← Chapters

အခန်း (၃၀၆)

Vol. 31 Ch. 306

အခန်း (၃၀၆)

Vol. 31 Ch. 306

မဒမ်လီ တော်ဝင်မြို့တော်သို့ ပထမဆုံး ရောက်ရှိလာသည့်အချိန်တွင် လီမူစန်းနှင့် လီမူလင်းတို့၏ သားများသည်က လက်ထပ်ပြီးခဲ့ကြကေပြီ။

၎င်းတို့အားလုံးက သုံးဆက်မြောက်မျိုးဆက်လူငယ်များ ဖြစ်ကြသည်။ သို့သော်လည်း ထိုလူများစွာသည်ပင် ကျန်းကျန်းတစ်ယောက်တည်းကို မယှဥ်နိုင်ပါချေ။

မည်သည့်ကလေးကို သူမ၏ ရှေ့တွင် မွေးထားသည် ဖြစ်စေ၊ မည်သည့်ကလေးက ပို၍ သနားစရာကောင်းသည်ဖြစ်စေ.. မဒမ်လီ၏ မျက်လုံးများတွင်တော့ လီမူဝူ၏ မိသားစုမှ ကလေးငါးယောက်သည် အနာကျင်ရဆုံးဖြစ်ပြီး ကျန်းကျန်းသည်ကတော့ အရေးအကြီးဆုံး သွေးသားပင်ဖြစ်ချေသည်။

ဒုတိယမှာ လီမူစန်း၏ မိသားစုမှ ကလေးများပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုကလေးများမှာ ငယ်စဥ်ကတည်းက သူမ၏မျက်စိအောက်တွင် ကြီးပြင်းလာခဲ့ကြသည့်အတွက် ကျန်သည့် မိသားစုနှစ်ခုသည်ကား မဒမ်လီ၏ နှလုံးသားထဲတွင် အနည်းငယ်ခန့် ပို၍ ပေါ့ပါးနေခဲ့သည်။

သူမ ထိုကလေးများကို မကြိုက်ဟု ဆိုလိုခြင်းမဟုတ်သကဲ့သို့ သူမ၏နှလုံးသားထဲတွင် ထိုကလေးများအတွက် ချစ်ခင်ကြင်နာမှုများကို မခံစားရဟု ဆိုလိုခြင်းလည်း မဟုတ်ပါချေ။

သူတို့ နေထိုင်သည့် အိမ်ကို ကျန်းကျန်း တူးဖော်တွေ့ရှိခဲ့သည့် ရွှေငါးပုတ်သင်ကောင်ကြီးကိုရောင်းခရသည့် ငွေဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး သူမက နေရာအတော်များများကို ပြန်လည်ပြင်ဆင်ကာ ပရိဘောဂများကိုလည်း ဝယ်ခဲ့သည်။

သူတို့ထံတွင် ပိုက်ဆံများစွာ မကျန်တော့သကဲ့တော့ လီမူဝူ၏ လစာမှပင်စင်ငွေသည်လည်း သိပ်မများလှပေ။ သူ၏မိသားစုဝင်ကို ကျွေးမွေးရန်အတွက် အဆင်ပြေသည်။ သို့သော်လည်း လူပိုများလာပါက ခက်ခဲလိမ့်မည်။

ထို့ကြောင့် မဒမ်လီသည် ၎င်းတို့ကို လာခွင့်မပြုရန် သေလောက်အောင် ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

သူတို့အား သူမ၏မြေးမလေးမှ မကျွေးနိုင်သေးသဖြင့်၊ သူတို့မှ သူမအား တစ်နှစ်စာထောက်ပံ့ငွေကြေး ပေးမှသာ လာခွင့်ပြုမည်ဟုဆိုခဲ့သည်။

လီမူစန်းနှင့် သူ၏ဇနီးသည်ကမူ အဆင်ပြေပေသည်။ သူတို့၏ အမေပြောသည်ကို နားထောင်ပြီးနောက် မသွားစေချင်ပါက မသွားဘဲ လစဉ် ပေးလိမ့်မည်။

ဖုန်းဆက်ချင်ပါက ဖုန်းဆက်မည်ဖြစ်ကာ ကြေးနန်းပို့ချင်ပါက ကြေးနန်းပို့လိမ့်မည်။ လီမူလင်းသည်လည်း အရေးမကြီးဟု ထင်ခဲ့သည်။ သူ၏ဇနီး ကျန်ချွမ်ဟွားသည်ကား မြို့တော်တွင် နေထိုင်ချင်စိတ် ပြင်းပြပြီး ရက်အတော်ကြာခန့် အတူသွာစရောက်နေချင်ခဲ့သည်။

