အခန်း (၃၀၅)
Vol. 31 Ch. 305
ဖုန်းမှ ထွက်ပေါ်လာသည့် သူ၏ဂုဏ်သိက္ခအတွက် ရှက်ရွံ့ဖွယ်ကောင်းလွန်းသည့် စကားများကြောင့် စစ်ရာရန်တစ်ယောက် တော်တော်နှင့် သတိမဝင်နိုင်ဘဲ ရှိနေခဲ့သည်။
တစ်ဖက်လူမှ ဖုန်းချလိုက်သည့်နောက်တွင် ဖုန်းလက်ခံသည့်နေရာမှ တီဟူသည့် သံရှည်ကြီး ထွက်ပေါ်လာသည့်တိုင်အောင် မည်သည်ကိုမျှ မစဉ်းစားနိုင်ခဲ့ဘဲ ငိုင်တိုင်တိုင်နှင့်သာ ဖုန်းကိုချလိုက်ခဲ့ရသည်။
ပစ္စည်းဝယ်ယူရေးဌာန၏ ဒါရိုက်တာ ချန်ဟိုင်ရှန်သည်ကား ရုံးခန်းတံခါးဝ၌ အချိန်အတော်ကြာအောင် စောင့်နေခဲ့သည်။
စစ်ရာရန် နောက်ဆုံးတွင် ဖုန်းချလိုက်သည်ကို မြင်သည်နှင့် သူ အလျင်အမြန် ဝင်လာပြီး မေးလိုက်သည်။
“ဒါရိုက်တာ၊ ကျွန်တော်တို့ရဲ့စက်ရုံမှာ အော်ဒါတွေ မရှိတော့ဘူးလေ၊ ဒီတော့ ဘာလို့ ဆောင်းတွင်းဝတ်ဖလန်နယ်အထည်တွေနဲ့ အထူစားအင်္ကျီတွေ မချုပ်တာလဲ၊ အဲဒီအထည်တွေ လေဒဏ်ကိုလည်း ခံနိုင်တယ်လေ”
စစ်ရာရန်က ချန်ဟိုင်ရှန်ကို တစ်ချက်ကြည့်လိုက်မိပြီး သူ၏လေသံသည်ကား အလွန်ပင် ဝမ်းနည်းနေပုံရသည်။
“အိုး လောင်ချန်၊ ငါတို့မနှစ်တုန်းက ဆောင်းဦးရာသီအချိန်ကို ပြန်တွေးကြည့်၊ လမ်းပေါ်မှာ ဖလီးစ်ဂျာကင်တွေ ဘယ်နှစ်ယောက်လောက်ဝတ်ဆင်လဲဆိုတာ မှတ်မိသေးလား”
ချန်ဟိုင်ရှန်တစ်ယောက် သူ၏ခေါင်းကို ကုတ်ခြစ်လိုက်မိသည်။
“ကျွန်တော်တို့ရဲ့ ဟူတုန်က အဖိုးအိုတွေအားလုံးကေော့ မနှစ်က ဆောင်းဦးတုန်းက ဖလီးစ်ဂျာကင်တွေ ဝတ်ကြတာပဲ။
ဒီအဝတ်အစားတွေက လေဒဏ်ခံတယ်၊ ဝတ်ရတာလည်း ကြာရှည်ခံတယ်၊ တစ်ထည်လောက်ဆိုရင် ဆယ်နှစ်ကျော်အောင် ဝတ်ရတယ်လို့ ပြောကြတယ်”
“လူငယ်တွေကရော”
စစ်ရာရန်တစ်ယောက် ထပ်မမေးဘဲ မနေနိုင်ခဲ့ချေ။
“လူငယ်တွေလား”
ချန်ဟိုင်ရှန်က မကျေနပ်စွာ ရေရွတ်လိုက်သည်။
“သူတို့တွေက တစ်နေ့လုံး ဘာတွေကိုဝတ်ချင်နေမလဲဆိုတာ ဘယ်သူကသိနိုင်မှာလဲ။”
“အင်း၊ ကျွန်တော်လည်း မသိဘူး။ ဒါကြောင့် ကျွန်တော်တို့ရဲ့စက်ရုံက ပိုပြီးတော့ အခြေအနေ ဆိုးလာတာ။”
