← Chapters

အခန်း (၃၀၂)

Vol. 31 Ch. 302

အခန်း (၃၀၂)

Vol. 31 Ch. 302

“အန်တီ၊ အန်တီ သတင်းစာကို အကျဉ်းချုပ်ပုံစံ လုပ်လို့ရတယ်၊ အဲဒါက အန်တီ့မြေးမလေးရဲ့ ဆောင်းပါးကို ဖြတ်ပြီး မှတ်စုစာအုပ်ထဲမှာ ကပ်ထားတာမျိုးလေ

ဒါဆိုရင် ပျက်စီးဖို့ မလွယ်သလို လွင့်ပစ်ဖို့လည်း မလိုဘူးလေ၊ မိသားစုအတွက် နှစ်အုပ်၊ သုံးအုပ်ပဲ လုပ်ပြီး သိမ်းထားလိုက်လု့ရတယ်”

“လူငယ်လေးက ဉာဏ်ကောင်းတာပဲ”

မဒမ်လီသည် သူ၏ပခုံးကို ပုတ်၍

“မင်း ပြောတဲ့အတိုင်းပဲ လုပ်လိုက်မယ်? ငါ့မြေးကို နောက်ကျရင် သတင်းစာ အကျဉ်းချုပ် လုပ်ခိုင်းရမယ်”

လူငယ်လေးမှာ စိတ်သဘော အလွန်ကောင်းသည်ကို မြင်သောအခါ ဝမ်စုဖန်းလည်း သူ၏လက်များကို အမြန် ဆေးခိုင်းလိုက်သည်။

အကြောင်းမူကား သူတို့၏မိသားစုအတွက် သတင်းစာများ ရွှေ့ပေးရင်းဖြင့် သူ၏လက်များတွင် ဖုန်မှုန့်များ ပေလူးသွားသောကြောင့်ပင် ဖြစ်ခေေသည်။

အိမ်ထဲရောက်သောအခါတွင် မဒမ်လီက ဖရဲသီးလှီးထားသည့် ပန်းကန်တစ်ချပ်ကို ယူကာ ထိုလူငယ်လေး စားရန် ယူလာပေးခဲ့သည်။

“ဒီဖရဲသီးတွေက ငါတို့ အိမ်က ဥယျာဉ်ထဲမှာ စိုက်ထားတာလေ၊ အရမ်းချိုတယ်၊ မြည်းကြည့်ပါဦးလား”

လူငယ်လေးသည်ကား ငြင်းဆန်ရန် ပြင်လိုက်သော်လည်း မဒမ်လီက ဖရဲသီး ပန်းကန်ကို သူ၏လက်ထဲ အတင်း ထိုးထည့်လိုက်လေသည်။

“စားလိုက်ဦး၊ မင်းက ငါတို့ရဲ့အိမ်ကို ရောက်နေပြီ၊ သစ်သီးတစ်လုံးတောင် မစားသွားရဘူးဆိုရင် မကောင်းဘူး၊ မြန်မြန် စားလိုက်၊ ဒီဖရဲသီးက မနေ့ညကတည်းက ရေတွင်းထဲမှာ အအေးခံထားတာ၊ အခု စားလို့ ကောင်းတယ်”

လူငယ်လေးသည်လည်း စက်ဘီးကို တောက်လျှောက် တွန်းလာရသည့်အတွက် ချွေးများဖြင့် ရွှဲနစ်နေခဲ့သည်။

ထို့ကြောင့် ဖရဲသီးပေါ်မှ အအေးဓာတ်ကို မြင်သောအခါ မနေနိုင်တော့ဘဲ လက်လှမ်း၍ တစ်ကိုက်ကိုက်လိုက်သည်။

အေးပြီး ချိုမြသည့် အရသာက သူ့အား မည်သည့်အရာကိုမျှ ဂရုမစိုက်နိုင်တော့ဘဲ ဖြစ်သွားစေခဲ့သည်။

သူ တစ်စိတ် စားပြီးသည်နှင့် ဒုတိယတစ်စိတ်ကို လက်လှမ်းရန် မစောင့်နိုင်တော့ပါချေ။

ဝမ်စုဖန်းက ဘေးနားတွင်ရှိနေသော ဗီရိုထဲမှ ဓာတ်ပုံအယ်လ်ဘမ်တစ်ခုကို ထုတ်ယူပြီး မဒမ်လီကို ပေးလိုက်သည်။

