အခန်း (၃၀၁)
Vol. 31 Ch. 301
“တကယ်လား”
ကျန်းကျန်းအနေဖြင့် သူမ အလွန် ကြိုးစားခဲ့သည်ကို သိထားပြီးသားဖြစ်သော်လည်း၊ သူမ၏ ကြိုးစားမှုရလဒ်များကို အမှန်တကယ်အသိအမှတ်ပြုသောအခါ အလွန်အမင်းပင် ဝမ်းသာပျော်ရွှင်နေမိသည်။
“ကျေးဇူးတင်ပါတယ် အယ်ဒီတာချုပ်ယွီ”
ယွီရှို့ကျင်းက သူမကို ညင်သာစွာ ပြုံးပြ၍ ပြောလာလေ၏။
“ဒီ အရံထုတ်ထားတဲ့မှတ်စုလေးခုကလည်း မဆိုးပါဘူး၊ တကယ်တော့ ဒီမှတ်စုတွေကလည်း သတင်းမူကြမ်းတွေလိုပဲ၊ တစ်ခုချင်းစီ ထုတ်ဝေဖို့အတွက် သင့်တော်တဲ့နေရာတွေ ရှိတယ်။”
ကျန်းကျန်းတစ်ယောက် တစ်ဖက်လူပြောလိုက်သည့်စကားများကို တစ်ယောက်တည်း စိတ်ထဲ၌ နှိုင်းယှဉ်ရင်းဖြင့် ယွီရှို့ကျင်း၏ ရုံးခန်းထဲမှ ထွက်လာသောအချိန်တွင် သူမ၏ ခြေထောက်များက ကြမ်းပြင်နှင့်ပင် မထိတော့ဘဲ လေပေါ်တွင် မြောက်တက်နေသကဲ့သို့ ခံစားနေခဲ့ရရသည်။
ထိုနေ့ မွန်းလွဲပိုင်းတွင် သတင်းစာကို အပြီးသတ်ပြီး တည်းဖြတ်သူများက မူကြမ်းကို ပြန်စစ်ဆေးခဲ့ကြလေသည်။ ထိုအခိုက်တွင် ကျန်းကျန်းတစ်ယောက် သူမ၏သတင်း စာမူကြမ်း၏ အနေအထားကို အသိစိတ်ထဲမှ တဆင့်လျှို့ဝှက်ကြည့်လိုက်သောအခါ သတင်းစာ၏ ခေါင်းစီး ဒုတိယစာမျက်နှာ၌ ရောက်နေသည်ကို တွေ့လိုက်ရသည်။
ဤသည်မှာ ခန့်အပ်ခာစပြီးကာစတာဝန်ကျဝန်ထမ်းအသစ်တစ်ဦးအတွက် အလွန်အမင်းပင် ကြီးကျယ်လှသည့် အောင်မြင်မှုဟု ပြောနိုင်သည်ပင်။
ညနေဘက် အိမ်သို့ပြန်ရောက်သောအခါတွင် ကျန်းကျန်းတစ်ယောက် ခြံထဲသို့ အပြေးအလွှားဝင်၍ မိသားစုဝင်များအား ပျော်ရွှင်စွာ ပြောပြလိုက်တော့သည်။
“အဘွား၊ သမီးရဲ့ သတင်း စာမူကြမ်းကို သတင်းစာထဲမှာ ထည့်သွင်းထုတ်ဝေဖို့အတွက် ခွင့်ပြုလိုက်ပြီ ၊ မနက်ဖြန်ကျရင် ဟွားကော် နေ့စဉ်သတင်းစာထဲမှာ သမီးရဲ့ သတင်းဆောင်းပါးက ပါလာလိမ့်မယ်”
သူမ အလွန်ပျော်ရွှင်စွာဖြင့် အသံကုန် အော်လိုက်လေသည်။ ဤစကားကို ကြားသည်နှင့် မဒမ်လီသည်လည်း အလွန်စိတ်လှုပ်ရှား၍ ပြောလာခဲ်သည်။
“ကျန်းကျန်းရဲ့ အမေ၊ မင်းကြားတယ်မလား ၊မြန်မြန်လုပ်၊ အခုငါတို့ရဲ့ ဇာတိကို ကြေးနန်းပို့ရမယ်”
