အကြိုနတ်ဘုရားစွမ်းအား
Vol. 74 Ch. 1031
"အဆင့်မြင့်စကြာဝဠာရတနာဆန္ဒရှိသလိုပြောင်းလဲခြင်း။ စိတ်ဝင်စားစရာပဲ"
ဦးချိုသုံးခုနတ်ဆိုးနတ်ဘုရားရဲ့မျက်လုံးတွေက ကျဉ်းမြောင်းသွားတယ်။ သူက တိုက်ခိုက်ရေးအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းဒါမှမဟုတ်တိုက်ခိုက်ရေးအဆင့်မြင့်စကြာဝဠာရတနာတွေ ကင်းမဲ့နေတာ။ ဆန္ဒရှိသလိုပြောင်းလဲနိုင်တဲ့အဆင့်မြင့်စကြာဝဠာရတနာတစ်ခုက သူ့အတွက် သင့်တော်မှန်း သိသာလှတယ်။
"မိုးကြိုးလျှပ်စီးအကာအကွယ်"
မိုးကြိုးလျှပ်စီးတောင်ပံနတ်ဘုရားက အရှုံးမပေးသေးမှန်းသိသာတယ်။ သူ့နောက်ကျောရှိမိုးကြိုးလျှပ်စီးတောင်ပံတွေက အကန့်အသတ်မဲ့ကြီးလာပြီး သူနဲ့လီဖူချန်းရှိရာကြယ်ကောင်းကင်ကို ဝန်းရံသွားတယ်။ သူက နက်ပြာပလိန်းကို ချိတ်ပိတ်လိုက်တာနဲ့ တူတယ်။
"မိုးကြိုးလျှပ်စီးတောင်ပံနတ်ဘုရား၊ မင်း သေချင်နေတာပဲ"
ဦးချိုသုံးချောင်းနတ်ဆိုးနတ်ဘုရားရဲ့ခန္ဓာကိုယ်က အစစ်အမှန်နတ်ဆိုးနတ်ဘုရားတစ်ယောက်ပမာ ကြီးမားလာပြီး လီဖူချန်းကို လက်သီးတစ်ချက် ထိုးထည့်လိုက်တယ်။
အုန်း ဒုန်း......
ဟင်းလင်းပြင်ထဲမှာ မိုးကြိုးလျှပ်စီးတွေ ပေါက်ကွဲထွက်လာတယ်၊ ဦးချိုသုံးချောင်းနတ်ဆိုးနတ်ဘုရားက နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ရတယ်။
ခွန်အားအရ သူက ဦးချိုသုံးချောင်းနတ်ဆိုးနတ်ဘုရားထက် နိမ့်ကျပါသေးတယ်။ သူ့ရဲ့အားထားရာက သူ့ရဲ့ခုံခံမှုဖြစ်ပြီး သူက ထိခိုက်မှုကို မကြောက်ပါဘူး။
"မူလအဆုံးစွန်းအရှင်၊ ပျောက်ကွယ်သွားစမ်း"
ဦးချိုသုံးချောင်းနတ်ဆိုးနတ်ဘုရားကို တားဆီးပြီးနောက် မိုးကြိုးလျှပ်စီးတောင်ပံနတ်ဘုရားရဲ့မျက်လုံးတွေက ရုတ်တရက် အဖြူရောင်ဖြစ်သွားပြီး ကြောက်စရာကောင်းတဲ့အဖြူရောင်အလင်းတစ်ခုကို ထုတ်လွှတ်လိုက်တယ်။
အသံဒါမှမဟုတ်ချီတည်ရှိမှုတစ်ခုမှ မရှိဘဲ အပ်ချည်မျှင်နဲ့တူတဲ့အဖြူရောင်အလင်းတန်းနှစ်ခုက မိုးကြိုးလျှပ်စီးတောင်ပံနတ်ဘုရားရဲ့မျက်လုံးတွေမှ ထွက်လာပြီး လီဖူချန်းရဲ့စိတ်ထဲကို ဝင်ရောက်သွားတယ်။
ဒါက လိပ်ပြာအသိစိတ်အာရုံတိုက်ခိုက်မှုတစ်ခုဖြစ်ပြီး အလွန်အမင်းကြောက်စရာကောင်းတယ်။ ၎င်းက သာမန်လိပ်ပြာအသိစိတ်အာရုံတိုက်ခိုက်မှုတွေထက် အများကြီးပိုမြင့်တယ်။
