← Chapters

အခန်း (၃၀၄)

Vol. 31 Ch. 304

အခန်း (၃၀၄)

Vol. 31 Ch. 304

စစ်ကျင်းရီတစ်ယောက် စစ်ရာရန်၏ မျက်နှာသည်က တဖြည်းဖြည်းနှင့် ပို၍ မှောင်မိုက်လာသည်ကို မြင်သောအခါ သူမ၏လေသံက ချက်ချင်းပင် ပြောင်းလဲကာ အသံနှုန်းထားကျဆင်းသွားခဲ့သည်။

“အဖေ၊ ဒီအင်္ကျီက နည်းနည်းဈေးကြီးတယ်ဆိုတ်ကို သမီးသိပါတယ်၊ ဒါပေမဲ့ ဒီအင်္ကျီရဲ့ အရည်အသွေးက တကယ်ကိုကောင်းတာနော်၊ ဒီမှာ ကြည့်ကြည့်ပါဦး”

စစ်ရာရန်မှာ သွေးအန်တော့မလို ဖြစ်သွားသော်လည်း စစ်ကျင်းရီကို ဒေါသတကြီး စိုက်ကြည့်လိုက်ဆဲဖြစ်သည်။

“ဒီအင်္ကျီရဲ့ အရည်အသွေး ကောင်းမကောင်း ငါ ဘယ်လိုလုပ်ပြီးမသိဘဲနေမှာလဲ! ဒါက ငါတို့စက်ရုံက ထုတ်တဲ့အင်္ကျီလေ!”

စစ်ကျင်းရီမှာ ခပ်တိုးတိုးအသံပြူ၍ စစ်ရာရန်၏ ဘေးနား၌ ကြောက်ကြောက်လန့်လန့် ဝင်ထိုင်လိုက်သည်။

“စျေးကြီးရတဲ့ အကြောင်းရင်းက အင်္ကျီရဲ့ ဒီဇိုင်းကြောင့်ပဲလေ၊ ဒါတွေက ‘သွေးသံသယ’ တီဗီဇာတ်လမ်းတွဲထဲက ဇာတ်လိုက်မလေး ဝတ်တဲ့ အင်္ကျီနဲ့ အတူတူပဲ၊ သမီး ဒါကို ရဖို့ တော်တော်လေးကြိုးစားခဲ့ရတာ”

စစ်ရာရန် ၏ မျက်နှာသည်က ဆက်လက်၍ ကြည်လင်မလာသေးသည်ကို မြင်သောအခါ စစ်ကျင်းရီတစ်ယောက် ရုတ်တရက် တွေးတောမိသွားပြီး သူမ၏ပေါင်ကို ပုတ်ကာ ပြောလိုက်သည်။

“အိုး၊ ဒါက အဖေ့စက်ရုံက လုပ်တာဆိုတာကိုသာ သိထားရင် သမီး အဖေ့ကိုပြောပြီး သမီးအတွက် တစ်ထည်လောက် ကူယူလာပေးဖို့ပဲ တောင်းမှာပေါ့၊

အဖေ့တို့စက်ရုံကနေ ဝယ်မယ်ဆိုရင်အပြင်က ဝယ်တာထက် တစ်ယွမ် နှစ်ယွမ်လောက်တော့ ပိုသက်သာလောက်တယ်မလား”

စစ်ရာရန်မှာ စိတ်ဓာတ်ကျဆင်းနေခဲ့ရပြီး စကားတစ်ခွန်းမျှပင် မပြောချင်တော့ပေ။

“ဘာလို့ တစ်ယွမ် နှစ်ယွမ်လောက် စျေးသက်သာရမှာလဲ၊ ငါ့အင်္ကျီတွေကို ရောင်းတုန်းက တစ်ထည်ကို နှစ်ယွမ်တောင် မရခဲ့ဘူး”

သူ၏ တစ်ယွမ်နှင့်သုံးဆင့်စျေးနှုန်းနှင့် တခြားသူများ၏ ၂၅ ယွမ်ကို စဉ်းစားကြည့်ရင်းဖြင့် စစ်ရာရန် သည်ကား ရင်ဘတ်ကို ထု၍ မိုးပေါ်သို့ မော့ကြည့်ကာ အော်ဟစ်ရန်အတွက် မစောင့်နိုင်တော့ပေ။

“ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ပိုက်ဆံအများကြီးနဲ့ ရောင်းနိုင်တာလဲ၊ လက်တိုအင်္ကျီတစ်ထည်လေးပဲကို။”