နောက်တစ်နေ့ မိုးလင်းပြီးနာက် နံနက်စောစောအချိန်တွင် မဒမ်လီတစ်ယောက် မိုးမလင်းမီကပင် စာတိုက်ရှေ့၌ သွား၍ စောင့်ဆိုင်းနေခဲ့သည်။
စာတိုက်တံခါးဖွင့်သည်နှင့် သူမက စာတိုက် အထဲသို့ ပြေးဝင်၍ ပြောလိုက်လေသည်။
“ဒီနေ့ထုတ် ဟွားကော် နေ့စဉ်သတင်းစာ အုပ်ရေ ၁၀၀ ပေးပါ”
“အုပ်ရေ တစ်ရာလား”
စာတိုက်ဝန်ထမ်းများမှာ အံ့အားသင့်သွားခဲ့ကြပြီး နေရာတွင်ရှိနေသောဝန်ထမ်းများအားလုံး မျက်လုံးများ ပြူးသွားခဲ့ကြသည်။ ရာထူးကြီးသည့် တစ်ဦးကပင်နားကြားလွဲသည်ဟုထင်မှတ်ကာ နားကို ကုတ်နေမိသည်။
“အန်တီ၊ ဘယ်နှစ်အုပ်များ လိုချင်လို့လဲ”
“အုပ်ရေ တစ်ရာ”
မဒမ်လီတစ်ယောက် သူမ၏အိတ်ထဲမှ လက်ကိုင်ပဝါတစ်ထည်ကို ထုတ်၍ ပိုက်ဆံရေရန် ပြင်နေပုံရသည်။
သို့နှင့် တာဝန်ကျဝန်ထမ်းက မနေနိုင်ဘဲ ပြောလိုက်မိသည်။
“အန်တီ၊ ဒီသတင်းစာ အုပ်ရေ တစ်ရာက မနည်းဘူးနော်၊ အန်တီ နံရံကိုကပ်ဖို့ဆိုရင် အသစ်ဝယ်နေစရာ မလိုပါဘူး။ စက္ကူဟောင်းစုတဲ့နေရာမှာ သတင်းစာဟောင်းတွေ သွားဝယ်လိုက်ပါလား၊ တစ်ဆင့်ဖိုးဆိုရင် အလေးချိန် အများကြီး ရတယ်။”
စကားဆုံးသည်နှင့် မဒမ်လီသည်က သူမ၏ လက်ကိုင်ပဝါထဲမှ ပိုက်ဆံအထပ်လိုက်ကို ထုတ်၍ ကောင်တာပေါ်သို့ တင်လိုက်သည်။
“တစ်ရာယွမ်လောက် ဆိုရင် သတင်းစာ အုပ်ရေ တစ်ရာ ဝယ်ဖို့ လုံလောက်ရဲ့လား”
ဤတစ်ကြိမ်၌မူ ရာထူးကြီးသည့် ဝန်ထမ်းပင် ကြောင်အမ်းသွားခဲ့သည်။
ပိုက်ဆံ တစ်ရာယွမ် အထပ်လိုက်ရှိနေသည်ကို အဘယ်ကြောင့် ပိုက်ဆံအိတ် မရှိဘဲ လက်ကိုင်ပဝါနှင့် ထုပ်ထားရပါသနည်း။
ဤသည်က သူတို့၏ ဆုံးဖြတ်ချက်ကို ထိခိုက်စေသည်။
မဒမ်လီသည်က သူ့ကို ကြောင်တောင်တောင် ကြည့်နေသည့် လူများအုပ်စုကို ကြည့်၍ မနေနိုင်တော့ဘဲ ကောင်တာကို ပုတ်လိုက်သည်။
“ဘာတွေ ကြည့်ကြည့်နေကြတာလဲ၊ မြန်မြန်လုပ်၊ ငါ့အတွက် သတင်းစာတွေ ရေပေးပါဦး၊ ပိုက်ဆံမလုံလောက်လို့လား၊ မလုံလောက်ရင် ငါ အိမ်ကို ပြန်ပြီးယူရဦးမယ်။”
“လုံလောက်ပါတယ်၊ လုံလောက်ပါတယ်။”
ဝန်ထမ်းက တစ်ရာယွမ်တစ်ရွက်ကို ယူထားပြီး ကျန်သည့် ပိုက်ဆံများကို မဒမ်လီ၏ လက်ထဲသို့ အလျှင်အမြန်ပြန်ထည့်ပေးလိုက်သည်။
