← Chapters

အခန်း (၃၁၀)

Vol. 31 Ch. 310

အခန်း (၃၁၀)

Vol. 31 Ch. 310

လောင်မင် မျက်ခွံနှစ်ဖက်ကို အောက်သို့စိုက်၍ ပြောလာခဲ့သည်။

“ငါတို့လက်ထဲမှာ ပစ္စည်းတွေရှိတယ်၊ ငါတို့ ဘိုးဘွားတွေက ဘယ်လောက်ရှိလဲဆိုတာ သိတယ်၊ အစပိုင်းမှာ လူအများကြီးက ဆူရှီးမားကို အတူတူ ထွက်ပြေးခဲ့ကြတယ်လေ

အခု ငါတို့က သူတို့ရဲ့ မျိုးဆက်တွေပဲ၊ ကောင်းကောင်းမွန်မွန် နေထိုင်ရတဲ့သူတွေကတော့ ငါတို့ကို ဂရုမစိုက်ကြဘူး၊ ဒါပေမဲ့ ငါတို့လို တစ်ယောက်နှစ်ယောက်ကတော့ အမြဲတမ်း ပေါင်းသင်းနေကြရမှာပဲ၊

အခု အခြေအနေတွေက ပိုကောင်းလာပြီ၊ ပြည်သူတွေမှာ ပိုက်ဆံတွေ ပိုလျှံလာပြီ၊ ရှေးဟောင်းပစ္စည်း ဝယ်ချင်တဲ့သူတွေလည်း ရှိလာပြီ၊

လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းကဆိုရင် လက်ဆောင်ဆိုတာတောင် တောင်းဝံ့တဲ့ ပစ္စည်းမဟုတ်ဘူး၊ ဘယ်လိုပဲဖြစ်ဖြစ်၊ ငါသိသလောက်တော့ ကောင်လေးတွေ အများအပြားက ပစ္စည်းတွေကို ရောင်းချင်နေကြတယ်၊

ငါ မင်းကို မိတ်ဆက်ပေးလို့ရတယ်၊ ဒါပေမဲ့ ငါ့ကို အလကား အလုပ်ခိုင်းလို့တော့ မရဘူး၊ ဟုတ်တယ်မလား”

“ကျွန်မဆီကအများကြီး ရထားတာကို မလုံလောက်သေးဘူးလား။”

ကျန်းကျန်းသည် စားပွဲပေါ်ရှိ နှစ်ထောင့်ငါးရာကျပ်ကို ကြည့်ရန် သူ့အား မျက်စပစ်ပြလိုက်သည်။

လောင်မင်သည် ပြုံး၍ ဆက်ပြောလာသည်။

“တစ်ခုအတွက် တစ်ခုပဲလေ၊ ငါ မင်းကို ပိုတောင်းတာ မဟုတ်ပါဘူး။ ပစ္စည်းတစ်ခုကို တစ်ယွမ်ပေးရမဲ့ အချိမ်ကို ရောက်တဲ့အခါ ငါဝင်မပြောဘူးလို့ ကတိပေးတယ်၊

တချို့ လူတွေက တစ်ယွမ်ပေးရင် ဆယ်ယွမ်တန်ပစ္စည်းကိုတောင် ရောင်းရဲတဲ့ သခင်လေးတွေပဲ”

လောင်မင်က ပြုံး၍ ဆက်ပြောခဲ့သည်။

“ငါသာ စကားများများပြောမိသွားပြီး မင်းအတွက် ပိုက်ဆံပိုကုန်ရင် မတန်တော့ဘူးမလား။”

“ရှင့် ရဲ့ သူငယ်ချင်းဆက်ဆံရေးက ပလတ်စတစ်ထက်တောင် ဆိုးရွားတာပဲ။”

ကျန်းကျန်းသည် သူ့အား ကြည့်၍ စုတ်သပ်လိုက်သည်။

“ဒါပေမဲ့ ရှင်လိုချင်တဲ့ အလုပ်ခကလည်းကလည်း မများဘူး၊ ကိုယ့်ဘာသာ ရှာရတာထက် ပိုသက်သာတယ်ဆိုရင် ဒါဆိုလည်း ဖြစ်ပါတယ်”