မိုးကြိုးလျှပ်စီးတောင်ပံနတ်ဘုရားရဲ့သူတော်စင်လိပ်ပြာက ထူးခြားတာတစ်ခုမှမရှိပါဘူး။ ၎င်းက သာမန်အကြိုနတ်ဘုရားတစ်ယောက်ရဲ့သူတော်စင်လိပ်ပြာမျှပဲ။ အဲဒါက အထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ရဲ့သူတော်စင်လိပ်ပြာကို ဒဏ်ရာရစေနိုင်ပေမယ့် တိကျမှုတော့မရှိပါဘူး။ တကယ်တော့ လိပ်ပြာအသိစိတ်အာရုံတိုက်ခိုက်မှုတွေမှာ အကန့်အသတ်တွေ များလွန်းပြီး အမြင့်ဆုံးသတ်မှတ်ချက်တစ်ခုရှိတယ်။
ဒါပေမယ့် မိုးကြိုးလျှပ်စီးတောင်ပံနတ်ဘုရားက မျက်လုံးသဏ္ဍာန်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းအစအနတစ်ခုကို ရရှိခဲ့တယ်။ ဒီအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းအစအနက သူ့ရဲ့သူတော်စင်လိပ်ပြာထဲမှာ သန္ဓေပြောင်းလဲခြင်းတစ်ခုကို ဖြစ်စေခဲ့တယ်။ ၎င်းက အကြိုနတ်ဘုရားတစ်ယောက်ကို ဒဏ်ရာရစေဖို့ခက်ခဲပေမယ့် အထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ရဲ့သူတော်စင်လိပ်ပြာကို အပြင်းအထန်ဒဏ်ရာရစေနိုင်တယ်။
ဒါပေမယ့် ဒီမျက်လုံးသဏ္ဍာန်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းအစအနမှာ စွမ်းအားအများကြီးမရှိပါဘူး။ မိုးကြိုးလျှပ်စီးတောင်ပံနတ်ဘုရားက ၎င်းကို တိုက်ပွဲထဲမှာ အသုံးပြုဖို့အတွက် မတွေးထားပါဘူး၊ ၎င်းကို သူတော်စင်လိပ်ပြာအတွက် အားဖြည့်မှုတစ်ခုအနေနဲ့သာ သတ်မှတ်ထားတယ်။
အဖြူရောင်အလင်းတန်းက လီဖူချန်းရဲ့စိတ်ထဲကို ဝင်ရောက်သွားတာကြောင့် မိုးကြိုးလျှပ်စီးတောင်ပံနတ်ဘုရားရဲ့မျက်လုံးတွေက စိတ်အားထက်သန်တဲ့အရိပ်အယောင်တစ်ခုဖြစ်သွားတယ်။
"ဒီလိုကြောက်စရာကောင်းတဲ့လိပ်ပြာအသိစိတ်အာရုံတိုက်ခိုက်မှုတစ်ခု။ ငါက သာမန်အထွတ်အထိပ်ပြိုင်ဘက်ကင်အရှင်တစ်ယောက်သာဆိုရင် ငါ့ရဲ့သူတော်စင်လိပ်ပြာက မပျောက်ကွယ်သွားရင်တောင် တစ်စစီတော့ ဖြစ်သွားမှာအမှန်ပဲ"
အကြိုနတ်ဘုရားတွေထက်သာလွန်တဲ့သူတော်စင်လိပ်ပြာတစ်ခုနဲ့အတူ လီဖူချန်းက မိုးကြိုးလျှပ်စီးတောင်ပံနတ်ဘုရားရဲ့လိပ်ပြာအသိစိတ်အာရုံတိုက်ခိုက်မှုကို ကြောက်စရာမလိုပါဘူး။ သူက ခေါင်းမော့ကာ ထူးမခြားနားစွာ ပြောလိုက်တယ်"မိုးကြိုးလျှပ်စီးတောင်ပံနတ်ဘုရား၊ မင်းမှာ အခြားဘာနည်းလမ်းတွေ ရှိသေးလဲ။ သူတိုအားလုံးကို ထုတ်သုံးလိုက်....."
