← Chapters

အခန်း (၃၀၃)

Vol. 31 Ch. 303

အခန်း (၃၀၃)

Vol. 31 Ch. 303

နာရီဝက်ခန့်ကြာပြီးနောက်တွင် ဝမ်ရှင်းကျယ်တစ်ယောက် ပြည်သူ အဝတ်အထည်စက်ရုံမှ ပြန်လည်ထွက်ခွာသွားခဲ့လေသည်။

စက်ရုံအတွင်းတွင် ကျန်ရစ်ခဲ့သော စာရင်းကိုင်မှာ စားပွဲပေါ်တွင် အပြည့်ရှိနေသော ငွေများကို ကြည့်ကာ ပါးစပ် မစိနိုင်အောင် ဖြစ်နေစဉ် စစ်ရာရန်က အပြုံးကိုမဖျောက်နိုင်ပဲ ဆူကေါက်ခဲ့လေသည်။

“မင်း ဒီမှာထိုင်ပြီးတော့ ပြုံးစိစိလုပ်မနေနဲ့၊ ကုန်ကြမ်းတွေဝင်ဖို့အတွက် အဝယ်ဌာနဆီကို မြန်မြန်သွားပြီး အကြောင်းကြားလိုက်ဦး။

ငါတို့တွေ အဝတ်အထည်ချူပ်လုပ်ဖို့ ပေထားတဲ့ အချိန်ကာလကို မှီအောင်လုပ်ရမယ်၊ ပစ္စည်းပို့တာ တစ်ရက်နောက်ကျတာနဲ့ ၁% နောက်ကျကြေး ရှိတယ်ဆိုတာ မမေ့နဲ့ဦး”

ကျန်းကျန်းသည်ကား “ကံကောင်းအင်္ကျီ” များကို ပရိဘောဂစက်ရုံ၏ ဂိုဒေါင်လွတ်တစ်ခု၌ ထားရှိရန် ဝမ်ရှင်းကျယ်ကို စေခိုင်းညွှန်ကြားခဲ့သည်။

ဤသို့ဖြင့် နောက်ထပ် အချိန် နှစ်ရက်ကြာသောအခါတွက် ကျန်းကျန်း မျှော်လင့်တောင့်တနေသော “သွေးသံသယ” ဇာတ်လမ်းတွဲကိုလည်း နောက်ဆုံးတွင် စတင်ထုတ်လွှင့်ပြသလေတော့သည်။

ယခုခေတ်ကာလတွင်ကား နောင်လာမည့် ခေတ်များကဲ့သို့ တီဗီဌာနများက များစွာ မရှိသေးပေ။

ပုံမှန်အားဖြင့် ပြည်သူလူထုတစ်ခုလုံးက ဟွားကော်ရုပ်မင်သံကြားတီဗီအစီအစဉ်များကိုသာ ကြည့်ရှုကြသည်။

ဟွားကော်တီဗီရုပ်မြင်သံကြားအစီအစဥ်မှ မည်သည့်အရာကို ထုတ်ပြသသည်ဖြစ်စေ သူတို့အနေဖြင်် ကြည့်ရှုရသည်သာ ဖြစ်ကာ တခြားသော ချန်မယ်လိုင်းများကို ရွေးချယ်စရာ မရှိပေ။

တီဗီဇာတ်လမ်းတွဲ ထွက်ရှိပြီး တစ်ပတ်အကြာတွင် မျှော်လင့်ထားသော ရူးသွပ်မှုများက နောက်ဆုံး၌ ပေါ်ပေါက်လာခဲ့သည်။

ကျန်းကျန်းတစ်ယောက် လမ်းဘေး၌ နံနက်စာ စားနေသည်ဖြစ်စေ လုပ်ငန်းခွင်၌ လုပ်ဖော်ကိုင်ဖက်များ စကားပြောနေသည်ကို နားထောင်နေသည်ဖြစ်စေ ထိုစကားဝိုင်းအတွင်းမှ ၈၀% ခန့်သည်က သွေ့သံသယတီဗီဇာတ်လမ်းတွဲအကြောင်းကိုသာ ပြောဆိုလာခဲ့ကြသည်။

