← Chapters

ဓားနတ်ဘုရား

Vol. 74 Ch. 1033

ဓားနတ်ဘုရား

Vol. 74 Ch. 1033

"သွေးနတ်ဘုရား၊ ဖရိုဖရဲတိုက်ပွဲနတ်ဘုရား၊ ရေတံခွန်မိုးဓား‌မော့နတ်ဘုရား။

ရွှေအလင်းနတ်ဘုရားက သုံးယောက်လုံးကို ချက်ချင်းသိလိုက်တယ်။

ရွှယ်ရှန်း၊ အမှောင်ကောင်စီရဲ့ဒုခေါင်းဆောင်တွေထဲကတစ်ယောက်၊ ပထမတန်းစားအဆင့်အကြိုနတ်ဘုရားတစ်ယောက်ဖြစ်ပြီး ပထမတန်းစားအဆင့်အကြိုနတ်ဘုရားလက်နက်တစ်ခုကို ပိုင်ဆိုင်တယ်။

ဖရိုဖရဲတိုက်ပွဲနတ်ဘုရားက တိုက်ပွဲနတ်ဘုရားမျှော်စင်ရဲ့လက်ထောက်မျှော်စင်အရှင်တွေထဲကတစ်ယောက်။ သူလည်းပဲ ပထမတန်းစားအဆင့်အကြိုနတ်ဘုရားတစ်ယောက်ဖြစ်ပြီး ပထမတန်းစားအဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ပိုင်ဆိုင်တယ်။

ရေတံခွန်မိုးဓားမော့နတ်ဘုရားက ဓားမော့မဟာမိတ်ရဲ့ဒုမဟာမိတ်ဆရာသခင်တွေကတစ်ယောက်ပဲ။ သူ့ခွန်အားက သူတို့သုံးယောက်အထဲမှာ အသန်မာဆုံးဖြစ်ပြီး သူက ပထမတန်းစားအကြိုနတ်ဘုရားလက်နက်တစ်ခုဖြစ်တဲ့ရေတံခွန်မိုးဓားမော့ကို ပိုင်ဆိုင်တယ်။

သူတို့က တူညီတဲ့ဂိုဏ်းတွေက ဖြစ်ကြပေမယ့် အကြိုနတ်ဘုရားတွေက သူတို့ဆန္ဒရှိသလို နေထိုင်ကြတယ်။ ဥပမာအားဖြင့် ဦးချိုသုံးချောင်းနတ်ဆိုးနတ်ဘုရားက အမှောင်ကောင်စီကဖြစ်ပေမယ့် သူက သွေးနတ်ဘုရားကို ဘယ်တုန်းကမှ မတွေ့ဆုံခဲ့ဖူးဘူး။ ဒါက တိုက်ပွဲနတ်ဘုရားမျှော်စင်မှလေမီးလျှံတိုက်ပွဲနတ်ဘုရားအတွက်လည်း အတူတူပါပဲ။

တကယ်တော့ မတော်တဆတွေ့ဆုံလာရင်လည်း လောကဝတ်ဆိုတာ ရှိမှာမဟုတ်ဘူး။ သူတို့က တူညီတဲ့ဂိုဏ်းတွေကဖြစ်ရင်တောင် သူတို့ရဲ့ခွန်အားအပြည့်နဲ့အတူ တိုက်ခိုက်ရအုံးမှာပဲ။

"ပြန်ဆုတ်ရမယ်"

ဒီလိုအကြိုနတ်ဘုရားသုံးယောက်တစ်ချိန်တည်းထွက်ပေါ်လာတဲ့အတွက် လီဖူချန်းက ပြန်ဆုတ်ရပါမယ်။ တကယ်တော့ သူက ရွှေအလင်းနတ်ဘုရားတစ်ယောက်တည်းကိုတောင် မရင်ဆိုင်နိုင်ဘူးလေ။

သနားစရာတစ်ခုကတော့ လီဖူချန်းက လျင်မြန်စွာ ပြန်ဆုတ်ခဲ့ပေမယ့် သွေးနတ်ဘုရားက ပိုတောင်မြန်တယ်။

သွေးနတ်ဘုရားက အမှောင်ကောင်စီရဲ့ဒုခေါင်းဆောင်ဖြစ်ရုံသာမက သွေးမျိုးနွယ်စုရဲ့အကြိုနတ်ဘုရားတစ်ယောက်လည်းဖြစ်တယ်။ သွေးမျိုးနွယ်ဝင်တွေက အမြဲတမ်းလျင်မြန်တယ်။

လီဖူချန်းက ဒါနဲ့ပတ်သက်ပြီး ရင်ဆိုင်ဖို့နည်းလမ်းတစ်ခုရှိပြီးသားဖြစ်တယ်။ ရွှံ့လူသားတစ်ယောက်က သူ့လက်ထဲမှာ ထွက်ပေါ်လာပြီး သူက သူ့ရဲ့စွမ်းအားကို ၎င်းအထဲသို့ ထည့်သွင်းလိုက်တယ်။

ယား.....

