← Chapters

အလုံးစုံတတ်သိနားလည်ခြင်းအဆင့်ဓားပညာ

Vol. 74 Ch. 1034

အလုံးစုံတတ်သိနားလည်ခြင်းအဆင့်ဓားပညာ

Vol. 74 Ch. 1034

ကောင်းကင်ဘုံဖောက်ဓားနတ်ဘုရားက ဓားသမားအစည်းအရုံးရဲ့ဒုခေါင်းဆောင်ဖြစ်တယ်။ သူ့ရဲ့အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းက ထိပ်ဆုံးနတ်ဘုရားဓားဆယ်လက်ထဲကတစ်လက်ဖြစ်တဲ့ဝိညာဉ်ဖောက်ဓားဖြစ်တယ်။

ဝိညာဉ်ဖောက်ဓားက ပထမတန်းစားအဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်ပေမယ့် ၎င်းက ပထမတန်းစားအဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေရဲ့ကြောက်စရာအကောင်းဆုံးအမျိုးအစားဖြစ်တယ်။ ၎င်းက ရေတံခွန်မိုးဓားမော့နတ်ဘုရားရဲ့ရေတံခွန်မိုးဓားမော့ထက်တောင် ပိုမြင့်တယ်။

ဒါပေမယ့် အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေက အရည်အသွေးအားဖြင့် တူညီတဲ့အချိန်မှာ ကိုင်ဆောင်သူရဲ့ကျင့်ကြံခြင်းအဆင့်ပေါ်မှာ အဓိကမှီခိုလာတယ်။

ကောင်းကင်ဘုံဖောက်ဓားနတ်ဘုရားရဲ့ကျင့်ကြံခြင်းအဆင့်က အလွန်မြင့်တယ်။ သူ့ရဲ့ဓားပညာင အလုံးစုံတတ်သိနားလည်ခြင်းကြယ်ပိုင်နက်အဆင့်ကို ရောက်ရှိနေပါပြီ။ မြင့်မားတဲ့ဓားပညာအဆင့်တစ်ခုနဲ့အတူ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းက ပိုသန်မာတဲ့စွမ်းအားနဲ့အတူ ပေါက်ကွဲထွက်စေပါလိမ့်မယ်။ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းရဲ့စွမ်းအားက ပိုတောင်စုစည်းနေပါလိမ့်မယ်။

အကြိုနတ်ဘုရားနယ်မြေမှာ ကောင်းကင်ဘုံဖောက်ဓားနတ်ဘုရားက အထွတ်အထိပ်အကြိုနတ်ဘုရားတစ်ယောက်နဲ့တိုက်ခိုက်ခဲ့တယ်။ ကောင်းကင်ဘုံဓားနတ်ဘုရားက အနည်းငယ်မျှပဲ အသာစီးမရခဲ့တာပါ။ ဒါကြောင့် အနှီလေးယောက်ရဲ့မျက်လုံးထဲမှာ ကောင်းကင်ဘုံဖောက်ဓားနတ်ဘုရားက အထွတ်အထိပ်အကြိုနတ်ဘုရားတစ်ယောက်နဲ့ ညီမျှတယ်။

"ကောင်းကင်ဘုံဖောက်ဓားနတ်ဘုရား၊ အခြားသူတွေက မင်းကို ကြောက်ပေမယ့် ငါကတော့ ကြောက်နေမှာမဟုတ်ဘူး" ဖရိုဖရဲတိုက်ပွဲနတ်ဘုရားက နှုတ်ခမ်းသပ်ကာ တိုက်ခိုက်ဖို့ စိတ်အားထက်သန်နေတယ်။

"တကယ်လား"

ကောင်းကင်ဘုံဖောက်ဓားနတ်ဘုရားက ဖရိုဖရဲတိုက်ပွဲနတ်ဘုရားထံ ထိုးသွင်းလိုက်တယ်။

ဝှစ်.......

ဓားက မြန်လွန်းတယ်၊ ဖရိုဖရဲတိုက်ပွဲနတ်ဘုရားက သူ့ခန္ဓာကိုယ်ကို အနည်းငယ်မျှသာ လှုပ်ဖို့ အချိန်ရှိခဲ့တယ်၊ သူ့ပခုံးကို သွေးပေါက်တစ်ခုနဲ့အတူ ‌ထိုးဖောက်သွားတော့တယ်။

ကောင်းကင်ဘုံ‌မြေကြီးထကြွခြင်း"

ဖရိုဖရဲတိုက်ပွဲနတ်ဘုရားက ဒေါသတကြီး ဟိန်း‌ဟောက်ကာ လက်ဝါးရိုက်ချက်တစ်ခုကို ကောင်းကင်ဘုံဖောက်ဓားနတ်ဘုရားထံ ထုတ်ဖော်လိုက်တယ်။ လက်ဝါးအားအလွှာတွေက ပြင်းထန်ကြမ်းတမ်းရက်စက်တယ်။

"သွေးဆူး"

