မိုးကြိုးလျှပ်စီးတောင်ပံ
Vol. 74 Ch. 1030
"ဘယ်လိုတောင် ပြောင်မြောက်တဲ့မူလအဆုံးစွန်းအရှင်လဲ၊ ငါ မင်းကို လျှော့တွက်မိသွားတာပဲ"
လီဖူချန်းက စတင်တိုက်ခိုက်တာကို မြင်ပြီး လူရွယ်က အံ့အားသင့်သွားတယ်။
လီဖူချန်းထွက်လာဖို့ အတော်လေးအားထုတ်ရမယ်လို့ သူက တွေးထားခဲ့တာလေ။
လီဖူချန်းကပဲ ယုံကြည်မှုလွန်ကဲနေတာလား ဒါမှမဟုတ် အခြားအကြောင်းပြချက်အချို့ရှိသလားကို မသိနိုင်ပါဘူး။
ဒါပေမယ့် ဒါက လူရွယ်အတွက် ကောင်းတဲ့အရာတစ်ခုပါပဲ။ သူ လီဖူချန်းကို ခေါ်ထုတ်နိုင်မလားဆိုတာ မသေချာဘူးလေ။ အခြားအကြိုနတ်ဘုရားတွေ ရောက်လာတဲ့အထိ သူက စောင့်နေရရင် အဆင့်မြင့်စကြာဝဠာရတနာကိုရဖို့ သူ့ရဲ့မျှော်လင့်ချက်က ပျက်စီးသွားမှာပေါ့။ တကယ်တော့ အကြိုနတ်ဘုရားတွေအကြားမှာ သူက ကျွမ်းကျင်သူတစ်ယောက်လို့ မသတ်မှတ်နိုင်ပါဘူး၊ သူက သူ့အကန့်အသတ်ကို သိပါတယ်။
"ဂျူနီယာမူလအဆုံးစွန်းအရှင်က စီနီယာကို လေးစားပါတယ်။ စီနီယာ ဒီနေရာကို ဘာအတွက် ရောက်လာတာပါလဲ"
ဘယ်အကြိုနတ်ဘုရားမဆို လေးစားဖို့ထိုက်တန်ပါတယ်။ အကြိုနတ်ဘုရားတွေကို အရေးမစိုက်ရလောက်တဲ့အထိ လီဖူချန်းက မမောက်မာပါဘူး။
လူရွယ်က ပြောလိုက်တယ်"ငါက မိုးကြိုးလျှပ်စီးတောင်ပံနတ်ဘုရားပဲ။ မင်းမှာ အဆင့်မြင့်စကြာဝဠာရတနာတစ်ခုရှိတယ်လို့ ငါ ကြားခဲ့တယ်။ ငါ တစ်ချက်ကြည့်လို့ရမလား" ဘယ်လိုပဲဖဖြစ်ဖြစ် သူက လီဖူချန်းက အရင်လှည့်စားကြည့်ရမှာပါ။
လီဖူချန်းရဲ့အမူအရာက မပြောင်းလဲဘဲ သူက ပြောလိုက်တယ်"စီနီယာမိုးကြိုးလျှပ်စီးတောင်ပံနတ်ဘုရားက ဟာသတွေပြောနေတာပဲ။ အဆင့်မြင့်စကြာဝဠာရတနာက အသက်နဲ့တောင် ထပ်တူညီမျှတာလေ။ ဘယ်လိုလုပ်ပြီး အခြားတစ်ယောက်ကို ကြည့်ရှုခွင့်ပြုရမှာလဲ"