“ယူထားပါဦး၊ ပိုက်ဆံတွေ လေတိုက်လို့ လွင့်မသွားစေနဲ့နော်”
သူသည်က ဘေးနားမှ လူငယ်လေးကို သတင်းစာများ ရေခိုင်းပြီး မဒမ်လီက သူမ၏ ပိုက်ဆံများကို လက်ကိုင်ပဝါနှင့် အိတ်ထဲပြန်ထည့်သည်ကို ကြည့်၍ ပြောလိုက်သည်။
“အန်တီ၊ ပိုက်ဆံတွေ ဒီလောက်အများကြီးကို အပြင်ကိုယူလာတာ၊ ပိုက်ဆံအိတ်တစ်ခုလုံးလောက် ထည့်လာရောပေါ့၊ အိတ်လေးထဲမှာ ထည့်ပေးလိုက်ရင် ဘယ်လောက်ထည့်ထည့်လွယ်လွယ် ပျောက်နိုင်မှာမဟုတ်ဘူး”
“ဒါတော့ မဖြစ်နိုင်ဘူး။”
မဒမ်လီသည်ကား ဆံပင်ညှပ်တစ်ချောင်းကို ထုတ်၍ သူ၏ဘောင်းဘီအိတ်ကို ချိတ်လိုက်သည်။
“ပိုက်ဆံအိတ်က အင်္ကျီအိတ်ထဲပို ထည့်မရဘူးလေ၊ ငါ့လက်ကိုင်ပဝါက ဘယ်လောက်ကောင်းလဲ၊ ငါ တစ်သက်လုံး ပိုက်ဆံတွေကိုဒီလိုမျိုး ထုပ်လာတာ တစ်ဆင့်လေးတောင်မှ ပျောက်ဖူးတာ မရှိဘူး”
ဟွားကော် နေ့စဉ်သတင်းစာကို နံနက် ၆:၀၀ နာရီ၌ ပို့ပေးခဲ့သည်။
ယခုအချိန်တွင်ပါဆယ်ထုပ်က မဖွင့်ရသေးချေ၊
ပါဆယ်တစ်ထုတ်ထဲတွင် သတင်းစာက အုပ်ရေ ၁၀၀အတိအကျ ပါဝင်သည်။
လူငယ်လေးက သတင်းစာများကို ယူလာပြီးသည်နှင့် သူ၏လက်များက သတင်းစာအလေးချိန်ပါဝင်သည့် ကြိုးကြောင့် နီရဲနေခဲ့သည်။ သူက သတင်းစာကို ကောင်တာပေါ်သို့ တင်ပြီး မနေနိုင်ဘဲ မေးလိုက်သည်။
“အန်တီ၊ ဘာဖြစ်လို့ သတင်းစာတွေ ဒီလောက်အများကြီး ဝယ်တာလဲ ကျွန်တော်တို့က စာရင်းကတ်တို့လိုမျိုး လိုချင်တာကိုမြင်ဖူးပေမယ့် တစ်ခါတည်း အများကြီး ဝယ်ဖူးတာ ဘယ်သူမှ မရှိဘူး။”
မဒမ်လီ ဤစကားကို ကြားသည်နှင့် သူမ၏ မျက်လုံးများပင် ကျဉ်းသွားသည်အထိ ရယ်မောလာခဲ့သည်။
သူမသည်ကား သတင်းစာအထပ်လိုက်ကို ပုတ်၍ ဝင့်ကြွားစွာ ကြွားလုံးထုတ်လိုက်လေသည်။
“ငါ့မြေးမလေးရဲ့ ဆောင်းပါးက ဒီမှာ ပါလာတာလေ”
ဝန်ထမ်းလေ့က အံ့အားသင့်သွားရသည်။
“တကယ်လား၊ ဒါက အံ့သြစရာပဲ၊ အန်တီ့မြေးမလေး အသက်ဘယ်လောက်ရှိပြီလဲ”
“နှစ်ဆယ့်နှစ်၊ မကြာခင်ကမှ တော်ဝင်တက္ကသိုလ်က ဘွဲ့ရတာ၊ ငါ့မြေးမလေးက ကျောင်းတက်တုန်းကလည်း နှစ်စဉ် ပထမပဲ”
မဒမ်လီသည်ကား ကျန်းကျန်း၏အကြောင်းကို ပြောသည်နှင့် စကားများ တရစပ် ပြောလာလေတော့သည်။