ကောင်းကင်ဘုံဖောက်ဓားနတ်ဘုရားရဲ့ဓားက ခက်ခဲနက်နဲကာ အလွန်အမင်းထက်ရှတယ်။ ကောင်းကင်ဘုံဖောက်ဓားနတ်ဘုရားက နောက်ထပ်အပိုလှုပ်ရှားမှုတစ်ခုမှ မပြုခဲ့ပေမယ့် ဖရိုဖရဲတိုက်ပွဲနတ်ဘုရားရဲ့လက်ဝါးက တစ်စစီဖြစ်သွားစေပြီး ‌သွေးတွေ တဖြောက်ဖြောက်ကျလာတယ်။

"ကောင်းကင်ဘုံမြေကြီးဆုတ်ဖြဲခြင်း"

ဖရိုဖရဲတိုက်ပွဲနတ်ဘုရားရဲ့ခန္ဓာကိုယ်က အနက်ရောင်ရောင်ခြည်စက်ဝန်းတစ်ခုကို ထုတ်လွှတ်နေပြီး သူက ကောင်းကင်ဘုံဖောက်ဓားနတ်ဘုရားနဲ့ ထိပ်တိုက်ရင်ဆိုင်လိုက်တယ်။

"အရိုးထိုးဖောက်ခြင်း"

ကောင်းကင်ဘုံဖောက်ဓားနတ်ဘုရားနဲ့လီဖူချန်းက ထိပ်တိုက်တွေ့လိုက်တယ်။

ဖြောက်......

ဖရိုဖရဲတိုက်ပွဲနတ်ဘုရားရဲ့ခန္ဓာကိုယ်ကို ထိုးဖောက်သွားပြီး လတ်ဆတ်တဲ့သွေးတွေက သူ့နောက်ကျောမှ ရေပန်းတစ်ခုပမာ ပန်းထွက်လာတယ်။

"ကောင်းကင်ဘုံဖောက်ဓားနတ်ဘုရားက တကယ်ပြောင်မြောက်တာပဲ" ရေတံခွန်မိုးဓားနတ်ဘုရားက ခေါင်းခါယမ်းလိုက်တယ်။ ဖရိုဖရဲတိုက်ပွဲနတ်ဘုရားက ကောင်းကင်ဘုံဖောက်ဓားနတ်ဘုရားအတွက် ပြိုင်ဘက်မဟုတ်ပါဘူး။

"ဖရိုဖရဲတိုက်ပွဲနတ်ဘုရား၊ ငါ မင်းကို ကူညီပေးမယ်"

အခြားအချိန်မှာဆိုရင် သွေးနတ်ဘုရားက ဖရိုဖရဲတိုက်ပွဲနတ်ဘုရားကို ကူညီမှာမဟုတ်ဘူး။ ဒါပေမယ့် အခု ကောင်းကင်ဘုံဖောက်ဓားနတ်ဘုရားက လီဖူချန်းရဲ့ဘက်မှာ ရပ်နေတယ်၊ သူကသေချာပေါက် သူတို့ရဲ့ဘုံရန်သူပါပဲ။

"သွေးပင်လယ်စကြာဝဠာ"

အဆုံးမဲ့သွေးပင်လယ်တစ်ခုက ကောင်းကင်ဘုံဖောက်ဓားနတ်ဘုရားကို ဝန်းရံသွားတယ်။

"မင်း ငါ့ရဲ့မဟာတာအိုစကြာဝဠာနဲ့ ကစားချင်နေတာလား" ကောင်းကင်ဘုံဖောက်ဓားနတ်ဘုရားက နှာခေါင်းရှုံ့လိုက်တယ်၊ သူက ကောင်းကင်ဘုံဖောက်ဓားတာအိုစကြာဝဠာကို ထုတ်လွှတ်လိုက်တယ်။

ဖြောက်.......

သွေးနတ်ဘုရားရဲ့သွေးပင်လယ်စကြာဝဠာက ပြန်ဆုတ်ဖို့ ဖိအားပေးခံလိုက်ရတယ်။ မကြာမီမှာပဲ ၎င်းကို ကောင်းကင်ဘုံဖောက်ဓားတာအိုစကြာဝဠာက ဝိုင်းရံလိုက်တယ်။

"ရွှေအလင်းနတ်ဘုရားပိုင်နက်"

ထိုအချိန်မှာ ရွှေအလင်းနတ်ဘုရားက တုံ့ပြန်လာတယ်။ သူက အမြီးကုပ်ပြီးမနေနိုင်ပါဘူး။

ရွှေအလင်းနတ်ဘုရားရဲ့ရွှေအလင်းပိုင်နက်ရဲ့ပေါင်းထည့်မှုနဲ့အတူ သွေးပင်လယ်စကြာဝဠာက အနေအထားကို ထိန်းထားနိုင်ပြီး မပျက်ဆီးတော့ပါဘူး။

"ရေတံခွန်မိုးဓား‌မော့နတ်ဘုရား၊ မင်း မတိုက်ခိုက်သေးဘူးလား"