တုံ့ပြန်တဲ့အနေနဲ့ မိုးကြိုးလျှပ်စီးတောင်ပံနတ်ဘုရားက မေးငေါ့လိုက်တယ်၊ သူ့မျက်လုံးတွေက သတ်ဖြတ်ခြင်းအရှိန်အဝါတွေ လင်းလက်သွားတယ်"ငါ မိုးကြိုးလျှပ်စီးတောင်ပံနတ်ဘုရား ကြည့်လို့မရတာ ဘာမှမရှိဘူး။ မင်း သေချာစဉ်းစားရင် ကောင်းမယ်"
လီဖူချန်းက ပြောလိုက်တယ်"ဒီဂျူနီယာက သေချာတွေးထားခဲ့ပြီးပြီ"
ပြောပြီးနောက် လီဖူချန်းရဲ့စွမ်းအားက ထိုးတက်လာတယ်။ ဒါက သူ အကြိုနတ်ဘုရားတစ်ယောက်နဲ့ တိုက်ခိုက်တဲ့ပထမဆုံးအကြိမ်ပါပဲ။ သူက စိတ်လှုပ်ရှားခြင်းမရှိဘူး၊ မစိုးရိမ်ဘူးလို့ပြောတာ မဖြစ်နိုင်ပါဘူး၊ သူက ပိုတောင် စိတ်လှုပ်ရှားနေမိတယ်။
"အရူးပဲ"
မိုးကြိုလျှပ်စီးတောင်ပံနတ်ဘုရားက သူ့လက်ကို ဝှေ့ယမ်းကာ လီဖူချန်းကို မိုးကြိုးလျှပ်စီးလက်ဝါးဓားသွားနဲ့ ခုတ်ပိုင်းလိုက်တယ်။
ဒါက အကြိုနတ်ဘုရားတစ်ယောက်ရဲ့စွမ်းအားမှ သိပ်သည်းထားတဲ့ မိုးကြိုးလျှပ်စီးလက်ဝါးဓားသွားပါပဲ။ ၎င်းရဲ့ခွန်အားက အဆုံးမဲ့တယ်၊ ၎င်းရဲ့အရှိန်အဝါတစ်ခုတည်းကတင် စကြာဝဠာဥပဒေသတွေကို ပျက်စီးယိုယွင်းစေဖို့ လုံလောက်တယ်။
သူ့ရဲ့စွမ်းအားကို အကန့်အသတ်အထိ လှည့်ပတ်ပြီးနောက် လီဖူချန်းက မူလအဆုံးစွန်းဓားကို ကိုင်ဆွဲကာ ဓားအရိုးပုံဆောင်ခဲနဲ့ကြည်လင်ကောင်းကင်ဓားသစ်သားထဲရှိဓားတာအိုရင်းမြစ်အဆီအနှစ်ကို အသက်သွင်းလိုက်တယ်။ ထို့နောက် သူက သူ့ခန္ဓာကိုယ်ကို ကာကွယ်ဖို့စကြာဝဠာရတနာအချို့ကို အသက်သွင်းပြီးနောက် မိုးကြိုးလျှပ်စီးလက်ဝါးဓားသွားနဲ့ ရင်ဆိုင်လိုက်တယ်။
ဖြောက်......
ဓားချီက ဦးစွာကြေမွသွားတယ်။ ထို့နောက် စကြာဝဠာရတနာအမျိုးမျိုးကထုတ်လွှတ်ထားတဲ့အကာအကွယ်အလင်းက ပျက်ဆီးသွားတယ်။ ကျန်ရှိတဲ့အရာတွေက ဖရိုဖရဲမီးကြာပန်းနဲ့ဖရိုဖရဲကျောက်တုံးအဆီအနှစ်တို့ပါပဲ။ သူတို့နှစ်ခုလုံးက အလယ်ဆင့်စကြာဝဠာရတနာတွေဖြစ်တာကြောင့် အကြိုနတ်ဘုရားတွေနဲ့ ရင်ဆိုင်ရမှာ ထိရောက်မှုရှိပါသေးတယ်။
