← Chapters

အကြိုနတ်ဘုရားတွေ စုပြုံရောက်ရှိလာခြင်း

Vol. 74 Ch. 1032

အကြိုနတ်ဘုရားတွေ စုပြုံရောက်ရှိလာခြင်း

Vol. 74 Ch. 1032

ဝီဝီ......

ကောင်းကင်အံ့ဖွယ်နတ်ကြိုးနဲ့လေမီးလျှံဘီးတို့ ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ်မှာပဲ ရွှေရောင်ခေါင်းလောင်းတစ်ခုက ရုတ်တရက် ထွက်ပေါ်လာတယ်။ တုန်ခါမှုနဲ့တစ်ခုနဲ့အတူ ကောင်းကင်အံ့ဖွယ်နတ်ကြိုးနဲ့ လေမီးလျှံဘီးအပါအဝင် အရာရာတိုင်းက ငြိမ်သက်သွားတယ်။

"မကောင်းတော့ဘူး"

ရွှေရောင်ခေါင်းလောင်းက သူ့ကို ဖိနှိပ်လာတာကို မြင်ပြီး လီဖူချန်းက မူလလက်ကောက်ကို မူရင်းပုံစံသို့ အမြန်ပြန်ပြောင်းကာ ရွှေရောင်ဘောလုံးကို ရိုက်နှက်လိုက်တယ်။

ချွမ်း.......

ရွှေရောင်ဘောလုံးက လွင့်ထွက်သွားပြီး လီဖူချန်းကို မဖိနှိပ်နိုင်ခဲ့ပါဘူး။

"အမ်"

အနီးနားရှိကြယ်ပိုင်နက်တစ်ခုမှာ ခရမ်းရွှေရောင်သရဖူတစ်ခုကိုဝတ်ဆင်ထားတဲ့ မုတ်ဆိတ်ရှည်လူတစ်ယောက်က အံ့အားသင့်သွားတယ်။

"ရွှေခေါင်းလောင်းနတ်ဘုရား၊ မင်း လူတိုင်းကို အထင်သေးလို့ရမယ်ထင်နေတာလား"

ငွေရောင်ယူနီကွန်နတ်ဘုရားနဲ့လေမီးလျှံတိုက်ပွဲနတ်ဘုရားက မုတ်ဆိတ်ရှည်လူကို ကြည့်လိုက်တယ်။

မုတ်ဆိတ်ရှည်က စီရင်ချက်မျက်လုံးမှအဆင့်မြင့်အကြိုနတ်ဘုရားတစ်ယောက်ဖြစ်တဲ့ရွှေခေါင်းလောင်းနတ်ဘုရားပါပဲ။ သူ့ရဲ့အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းဖြစ်တဲ့ငြိမ်သက်ခြင်းရွှေခေါင်းလောင်းက ဆန်းကြယ်ပြီး ကြောက်စရာကောင်းတဲ့စွမ်းအားရှိတယ်။ ၎င်းကို ကြောက်စရာအကောင်းဆုံးအဆင့်မြင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေထဲကတစ်ခုလို့ ယူဆနိုင်တယ်။

"ဟုတ်တယ်၊ ငါ မင်းတို့ကို တကယ်အထင်သေးတယ်။ ဘာဖြစ်လဲ"

ရွှေခေါင်းလောင်းနတ်ဘုရားက နှာခေါင်းရှုံ့ကာ လီဖူချန်းကို ဆက်လက်ဖိနှိပ်လိုက်တယ်။

"ချွမ်း ချွမ်း ချွမ်း ......"

လီဖူချန်းက မူလလက်ကောက်ကို အသက်သွင်းကာ ရွှေရောင်ခေါင်းလောင်းကို လွင့်ထွက်သွားစေတယ်။

"ဘာအဆင့်မြင့်စကြာဝဠာရတနာတစ်ခုလဲ။ သူ့စွမ်းအားက အဆင့်မြင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေနဲ့တောင် ယှဉ်နိုင်တာပဲ" ရွှေခေါင်းလောင်းအရှင်က မူလလက်ကောက်ကို သေချာပေါက်အရယူဖို့ ဆုံးဖြတ်လိုက်တယ်။

လက်ကို ဝှေ့ယမ်းလိုက်ရာ ရွှေခေါင်းလောင်းနတ်ဘုရားက လမ်းကြောင်းတစ်ခုဖောက်ပြီး ခြေတစ်လှမ်းနဲ့ နက်ပြာပလိန်းအနီးကို ရောက်ရှိလာတယ်။

ဒီနည်းလမ်းက အကြိုနတ်ဘုရားစွမ်းအားအများစုကို  ကုန်ဆုံးစေပေမယ့် တစ်ခါတစ်ရံမှအသုံးပြုတာက ပြဿနာကြီးတစ်ခုတော့ မဟုတ်ဘူး။

"ရွှေခေါင်းလောင်းနတ်ဘုရား"