ကျန်းကျန်း သဘောတူလိုက်သည်နှင့် လောင်မင်က ပိုက်ဆံများပင် ဆက်လက်မရေတွက်တော့ဘဲ စုတ်ပြဲနေသည့် အိတ်တစ်လုံးကို ရှာ၍ ပိုက်ဆံများအား အိတ်ထဲသို့ ထည့်လိုက်သည်။

“ဒါဆို ငါ ပိုက်ဆံ သွားသိမ်းတော့မယ်. မင်း အရင်ဆုံး တစ်နေရာရာမှာ စားစရာရှာပြီး ၁၂:၃၀ အချိန်ကျရင် ဒရမ်တာဝါအောက်မှာ ငါ့ကို စောင့်နေလိုက်”

ကျန်းကျန်း သဘောတူလိုက်ပြီး ကျောက်စိမ်းတံဆိပ်ကို သူမ၏ ကျောင်းအိတ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် ထွက်ခါနီး၌ ရုတ်တရက် ရပ်၍ ပြောလိုက်သည်။

“ရှင် ဖုန်းအာ့ကို သိရင် သူ့အိမ်ကို ကျွန်မကို ခေါ်သွားစရာ မလိုဘူး. သူက သူ့မိသားစုထဲက ပစ္စည်းတွေကို ကျွန်မဆီမှာ နှစ်ဆယ့်တစ်ယွမ်နဲ့ ရောင်းဖူးတယ်။”

လောင်မင်တစ်ယောက် မထိန်းနိုင်တော့ဘဲ ရယ်မောလိုက်လေသည်။

“အဲဒီလူက သူ့ရဲ့ဘိုးဘွားတွေက နန်းတွင်းရေးရာဝန်ကြီးဌာနကလို့ ပြောနေသေးတယ်၊ သူ့အမြင်က ငါတို့ မိန်းမစိုးရဲ့ မျိုးဆက်တွေလောက်တောင် မကောင်းဘူး။

အခုရက်ပိုင်း သူ ပိုက်ဆံတွေ အရမ်းသုံးနိုင်တာ အံ့သြစရာမရှိတော့ဘူး။ သူက မင်းဆီကနေ ပိုက်ဆံရပြီး ကောင်းကောင်းသောက်ရင်း အသားဟင်းတွေကိုနှစ်ပန်းကန်တောင် စား‌နေတယ်။”

ကျန်းကျန်း ခေါင်းညိတ်၍ ရက်ရောစွာ ပြောလိုက်သည်။

“ကျွန်မဘက်ကသာ အများကြီး အမြတ်ရခဲ့တာပါ။”

လောင်မင်သည် လှောင်ပြုံးပြုံး၍ ပြောလေ၏။

“ဖုန်းအာ့က သူလည်း အများကြီး အမြတ်ရခဲ့တယ်လို့ ထင်နေမှာပဲ၊ သူပြီးခဲ့တဲ့လက ငါ့ကိုပြောတုန်းက တစ်ခုကို ဆယ်ယွမ်နဲ့ ရောင်းဖို့ စီစဉ်ထားတာ၊

နှစ်ဆယ်ယွမ်လောက်ဆိုတာက မင်း သူ့ကို ဈေးဆစ်ခွင့်ပေးမယ်လို့ ခန့်မှန်းထားတာဖြစ်မယ်၊ မင်း ဈေးတောင် မဆစ်ဘဲ ပေးလိမ့်မယ်လို့ မထင်ထားဘူး။”

သူပြောလေလေ၊ ပို၍ ရယ်မောချင်လာလေလေ ဖြစ်နေခဲ့ပြီး ဗိုက်ကိုဖိ၍ ကုလားထိုင်ပေါ် ထိုင်ကာ ရယ်မော်ခဲ့နေသည်။

ကျန်းကျန်းသည် သူ့အား စကားမပြောနိုင်စွာ ကြည့်လိုက်ပြီး ပြောလိုက်သည်။

“ရှင်တို့ရဲ့ ဘိုးဘေးတွေနဲ့ နန်းတွင်းရေးရာဝန်ကြီးဌာနနဲ့က မတည့်ဘူးလား ဘာတွေဖြစ်ထားတာလဲ။”