ကံမကောင်းစွာနဲ့ ဒါက သေးငယ်တဲ့သက်ရောက်မှုတစ်ခုပါပဲ။ အဆုံးမှာ မိုးကြိုးလျှပ်စီးတောင်ပံနတ်ဘုရားရဲ့လက်ဝါးဓားသွားကို တားဆီးဖို့ သူက ကြီးမားတဲ့ကပ်ဘေးစွမ်းအားပမာဏကို သုံးစွဲလိုက်တယ်။
"မင်းရဲ့ကံက အတော်လေးကောင်းကင်ဆန့်ကျင်တာပဲ။ မင်းမှာ ဒီလောက်များတဲ့အန္တိမအဆင့်စကြာဝဠာရတနာတွေရှိတာပဲ"
မိုးကြိုးလျှပ်စီးတောင်ပံနတ်ဘုရားရဲ့မျက်လုံးတွေက လင်းလက်သွားတယ်။ သူက အဆင့်နိမ့်စကြာဝဠာရတနာတွေကို စိတ်မဝင်စားပေမယ့် အလယ်ဆင့်စကြာဝဠာရတနာတွေကိုတော့ တကယ်လိုချင်ပါတယ်။ အကြိုနတ်ဘုရားတစ်ယောက်နဲ့အရှင်တစ်ယောက်ရဲ့လက်ထဲမှာ အလယ်ဆင့်စကြာဝဠာရတနာတွေက လုံးဝမတူညီတဲ့သက်ရောက်မှုတွေ ရှိတယ်။ သူက ဖရိုဖရဲမီးကြာပန်းနဲ့ဖရိုဖရဲကျေက်တုံးအဆီအနှစ်ကို ရရှိခဲ့ရင် သူ့ခွန်အားက နောက်တစ်ဆင့်ကို ရောက်ရှိသွားပေလိမ့်မယ်။
"နောက်ထပ်"
မိုးကြိုးလျှပ်စီးတောင်ပံနတ်ဘုရားက သူ့ရဲ့အကြိုနတ်ဘုရားစွမ်းအားတစ်ဝက်ကျော်ကို ထပ်မံလှည့်ပတ်ပြီး နောက်ထပ်မိုးကြိုးလျှပ်စီးလက်ဝါးဓားသွားတစ်ခုကို ဖြစ်ပေါ်စေကာ လီဖူချန်းကို ခုတ်ပိုင်းလိုက်တယ်။
စကြာဝဠာကျုံးထဲမှာ သူ့ရဲ့အကြိုနတ်ဘုရားစွမ်းအားက ပြင်းပြင်းထန်ထန်လျော့ကျသွားခဲ့တယ်ဆိုပေမယ့် သူ့မှာ အကြိုနတ်ဘုရားစွမ်းအား၁၀ရာခိုင်နှုန်းကျန်ရင်တောင် သူလိုချင်သလောက် အသုံးပြုဖို့လုံလောက်ပါတယ်။ တကယ်တော့ သူ့ရန်သူက အကြိုနတ်ဘုရားတစ်ယောက်မဟုတ်ဘူးလေ။
"ချိုးဖြတ်စမ်း"
ဒီတစ်ခါမှာတော့ လီဖူချန်းက မူလအဆုံးစွန်းဓားကို သိမ်းလိုက်တယ်။ သူက ဖရိုဖရဲမီးကြာပန်းကို သူ့ရဲ့ဘယ်ဘက်လက်၊ ဖရိုဖရဲကျောက်တုံးအဆီအနှစ်ကိုသူ့ရဲ့ညာဘက်လက်ထဲမှာ ကိုင်ဆောင်ထားတယ်။ သူက စကြာဝဠာရင်းမြစ်အဆီအနှစ်ကို အသက်သွင်းပြီး မိုးကြိုးလျှပ်စီးလက်ဝါးဓားသွားကို တိုက်ခိုက်လိုက်တယ်။
ဝုန်း ဝုန်း......