သို့သော်လည်း သူတို့ဘက်မှ တစ်နှစ်စာလစာ ပေးခိုင်းသည်က သူမ၏အသားကို ဖြတ်ထုတ်သည်ထက် ပိုနာကျင်ရသည်။ ထို့ကြောင့် မဒမ်လီက သူတို့ကို မလာခိုင်းခဲ့တော့ချေ။

ကျန်ချွမ်ဟွားတစ်ယောက် မဒမ်လီ မှ ဘက်လိုက်သည်ဟု မကျေမနပ် ရေရွတ်သော်လည်း လီမူလင်းကတော့ အကြိမ်များစွာ သူမ၏စကားများကို ပိတ်ဆို့ခဲ့သည်။

ကျန်ချွမ်ဟွားအနေဖြင့် မဒမ်လီကို စိတ်ကူးဖြင့်သာ ပြောဆိုဝံ့သည် မဟုတ်ပါလား။ သူမ၏သားနှစ်ယောက်ဖြစ်သည့် မင်ရှုနှင့် မင်ရှင်းတို့သည်လည်း အရွယ်ရောက်နေပြီ။

၎င်းတို့အားလုံးသည်က သူမကို ဆန့်ကျင်ဘက် ပြောဆိုနေကြသောကြောင့် သူမက ပြဿနာရှာရန် ပို၍ ကြောက်ရွံ့ခဲ့သည်။

ကျန်ချွမ်ဟွားမှ မဒမ်လီကို ကြောက်ရခြင်းမှာ ယခင်က ဆေးတံဖြင့် အရိုက်ခံခြင်မှုမြင်ကွင်းမှ ကျန်ခဲ့သည့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကြောင့်ဖြစ်ပြီး ယခုမူ သူမ၏သားများ စိတ်ဆိုးမည်ကို စိုးရိမ်နေခဲ့ရခြင်းဖြစ်သည်။

အိုမင်းလာပါက မည်သည့်သူမျှ သူမကို ပြုစုပေးမည် မဟုတ်ဘဲ ပစ်ထားမည်ကို စိုးရိမ်နေခဲ့သောကြောင့် မပြောရဲခဲ့ခြင်းပင်။

ကျန်ချွမ်ဟွား အံ့အားသင့်နေခဲ့ရသည်။ ယခင်က သူမ၏သားများမှာ ငယ်စဥ်အချိန်တုန်းက နွေရာသီနှင့် ဆောင်းရာသီ ကျောင်းပိတ်ရက်များတွင် အဖေဖြစ်သူ၏ဇာတိမြို့ကို သွားရောက်လည်ပတ်သည်။

သို့သော်ညထိုကလေးများမှာ တစ်ဖက်မှဆွေမျိုးများကို ပိုမို တွယ်တာသွားခဲ့ကာ တောင်ပိုင်းမှ မြောက်ပိုင်းသို့ မရောက်လာခဲ့သကဲ့သို့ သူမ၏ဘက်သို့ လုံးဝ မပါခဲ့ကြပေ။

အမှန်တကယ်ပင် ၎င်းတို့ကို အလကား မွေးထားရသကဲ့သို့ထင်ရသည်။

မဒမ်လီအနေဖြင့် သူ၏ချွေးမ မည်သည် စဉ်းစားသည်ကို ဂရုမစိုက်ပါချေ။ သူမ၏စိတ်ထဲတွင် ကျန်းကျန်းသည်သာ အရေးအကြီးဆုံးပင်။

ယခု ကျန်းကျန်း ဘွဲ့ရပြီဖြစ်ကာ နာမည်ကြီးကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်နေပြီး ကိုယ်ပိုင်စက်ရုံလည်း ဖွင့်လှစ်ထားသည်။ သူမ၏ လက်အောင်တွင် အလုပ်သမား ရာပေါင်းများစွာ ရှိသည်ဟုလည်း ဆိုသည်။

သူမ၏မြေးမလေးက ဤမျှ အလားအလာရှိသည်ကို မြင်နေရသည်။ ထို့အပြင် လက်ရှိ၌ သူမ၏ဘဝ၏ အကြီးမားဆုံး ပျော်ရွှင်စရာ မင်္ဂလာပွဲကိုလည်း ကျင်းပတော့မည်ဖြစ်၍ မဒမ်လီအနေဖြင့် မိသားစုအားလုံးကို ကျန်းကျန်းအတွက် မင်္ဂလာပွဲကို လာရောက် ဆင်နွဲခွင့်ပေးလိုက်သည်။