“အမေ၊ မနေ့တုန်းက ကျန်းကျန်း ရဲ့ ဓာတ်ပုံတစ်ပုံ ထပ်လိုချင်တယ်လို့ ပြောခဲ့တယ်မလား၊ အဲဒါ မနက်က အမေ အိမ်က ထွက်သွားတာနဲ့ ရှီကျွင့်ကျဲ က ဒီဓာတ်ပုံအယ်လ်ဘမ်ကို လာပို့ပေးခဲ့တာ။ ဓာတ်ပုံတွေ အားလုံး ဒီထဲမှာပါတယ်။”

မဒမ်လီလည်း အယ်လ်ဘမ်ကို လှန်ကြည့်လိုက်သောအခါ ကျန်းကျန်း၏ ဓာတ်ပုံများ အားလုံး အထဲတွင် ပါနေသည်ကို တွေ့လိုက်ရသည်။

အယ်လ်ဘမ်၏ အထူသည်က အထဲ၌ ဓာတ်ပုံ အချပ်တစ်ရာခန့် ရှိလောက်မည်ကို သိနိုင်ပေသည်။ သို့နှင့် မဒမ်လီလည်း သူမ၏ စာဖတ်မျက်မှန်ကို တပ်လိုကာပြီး စိတ်ပျော်ရွှင်စွာဖြင့် ဓာတ်ပုံများကို ကြည့်လိုက်သည်။

“ငါတို့ မိသားစုက ကျန်းကျန်း ရဲ့ ဆံပင်ရှည်က အရမ်းလှလွန်းတယ်၊ သူမရဲ့ ဓာတ်ပုံတွေကလည်း တကယ်ကိုလှတာပဲ”

စာတိုက်မှ လူငယ်လေးသည်ကား ဝက်ရိုင်းကိုပင် လက်ဗလာနဲ့ ကန်လှဲနိုင်သည့် မိန်းကလေးသည်က မည်သို့သော ပုံစံမျိုးလဲဆိုသည်ကို သိချင်နေခဲ့သည်။

သူက မနေနိုင်တော့ဘဲ သူ၏လည်ပင်းကို ဆန့်တန်း၍ ကြည့်လိုက်လေသည်။

ထိုအခိုက်တွင် သူ၏ပါးစပ်ထဲမှ ဖရဲသီး အကြီးကြီးတစ်စိတ်ကို မတော်တဆမျိုချမိသွားသည်။ ဤမိန်းကလေးသည်က အလွန်ချောမောလှပလွန်းသည်ပင်၊ ဤရုပ်ရည်သည်က သူတွေးထားသကဲ့သို့ ကြမ်းတမ်းလွန်းသည်နှင့် လုံးဝ မတူပါချေ။

“အစ်...အဖွား...”

လူငယ်လေးက တစ်ဖက်မှ အဘွားအိုအား အန်တီဟု ခေါ်ချင်သော်လည်း သူ၏ မျိုးဆက်အရ အဆင့်အတန်းက မမီဟု ခံစားရပြီး စကားကို ရုတ်တရက် ပြောင်းလိုက်သည်။

“အဖွား ဒါ အဖွားရဲ့မြေးမလေးလား”

“အင်း”

မဒမ်လီသည် ခေါင်းညိတ်လိုက်ပြီး သူမ၏ မျက်လုံးများကမူ ဓာတ်ပုံထဲမှ မခွာခဲ့ပါချေ။

“သူမက ချောတယ်”

“သူမ တော်တော် ချောတာပဲ။”

လူငယ်လေး မျက်လုံးများ လင်းလက်သွားပြီး ဖရဲသီးပန်းကန်ကို မဒမ်လီရှေ့သို့ အသာတိုးပေးလိုက်ကာ ချီ့ကျူးမှုများနှင့် ပြုံးပြလိုက်သည်။

“အဖွား၊ စာတိုက်မှာ အဖွားပြောတုန်းက အဖွားရဲ့ မြေးမလေးက အသက်နှစ်ဆယ့်နှစ်မှာ တက္ကသိုလ်ကနေ ဘွဲ့ရတာလို့ ပြောခဲ့တာမလား၊ ဒါဆို သူမမှာ အခု လက်တွဲဖော်ရှိနေပြီလား”