"မဖြစ်နိုင်တာပဲ"
မိုးကြိုးလျှပ်စီးတောင်ပံနတ်ဘုရားရဲ့မျက်လုံးတွေက မယုံကြည်နိုင်မှုတွေ ပြည့်နေတယ်။
ယုတ္တိဗေဒအရ လီဖူချန်းက အရှင်တစ်ယောက်သာဖြစ်ပြီး လိပ်ပြာအသိစိတ်အာရုံတိုက်ခိုက်မှုတစ်ခုကို တားဆီးဖို့မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် အခုကြည့်ရသလောက် လီဖူချန်းရဲ့ပုံစံက သူတော်စင်လိပ်ပြာအသိစိတ်အာရုံအပြင်းအထန်ဒဏ်ရာရသွားပုံလည်း မပေါ်ပါလား။ သူက ဘာတစ်ခုမှ မခံစားလိုက်ရသလိုပဲ။
"ဖြစ်နိုင်တာက"
သူ့ရဲ့သူတော်စင်လိပ်ပြာက အကြိုနတ်ဘုရားအရှင်ကို ရောက်ရှိနေပြီလား။
မိုးကြိုးလျှပ်စီးတောင်ပံနတ်ဘုရားက ထိတ်လန့်သွားတယ်။
"ဒါ မဖြစ်နိုင်ဘူး။ သူ့မှာ လိပ်ပြာအသိစိတ်အာရုံတိုက်ခိုက်မှုတစ်ခုကို တားဆီးနိုင်တဲ့ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုရှိတာပဲ ဖြစ်ရမယ်"
မိုးကြိုးလျှပ်စီးတောင်ပံနတ်ဘုရားက ခေါင်းခါယမ်းလိုက်တယ်။
မိုးကြိုးလျှပ်စီးတောင်ပံနတ်ဘုရား တွေဝေနေစဉ်စဉ်မှာပဲ မိုးကြိုးလျှပ်စီးအကာအကွယ်က ကျိုးပျက်သွားပြီး ဦးချိုသုံးချောင်းနတ်ဆိုးနတ်ဘုရားက တစ်ဟုန်ထိုးတိုက်ခိုက်လာတယ်။
"ဦးချိုသုံးချောင်းနတ်ဆိုးနတ်ဘုရား၊ ငါ အဆင့်မြင့်စကြာဝဠာရတနာကို မင်းအတွက် ချန်ထားပေးပါ့မယ်။ နောက်မှတွေ့ကြတာပေါ့"
မိုးကြိုးလျှပ်စီးတောင်ပံနတ်ဘုရားက ပြောပြီးနောက် တောင်ပံတွေကို တစ်ချက်ခတ်လိုက်ရာ သူက အရိပ်အယောင်တစ်ခုတောင်မကျန်ဘဲ ပျောက်ကွယ်သွားတော့တယ်။
"တစ်ခုခုတော့ တစ်ခုခုပဲ"
ဦးချိုသုံးချောင်းနတ်ဆိုးနတ်ဘုရားက အနည်းငယ်တုံ့တုံ့ဆိုင်းဆိုင်းဖြစ်သွားတယ်။
မိုးကြိုးလျှပ်စီးတောင်ပံနတ်ဘုရားရဲ့ခန္ဓာကိုယ်မှာ အကြိုနတ်ဘုရားစွမ်းအားအများကြီးမကျန်တော့တာကို သူ ဘယ်လိုလုပ်သိနိုင်မှာလဲ။ မိုးကြိုးလျှပ်စီးတောင်ပံရဲ့စွမ်းအားတွေကလည်း အကြီးအကျယ်လျော့ကျနေပြီလေ။ သူက ဆက်နေနေရင် ဦးချိုသုံးချောင်းနတ်ဆိုးနတ်ဘုရားကို ယှဉ်ပြိုင်နိုင်မှာမဟုတ်ပါဘူး။ ဒါ့ပြင် အချိန်ကြာလာတာနဲ့အမျှ အခြားအကြိုနတ်ဘုရားတွေ ရောက်ရှိလာမှာပဲ။ ဒီလိုဆိုမှတော့ သူက လက်လျှော့ပြီး သူ့ခွန်အားကို ပြန်ရအောင်လုပ်တာကပဲ ပိုကောင်းပါလိမ့်မယ်။
"ငါ ဂရုမစိုက်နိုင်ဘူး။ ဒီကောင်လေးက ရင်ဆိုင်ရလွယ်ပုံမပေါ်ဘူ။ ငါ ဖြစ်နိုင်သမျှ အမြန်အဆုံးသတ်ရမယ်"
ဦးချိုသုံးချောင်းနတ်ဆိုးနတ်ဘုရားရဲ့ခန္ဓာကိုယ်အရွယ်အစားက နက်ပြာပလိန်းရဲ့တစ်ဆယ်ရာခိုင်နှုန်းရှိတယ်။ သူ သူ့လက်သီးကို ဝှေ့ယမ်းလိုက်တဲ့အခါ ကြီးမားတဲ့လက်သီးအားက သေမင်းမုန်တိုင်းတစ်ခုပမာ လီဖူချန်းကို ရိုက်ခတ်လာတယ်။
"အချိန်ကျပြီ"
မူလချပ်ဝတ်ကို ဝတ်ဆင်၊ မူလဓားကို ကိုင်ဆွဲလျက် လီဖူချန်းက ဓားတစ်ကွက်နဲ့ တန်ပြန်တိုက်ခိုက်လိုက်တယ်။
ဝှစ်......