တချို့သည်က ဇာတ်လမ်းဇာတ်ကွက်ကို ဆွေးနွေးနေခဲ့ကြကာ တချို့သည်ကား သက်ပြင်းချလျက် ရေရွက်ပြောဆိုနေခဲ့ကြသည်။

“ဇာတ်လမ်းတွဲထဲကလူတွေရဲ့ အဝတ်အစားတွေက ဘာလို့ ဒီလောက်တောင်မှ ကောင်းမွန်နေရတာလဲ။”

ကျန်းကျန်းတစ်ယောက် ညင်သာစွာ ပြုံးလိုက်ကာ အသင့်ချုပာလုပာပြီးသောကံကောင်းအင်္ကျီ ကိုးထောင်ကို တစ်နိုင်ငံလုံးရှိ သူမပိုင်ဆိုင်သော ဆိုင်ငါးဆိုင်သို့ ဖြန့်ဝေခဲ့သည်။

ကျန်ရှိသော အဝတ်အစား တစ်ထောင်ကျော်ကိုမူ ကွေ့ဟွား၏ အဝတ်အထည်ဆိုင်၌ ထားရှိခဲ့လေ၏။ ဤနည်းအားဖြင့် သူမ၏ ယောက်မသည်သည်း အမြတ်ကြေးငွေ ရရှိသူ ဖြစ်လာခဲ့လိမ့်မည်။

မတိုင်ခင်အချိန်များက ကျန်းကျန်းအနေဖြင့် ကျောင်းတက်နေခဲ့ရသောကြောင့် သူမ၏ အဝတ်အထည်ဆိုင် ငါးဆိုင်ကို များစွာ အာရုံမစိုက်ခဲ့ပေ။

သူမက အမြတ်ငွေကို တွက်ချက်ပြီးနောက် အဝတ်တစ်ထည်စီအတွက် အနိမ့်ဆုံးဈေးကိုသာ သတ်မှတ်ပေးထားခဲ့သည်။

အရောင်းသမားများမှ မည်သည့်ဈေးနှုန်းဖြင့် ရောင်းချသည်ဖြစ်စေ သူမ ဂရုမစိုက်ခဲ့။ မည်မျှ ရောင်းရသည်ကိုလည်း ဂရုမစိုက်ခဲ့ပေ။

တချို့က အနိမ့်ဆုံးဈေးနှုန်းဖြင့် ရောင်းချခြင်းများလည်း ရှိသည်။ သို့သော်လည်း သူမ ဆိုင်အတွင်းမှ အဝတ်အထည်များ၏ ပုံစံများသည်ကား ကွမ်းတုန် ပြည်နယ်နှင့် ဟောင်ကောင်ကျွန်း၌ လူကြိုက်အများဆုံးပုံစံများ ဖြစ်သောကြောင့် ထိုဆိုင်များအနေဖြင့် ဖက်ရှင်ခေတ်၌ ရှေ့ဆုံး ကနေ ဦးဆောင်နေသူ ဖြစ်နေခဲ့သည်။

ယခုဆိုလျှင် ဤဆိုင်များသည်က ပိုမိုကြီးမားလာခဲ့ချေပြီ။

ဤနှစ်အစပိုင်းကာလ၌ ကျန်းကျန်းက ဆိုင်များကို ထပ်မံ ချဲ့ထွင်ခဲ့ပြီး ဆိုင်အသီးသီးအတွက် အရောင်းဝန်ထမ်းအသစ်များကိုလည်း ထပ်မံခန့်အပ်ခဲ့သည်။ ထို့အပြင် စည်းမျဉ်းအသစ်များလည်း ချမှတ်ခဲ့သည်။

ယအချိန်ခုမှစ၍ ဆိုင်အတွင်းရှိ အဝတ်အထည်တိုင်း၌ ဈေးနှုန်းကို ရှင်းလင်းစွာ ဖော်ပြထားရမည်။

ဆိုင်မျာ့အနေဖြင့် ဈေးဆစ်ခြင်း၊ ဈေးညှိနှိုင်းခြင်းများကို လက်မခံရ။ အရောင်းဝန်ထမ်းသမားများသည်လည်း အဝတ်ရောင်းရလျှင် ကော်မရှင် ရရှိမည်။