သွေးနတ်ဘုရားက ရေတံခွန်မိုးဓားမော့နတ်ဘုရားကို ကြည့်လိုက်တယ်။

ရေတံခွန်မိုးဓားမော့ဓားနတ်ဘုရားက အေးစက်စွာ ပြောလိုက်တယ်"မင်းတို့ကောင်တွေ မင်းတို့ရာမင်းတို့ပဲ တိုက်ခိုက်လေ၊ ငါနဲ့ ဘာဆိုင်လို့လဲ"

သူက လီဖူချန်းနဲ့ မရင်ဆိုင်ချင်တော့ဘူး။

"ကျေးဇူးအများကြီးတင်တယ်။ ဒါပြီးရင် ငါ မင်းကို တစ်ခွက်တိုက်မယ်" ကောင်းကင်ဘုံဖောက်ဓားနတ်ဘုရားက ရေတံခွန်မိုးဓားမော့နတ်ဘုရားကို ခေါင်းညိတ်ပြလိုက်တယ်။

ရေတံခွန်မိုးဓားမော့နတ်ဘုရားက အလွန်သန်မာတယ်။ သူက ပူးပေါင်းလာရင် ကောင်းကင်ဘုံဖောက်ဓားနတ်ဘုရားက ဖိအားအချို့ရှိလာလိမ့်မယ်။

"ကောင်းပြီလေ"

ရေတံခွန်မိုးဓားနတ်ဘုရားက ပြုံးလိုက်တယ်။ သူတို့ရဲ့ခွန်အားအဆင့်မှာ သူတို့ရဲ့စုဆောင်းထားတဲ့ဝိုင်တွေအားလုံးကို သူတို့ကိုယ်တိုင်ချက်လုပ်ထားတာပဲ။ ဘယ်လောက်တောင်များပြားတဲ့တန်ဖိုးကြီးအရင်းအမြစ်တွေ သုံးစွဲထားသလဲကို မသိနိုင်ဘူးလေ။ ဒါကြောင့် သူက ကောင်းကင်ဘုံဖောက်ဓားနတ်ဘုရားရဲ့ဝိုင်ကို အလွန်စိတ်ဝင်စားတယ်။

သုံးယောက်တစ်ယောက်တိုက်ခိုက်နေရတာတောင် ကောင်းကင်ဘုံဖောက်ဓားနတ်ဘုရားက အကြွင်းမဲ့အသာစီး‌ရနေတုန်းပဲ။ သူ့ရဲ့လှုပ်ရှားမှုတိုင်းက ပြီးပြည့်စုံကာ ဟာကွက်မဲ့တယ်။ အရေးကြီးဆုံးကတော့ သူက အလွန်အားကောင်းပြီး သုံးယောက်စလုံးရဲ့အကြိုနတ်ဘုရားအားအမြောက်အများကို အလွယ်တကူချေမှုန်းနိုင်တာပဲ။

သူတို့သုံးယောက်အတွက်ကတော့ သူတို့က ကောင်းကင်ဘုံဖောက်ဓားနတ်ဘုရားကို ရံဖန်ရံခါမှပဲ ရိုက်နှက်နိုင်တယ်။

"ကောင်းကင်ဘုံဖောက်ဓားနတ်ဘုရား၊ မင်းက အံ့မခန်းပဲ"

သွေးနတ်ဘုရားက အရင်နောက်ဆုတ်လိုက်တယ်။ ခုခံမှုအရ သူက သာမန်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်တဲ့ရွှေအလင်းတိုက်ပွဲချပ်ဝတ်ရှိတဲ့‌ရွှေအလင်းနတ်ဘုရားလောက် မကောင်းပါဘူး။ သူက ဖရိုဖရဲတိုက်ပွဲနတ်ဘုရားထက်လည်း နိမ့်ကျတယ်။ သူက ဆက်လက်တိုက်ခိုက်ရင် သူ့ရဲ့အကြိုနတ်ဘုရားစွမ်းအားတွေ လုံလုံလောက်လောက်ကျန်တော့မှာမဟုတ်ဘူး။

သွေးနတ်ဘုရားပြန်ဆုတ်သွားတာကြောင့် ဖရိုဖရဲတိုက်ပွဲနတ်ဘုရားနဲ့ရွှေအလင်းနတ်ဘုရားတို့က ကောင်းကင်ဘုံဖောက်ဓားနတ်ဘုရားအတွက် ပြိုင်ဘက်မဟုတ်တော့ပါဘူး။

"ကောင်းကင်ဘုံဖောက်ဓားနတ်ဘုရား၊ ငါ ဒါကို မှတ်ထားမယ်"

ဖရိုဖရဲတိုက်ပွဲနတ်ဘုရားက ဒေါသတကြီးဟိန်းဟောက်က ထွက်သွားတယ်။

"နောက်တစ်ခါကျရင် ငါ သေချာပေါက် မင်းကို အနိုင်ယူမယ်"