လက်သီးအားနဲ့ဓားချီက တစ်ချိန်တည်းမှာပဲ ပျောက်ကွယ်သွားတယ်။
"ဘာ......"
မိုးကြိုးလျှပ်စီးတောင်ပံနတ်ဘုရားက လီဖူချန်းကို မရင်ဆိုင်နိုင်ခဲ့မှန်း ဦးချိုသုံးချောင်းနတ်ဆိုးနတ်ဘုရားက နောက်ဆုံးတော့ သိသွားခဲ့တယ်။ လီဖူချန်းရဲ့တိုက်ခိုက်ခွန်အားက အကြိုနတ်ဘုရားအဆင့်မှာရှိတာသိသာတယ်။ ဒါ့အပြင် သူက တိုက်စစ်ခံစစ်နှစ်ခုလုံးရှိပြီး အားနည်းချက်တစ်ခုလေးတောင် မရှိပါဘူး။
"ဒီလိုဆိုမှတော့ ဘယ်သူက အကြာကြီးရပ်တည်နိုင်မလဲ ကြည့်ကြတာပေါ့"
ဦးချိုသုံးချောင်းနတ်ဆိုးနတ်ဘုရားက အလွန်ယုံကြည်ချက်ရှိတယ်။ သူက မိုးကြိုးလျှပ်စီးတောင်ပံနတ်ဘုရားနဲ့မတူပါဘူး။ သူ့ရဲ့အကြိုနတ်ဘုရားချပ်ဝတ်ကြောင့် စကြာဝဠာကျုံးကို ဖြတ်သန်းဖို့ သူက စွမ်းအင်အများကြီးမသုံးစွဲခဲ့ရပါဘူး။
ဝုန်း ဝုန်း ဝုန်း......
ဦးချိုသုံးချောင်းနတ်ဆိုးနတ်ဘုရားက လီဖူချန်းရဲ့ဓားချီကို လုံးဝမကြောက်ဘူး။ သူ မရှောင်တိမ်းဘဲ ဓားချီကို သူ့ခန္ဓာကိုယ်အပေါ် ကျရောက်ခွင့်ပြုတဲ့အကြိမ်တွေရှိတယ်။ ပြီးနောက် သူက အခွင့်အရေးကို ဆုတ်ကိုင်ပြီး လီဖူချန်းကို ပြင်းပြင်းထန်ထန်တိုက်ခိုက်လိုက်တယ်။
စိတ်မကောင်းစရာတစ်ခုကတော့ လီဖူချန်းရဲ့ခုခံမှုက ဦးချိုသုံးချောင်းနတ်ဆိုးနတ်ဘုရားထက် မနိမ့်ကျတာပဲ။ ဒါ့ပြင် ဦးချိုသုံးချောင်းနတ်ဆိုးနတ်ဘုရားရဲ့တိုက်ခိုက်မှုက အားကောင်းတယ်လို့ မသတ်မှတ်နိုင်ပါဘူး၊ မိုးကြိုးလျှပ်စီးတောင်ပံနတ်ဘုရားထက် အများကြိးနိမ့်ကျတယ်။ ဒါကြောင့် လီဖူချန်းက ဖိအားအများကြီးမရှိပါဘူး။
တစ်ရက်၊ တစ်လ........
တိုက်ပွဲကဖြစ်စေတဲ့ဖြစ်ရပ်က ကြီးမားတယ်။ နက်ပြာပလိန်းရဲ့အနီးဝန်းကျင်ရှိကြယ်တွေအားလုံး ပျက်ဆီးသွားတယ်။ စကြာဝဠာဥပဒေသက တစ်စစီဖြစ်သွားပြီး ဖရိုဖရဲအပျက်အစီးနယ်မြေလို အန္တရာယ်နေရာတစ်ခုအဖြစ် ပြောင်းလဲသွားတယ်။
"သေမင်းစုပ်ယူခြင်း......"
