံ ထိုးဖောက်မှု မရှိပေ။]

[သုံးဆယ့်ငါးနှစ်မြောက်တွင် သွေးစေ့ပြိုင်ပွဲ အသစ်တစ်ခု စတင်ခဲ့သည်။]

[ဤသည်မှာ သွေးစေ့ပြိုင်ပွဲတွင် သင် တတိယအကြိမ် ပါဝင်ခြင်း ဖြစ်သည်။ ရှောင်လွှဲ၍ မရနိုင်ကြောင်း သိသောကြောင့် သင်သည် သင်၏ အင်အားကို ထပ်မံ မဖုံးကွယ်တော့ဘဲ သွေးစေ့ နေရာကို ရယူလိုက်သည်။]

[သင် သွေးစေ့ ဖြစ်လာပြီးနောက် သွေးသခင်၂၃ ပေါ်လာပြီး သင့်အား အခြား သွေးစေ့ ကိုးဦးနှင့်အတူ မကောင်းဆိုးဝါး ကျင့်ကြံသူများ စုဝေးရာ အဓိကမြို့သို့ ခေါ်ဆောင်သွားသည်။]

[ဇိမ်ခံစားသောက်ဆိုင် တစ်ခုတွင် သင်သည် သင့်ရှေ့ရှိ ထူးခြားသော အရသာရှိသည့် အစားအစာများကို ကြည့်ရင်း နောက်ဆုံး အစားအစာ စားနေရသလို ခံစားလိုက်ရသည်။]

[မကြာမီ သင့်၏ ပါရမီများနှင့် အသက်ကို စစ်ဆေးသည်။]

[မျှော်လင့်ထားသည့်အတိုင်း သွေးသခင်၂၃သည် သင့်အား ဖမ်းဆီးထိန်းသိမ်းရန် ခေါ်ဆောင်သွားသည်။]

[ရက်အနည်းငယ် ကြာပြီးနောက် သွေးသခင် ၃နှင့် သွေးသခင် ၉ ပေါ်လာပြီး သင့်အား ဝိညာဉ်ရှာဖွေမှု ပြုလုပ်သည်...]

[သူတို့သည် သင့်မှတ်ဉာဏ်မှ အသုံးဝင်သော အချက်အလက်များကို မရရှိခဲ့ကြသော်လည်း ဝိညာဉ်ရှာဖွေမှု အောက်တွင် သင့်၏ မူလဝိညာဉ်သည် ပျက်စီးသွားသည်...]

[သင် သေဆုံးခဲ့သည်။]

[သင်၏စွမ်းရည် အသက်ဝင်လာသည်။]

[နှုတ်ခမ်းဖတ်ခြင်းမှတစ်ဆင့် သင်သည် သွေးသခင် ၃နှင့် သွေးသခင်၉တို့ စကားဝိုင်း၏ အကြောင်းအရာကို သိရှိခဲ့သည်။ ၎င်းသည် အရင်က အတိုင်းပင် ဖြစ်သည်။]

[သို့သော် သွေးသခင် ၉က စကားတစ်ချို့ ထပ်ပြောသည်။ ဒီကလေးမှာ ဝိညာဉ်စုဆောင်းပန်း တစ်ရာနီးပါး ရှိဖူးတယ်။ ဝိညာဉ်စုဆောင်းပန်းတွေ ဒီလောက် အများကြီး ရှိတယ်ဆိုတော့ လောထျန်းဂိုဏ်းရဲ့ အမွေအနှစ်ကို သူ ဆက်ခံခဲ့တာ ဖြစ်နိုင်တယ်။]

[ဒင်၊ ဤသရုပ်ပြခြင်း ပြီးဆုံးပါပြီ။]

လက်တွေ့ကမ္ဘာတွင် စုရှင်းသည် သူ၏ ရှေ့ရှိ သရုပ်ပြခြင်း စာသားကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

“လောထျန်းရဲ့ အမွေအနှစ်... ဝိညာဉ်စုဆောင်းပန်း”

စုရှင်းသည် ရုတ်တရက် လောထျန်းညီလာခံ နယ်မြေ၊ လောထျန်းဂိုဏ်း နောက်က တောင်ကုန်းနှင့် ထိုနေရာရှိ ဝိညာဉ်စုဆောင်းပန်း ပင်လယ်ကို သတိရမိသည်။

ရှန်းနန်ယိုထျန်း၏ ဖော်ပြချက်အရ လောထျန်းဂိုဏ်း၏ တောင်ကုန်းတွင် ဝိညာဉ်စုဆောင်းပန်း ၁၂၉,၆၀၀ ပွင့် ရှိပြီး၊ ကွဲပြားမှုထဲက စည်းလုံးခြင်းကို ဖော်ညွှန်းသည်။