“ရှိတယ်။”

မဒမ်လီသည် ကျန်းကျန်းနှင့် ရှီကျွင့်ကျဲတို့၏ အဖွဲ့လိုက် ဓာတ်ပုံကို လှန်လိုက်ပြီး သူ့ကို လက်ညှိုးထိုးပြလိုက်သည်။

“ဒါက ငါ့မြေးမလေးရဲ့ လက်တွဲဖော်ပဲ၊ သူတို့တွေ နောက်ထပ် နှစ်လနေရင် လက်ထပ်တော့မယ်”

ဓာတ်ပုံထဲမှ ရုပ်ရည်အလွန်ချေမောပြီး လန်းဆန်းတက်ကြွမှုများပြည့်နေသည့် လူငယ်ကို ကြည့်လိုက်သောအခါ ဝန်ထမ်းလူငယ်လေးမှာ ရုတ်တရက် ရှုံးနိမ့်သွားသည့် ကြက်ဖတစ်ကောင်ကဲ့သို့ ဖြစ်သွားပြီး သူ၏ပန်းကန်ကို ချထားကာ စိတ်ပျက်အားငယ်စွာ ထွက်သွားခဲ့တော့သည်။

မဒမ်လီသည် သူ့ကို မော့ကြည့်၍ မေးလိုက်သည်ဝ

“အခု ပြန်တော့မလို့လား ၊ညကျန်းကျန်း ရဲ့ အမေ၊ ဒီလူငယ်လေးကို ဖရဲသီးအနည်းငယ် ပေးလိုက်ပါဦး၊ သူတို့ရဲ့ စာတိုက်က လူတွေ စားသောက်လို့ရအောင်လို့၊ သူတို့ စာတိုက်က လူတွေအားလုံးက အတော်လေး ကောင်းတယ်၊ ငါ့အတွက် ကျန်းကျန်းရဲသဆောင်းပါးကိုလည်း ရှာပေးတယ်။”

ဝမ်စုဖန်းလည်း ပြန်ဖြေလိုက်ပြီး ဖရဲသီး ၆ လုံးကို အိတ်ထဲသို့ ထည့်ကာ လူငယ်လေး၏ လက်ထဲသို့ အတင်းထည့်ပေးပြီး သူ့ကို လိုက်ပို့ပေးလိုက်လေ၏။

လူငယ်လေးသည်ကား စိတ်ပျက်အားငယ်စွာဖြင့် စာတိုက်သို့ တိုက်ရိုက်ပြန်ရောက်လာခဲ့ပြီး ဖရဲသီးပါသည့် အိတ်ကို ရာထူးကြီးသည့်သူကို ပေးလိုက်လေသည်။ သို့သော်လည်း သူသည်ကား အသိစိတ်မဝင်သေးပါချေ။

“ဘာဖြစ်တာလဲသတင်းစာ လိုက်ပို့တာ ဘာဖြစ်လာခဲ့လို့လဲ”

လူငယ်လေးသည်က ငိုသည့်ထက်ပင် ပို၍ဆိုးရွားလှသည့် အပြုံးတစ်ခုကို ပြသလိုက်သည်။

“ဝက်ကို လက်ဗလာနဲ့ ကန်လှဲနိုင်တယ်ဆိုတဲ့ မိန်းကလေးက အရမ်းချောတယ်၊ ဒါပေမယ့် သူ့မှာ လက်တွဲဖော်ရှိနေတယ်၊ ဆရာ.. ကျွန်တော်ကတော့ အချစ်နဲ့ ဝေးကွာသွားရပြီ”

ရာထူးကြီးသည့် ဝန်ထမ်းက နားမလည်စွာဖြင့် သူ၏ခေါင်းကို ကုတ်ခြစ်လိုက်သည်။

“မင်းကတော့ အရမ်းကို ပြသနာရှာတာပဲ၊ မင်း အချစ်နဲ့ ဝေးကွာသွားတာကိုဘာလုပာပေးရမလဲ၊ စိတ်ပြေသွားအောင် သတင်းစာ တစ်အုပ် ပေးရမလား၊ မင်းက ဘယ်တုန်းက အချစ်နဲ့ တွေ့ပြီး အသည်းကွဲသွားတာလဲ”