နောက်အခိုက်အတန်မှာ မရေမတွက်နိုင်တဲ့လီဖူချန်းတွေက အဆုံးမဲ့ဒီရေလှိုင်းတစ်ခုပမာ နက်ပြာပလိန်းဆီ တစ်ဟုန်ထိုးပြေးသွားကြတယ်။

ပုံရိပ်ယောင်ကောင်းကင်ရွှံ့လူသားက အဆင့်နိမ့်စကြာဝဠာရတနာတစ်ခုဖြစ်တယ်။ ၎င်းက လူတစ်ယောက်ရဲ့ချီတည်ရှိမှုကို အပြည့်အဝတုပနိုင်ပြီး ကြီးမားတဲ့အရေအတွက်နဲ့အတူ ပုံတူကူးနိုင်တယ်။

အရင်က လီဖူချန်းက အနည်းငယ်သတိမဲ့သွားတဲ့အတွက် ရွှေခေါင်းလောင်းနတ်ဘုရားက သူ့ကို ဖိနှိပ်နိင်ခဲ့တာပဲ။ သူက ထွက်ပြေးဖို့ဆုံးဖြတ်ထားရင် ရွှေခေါင်းလောင်းနတ်ဘုရားကတောင် သူ့ခန္ဓာကိုယ်ကို ဖိနှိပ်နိုင်မှာမဟုတ်ဘူး။

"အာ...."

သွေးနတ်ဘုရားက အံ့အားသင့်သွားတယ်။

ထိုအချိန်မှာ ဘယ်တစ်ခုက လီဖူချန်းရဲ့မူရင်းခန္ဓာကိုယ်ဆိုတာ သူ မခွဲခြားနိုင်ဘူး။ ဒါပေမယ့် သူ့ကို အချိန်အလုံအလောက်ပေးရင် သူက လီဖူချန်းရဲ့မူလခန္ဓာကိုယ်ကို ရှာတွေ့နိုင်လိမ့်မယ်။ ဒါပေမယ့် ဒီအချိန်ပမာဏက လီဖူချန်းအနေနဲ့ နက်ပြာပလိန်းသို့ ပြန်သွားဖို့ လုံလောက်တယ်။

"သွေးပင်လယ်စကြာဝဠာ....."

သွေးနတ်ဘုရားက အော်လိုက်တယ်၊ သွေးရောင်စကြာဝဠာတစ်ခုက လီဖူချန်းကို ဝန်းရံလာတယ်။

"မြန်လွန်းတာပဲ"

လီဖူချန်းက နက်ပြာပလိန်းနဲ့ မနီးကပ်ခင် သူ့ကို သွေးစကြာဝဠာက ဝန်းရံသွားတယ်။ သူ့ရဲ့ကိုယ်ပွားအားလုံး ပျက်ဆီးသွားပြီး ဒါက သူ့နှလုံးသားကို နစ်မြုပ်စေခဲ့တယ်။

အကြိုနတ်ဘုရားတစ်ယောက်ရဲ့မဟာတာအိုစကြာဝဠာက အရှင်တစ်ယောက်ရဲ့မဟာတာအိုစကြာဝဠာနဲ့ မတူဘူးဆိုတာကို လီဖူချန်းက မသိဘူး။ ကျင့်ကြံခြင်းအဆင့်အရ ထိုနှစ်ခုက နှိုင်းယှဉ်နိုင်ပေမယ့် စွမ်းအားအရည်‌အသွေးအရ အကြိုနတ်ဘုရားတစ်ယောက်ရဲ့မဟာတာအိုစကြာဝဠာက အစစ်အမှန်စကြာဝဠာထက် ပိုမြင့်တယ်။

ဥပမာအားဖြင့် ငွေယူနီကွန်နတ်ဘုရား၊ လေမီးလျှံတိုက်ပွဲနတ်ဘုရား၊ ရွှေခေါင်းလောင်းနတ်ဘုရားတို့က မဟာတာအိုစကြာဝဠာကို မဆုတ်ကိုင်နိုင်ပါဘူး၊ အဓိကအကြောင်းကတော့ သူတို့ရဲ့နယ်ပယ်က အနည်းငယ်နိမ့်ကျနေလို့ပဲ။

"ချိုးဖြတ်စမ်း"

လီဖူချန်းက မူလလက်ကောက်ရဲ့စွမ်းအားကို အသက်သွင်းကာ သွေးပင်လယ်စကြာဝဠာကို တိုက်ခိုက်လိုက်တယ်။

အုန်း......

