အခန်း (၃၀၇)
Vol. 31 Ch. 307
“ပစ္စည်းတွေက အများကြီးပဲလေ”
ဖုန်းအာ့တစ်ယောက် အနည်းငယ်စိတ်မရှည်ဖြစ်နေခဲ့သော်လည်း ယမန်နေ့က ထိုကောင်မလေးကြောင့် နာကျင်ခဲ့ရသည်ကို ပြန်လည်အမှတ်ရ၍ အနည်းငယ် ကြောက်ရွံ့နေခဲ့သည်။
အဆုံးတွင်တော့ ကျန်းကျန်းလက်ထဲမှ ငွေများကို တစ်ချက်ကြည့်ပြီးနောက် ဖုန်းအာတစ်ယောက် သေတ္တာကို ပြန်လည်သယ်ဆောင်ရန် မလုပ်ဘဲ မနေနိုင်ခဲ့ပါချေ။
ကျန်းကျန်းက ပိုက်ဆံများကို ဘေးမှ ဆိုဖာပေါ်သို့ ပစ်ချလိုက်သည်။ ဖုန်းအာက ပိုက်ဆံများကို ရေတွက်နေစဉ် ကျန်းကျန်းက ပစ္စည်းများကို အဖိုးတန်ရှေးဟောင်းပစ္စည်းများသဖွယ် သေတ္တာထဲသို့ ဂရုတစိုက်ထည့်သွင်းနေခဲ့ကာ ဖုန်းအာ မမြင်နိုင်စေရန်အတွက် နောက်ကျောပေးထားခဲ့လိုက်သည်။
ကျန်းကျန်းက ရှေးဟောင်းပစ္စည်းများကို သေတ္တာထဲသို့ ထည့်သွင်းနေသည့် အချိန်တွင်ပင် ၎င်းတို့သည်က သူမ၏နေရာလွတ်ထဲသို့ ရွှေ့ပြောင်းပြီးသား ဖြစ်နေခဲ့သည်။
ဤပစ္စည်းများသည်ကား အမှတ်တကယ်တမ်းတွင် နန်းတော်အတွင်စမှ ရတနာများဖြစ်သည်မှာ သိသာထင်ရှားလှပေသည်။ ထို့ကြောင့် ကျန်းကျန်းအနေဖြင့် ၎င်းတို့ကို အနည်းငယ်မျှပင် ထိခိုက်စေရန် မလိုလားပေ။
ဖုန်းအာ့မှ ပိုက်ဆံများကို ရေတွက်ပြီးသောအခါတွင် ကျန်းကျန်းသည်လည်း သေတ္တာအဖုံးကို ပိတ်လိုက်ပြီး အခန်းတစ်ခန်းလုံးကို သူမ၏အသိစိတ်ဖြင့် နောက်ဆုံးတစ်ကြိမ် လှည့်ပတ်ကြည့်လိုက်သည်။
ထို့နောက် ကျန်းကျန်းက ရုတ်တရက် မေးလိုက်သည်။
“ဒီပစ္စည်းတွေအပြင် ရှင့်ရဲ့အိမ်ထဲမှာ နောက်ထပ်ရှေးဟောင်းပစ္စည်းတွေ မရှိတော့ဘူးလား”
“မရှိတော့ဘူး”
ဖုန်းအာသည် ခေါင်းကုတ်လိုက်မိသည်။
“ဒီဟာတွေကိုတောင်မှ ငါ့ရဲ့ အဘိုးဆုံးမှပဲ ရှာတွေ့တာ”
ကျန်းကျန်းက သူမ၏ အသိစိတ်ထဲမှတဆင့် မြေအောက်တွင်ရှိနေသော သေတ္တာကြီး နှစ်လုံးကို စူးစိုက်ကြည့်နေခဲ့သည်။ သူမယခုလေးတင် ဝယ်ခဲ့သည့် ပစ္စည်းများသည်က ဧကရာဇ်မင်း၏ တော်ဝင်အသုံးအဆောင်ပစ္စည်းများ ဖြစ်နေသည့်တိုင် မြေအောက်တွင်ရှိနေသော သေတ္တာနှစ်လုံးသည်ကား ဧကရာဇ်မင်းများပင် အဖိုးတန်သည်ဟု ယူဆခဲ့သည့် ရှေးဟောင်းပစ္စည်းများ ဖြစ်နေခဲ့သည်။
ကျန်းကျန်းက ရှေးဟောင်းပစ္စည်းများကို သူ၏အသိစိတ်ဖြင့် တစ်ခုချင်းစီ ကြည့်၍ ထိုသူကို မေးလိုက်သည်။