ငွေရောင်ယူနီကွန်နတ်ဘုရားနဲ့လေမီးလျှံနတ်တိုက်ပွဲနတ်ဘုရားတို့က နက်ပြာပလိန်းအနီးကို ရောက်ရှိလာပြီး ရွှေခေါင်းလောင်းအရှင်ကို စိုက်ကြည့်လိုက်တယ်။

"မင်းတို့ကိုယ်မင်းတို့ အရှက်မရစေချင်ရင် အမြန်ထွက်သွားဖို့ ငါ အကြံပေးချင်တယ်" ရွှေခေါင်းလောင်းအရှင်က သူ့လက်ကို ဝှေ့ယမ်းလိုက်တယ်၊ ရွှေရောင်ခေါင်းလောင်းက လျင်မြန်စွာ နစ်မြုပ်သွားပြီး သူ့လက်ထဲကို ကျရောက်လာတယ်။

ငွေရောင်ယူနီကွန်နတ်ဘုရားက ကောင်းကင်အံ့ဖွယ်နတ်ကြိုးကို ဆုတ်ကိုင်ထားလျက် ပြောလိုက်တယ်"ရွှေခေါင်းလောင်းအရှင်၊ မင်းကိုယ်မင်း ပထမတန်းစားအကြိုနတ်ဘုရားတစ်ယောက်လို့ ထင်နေတာလား"

"ရွှေရောင်ခေါင်းလောင်းအရှင်၊ မင်း မောက်မာလွန်းနေတာပဲ" လေမီးလျှံနတ်တိုက်ပွဲနတ်ဘုရားရဲ့ခွနိအက ရွှေခေါင်းလောင်းအရှင်ထက် မနိမ့်ကျဘူး၊ သူက ရွှေခေါင်းလောင်းအရှင်ရဲ့အမူအရာအပေါ် အတော်လေးမကျေမနပ်ဖြစ်နေတယ်။

လေမီးလျှံနတ်ဘုရား၊ ငါတို့အတူပူးပေါင်းပြီး ရွှေခေါင်းလောင်းအရှင်ကို ဖယ်ရှားရအောင်" ငွေရောင်ယူနီကွန်နတ်ဘုရားက လေမီးလျှံနတ်ဘုရားထံ ဆက်သွယ်လိုက်တယ်။

"ကောင်းပြီ"

လေမီးလျှံနတ်ဘုရားအရှင်က ခေါင်းညိတ်ပြီး ကြီးမားတဲ့လေမီးလျှံဘီးက ရွှေခေါင်းလောင်းနတ်ဘုရားထံ ပြေးဝင်တိုက်ခိုက်လာတယ်။

"ရွှေခေါင်းလောင်းအရှင်၊ မင်းပဲ အမြန်ထွက်သွားရမှာ" ငွေရောင်ယူနီကွန်နတ်ဘုရားက သူ့လက်ကို ဝှေ့ယမ်းပြီး ကောင်းကင်အံ့ဖွယ်နတ်ကြိုးက ရွှေခေါင်းလောင်းနတ်ဘုရားထံ ရေနဂါးတစ်ကောင်ပမာ ရိုက်ခတ်လာတယ်။

"ငတုံး‌တွေ"

ရွှေခေါင်းလောင်းအရှင်က နှာခေါင်းရှုံ့လိုက်တယ်။ သူ့လက်ထဲရှိရွှေခေါင်းလောင်းက သူ့ကိုယ်သူကာကွယ်ဖို့ ကြီးမားလာတယ်။

ဝုန်း ဝုန်း ဝုန်း......

လေမီးလျှံဘီးဖြစ်ဖြစ်ဒါမှမဟုတ်ကောင်းကင်အံ့ဖွယ်နတ်ကြိုးဖြစ်ဖြစ်၊ လီဖူချန်းထံ မချဉ်းကပ်န်ိုင် သူတို့အားလုံးကို ရွှေခေါင်းလောင်းက တားဆီးလိုက်တယ်။

ဒါကို မြင်ပြီး‌ ငွေယူနီကွန်နတ်ဘုရားက ရွှေခေါင်းလောင်းကို ကောင်းကင်အံ့ဖွယ်နတ်ကြိုးနဲ့ ချည်နှောင်လိုက်တယ်။

ဝှီ ဝှီ.......