စစ်ယာရန်က သက်ပြင်းချလိုက်သည်။
“လောလောဆယ် အထည်တွေကိုကြိုပြီးဝယ်ဖို့ မလိုသေးဘူး၊ ကျွန်တော် စဉ်းစားစရာရှိသေးတယ်”
ဝမ်ရှင်းကျယ်ဘက်တွင်တော့ ဖုန်းချလိုက်သည့်နောက် နံရံမှ နာရီကို ကြည့်လိုက်သည်။ သူက ညနေ ခြောက်နာရီကျော်သည်အထိ စောင့်ပြီး ကျန်းကျန်း အလုပ်မှ ပြန်ရောက်ပြီဟု ယူဆကာ သူမ၏အိမ်ဖုန်းကို ခေါ်လိုက်လေသည်။
“ဥက္ကဌ၊ အထည်ချုပ်စက်ရုံရဲ့ ဒါရိုက်တာက စိတ်ဝင်စားပုံရတယ်၊ သူသာ အဝတ်အထည်လုပ်ငန်းမှာ ပါဝင်ဖို့ ဆုံးဖြတ်ရင် ကျွန်တော် အစိုးရဆီသွားပြီး ဝယ်ယူမှုအကြောင်း သွားဆွေးနွေးလိုက်မယ်”
ဝမ်ရှင်းကျယ်သည်ကား ဖုန်းပြောနေသည့် အချိန်တွင် ရည်မှန်းချက်အပြည့်နှင့် ဖြစ်နေသည်။
သူ့အနေဖြင့် စီးပွားရေးလုပ်ရသည်ကို ကြိုက်နှစ်သက်၍ စီးပွားရေးကျောင်းကို တက်ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်း၌လည်း ခေတ်ကာလက စီးပွားရေးစတင်ရန် အခြေအနေ အလွန်ကောင်းနေသည်။
ကျန်းကျန်း၏ ငွေကြေးအပြည့်အဝ ထောက်ပံ့မှုနှင့် လုပ်ပိုင်ခွင့်များ ခွဲဝေပေးမှုများကြောင့် သူ၏လုပ်ချင်ကိုင်ချင်စိတ်များက လက်ရှိတွင် တဖွားဖွား ပေါ်ပေါက်လာခဲ့သည်။
ဝမ်ရှင်းကျယ်၏ စကားများကို ကြားသည့်အခါ ကျန်းကျန်းကလည်း တုံ့ဆိုင်းမှုမရှိ ပြန်ဖြေလိုက်လေ၏။
“ကောင်းပြီ၊ ဒီကိစ္စကို ရှင့်ကို လွှဲလိုက်မယ်၊ အထည်ချုပ်စက်ရုံကို လွှဲယူပြီးတာနဲ့ ရှင် တိုက်ရိုက် စက်ရုံမှူးလုပ်လို့ရတယ်၊ ဒါပေမဲ့ ပရိဘောဂစက်ရုံရဲ့ ညွှန်ကြားရေးမှူး စွမ်းရန်သယ်က ရှင် မရှိရင် တစ်ယောက်တည်း မနိုင်တော့ဘူး၊
ဒုတိယညွှန်ကြားရေးမှူးလျို့ကလည်း အရင်လိုပဲ အလုပ်နှောင့်နှေးနေတုန်းပဲ၊ ရှင် ပရိဘောဂစက်ရုံမှာ ရှိနေခဲ့တာက အချိန်တိုလေးပဲ မဟုတ်ဘူး၊ ဒီတော့ အခြေအနေကို သိထားပြီးသားဖြစ်လိမ့်မယ်
ရှင့်အနေနဲ့ စက်ရုံမှာ စီမံခန့်ခွဲနိုင်စွမ်းရှိတဲ့ အရည်အချင်းရှိသူတွေကို ရှာပြီး စွမ်းရန်သယ်နဲ့အတူ ရာထူးတိုးဖို့ ဆွေးနွေးလိုက်ပါ၊ တကယ်လို့ ကျွန်မတို့စက်ရုံမှာ အဲဒီလိုလူ မရှိဘူးဆိုရင်လည်း အပြင်ကနေ တိုက်ရိုက် ငှားလို့ရတယ်။”