အကြိုနတ်ဘုရားတစ်ယောက်က အားကောင်းလွန်းပြီး အလယ်ဆင့်စကြာဝဠာရတနာတစ်ခုကတောင် ၎င်းကို မတားဆီးနိုင်ဘူး။ လီဖူချန်းက လွင့်ထွက်သွားတယ်။
"သူက ဒဏ်ရာမရသေးဘူးလား"
မိုးကြိုးလျှပ်စီးတောင်ပံနတ်ဘုရားက အတော်လေးအံ့အားသင့်သွားတယ်။ မိုးကြိုးလျှပ်စီးတောင်ပံတွေကို အသုံးမပြုတာကလွဲပြီး သူက အခြေခံအားဖြင့် သူ့ရဲ့ခွန်အားအပြည့်ကို အသုံးပြုခဲ့တယ်။
ပုံမှန်အားဖြင့် သူ့မှာ အလယ်ဆင့်စကြာဝဠာရတနာတစ်ခုရှိရင်တောင် အထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်တ်ယောက်မှာ ဒီလိုခံစစ်မျိုးမရှိပါဘူး။
"သူက အကြိုနတ်ဘုရားတစ်ယောက်ဆိုတာ အံ့ဩစရာမရှိဘူးပဲ"
လီဖူချန်းရဲ့ကပ်ဘေးစွမ်းအားက ၄၀ရာခိုင်နှုန်းလောက် လျော့ကျသွားတယ်။ ကပ်ဘေးစွမ်းအားလျော့ကျသွားတာနဲ့ မူလလက်ကောက်ကို အသုံးမပြုရင် လီဖူချန်းက အသက်သစ်ပင်နဲ့သူ့ရဲ့ကိုယ်ပိုင်ခွန်အားကိုပဲ မှီခိုနိုင်တယ်။
"ကောင်းပြီလေ၊ ငါ့ရဲ့မိုးကြိုးလျှပ်စီးမြားကို ထပ်လက်ခံစမ်း"
မိုးကြိုးလျှပ်စီးတောင်ပံနတ်ဘုရားက အကြိုနတ်ဘုရားစွမ်းအားနဲ့အတူ မိုးကြိုးမြားတွေကို ဖြစ်ပေါ်စေလိုက်တယ်။ မိုးကြိုးမြားတွေ ဖြစ်ပေါ်လာတာနဲ့ သူ့ကို ဝန်းရံနေတဲ့အဆုံးမဲ့အဖျက်အဆီးစူးရှမှုတစ်ခုကို လီဖူချန်းက ခံစားရတယ်။ သူ့မှာ အသက်သစ်ပင်ရှိရင်တောင် သူက အပြင်းအထန်ဒဏ်ရာရလိမ့်မယ်လို့ လီဖူချန်းက ကြိုတင်သိနေတယ်။
တကယ်တော့ လူတစ်ယောက်ရဲ့အသက်အားက ဘယ်လောက်ပဲခိုင်ခိုင်မာမာ ကိစ္စမရှိဘူး၊ သူ့ခွန်အားကို မထိန်းသိမ်းနိုင်ရင် အဲဒါက အလုပ်လုပ်မှာမဟုတ်ဘူး။ အသက်သစ်ပင်က သူ့ရဲ့အသက်အားကိုပဲ ပြန်ဖြည့်နိုင်တယ်၊ သူ့ခွန်အားမဟုတ်ပါဘူး။
"မူလလက်ကောက်"
လီဖူချန်းရဲ့စိတ်ထဲမှာ အတွေးတစ်ခုနဲ့အတူ ရွှေနဲ့ကျောက်တုံးနဲ့တူတဲ့သတ္တုအလွှာတစ်ခုက လီဖူချန်းရဲ့ခန္ဓာကိုယ်မှ ထွက်လာတယ်။ ၎င်းက ချပ်ဝတ်တစ်ခုကို ဖြစ်ပေါ်စေကာ လီဖူချန်းကို ကာကွယ်လိုက်တယ်။
"ခုခံမှုအဆင့်မြင့်စကြာဝဠာရတနာလား"
မိုးကြိုးလျှပ်စီးတောင်ပံနတ်ဘုရားရဲ့မျက်လုံးတွေက လင်းလက်သွားတယ်။
သူ ဘယ်လောက်ပဲ ရူးနေပါစေ၊ ဒီချပ်ဝတ်က သေချာပေါက် အဆင့်မြင့်စကြာဝဠာတစ်ခုဆိုတာ သူ သိတယ်။
ဒါက ဘာကြောင့် မူလအဆုံးစွန်းအရှင်က သူ့ကို စတင်တိုက်ခိုက်ရဲတဲ့အကြောင်းပြချက်ပဲ ဖြစ်လောက်တယ်။
"သွားစမ်း"
ပတ်ဝန်းကျင်ရှိမိုးကြိုးလျှပ်စီးမြားတွေက ဆယ်ဆတိုးလာတယ်။ မိုးကြိုးလျှပ်စီးတောင်ပံနတ်ဘုရားက အလင်းအရှိန်ထက် အဆမရေမတွက်များစွာပိုမြန်တဲ့အရှိန်တစ်ခုနဲ့ မိုးကြိုးလျှပ်စီးမြားတွေကို လီဖူချန်းထံ ပစ်လွှတ်လိုက်တယ်။
"ဒီမိုးကြိုးလျှပ်စီးမြားက ငါ့ရဲ့အဆုံးသတ်ကွက်ပဲ။ အဲဒါက အကြိုနတ်ဘုရားစွမ်းအားရဲ့အဖျက်အဆီးစွမ်းအားကို အဆများစွာ တိုးစေနိုင်တယ်။ မင်း ဘယ်လောက်ထိ တားဆီးနိုင်မလဲ ကြည့်ရတာပေါ့"
မိုးကြိုးလျှပ်စီးတောင်ပံနတ်ဘုရားက အလွန်ယုံကြည်ချက်ရှိတယ်။
ဂျိုင်း ဒေါင် ဂျိုင်း ဒေါင်.....