ရွှေခေါင်းလောင်းက တုန်ခါသွားပြီး ကောင်းကင်အံ့ဖွယ်နတ်မိုးကြိုးက ချက်ချင်း ပျော့ပြောင်းသွားကာ ရွှေခေါင်းလောင်းကို ရစ်ပတ်နိုင်ခြင်းမရှိတော့ဘူး။

"ဒီရွှေခေါင်းလောင်းက ရင်ဆိုင်ရတာ ခက်ခဲလွန်းတာပဲ" ငွေ‌ယူနီကွန်နတ်ဘုရားက အံကြိတ်လိုက်တယ်။

ကံကောင်းစွာနဲ့ လေမီးလျှံနတ်ဘုရားက ဘေးကနေ ရွှေခေါင်းလောင်းကို တိုက်ခိုက်နေလို့ပဲ၊ ဒါကြောင့် ငွေယူနီကွန်အပေါ်ရှိဖိအားက သိပ်မများပါဘူး။

"ငါ တကယ်လစ်လျှူရှုခံနေရတာပဲ။ ကောင်းတယ်။ အကြိုနတ်ဘုရားတစ်ယောက်ဆိုတာ ဘယ်လိုလဲ တစ်ချက်ကြည့်ရတာပေါ့" လီဖူချန်းရဲ့မျက်လုံးထဲမှာ အကြိုနတ်ဘုရားစွမ်းအားက အလွန်ထူးခြားတယ်။ ၎င်းက ဒီစကြာဝဠာထက် သာလွန်တဲ့စွမ်းအားတစ်ခုဖြစ်တယ်။ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေက ပိုတောင်ထူးခြားတယ်၊ သူတို့မှာလည်း ဒီစကြာဝဠာထက် ပိုသာလွန်တဲ့ဥပဒေသ‌တွေ ပါဝင်နေတာကြောင့်ပဲ။

နတ်ဘုရားကမ္ဘာတစ်ခုသာ တကယ်ရှိရင် အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေက နတ်ဘုရားကမ္ဘာပဲ ဖြစ်ရမယ်။ နတ်ဘုရားစစ်မြေပြင်က နတ်ဘုရားနယ်မြေနဲ့စကြာဝဠာကို ချိတ်ဆက်ထားပေးတဲ့နေရာတစ်ခု ဖြစ်နိုင်တယ်။

ထိပ်တိုက်ရင်ဆိုင်မှုအချို့ပြီးနောက် ငွေယူနီကွန်နတ်ဘုရားနဲ့လေမီးလျှံတိုက်ပွဲနတ်ဘုရားတို့က ရွှေ‌ခေါင်းလောင်းနတ်ဘုရားကို တဖြည်းဖြည်း ဖိနှိပ်လာနေတယ်။

"ရွှေခေါင်းလောင်းနတ်ဘုရား၊ မင်းမှာရှိတာ ဒါ အကုန်ပဲလား" လေမီးလျှံတိုက်ပွဲနတ်ဘုရားက သရော်လိုက်တယ်။

ရွှေခေါင်းလောင်းနတ်ဘုရားက စွမ်းရည်ဒီ‌လောက်ပဲရှိတယ်ဆိုရင် လေမီးလျှံတိုက်ပွဲနတ်ဘုရားနဲ့ငွေယူနီကွန်နတ်ဘုရားတို့က ရွှေခေါင်းလောင်းနတ်ဘုရားရဲ့အကြိိုနတ်ဘုရားစွမ်းအားကို ကုန်ခန်းစေနိုင်လိမ့်မယ်။

အကြိုနတ်ဘုရားတွေက အားကောင်းပေမယ့် သူတို့မှာလည်း အားနည်းချက်တစ်ခုရှိတယ်။ အကြိုနတ်ဘုရားစွမ်းအားကို ပြန်ဖြည့်ဖို့ အလွန်ခက်ခဲခြင်းပါပဲ။ အကြိုနတ်ဘုရားစစ်မြေပြင်မှာသာ အကြိုနတ်ဘုရားစွမ်းအားကို လျင်မြန်စွာ ပြန်ဖြည့်လာနိုင်လိမ့်မယ်။

"မင်း အခုမထွက်သွားသေးရင် ဒီနေ့ ဒီနေရာမှာပဲ နေခဲ့လိုက်တော့" ငွေယူနီကွန်နတ်ဘုရားက ကောင်းကင်အံ့ဖွယ်နတ်ကြိုးကို အကန့်အသတ်အထိ တွန်းပို့ပြီး ရွှေခေါင်းလောင်းနတ်ဘုရားကို ချည်နှောင်ဖို့ အဆက်မပြတ်ကြိုးစားလိုက်တယ်။

တုံ့ပြန်တဲ့အနေနဲ့ ရွှေခေါင်းလောင်းနတ်ဘုရားက သရော်ပြုံးပြုံးလိုက်တယ်" ငြိမ်သက်ခြင်းရွှေခေါင်းလောင်းကိုပဲ မှီခိုနေရင် ငါက တကယ်ကို မင်းတို့အတွက် ပြိုင်ဘက်မဟုတ်ဘူး။ စိတ်မကောင်းစရာက‌တော့ ငါ့မှာ ဒုတိယမြောက်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းဖြစ်တဲ့ခရမ်းရွှေ‌အံ့ဖွယ်နတ်သရဖူရှိနေတာပဲ....."