ရွှေအလင်းနတ်ဘုရားရဲ့အမူအရာက မည်းမှောင်နေတယ်။ မလာခင်တုန်းက ဒီလိုဖြစ်လာမယ်လို့ သူ ‌မမျှော်လင့်ထားခဲ့ဘူး။ သူ့အမြင်အရ လီဖူချန်းကို ရင်ဆိုင်ရတာ လွယ်ကူတဲ့အလုပ်တစ်ခုပဲပေါ့။

ရွှေရောင်အလင်းတစ်ခုလက်သွားပြီး ရွှေအလင်းနတ်ဘုရားက ပျောက်ကွယ်သွားတော့တယ်။

"လေးစားစရာပဲ၊ လေးစားစရာပဲ။ သုံးယောက်တစ်ယောက်တိုက်ခိုက်ရတာတောင် မင်းက နိုင်ခဲ့တာပဲ" ရေတံခွန်မိုးနတ်ဘုရားက ချီးကျူးလိုက်တယ်။

သူသာဆိုရင် သုံးယောက်မပြောနဲ့ နှစ်ယောက်တောင် အသည်းအသန်တိုက်ခိုက်ရမှာပါ။

"မင်းရဲ့ဓားမော့ပညာက အလုံးစုံတတ်သိနားလည်ခြင်းကြယ်ပိုင်နက်အဆင့်ကို ရောက်သွားရင် ငါ့ထက် နိမ့်ကျမှာမဟုတ်တော့ဘူး" ကောင်းကင်ဘုံဖောက်ဓားနတ်ဘုရားက ရယ်လိုက်တယ်။

"ရေတံခွန်မိုးဓားမော့နတ်ဘုရားက ခါးသီးစွာ ပြောလိုက်တယ်"ဒါ ဘယ်လိုလုပ်ပြီး အဲဒီလောက်လွယ်မှာလဲ"

အလုံးစုံတတ်သိနားလည်ခြင်းကြယ်ပိုင်နက်အဆင့်က ဒီစကြာဝဠာရဲ့အကန့်အသတ်ပဲ။ ပိုမြင့်သွားရင် နတ်ဘုရားနယ်ပယ်ကို ရောက်ရှိသွားလိမ့်မယ်။

စကြာဝဠာမှာ အကြိုနတ်ဘုရားတွေများစွာရှိတယ်၊ ဒါပေမယ့် နှစ်ဆယ်ပတ်လည်ကသာ အလုံးစုံတတ်သိနားလည်ခြင်းကြယ်ပိုင်နက်အဆင့်ကို ရောက်ရှိထားတယ်။

ဒါပေမယ့် အလုံးစုံတတ်သိနားလည်ခြင်းအဆင့်ကြယ်ပိုင်နက်အဆင့်တွေကြားမှာလည်း ခွန်အားကွာခြားချက်တွေရှိတယ်။ ဥပမာအားဖြင့် ဓားသမားတစ်ယောက်ရဲ့ဓားပညာက အလုံးစုံတတ်သိနားလည်ခြင်းကြယ်ပိုင်နက်အဆင့်မှာ ရှိပေမယ့် သူ့ရဲ့ဓားနည်းစနစ်က အလုံးစုံတတ်သိနားလည်ခြင်းကြယ်ပိုင်နက်အဆင့်မှာ မရှိရင် ချို့ယွင်းချက်တွေ သေချာပေါက်ရှိပေလိမ့်မယ်။ ဓားပညာရောဓားနည်းစနစ်ရောနှစ်ခုစလုံးက အလုံးစုံတတ်သိနားလည်ခြင်းကြယ်ပိုင်နက်အဆင့်ကို ရောက်မှသာ စစ်မှန်တဲ့အလုံးစုံတတ်သိနားလည်ခြင်းလို့ သတ်မှတ်နိုင်ပြီး အသန်မာဆုံးအရှင်လို့ ခေါ်ဆိုနိုင်တယ်။

စကြာဝဠာထဲမှာ အကြိုနတ်ဘုရားတွေများစွာရှိပေမယ့် လက်တစ်ဆုပ်စာလောက်ကသာ အသန်မာဆုံးအရှင်အဆင့်ကို ရောက်ရှိထားတယ်။

"ဒါ အလုံးစုံတတ်သိနားလည်ခြင်းအဆင့်ဓားပညာလား"

သူ့ရဲ့ဓားပညာက နှောင်းပိုင်းအခြေအနေကြယ်ပိုင်နက်အဆင့်ကိုရောက်ရှိထားတဲ့ဓားသမားတစ်ယောက်အနေနဲ့ လီဖူချန်းက ဘယ်သူထက်မဆို ပိုရှင်းရှင်းလင်းလင်းမြင်နိုင်တယ်။ ကောင်းကင်ဘုံဖောက်ဓားနတ်ဘုရားရဲ့ဓားပညာက အလွန်အမင်းကြောက်စရာကောင်းတယ်။ ၎င်းက ဆိုးရွားခြင်းကို ဆန်းကြယ်ခြင်းသို့ ပြောင်းလဲခြင်း၊ ဆန်းကြယ်ခြင်းကို သာမန်သို့ ပြောင်းလဲခြင်းအခြေအနေကနေ သဘာဝအခြေအနေသို့ ပြန်ရောက်သွားတယ်။ ဒီအခြေအနေမှာ အကွက်တိုင်း၊ လှုပ်ရှားမှုတိုင်းက သဘာဝကျတယ်၊ မချိုးဖောက်နိုင်ဘူး၊ ခြေရာခံလို့မရဘူး။