ဦးချိုသုံးချောင်းနတ်ဆိုးနတ်ဘုရားရဲ့ခန္ဓာကိုယ်ပေါ်မှာ အကြိုနတ်ဘုရားချပ်ဝတ်က ထွက်ပေါ်လာတယ်။ ၎င်းက ခရမ်းရောင်ချပ်ဝတ်ဖြစ်ပြီး ချပ်ဝတ်ရဲ့မျက်နှာပြင်ပေါ်မှာ အဆုံးမဲ့ရေဘဝဲလက်တွေရှိတယ်။ ရေဘဝဲလက်တွေ ကြီးလာတာနဲ့အမျှ နက်ပြာပလိန်းနဲ့၎င်းရဲ့ပတ်ဝန်းကျင်က ရေဘဝဲလက်ကမ္ဘာတစ်ခုဖြစ်လာတယ်။
"ချိုးဖြတ်စမ်း"
လီဖူချန်းက ရေဘဝဲလက်တွေကို သူ့နားကပ်ခွင့်ပြုစရာအကြောင်းမရှိပါဘူး။ သူက မူလဓားကို ဝှေ့ယမ်းကာ နီးကပ်လာတဲ့ရေဘဝဲလက်တိုင်းကို ဖျက်ဆီးလိုက်တယ်။
ဒါပေမယ့် ရေဘဝဲလက်တွေက မနီးကပ်လာနိုင်ရင်တောင် သူတို့က သူ့ရဲ့စွမ်းအားနဲ့အသက်အားကို စုပ်ယူနိုင်သေမှန်း သူ သိတယ်။
"ငါ့ကို သေမင်းမျှော့ချပ်ဝတ်ရဲ့စွမ်းအားကို အသုံးပြုဖို့ ဖိအားပေးနိုင်တဲ့အတွက် မင်းဂုဏ်ယူရမှာပဲ"
ဦးချိုသုံးချောင်းနတ်ဆိုးနတ်ဘုရားရဲ့ခုခံမှုအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းကို သေမင်းမျှော့ချပ်ဝတ်လို့ခေါ်တယ်။ မှင်တက်စရာခံစစ်အပြင် ၎င်းက အခြားသူတွေရဲ့စွမ်းအားကိုလည်း စုပ်ယူနိုင်တယ်။
ဒါက မိုးကြိုးလျှပ်စီးတောင်ပံနတ်ဘုရား ထွက်ခွာခဲ့တဲ့အကြောင်းပြချက်တွေထဲကတစ်ခုဖြစ်တယ်။
နှစ်လ၊ သုံးလ......
လီဖူချန်းရဲ့စွမ်းအားနဲ့အသက်အားကို စုပ်ယူရင်း ဦးချိုသုံးချောင်းနတ်ဆိုးနတ်ဘုရားက လီဖူချန်းရဲ့စွမ်းအားကို ကုန်ခန်းစေနေတယ်။ ဒါပေမယ့် လအနည်းငယ်ကြာပြီးနောက် သက်ရောက်မှုတွေက အလွန်သေးငယ်လျက်ပါပဲ။
"ဟမ့်၊ မင်းက ငါနဲ့ အားကုန်တာချင်း ပြိုင်ချင်နေတာလား"
သက်စောင့်စွမ်းအားအရ လီဖူချန်းက အကြိုနတ်ဘုရားတစ်ယောက်နဲ့ မယှဉ်နိုင်ပါဘူး။
ဒါပေမယ့် သူ့မှာ မူလလက်ကောက်၊ အသက်သစ်ပင်နဲ့ သူ့စွမ်းအားကိုပြန်ရစေနိုင်တဲ့ ဓားတာအိုစကြာဝဠာရတနာများစွာ ရှိသေးတယ်။ အရေးကြီးဆုံးကတော့ ဦးချိုသုံးချောင်းနတ်ဆိုးနတ်ဘုရားက မူလလက်ကောက်ကို ဖြတ်သန်းပြီး ကန့်သတ်ထားတဲ့စွမ်းအားပမာဏကိုပဲ စုပ်ယူနိုင်တယ်။ တကယ်တော့ သူ့ရဲ့မူလအဆုံးစွန်းဓားပညာနဲ့မူလအဆုံးစွန်းဓားနည်းစနစ်တို့က ကြယ်ပိုင်နက်အဆင့်ရဲ့နှောင်းပိုင်းအခြေအနေမှာ ရှိနေပြီးသားပဲ။ ကျင့်ကြံခြင်းအဆင့်အရ ဦးချိုသုံးချောင်းနတ်ဆိုးနတ်ဘုရားက သူနဲ့မယှဉ်နိုင်ပါဘူး။ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းကြောင့်သာ ဦးချိုသုံးချောင်းနတ်ဆိုးနတ်ဘုရားရဲ့စွမ်းအားက တိုးမြှင့်နေတာပါ။