မိုးကြိုးလျှပ်စီးမြားတွေက မြန်လွန်းတယ်၊ မြန်လွန်းတာကြောင့် လီဖူချန်းရဲ့ခန္ဓာကိုယ်က အချိန်မီမတုံ့ပြန်နိုင်ခဲ့ဘူး။ သူ့ခန္ဓာကိုယ်က မတုံ့ပြန်နိုင်ရင် သူ့ရဲ့စိတ်ဝိညာဉ်တုံ့ပြန်ခြင်းအရှိန်က ဘယ်လောက်ပဲမြန်မြန် မထူးပါဘူး။ သူ့ကို ထိမှန်သွားတာကိုသာ လီဖူချန်းက စောင့်ကြည့်နေရတယ်။
မိုးကြိုးမြားရဲ့၉၀ရာခိုင်နှုန်းက လီဖူချန်းကို ထိမှန်သွားတယ်။ ကျန်ရှိနေတဲ့တစ်ဆယ်ရာခိုင်နှုန်းကို လီဖူချန်းရဲ့လက်နက်တွေက တားဆီးလိုက်နိုင်တယ်။
မိုးကြိုးမြားတွေ ပျောက်ကွယ်သွားပြီးနောက် လီဖူချန်းက ငုံ့ကြည့်လိုက်ရာ မူလလက်ကောက်က မပျက်မဆီးဘဲ ရှိနေတာကို မြင်လိုက်ရတယ်။ သူ့ခန္ဓာကိုယ်အတွင်းပိုင်းတွေကိုလည်း သက်ရောက်မှုအနည်းငယ်သာ ထိခိုက်စေခဲ့တယ်။
"ဘယ်လိုတောင် ကြမ်းတမ်းတဲ့အဆင့်မြင့်စကြာဝဠာရတနာလဲ"
လီဖူချန်းအဆင်ပြေနေတာကို မြင်ပြီး မိုးကြိုးလျှပ်စီးတောင်ပံနတ်ဘုရားက ပိုပြီးတော့တောင် စိတ်လှုပ်ရှားသွားတယ်။ သူ့ရဲ့မိုးကြိုးလျှပ်စီးတောင်ပံတွေက တိုက်ခိုက်ရေးနဲ့မြန်နှုန်းကို ပိုအလေးပေးတယ်။ ခုခံမှုအရ ၎င်းက အများကြီးအားနည်းတယ်။ သူ့မှာ ဒီအဆင့်မြင့်ခုခံမှုစကြာဝဠာရတနာရှိရင် သူ့ရဲ့ချို့ယွင်းချက်ကို ဖြည့်စွက်ပြီးသားဖြစ်သွားလိမ့်မယ်။
အသက်တစ်ချက်ရှုပြီးနောက် မိုးကြိုးလျှပ်စီးတောင်ပံနတ်ဘုရားက မိုးကြိုးမြားတွေကို ထပ်ခါတလဲလဲပစ်လွှတ်လိုက်တယ်။ အချိန်တိုအတွင်း ဒီအဆင့်မြင့်ခုခံမှုစကြာဝဠာရတနာကို ချိုးဖြတ်နိုင်မယ်လို့တော့ သူ မမျှော်လင့်ထားခဲ့ပါဘူး။ သူက လီဖူချန်းကို ရိုးရှင်းတဲ့နည်းလမ်းနဲ့ သတ်ဖြတ်ချင်ခဲ့ရုံပါပဲ။
၆၀ရာခိုင်နှုန်း၊ ၇၀ရာခိုင်နှုန်း၊ ၈၀ရာခိုင်နှုန်း၊ ၉၀ရာခိုင်နှုန်း၊ ၁၀၀ရာခိုင်နှုန်း။