ရိုးရှင်းစွာပြောရရင် ကောင်းကင်ဖောက်ဓားနတ်ဘုရားရဲ့ဓားပညာက စကြာဝဠာနဲ့တူညီတဲ့အဆင့်မှာ ရှိတယ်။ လီဖူချန်းက တိုက်ခိုက်တဲ့အခါ သူက ဓားတာအိုရင်းမြစ်စွမ်းအားကို ချေးဌားဖို့ လိုအပ်တယ်။ သူက ဓားတာအိုရင်းမြစ်စွမ်းအားမရှိတဲ့နေရာတစ်ခုမှာရှိရင် သူ့ခွန်အားက အကြီးအကျယ်လျှောကျသွားလိမ့်မယ်။

ဒါပေမယ့် ကောင်းကင်ဖောက်ဓားနတ်ဘုရားက မတူပါဘူး။ သူက ဓားတာအိုရင်းမြစ်စွမ်းအားကို မချေးယူရင်တောင် သူ့ခွန်အားကို အလိုရှိတဲ့အတိုင်း အသုံးချနိုင်ပါသေးတယ်။ တစ်ခုတည်းသောခြားနားချက်ကတော့ ဓားတာအိုရင်းမြစ်စွမ်းအားနဲ့ဆိုရင် သူက ခွန်အားတွေ ပိုထိန်းသိမ်းနိုင်ပြီး ပိုလွယ်ကူစွာ တိုက်ခိုက်နိုင်လိမ့်မယ်။ တကယ်တော့ တစ်စုံတစ်ယောက်ရဲ့ခွန်အားက အကန့်အသတ်တစ်ခုရှိပေမယ့် စကြာဝဠာမှာ မရှိပါဘူး။

ထပ်ပြောရရင် အကြိုနတ်ဘုရားတွေရဲ့အကြိုနတ်ဘုရားစွမ်းအားက စကြာဝဠာကို အနည်းငယ်ထိခိုက်စေတယ်။ ဒါကြောင့် စကြာဝဠာက သူတို့ကို မသိမသာတားဆီးနှောင့်ယှက်တယ်။ ဒါပေမယ့် ကျင့်ကြံခြင်းအဆင့်က လုံလုံလောက်လောက်မြင့်မားရင် တားဆီးနှောင့်ယှက်ခြင်းက လျော့ကျသွားလိမ့်မယ်။

ဓားပညာက အလုံးစုံတတ်သိနားလည်ခြင်းကြယ်ပိုင်နက်အဆင့်ကို ရောက်ရှိသွားတဲ့အခါ စကြာဝဠာအနေနဲ့ နှောင့်ယှက်ဖို့က ခက်ခဲလာလိမ့်မယ်။ တကယ်တော့ စကြာဝဠာမှာ အသိစိတ်မရှိဘူး၊ မဟာစိတ်တန်ခိုးစွမ်းအားသာရှိတယ်။ စကြာဝဠာကို ပြင်းပြင်းထန်ထန်ထိခိုက်စေတာ၊ အန္တရာယ်ပေးတာမဟုတ်ရင် ၎င်းက လူအချို့ဒါမှမဟုတ်အဖြစ်အပျက်အချို့ကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားမှာမဟုတ်ပါဘူး။

ဒါပေမယ့် အရိုးသားဆုံးပြောရရင် စကြာဝဠာက ကျယ်ပြောကာ အဆုံးမဲ့တယ်။ အကြိုနတ်ဘုရားတစ်‌ယောက်ရဲ့စွမ်းအားက စကြာဝဠာကို အနည်းငယ်ထိခိုက်စေတယ်ဆိုပေမယ့် ထိခိုက်မှုက တောင်တစ်တောင်မှ ကျောက်စရစ်ခဲသေးသေးလေးတွေ လိမ့်ကျလာတာနဲ့တူတယ်။ ဒါက အသေးအဖွဲ့လောက်ပါပဲ။

စကြာဝဠာကို အပြင်းအထန်ထိခိုက်စေဖို့ဆိုရင် နတ်ဘုရားတစ်ယောက်ကတောင် လုပ်ဖို့ခဲယဉ်းတယ်။

နတ်ဘုရားစစ်မြေပြင်ရဲ့တည်ရှိမှုက ဒါကိုသက်သေပြထားတာပဲ။

ကောင်းကင်‌ဘုံဖောက်ဓားနတ်ဘုရားရဲ့ဓားပညာက လီဖူချန်းကို မဟာဈာန်ဝင်စားခြင်းတစ်ခု သေချာပေါက်ပေးစွမ်းတယ်။