လောင်မင်ကဆက်လက်၍ ရယ်နေသည်ကို မြင်သောအခါ ကျန်းကျန်းသည် သူ၏ နာရီကို ကြည့်လိုက်ပြီး ပြောလိုက်သည်။

“ဒါဆို နေ့လယ်ဘက်ကျရင် တကယ့်ပစ္စည်းရှိတဲ့သူကို ရှာပေးဖို့ မှတ်ထားပါ၊ ကျွန်မက အရပ်သားလုပ်ငန်းတွေက ပစ္စည်းတွေ၊ တရုတ်သမ္မတနိုင်ငံခေတ်က ပစ္စည်းတွေ မလိုချင်ဘူး၊ အချိန်ကုန်တာက မတန်ဘူး”

ငါ သိပါတယ်”

လောင်မင်က နောက်ဆုံးအချိန်တွင် မျက်နှာအမူအရာကိုပြောင်းလဲလိုကာပြှဖြစ်ကာ အပြုံးတစ်ခုဖြင့် လက်ဝှေ့ရမ်းပြလိုက်သည်။

“စိတ်မပူပါနဲ့၊ မင်းက ငါ့ရဲ့ ကျောက်စိမ်းတံဆိပ်တုံးကို ဒီလောက်ပိုက်ဆံအများကြီးပေးပြီး ဝယ်ယူနိုင်ခဲတာဆိုတော့၊ မင်းက တော်ရုံတန်ရုံလောက် ရိုးရှင်တဲ့လူတော့ မဖြစ်နိုင်ပါဘူး”

ကျန်းကျန်းက ခပ်တိုးတိုးရယ်မောလိုက်ပြီး လှည့်ထွက်သွားခဲ့သည်။

သူမ ဆယ်မီတာခန့်သာ ထွက်လာနိုင်သေးချိန်တွင် လောင်မင်အိမ်တွင် ကျောက်စိမ်းတံဆိပ်တုံးကို ကြည့်ရှုရာတွင် ပါဝင်လာသော လူနှစ်ယောက် သူမ၏နောက်မှ ခိုးကြောင်ခိုးဝှက်ဖြင့် လိုက်လာသည်ကို အသိစိတ်အာရုံဖြင့် မြင်လိုက်ရသည်။

ကျန်းကျန်းကား ဤတစ်ကြိမ်၌ အမှန်တကယ်ပင်ပျော်ရွှင်နေခဲ့သည်။

ဤကဲ့သို့ သူမနောက်ကို လိုက်လာကာ နှောင့်ယှက်ခဲ့ကြသော နောက်ဆုံးအကြိမ်မှာ နှစ်ပေါင်း မည်မျှများစွာ ကြာမြင့်ခဲ့ပြီမည်း။

ယနေ့တွင်တော့ ထိုကဲ့သို့ရူးသွပ်သည့် လူနှစ်ယောက်နှင့် ထပ်မံဆုံတွေ့ရပြန်လေပြီ။

ကျန်းကျန်း သူမ၏လက်ကောက်ဝတ်တွင်ရှိနေသော နာရီကို ကြည့်လိုက်ရာ သဘောတူထားသော အချိန်ထက် အတော်အတန် စောနေသေးသည်ကို တွေ့ရသည်။

ကျန်းကျန်းက သူမ၏ အသိစိတ်အာရုံဖြင့် ဖြန့်ကျက်၍ ကြည့်လိုက်လျှင် လမ်းကျဉ်းလေးတစ်ခုကို တွေ့လိုက်ရသောကြောင့် အထဲသို့ ဝင်သွားလိုက်လေသည်။

နောက်မှလိုက်လာသည့် လူနှစ်ယောက်သည်ကား တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်လိုက်ကြကာ ချက်ချင်းပင် အနောက်မှ လိုက်ဝင်သွားကြသည်။

လမ်းကျဉ်းလေးထဲသို့ လျှောက်ဝင်လာပြီးသည့်နောက် ထိုလူနှစ်ယောက်ကား ဘေးပတ်ပတ်လည်ကို တည်ငြိမ်စွာကြည့်လိုက်ကြကာ အလွန်ရဲတင်းစွာဖြင့် အနောက်မှ လိုက်လာခဲ့ကြသည်။