သွေးပင်လယ်စကြာဝဠာက အဆုံးမဲ့ဖြစ်ကာ လီဖူချန်းရဲ့မူလလက်ကောက်က ၎င်းကို ချက်ချင်း မထိုးဖောက်နိုင်ပါဘူး။

"မင်းကိုယ်မင်း အထင်ကြီးလွန်းနေတာပဲ"

သွေးနတ်ဘုရားက အထင်အမြင်သေးတဲ့အမူအရာနဲ့အတူ သွေးလက်တစ်ဖက်ကို ဆန့်ထုတ်ကာ လီဖူချန်းကို ဆုတ်ကိုင်လိုက်တယ်။

"သွေးနတ်ဘုရား၊ သွားကြစို့"

သွေးနတ်ဘုရားက လီဖူချန်းကို ဖမ်းမိတော့မှာကို မြင်ပြီး အခြားသူတွေက မပျော်ရွှင်တော့ဘူး။ ဖရိုဖရဲတိုက်ပွဲနတ်ဘုရားက ရက်စက်ကြမ်းကြုတ်တဲ့သားရဲတစ်ကောင်ပမာ ပြေးဝင်လာတယ်။ သူက သွေးပင်လယ်စကြာဝဠာထဲကို တည့်မတ်စွာ သွားပြီး သူ့လက်ကို သုံးကာ ဆုတ်ဖြဲလိုက်တယ်၊ သွေးပင်လယ်စကြာဝဠာက နှစ်ခြမ်းပြဲလုနီးပါးဖြစ်သွားတယ်။

ကျင့်ကြံခြင်းအဆင့်အရ ဖရိုဖရဲတိုက်ပွဲနတ်ဘုရားက အနည်းငယ်နိမ့်ကျတယ်၊ ဒါကြောင့် သူက မဟာတာအိုစကြာဝဠာကို မဆုတ်ကိုင်နိုင်သေးပါဘူး။ ဒါပေမယ့် စွမ်းအားအရ ဖရိုဖရဲတိုက်ပွဲနတ်ဘုရားက လေးယောက်အထဲမှာ နံပါတ်တစ်ပါပဲ။ အကြောင်းက‌တော့ သူရရှိထားတဲ့အကြိုနတ်ဘုရားအသုံးအ‌ဆောင်ပစ္စည်းက စွမ်းအားအမျိုးအစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းဖြစ်လို့ပဲ။ အဲဒါက သူ့ကို ပထမတန်းစားအဆင့်အကြိုနတ်ဘုရားများစွာရဲ့မဟာတာအိုစကြာဝဠာတွေကို လစ်လျှူရှုခွင့်ပြုတယ်။

"ရွှေ‌အလင်းနတ်ဘုရားပိုင်နက်"

ကြောက်စရာကောင်းတဲ့ရွှေရောင်အလင်းက ကြီးမားလာပြီး သွေးနတ်ဘုရားရဲ့သွေးပင်လယ်စကြာဝဠာကို ပျက်ပြယ်သွားစေရုံသာမက ဖရိုဖရဲတိုက်ပွဲနတ်ဘုရားကို တစ်ခဏရပ်တန့်သွားစေခဲ့တယ်။

လှုပ်ရှားလိုက်တဲ့သူက ရွှေအလင်းနတ်ဘုရားပါပဲ။ နတ်ဘုရားမျိုးနွယ်ရဲ့ပထမတန်းစားအဆင့်အကြိုနတ်ဘုရားတစ်ယောက်အနေနဲ့ သူ့ရဲ့နတ်ဘုရားပိုင်နက်က မဟာတာအိုစကြာဝဠာထက် အတိုင်းအတာတစ်ခုအထိ ပိုကြောက်စရာကောင်းတယ်။

ရွှေအလင်းနတ်ဘုရားရဲ့နတ်ဘုရားပိုင်နက်ထဲမှာ ရွှေအလင်းနတ်ဘုရားရဲ့အရှိန်က ဆယ်ဆပိုမြန်တယ်။ လီဖူချန်းက မတွေးတောနိုင်ခင် ရွှေအလင်းနတ်ဘုရားက လီဖူချန်းအထက်မှာ ရောက်ရှိလာပြီဖြစ်တယ်။

"ရေတံခွန်မိုး"

ဓားမော့အလင်းက မိုးနှင်းတစ်ခုပမာ ရွှေအလင်းနတ်ဘုရားရဲ့နတ်ဘုရားပိုင်နက်ကို ထိုးဖောက်ကာ ရွှေအလင်းနတ်ဘုရားထံ ဝင်လာတယ်။

မျက်မှောင်ကြုတ်လျက် ရွှေအလင်းနတ်ဘုရားက လျင်မြန်စွာ ရှောင်တိမ်းလိုက်တယ်။

ရေတံခွန်မိုးဓားမော့နတ်ဘုရားရဲ့ရေတံခွန်မိုးဓားမော့က အလွန်အမင်းအားကောင်းတယ်၊ သူက သာမန်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်တဲ့ရွှေအလင်းတိုက်ပွဲချပ်ဝတ်ကို ဝတ်ဆင်ထားတာတောင် ခုခံနိုင်မယ်လို့ ရွှေအလင်းနတ်ဘုရားက ယုံကြည်ချက်မရှိဘူး။