“ဖုန်းအာ့၊ ရှင့်ဘိုးဘေးတွေက ဘယ်လိုအလုပ်မျိုး လုပ်ခဲ့ကြတာလဲ”
ဖုန်းအာ့သည်ကား သူ၏ဘိုးဘွားများအကြောင်းကို ပြောပြသည့်အချိန်တွင်မူ အနည်းငယ် ဂုဏ်ယူသလို ဖြစ်သွားခဲ့သည်။
“ငါ့ရဲ့ ဘိုးဘေးတွေက နန်းတော်အတွင်းမှာ အမှုထမ်းတွေ ဖြစ်ခဲ့ကြတာ”
ကျန်းကျန်းက မသိစိတ်ကနေ၍ တွေးလိုက်မိသည်။
“မိန်းမစိုးတွေများလား”
“ဘာ”
ဖုန်းအာတစ်ယောက် သူမ၏စကားကြောင့် မပျော်မရွှင် ဖြစ်သွားခဲ့ရသည်။
“သူတို့သု မိန်းမစိုးဆိုရင် ငါဆိုတာ ရှိလာပါဦးမလား၊ ငါက ငါတို့မိသားစုရဲ့ တစ်ဦးတည်းသော မျိုးဆက်ပဲ!”
ကျန်းကျန်းက ရှုပ်ပွနေသော အိမ်ကို ကြည့်၍ လှောင်ပြောင်သော အပြုံးဖြင့် ပြောလိုက်သည်။
“ဒီတော့ မကြာခင် မျိုးဆက်က ပြတ်သွားတော့မယ်ပေါ့”
ထိုသူမှာ အရက်ကိုသာ သောက်သုံးနေခဲ့ပြီး ပျင်းရိတတ်ကာ အလုပ်လက်မဲ့၊ သို့မဟုတ် မည်သို့လုပ်ကိုင်ရမှန်း မသိဘဲ မီးတွင်းထဲသို့ ခုန်ချသူမျိုးများ ဖြစ်သည်။
ဖုန်းအာ့တစ်ယောက် ကျန်းကျန်း၏ အနည်းငယ် လှောင်ပြောင်သော မျက်လုံးများကို ကြည့်၍ ကြွားဝါလိုစွာ ပြောလိုက်သည်။
“ငါ မင်းကို ပြောပြမယ်၊ ငါ့ရဲ့ဘိုးဘေးတွေက နန်းတွင်းရေးရာဝန်ကြီးဌာနကပဲ၊ ငါ့ဘိုးဘေးတွေက ဧကရာဇ်မင်း စားသမျှကို အကုန်စားနိုင်တယ်၊ ဒါတင်မကသေးဘူး..”
သူက ကျန်းကျန်း၏ လက်ထဲမှသေတ္တာကို ညွှန်ပြလိုက်သည်။
“ဒါတွေက ငါ့ဘိုးဘွားတွေ နန်းတော်ထဲက ခိုးပြီးသယ်လာတာတွေ၊ စစ်ရေးအခြေအနေတင်းမာနေတုန်းက ငါ့အဖေက ဒါတွေကို ဂျပန်မိစ္ဆာတွေဆီကနေ ကာကွယ်ဖို့အတွက် ခက်ခက်ခဲခဲလုပ်ခဲ့ရတယ်၊
ဒါကြောင့် မြေအောက် သုံးပေမှာ မြှုပ်ထားခဲ့တာ၊ ကံကောင်းစွာနဲ့ မြှုပ်ထားတာကို မိသားစုဝင်တွေကိုပြောခဲ့လို့သာပေါ၊ ဒါတွေကို တူးဖော်ပြီးတာနဲ့ သူဆုံးသွားတယ်လေ၊ မဟုတ်ရင် ငါ ဒါတွေ ရှိနေခဲ့မှန်းကိုတောင် မသိလောက်ဘူး”
ကျန်းကျန်းက ခေါင်းညိတ်လိုက်သည်။
“ဒီတော့ ရှင်းရဲ့အိမ်အောက်က ပစ္စည်းတွေကို ကျွန်မဝယ်ချင်ရင် ရောင်းမှာလား”
“မြေအောက်ထဲမှာရှိတဲ့ ပစ္စည်းတွေလား”
ဖုန်းအာ့တစ်ယောက် မသိစိတ်ကနေ မြေကြီးကို ငုံ့ကြည့်လိုက်မိသည်။
“ငါ့ရဲ့အိမ်အောက်မှာ တစ်ခုခုရှိနေလို့လား”
“မသေချာဘူး”
ကျန်းကျန်းက ပြုံးလိုက်သည်။
“တစ်ခုခုရှိမယ်ဆိုရင် ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားနေတာ”