ပွဲအခန်းအနားကိုလည်း ထောက်ပံ့ပေးရန်အတွက်ဖြစ်ပေသည်။ သူမသည်က ကျန်းကျန်းလက်ထပ်သည့်အခါ မိသားစု၌ လူအနည်းလောက်သာ ရှိသည့်ပုံစံမျိုး မဖြစ်စေချင်ခဲ့ပေ။

“မင်းရဲ့ တတိယဦးလေးတို့က ဒီနေ့ ရထားနဲ့ လာကြတာ၊ မင်းရဲ့ စတုတ္ထဦးလေးတို့ကတော့ ကားနဲ့ လာကြတာဆိုတော့ ငါးရက်၊ ခြောက်ရက်ဆို ရောက်လာလိမ့်မယ်”

မဒမ်လီက ကျန်းကျန်းကို ဆွဲခေါ်ပြီး ပြောလိုက်သည်။

“အိမ်အကူက အိမ်ကို သန့်ရှင်းရေးလုပ်ပြီးပြီ၊ ကံကောင်းလို့ ငါတို့အိမ်က ကြီးလို့ပဲ၊ မဟုတ်ရင် ဒီလောက်လူများများ နေဖို့ မဖြစ်နိုင်ဘူး။”ကျန်းကျန်းက ပြုံးလျှက်ပင် ပြောလိုက်သည်။

“မင်္ဂလာပွဲနေ့မှာ သမီးတို့ ဓာတ်ပုံရိုက်ဖို့ ဓာတ်ပုံဆရာ ငှားထားတယ်၊ မိသားစုဓာတ်ပုံလည်း အတူတူရိုက်ကြမယ်”

“ဒါကတော့ မဖြစ်မနေလိုအပ်တာပေါ့”

မဒမ်လီက ဤစကားကို ကြားသည့်အခါ အားတက်လာခဲ့သည်။ သူမ ပတ်ပတ်လည် ကြည့်လိုက်ပြီး နောက်ဆုံး သူမ၏အိပ်ခန်းနံရံကို လက်ညှိုးထိုးပြလိုက်သည်။

“အချိန်ကျရင် ငါ့ကို နံရံမှာချိတ်ဖို့ ပုံကြီးကြီးတစ်ပုံ လုပ်ပေး”

“ကောင်းပါပြီ၊ အဖွားအတွက် ဓာတ်ပုံအယ်လ်ဘမ်လည်း လုပ်ပေးမယ်။”

ကျန်းကျန်းက မဒမ်လီ၏ လက်မောင်းကို ဖက်ကာ ပခုံးကို ပွတ်သပ်ပေးလိုက်သည်။

“ မင်္ဂလာပွဲက ရက်နီးနေပြီ ၊ မင်းခွင့်ရက်မရသေးဘူးလား”

ကျန်းကျန်း မဒမ်လီကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်သည်။

“တကယ်တော့ မင်္ဂလာပွဲခွင့်ရက်က ရက်နည်းနည်းလောက် လိုနေသေးတာပဲလေ”

“ဒါပေမဲ့ ခေါင်းဆောင်ကို ပြောလို့မရဘူးလား၊ ဘယ်သူက လက်ထပ်တော့မယ်ဆိုရင် မပြင်မဆင်နဲ့ လုပ်လို့ရနိုင်လို့လဲ”

မဒမ်လီတစ်ယောက် လက်ထပ်ခါနီးအချိန်တွင်ပင် အဘယ်ကြောင့် ခွင့်မရသည်ကို နည်းနည်းမှပင် နားမလည်နိုင်ပါချေ။ ယခင်က သူမ၏ သားများ လက်ထပ်သည့်အခါတွင် တစ်လ၊ နှစ်လခန့်ည ပြင်ဆင်ရသည်။

ယခုမူ သူမ၏မြေးမလေးတို့ လူငယ်စုံတွဲမှာ လက်ထပ်ခါနီးအချိန်ထိ နှစ်ယောက်စလုံး အလုပ်လုပ်နေကြသေးသည်။ ဤသည်ကို မည်သို့ လုပ်ရပါမည်နည်း။

“သိပါတယ်၊ သိပါတယ်”

ကျန်းကျန်း ထရပ်လိုက်ပြီး မဒမ်လီ၏ မျက်နှာကို နမ်းလိုက်သည်။

“အဖွား၊ သမီး အိပ်ရာဝင်တော့မယ်၊ မနက်ဖြန် အနားယူမယ်နော်၊ အကြာကြီးအိပ်နေရင် နောက်ကျမှ နိုးလာမှာဆိုတော့ မနက်စာအတွက် သမီးကို မစောင့်နဲ့တော့”