ထို့အပြင် စီမံခန့်ခွဲမှုစွမ်းရည် ကောင်းမွန်သော ဝန်ထမ်းတစ်ဦးကို ဆိုင်မန်နေဂျာအဖြစ် ရွေးချယ်၍ ဆိုင်တစ်ခုလုံး၏ လုပ်ငန်းဝင်ငွေမှ ရရှိသော ကော်မရှင်စုစုပေါင်းကို ရရှိစေခဲ့သည်။

ဤခေတ်ကာလတွင် တီဗီများသည်ကား ဇိမ်ခံပစ္စည်းများ ဖြစ်နေဆဲ ဖြစ်သော်လည်း အိမ်ဆယ်အိမ်တွင် တစ်အိမ်မျှ၌ တီဗီ ရှိတတ်သည်။

တီဗီရှိသော အိမ်များသည်ကား ညဘက်၌ အစည်ကားဆုံးနေရာလည်း ဖြစ်နေတတ်သည်။ ဆိုရလျှင် အိမ်နီးနားချင်းများနှင့် ဆွေမျိုးများမှာ သူတို့၏ ခုံများ ၊ ဖရဲစေ့ သို့မဟုတ် ဖရဲသီးတစ်လုံး နှစ်လုံးခန့် ယူလာကာ တီဗီ လာကြည့်ကြလေသည်။

လူ ဆယ်ဂဏန်း သို့မဟုတ် အယောက် ၂၀ ခန့်က တီဗွီရှိနေသော အိမ်အတွင်း ပြည့်ကျပ်နေတတ်သည်။

တချို့လူများဆိုလျှင် တီဗီကို ခြံဝင်းသို့ တိုက်ရိုက်ရွှေ့၍ ကြည့်ရှုကြသည်များလည်း ရှိနေတတ်သည်။

ဤဆိုင်ဝန်ထမ်းများသည်က ၎င်းတို့၏ အိမ်နီးနားချင်းများ၏ အိမ်၌ “သွေးသံသယ” တီဗီဇာတ်လမ်းတွဲ ကို အခြေခံအားဖြင့် ကြည့်ရှုပြီးသား ဖြစ်ကြသည်။

ထို့အတွက် နေ့ခင်းဘက်အချိန်မျိုးတွင် ဖောက်သည် မရှိသောအခါ၌ သူတို့က အတူတကွစုဝေးကြကာ ဇာတ်လမ်းဇာတ်ကွက်ကို ဆွေးနွေးကြသည်။

ကျန်းကျန်းက အဝတ်အစားများကို ထုတ်လိုက်သောအခါတွင် တစ်ဖက်မှ အမျိုးသမီးအရောင်းဝန်ထမ်းများမှာ ချက်ချင်းပင် အားတက်တရော အော်ဟစ်ကာ တ၀်ယောက်ကို တစ်ထည်စီ ထုတ်ယူ၍ ၎င်းတို့ ကိုယ်နှင့် ကပ်ကြည့်ကြသည်။

ကျန်းကျန်းတစ်ယောက် ၎င်းတို့ကို တစ်ချက် ကြည့်လိုက်ပြီး တံဆိပ်တစ်ခုကို ယူကာ ဤလက်တိုအင်္ကျီ၏ အမည်နှင့် ဈေးနှုန်းကို ဘောပင်ဖြင့် ရေးသားလိုက်သည်။

“ဆာချီကျစ် အင်္ကျီ”

ဈေးနှုန်း: ၂၅ ယွမ်။

ဤဈေးနှုန်းသည်ကား ငယ်ရွယ်သော အမျိုးသမီးတစ်ဦး၏ လစာတစ်ဝက်ကျော် နီးပါး ရှိသည်။

ဥပမာ ဤအမျိုးသမီးအရောင်းသမားများ၏ အခြေခံလစာသည်က ၂၀ ယွမ်သာ ရှိသည်။

ကျန်ရှိသည်များမှာ လုပ်ငန်းစွမ်းဆောင်ရည်အပေါ်ကို မူတည်၍ပေးလိမ့်မည်။ ၎င်းတို့သည်ကား ကျန်းကျန်း ဈေးနှုန်းတပ်သည်ကို ကြည့်ရှုပြီး တစ်ယောက်ပြီးတစ်ယောက် သူတို့လက်တွင်းရှိ အဝတ်အစားများကို ပြန်ကြည့်လိုက်ကြလျက် အနည်းငယ် ဝန်လေးနေကြသော်လည်း ပြန်ထားရန်လည်း နှမြောနေခဲ့ကြသည်။