“မသေချာဘူးလား”
ဖုန်းအာ့ စိတ်မရှည်စွာဖြင့် မျက်လုံးလှန်လိုက်သည်။
“ဒါဆို မင်းငါ့ကို ယွမ် ၁၀၀ ပေးလေ၊ ပစ္စည်းမရှိရင်တောင် မင်းပိုက်ဆံပြန်ယူလို့မရဘူး”
ဖုန်းအာ့တစ်ယောက် ကျန်းကျန်းမှ သူ့ကိုမည်သည့်စကားကိုမျှ မပြောဆိုဘဲ စိုက်ကြည့်နေသည်ကို တွေ့သောအခါ သူ အနည်းငယ် လိပ်ပြာမလုံသောပုံဖြင့် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။
“ငါးဆယ်ဆိုရင်ရော? ထပ်ပြီးတော့ မလျော့နိုင်တော့ဘူး၊ တစ်ခုတူးမိရင် ဒေါ်လာနှစ်ဆယ်တန်မယ်ဆိုရင်တောင် သုံးခု တူးမိပြီးသွားရင် မင်းအမြတ်ပြန်ရပြီပဲလေ”
“သုံးခုထက် ပိုတူးမိရင် ဘယ်လိုလုပ်မလဲ မင်း လုံးဝရှုံးမှာမဟုတ်ဘူး”
ကျန်းကျန်းက သူ့ကို စိုက်ကြည့်လိုက်သည်။
“ဒါမှမဟုတ် ရှင် အရင်ဆုံးတူးကြည့်လိုက်ပါလား၊ တစ်ခုခုရှာတွေ့ခဲ့မယ်ဆိုရင် ကျွန်မကို တိုက်ရိုက်ရောင်းလိုက်လေ၊ ကံကောင်းပြီးတော့ ချမ်းသာသွားတာမျိုးလည်း ဖြစ်နိုင်တယ်လေ”
ဖုန်းအာ့ အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့ရသည်။ သို့သော်လည်း ခြံ၏အရွယ်အစားကို စဉ်းစားမိသောအခါတွင် ချက်ချင်းပင် ခေါင်းခါလိုက်လေ၏။
“မလုပ်တော့ပါဘူး၊ ဒါတွေအကုန်လုံးကို တူးရမယ်ဆိုရင် ပင်ပန်းလွန်းတယ်၊ ဘာမှမရဘူးဆိုရင် တူးနိုင်ရင်တောင် အလကား ပင်ပန်းတာပဲဖြစ်သွားမှာ၊ ဘာပဲဖြစ်ဖြစ် မင်းလိုချင်ရင် ငါးဆယ်ပဲ၊ မင်းလိုချင်ရင် ငါးဆယ်ပေးလိုက်၊ ကျန်တာ မင်းပိုင်တယ်”
ကျန်းကျန်းက ငွေငါးဆယ်ကို သူ့ဆီသို့ လှမ်းပေးလိုက်လေသည်။
“ကောင်းပြီ၊ကျွန်မ ရှင့်ကို အရင်ဆုံးငါးဆယ်ပေးထားခဲ့လိုက်မယ်၊ တူးဖို့အတွက်ကတော့ နောက်မှပဲ အချိန်ရှာလိုက်တော့မယ်”
ဖုန်းအာ၏ အံ့အားသင့်နေသောမျက်နှာကို ကြည့်ပြီးနောက် ကျန်းကျန်း သူမ၏ သေတ္တာကြီးကို သယ်၍ အိမ်ထဲမှ လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။
ညဘက်သို့ရောက်သောအခါတွင် အနီးအနားမှ လူတိုင်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့လေပြီ။ ကျန်းကျန်းတစ်ယောက် သေတ္တာကို သူမ၏နေရာလွတ်ထဲသို့ ပြန်လည်ထည့်သွင်းလိုက်ကာ ခြေချောင်းထိပ်ဖြင့် မြေကြီးကို အသာ ကန်လိုက်သည်။