ထို့နောက်တွင် ကျန်းကျန်းဆီသို့ အလျှင်အမြန်ချည်းကပ်ကာ တစ်ယောက်က ကျန်းကျန်း၏ အိတ်ကို လှမ်းဆွဲရန် ကြိုးပမ်းလိုက်ပြီး နောက်တစ်ယောက်ကမူ ကျန်းကျန်း၏ လက်မောင်းကို ဆွဲဖမ်းကာ သူမ အော်ဟစ်မည်ကိုစိုးရိမ်၍ သူမ၏ပါးစပ်ကို ပိတ်ရန် ပြင်လိုက်သည်။

ကျန်းကျန်းက ချက်ချင်းပင် တစ်ပတ်လှည့်လိုက်ကာ သူမ၏ခြေထောက်ရှည်များဖြင့် ကန်လိုက်လေသည်။

ထိုခဏတွင် သူမ၏ အိတ်ကိုလှမ်းဆွဲလာသူမှာ အကန်ခံရ၍ လွင့်စင်ထွက်သွားခဲ့လေသည်။

နောက်တစ်ယောက်သည်ကား သူ၏ လက်ကိုဆန့်ထုတ်ကာ တစ်ဝက်တစ်ပျက်လှမ်းတုန်းသာရှိနေသေးပြီး မည်သည့်အရာများ ဖြစ်ပျက်သွားသည်ကိုပင် မသိလိုက်ရချေ။

သူ ငေးကြောင်နေစဥ်အချိန်၌ လက်မောင်းကို အဖမ်းခံလိုက်ရပြီး လက်မောင်းမှ စူးခနဲ နာကျင်မှုတစ်ခု ပေါ်လာခဲ့သည်။

သူ အော်ဟစ်ရန်ပြုမိစဉ်တွင် အဝတ်စတစ်ခုဖြင့် အပိတ်ခံလိုက်ရပြီး တစ်ဖက်လူ၏ ခြေထောက်ဖြင့် ထပ်မံကန်ထုတ်ခံလိုက်ရကာ သူ၏အဖော်ဘေး၌ လဲကျသွားလေတော့သည်။

ကျန်းကျန်းက သူတို့ရှိရာသို့ လျှောက်သွား၍ ငုံ့ကြည့်လိုက်သည်။

“ကျွန်မ ရှင်တို့ကို ပြောခဲ့တယ်လေ၊ ကျွန်မက ဘယ်အရာကိုမှ ဘယ်တုန်းကမှ မရှုံးဖူးဘူးလို့”

ထိုလူနှစ်ယောက် မည်သည်များ တွေးနေသည်ကို သိနေဟန်တူသည့် ကျန်းကျန်းက စိတ်အေးလက်အေး လေသံဖြင့် ပြောလိုက်သည်။

“ကျွန်မ လူတွေကို ကန်တဲ့အချိန်မှာ နာတယ်လို့ ရှင်တို့ ထင်လား၊ တကယ်တော့ ပြောပြရဦးမယ်၊ နောက်ဆုံးတစ်ခေါက်တုန်းက ကျွန်မရဲ့ ခြေထောက်ကိုဆန့်ပြီး တောဝက်တစ်ကောင်ကို ကန်ဖူးတယ်၊

ဒါပေမယ့် ရှင်တို့လောက်တော့ အားပျော့ပေးနေမှာမဟုတ်ဘူးပေါ့၊ ကျွန်မ တစ်ခေါက်တည်းကန်လိုက်ရုံနဲ့ကို တောဝက်က သေသွားပြီလေ”

ရင်ဘတ်ကို ကြောက်လန့်တကြား ဖိကိုင်ထားသူကား ဤစကားများကိုကြားသောအခါတွင် မနေနိုင်ဘဲ အနောက်ဘက်သို့ တရွတ်တိုက် ဆုတ်သွားမိသည်။

သို့သော် အိမ်တံခါးဝရှိ ထင်းပုံတစ်ခုကို တိုက်မိသွားခဲ့ကာ အချင်းလက်မနှစ်ဆယ်ရှိသော သစ်သားတစ်ချောင်းက ကျန်းကျန်းရှိရာသို့ လဲကျလာခဲ့လေသည်။