ဤသည်မှ်ာ တီဗီဇာတ်လမ်းတွဲ အတွင်းရှိ ဇာတ်လိုက်မလေး ဝတ်ဆင်သော အဝတ်အစားများ ဖြစ်ပေသည်။

ဆိုင်မန်နေဂျာ၏ ဝင်ငွေသည်က ပို၍ မြင့်မားသည်။ သူမက အင်္ကျီကို ကိုယ်နှင့်ကပ် မှန်ရှေ့၌ ကြာမြင့်စွာ ရပ်နေပြီး နောက်ဆုံးတွင် အံသွားများကို တင်းတင်းကြိတ်ကာ အင်္ကျီကို စမ်း၍ ဝတ်ကြည့်လိုက်သည်။

သူမထံတွင် ဆာချီကိုနှင့် ဆင်တူသော ဆံပင်တိုများရှိသောကြောင့် ဤအင်္ကျီကို ဝတ်ဆင်လိုက်သောအခါ တီဗီဇာတ်လမ်းတွဲထဲမှအနုပညာရှင်တစ်ဦးနှင့် တူနေခဲ့သည်။

ဤသည်ကို မြင်သောအခါ အခြား အရောင်းသမားများသည်လည်း မဆိုင်းမတွတော့ဘဲ တစ်ယောက်ပြီးတစ်ယောက် ဝတ်စုံလဲခန်း ဆီသို့ အပြေးအလွှား သွားကြလေတေက့သည်။

ဆိုင်မန်နေဂျာသည်က ကျန်းကျန်း ထက် ငါးနှစ် ပို၍ ကြီး သော်လည်း ကျန်းကျန်း ရှေ့တွင် ရပ်နေသောအခါ လူကြီးတစ်ဦးနှင့်တွေ့ဆုံနေရသော ကလေးတစ်ဦးနှင့်တူညီနေပြီး ဦးခေါင်းကိုလည်း မသိစိတ်ဖြင့် ငုံ့ချင်နေတတ်သည်။

“သူဌေး ဒီနေ့ ပိုက်ဆံအများကြီး မပါလာခဲ့ဘူး၊ တစ်ချက်လောက် ကြည့်ပါဦး၊ ကျွန်မ ဒီအင်္ကျီအတွက် မနက်ဖြန်မှ ပိုက်ဆံလာပေးလို့ ရမလား”

“ဆာချီကျစ် အင်္ကျီ” ကို ဝတ်ဆင်ထားသော အရောင်းဝန်ထမ်းသည်ကား မူလကတည်းက ကြော်ငြာမြှင့်တင်ရေး အတွက်သာ ဖြစ်သောကြောင့် ကျန်းကျန်းလည်း ခေါင်းညိတ်၍ လက်ခံလိုက်သည်။

“လကုန်မှာ စာရင်းစစ်တဲ့အခါ ပိုက်ဆံ အလုံအလောက်ရှိရင် ရပြီ”

ဆိုင်မန်နေဂျာသည်လည်း ချက်ချင်း စိတ်သက်သာရာရစွာ ခေါင်းညိတ်လိုက်သည်။

“စိတ်ချပါ သူဌေး”

ထို့နောက် ကျန်ရှိသော “ဆာချီကျစ် အင်္ကျီ” များကို အမြန် ရေတွက်၍ ကျန်းကျန်း၏ ဝယ်ယူမှုစာရွက်ကို လက်မှတ်ထိုးလိုက်သည်။