“ငါ ပြောမယ်၊ ငါ့မြေးမလေးက တကယ်ကို ကောင်းမွန်လွန်းတယ်၊ ပညာလည်း တော်တယ်၊ ရုပ်လည်း ချောတယ်၊ တောတွေတောင််တွေက သားကောင်တွေလည်း ဖမ်းနိုင်တယ်။
အားလည်း အရမ်း ကောင်းတယ်။ ဝက်ရိုင်းကိုတောင် သူမ တစ်ချက် ကန်လိုက်ရင်တောင် မှောက်သွားတာ။”
မတိုင်ခင်က မိမ်းမပျိုလေးအကြောင့်ကိုကြားရသည့်အတွက် မြူးထူးနေသည့် လူငယ်လေးသည် ရေအေးနှင့် အပက်ခံရသကဲ့သို့ ရုတ်တရက် သတိဝင်လာသည်။
ဝက်ရိုင်းကို ကန်လှဲနိုင်သည့် မိန်းကလေးက ရုပ်ချောနိုင်သည်ကို သူ မယုံကြည်ပါချေ။ မိန်းမကြမ်း လီကဲ့သို့ဖြစ်နေလောက်မညာ မဟုတ်လောက်လား။
အသက်အနည်းငယ်ကြီးသည့် ဝန်ထမ်းတစ်ဦးက ဘေးမှ ဟွားကော် နေ့စဉ်သတင်းစာမှ တစ်အုပ်ကို ထုတ်ယူပြီး မဒမ်လီရှေ့၌ ချလိုက်သည်။
“အန်တီ၊ အန်တီ့မြေးမလေး ရေးတဲ့ သတင်းစာဆောင်းပါးက ဘယ်ဟာလဲ ကျွန်တော်တို့ကို ပြပေးပါဦး၊ သူမက ဒီအရွယ်မှာ သတင်းစာထဲကို ဆောင်းပါးတွေ ထည့်ပြီး ထုတ်ဝေနိုင်တယ်ဆိုတာက အံ့သြစရာပဲ”
မဒမ်လီသည်ကား စာလုံးဝ မဖတ်တတ်ပါချေ။ သူမက မျက်လုံးမှေးကျဥ်းစွာနှင့် စာမျက်နှာ နှစ်မျက်နှာကို လှန်ပြီး သတင်းစာကို ပြန်တွန်းပေးလိုက်သည်။
“ငါ့မှာ စာဖတ်မျက်မှန် မပါလာဘူး၊ မင်းတို့တွေ့ ငါ့အတွက် ရှာပေးပါဦး။ ငါ့မြေးမလေးရဲသ နာမည်က လီမင်ကျန်းလို့ခေါ်တယ်”
ပထမစာမျက်နှာ၌ ဆောင်းပါးများ များစွာ ရှိသည်။ ဝန်ထမ်းက တစ်ချက်ကြည့်ပြီး ဒုတိယစာမျက်နှာကို လှန်လိုက်ဖို့ လုပ်သည့်အချိန်တွင် သူ၏မျက်လုံးများက ခေါင်းစီး၌ ရပ်တန့်သွားသည်။ လီမင်ကျန်းဟူသည့် စာလုံးသုံးလုံးက မျက်စိထဲ ဝင်လာခဲ့လေသည်။
“ဒီမှာ”
သူက သတင်းစာ၏ အပေါ်ဆုံးမှ အမည်ကို လက်ညှိုးထိုးပြသည်။ မဒမ်လီက ကြည့်လိုက်သည်။
“အန်တီ မနက်ဖြန်ရဲ့ မင်လား၊ ခေါင်းဆောင် ကျန်းလား”
မဒမ်လီ တစ်ချက်ကြည့်ပြီး စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်၊ ငါ့မြေးမကြီး၊ လီမင်ကျန်း”
“မှန်တယ်ဆိုတာ သေချာပါပြီ”
ရာထူးကြီးသည့် ဝန်ထမ်းက ဘေးမှ လူငယ်လေး၏ ပုခုံးကို ပုတ်ပေးလိုက်သည်။
“ဒီသတင်းစာက အရမ်းလေးတယ်၊ အန်တီကို အိမ်ပြန်ပို့ဖို့ မင်း ကူပေးလိုက်ပါဦး။”