ဆယ်မိနစ်ခန့်ကြာသောအခါတွင် ကျန်းကျန်း၏ ခြေထောက်အောက်တွင်ရှိနေသော မြေကြီးထဲမှ အက်ကွဲလာက် အတွင်းမှ သေတ္တာနှစ်လုံးက ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
ကျန်းကျန်းသည် သေတ္တာများကို ချက်ချင်းပင် သူမ၏နေရာထဲသို့ ထည့်သွင်းလိုက်လေ၏။ ထို့နောက် ခဏအတွင်း၌ပင် မြေကြီးက ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
သူမ၏ နေရာလွတ်ထဲသို့ ပြန်ရောက်သောအခါတွင် ကျန်းကျန်းတစ်ယောက် ထပ်မံစောင့်ဆိုင်းရန်အတွက် စိတ်မရှည်တော့ဘဲ သေတ္တာကိုဖွင့်လှစ်ကာ အထဲမှ ရတနာများကို ထုတ်ယူလိုက်သည်။
ထို့နောက်တွင် နောင်မျိုးဆက်များ၌ နာမည်ကြီးသော ပစ္စည်းများကို တစ်ခုချင်းစီ စင်ပေါ်၌ သေသေချာချာ စီ ထားလိုက်လေသည်။
အပေါ်ဆုံးတွင်ရှိသော ပစ္စည်းများကို ထားပြီးသည့်နောက် ကျန်းကျန်းတစ်ယောက် အနည်းငယ်တုန်ယင်စွာဖြင့် သေတ္တာထောင့်မှ အထည်ဖြင့် ပတ်ထားသော သေးငယ်၍ လုံခြုံစွာ ထုပ်ပိုးထားသော အဝတ်ထုတ်လေးကို ထုတ်ယူ၍ စားပွဲပေါ်သို့တင်လိုက်သည်။
အပြင်မှ ဝါဂွမ်းထည်အလွှာကို တစ်ထပ်ပြီးတစ်ထပ် ဖွင့်လိုက်သောအခါ အတွင်းမှ မုန်ချန်ဟွား သို့စစ် ကြက်ပုံသဏ္ဍာန်ပါ လက်ဖက်ရည်အိုးအဆက်က ပေါ်ထွက်လာခဲ့သည်။
ဤပစ္စည်းသည်ကား နောင်တစ်ချိန်၌ စုဆောင်းရေးလောက၏ အလွန်အဖိုးတန်လှသည့် မှော်ပညာတစ်ခုဖြစ်လာလိမ့်မည်။
သူမ၏ အတိတ်ဘဝမှ အချိန်တွင် ခွက်အသေးလေးတစ်ခွက်ကိုပင် ဟောင်ကောင် ဒေါ်လာ ၂.၈ ဘီလီယံဖြင့် လေလံဆွဲနိုင်ခဲ့သည်။ ဤသည်မှာ တရုတ်ကြွေထည်စုဆောင်းသူများ၏ အကောင်းဆုံးသောအိပ်မက် ဖြစ်ချေသည်။
မုန်ချန်ဟွား သို့စစ် ကြက်ခွက်အစုံကို ရှီဟွမ်မင်း၏ မီးဖိုဘေး၌ ထားပြီးနောက် ကျန်းကျန်းက အားပါးတရဖြင့် ချီးကျူးလိုက်သည်။
“ဒီ ရှီမိသားစုက ပျော်စရာတွေ အများကြီးရှိတာပဲ”
နေရာလွတ်ထဲမှ ကြွေထည်များ၊ ရှေးဟောင်းပရိဘောဂများ၊ ကျောက်စိမ်းများ၊ ယွန်းထည်များနှင့် သတ္တုထည်များကို ကြည့်ရင်း ကျန်းကျန်းတစ်ယောက် အလွန်ကျေနပ်နေခဲ့သည်။
အရေအခင်းကာလဖြစ်ပေါ်နေစဥ်အချိန်၌ သူမအနေဖြင့် မည်မျှများပြားသော ယဉ်ကျေးမှုအမွေအနှစ်များကို ကယ်တင်ခဲ့သည်ကို သူမ ကိုယ်တိုင်ပင် မသိနိုင်တော့ပေ။