သူတို့လေးယောက်က အလျှော့မပေးဘဲ လီဖူချန်းကို တစ်ယောက်တည်းဖမ်းချင်ခဲ့တယ်။

ဒါပေမယ့် ဒါကပဲ လီဖူချန်းကို တစ်ခဏအသက်ရှုခွင့်ပေးခဲ့တယ်။

"ငါ ဘာလုပ်ရမလဲ၊ ငါ ဟိုနေရာလပ်လက်စွပ်ကို အသုံးပြုလိုက်ရမလား"

လီဖူချန်းပြောလိုက်တဲ့နေရာလပ်လက်စွပ်က ချုံနျိုလို့ခေါ်တဲ့လူတစ်ယောက် သူ့ကိုပေးခဲ့တဲ့ဟာပဲ။  ဒါပေမယ့် နေရာလပ်လက်စွပ်ကို ချုံနျိုက မပိုင်ပါဘူး၊ အဲဒါက သူ့ဆရာဟာဖြစ်တယ်။ ချုံနျိုရဲ့စကားအရ သူ့ရဲ့ဆရာက အလွန်အမင်းအားကောင်းမှန်း လီဖူချန်းက သိတယ်။ တကယ်တော့ ဒီစကြာဝဠာကို ကျော်လွန်ဖို့က လွယ်ကူတဲ့အလုပ်တစ်ခုမဟုတ်ဘူးလေ။ အကြိုနတ်ဘုရားတွေကတောင် အဲဒီလိုမလုပ်နိုင်ဘူး။ ဒဏ္ဍာရီလာနတ်ဘုရားတွေကသာ ဒီစကြာဝဠာကို ကျော်လွန်နိုင်တယ်။

ချုံနျိုက အလွန်အားကောင်းတယ်။ အတိတ်မှာ ချုံနျိုက သာမန်ကောင်းကင်ဘုံအရှင်တစ်ယောာက်သာပဲလို့ လီဖူချန်းက ထင်ထားခဲ့တယ်။ ကြည့်ရ‌သလောက် သူက အရှင်တစ်ယောက်ပဲ ဖြစ်မယ်။  ချုံနျိုရဲ့ဆရာရဲ့ခွန်အားအတွက်ကတော့ သူက အနည်းဆုံးအကြိုနတ်ဘုရားပဲ ဖြစ်ရမယ်၊ သူက အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားတစ်ယောက်တောင် ဖြစ်နိုင်တယ်။

နေရာလက်လက်စွပ်ကို ထုတ်ပြီးနောက် လီဖူချန်းက ‌၎င်းကို အကဲဖြတ်လိုက်တယ်။

နေရာလပ်လက်စွပ်ပေါ်ရှိနေရာလပ်ပုံဆောင်ခဲက အလွန်တန်ဖိုးရှိပြီး အဆင့်နိမ့်စကြာဝဠာရတနာတစ်ခုနဲ့ သက်ဆိုင်တယ်။ ဒါပေမယ့် နေရာလပ်လက်စွပ်ရဲ့စစ်မှန်တဲ့အထူးအစိတ်အပိုင်းက လျှို့ဝှက်စွမ်းအားဆိုတာ လီဖူချန်းက သိတယ်။ ဒီလျှို့ဝှက်စွမ်းအားက ချုံနျိုရဲ့ဆရာထံမှ ဖြစ်လောက်တယ်။

"မဟုတ်ဘူး၊ ဒါ စွန့်စားလွန်းရာကျတယ်"

လီဖူချန်းက သူ့ကံကြမ္မာကို သူစိမ်းတစ်ယောက်ကို ပုံအပ်ဖို့ ဆန္ဒမရှိပါဘူး။ ဒါ့ပြင် သူက လမ်းဆုံးကို မရောက်သေးပါဘူး။ တိုက်ခိုက်ဖို့မထွက်လာခင်ကတည်းက သူက ထွက်ပြေးဖို့လမ်းကြောင်းအနည်းငယ်ကို စဉ်းစားထားပြီးသားပါပဲ။

အဆင့်မြင့်စကြာဝဠာရတနာတစ်ခုအနေနဲ့ ကမ္ဘာဦးမူလလက်ကောက်က မရိုးရှင်းပါဘူး။ ဖရိုဖရဲမီးကြာပန်းလိုမျိုး လီဖူချန်းက ကမ္ဘာဦးရင်းမြစ်အဆီအနှစ်ကို အဆများစွာ ချက်ချင်းပေါက်ကွဲထွက်စေနိုင်တယ်။ ဒါပေမယ့် ခြားနားချက်ကတော့ ဖရိုဖရဲမီးကြာပန်းက အလယ်ဆင့်စကြာဝဠာရတနာတစ်ခုသာဖြစ်တယ်။ လီဖူချန်းက မီးတာအိုရင်းမြစ်အဆီအနှစ်ကို ဆယ်ဆဒါမှမဟုတ်အဆနှစ်‌ဆယ်လောက်နဲ့ ပေါက်ကွဲစေရင်တောင် သူက တုံ့ပြန်မှုတစ်ခုကို ခံစားရလိမ့်မှာမဟုတ်ဘူး။