မိုးကြိုးလျှပ်စီးတောင်ပံနတ်ဘုရား လီဖူချန်းကို တိုက်ခိုက်လိုက်တဲ့အချိန်တိုင်း လီဖူချန်းရဲ့ကပ်ဘေးစွမ်းအားက လျင်မြန်စွာ ပြန်ရလာတယ်။ ကပ်ဘေးစွမ်းအားတွေ ပြန်ရလာတာကြောင့် မိုးကြိုးမြားရဲ့သက်ရောက်မှုက အယားဖြေနေတာနဲ့အတူတူပါပဲ။
မိုးကြိုးလျှပ်စီးတောင်ပံနတ်ဘုရားက မျက်မှောင်ကြုတ်လိုက်တယ်၊ တစ်ခုခု မူမမှန်ဘူးလို့ သူက ခံစားရတယ်။
လီဖူချန်းရဲ့အမူအရာက တည်ငြိမ်လွန်းတယ်၊ အဲဒါက မိုးကြိုးလျှပ်စီးတောင်ပံနတ်ဘုရားကို သက်သောင့်သက်သာမရှိဖြစ်စေတယ်။
"ငါ့ရဲ့အကြိုနတ်ဘုရားစွမ်းအားက အပြင်းအထန်မလျော့ကျခဲ့ရင် ငါ မင်းကို ငါ့ရဲ့သတ်ဖြတ်ကွက်ကို မြည်းစမ်းပေးလိုက်ချင်တယ်"
မိုးကြိုးလျှပ်စီးတောင်ပံနတ်ဘုရားက လက်ရှိအချိန်မှာ မိုးကြိုးလျှပ်စီးတောင်ပံရဲ့စွမ်းအားကို အသုံးပြုဖို့ အစီအစဉ်မရှိပါဘူး။ ဒါက မထိုက်တန်သလို လီဖူချန်းက တည်ငြိမ်ချင်ယောင်ဆောင်နေတာပဲ ဖြစ်မှာပါ။
အချိန်ကြာလာတာနဲ့အမျှ မိုးကြိုးလျှပ်စီးတောင်ပံနတ်ဘုရားရဲ့အမူအရာက မကျေမနပ်မှုတွေ တိုးတိုးလာတယ်။
သူ့ရဲ့အကြိုနတ်ဘုရားစွမ်းအားက အဆင့်မြင့်စကြာဝဠာရတနာတစ်ခုကိုပိုင်ဆိုင်တဲ့လီဖူချန်းကို မရင်ဆိုင်နိုင်ဘူးဆိုတာ သူက သေချာသွားပါပြီ။
"ဆုံးဖြတ်ချက်မချနိုင်ရင် ဖရိုဖရဲပရမ်းပတာဖြစ်လာမှာပဲ"
မိုးကြိုးလျှပ်စီးတောင်ပံနတ်ဘုရားက မိုးကြိုးလျှပ်စီးတောင်ပံရဲ့စွမ်းအားကို အသုံးပြုဖို့ ဆုံးဖြတ်လိုက်တယ်။
မိုးကြိုးလျှပ်စီးတောင်ပံတွေက ကြီးမားလာပြီး မိုးကြိုးလျှပ်စီးတောင်ပံနတ်ဘုရားက စိတ်ထဲမှာ တွေးလိုက်တယ်။ မိုးကြိုးလျှပ်စီးသွားနှစ်ခုက လီဖူချန်းကို တိုက်ခိုက်လာတယ်။
ဒါက မိုးကြိုးလျှပ်စီးတောင်ပံတွေရဲ့အခြေခံအကျဆုံးတိုက်ခိုက်မှုဖြစ်ပေမယ့် တိုက်ခိုက်ရေးစွမ်းအားက သူ့ရဲ့သတ်ဖြတ်ကွက်နဲ့ ယှဉ်နိုင်တယ်။
ဝုန်း......