"တောက်"
ဦးချိုသုံးချောင်းနတ်ဆိုးနတ်ဘုရားက ခက်ခဲတဲ့အနေအထားတစ်ခုမှာ ရှိတယ်။ သူက အနည်းငယ်နောင်တရမိတယ်၊ အခြေအနေကို လေ့လာပြီးမှ သူက ဘာလို့မထွက်လာခဲ့တာလဲ။ စောစောထွက်လာခြင်းက လီဖူချန်းကိုလေ့လာတဲ့အခွင့်အရေးကို အခြားသူတွေကို သူက ပေးလိုက်တာပဲ။ အကြိုနတ်ဘုရားစွမ်းအားနဲ့ပတ်သက်ပြီး သူ့ရဲ့အာရုံခံစားမှုအရ ကန့်လန့်ဖြတ်မြစ်ကြယ်ပိုင်နက်ရဲ့အပြင်ဘက်ကနေ ဒီနေရာကို လေ့လာစောင့်ကြည့်နေတဲ့သူတွေရှိမှန်း သူက ရေးတေးတေးအာရုံခံမိတယ်။
"မင်းတို့က ငါ့ကို အသုံးချချင်နေတာပေါ။ အိမ်မက်ပဲမက်နေလိုက်"
ဒါနဲ့ပတ်သက်ပြီး စဉ်းစားပြီးနောက် ဦးချိုသုံးချောင်းနတ်ဆိုးနတ်ဘုရားက မိုးကြိုးလျှပ်စီးတောင်ပံနတ်ဘုရားကဲ့သို့ ထွက်ခွာသွားဖို့ ဆုံးဖြတ်လိုက်တယ်။
ရေဘဝဲလက်တွေပျောက်ကွယ်သွားပေမယ့် လီဖူချန်းက နက်ပြာပလိန်းကို မပြန်ပါဘူး။ အန္တရာယ်အစစ်အမှန်က စတင်ရုံလေးပဲရှိသေးတာကို သူ သိတယ်။ သူက ဒါကို မရင်ဆိုင်နိုင်ရင် သူက နက်ပြာပလိန်းထဲမှာပဲ အချိန်အကြာကြီး ပုန်းအောင်းနေရလိမ့်မယ်။
သူ့ကိုပြဿနာလာရှာတဲ့အကြိုနတ်ဘုရားတွေက သိပ်အားမကောင်းဖို့ပဲ သူက မျှော်လင့်နိုင်တယ်။
"အသုံးမကျဘူး"
ခရမ်းဝင်ရိုးစွန်းကြယ်ပိုင်နက်ထဲမှာ ငွေရောင်မျက်ခုံးအကြီးအကဲတစ်ယောက်က လက်ဖက်ရည်သောက်နေတယ်။ လက်ဖက်ရည်ကြိုဖို့ သူက လက်သီးအရွယ်အစားမီးဘောလုံးတစ်လုံးကို အသုံးပြုနေတယ်။ တစ်ယောက်ယောက်က အနီးကပ်ကြည့်ရင် ဒီမီးဘောလုံးက မီးလျှံကြယ်တစ်ခုဆိုတာ သူတို့က သိပေလိမ့်မယ်။
ဧရာမမီးလျှံကြယ်တစ်လုံးကို လက်သီးအရွယ်အစားအထိ ဖိနှိပ်ဖို့က သာမန်လူတစ်ယောက်လုပ်နိုင်တဲ့အရာမျိုးမဟုတ်ဘူး။ တကယ်တော့ မီးလျှံကြယ်တွေက အသုံးအဆောင်ပစ္စည်းမဟုတ်ဘူး၊ သူတို့ရဲ့ပုံသဏ္ဍာန်ကို ပြောင်းလဲနိုင်တယ်။
"သွားစမ်း"
ငွေရောင်မျက်ခုံးအကြီးအကဲက လက်ကို လှန်လိုက်တယ်၊ ကြိုးတစ်ချောင်းက သူ့လက်ထဲမှာ ထွက်ပေါ်လာတယ်။ အလင်းတစ်ချက်လက်သွားပြီး ကြိုးက ခရမ်းဝင်ရိုးစွန်းကြယ်ပိုင်နက်နဲ့ကန့်လန့်ဖြတ်မြစ်ကြယ်ပိုင်နက်အကြားအကွာအဝေးကို လစ်လျူရှုခဲ့တယ်။ ၎င်းက နက်ပြာပလိန်းအနီးဝန်းးကျင်အထိ ရောက်ရှိလာပြီး လီဖူချန်းကို ချည်နှောင်ဖို့ ကြိုးစားလိုက်တယ်။