(မူလလက်ကောက်အစား ကမ္ဘာဦးမူလလက်ကောက်လို့ပြောင်းသုံးပါ့မယ်- ဘာသာပြန်သူ)

ဒါပေမယ့် ကမ္ဘာဦးရင်းမြစ်အဆီအနှစ်က မတူပါဘူး။ လီဖူချန်းက ကမ္ဘာဦးရင်းမြစ်အဆီအနှစ်ကို နှစ်ဆပေါက်ကွဲထွက်စေလိုက်ရင် သူက တုံ့ပြန်မှုတစ်ခုကို ခံစားရလိမ့်မယ်။ ကမ္ဘာဦးရင်းမြစ်အဆီအနှစ်ကို နှစ်ဆကျော်ပေါက်ကွဲထွက်စေဖို့ကိုတော့ လီဖူချန်း ဘယ်တုန်းကမှ မကြိုးစားခဲ့ဖူးပါဘူး။

အဓိကအကြောင်းရင်းကတော့ တုံ့ပြန်ချက်က အလွန်အမင်းကြောက်စရာကောင်းပြီး လုံးဝမလိုအပ်ရင် လီဖူချန်းက ဒါကို ပြုလုပ်မှာမဟုတ်ဘူး။

သူတို့လေးယောက်က အဆက်မပြတ်တိုက်ခိုက်နေတယ်။ ကမ္ဘာဦးမူလချပ်ဝတ်ရဲ့အကာအကွယ်ကြောင့်သာမဟုတ်ရင် လီဖူချန်းက အပြင်းအထန်ဒဏ်ရာရလိမ့်မှာမဟုတ်ဘူး။

"ဒါက တစ်ခုတည်းသောနည်းလမ်းပဲ"

ဒိအခွင့်အလမ်းက ရှုံးနိမ့်လို့မရဘူး။ လီဖူချန်းက ကမ္ဘာဦးမူလလက်ကောက်မှ ကမ္ဘာဦးရင်းမြစ်အဆီအနှစ်ကို လေးဆပေါက်ကွဲထွက်စေပြီး နက်ပြာပလိန်းဆီ ‌ဖောက်ခွဲဖျက်ဆီးလိုက်တယ်။

အုန်း.....ဂျိန်း.......

ကမ္ဘာဦးဟင်းလင်းပြင်ထဲမှာ ကမ္ဘာဦးရင်းမြစ်အဆီအနှစ်ကဖြစ်ပေါ်စေခဲ့တဲ့လမ်းကြောင်းတစ်ခုထွက်ပေါ်လာတယ်။

ကမ္ဘာဦးလမ်းကြောင်းကို ဝင်ရောက်ပြီးနောက် လီဖူချန်းက နက်ပြာပလိန်းဆီ လျင်မြန်စွာ ချဉ်းကပ်သွားတယ်။

"စိတ်ကြီးဝင်နေတာပဲ"

"သေချင်နေတာပဲ"

လေးယောက်သား လီဖူချန်းနောက်ကို ချက်ချင်း လိုက်သွားတယ်။ ရွှေအလင်းနတ်ဘုရားနဲ့သွေးနတ်ဘုရားတို့က သူတို့ရဲ့ရွှေအလင်းနတ်ဘုရားပိုင်နက်နဲ့သွေးပင်လယ်စကြာဝဠာကို အသုံးပြုကာ ကမ္ဘာဦးလမ်းကြောင်းကို ဝန်းရံလိုက်တယ်။

ဒါပေမယ့် ကမ္ဘာဦးလမ်းကြောင်းက ခိုင်မာလွန်းတယ်။ အချိန်တိုအတွင်းမှာ ရွှေ‌အလင်းနတ်ဘုရားပိုင်နက်နဲ့သွေးပင်လယ်စကြာဝဠာက ၎င်းကို တုန်ခါစေနိုင်မှာမဟုတ်ဘူး။

"ကြေမွစမ်း"

ဖရိုဖရဲတိုက်ပွဲနတ်ဘုရားက အဆတစ်ဘီလီယံချက်ချင်းကြီးမားလာတယ်။ သူ့ရဲ့ညာဘက်လက်က သူ့ခန္ဓာကိုယ်ထက် အဆတစ်ထောင်ပိုရှည်လာပြီး သူက ကမ္ဘာဦးလမ်းကြောင်းကို ရိုက်ချလိုက်တယ်။

ဖြောက်.......