ဝမ်ရှင်းကျယ် ခဏစဉ်းစားပြီးမှ ပြောလိုက်သည်။
“ကျွန်တော့်မှာ ရွေးချယ်စရာ နှစ်ယောက်ရှိတယ်၊ ဒါပေမဲ့ သူတို့နဲ့ အရင်ပြောပြီးမှ ဆုံးဖြတ်လို့ရမယ်။”
“ကောင်းပြီ၊ ဒါဆို ရှင့်ဆီကသတင်းကို စောင့်နေမယ်”
ကျန်းကျန်းလည်း ပျော်ရွှင်စွာ ပြောလိုက်သည်။
“အစိုးရနဲ့ ခဏအတွင်း စကားပြောလို့မရရင်လည်း စိတ်ဓာတ်မကျပါနဲ့၊ ဘယ်လိုမှ ညှိနှိုင်းဖို့မရရင် အလွန်ဆုံး ကျွန်မတို့ကိုယ်တိုင် အဝတ်အထည်ကုမ္ပဏီ တည်ထောင်လိုက်ရုံပဲ၊
စက်ရုံတစ်ခု ထူထောင်ဖို့ဆိုရင် ကျွန်မတို့ လွန်ခဲ့တဲ့ နှစ်လအတွင်း ရရှိခဲ့တဲ့ ငွေလောက်နဲ့တင် လုံလောက်ပါတယ်၊
အဝတ်အထည်၊ အစားအစာ၊ နေထိုင်မှုနဲ့ သယ်ယူပို့ဆောင်ရေးဆိုတာက ပြည်သူတွေအတွက် အမြဲတမ်း မရှိမဖြစ်လိုအပ်တဲ့ အရာတွေပဲ။
အထူးသဖြင့် အခုလိုအချိန်က ပြည်သူတွေရဲ့ အဝတ်အထည်ပြုပြင်ပြောင်းလဲရေးအတွက် အရေးကြီးတဲ့ အချိန်ကာလဖြစ်လို့ ကျွန်မတို့ အခွင့်အလမ်းကို ဖမ်းဆုပ်နိုင်သရွေ့တော့ ငွေမရှာနိုင်စရာ အကြောင်းမရှိဘူး”
ဝမ်ရှင်းကျယ်သည်ကား ကျန်းကျန်း၏ စကားကြောင့် အလွန်ဂုဏ်ယူသွားပြီး ချက်ချင်းပင် အာမခံလိုက်သည်။
“စိတ်ချပါ၊ ဝယ်ယူတာပဲဖြစ်ဖြစ်၊ အသစ်တည်ဆောက်တာပဲဖြစ်ဖြစ်၊ အမြန်ဆုံးအချိန်အတွင်း အပြီးသတ်ပေးမယ်”
ဖုန်းချပြီးသည့်နောက် မဒမ်လီတစ်ယောက် ကျန်းကျန်းကို ကြည့်ကာ ခေါင်းခါလိုက်သည်။
“မင်း မကြာခင် လက်ထပ်တော့မယ်လို့ ပြောထားတာမဟုတ်ဘူးလား၊ ဘာလို့ အဲဒီအတွက် စိတ်မလှုပ်ရှားတာလဲ၊ မင်းက ဒီစက်ရုံအကြောင်းကိုပဲ တစ်နေ့လုံး စိတ်ပူနေတယ်၊ ဘယ်လောက် ပိုက်ဆံရလဲဆိုတာကိုပဲ တွေးနေတော့တာ”
ကျန်းကျန်းက ပြုံးကာ မဒမ်လီ၏ လက်မောင်းကို ဖက်လိုက်သည်။
“သမီး ပိုက်ဆံအများကြီး မရှာလို့မဖြစ်ဘူးလေ၊ အဖွားရဲ့ မြေးမလေးက မကြာခင် ပိုက်ဆံတွေ အများကြီး သုံးတော့မှာ”
ကျန်းကျန်းက ရယ်မောနေရင်းဖြင့် ပြောလိုက်သည်။