ဒီကြိုးက တကယ်တော့ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်ပြီး ၎င်းက ဖမ်းဆီးခြင်းအမျိုးအစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်တယ်။
"ငွေရောင်ကြေးခွံနတ်ဘုရား၊ ဒီကလေးက ငါ့ဟာပဲ။ မင်း အခု ရပ်စမ်း"
ထိုအခိုက်မှာ လေမီးလျှံဘီးတစ်ခုက ကြိုးအပေါ် ရုတ်တရက်တိုက်ခိုက်လာတယ်။
"လေမီးလျှံတိုက်ပွဲနတ်ဘုရား၊ မင်း ငါ့ကို တားဆီးချင်နေတာလား"
ငွေရောင်မျက်ခုံးလူရဲ့အမူအရာက မကျေမနပ်ဖြစ်သွားတယ်။ လေမီးလျှံတိုက်ပွဲနတ်ဘုရားက တိုက်ပွဲနတ်ဘုရားမျှော်စင်ရဲ့အကြိုနတ်ဘုရားတစ်ယောက်ဖြစ်ပြီး သူ့လိုပဲ အဆင့်မြင့်အကြိုနတ်ဘုရားတစ်ယောက်ပါပဲ။ အရေးကြီးဆုံးကတော့ လေမီးလျှံတိုက်ပွဲနတ်ဘုရားရဲ့ခွန်အားက သူ့ထက် အများကြီးပိုသန်မာတာပဲ။
"ရတနာတွေကို အစွမ်းရှိတဲ့သူတွေကပဲ ပိုင်ဆိုင်ရမှာပဲ၊ ငါ မင်းကို တားတော့ရော့ ဘာဖြစ်လဲ"
မူလလက်ကောက်က လီဖူချန်းရဲ့လက်ထဲမှာ သာမန်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေထက် အနည်းငယ်သာ ပိုသန်မာပေမယ့် အကြိုနတ်ဘုရားတစ်ယောက်ရဲ့လက်ထဲမှာဆိုရင် ၎င်းက အဆင့်မြင့်ဒါမှမဟုတ်ပထမတန်းစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုရဲ့စွမ်းအားကို ထုတ်ဖော်ပြဖို့ လုံလောက်တယ်။
သူ့ရဲ့လေမီးလျှံဘီးဒါမှမဟုတ်ငွေရောင်ကြေးခွံနတ်ဘုရားရဲ့ကောင်းကင်အံ့ဖွယ်နတ်ကြိုးဖြစ်စေ၊ သူတို့က အဆင့်မြင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေသာဖြစ်တယ်။ သူတို့က ဦးချိုသုံးချောင်းနတ်ဆိုးနတ်ဘုရားရဲ့သေမင်းမျှော့ချပ်ဝတ်နဲ့မိုးကြိုးလျှပ်စီးတောင်ပံနတ်ဘုရားရဲ့မိုးကြိုးလျှပ်စီးတောင်ပံတွေသာ ပိုသာလွန်တယ်။ ဒါကြောင့် အဆင့်မြင့်စကြာဝဠာရတနာတစ်ခုက သူတို့အတွက် အလွန်အသုံးဝင်တယ်။
အဆင့်မြင့်စကြာဝဠာရတနာတွေကို သာမန်လို့သာ သဘောထားနိုင်တဲ့သူတွေက အကြိုနတ်ဘုရားပစ္စည်းမျိုးစုံကို ပိုင်ဆိုင်တဲ့ ပထမတန်းစားဒါမှမဟုတ်အထွတ်အထိပ်အကြိုနတ်ဘုရားတွေပဲ ဖြစ်နိုင်တယ်။
ကောင်းကင်အံ့ဖွယ်နတ်ကြိုးနဲ့လေမီးလျှံဘီးက အဆုံးမဲ့တိုက်ခိုက်နေတယ်။ သူတို့ရဲ့ပိုင်ရှင်တွေအတွက်ကတော့ သူတို့ကိုယ်သူတို့ အခုထိ မဖော်ပြရသေးပါဘူး။
"ဒါ အဆင့်မြင့်အကြိုနတ်ဘုရားတစ်ယောက်ရဲ့ခွန်အားလား"