လူငယ်လေးသည်ကား ရင်ကွဲနာကျနေသကဲ့သို့ ပြောလိုက်သည်။

“လွန်ခဲ့တဲ့ မိနစ်ဝက်အကြာကမှ ခဏတာလောက်တွေ့ခဲ့ရတဲ့ အချစ်နဲ့ ဝေးကွာသွားတာ”

ဟွားကော် သတင်း၀ာ ဌာန၏အသင်းအဖွဲ့၌ လီမင်ကျန်းတစ်ယောက် သူမ ရေးခဲ့သည့် သတင်းဆောင်းပါး ပါဝင်သည့် သတင်းစာကို ကိုင်ပြီး ဖတ်နေခဲ့သည်။

သူမက မူရင်းမူကြမ်းကိုပင် ပြန်လည် ထုတ်ယူလိုက်ပြီး ဆောင်းပါးနှင့် နှိုင်းယှဉ်ကာ ယွီရှို့ကျင်း ပြင်ဆင်ခဲ့သည့် အစိတ်အပိုင်းများကို အာရုံစိုက်၍ မှတ်သားနေခဲ့ကာ မိမိဘာသာ မိမိ အကြိမ်ကြိမ် ဆင်ခြင်သုံးသပ်နေခဲ့သည်။

ယွီရှို့ကျင်းသည်ကား စိတ်ဓာတ်ကောင်းပြီး အလုပ်အပေါ်တွင် အာရုံစိုက်ကာ ဒုက္ခခံနိုင်သည့် ဤကဲ့သို့ လူငယ်မျိုးကို တန်ဖိုးထားဆဲပင်။

လီမင်ကျန်း၏ သတင်းဆောင်းပါးများကို မြန်မြန်ဆန်ဆန် ဖတ်ရှုနိုင်သည့် အရည်အသွေးမြင့်မားမှုကြောင့် ယွီရှို့ကျင်းက သူ အင်တာဗျူးသို့ သွားသောအခါတွင် သူမကို ခေါ်သွားသည်။

သတင်းအေဂျင်စီသို့ ပြန်ရောက်သောအခါတွင် ကျန်းကျန်းအား သတင်းမူကြမ်းကို ပြင်ဆင်ရန် တာဝန်ပေးခဲ့သည်။ ဤကဲ့သို့ လေ့ကျင့်ပေးမှုပြီးနောက်၌ ကျန်းကျန်းသည်ကား ဘွဲ့ရအုပ်စုများထဲ၌ တရားဝင် သတင်းစာကတ်နှင့် အလုပ်ကတ်ကို ရရှိသည့် ပထမဆုံးသူ ဖြစ်လာသည်။

အင်တာဗျူးရက်များသည်ကား အလွန်အမင်းပင် အလုပ်များပြီး ရှုပ်ထွေးခဲ့သည်။ ထိုကြောင့် သူမက ကျန်သည့် ကိစ္စများကို စွမ်းရန်သယ်နှင့် ဝမ်ရှင်းကျယ်တို့ကို စောင့်ရှောက်ရန် ထားခဲ့သည်။

တစ်လခွဲကျော်ကြာပြီးနောက်၌ ပြည်သူ့အထည်ချုပ်စက်ရုံက “ကံကောင်းခြင်း အင်္ကျီ” အထည် ၁၀,၀၀၀ ကို အချိန်မီ အပြီးသတ်နိုင်ခဲ့သည်။

ကုန်ပစ္စည်းအတွက် ငွေပေးချေမှုကို လက်ခံရရှိပြီးနောက် ပြည်သူ့ အထည်ချုပ်စက်ရုံ၏ စက်ရုံမှူးစစ်ရာရန်သည်ကား ဝမ်းသာလွန်း၍ လကငများပင်တုန်ယင်နေခဲ့သည်။

အလုပ်သမားများ၏ နောက်ဆုံး နှစ်လစာကိစ္စအတွက် စိုးရိမ်စရာ မရှိတော့ပါချေ။

သူက သူ၏ရှေ့မှ လူငယ်လေးကို ကြည့်လိုက်သောအခါ စစ်ရာရန်သည်ကား ငွေတန်ခိုးရှင်ကို မြင်ရသကဲ့သို့ မျက်လုံးများ လင်းလက်လာသည်။