သူ၏ မျက်လုံးများက သမီးဖြစ်သူဆီသို့ ရောက်သွားသောအခါ ဒေါသများက ပို၍ ထွက်လာရသည်။

“မင်းကရော ဘာလဲ၊ အင်္ကျီတစ်ထည်အတွက် ၂၅ယွမ်တောင် ဖြုန်းတီးပစ်တယ်! မင်းရဲ့ ပိုက်ဆံတွေ အလကား ဖြုန်းတီးပစ်သလိုဖြစ်သွားမှာကို မကြောက်ဘူးလား၊

လက်တိုအင်္ကျီတစ်ထည်ကို ၂၅ ယွမ် သုံးရဲတယ်! အဲဒီ ၂၅ယွမ်ဆိုတာက လစာရဲ့တစ်လဝက်စာလောက်တောင် ရှိတယ်! ဆောင်းရာသီတစ်ရာသီစာလောက်အတွက် အင်္ကျီနဲ့ ဘောင်းဘီဝယ်ဖို့တောင် လုံလောက်တယ်!”

စစ်ကျင်းရီသည်ကား မျက်လုံးမလှန်ဘဲ မနေနိုင်တော့လောက်အောင် ဖြစ်သွားသည်။

“ဘယ်သူက အခုခေတ်လိုမျိုးမှာ ဂွမ်းကတ်အထူကြီးတွေပါတဲ့အင်္ကျီကြီးတွေ၊ ဘောင်းဘီအထူကြီးတွေ ဝတ်သေးလို့လဲ၊ ဒါ့အပြင် ပိုက်ဆံတွေကို ရှာပြီး လှလှပပအဝတ်အစားလေးတွေ မဝယ်ဘဲ နေရမှာလား။

အဖေပဲ သမီးကို တစ်နေ့လုံး ချစ်သူရည်းစားရှာဖို့ တိုက်တွန်းနေတာမဟုတ်ဘူးလား၊ လှလှမပဝတ်ရင် ဘယ်လိုလုပ် ချစ်သူကောင်းကောင်း ရှာတွေ့မှာလဲ။”

စစ်ရာရန်သည်ကား မည်သည်ကိုမျှ မပြောချင်တော့ဘဲ လက်ကိုသာဝှေ့ယမ်းကာ စစ်ကျင်းရီကို ထွက်သွားရန် အချက်ပြလိုက်သည်။

စစ်ကျင်းရီက လျှာထုတ်ကာ ပြောင်ပြလိုက်ပြီး ခြေလှမ်းနှစ်လှမ်းမျှသာ လှမ်းရသေးစဉ် မနေနိုင်ဘဲ ပြန်လှည့်လာ၍ မေးလိုက်မိပြမ်သည်။

“အဖေ၊ အဖေ့စက်ရုံကနေ ဘယ်လို ဝယ်ရတာလဲ။ တစ်ထည်ကို ဘယ်လောက်လဲ၊ ဈေးသက်သာရင် နောက်တစ်ထည်လောက် ထပ်ဝယ်ချင်တယ်၊ နှစ်ထည်ဆိုရင် လဲဝတ်ဖို့ အဆင်ပြေလောက်မယ်”

စစ်ရာရန်၏ နှသားသားသည်ကား အေးခဲသွားသော်လည်း စာချုပ်ပါ စည်းကမ်းချက်များကို သတိရသွားသောအခါ ပါးစပ်ကိုသာ ပိတ်ဆို့ထားလိုက်ကာ ကိန်းဂဏန်းများကို မပြောဆိုတော့ပေ။

သူက ပင်ပန်းဆင်းရဲစွာ လက်ကိုဝှေ့ယမ်းလိုက်ရသည်။

ထို့နောက်တွင် စစ်ရာရန်တစ်ယောက် အခန်းတွင်းသို့ပြန်ဝင်ကာ ကုတင်ပေါ်၌ လဲလျောင်းလိုက်သည်။

သို့သော် သူ မည်သို့ စဉ်းစားကြည့်သည်ဖြစ်စေ နားမလည်နိုင်ပေ။ ပစ္စည်း တူညီကာ၊ လက်ရာလည်း တူသော်လည်း သူသည်က တစ်ထည်ကို တစ်ယွမ်မျှနှင့်ပင် ကောင်းစွာ မရောင်းချနိုင်သော်လည်း အခြားတစ်ဦးကမူ ပုံစံကို အနည်းငယ်ပြောင်းလဲလိုက်သည်နှင့် ၂၅ယွမ် ဖြင့် ရောင်းချနိုင်ခဲ့သည်။