အကြိုနတ်ဘုရားတစ်ယောက်ရဲ့ခွန်အားက ကဏ္ဍနှစ်ခုနဲ့ဆက်စပ်နေတာကို လီဖူချန်းက ရှင်းလင်းစွာသိတယ်။
ပထမ၊ ကျင့်ကြံခြင်းအဆင့်။ ဒုတိယ၊ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းရဲ့အဆင့်။
တစ်ယောက်ယောက်ရဲ့ကျင့်ကြံခြင်းအဆင့်က အသန်မာဆုံးအရှင်ရဲ့အဆင့်မှာ ရှိရင် သာမန်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ရရှိရင်တောင် သူ့ရဲ့ခွန်အားက အဆင့်မြင့်အကြိုနတ်ဘုရားဒါမှမဟုတ်ပထမတန်းစားအကြိုနတ်ဘုရားတစ်ယောက်နဲ့ အနည်းဆုံးနှိုင်းယှဉ်နိုင်တယ်။
တစ်ယောက်ယောက်ရဲ့ကျင့်ကြံခြင်းအဆင့်က မမြင့်မားရင် သူက အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းအပေါ်ပဲ မှီခိုရလိမ့်မယ်။
ယေဘုယျပြောရရင် ပြိုင်ဘက်ကင်းအရှင်တစ်ယောက်က အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ရရှိရင် သူက အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားတစ်ယောက်ရဲ့ခွန်အားရှိလာလိမ့်မယ်။
ပြိုင်ဘက်ကင်းအရှင်အောက်ကသူတွေအတွက်ကတော့ သူတို့မှာ အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုရှိရင် သူတို့ရဲ့ခွန်အားက အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားတစ်ယောက်နဲ့ နီးကပ်ရုံမျှသာ ရှိပေလိမ့်မယ်။
ဒါကြောင့် ယေဘုယျအားဖြင့် ပြောရရင် အကြိုနတ်ဘုရားတစ်ယောက်ရဲ့ခွန်အားကို အကြိုနတ်ဘုရအသုံးအဆောင်ပစ္စည်းရဲ့ခွန်အားကပဲ အများဆုံး,ဆုံးဖြတ်တာပါပဲ။ နှစ်ဖက်လုံးရဲ့အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေက စွမ်းအားမညီမျှရင် ကျင့်ကြံခြင်းအဆင့်က အများကြီးသက်ရောက်မှာမဟုတ်ပါဘူး။
အဆင့်မြင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းနှစ်ခုအကြားတိုက်ပွဲက လီဖူချန်း၊ဦးချိုသုံးချောင်းနတ်ဆိုးနတ်ဘုရားနဲ့မိုးကြိုးလျှပ်စီးတောင်ပံနတ်ဘုရားတို့အကြားတိုက်ပွဲထက် ပိုပြီးအင်တိုက်အားတိုက်ရှိတယ်။ နက်ပြာပလိန်းပတ်ပတ်လည်ရှိစကြာဝဠာဥပဒေသက အဆက်မပြတ်ကြီးမားလာနေတဲ့ဒဏ်ရာတစ်ခုပမာ လုံးဝပျက်စီးယိုယွင်းသွားတယ်။ ဒီနေရာရှိစကြာဝဠာဥပဒေသက နဂိုအတိုင်းပြန်ဖြစ်ဖို့ အချိန်အကြာကြီးလိုမယ်လို့ လီဖူချန်းက ယူဆထားတယ်။ ဖရိုဖရဲအပျက်အဆီးနယ်မြေလိုမျိုး စကြာဝဠာဥပဒေသက နဂိုအတိုင်းလုံးဝပြန်မဖြစ်နိုင်တော့ဘူးလားကိုတော့ မသိပါဘူး။