သူမက “ဆာချီကျစ် အင်္ကျီ” ဆယ်ထည်ကို ဦးစွာ ထုတ်ယူ၍ ချိတ်ဆွဲလိုက်ပြီး ပြတင်းပေါက်ရှိ မော်ဒယ်အရုပ်များအတွက် အဝတ်အစားများကို ပြောင်းလဲပေးကာ ကြီးမားသော ကြော်ငြာ တစ်ခုကိုလည်း ရေးသား၍ တံခါးအပြင်ဘက်၌ ကပ်လိုက်သည်။

အလုပ်ဆင်းချိန် ရောက်သောအခါ အမျိုးသမီးဝန်ထမ်း တစ်ဦးက ဖက်ရှင်ဆိုင်ကို ဖြတ်သန်းသွားရင်း မသိစိတ်မှ လှမ်းကြည့်လိုက်မိချိန်တွင် ပြတင်းပေါက်ရှိ မော်ဒယ် ဝတ်ဆင်ထားသော “ဆာချီကို အင်္ကျီ” ကို မြင်လိုက်ရသည်။

သူမက စက်ဘီးပေါ်မှ ဆင်း၍ အချှင်အမြန် သော့ခတ်လိုက်ပြီး ဆိုင်အတွင်း ပြေးဝင်သွားခဲ့သည်။

“ဆာချီကို ဝတ်ထားတဲ့ အင်္ကျီက ဘယ်လောက်လဲ”

ဤအဝတ်အထည်ဆိုင်များအတွင်၌ ဝယ်ယူသူများမှာ နှစ်ရက် သုံးရက်အတွင်း ဖောက်သည်များနှင့် ပြည့်နှက်နေသည်ကို တွေ့မြင်နိုင်သည်။

အရောင်းဝန်ထမ်းများသည်လည်း အလုပ်ခွဲဝေမှုပုံစံ အလိုက် လုပ်ကိုင်နေခဲ့ကြသည်။ အဝတ်အထည်များကို ပြင်ပမှ ကြည့်ရှုလျှင် မြင့်တွေ့နိုင်ရန်အတွက် မြင့်မားသောနေရာ၌ ဖြန့်ပြထားလေ့ရှိသည်။

ရောင်းအားအတွက်ကတော့ ဆိုင်အတွင်းရှိမြင်ကွင်းကို ကြည့်ရှုရုံဖြင့် သိနိုင်ပြီး အလွန်လူကြိုက်များသည်က ထင်ရှားလှပေသည်။

ကျန်းကျန်းက လူကြိုက်များမှုကို ရယူရန်အတွက် အကောင်းဆုံးအခွင့်အရေးကို ဖမ်းဆုပ်နိုင်ခဲ့သည်ဟု ဆိုရမည်။

ဤသည်မှာ တီဗီဒရာမာများ အတွက် အပူပြင်းဆုံးအချိန် ဖြစ်ကာ တီဗီကြည့်ရှုသူ မိန်းကလေးများစွာတို့က ပိုမို၍ စိတ်လှုပ်ရှားနေခဲ့ကြသည်။

သေချာသည်ပင်။ ဤအခြေအနေအပေါ် အခွင့်ကောင်းယူရန် စိတ်လှုပ်ရှားနေသော အဝတ်အထည်စက်ရုံများလည်း ရှိသော်လည်း နမူနာ ထုတ်လုပ်ခြင်းမှ ထိုကဲ့သို့ အမြောက်အမြားထုတ်လုပ်ခြင်း အထိ၊ နောက်ဆုံး စာရင်းသွင်းခြင်းအထိ အနည်းဆုံး တစ်လခွဲခန့် ကြာမြင့်ဦးမည် ဖြစ်သည်။

ထိုအချိန်သို့ရောက်လျှင် ရာသီဥတုသည်က အေးလာမည်ဖြစ်၍ မည်သူက လက်တိုအင်္ကျီကို ဝယ်ယူမည်နည်း။

ပြည်သူ့အဝတ်အထည်စက်ရုံမှ စစ်ရာရန်ဖက်တွင်မူ ဆွယ်တာနှင့် ကုတ်အင်္ကျီအတွက် အော်ဒါများကို ပြည့်မီနိုင်ရန် အလုပ်သမားများကို စက်ရုံ၌ပင် စားသောက်နေထိုင်စေခဲ့သည်။