“ဒီလောထျန်းဆိုတာက တကယ်ကြီး လောထျန်းဂိုဏ်းကို ရည်ညွှန်းတာပဲ။”

“ဒါပေမဲ့... ဒီ လောထျန်းဂိုဏ်းရဲ့ အမွေအနှစ် ဆိုတာ အတိအကျက ဘာလဲ”

စုရှင်းသည် လက်ရှိတွင် အနည်းငယ်သာ သိသေးသည်။

သို့မဟုတ် စုရှင်း၏ လက်ရှိ ကျင့်ကြံမှု အဆင့်ဖြင့် သူသည် ထိုအဆင့်ကို မရောက်နိုင်သေးပေ။

“အခုလောလောဆယ်တော့ ငါ့ရဲ့ ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ဖို့က အရေးအကြီးဆုံးပဲ။ ငါ့မှာ လုံလောက်တဲ့ အင်အားရှိရင်... ဒီ လောထျန်း အမွေအနှစ် အတွက်လည်း ငါ ယှဉ်ပြိုင်နိုင်လိမ့်မယ်”

ဤသို့ တွေးပြီး စုရှင်းသည် သူ၏ အကြည့်ကို ဤသရုပ်ပြခြင်း၏ ဆုလာဘ်စာရင်းဘက်သို့ လွှဲလိုက်သည်။

[ဟွားထို့ ပြန်လည်မွေးဖွားခြင်း]: ခရမ်းရောင် စွမ်းရည်၊ တန်ဖိုး- စွမ်းအင်မှတ် ၁ သန်း။

[ဆေးဖော်စပ်ခြင်း အတွေ့အကြုံ နှစ် နှစ်ဆယ်]: ရွေးချယ်ပါက လက်ရှိ ဆေးဖော်စပ်ခြင်းဆိုင်ရာ နားလည်သဘောပေါက်မှုကို အနည်းငယ် တိုးမြှင့်ပေးနိုင်သည်။ တန်ဖိုး စွမ်းအင်မှတ် ၂ သန်း။

[ပေါင်းစည်းအဆင့် စတုတ္ထအလွှာ]: ပေါင်းစည်းခြင်း အလယ်အလတ်အဆင့် ကျင့်ကြံသူ၊ ကြီးမြတ်သော တာအို၏ သန္ဓေတည်ပုံကို ခံစားသိရှိခြင်း၊ မူလအစ စွမ်းအားကို နားလည်ခြင်း... တန်ဖိုး- စွမ်းအင်မှတ် ၁.၅ ဘီလီယံ။

[အနှစ်သာရ အားဖြည့်ဆေးလုံး ၂၀,၀၀၀၊ ကိုယ်တွင်းအင်္ဂါ သန့်စင်ဆေးလုံး ၃၀,၀၀၀]: ရွှေအမြုတေနှင့် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများအတွက် ဝိညာဉ်စွမ်းအင်နှင့် ကျင့်ကြံမှုကို မြှင့်တင်ပေးနိုင်သော တတိယအဆင့် ဆေးလုံးများ၊ ဆေးဆရာ စုရှင်း ကိုယ်တိုင် ဖော်စပ်သည်၊ တန်ဖိုး စွမ်းအင်မှတ် သန်း ၅၀၀။

[ဓားထိန်းချုပ်ခြင်း နည်းစနစ် (ပြည့်စုံခြင်း)]: ထွက်ပြေးနှုန်း နတ်ဘုရားစွမ်းရည်၊ ဓားထိန်းချုပ်နည်း။ ဝိညာဉ်ဓား ၏ အရည်အသွေးနှင့် ဓားကျင့်ကြံသူ ၏ အင်အားပေါ် မူတည်၍ ရန်သူ၏ ဦးခေါင်းကို မိုင်ထောင်ချီ အကွာမှ ရယူနိုင်သည် သို့မဟုတ် မိုင်ပေါင်း ထောင်နှင့်ချီကို တစ်ခဏအတွင်း လွယ်ကူစွာ ခရီးသွားနိုင်သည်၊ တန်ဖိုး စွမ်းအင်မှတ် သန်း ၃၀၀။

စုရှင်းသည် သရုပ်ပြဖြင်း ဆုလာဘ်များ ကို တစ်ချက်ကြည့်ပြီးနောက် သူ၏ ကျန်ရှိသော စွမ်းအင်ကို ကြည့်သည်။ သန်း ၇၀၀ အောက် လျော့နေသည်။

“ဟူးး... ပေါင်းစည်းအဆင့် စတုတ္ထအလွှာကို ငါမထုတ်ယူ‌နိုင်တော့ဘူး ထင်တယ်... စွမ်းအင်က အရမ်း ကြပ်နေတယ်။”(ငွေကြပ်တည်းသလို သဘောမျိုး)