သူ့ရဲ့ထိုးထွင်းသိမြင်မှုက ကောင်းကင်ဘုံဆန့်ကျင်ပြီး တစ်ယောက်မှ သူနဲ့မယှဉ်နိုင်ပါဘူး။ အခု သူက စစ်မှန်တဲ့အလုံးစုံတတ်သိနားလည်ခြင်းကြယ်ပိုင်နက်အဆင့်ဓားပညာကို မြင်တွေ့ခဲ့ပြီဆိုတော့ သူ့ရဲ့ဓားပညာကျွမ်းကျင်မှုက အနည်းငယ်ပြောင်းလဲလာတာပေါ့။

"ဓားတာအိုထ မတူညီတဲ့လမ်းကြောင်းတွေက တူညီတဲ့ပန်းတိုင်ကို ဦးတည်တယ်။ တစ်ခုတည်းသောခြားနားချက်က တစ်ဦးတစ်ယောက်ချင်းစီပါပဲ။ သံဓားတစ်လက်လိုပေါ၊ သတ္တုက တူညီပေမယ့် ထုလုပ်တဲ့သူက မတူဘူးဆိုရင် သံဓားရဲ့ပုံစံကလည်း ခြားနားမှာပေါ့"

အလုံးစုံတတ်သိနားလည်ခြင်းကြယ်ပိုင်နက်အဆင့်ကို ချိုးဖြတ်ဖို့ဆိုရင် ဓားတာအိုတိုးတက်ဖို့ကိစ္စတစ်ခုတင်မကဘူး။ ပိုအရေးကြီးတာကတော့ ဓားပညာကို အသက်ရှုတိုင်းမှာ အစိတ်အပိုင်းတစ်ခုဖြစ်စေရမယ်၊ ဓားပညာကို ခန္ဓာကိုယ်နဲ့ခွဲခြားလို့မရအောင်၊ တစ်သားတည်းဖြစ်အောင် ပြုလုပ်ရမယ်။

လီဖူချန်းရဲ့မျက်လုံးတွေက ပိုပိုတောက်ပလာတယ်။ ဓားပညာကိုနားလည်ဖို့အတွက် သူက ချက်ချင်းသီးခြားကျင့်ကြံချင်နေခဲ့တယ်။

"မူလအဆုံးစွန်းအရှင်၊ မင်းက အရမ်းရက်စက်တာပဲ။ မင်းတို့ဓားသမားအစည်းအရုံးရဲ့ဒုခေါင်းဆောင်က မင်းကို ကယ်ဆယ်ဖို့ ဒီကို ရောက်လာပြီ၊ မင်းက ဘာလို့ သူ့ကို ထွက်မကြိုတာလဲ" ရေတံခွန်မိုးဓားနတ်ဘုရက ရယ်စရာတစ်ခုခုကို တွေ့သွားတဲ့အလား လီဖူချန်းကို ပြောလိုက်တယ်။

"ဂျူနီယာက စီနီယာကောင်းကင်ဘုံဖောက်ဓားနတ်ဘုရားကို နှုတ်ဆက်ပါတယ်" လီဖူချန်းက နက်ပြာပလိန်းမှ လျင်မြန်စွာ ထွက်လာပြီး ဂါဝရပြုလိုက်တယ်။

ကောင်းကင်ဘုံဖောက်ဓားနတ်ဘုရားက လီဖူချန်းကို အကဲဖြတ်ပြီးနောက် ခေါင်းညိတ်လိုက်တယ်"ကောင်းတယ်၊ အရမ်းကောင်းတယ်။ မင်းက ငါ ထင်ထားတာထက် ပိုထူးချွန်တာပဲ။ မင်းက ဒီလောက်များတဲ့အကြိုနတ်ဘုရားတွေလက်ထဲကနေ ထိခိုက်အနာတရမရှိဘဲ လွတ်မြောက်နိုင်ခဲ့တာပဲ။ ကြည့်ရတာ ထိုက်ချိဓားဘိုးဘေးက မလိမ်ခဲ့ဘူးပဲ။ မင်းက တကယ်ပဲ စကြာဝဠာရဲ့အစစ်အမှန်ကလေးဖြစ်နိုင်တယ်"

စကြာဝဠာကလေးအားလုံးမှာ မဟာကံကောင်းမှုရှိတယ်။ သူတို့က မပျောက်ကွယ်သွားသရွေ့ သူတို့က အခြေခံအားဖြင့် အကြိုနတ်ဘုရားတွေ ဖြစ်လာလိမ့်မယ်။

စကြာဝဠာကလေးတွေကြားမှာ အစစ်အမှန်စကြာဝဠာကလေးတစ်ယောက်ရှိတယ်လို့ ပြောကြတယ်။ ဒီစကြာဝဠာကလေးက မပျောက်ကွယ်နိုင်သလို အချိန်အလုံ‌အလောက်ရှိလာတာနဲ့အမျှ သူက အကြိုနတ်ဘုရားတစ်ယောက်ဖြစ်လာမှာ လုံးဝအသေအချာပါပဲ။