ပြောနေရင်း ရွှေခေါင်းလောင်းနတ်ဘုရားရဲ့ဦးခေါင်းပေါ်ရှိခရမ်းရွှေရောင်သရဖူက ခရမ်းရွှေရောင်ခြည်စက်ဝန်းတစ်ခုကို ထုတ်လွှတ်လိုက်တယ်။ ကြောက်စရာကောင်းတဲ့စွမ်းအားတစ်ခုက ရွှေခေါင်းလောင်းနတ်ဘုရားရဲ့ခန္ဓာကိုယ်နဲ့ ပေါင်းစပ်သွားတယ်။

"ထွက်သွားစမ်း"

ရွှေခေါင်းလောင်းက လှည့်ပတ်ကာ တုန်ခါသွားတယ်။ ငွေယူနီကွန်နတ်ဘုရားနဲ့လေမီးလျှံတိုက်ပွဲနတ်ဘုရားရဲ့အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေအားလုံး လွင့်ထွက်သွားတယ်။

ဘာ။ ဒုတိယမြောက်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုလား"

ငွေယူနီကွန်နတ်ဘုရားက ထိတ်လန့်သွားတယ်။

အကြိုနတ်ဘုရားတွေအများစုထဲမှာ အနည်းငယ်ကသာ ဒုတိယမြောက်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ပိုင်ဆိုင်ကြတာ။ တတိယမြောက်ဒါမှမဟုတ်စတုတ္ထမြောက်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းကို ပိုင်ဆိုင်တဲ့အကြိုနတ်ဘုရားတွေတောင် ရှိတယ်။ ဒါပေမယ့် ဒီအကြိုနတ်ဘုရားတွေက အနည်းဆုံးပထမတန်းစားအဆင့်အကြိုနတ်ဘုရားတွေဒါမှမဟုတ်အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားတွေဖြစ်ကြတယ်။

ရွှေခေါင်းလောင်းနတ်ဘုရားရဲ့ကံက ကောင်းလွန်းတာပဲ၊ သူက ဒုတိယမြောက်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို တကယ် ရရှိခဲ့တာပဲ။

"ဒါ့ပြင် ဒီအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းက ခွန်အားတိုးမြှင့်ခြင်းအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုပဲဖြစ်မယ်" လေမီးလျှံတိုက်ပွဲနတ်ဘုရားရဲ့အမူအရာက မကျေမနပ်ဖြစ်နေတယ်။

အကြိုနတ်ဘုရားတစ်ယောက်က အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုရဲ့ကင်ပွန်းတပ်ခြင်းတစ်ခုကိုသာ လက်ခံနိုင်တယ်။ ဒုတိယမြောက်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုက ကြီးမားတဲ့ပမာဏတစ်ခုလောက် အများဆုံးတိုးစေတယ်၊ အားနည်းချက်တွေ ပိုနည်းလာစေတယ်။

ဒါပေမယ့် ခွန်အားမြှင့်တင်ခြင်းအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုက မတူပါဘူး။ ၎င်းက မူလအခြေခံအုတ်မြစ်အပေါ်မှာ အကြိုနတ်ဘုရားရဲ့ခွန်အားကို တိုက်ရိုက်တိုးစေတယ်။

ခရမ်းရွှေအံ့ဖွယ်နတ်သရဖူရဲ့အထောက်အပံ့နဲ့အတူ ရွှေခေါင်းလောင်းနတ်ဘုရားရဲ့ခွန်အားက ပထမတန်းစားအကြိုနတ်ဘုရားတစ်ယောက်ရဲ့အဆင့်မှာ သေချာပေါက်ရှိတယ်။

ပထမတန်းစားအကြိုနတ်ဘုရားတစ်ယောက်အတွက် အဆင့်မြင့်အကြိုနတ်ဘုရားနှစ်ယောက်ကို ရင်ဆိုင်ဖို့က မလွယ်ကူပေမယ့် ခက်ခဲလွန်းတာလဲမဟုတ်ပါဘူး။

နှစ်ယောက်တစ်ယောက်အခြေအနေတစ်ခုမှာ ရွှေခေါင်းလောင်းနတ်ဘုရားက အခြေခံအားဖြင့် ငွေယူနီကွန်နတ်ဘုရားနဲ့လေမီးလျှံတိုက်ပွဲနတ်ဘုရားတို့ကို ဖိနှိပ်နေတယ်။

သူတို့ရဲ့အကြိုနတ်ဘုရားစွမ်းအားက လျင်မြန်စွာ လျော့ကျနေတာကို မြင်ပြီး ငွေယူနီကွန်နတ်ဘုရားနဲ့လေမီးလျှံတိုက်ပွဲနတ်ဘုရားတို့က နောက်ပြန်ဆုတ်ချင်လာတယ်။