စုရှင်း သက်ပြင်းချသည်။ ဤတစ်ပတ်၏ ကုန်ပစ္စည်း စွမ်းအင်ကိုပါ ထည့်လိုက်လျှင်ပင် ၁.၅ ဘီလီယံ မပြည့်နိုင်ပေ။

ဒါ့အပြင် စုရှင်းတွင် ရည်မှန်းချက် တစ်ခုလည်း ရှိနေသည်။ အနှစ်သာရ အားဖြည့်ဆေးလုံးများကို ရှားနိုင်ငံ စစ်တပ် နှင့် ကုန်သွယ်၍ စွမ်းအင် ပိုမို ရယူရန် ဖြစ်သည်။

“အင်း၊ ဆေးလုံး ငါးသောင်း၊ တန်ဖိုးက စွမ်းအင် ၅ ဘီလီယံ... လှည့်လိုက်ရင် စွမ်းအင် ၁၀ ဘီလီယံပဲ။”

“ဒါက တစ်ခါတည်း အဆ ၂၀ အမြတ် ရတာဘဲ။ မိုက်လိုက်တာ”

စုရှင်းသည် ခဏ စဉ်းစားပြီး ဤတစ်ကြိမ်တွင် ဆေးလုံးများ နှင့် ဓားထိန်းချုပ်နည်းစနစ်ကို ထုတ်ယူခြင်းသည် အကုန်အကျ သက်သာဆုံး ဖြစ်ကြောင်းကို သူ သိသည်။ အထူးသဖြင့် ဓားထိန်းချုပ်နည်းစနစ်ကို တစ်ကြိမ် နားလည်သဘောပေါက်ပြီးပြီ ဖြစ်သောကြောင့် ကျိန်းသေပေါက် ဆုလာဘ်တစ်ခုပင် ဖြစ်သည်။

“ငါ ဆေးလုံးတွေကို အရင် ရွေးယူနိုင်တယ်၊ ဓားထိန်းချုပ်နည်းစနစ်ကိုတော့ လုံလောက်စွာ ရွေးယူနိုင်ဖို့ နောက်တစ်ကြိမ် အရောင်းအဝယ် အတွက် ချန်ထားမယ်...”

ဤသို့ တွေးပြီး စုရှင်းသည် တိတ်ဆိတ်စွာ ရွတ်ဆိုသည်။

“အနှစ်သာရ အားဖြည့်ဆေးလုံး နဲ့ ကိုယ်တွင်းအင်္ဂါ သန့်စင်ဆေးလုံးကို ရွေးယူမယ်...”

[ဒင်၊ သင်သည် အနှစ်သာရ အားဖြည့်ဆေးလုံး ၂၀,၀၀၀ နှင့် ကိုယ်တွင်းအင်္ဂါ သန့်စင်ဆေးလုံး ၃၀,၀၀၀ ကို အောင်မြင်စွာ ရွေးယူလိုက်သည်- ကျန်ရှိသော စွမ်းအင်- ၁၉၇.၃၉ သန်းမှတ်။]

သရုပ်ပြစက်၏ အသိပေးချက် ထွက်ပေါ်လာသည်နှင့်အမျှ သစ်သား သေတ္တာကြီးတစ်လုံး စုရှင်း၏ ရှေ့တွင် ပေါ်လာသည်။

သေတ္တာကို ဖွင့်လိုက်သောအခါ အတွင်း၌ ဆေးလုံးပုလင်းများ တွေ့ရသည်။

အနှစ်သာရ အားဖြည့်ဆေးလုံး ပုလင်း စုစုပေါင်း နှစ်ထောင်နှင့် ကိုယ်တွင်းအင်္ဂါ သန့်စင်ဆေးလုံး ပုလင်း သုံးထောင်၊ ပုလင်းတစ်လုံးစီတွင် ဆေးလုံး ဆယ်လုံးစီ ပါဝင်သည်။

ဤဆေးလုံးများသည် သရုပ်ပြခြင်းများတွင် စုရှင်းကိုယ်တိုင် ဖော်စပ်ခဲ့ခြင်း ဖြစ်ပြီး ထူးကဲသောနှုန်းသည် ထက်ဝက်နီးပါး ရှိသည်။

“အင်း၊ ဒီ ဆေးလုံးတွေနဲ့ဆို လုယွမ်ဝူနဲ့ ကုန်သွယ်နိုင်ပြီ...”

ဆေးလုံးများကို ရွေးယူပြီးနောက် စုရှင်းသည် တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်း ရုပ်ဖျက်ကာ၊ သူ၏ သူ၏ ကောင်းကင်လျှို့ဝှက်ချက်များကို ကာကွယ်ခြင်းများ စတင်သည်။

ညရောက်သောအခါ စုရှင်း၏ ရုပ်သွင်သည် ကျိုတိုမြို့ရှိ မဟာရှား စစ်ဘက်ခရိုင် တွင် ပေါ်လာသည်။

…

All Chapters