ဒါပေမယ့် ဒါက အစစ်အမှန်လားကိုတော့ မသိပါဘူး။ တကယ်တော့ စကြာဝဠာကလေးဆိုတဲ့နာမည်ကို ခန္ဓာကိုယ်ပေါ်မှာ မရေးထိုးထားဘူးလေ။

ဒါ့ပြင် သာမန်စကြာဝဠာကလေးတွေက ပျောက်ကွယ်သွားလိမ့်မယ်။ သူတို့ပျောက်ကွယ်သွားတာနဲ့ စကြာဝဠာကလေးအသစ်တစ်ယောက်က ‌မွေးဖွားလာလိမ့်မယ်။

စကြာဝဠာရဲ့အစစ်အမှန်ကလေးက စကြာဝဠာထဲမှာ မပျောက်ကွယ်နိုင်ပေမယ့် အကြိုနတ်ဘုရားနယ်မြေမှာတော့ ပျောက်ကွယ်သွားနိုင်တယ်။ အထူးသဖြင့် နတ်ဘုရားစစ်မြေပြင်မှာ မင်းက စကြာဝဠာရဲ့ကလေးပဲဖြစ်ဖြစ်၊ ညီအကိုပဲဖြစ်ဖြစ် ကိစ္စမရှိဘူး။ မင်း သေချင်ရင် သေနိုင်တာပဲ။ အများဆုံး မင်းကို သတ်ရတာ အခြားသူတွေကို သတ်ရတာထက် ပိုခက်ခဲရုံပဲ။

ကောင်းကင်ဖောက်ဓားနတ်ဘုရားရဲ့အမြင်အရ လီဖူချန်းက စကြာဝဠာရဲ့အစစ်အမှန်ကလေးတစ်ယောက်ဆိုရင် သူက အကြိုနတ်ဘုရားနယ်မြေကို မသွားသရွေ့ တစ်ယောက်မှ သူ့ကို ဘာမှလုပ်နိုင်မှာမဟုတ်ဘူး။ အ‌ဆင့်မြင့်စကြာဝဠာရတနာတွေအတွက်ကတော့ တစ်ယောက်မှ အဲဒါကို ခိုးယူနိုင်လိမ့်မှာမဟုတ်ဘူး။

ဘယ်လိုဟာသမျိုးလဲ။ စကြာဝဠာရဲ့အစစ်အမှန်ကလေးတစ်ယောက်လက်ထဲမှရတနာတစ်ခုကို ခိုးယူနိုင်လောက်အောင် ဘယ်လိုကံကောင်းမှုမျိုး ရှိနေလို့လဲ။

"အဆင့်မြင့်စကြာဝဠာရတနာကို မင်းကိုယ်တိုင်အတွက်ပဲ သိမ်းထားပါ။ တစ်ခုခုမရှိရင် နက်ပြာပလိန်းမှာပဲနေပြီး အပြင်ကို မထွက်လာနဲ့"

Originally, Sword God Thorn Tian planned to trade high-level cosmic treasures with Li Fuchen. The moment he saw Li Fuchen, Sword God Thorn changed his mind.

အစက ကောင်းကင်ဘုံဖောက်ဓားနတ်ဘုရားက လီဖူချန်းရဲ့အဆင့်မြင့်စကြာဝဠာရတနာကို လဲလှယ်ချင်ခဲ့တယ်။ ဒါပေမယ့် လီဖူချန်းကို မြင်ပြီးနောက် ကောင်းကင်ဘုံဖောက်ဓားနတ်ဘုရားက သူ့စိတ်ကို ပြောင်းလိုက်တယ်။

ဒီကလေးကို မိတ်ဖွဲ့ရမယ်၊ ရန်စလို့မရဘူး။

ဒါက အလုံးစုံတတ်သိနားလည်ခြင်းကြယ်ပိုင်နက်အဆင့်ကိုရောက်ရှိနေတဲ့သူ့ရဲ့ဓားပညာမှလာတဲ့ကြိုတင်အသိဖြစ်တယ်။

ကောင်းကင်ဘုံဖောက်ဓားနတ်ဘုရားက သူ့ရဲ့ကြိုတင်အသိကို အမြဲတမ်းယုံကြည်ခဲ့တယ်။

"ဒီဂျူနီယာက စိတ်ထဲမှာ မှတ်ထားပါ့မယ်" လီဖူချန်းက ခေါင်းညိတ်လိုက်တယ်။ ဒီအဖြစ်အပျက်ပြီးနောက် သူက ဆက်လက်ကျင့်ကြံရမယ်။ သူက အသန်မာဆုံးအရှင်မဖြစ်ခင် နက်ပြာပလိန်းကနေ ခြေတစ်လှမ်းမှထွက်တော့မှာမဟုတ်ဘူး။

"ဒါ လက်ဆောင်သေးသေးလေးတစ်ခုပဲ။ ဒါကို ဒီစီနီယာရဲ့နှုတ်ဆက်လက်ဆောင်အနေနဲ့ ယူလိုက်"