မိုးကြိုးလျှပ်စီးတွေက လီဖူချန်းရဲ့ခန္ဓာကိုယ်အပေါ် ကျရောက်လာပြီး လီဖူချန်းက လွင့်ထွက်သွားတယ်။
"အသုံးမဝင်ဘူး။ မိုးကြိုးလျှပ်စီးတောင်ပံနတ်ဘုရား၊ ကြည့်ရတာ မင်း ငါ့ကို ဘာမှမလုပ်နိုင်ဘူးထင်တယ်"
လီဖူချန်းက စိတ်သက်သာရာရသွားတယ်။ အဆင့်မြင့်စကြာဝဠာရတနာတစ်ခုက တကယ်ကို အဆင့်မြင့်စကြာဝဠာရတနာတစ်ခုပဲ။ အဲဒါက သာမန်အကြိုနတ်ဘုရားတွေနဲ့ ယှဉ်ပြိုင်ဖို့ လုံလောက်တယ်။
"အပျော်စောလွန်းမနေနဲ့"
မိုးကြိုးလျှပ်စီးတောင်ပံတွေက စတင်ကြီးမားလာတယ်။ နောက်အခိုက်အတန့်မှာတော့ မိုးကြိုးဘောလုံးတစ်လုံးက လျင်မြန်စွာ ဖြစ်ပေါ်လာတယ်။
ဒါက ခရမ်းရင့်ရောင်မိုးကြိုးဘောလုံးတစ်ခုဖြစ်ပြီး ၎င်းမှာ အဖျက်အဆီးဆန္ဒပါဝင်တယ်။ ၎င်းက ပလိန်းတစ်ခုကို ဖျက်ဆီးနိုင်သလို ခံစားရတယ်။ သန့်စင်တဲ့စကြာဝဠာရဲ့မိုးကြိုးလျှပ်စီးဥပဒေသက ၎င်းနဲ့နှိုင်းယှဉ်စရာမရှိပါဘူး။
ဒါပေမယ့် မိုးကြိုးလျှပ်စီးတောင်ပံတွေမှာ မိုးကြိုးလျှပ်စီးစွမ်းအားအနည်းငယ်ပဲပါဝင်ပေမယ့် စကြာဝဠာရဲ့မိုးကြိုးလျှပ်စီးစွမ်းအားက အဆုံးမဲ့ဖြစ်တယ်။
မိုးကြိုးလျှပ်စီးတောင်ပံတွေမှာ အဆုံးမဲ့မိုးကြိုးစွမ်းအားတွေ ပါဝင်တယ်ဆိုရင် ၎င်းက ပလိန်းတစ်ခုကို အမှန်တကယ်ဖျက်ဆီးနိုင်လိမ့်မယ်။
"သေစမ်း"
မိုးကြိုးလျှပ်စီးတောင်ပံနတ်ဘုရားက အော်လိုက်တယ်။ ခရမ်းရင့်ရောင်မိုးကြိုးဘောလုံးက လီဖူချန်းကို ချက်ချင်းဝန်းရံသွားတယ်။
မိုးကြိုးဘောလုံးက ဝန်းရံသွားတာကြောင့် သူက ဓာတ်လိုက်သွားသလို လီဖူချန်းက ခံစားရတယ်။ ကံကောင်းတာကတော့ ဒါက သိပ်မပြင်းထန်လို့ပဲ။
ဒါပေမယ့် အဲဒါက သူဖြစ်နေလို့ပဲ၊ အခြားအထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်တစ်ယောက်သာဆိုရင် သူတို့က ဓာတ်လိုက်ကာ ဗလာနတ္တိဖြစ်သွားပေလိမ့်မယ်။
မဖြစ်နိုင်ဘူး"
မိုးကြိုးလျှပ်စီးတောင်ပံနတ်ဘုရားက ခရမ်းရင့်ရောင်မိုးကြိုးဘောလုံးတွေကို ဖြစ်ပေါ်စေကာ လီဖူချန်းကို တိုက်ခိုက်လိုက်တယ်။
"ကပ်ဘေးစွမ်းအား လျော့ကျလာပါလား"