အကြိုနတ်ဘုရားတွေအကြားတိုက်ပွဲက အရှင်တွေအကြား‌တိုက်ပွဲနဲ့မတူပါဘူး။ အရှင်တွေအကြားတိုက်ပွဲတစ်ခုမှာ မြန်ဆန်တဲ့ဖြည့်တင်းခြင်းအရှိန်ကြောင့် ရန်သူကို ခြောက်လှန့်ဖို့က ခက်ခဲတယ်။ ဒါပေမယ့် အကြိုနတ်ဘုရားတွေအကြားတိုက်ပွဲတစ်ခုမှာ အကြိုနတ်ဘုရားစွမ်းအားကို ပြန်ဖြည့်တင်းဖို့က အလွန်ခက်တယ်။ ပိုအားနည်းတဲ့ဘက်က ထိပ်တိုက်ရင်ဆိုင်တာ ရှားပါတယ်။

"ရွှေခေါင်းလောင်းနတ်ဘုရား၊ ငါတို့က မင်းအတွက် ပြိုင်ဘက်မဟုတ်ဘူးဆိုတာ ဝန်ခံတယ်၊ ဒါပေမယ့် အဆင့်မြင့်စကြာဝဠာရတနာတစ်ခုကို ရဖို့က မင်းအတွက် အဲလောက်လွယ်မှာမဟုတ်ဘူး" ငွေယူနီကွန်နတ်ဘုရားက အရင်ထွက်ခွာသွားတယ်။

"ဟမ့်....."

လေမီးလျှံတိုက်ပွဲနတ်ဘုရားက အတော်လေးဆန္ဒမရှိပေမယ့် သူက ထွက်ခွာသွားခဲ့ပါတယ်။

ငွေယူနီကွန်နတ်ဘုရားနဲ့လေမီးလျှံတိုက်ပွဲနတ်ဘုရားတို့ထွက်သွားပြီးနောက် ရွှေခေါင်းလောင်းနတ်ဘုရားရဲ့မျက်လုံးတွေက လီဖူချန်းအပေါ်  ကျရောက်လာတယ်"မင်း နက်ပြာပလိန်းကို မပြန်သွားဘူးပဲ။ ငါ အတော်လေးအံ့အားသင့်မိပါတယ်ကွာ"

ပြောနေရင်း သူက သူ့ရဲ့အကြိုနတ်ဘုရားစွမ်းအားကို တိတ်တဆိတ်လှည့်ပတ်ပြီး လီဖူချန်းပြန်ဆုတ်မယ့်လမ်းကြောင်းကို ချိတ်ပိတ်လိုက်တယ်။

အခုဆိုရင် လီဖူချန်းအနေနဲ့ နက်ပြာပလိန်းကို အချိန်တိုအတွင်း ပြန်သွားဖို့က မဖြစ်နိုင်တော့ဘူး။

"နက်ပြာပလိန်းကို ပြန်တာက အသုံးဝင်တယ်ဆိုရင် အစောကြီးကတည်းက ငါ ပြန်သွားနေပြီ" လီဖူချန်းရဲ့အမူအရာက မည်းမှောင်နေတယ်။ အဆင့်မြင့်အဆင့်အကြိုနတ်ဘုရားနှစ်ယောက်က သူ့ကို ဖိအားပေးတယ်ဆိုရင် ပထမတန်းစားအကြိုနတ်ဘုရားတစ်ယောက်က သူ့ကို ပြင်းပြင်းထန်ထန်ဖိအားပေးတယ်။ သူက ပထမတန်းစားအဆင့်အကြိုနတ်ဘုရားတစ်ယောက်အတွက်ပြိုင်ဘက်ဖြစ်နိုင်သလားကိုတော့ သူ မတွေးထားဘူး၊ တစ်ခုတည်းသောမေးခွန်းက သူ ရင်ဆိုင်နိုင်မလားဆိုတာပါပဲ။

"ဉာဏ်ကောင်းတယ်၊ ငါ ဒိီလိုဉာဏ်ကောင်းတဲ့သူတွေနဲ့ စကားပြောရတာ နှစ်သက်တယ်" ရွှေခေါင်းလောင်းနတ်ဘုရားက ဆက်ပြောတယ်"မင်း ဒီထက်ဉာဏ်ကောင်းရင် အဆင့်မြင့်စကြာဝဠာရတနာကို လွှဲပေးလိုက်။ ငါ အခု စိတ်ကောင်းဝင်နေတယ်၊ မင်း အသက်ကို ချမ်းသာပေးချင်ပေးနိုင်မှာပါ"

လီဖူချန်းက ပြုံးကာ ပြောလိုက်တယ်"ငါ အဆင့်မြင့်စကြာဝဠာရတနာကို ပေးလိုက်ရင် ပိုပြီးတော့တောင် အသေစောမှာကို ငါ ကြောက်တယ်"

သူ အခုလို ညီမျှစွာပြောနေနိုင်တဲ့အကြောင်းပြချက်ကတော့ သူ့မှာ မူလလက်ကောက်ရှိလို့ပဲ။ မူလလက်ကောက်မရှိရင် သူ့အနေနဲ့ စကားပြောဖို့အရည်အချင်း‌တောင်ရှိမှာမဟုတ်ဘူး။