လီမိသားစုသည်ကား သတင်းစာကို တစ်ခါမျှ စာရင်းသွင်းကာ ယူထားဖူးသည် မရှိပါချေ။ ထို့ကြောင့်မဒမ်လီအနေဖြင့် သတင်းစာ အုပ်ရေ တစ်ရာသည်က ဤမျှလေးမည်ဟု မထင်ထားခဲ့ချေ။
ထို့ကြောင့် သူမက တစ်ဖက်လူ၏စကားကု မငြင်းဆန်ဘဲ ပျော်ပျော်ရွှင်ရွှင် ခေါင်းညိတ်လိုက်သည်။
“လူငယ်လေး၊ မင်းကို ဒုက္ခပေးရဦးမှာပဲ”
လူငယ်လေးက စက်ဘီးကို တွန်းထုတ်ပြီး သတင်းစာ အုပ်ရေ ၁၀၀ ကို နောက်ဘီးပေါ်တွင် တိုက်ရိုက် ချည်နှောင်လိုက်သည်။
စာတိုက်သည်က လီမိသားစု၏ အိမ်နှင့် မဝေးပါချေ။ လမ်းကြားထဲဝင်ပြီး ဟုန်ယန် ရေကန်ကို ကွေးပတ်ရှောင်လာခဲ့ပြီးနောက်တွင် မဒမ်လီ သူမ၏ခြံဝင်းတံခါးကို တွန်းဖွင့်၍ လူငယ်လေးအား သတင်းစာများကို သူမ၏အိမ်ထဲသို့ ရွှေ့ခိုင်းလိုက်သည်။
ဝမ်စုဖန်းသည်က ကြမ်းတိုက်နေစဉ် လူငယ်လေးတစ်ဦး သတင်းစာ အထပ်လိုက်ကို စားပွဲပေါ် တင်သည်ကို မြင်သောအခါ မနေနိုင်ဘဲ ခေါင်းထောင်၍
“ဒါကဘာလဲ”
“သတင်းစာလေ”
မဒမ်လီသည် ပျော်ပျော်ရွှင်ရွှင်နှင့် ပြောလာခဲ့သည်။
“ကျန်းကျန်း ရဲ့ သတင်းဆောင်းပါ ပါတာ၊ ငါ အုပ်ရေ တစ်ရာ ဝယ်ခဲ့တာ။”
ဝမ်စုဖန်းသည် သူမသမီးဖြစ်သူ၏ ဆောင်းပါး ပါလာသည်ကို ကြားသောအခါ အလွန်ပျော်သွားသော်လည်း ဝယ်သည့် အရေအတွက်က အနည်းငယ် များလွန်းသည်။
“မဖြစ်ဘူး အမေ၊ ဘာလို့ အုပ်ရေ တစ်ရာတောင် ဝယ်တာလဲ တစ်အုပ်တည်း ဝယ်ထားရင် ရပြီလေ။”
“ပျက်စီးသွားရင် ဘယ်လိုလုပ်မလဲ”
မဒမ်လီသည် သူ့ကို စူးစူးစိုက်စိုက်ကြည့်၍ ပြောခဲ့သည်ဝ
“ငါ အများကြီး သိမ်းထားမယ်၊ ကျန်းကျန်းရဲ့ ကလေးတွေနဲ့ မြေးတွေ တစ်ယောက်စီကို အနာဂတ်မှာ ခွဲယူခိုင်းရအောင်။”
ဝမ်စုဖန်းက ဤကဲ့သို့ မြင်ကွင်းကို စဉ်းစားပြီး မနေနိုင်ဘဲ တုန်လှုပ်သွားသည်။
“ဒါပေမယ့် ကျန်းကျန်း က သတင်းထောက် အလုပ်လုပ်တာလေ၊ အနာဂတ်မှာ သူမရဲ့ ဆောင်းပါး မူကြမ်းတွေ မရပ်မနား ထုတ်ဝေလာရင် အမြဲတမ်း အုပ်ရေ ၁၀၀ ဝယ်နိုင်ဦးမလား”
ဤစကားကို ကြားသည်နှင့် မဒမ်လီသည် အတွေးထဲ နစ်ဝင်သွားသည်။ လူငယ်လေးက သူ၏ချွေးများ သုတ်ရင်း မဒမ်လီကို အကြံပေးလိုက်သည်။
*