ဤသို့ဆိုပါက နည်းလမ်းသည် ဤမျှ အရေးကြီးပါသလား။ သို့ဆိုပါက မည်သည့်ပုံစံမျိုးကို ဈေးနှုန်းမြင့်မားစွာဖြင့် ရောင်းချနိုင်မည်နည်း။

စစ်ရာရန်ျစ်ယောက် ကုတင်ပေါ်၌ ဘဝအကြောင်း စဉ်းစားနေစဉ် တစ်ဖက်မှ ကျန်းကျန်းသည်ကား လက်တိုအင်္ကျီတစ်မျိုးတည်းဖြင့် တစ်လအတွင်း ယွမ် ၂၀၀,၀၀၀ ကျော် ရရှိခဲ့ပြီး တခြား ရောင်းချရသော အဝတ်များ မှာလည်း မရေမတွက်နိုင်လောက်အောင် များပြားလှသည်။

ဆာချီကို၏ အင်္ကျီများ ရောင်းကုန်သွားသောအခါ ဆာချီကို ဝတ်ဆင်သော မစ်ဆူအိုဆွယ်တာအင်္ကျီနှင့် အဝါနုရောင်ဂျာကင်အင်္ကျီများကို ဆိုင်၌ ထပ်မံ ချိတ်ဆွဲထားလေသည်။

အရောင်းဝန်ထမ်းများက ကုန်ပစ္စည်းအရေအတွက်မှာ အရင်တစ်ခါထက် တစ်ဝက်ခန့် လျော့နည်းနေသည်ကို မြင်သောအခါ အနည်းငယ် တီးတိုးပြောဆိုနေကြသည်။

သို့သော် ရောင်းအားတစ်ဝက် ရောက်ရှိပြီးမှသာ တခြားဆိုင်များ၌လည်း ဆင်တူ ပုံစံများ ရှိနေသည်ကို မြင်တွေ့လိုက်ရလေ၏။ ဤအခါမှသာ သူတို့လည်း နားလည်သွားကြခဲ့သည်။

နှစ်လအကြာတွင် ကွမ်းဖူဆွယ်တာများအတွက် ချည်ထိုးနည်း စာအုပ် တစ်အုပ်ကလည်း ဈေးကွက် အတွင်း ပေါ်ပေါက်လာခဲ့သည်။ ဆွယ်တာများ ကို ဝယ်ယူရန် မတတ်နိုင်သော လူ များစွာသည်က စာအုပ်များကို ဝယ်ယူ၍ အိမ်၌ ကိုယ်တိုင်ချည်ထိုးခဲ့ကြရာမှ လူကြိုက်များသွားခဲ့ပြန်သည်။

ကျန်းကျန်းအနေဖြင့် ဤတစ်ကြိမ်တွင် ဆွယ်တာအင်္ကျီ နှင့် ဂျာကင်အင်္ကျီများကို လက်တိုအင်္ကျီများထက် ပို၍နည်းစွာ မှာယူခဲ့သည်။

သို့သော်လည်း ဆွယ်တာအင်္ကျီ နှင့် ဂျာကင်အင်္ကျီများက ဈေးနှုန်း ကြီးမြင့်သောကြောင့် ကျန်းကျန်းအနေဖြင့် ဤတစ်ကြိမ်၌လည်း ဆာချီကိုအင်္ကျီများထက် ပို၍ ငွေကြေး ရရှိခဲ့သည်။ နောက်ဆုံးတွင်တော့သူမ ငါးသိန်း ရရှိခဲ့ပြီ။

စစ်ရာရန်မှာ မူလက အော်ဒါကြီးကြီး ရရှိခဲ့၍ စိတ်လှုပ်ရှားခဲ့သော်လည်း ဈေးကွက်သို့ အခေါက်အနည်းငယ် သွားရောက်ပြီးနောက် စိတ်ဓာတ်ကျဆင်းလာခဲ့သည်။

ခေတ်ရေစီးကြောင်းကို လိုက်ပါစီးမြေသော အဝတ်အစားများ သာမက ဝမ်ရှင်းကျယ်တစ်ဦးတည်း ပြုလုပ်ထားသော အားကစားဝတ်စုံ အစုံ ၁၀,၀၀၀ လည်း အလွန်ရောင်းကောင်း နေသည်။