ကမ္ဘာဦးလမ်းကြောင်းက အဆုံးမဲ့အက်ကြောင်းတွေ ထွက်ပေါ်လာတယ်။

"မကောင်း‌တော့ဘူး"

လီဖူချန်းရဲ့ပါးစပ်ထောင့်က သွေးထွက်နေတယ်။

ကမ္ဘာဦးရင်းမြစ်အဆီအနှစ်ကို လေးဆပေါက်ကွဲထွက်စေပြီးနောက် သူက ကြီးမားတဲ့တုံ့ပြန်မှုတစ်ခုကို ခံစားခဲ့ရတယ်။

"ရှစ်ဆ"

လီဖူချန်းက ကမ္ဘာဦးရင်းမြစ်အဆီအနှစ်ကို ပိုပေါက်ကွဲထွက်စေပြီး ကမ္ဘာဦးလမ်းကြောင်းထဲသို့ ထည့်သွင်းကာ လမ်းကြောင်းကို နှစ်ဆခိုင်မာစေလိုက်တယ်။

ဖြောက်.......

သွေးနတ်ဘုရားက လက်ကို ဝှေ့ယမ်းပြီး သွေးရောင်လက်သည်းရာတစ်ခုက ကမ္ဘာဦးလမ်းကြောင်းပေါ်သို့ ကျရောက်လာကာ နက်ရှိုင်းတဲ့လက်သည်းရာတစ်ခုကို ချန်ထားလိုက်တယ်။

ဂျိုင်း........

ရွှေအလင်းနတ်ဘုရားရဲ့ရွှေအလင်းလှံမှာ အဆုံးမဲ့စွမ်းအားရှိတယ်။ ထိုးသွင်းမှုတစ်ခုနဲ့အတူ ကမ္ဘာဦးလမ်းကြောင်းကို ပြင်းပြင်းထန်ထန် ထိုးဖောက်သွားတယ်။ ဒါက အပေါက်ငယ်တစ်ခုမျှပဲဖြစ်နေတာ ကံကောင်းသွားတယ်၊ ကမ္ဘာဦးလမ်းကြောင်းတစ်ခုလုံးကို ဖျက်ဆီးဖို့ မလုံလောက်ခဲ့ဘူး။

အဖြစ်အပျက်တွေက ရှုပ်ထွေးပုံပေါ်ပေမယ့် အတွေးတစ်ချက်လောက်တောင် မကြာပါဘူး။

"ရေတံခွန်မိုးဓားမော့နတ်ဘုရား၊ မင်း ဘာလို့ မလှုပ်ရှားတာလဲ"

သွေးနတ်ဘုရားက ရေတံခွန်မိုးဓားမော့နတ်ဘုရားကို လှည့်ကြည့်လိုက်တယ်။

စောစောက ရေတံခွန်မိုးဓားမော့အရှင်က လှုပ်ရှားခဲ့ရင် ကမ္ဘာဦးလမ်းကြောင်းက သေချာပေါက် ဖျက်ဆီးခံရလောက်ပြီ။

"ငါ လှုပ်ရှားမလှုပ်ရှား မင်းတို့နဲ့ ဘာဆိုင်လဲ"

သေရေးရှင်ရေးအခိုက်အတန့်မှာ ရေတံခွန်မိုးဓားမော့နတ်ဘုရားက လီဖူချန်းကို လက်လွှတ်ဖို့ ဆုံးဖြတ်လိုက်တယ်။

သူက ဓားသမားအစည်းအရုံးကို ကြောက်လို့တော့မဟုတ်ဘူး၊ အကြောင်းက ဒီ‌နေရာမှာ သူတို့လေးယောက်တောင် ရှိလို့ပဲ။ သူက လီဖူချန်းကို ရပ်တန့်လိုက်ရင်တောင် အဆင့်မြင့်စကြာဝဠာရတနာတစ်ခုကို ရရှိဖို့ ခက်ခဲတယ်။ ဒီလိုသာဆိုရင် သူ လီဖူချန်းကို မျက်နှာသာပေးလိုက်တာ ပိုကောင်းပါတယ်။

ကျန်သုံးယောက်က အရူးတွေမဟုတ်ဘူး၊ သူတို့က ရေတံခွန်မိုးဓားမော့နတ်ဘုရားရဲ့ရည်ရွယ်ချက်ကို ချက်ချင်းနားလည်လိုက်တယ်။ သူတို့က ဒေါသထွက်သွားပြီး ကမ္ဘာဦးလမ်းကြောင်းကို ဆက်လက်တိုက်ခိုက်လိုက်တယ်။

အတွေးတစ်ချက်နဲ့အတူ လီဖူချန်းက နက်ပြာပလိန်းကို နောက်ဆုံးမှာ ဝင်ရောက်ခဲ့တယ်။ သူတို့သုံးယောက်ရဲ့တိုက်ခိုက်မှုတွေ ပလိန်းအတားအဆီးပေါ် ကျရောက်သွားတဲ့အခါ လှိုင်းဂယက်တွေဖြစ်လာတယ်။