ရွှေ‌ခေါင်းလောင်းနတ်ဘုရားက မျက်ခုံးတွန့်လိုက်တယ်"ငါ ထပ်ပြောချင်တာကတော့ ဉာဏ်ကောင်းလွန်းတာကလဲ စိတ်အနှောင့်အယှက်ဖြစ်စရာကိစ္စတစ်ခုပဲ"

ငြိမ်သက်ခြင်းရွှေ‌ခေါင်းလောင်းကို ထုတ်ဖော်လိုက်တာနဲ့ ရွှေခေါင်းလောင်းနတ်ဘုရားက လီဖူချန်းကို ဖိနှိပ်လာတယ်။

ဒန်း......

ဒိီတစ်ခါမှာတော့ လီဖူချန်းရဲ့မူလလက်ကောက်က လွင့်ထွက်သွားတယ်၊ ၎င်းက ငြိမ်သက်ခြင်းရွှေခေါင်းလောင်းအတွက် ပြိုင်ဘက်မဟုတ်ပါဘူး။

ရွေးချယ်စရာမရှိဘဲ လီဖူချန်းက မူလလက်ကောက်ကို ချပ်ဝတ်အဖြစ် ပြောင်းကာ ခွန်အားအပြည့်သုံးလျက် ခုခံလိုက်တယ်။

"ဖိနှိပ်စမ်း"

ငြိမ်သက်ခြင်းရွှေခေါင်းလောင်းက ကြီးမားလာပြီး လီဖူချန်းကို ဝန်းရံလာတယ်။

ရွှေခေါင်းလောင်းနတ်ဘုရားက လီဖူချန်းကို သတ်ဖို့ အလျင်စလိုမဖြစ်ပါဘူး။

"မကောင်း‌တော့ဘူး"

လီဖူချန်းက ခုခံတာနဲ့ ပတ်သက်ပြီး ထပ်မစဉ်းစားနိုင်တော့ဘူး။ သူက မူလချပ်ဝတ်ကို မူလလက်ကောက်အဖြစ် ပြန်ပြောင်းပြီး ငြိမ်သက်ခြင်းရွှေခေါင်းလောင်းရဲ့အတွင်းနံရံကို သွေးရူးသွေးတန်းတိုက်ခိုက်လိုက်တယ်။

ကံမကောင်းစွာနဲ့ ငြိမ်သက်ခြင်းရွှေခေါင်းလောင်းက အဆင့်မြင့်စကြာဝဠာရတနာတစ်ခုဖြစ်ကာ ၎င်းကို လုံးဝမဖျက်ဆီးနိုင်ခဲ့ပါဘူး။

"ကြီးစမ်း၊ ကြီးစမ်း၊ ကြီးစမ်း၊ ကြီးစမ်း....."

လီဖူချန်းက မူလလက်ကောက်ကို အသက်သွင်းဖို့ ခွန်အားအကုန်လုံးအသုံးပြုကာ ၎င်းကို လျင်မြန်စွာ ကြီးထွားစေလိုက်တယ်။

"ခုခံဖို့ကြိုးစားနေတုန်းပဲလား" ရွှေခေါင်းလောင်းနတ်ဘုရားက နှာခေါင်းရှုံ့လိုက်တယ်၊ လီဖူချန်းကို ဖိနှိပ်ဖို့ ငြိမ်သက်ခြင်းရွှေခေါင်းလောင်းရဲ့စွမ်းအားကို ပေါက်ကွဲစေလိုက်တယ်။

ဂျိုင်း.......

ရွှေရောင်လှံက ကမ္ဘာရဲ့အထွန်းတောက်ဆုံးအလင်းပမာ ရုတ်တရက် ထွက်ပေါ်လာပြီး ငြိမ်သက်ခြင်းခေါင်းလောင်းပေါ်ကို ကျရောက်လာတယ်။

နောက်အခိုက်မှာတော့ ငြိမ်သက်ခြင်းရွှေခေါင်း‌လောင်းက လွင့်ထွက်သွားတယ်။ ကြောက်စရာကောင်းတဲ့လှိုင်းတွေက နက်ပြာပလိန်းရဲ့အနီးဝန်းကျင်ကို လှိုင်းလေထန်ကာရှုပ်‌ထွေးတဲ့အခြေအနေတစ်ခုသို့ ကျရောက်သွားစေတယ်။ စကြာဝဠာထိခိုက်မှုက ဖရိုဖရဲအပျက်အဆီးနယ်မြေထက်တောင် ပိုပြင်းထန်ပေမယ့် ၎င်းက ယာယီမျှပဲ။ လှိုင်းတွေက တဖြည်းဖြည်းတည်ငြိမ်သွားတာကြောင့် စကြာဝဠာကလည်း ထိခိုက်မှုကို ကုစားဖို့ အကောင်းဆုံးဆောင်ရွက်နေတယ်။