“ အဖွား တခြားဟာတွေမစဥ်းစားနေနဲ့ဦး၊ သမီး မကြာခင် လုပ်မယ့်အရာတွေက ပိုပြီး ကုန်ကျစရိတ်များလိမ့်မယ်လို့ ပြောတာ”
မဒမ်လီသည်ကား သူ၏မြေးမလေး၏ ခေါင်းထဲ၌ မည်သည်များ ရှိသည်ကို မသိသော်လည်း သူမ၏မြေးမလေးသည်က အကြီးစားများကို လုပ်နေသည်ကိုမူ သိထားပေသည်။
ပေရှားဒေသနှင့် ယီတုန်အကြောင်း ပြောရန်မလိုအပ်ချေ။ တော်ဝင်မြို့တော်အတွင်းကို ကြည့်လျှင်ပင်
မဒမ်လီသည်က သူ၏မြေးမလေးထက် ပို၍ စွမ်းဆောင်ရည်ကောင်းမွန်သည့် မိန်းကလေး ရှိမည်ဟု မယုံပါချေ။
မိန်းကလေးများမှာ မည်သည့်အရွယ်တွင်ဖြစ်စေ ကျန်းကျန်းကဲ့သို့ ဤမျှကြီးမားသည့်စက်ရုံကို မပိုင်ဖူးသေးချေ။
ကွေ့ဟွားပြောသည်မှ တဆင့် ကြားသည်မှာ နွေရာသီတွင် ကျန်းကျန်းက အဝတ်အစားများစွာပို့ဆောင်ပေးခဲ့ပြီး ကွေ့ဟွားတစ်ယောက်တည်းကိုပင် အမြတ်ငွေယွမ်နှစ်သောင်း ရခဲ့သည်။
ယခင်က မတွေးဝံ့စရာဖြစ်သော ကိန်းဂဏန်းများမှာ ယခုအခါ လီမိသားစု၏ ပါးစပ်ဖျား၌ ပုံမှန်ကဲ့သို့ ဖြစ်နေခဲ့ပေပြီ။
မဒမ်လီ ကျန်းကျန်းကို ဆွဲခေါ်ကာ ထိုင်ခိုင်းသည့်နောက် မင်္ဂလာပွဲအကြောင်းကို သူမကို စတင်ပြောပြလိုက်သည်။
စက်တင်ဘာလကတည်းက မဒမ်လီတစ်ယောက် သူ၏ဇာတိမြို့မှ လီမူစန်းနှင့် ပင်ချန်မှ လီမူလင်းကို ကျန်းကျန်း၏ မင်္ဂလာပွဲရက်ကို ဖုန်းဆက်ပြောပြပြီး ကလေးများနှင့် မြေးများကို မင်္ဂလာပွဲသို့ ခေါ်လာရန် တောင်းဆိုခဲ့သည်။
၎င်းတို့နှစ်ဦးသည်လည်း ဖုန်းလက်ခံရရှိသည့်နောက်တွင် အလွန်ပျော်ရွှင်ခဲ့ကြသည်။ တစ်ယောက်က သူ၏ အကြီးဆုံးတူမ လက်ထပ်သည်ကို ပျော်ရွှင်နေပြီး နောက်တစ်ယောက်ကလည်း မဒမ်လီကို တွေ့ဆုံချင်နေခဲ့သည်။
အမှန်စင်စစ် တွက်ကြည့်ပါက မဒမ်လီ လီမူဝူမိသားစုနှင့်အတူ တော်ဝင်တက္ကသိုလ်သို့ ရောက်ရှိလာခဲ့သည့်အချိန်မှစ၍ လီမူစန်းနှင့် လီမူလင်းတို့မှာ သူတို့၏ အမေကိုမတွေ့ရသေးသည်ဖြစ်၍ လေးနှစ်ကျော် ကြာမြင့်ခဲ့ပေပြီ။