ထိုအချိန်ကစ၍ သူမ၌ ဆန္ဒတစ်ခုရှိလာသည်။ ၎င်းသည်ကား သူမအနေဖြင့် ပုဂ္ဂလိက ပြတိုက်တစ်ခုဖွင့်၍ နောင်အနာဂတ်၌ ဤရှေးဟောင်းရတနာများကို ပြတိုက်ထဲ၌ ထားကာ တရုတ်လူမျိုးများကို အခမဲ့ လာရောက်လည်ပတ်ခွင့်ပြုရန်သာ ဖြစ်သည်။
သူမ၏ဘဝတစ်လျှောက်လုံး မည်သည့်ပြတိုက်မျှ မဆောက်နိုင်ခဲ့ပေ။
သို့သော်လည်း ဤကဲ့သို့တည်ဆောက်ခြင်းဆိုသည်မှာ အလွန်စျေးကြီးသည့် လုပ်ငန်းဖြစ်ကြောင်း၊ သူမ၏ပြတိုက် ပုံမှန်လည်ပတ်မှုကို သေချာစေရန် အလွန်အားကောင်းသော ပိုင်ဆိုင်မှုများလည်း ရှိရမည်ဖြစ်ကြောင်းကိုတော့ သူမ ကြားသိခဲ့ရသည်။
သို့သော်လည်း တရုတ်လူမျိုးများသည်ကား လက်ရှိအချိန်ကာလတွင် စားဝတ်နေရေးပြဿနာကိုသာ ဖြေရှင်းနိုင်သေးသည်။
၎င်းတို့အနေဖြင့် စားဝတ်နေရေး၊ အဝတ်အစား၊ နေထိုင်မှုနှင့် သယ်ယူပို့ဆောင်ရေးကို ပို၍ စိတ်ဝင်စားနေခဲ့ကြသေးပြီး ဤသို့သော ဘိုးဘွားပိုင်ပစ္စည်းများကို သိပ်ပြီး စိတ်မဝင်စားနိုင်သေးကြပေ။
ကျန်းကျန်းသည်ကား လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ကျင်းသို့၊ ကျင်းကျန်းနှင့် ကျင်းခရိုင်တို့၌ အချိန်ရလျှင် ရသလိုရှေးဟောင်းပစ္စည်းများ ရှာဖွေခဲ့သည်။
ရတနာများကိုရှာဖွေရာ၌ အချိန်ကုန်သက်သာစေရန်အတွက် သူသွားရောက်မည့် နေရာတိုင်းကို ပထမဦးစွာ သူမ၏အသိစိတ်ဖြင့် လိုက်လံရှာဖွေလေ့ရှိသည်။
မည်သည့်နေရာ၌ ရတနာရှိသည်၊ မည်သူက ရောင်းချလိုသည်ကို သူမ၏စိတ်ထဲ၌ တွက်ချက်ထားပြီးသားဖြစ်ပေသည်။ ထိုသို့ တွက်ချက်ပြီးသည်နှင့် တန်းတန်းမတ်မတ် သွားလေ့ရှိသည်။
ရောင်းချလိုသည့်သူများရှိလျှင် သူမက အကုန်လုံးကို ပြန်လည်ဝယ်ယူလိမ့်မည်။ ဗဟုသုတရှိ၍ မရောင်းချလိုသည့်သူများရှိလျှင်မူ ကျန်းကျန်းသည် အတင်းအကြပ်မလုပ်ခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် သူမ၏စိတ်ကူးသည်ကား ဖြစ်နိုင်သမျှ များများ ထိန်းသိမ်းထားရန်သာ ဖြစ်သည်။ မည်သူပင် ထိန်းသိမ်းထားသည်ဖြစ်စေ၊ ဖျက်ဆီးမပစ်လျှင် ရပေပြီ။
မိသားစုအမွေအနှစ်အဖြစ် ထိန်းသိမ်းလိုသည့်သူများအတွက် ကျန်းကျန်းက ရှေးဟောင်းပစ္စည်းထိန်းသိမ်းမှုဆိုင်ရာ အခြေခံဗဟုသုတများကိုလည်း ပြောပြပေးလေ့ရှိသည်။
ထို့မှသာ ပစ္စည်းကောင်းများကို အလကားသက်သက် မဖျက်ဆီးမိစေမှာဖြစ်ပေသည်။
ကျန်းကျန်းတစ်ယောက် သူမ၏ပစ္စည်းများကို သိမ်းဆည်း၍ သူမ၏အိပ်ခန်းသို့ ပြန်သွားခဲ့သည်။
*