စစ်ရာရန်တစ်ယောက် လမ်းပေါ်ရှိ လူငယ်ယောက်ျားလေးများ နှင့် မိန်းကလေးများက ဆွယ်တာအင်္ကျီအောက်၌ အားကစားဝတ်စုံကို တွဲဖက် ဝတ်ဆင်ရသည်ကို နှစ်သက်ပုံရသည်ကို သတိထားမိသည်။

ဤသည်ကို ဝတ်ဆင်ခြင်းသည်က အလွန်ဆန်းသစ်ပေသည်။

ရုံးခန်းအတွင်း ပြန်ရောက်သောအခါ စစ်ယာရန်တစ်ယောက် ရက်အနည်းငယ်ခန့် စဉ်းစားပြီး နောက်ဆုံးတွင် ဖုန်းကို ကိုင်၍ ဝမ်ရှင်းကျယ် ကို ခေါ်ဆိုလိုက်သည်။

“ငါပြောဦးမယ်၊ ညီအစ်ကိုဝမ်၊ မင်းက ပိုက်ဆံတွေကို ရိတ်သိမ်းနေတဲ့သူပဲ၊ အဝတ်အစားတွေကို ဆယ်ဆ၊ အဆ ၂၀ နဲ့ ရောင်းနေတာ၊ မင်း မရောင်းရမှာကို မကြောက်ဘူးလား”

“ကျွန်တော် မကြောက်ဘူး၊ ဘာလို့လဲဆိုတော့ ကျွန်တော် ဈေးကွက်ထဲမှာ ဘယ်လိုပစ္စည်းတွေ လိုအပ်နေလဲဆိုတာကို သိထားတယ်လေ”

ဝမ်ရှင်းကျယ်က ညင်သာစွာ ပြုံးလျက် ဆက်ပြောခဲ့သည်။

“တကယ်တော့ ဒါက စက်ရုံဒါရိုက်တာအနေနဲ့ စျေးကွက်မှာ အတွေးအခေါ်ပိုင်း မရှိသေးလို့ပါ”

“အိုး၊ ဟုတ်တယ်၊ အခုခေတ် လူတွေ ဘာကိုတွေးနေကြလဲဆိုတာ ငါ မတွေးနိုင်တော့ဘူး”

စစ်ရာရန် သူ၏ စာရင်းများအတွင်း၌ ရန်ပုံငွေများ ရှိသည်ဟု စဉ်းစားမိပြီး ဖလန်နယ်အဝတ်များစွာကို အလျင်အမြန် ဝယ်ယူ၍ ကုတ်အင်္ကျီများ ပြုလုပ်ရန် စဉ်းစားခဲ့သည်။

သို့သော် ဤရက်များတွင် သူ ပို၍ စဉ်းစားလေလေ၊ ဝယ်ယူရန် ပို၍ မရဲဝံ့လေလေ ဖြစ်လာခဲ့သည်။

သူ ပြုလုပ်ထားသော အဝတ်များက သူ၏လက်တွင်း၌ ကျန်ရှိနေမည်ကို စိုးရိမ်သောကြောင့်ပင် ဖြစ်ချေသည်။

စစ်ရာရန်က သက်ပြင်းချလျက် ညှိနှိုင်းသောလေသံဖြင့် ထပ်မံပြောလိုက်ပြန်သည်

“ညီလေး၊ ငါ့ကို နည်းလမ်းတစ်ခုလောက် ကူညီပြီး စဉ်းစားပေးပါဦး၊ ငါ့ရဲ့စက်ရုံကို ဘယ်လိုလုပ်ရင် အောင်မြင်လာလောက်မယ်လို့ထင်လဲ။

ငါ့အတွက်တင် မဟုတ်ဘဲ စားဖို့ စောင့်နေတဲ့ အလုပ်သမား ရာကျော်အတွက်လည်း သက်သောင့်သက်သာဘဝမှာနေထိုင်နိုင်အောင်လို့ပါ”

ဝမ်ရှင်းကျယ် ပြုံးလျက်နှင့် ပြန်လည်ဖြေဆိုခဲ့သည်။

“ဒါရိုက်တာစစ်၊ ကျွန်တော်တို့တွေက ထပ်ပြီး မပူးပေါင်းတော့ပါဘူး။ ကျွန်တော့်ဘက်က ရိုင်းပြမိတာကို ခွင့်လွှတ်ပေးပါ၊