ကျန်းကျန်းက သစ်သားကို သူမ၏ ခြေထောက်ဖြင့် ထိန်းကိုင်လိုက်ပြီး အရှေ့တွင်ရှိနေသော လူနှစ်ယောက်ကို ကြည့်လိုက်ချိန်တွင် သူမ၏ မျက်လုံးများသည်က အေးစက်သွားခဲ့သည်။

“ရဲစခန်းသွားပြီး ကိုယ့်ဘာသာ အဖမ်းခံလိုက်ကြ”

ကျန်းကျန်းက လှောင်ပြောင်၍ ပြောလိုက်သည်။

“ရှင်တို့အတွက် ဒါကပထမဆုံးအကြိမ်မှ မဟုတ်တာ၊ ဟုတ်တယ်မလား၊ ရှင်တို့တွေက အရင်ကလည်း လုယက်ဖူးနေတာပဲမလား”

လက်မနှစ်ဆယ်အထူရှိသော သစ်သားတုံးကြီးသည်က မျက်စိတစ်မှိတ်အတွင်း၌ပင် အပိုင်းပိုင်းပြတ်သွားခဲ့လေသည်။

“တစ်ခါပဲ ထပ်ပြောမယ်၊ ရှင်တို့တွေ ကိုယ့်ဘာသာ အဖမ်းခံလိုက်”

ကျန်းကျန်းက သူမ၏ခြေထောက်ကို ပြန်ရုပ်လိုက်သည်။

“မယုံရင် ရှင်တို့တွေ ပြေးကြည့်လို့ရတယ်၊ ဒါပေမယ့် ကျွန်မ ဖမ်းမိသွားမယ်ဆိုတော့ရင် ရှင်တို့ ဒီကြိမ်လောက် ကံကောင်းတော့မှာ မဟုတ်ဘူး”

ကျန်းကျန်း၏ နောက်ကျောဘက်က လမ်းကျဉ်းအတွင်းသို့ ခဏအတွင်းပျောက်ကွယ်သွားသည်ကို ကြည့်၍ လူနှစ်ယောက်ကား တစ်ယောက်ကို တစ်ယောက်တွဲ၍ ထရပ်လိုက်သည်။

“အစ်ကိုနင်၊ ဒီကောင်မလေးက ဘယ်လိုလူစားမျိုးလဲ။ သူမက ဘာလို့ ဒီလောက်တောင် အစွမ်းထက်နေရတာလဲ”

“မသိဘူး၊ ကြည့်ရတာလည်း အရွယ်ရောက်နေတဲ့သူလည်တာ မဟုတ်ဘူး၊ ကိုယ်ခံပညာတွေ သင်ပြီး ကြီးပြင်းလာတာများလား”

နောက်တစ်ယောက်ကလည်း ရှုပ်ထွေးနေသည်။

“မင်း ရူးနေတာလား”

နင်ဟု ခေါ်သောသူက နောက်တစ်ယောက်၏ နောက်စေ့ကို ရိုက်လိုက်သည်။

“ငါတို့က အရင်တုန်းက ဘယ်သူ့ဆီကမှ မခိုးခဲ့ဖူးတာမဟုတ်ဘူး၊ ငါတို့သာ ထောင်ထဲကိုဝင်သွားရရင် ဆယ်နှစ်၊ ရှစ်နှစ်လောက် ပြန်ထွက်လာနိုင်တော့မှာ မဟုတ်ဘူး၊ ဒီတစ်ခါတော့ တကယ် ကံမကောင်းတာပဲ၊ ငါတို့က လောင်မင်ကိုလည်း မလုရဲဘူး၊ ဒီထက်တောင် ပိုဆိုးသွားနိုင်တယ်”

သူ အံကိုတင်းတင်းကျိတ်၍ ပြောလိုက်သည်။

“မဖြစ်ဘူး၊ ငါတို့ ရထားဘူတာကို တိုက်ရိုက်သွားရမယ်၊ အရင်ဆုံး ဒီကနေပြေးပြီးမှ ဆက်ပြောမယ်”

*

All Chapters