နတ်ဘုရားတစ်ယောက်ကတောင် ပလိန်အတားအဆီးကို ချိုးဖြတ်ဖို့ ခက်ခဲပါတယ်။

သူတို့သုံးယောက်ရဲ့အမူအရာက မကျေမနပ်ဖြစ်နေတယ်။ ဒီတစ်ခါမှာတော့ သူတို့က တကယ်ကို ကျဆုံးသွားခဲ့ကြတာပဲ။

ဒါပေမယ့် သူတို့ကို အပြစ်တင်လို့မရပါဘူး။ ပထမတန်းစားအဆင့်အကြိုနတ်ဘုရားတွေအနေနဲ့ သူ့မှာ အဆင့်မြင့်စကြာဝဠာရတနာတစ်ခုရှိရင်တောင် လီဖူချန်းက လွတ်မြောက်နိုင်မယ်လို့ သူတို့က မစဉ်းစားခဲ့ပါဘူး။

သူတို့က လီဖူချန်းနဲ့အဆင့်မြင့်စကြာဝဠာရတနာကို လျှော့တွက်ခဲ့တယ်လို့ပဲ ပြောရမှာပဲ။

"မူလအဆုံးစွန်းအရှင်၊ မင်း နက်ပြာပလိန်းထဲကိုထွက်ပြေးသွားရုံနဲ့ အဆင်ပြေမယ်လို့ ထင်နေတာလား။ ငါ အပြင်ဘက်ရှိမင်းနဲ့ဆက်စပ်သမျှလူတိုင်းကို သတ်ဖြတ်ပစ်မယ်" သွေးနတ်ဘုရားက ခြိမ်းခြောက်လိုက်တယ်။

ဖရိုဖရဲစစ်နတ်ဘုရားက ပြောလိုက်တယ်"မူလအဆုံးစွန်းအရှင်၊ မင်း အဆင့်မြင့်စကြာဝဠာကို လက်လွှဲပေးသရွေ့ ငါ မင်းကို ဘာမှမလုပ်ဘူးလို့ အာမခံတယ်"

ရွှေအလင်းနတ်ဘုရားက ဘာမှမပြေပေမယ့် သူ့အမူအရာက ပိုတောင်အေးစက်သွားတယ်။

လီဖူချန်းက ပြောလိုက်တယ်"မင်းတို့လိုပထမတန်းစားအဆင့်အကြိုနတ်ဘုရားတွေက ငါ့လိုအရှင်တစ်ယောက်ကို ရင်ဆိုင်ဖို့အတွက်နဲ့ ရေးကြီးခွင်ကျယ်လုပ်စရာလိုလို့လား" ရေတံခွန်မိုးဓားမော့နတ်ဘုရားက စောစောက သူ့ကို လွှတ်ပေးခဲ့တာကို သိတာကြောင့် လီဖူချန်းက ရေတံခွန်မိုးဓားမော့နတ်ဘုရားကို ဖော်ပြမ‌‌နေတော့ပါဘူး။ သို့မဟုတ်ရင် လီဖူချန်းက နက်ပြာပလိန်းသို့ လွတ်မြောက်နိုင်ပါ့မလားကိုတောင် မသိပါဘူး။

သွေးနတ်ဘုရားရဲ့ဖရိုဖရဲတိုက်ပွဲနတ်ဘုရားတို့ရဲ့ခြိမ်းခြောက်မှုတွေအတွက်ကတော့ လီဖူချန်းက ဂရုမစိုက်ပါဘူး။ သူတကယ်တန်ဖိုးထားတဲ့သူတွေအားလုံးက နက်ပြာပလိန်းထဲမှာပဲလေ။ ဒီလူတွေကို မခြိမ်းခြောက်သရွေ့ သူက ဘာတစ်ခုမှစိုးရိမ်စရာအကြောင်းမရှိဘူး။ အပြင်ဘက်ကလူတွေအတွက် သူက တောင်းပန်ရုံသာတတ်နိုင်တယ်။ သူတန်ဖိုးမထားတဲ့သူတွေအတွက် သူ့ကိုယ်သူစွန့်လွှတ်ရလောက်တဲ့အထိ လီဖူချန်းက မမြင့်မြတ်ပါဘူး။

သူလုပ်ပေးနိုင်တာက နက်ပြာပလိန်းမှာပဲ ဆက်လက်ကျင့်ကြံပြီး ဒီလူတွေအတွက် လက်စားချေပေးဖို့ပါပဲ။