ပုံမှန်အားဖြင့် ၎င်းတို့သည်က မဒမ်လီကို လစဉ် ငွေပို့ပေးရုံသာမက ကြေးနန်းစာများလည်း ပို့ကာ အဆင်ပြေကြောင်း ပြောပြလေ့ရှိသည်။
အမှန်တကယ်တွင် သူတို့အနေဖြင့် မလာချင်သည် မဟုတ်ပါချေ။ တော်ဝင်မြို့တော်ဆိုသည်မှာကား ၎င်းတို့ တစ်သက်လုံး လိုချင်တောင့်တခဲ့သည့် နေရာဖြစ်ပြီး ၎င်းတို့၏ အိပ်မက်ထဲ၌ပင် တော်ဝင်မြို့တော်ကို သွားရောက်လည်ပတ်ချင်ကြသည်။
သို့သော်လည်း မဒမ်လီအကြောင်း ပြောရန်မလိုအပ်ပါ။ သူမက တရုတ်နှစ်သစ်ကူးတွင်တောင် ၎င်းတို့ကို လာခွင့်မပေးခဲ့ချေ။
ဤကိစ္စ၌ မဒမ်လီတွင် သူမ၏ကိုယ်ပိုင်စိတ်ကူး ရှိခဲ့သည်။
သူမက သားလေးယောက်ကို မွေးထားခဲ့သည်။ အကြီးဆုံး လီမူဝမ်းအတွက်က ပြောရန်မလိုအပ်ပါချေ။
မိသားစု၏ အနာဂတ်ကို တိုက်ပွဲမြေပြင်တွင် ဓားတစ်ချောင်း၊ သေနတ်တစ်ချောင်းဖြင့် တိုက်ယူခဲ့ခြင်းဖြစ်ပြီး ယခုအခါစစ်တပ်၌လည်း အရေးပါသည့်သူဖြစ်နေခဲ့သည်။
သူ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ စစ်သားများနှင့် အတူရှိနေတတ်သည်။
ဒုတိယသား လီမူဝူနှင့် သူ၏ဇနီးသည်ကား မည်သည့် အရည်အချင်းများ မရှိကြပေ။ ၎င်းတို့က တစ်သက်လုံး မိဘများကို ပြုစုစောင့်ရှောက်ခဲ့ကြသည်။
မဒမ်လီက ၎င်းတို့နှင့် တစ်သက်လုံး အတူနေခဲ့သည်။ သူမ မည်မျှပျော်နေသည်ကို ပြောရန်ပင် မလိုအပ်ပေ။ တတိယသား လီမူစန်းနှင့် လီမူဝူတို့ကလည်း လီမူဝူကဲ့သို့ပင် ရိုးသားကြသည်။
တတိယသားက အရည်အချင်းရှိသည့်လူဖြစ်ခဲ့သော်လည်း သူသည်က သူ၏ သေးငယ်သည့်ဘဝကိုသာ အေးအေးဆေးဆေး ဖြတ်သန်းနေခဲ့သည်ပင်။
စတုတ္ထသား လီမူလင်းသည်က ဂရုမစိုက်သည့်သူ တစ်ယောက်ဖြစ်ပြီး ထိုအတွက်လည်း မဒမ်လီကို စိတ်မဆိုးခဲ့ချေ။ သို့သော်လည်း လီမူဘင်း၏ ဇနီးသည်၊ သူမ၏ချွေးမသည်ကား ပို၍ တွက်ချက်တတ်သည်။
လီမူလင်းတွင် ငွေကြေးများရှိကာ အမေဖြစ်သူကို ထောက်ပံ့ပေးချင်တတ်သည်။ သို့သော်လည်း သူ၏ဇနီ့သည်ကမူ အရှေ့တွင် မပြောရဲလျှင်ပင် စိတ်ထဲမှ မကျေမနက်ဖြစ်ကာ ဒေါသထွက်နေသည်ကို တွေ့မြင်နိုင်ပေသည်။
*