ဒါရိုက်တာစစ်အနေနဲ့ လက်ရှိ ခေတ်ရေစီးကြောင်းကို မလိုက်နိုင်သေးဘူး။ ဒီအတိုင်းဆိုရင် စက်ရုံကသာ ဒါရိုက်တာရဲ့လက်ထဲမှာ ရှိနေရင် ခိုင်မာတဲ့မှီခိုရာနေရာက ပျောက်ကွယ်သွားမှာပဲ။

တကယ်လို့ ကျွန်တော့်ကို အကြံဉာဏ်တောင်းချင်တယ်ဆိုရင်တော့ ကျွန်တော် အကြံပြုပါရစေ၊ ဒါရိုက်တာရဲ့ အထက်မှာရှိနေတဲ့အရာရှိတွေနဲ့ ဆွေးနွေးပြီး စက်ရုံကို ကျွန်တော့တို့ရဲ့သူဌေးကို ရောင်းလိုက်တာက ပိုကောင်းပါလိမ့်မယ်၊ ဒီလိုဆိုရင် ဒါရိုက်တာရဲ့ စက်ရုံကလည်း အောင်မြင်မှာ အသေအချာပါပဲ။”

“မင်းရဲ့ သူဌေးလား”

စစ်ရာရန် တွေးတောသွားခဲ့ရသည်။

ဝမ်ရှင်းကျယ်ကလည်း ရယ်မောလျက်ပင် ဆက်ပြောလာခဲ့သည်။

“အိုး .. ကျွန်တော် ကိုယ့်ကိုကိုယ် မိတ်ဆက်ဖို့ မေ့သွားတာပဲ၊ ကျွန်တော့်ရဲ့ နောက်ထပ် အထောက်အထားက တန်တာ ပရိဘောဂစက်ရုံရဲ့ ဒုတိယညွှန်ကြားရေးမှူးပါ၊

ဒီအဝတ်အစား နှစ်စုံဆိုတာက ကျွန်တော်တို့ သူဌေးအတွက် အိတ်ထဲကို ထည့်ဖို့ ပိုက်ဆံနည်းနည်းလောက် ရှာဖွေဖို့နှင့် နည်းနည်းလောက် ဆော့ကစားရုံသက်သက်ပါပဲ”

“တန်တာပရိဘောဂစက်ရုံ...”

စစ်ရာရန်တစ်ယောက် ထိုစကားကိုကြားသည်နှင့် အနည်းငယ် စိတ်ချမ်းသာ သွားခဲ့ရသည်။ နှစ်ပေါင်း များစွာကြာပြီ ဖြစ်သော စက်ရုံဟောင်း၏ မန်နေဂျာ တစ်ဦးအနေဖြင့် သူသည်ကား တန်တာပရိဘောဂစက်ရုံ ၏ အတိတ်နှင့် ပစ္စုပ္ပန် ကို သဘာဝအတိုင်း ကောင်းစွာ သိသည်။

ထိုစဉ်က ပရိဘောဂစက်ရုံသည်ကား စီမံခန့်ခွဲမှု ညံ့ဖျင်းသောကြောင့် ပိတ်သိမ်းသွားခဲ့ပြီး ပုဂ္ဂလိကပိုင်အဖြစ် ဝယ်ယူခြင်းခံခဲ့ရသည်။

ရလဒ်အနေဖြင့် လအနည်းငယ်အတွင်း၌ပင် အရှုံးကနေ အမြတ် အဖြစ် ပြောင်းလဲသွားခဲ့ကာ ယခုဆိုလျှင် တရုတ်နိုင်ငံရှိ ပရိဘောဂလုပ်ငန်း၏ ဦးဆောင်သူ ဖြစ်လာခဲ့သည်။

သို့သော်လည်း...စစ်ရာရန် သည် နားမလည်နိုင်စွာ မေးလိုက်သည်။

“ပရိဘောဂလုပ်တာနဲ့ အဝတ်အစားချုပ်လုပ်တာက ဆက်စပ်မှု ရှိလို့လား၊ မင်းတို့ရဲ့ သူဌေးက ဘာလို့ အားလုံးကို ဝယ်ချင်နေတာလဲ”

ဝမ်ရှင်းကျယ်လည်း ပြုံးလျက်ပင် ဆက်ပြောလိုက်သည်ဝ

“ကျွန်တော်တို့ သူဌေးရဲ့ စကားအရဆိုရင်တော့ ဒါကို ‘ပိုက်ဆံရှိလို့ ကိုယ်ကျိုးအတွက်အတ္တကြီးတာ’ လို့ ခေါ်ပါတယ်”

*

All Chapters