တစ်လခွဲခန့်ကြာပြီးနောက်မှသာ အိမ်သို့ ပြန်၍ ရေချိုး၊ ခေါင်းလျှော်ခဲ့သည်။ ပြီးသွား၍ ပြန်ထွက်လာချိန်တွင် သူ၏သမီး စစ်ကျင်းရီမှာ သူ စက်ရုံအတွင်း အလွန် ရင်းနှီးပြီးသားအဝတ် တစ်ထည်ကို ဝတ်ဆင်လျက် အပြင်မှ ဝင်လာသည်ကို မြင်တွေ့လိုက်ရလေသည်။

စစ်ာရန် သူမကို ခေါ်လိုက်ပြီး အင်္ကျီပေါ်ရှိ ပန်းထိုးပုံစံ နှင့် လည်ပင်းနောက်ဘက်ရှိ လိုဂို ကို ကြည့်လိုက်သည်။

ဤသည်မှာ ဝမ်ရှင်းကျယ်က သူ၏ စက်ရုံ၌ အော်ဒါမှာထားသော အဝတ်အထည်များဖြစ်ကြောင်း သေချာလှပေသည်။

“ဟေး၊ ဒီအင်္ကျီက တကယ်ကြီး ရောင်းရတာလား၊ ငါတို့ဆီကထုတ်တဲ့ အဖြူရောင်ဆိုဒ်ကြီးအင်္ကျီက အပြင်မှာ ဝတ်ပြီးသွားနေလို့ အဆင်ပြေရဲ့လား”

စစ်ရာရန် လက်ဖက်ရည် တစ်ငုံသောက်၍ ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

“ဒါကို ဘယ်လောက်နဲ့ ဝယ်လိုက်တာလဲ။ နှစ်ယွမ်လား သုံးယွမ်လား”

“နှစ်ယွမ်၊ သုံးယွမ် ဟုတ်လား”

စစ်ကျင်းရီ သူမ၏အသံကို မြှင့်လိုက်သည်။

“အဖေ၊ အဖေကအဝတ်အထည်စက်ရုံ ဒါရိုက်တာဖြစ်နေတာတောင် ဘာတွေကို လိုက်ပြီးကြည့်နေတာလဲ၊ စျေးကွက်ကိုတောင်မသိဘူးလား၊ အဖေပြောတဲ့ဈေးနဲ့ဆိုရင် သမီးအင်္ကျီရဲ့ အပိုင်းသေးသေးလေးလောက်တောင် မရနိုင်ဘူးနော်၊ ဒီအင်္ကျီက ၂၅ ယွမ်နဲ့ ရောင်းတာ၊ ဈေးဆစ်လို့တောင် မရဘူး”

“ဘယ်လောက်?!”

စစ်ယာရန် ဆိုဖာပေါ်မှ ခုန်ထလိုက်သည်။ သူ၏ လှုပ်ရှားမှုကြောင့် လက်ဖက်ရည်ခွက်အတွင်းမှ လက်ဖက်ရည်များပင် ဖိတ်စင်ကျသွားခဲ့ရသည်။

သူ လက်ဖက်ရည်ခွက်ကို အလျင်အမြန် ချ၍ ပေါင်ကို ပွတ်သပ်ရင်း ခုန်ပေါက်လိုက်မိသည်။

“အား အဖေ၊ ဖြည်းဖြည်းလုပ်လေ”

စစ်ကျင်းရီ အဖေဖြစ်သူ၏ခြေထောက်ကို အပူလောင်ခြင်းမရှိစေရန်အတွက် ရေစိုဝတ်ကပ်ပေးရန် ရေစိုနေသည့် တဘက် တစ်ထည်ကို ယူကာ အလျှင်အမြန် ကပ်ပေးလိုက်သည်။

စစ်ရာရန်တစ်ယောက် သူ၏ ခြေထောက်မှနာကျင်မှု လျော့နည်းသွားသည်ဟု ခံစားရပြီးနောက် သူ၏သမီးကို ဆွဲခေါ်လိုက်သည်။

“အင်္ကျီဈေးက ဘယ်လောက်လဲလို့ ပြောလိုက်တာလဲ”

“၂၅ ယွမ်လေ၊ ဘာဖြစ်လို့လဲ”

All Chapters