“ဒါရိုက်တာဝမ်၊ ငါတို့ကို ထုတ်လုပ်စေချင်တဲ့ အဝတ်အစား ပုံစံသစ်တွေ ရှိသေးလား ၊ အရည်အသွေးအတွက်တော့ ယုံကြည်စိတ်ချလို့ရပါတယ်၊ ဒီမိသားစုက တော်ဝင်မြို့တော်မှာ အကြီးဆုံး အထည်ချုပ်စက်ရုံပဲလေ၊ နောက်ပြီး အားအင်အပြည်းရှိတဲ့ နိုင်ငံပိုင် လုပ်ငန်းတစ်ခုပဲ”

ဝမ်ရှင်းကျယ်သည်ကား ဤတစ်ကြိမ် ပစ္စည်းလက်ခံရန် မလာမီ ကျန်းကျန်းနှင့် သွားရောက်တွေ့ဆုံထားပြီးဖြစ်သောကြောင့် သူသည်က ဓာတ်ပုံနှစ်ပုံကို ထုတ်ပြရန် ပြင်ဆင်ထားသည်။

“ဆွယ်တာတွေ ထုတ်လုပ်လို့ ရမလား”

“ဆွယ်တာ”

စစ်ရာရန်သည်ကား ဝမ်ရှင်းကျယ်၏ ဓာတ်ပုံကို နားမလည်သည့် မျက်နှာနှင့် ယူလိုက်သည်။

“ဆွယ်တာတွေဆိုတာက အဘွားအိုတွေ ကိုယ်တိုင် ချည်ထိုးတာ မဟုတ်လား”

ဤဓာတ်ပုံနှစ်ပုံသည်ကား ဝမ်ရှင်းကျယ်၏ သူငယ်ချင်းက တီဗီဌာနမှ ဖမ်းယူထားသည့် ဗီဒီယိုမှ ရိုက်ယူထားသည့် ဓာတ်ပုံများပင်။

ထို့အပြင် ၎င်းတို့သည် ခေတ်စားတော့မည့် ပုံစံများလည်း ဖြစ်သည်။

ဤပုံစံများသည်လည်း “သွေးသံသယ” ဟူသည့် တီဗီစီးရီးမှ ပါဝင်လာသည်များပင် ဖြစ်ပေသည်။

“ထုတ်လုပ်နိုင်မယ်ဆိုရင် နောက်ထပ် အထည် ၅,၀၀၀ လိုချင်ပါတယ်၊ နောက်ပြီး ဒီလိုမျိုး အားကစားဝတ်စုံတွေလည်း ရှိသေးတယ်၊ ဒါကို အထည် ၁၀,၀၀၀ မှာချင်တယ်။”

ဝမ်ရှင်းကျယ်က နောက်ထပ် ဒီဇိုင်းပုံစံတစ်ခုကို ပုံမှန်အတိုင်း ပေးလိုက်သည်။

“အရင်တစ်ခါနဲ့ အတူတူပဲ၊ စပေါ်ငွေ တစ်ဝက်ကို ကြိုတင်ပေးမယ်၊ ဒါပေမယ့် ပစ္စည်းသုံးမျိုးစလုံးကို ဆောင်းဦးရာသီ မတိုင်ခင် ပို့ပေးရမယ်။”

စစ်ရာရန်တစ်ယောက် အလျှင်အမြန် တွက်ချက်လိုက်သည်။ ချုပ်လုပ်ရမည့် အချိန်ကာလသည်ကား တော်တော် တိုသော်လည်း ဤလုပ်ငန်းကို အနိုင်ယူနိုင်မည်ဆိုလျှင် အလုပ်သမားများအတွက် လုပ်ခပေးရန် မပြောနှင့်၊ နောက်ဆက်တွဲ ပစ္စည်းများအတွက်ပါ ပိုက်ဆံရရှိမည် ဖြစ်သည်။

သူက အံကိုတင်းတင်းကြိတ်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။

“ကောင်းပါပြီ၊ သဘောတူတယ်။”

ဝမ်ရှင်းကျယ်က သူ၏အိတ်ထဲမှ အဆင်သင့် ပြင်ဆင်ထားသည့် စာချုပ်ကို ထုတ်လိုက်သည်။

“စာချုပ်က အဆင်သင့်ရှိပြီ၊ ကျွန်တော်တို့ စျေးနှုန်း သတ်မှတ်ထားတာကို ဘယ်လို ထင်လဲ”

**

All Chapters