“ကောင်းပြီ၊ ဒါဆို နို့သောက်ပြီးမှ အိပ်”

မဒမ်လီ အပြင်ဘက်သို့ ထွက်ကာ လျှောက်သွားခဲ့စဥ်က နို့သောက်ပြီး အိပ်ပါက ပို၍ ကောင်းမွန်စွာ အိပ်ပျော်နိုင်သည်ဟု ကြားခဲ့ရသည်။ ထို့ကြောင့် သူမလည်း တစ်နေ့ကို နို့နှစ်ပိဿာ လုပ်ကာ အိပ်ရာမဝင်မီ တစ်ပိဿာ၏ တစ်ဝက်ကို သောက်လေ့ရှိသည်။

ကျန်းကျန်းက ဝမ်စုဖန်းပေးသည့် နို့ကို ယူကာ ပန်းကန်လုံးတစ်လုံးကို တစ်ကျိုက်တည်း မော့သောက်လိုက်သည်။ ထို့နောက် လက်ကိုင်ပဝါဖြင့် ပါးစပ်ကို သုတ်ပြီး အလျင်အမြန် အိမ်ထဲသို့ ပြန်ဝင်သွားခဲ့လေသည်။

“ဒီကလေးကတော့ ခုထိ ကလေးလို လုပ်နေတုန်းပဲ”

မဒမ်လီတစ်ယောက် အပြုံးတစ်ခုနဲ့ ခေါင်းခါလိုက်မိသည်။

အိမ်ခန်းထဲသို့ ပြန်ရောက်ကာ ရေချိုးသည့်နောက် ကျန်းကျန်းက အိပ်စက်ခြင်းမရှိသေးဘဲ ဆူရှီးမားမှ အိမ်တစ်အိမ်၏ တံခါးဝသို့ တိုက်ရိုက်သွားပြီး တံခါးကို ညင်သာစွာ ခေါက်လိုက်သည်။

အမျိုးသားတစ်ယောက်က ဆေးလိပ်နှင့်အတူ ထွက်လာပြီး တံခါးဖွင့်လိုက်သည်။ ကျန်းကျန်းကို မြင်သည့်အခါ လှောင်ပြောင်လိုစွာ ပြောလာလေသည်။

“အို၊ မင်း တကယ်ရောက်လာတာပဲ၊ ငါ့အိမ်က အမှိုက်တွေအားလုံးကို ဝယ်မယ်ဆိုတာ သေချာလား”

ကျန်းကျန်းသည် သူ့ကို အေးတိအေးစက် ကြည့်လိုက်သည်။

“အးမလိုတာတွေကို မပြောနဲ့တော့၊ အကုန်ထုပ်ပိုးပြီးပြီလား”

“သန့်ရှင်းရေးလုပ်ပြီးပြီ၊ ဝင်ကြည့်လိုက်လို့ရတယ်”

အမျိုးသားက ဖိနပ်ကို ချပေးကာ လှည့်၍ အခန်းထဲသို့ ဝင်သွားခဲ့သည်။

အကယ်၍ ထိုအမျိုးသားထံ၌ မကောင်းသည့် အတွေးများ ရှိခဲ့ပါက ကျန်းကျန်းအနေဖြင့် သူ့ကို သူ့အမေ၏ ဝမ်းဗိုက်ထဲသို့ ချက်ချင်း ပြန်ဝင်ချင်အောင် လုပ်နိုင်သည်။

ဖုန်းအာ့က ရှေးဟောင်းပစ္စည်းများ ထားရှိသည့် အခန်းကို လက်ညှိုးထိုးပြပြီး စားပွဲပေါ်မှ အာကော်ထူးပုလင်းတစ်လုံးကို ထပ်ယူကာ တစ်ငုံသောက်လိုက်သည်။

“အကုန်ရှိတယ်၊ ဒါပေမဲ့ အဲဒီနေ့က သဘောတူထားတဲ့ ဈေးအတိုင်း ပေးရမယ်? တစ်ပြားမှ မလျော့စေနဲ့”

ကျန်းကျန်းသည် သူ့ကို ဒေါသတစ်ဝက်ဖြင့် ကြည့်လိုက်သည်။

“ဘာလို့ ဒီလောက် စကားများရတာလဲ၊ ရှင် အကုန်လုံးကို ဒီအခန်းထဲကို ပြောင်းထည့်လိုက်၊ ကျွန်မ ကြည့်ရဦးမယ်”