"ဖရိုဖရဲအပျက်အစီးနယ်မြေက အကြိုနတ်ဘုရားတွေအကြား ကြီးမားတဲ့တိုက်ပွဲတစ်ခုကြောင့် ဖြစ်ပေါ်လာတာပဲ ဖြစ်ရမယ်"

လီဖူချန်းက အခွင့်အရေးကို အမိအရယူကာ ငြိမ်သက်ခြင်းရွှေခေါင်းလောင်းရဲ့ဖိနှိပ်မှုကို ချိုးဖြတ်လိုက်တယ်၊ ဒီအတွေးက‌တော့ သူ့စိတ်ထဲမှာ လှုပ်ရှားသွားတယ်။

စကြာဝဠာက ကြီးမားလွန်းတယ်။ အကြိုနတ်ဘုရားတစ်ယောက်ရဲ့စွမ်းအားက အရည်အသွေးအရ စကြာဝဠာထက် ပိုမြင့်နိုင်ပေမယ့် စကြာဝဠာနဲ့နှိုင်းယှဉ်ရင် စွမ်းအားပြင်းပြမှုက ရေကန်ကြီးတစ်ကန်ထဲရှိရေစက်တစ်စက်သာသာပါပဲ။ ၎င်းက ကြီးမားတဲ့လှိုင်းတစ်ခုကို ဖန်တီးနိုင်လိမ့်မှာမဟုတ်ပါဘူး။

ဒါပေမယ့် အကြိုနတ်ဘုရားက လုံလုံလောက်လောက်ရှိတယ်၊ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေရဲ့စွမ်းအားက လုံလုံလောက်လောက်အားကောင်းရင် သူတို့က စကြာဝဠာကို အမြဲတမ်းထိခိုက်စေနိုင်လောက်တယ်။ ထိခိုက်မှုကို စကြာဝဠာက လစ်လျူရှုနိုင်ပေမယ့် သေးငယ်တဲ့ဒဏ်ရာတစ်ခုလို့ ယူဆလို့မရပါဘူး။ ဒါက သာမန်လူတစ်ယောက်ရဲ့ဦးရေပြားပေါ်ရှိ ဗောက်နဲ့တူတယ်။

"ရွှေအလင်းနတ်ဘုရား"

ရွှေခေါင်းလောင်းနတ်ဘုရားက အော်လိုက်တယ်၊ သူ့မျက်လုံးတွေက နက်ရှိုင်းတဲ့စိုးရိမ်မှုကို ဖော်ပြနေတယ်။

ရွှေအလင်းနတ်ဘုရားက နတ်ဘုရားမျိုးနွယ်ရဲ့အကြိုနတ်ဘုရားတစ်ယောက်ဖြစ်ပြီး ပထမတန်းစားအဆင့်အကြိုနတ်ဘုရားတစ်ယောက်ဖြစ်တယ်။ သူက ပထမတန်းစားအဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်တဲ့ရွှေ‌အလင်းလှံကို ပိုင်ဆိုင်တယ်။

သူက အခုချိန်မှာ ပထမတန်းစားအဆင့်အကြိုနတ်ဘုရားတစ်ယောက်ဖြစ်ပေမယ့် ငြိမ်သက်ခြင်းရွှေခေါင်းလောင်းဒါမှမဟုတ်ခရမ်းရွှေရောင်အံ့ဖွယ်နတ်သရဖူပဲဖြစ်ဖြစ်၊ သူတို့က အဆင့်မြင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေသာဖြစ်တယ်။ ဒါကြောင့် သူ့ခွန်အားက ပထမတန်းစားအဆင့်အကြိုနတ်ဘုရားတွေအကြားမှာ အားနည်းတယ်လို့သတ်မှတ်နိုင်ပြီး  အဆင့်မြင့်အကြိုနတ်ဘုရားတွေကိုသာ ဖိနှိပ်နိုင်တယ်။

ချွမ်း ချွမ်း ချွမ်း........

ရွှေအလင်းနတ်ဘုရားက ရွှေခေါင်းလောင်းနတ်ဘုရားနဲ့ အရေးမပါတာတွေ ပြောမနေပါဘူး။ သူက ရွှေအလင်းလှံကို ရွှေခေါင်းလောင်းနတ်ဘုရာထံ ထပ်ခါတလဲလဲထိုးသွင်းလိုက်တယ်။

"ရပ်စမ်း....."

ရွှေအလင်းနတ်ဘုရားက လွှမ်းမိုးနိုင်လွန်းတယ်၊ ရွှေခေါင်းလောင်းနတ်ဘုရားက မရင်ဆိုင်နိုင်တော့ပါဘူး။

"ရွှေရောင်အလင်းသတ်ဖြတ်ခြင်း...."