ကောင်းကင်ဘုံဖောက်ဓားနတ်ဘုရားက သူ့လက်ကို လှန်လိုက်ပြီး ဓားမော့အကျိုးတစ်ခုက ထွက်ပေါ်လာတယ်။ ပြီးနောက် သူက အဲဒါကို လီဖူချန်းထံ ပစ်ပေးလိုက်တယ်။

"စီနီယာ၊ ငါ ဒါကို လက်မခံနိုင်ဘူး"

လီဖူချန်းက မှင်တက်သွားတယ်။

ကောင်းကင်ဘုံဖောက်ဓားမော့နတ်ဘုရားက ချက်ချင်းပြောလိုက်တယ်"ဒါကို မင်းအပေါ်ငါ့ရဲ့ရင်းနှီးမြုပ်နှံမှုတစ်ခုလို့ သတ်မှတ်လိုက်ပါ။ အနာဂတ်မှာ ငါ မင်းရဲ့အကူအညီကို လိုအပ်လာနိုင်တယ်။ ဒီဓားမော့ကျိုးက ကျိုးပျက်နေတဲ့အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုပဲ။ အဲဒါက တစ်ယောက်ယောက်ကို အကြိုနတ်ဘုရားတစ်ယောက်မဖြစ်စေနိုင်ပေမယ့် အကြိုနတ်ဘုရားစွမ်းအားကိုတော့ ယာယီသိပ်သည်းစေနိုင်မှာပါ။ ငါခန့်မှန်းထားတာအရ ဒီဓားမော့ကျိုးအပြည့်အစုံရှိတုန်းက ၎င်းက ပထမတန်းစားအဆင့်အကြိုနတ်ဘုရားအသုံးအ‌ဆောင်တစ်ခုပဲဖြစ်ရမယ်"

ကျိုးပျက်နေတဲ့ပထမတန်းစားအဆင့်အကြိုနတ်ဘုရားအသုံးအ‌ဆောင်တစ်ခုလား"

လီဖူချန်းက မေးငေါ့လိုက်တယ်။

ဒါက ကြီးကျယ်တဲ့အသုံးအဆောင်တစ်ခုပဲ၊ ၎င်းရဲ့တန်ဖိုးက အလယ်ဆင့်စကြာဝဠာရတနာတစ်ခုထက် မနိမ့်ကျပါဘူး။ အားလုံးထဲမှာ ရန်ချင်းဟူကပဲ ဒါကို အသုံးပြုနိုင်မယ်။

"ကျေးဇူးအများကြီးတင်ပါတယ်၊ စီနီယာ" သူက ဓားမော့ကျိုးကို လက်မခံခဲ့ရင် ကောင်းကင်ဘုံဖောက်ဓားမော့နတ်ဘုရားရဲ့မိတ်ဖွဲ့မှုကို ငြင်းပယ်တာပဲ။ ဒဲဒါကို အရူးတွေကပဲ လုပ်မှာပါ။

"နောက်တစ်ကြိမ်ငါတို့ပြန်တွေ့တဲ့အချိန်ကျရင် အကြိုနတ်ဘုရားနယ်မြေမှာ ဖြစ်လိမ့်မယ်လို့ ငါ မျှော်လင့်တယ်"

အကြိုနတ်ဘုရားနယ်မြေက ပဋိပက္ခတွေအဆုံးမဲ့ရှိပြီး နတ်ဘုရားစစ်မြေပြင်က နတ်ဘုရားတွေကျဆုံးရာမြေဖြစ်တယ်။ ကောင်းကင်ဘုံဖောက်ဓားနတ်ဘုရားက အနာဂတ်အတွက် စီစဉ်ထားတယ်၊ သို့မဟုတ်ရင် သူက ပထမတန်းစားအဆင့်အကြိုနတ်ဘုရားအသုံးအ‌ဆောင်အကျိုးအပျက်တစ်ခုကို ပေးမှာမဟုတ်ဘူး။ တကယ်တော့ သူက လီဖူချန်းနဲ့ ဘာမှမသက်ဆိုင်ဘူးလေ။

"သေချာတာပေါ့"

လီဖူချန်းက ခေါင်းညိတ်လိုက်တယ်။

ရေတံခွန်မိုးဓားမော့နတ်ဘုရား၊ ငါတို့ သွားသောက်ကြရအောင်"

ကောင်းကင်ဘုံဖောက်ဓားနတ်ဘုရားက စိတ်အခြေအနေကောင်းနေတယ်၊ သူက ရေတံခွန်မိုးဓားမော့နတ်ဘုရားနဲ့အတူသောက်ဖို့ ‌နေရာတစ်ခုကို ရှာဖွေဖို့ သွားခဲ့တယ်။

"ကံကြမ္မာက တကယ်ဆန်းကြယ်တာပဲ"

သူ့လက်ထဲရှိဓားမော့ကျိုးကို ကြည့်လျက် လီဖူချန်းက အနည်းငယ်စိတ်ရှုပ်ထွေးနေတယ်။

All Chapters