ဆီပေကျံနေသည့် စားပွဲကို ကြည့်ပြီးနောက် ကျန်းကျန်းက သူမ၏အိတ်ထဲမှ အဝတ်စတစ်ထည် ထုတ်ယူကာ အရင်သုတ်လိုက်သည်။ ပြီးမှ ဆိုဖာပေါ်မှ နည်းနည်းပြန့်နေသည့် စာရွက်တစ်ရွက်ကို ရှာကာ အပေါ်တွင် ခင်းလိုက်သည်။

ဖုန်းအာ့က ဤသည်ကို မြင်သည့်အခါ မည်သည်မျှ မပြောခဲ့ချေ။ ထိုအစား အိမ်ထဲမှ ပစ္စည်းများကို စားပွဲပေါ် တင်လိုက်သည်။ ဤပစ္စည်းများကို ထိခိုက်မိပါက ရောင်းဈေးကို ထိခိုက်နိုင်သည်ကို သူ သိနေပုံရသည်။ ဖုန်းအာ့က ရှေးဟောင်းပစ္စည်းများကို တင်သည့်အခါ အလွန်ဂရုစိုက်ခဲ့လေ၏။

ကျန်းကျန်း သူမ၏အိတ်ထဲမှ မှန်ဘီလူးနှင့် ဓာတ်မီးကို ထုတ်ယူကာ ကြွေထည်ပစ္စည်းတစ်ခုချင်းစီကို ဂရုတစိုက် စစ်ဆေးလိုက်သည်။ တစ်နာရီကျော် ကြည့်ပြီးသည့်နောက် ကျန်းကျန်းက သူမ၏လက်နှိပ်ဓာတ်မီးနှင့် မှန်ဘီလူးကို ပြန်လည် သိမ်းဆည်းလိုက်သည်။

ဖုန်းအာ့သည်ကား ဆိုဖာပေါ်တွင် ခဏတာ အိပ်ပျော်နေခဲ့ပြီး တစ်ဝက်နိုးတစ်ဝက်အိပ်အခြေအနေတွင် တစ်ဖက်မှ မိန်းကလေးက ကုန်ပစ္စည်းစစ်ဆေးသည့်အလုပ် ပြီးသွားသည်ကို တွေ့လိုက်ရသည်။

ထို့ကြောင့် သူသည် ပျင်းရိစွာ ထိုင်လိုက်သည်။

“ငါ မင်းကို ပြောတယ်လေ၊ ဒါတွေအားလုံးက ငါ့အဖေဆီက ဆင်းသက်လာတဲ့ ပစ္စည်းကောင်းတွေပါ”

ကျန်းကျန်း သူ့ကို အပြုံးတစ်ဝက်ဖြင့် ကြည့်ကာ ပြောလိုက်သည်။”ဒါတွေက ရှင့်အဖေ ချန်ထားခဲ့တာဆိုတာ သိလျက်နဲ့ ရှင် ဆက်ရောင်းနေချင်တုန်းလား”

“ရောင်းမယ်”

ဖုန်းအာ့က မယဉ်မကျေးစွာ ပြောလိုက်သည်။

“မင်းပြောကြည့်စမ်းပါ၊ ဒီပစ္စည်းတွေက ဘာအတွက်သုံးလို့ရလဲလဲ ၊ လူတွေက ကောင်းကောင်းမစား၊ မသောက်ရဘူးဆိုရင် ဒါတွေက နေရာယူထားရုံသက်သက်ပဲ၊ ဘယ်သူမှ မဝယ်ကြလို့ပေါ့၊ ငါက ရောင်းချင်နေတာ ကြာပြီ။”

“ကောင်းပြီ”

ကျန်းကျန်းသည် သူမ၏အိတ်ကပ်ထဲမှ ယွမ် ၃၀၀ ထုတ်လိုက်သည်။ ဖုန်းအာ့၏ မျက်လုံးများ ချက်ချင်း တောက်ပလာပြီး လှမ်းဆွဲရန် လက်လှမ်းလိုက်သည့်အခါ ကျန်းကျန်းသည် ရုတ်တရက် သူမ၏ခြေထောက်ကို မြှောက်ကာ တစ်ဖက်လူ၏ရင်ဘတ်ကို ခြေထောက်ဖြင့် ဖိလိုက်သည်။

“အရင်ဆုံး တံခါးအပြင်ဘက်ကို သွားပြီး ကျွန်မယူလာတဲ့ သေတ္တာကို ယူခဲ့ဦး”

**

All Chapters