သူတို့က လီဖူချန်းကို မခြိမ်းခြောက်နိုင်တာကို မြင်ပြီး သူတို့သုံးယောက်က သတ်ဖြတ်လိုစိတ်တွေ ပေါ်ပေါက်လာတယ်။ သွေးနတ်ဘုရားက ပြောလိုက်တယ်"ငါ သွေးအကျဉ်းထောင်တည်ဆောက်တာကို ကြည့်နေ။ သွေးအကျဉ်းထောင်သက်ရောက်ခံရရင် နက်ပြာပလိန်းရှိစိတ်တန်ခိုးစွမ်းအားအားနည်းသူတွေအကုန်လုံး နက်ပြာပလိန်းကနေ ထွက်လာရမှာပဲ။ သူတို့ ထွက်လာတာနဲ့ သွေးအကျဉ်းထောင်ထဲကို ကျရောက်ပြီး ဘယ်တော့မှ ပြန်လည်မွေးဖွားနိုင်မှာမဟုတ်ဘူး"

သွေးနတ်ဘုရားရဲ့အသံက အလွန်အေးစက်နေတယ်။

"သွေးအကျဉ်းထောင်လား"

လီဖူချန်းရဲ့အမူအရာက ပြောင်းလဲသွားတယ်။

သွေးအကျဉ်းထောင်က နက်ပြာပလိန်းရှိစိတ်တန်ခိုးစွမ်းအားအားနည်းတဲ့သူတွေကို တကယ်ပဲ သက်ရောက်နိုင်တယ်ဆိုရင် ကပ်ဘေးတစ်ခုဖြစ်လာမှာ အမှန်ပါပဲ။ တကယ်တော့ ပြောင်မြောက်တဲ့သူတော်စင်တွေက သူတို့ရာသူတို့ ပလိန်းကနေ ထွက်လာနိုင်တာလေ။ ပြီးတော့ လီဖူချန်းက သူတို့ကို အချိန်တိုင်း တားဆီးနိုင်မှမဟုတ်သလို စောင့်ကြည့်နိုင်မှာလဲမဟုတ်ဘူး။

ဒါပေမယ့် သွေးအကျဉ်းထောင်က ပလိန်းအတားအဆီးကို ဖြတ်ပြီး ပလိန်းတစ်ခုလုံးကို သက်ရောက်နိုင်မယ်လို့တော့ လီဖူချန်းက မထင်ပါဘူး။ ဒါပေမယ့် အဲဒါက ပလိန်းအစိတ်အပိုင်းတစ်ခုကိုပဲ သက်ရောက်နိုင်ရင်တောင် အလွန်ကြောက်စရာကောင်းနေပါပြီ၊ သူက စောင့်ကြပ်နေရမှာပဲ။

"စောင့်ကြည့်ကြည့်တာပေါ့"

လီဖူချန်းက အနေအထားကို တိတ်တဆိတ်လေ့လာဖို့ စီစဉ်ထားတယ်။ သွေးအကျဉ်းထောင်ကို အောင်မြင်စွာတည်ဆောက်ဖို့ဆိုရင် သေချာပေါက် အချိန်လိုအပ်တယ်။ အချိန်လုံလုံလောက်လောက်ရရင် သူက အသန်မာဆုံးအရှင်ဖြစ်နေပါပြီ။ ပြီးရင်တော့ ကမ္ဘာဦးမူလလက်ကောက်ကို မှီခိုပြီး သူက ပြန်တိုက်ခိုက်နိုင်လိမ့်မယ်။

သွေးနတ်ဘုရားက သွေးအကျဉ်းထောင်ကို စတင်ဆင်လိုက်တယ်။ သူ့အကြိုနတ်ဘုရားစွမ်းအားကို လှည့်ပတ်လိုက်တာကြောင့် ကန့်လန့်ဖြတ်သွေးကြောင်းတွေက နက်ပြာပလိန်းရဲ့ပတ်ဝန်းကျင်မှာ ထွက်ပေါ်လာတယ်။ ဒီသွေးကြောင်းတွေအတွင်းမှာ သွေးရောင်ဦးခေါင်းခွံတွေက ဟိန်းဟောက်နေတယ်။

ထိုအချိန်မှာ......

ရုတ်တရက် ဓားအလင်းတစ်ခုက နက်ပြာပလိန်းပတ်ပတ်လည်ကို လင်းထိန်သွားစေတယ်။

နောက်အခိုက်အတန့်မှာ ကန့်လန့်ဖြတ်သွေးကြောင်းတွေက ချက်ချင်း ပြိုကွဲသွားတယ်။

"သွေးနတ်ဘုရား၊ ရွှေအလင်းနတ်ဘုရား၊ ဖရိုဖရဲတိုက်ပွဲနတ်ဘုရား၊ မင်းတို့ကောင်‌တွေ ငါ့ဓားသမားအစည်းအရုံးကို အလွယ်တကူအနိုင်ကျင့်လို့ရမယ်ထင်နေတာလား" ဓားသမားတစ်ယောက်က ရှေးဦးမူလဖရိုဖရဲဟင်းလင်းပြင်ကနေ ထွက်လာတယ်။

"ကောင်းကင်ဘုံဖောက်ဓားနတ်ဘုရား"

All Chapters