မိုးကြိုးလျှပ်စီးတောင်ပံနတ်ဘုရားရဲ့အားထုတ်မှုနဲ့အတူ မိုးကြိုးလျှပ်စီးစွမ်းအားက နောက်ဆုံးမှာ မူလလက်ကောက်ကို ထိုးဖောက်သွားပြီး လီဖူချန်းရဲ့ကပ်ဘေးစွမ်းအားကို စတင်လျော့ကျသွားစေတယ်။ ဒါပေမယ့် လီဖူချန်းရဲ့ကပ်ဘေးစွမ်းအားဖြည့်တင်းခြင်းအရှိန်နဲ့အတူ ဒီလျော့ကျတဲ့အတိုင်းအတာက ကြောက်စရာမကောင်းပါဘူး။
အချိန်တစ်ခုကြာပြီးနောက် မိုးကြိုးလျှပ်စီးတောင်ပံနတ်ဘုရားက စိတ်ပျက်သွားတယ်။ ဒီလီဖူချန်းက သူ စိတ်ကူးထားတာထက် ရင်ဆိုင်ရတာ ဆယ်ဆအဆတစ်ရာပိုခက်ခဲတာပဲ။ သူက လိပ်တစ်ကောင်ကို ကိုက်နေတဲ့ခွေးနဲ့တူပြီး ဘယ်နေရာကနေစတင်ရမှန်း မသိပါဘူး။ ဒီအတိုင်းဆက်သွားရင် အဆင့်မြင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းကို လုယက်ဖို့အသာထား၊ အနေအထားကို အခွင့်ကောင်းယူမယ့်အခြားအကြိုနတ်ဘုရားတွေကို သတိထားရပါအုံးမယ်။
"မိုးကြိုးလျှပ်စီးတောင်ပံနတ်ဘုရား၊ မင်း အစောကြီးရောက်နေတာပဲ။ ဒါပေမယ့် ကြည့်ရသလောက် မင်း ဘာမှမရသေးပုံပဲ"
အဝေးရှိစကြာဝဠာထဲမှာ အနက်ရောင်အပေါက်တစ်ခုက ထွက်ပေါ်လာတယ်။ အနက်ရောင်ချီတည်ရှိမှုက ဝန်းရံထားပြီး ခေါင်းပေါ်မှာနွားဦးချိုသုံးခုနဲ့လူတစ်ယောက်က လျှောက်လာတယ်။
"ဦးချိုသုံးချောင်းနတ်ဆိုးနတ်ဘုရား"
မိုးကြိုးလျှပ်စီးတောင်ပံနတ်ဘုရားက မျက်မှောင်ကြုတ်လိုက်တယ်။
ခွန်အားအရ ဦးချိုသုံးချောင်းနတ်ဆိုးနတ်ဘုရားက သူနဲ့ မယှဉ်နိုင်ပေမယ့် ခုခံမှုအရ မိုးကြိုးလျှပ်စီးတောင်ပံနတ်ဘုရားက အများကြီးနိမ့်ကျတယ်။
"နောက်တစ်ယောက်လား" ရန်သူအသစ်က နတ်ဆိုးမျိုးနွယ်ရဲ့အကြိုနတ်ဘုရားတစ်ယောက်မှန်း လီဖူချန်းက မြင်နိင်တယ်"ကြည့်ရတာ ငါ့ရဲ့တိုက်ပွဲနည်းဗျူဟာတွေကို ပြောင်းလဲရမယ့်ပုံပဲ"
လီဖူချန်းရဲ့ညာလက်ထဲမှာ သတ္တုနဲ့ကျောက်တုံးနဲ့တူတဲ့ရှေးဟောင်းဓားတစ်လက်က ဖြစ်တည်လာတယ်။
မူလလက်ကောက်ကို တစ်ချိန်တည်းမှာ ပုံစံနှစ်မျိုးပြောင်းလဲခြင်းက ၎င်းကို အားနည်းလာစေပေမယ့် အားနည်းချက်က မများလွန်းပါဘူး၊ နှစ်ဒါမှမဟုတ်သုံးရာခိုင်နှုန်းလောက်သာ အားနည်းလောက်တယ်။ သူက ဒါကို ရင်ဆိုင်နိုင်မယ်လို့ လီဖူချန်းက ယုံကြည်ချက်ရှိပါတယ်။