ရွှေအလင်းနတ်ဘုရားရဲ့လက်ထဲရှိရွှေအလင်းလှံက ဖြာထွက်သွားပြီး ထိုးဖောက်လာတယ်။ အဆုံးမဲ့လှံအရိပ်တွေက အလင်းတိုင်တစ်ခုပမာ စုဝေးလာပြီး ရွှေခေါင်းလောင်းနတ်ဘုရားကို ဝါးမျိုသွားတယ်။

"တောက်"

အလင်းတိုင်ပျောက်ကွယ်သွားတဲ့အခါ ပုံရိပ်တစ်ခုက သနားစရာကောင်းလှစွာ ထွက်ပြေးသွားခဲ့ပြီး အရိပ်အယောင်တစ်ခုတောင်မကျန်ဘဲ ပျောက်ကွယ်သွားလေတယ်။

"ကြည့်ရတာ ငါ ဒါနဲ့ပတ်သက်ပြီး ဂရုတစိုက်စဉ်းစားရမယ့်ပုံပဲ"

အစက လီဖူချန်းက ဂိုဏ်းအသီးသီးမှ အကြိုနတ်ဘုရားတွေနဲ့ တွေ့ချင်ခဲ့ပေမယ့် အခု သူက ဒီအတွေး‌တွေတစ်ခုမှမရှိတော့ဘူး။

အဆင့်မြင့်စကြာဝဠာရတနာတစ်ခုက အကြိုနတ်ဘုရားများစွာကို ဆွဲဆောင်နိုင်မယ်လို့ သူ မထင်ထားခဲ့ဘူး။ အရေးကြီးဆုံးကတော့ ပထမတန်းစားအဆင့်အကြိုနတ်ဘုရားတွေတောင် ပါဝင်နေတာပဲ။

တစ်ချက်ကြည့်ပြီးနောက် လီဖူချန်းက အကွာအဝေးတစ်ခုမှ အကြိုနတ်ဘုရားသုံးယောက် အပြေးလာနေတာကို မြင်လိုက်ရတယ်။

သူ့ရဲ့အားကောင်းတဲ့စိတ်ဝိညာဉ်စွမ်းအားနဲ့အတူ လီဖူချန်းက ဒီအကြိုနတ်ဘုရားတွေအားလုံး ပထမတန်းစားအဆင့်အကြိုနတ်ဘုရားတွေဆိုတာ အာရုံခံနိုင်တယ်။

"ရွှေအလင်းနတ်ဘုရား၊ အရာအားလုံးကို မင်းတစ်ယောက်တည်းယူလို့မရဘူး"

သွေးရောင်ရောင်ခြည်စက်ဝန်းတစ်ခုက ထွက်ပေါ်လာပြီး သွေးရောင်ပုံရိပ်တစ်ခုက လျှောက်လမ်းလာတယ်။

သူ့အသားအရေက ဖြူဖတ်ဖြူရော်နဲ့၊ သူ့မျက်လုံးတွေက ရှည်ရှည်မျောမျောရှိတယ်၊ သူ့သူငယ်အိမ်တွေက သွေးနီရောင်သမ်းတယ်။ သူ့ကို ကြည့်လိုက်တဲ့အခါ အဆုံးမဲ့သွေးပင်လယ်တစ်ခုကို ကြည့်မိသလို ခံစားရတယ်၊ သူတို့က သွေးထောင်တစ်ခုထဲသို့ ကျရောက်သွားသလို ခံစားရစေတယ်။

"ငါ အခုထိ ပြီးပြည့်စုံတဲ့အဆင့်မြင့်စကြာဝဠာရတနာတစ်ခုကို မမြင်ရသေးဘူး။ ဒါက ငါ့ရဲ့နယ်ပယ်ကို ကျယ်ပြောစေဖို့ မဟာအခွင့်အလမ်းတစ်ခုပဲ"

ကြီးမားတဲ့လက်တစ်စုံက ‌ကြယ်ကောင်းကင်ကို ဆုတ်ဖြဲပြီး လူရိုင်းနဲ့တူတဲ့လူသန်ကြီးတစ်ယောက်က ထွက်လာတယ်။

"ငါလည်းပဲ အဆင့်မြင့်စကြာဝဠာရတနာတွေကို အရမ်းစိတ်ဝင်စားတယ်။ မိတ်ဆွေလေး၊ မင်း ငါနဲ့ ဖလှယ်ဖို့ဆန္ဒရှိရင် မင်း ဘာမှစိုးရိမ်စရာမရှိ‌စေရဘူးလို့ ငါ အာမခံတယ်"

နောက်ဆုံး‌ရောက်ရှိလာသူက ဓားမော့သမားတစ်ယောက်ပဲ။ ဒီဓားမော့သမားက ဓားမော့မဟာမိတ်မှအကြိုနတ်ဘုရားတစ်ယောက်မှန်း သိသာတယ်။

All Chapters