← Chapters

အခန်း (၃၁၁)

Vol. 32 Ch. 311

အခန်း (၃၁၁)

Vol. 32 Ch. 311

ကျန်းကျန်းသည်ကား ဝေးဝေးသို့ရောက်နေပြီ ဖြစ်သော်လည်း ထိုလူနှစ်ယောက် ပြောသည်ကို ရှင်းရှင်းလင်းလင်း ကြားနေရသည်။

ဤသို့ လူမျိုးများကို ရဲစခန်း တိုက်ရိုက်ပို့လျှင်ပင် အမှန်အတိုင်း ပြောကြမည် မဟုတ်ချေ။ သူတို့ကို အရင်ဆုံးပြေးခိုင်း၍ ကြောက်လာသည့်အချိန်ကိုရောက်မှပင် ဝန်ခံခိုင်းခြင်းက ပို၍ကောင်းပေလိမ့်မည်။

ထို့ကြောင့် စိတ်အားငယ်နေသည့် အစ်ကိုနင်နှင့် သူ၏ညီလေးသည်ကား ရထားဖြင့် သုံးရက်သုံးညကြာအောင် လု ပြည်နယ်သို့ သွားခဲ့ကြသည်။

သူတို့က ရထားဘူတာမှ ဆင်း၍ ပူပူနွေးနွေးတစ်ခုခု စားရန် ကြိုးပမ်းစဉ် မျက်နှာဖုံးစွပ်ထားသော မျက်လုံးဝိုင်းစက်သည့် မိန်းကလေးတစ်ယောက်က သူတို့၏ရှေ့၌ ရပ်၍ သူတို့ကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။

လူနှစ်ယောက်၏ ဘောင်းဘီများပင် ပြုတ်ကျလုနီးပါးဖြစ်သွားခဲ့ကြကာ ခေါင်းကိုလှည့်ပြီး နောက်တစ်ကြိမ် ပြန်ပြေးခဲ့ကြပြန်သည်။

ဤတစ်ကြိမ်ကား တောင်ဘက်သို့သွားသော ရထားကို ထပ်စီး၍ ကျင်းလင်သို့ ရောက်သွားခဲ့ကြသည်။

သူတို့ ထိုနေရာသို့ရောက်မှသာ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး စားသောက်ဆိုင်တစ်ဆိုင်သို့သွားကာ ဘဲသားဆားနယ်နှင့် လျို့လုံပေါင်ဇီကိုမှာ၍ စားရန်ပြင်လိုက်သည်။

သူတို့မှာယူထားသော ဘဲသားရောက်လာသည်နှင့် အစ်ကိုနင်က သူ၏တူဖြင့် ဘဲသားကို မိမိပါးစပ်ထဲထည့်ရန်ပြုစဉ် အရှေ့ဘက်စားပွဲမှ ရင်းနှီးသည့်လူတစ်ယောက်ကို ရုတ်တရက်တွေ့လိုက်ရပြန်လေ၏။

သူ၏ လက်ထဲမှ ဘဲသားသည်ကား “ဖြန်း” ခနဲ အသံမြင်သည်အထိ ခုံပေါ်ရှိ ပန်းကန်ထဲသိာ့ ပြုတ်ကျသွားခဲ့လေသည်။ ထို့နောက် သူ၏ညီအစ်ကိုအား တံတောင်ဖြင့်တို့၍ အစ်ကိုက တုန်ယင်နေသော အသံဖွင့် ပြောလာခဲ့သည်။

“ဝမ်ကျိုး၊ မင်းရဲ့ နောက်ကျောကိုကြည့်လိုက်ဦး၊ ငါတို့သရဲနဲ့တွေ့နေတာလား”

ဝမ်ကျိုးက ဘဲသားပေါင်တစ်ချောင်းကို ကိုင်ထားခဲ့ပြီး ယခုမှ တစ်ကိုက်သာ ကိုက်ရသေးလေသည်။ တစ်ဖက်လူ၏စကားကိုကြားသော် မသိစိတ်အရ မျက်နှာလွှဲ၍ ခေါင်းလှည့်လိုက်သည်။

ထိုအချိန်တွင် သူ၏မျက်နှာ အရှေ့မှလူက ခေါင်းလှည့်လိုက်လာခဲ့ပြီး သူမ၏မျက်နှာကို အဖြူရောင် မျက်နှာဖုံးဖြင့် အကုန်နီးပါး ဖုံးအုပ်ထားသည်ကို တွေ့လိုက်ရသည်။

သို့သော် သူမ၏မျက်လုံးများ၌မူ အပြုံးလေးတစ်ခု ရှိနေသည်။

သူတို့နှစ်ယောက်ကား ဘဲသားစားရန်ပင် အားမထုတ်နိုင်ရဲတော့ဘဲ ကမန်းကတမ်းထရပ်၍ ပြေးထွက်သွားခဲ့ကြသည်။

သူတို့မောမောပန်းပန်းဖြင့် ပြေးလာခဲ့ကြပြီး ရထားဘူတာထဲသို့ ရောက်သောအခါ၌ လူမမြင်လောက်သည့် ကွယ်ရာနေရာတစ်ခုကို ရှာလိုက်ကြသည်။

အစ်ကိုနင်သည်ကား နံရံကိုမှီကာ မောဟိုက်နေခဲ့သည်။

“ဒီတစ်ယောက်က စားဖို့သောက်ဖို့တောင် မလုပ်တော့ဘူးလား၊ သူ့မှာ တခြားဘာမှ မလုပ်စရာမရှိတော့ဘူးလား။ ဘာလို့ ငါတို့ကို အမြဲလိုက်နေရတာလဲ”

ဝမ်ကျိုးက ဘဲသားခြေထောက်များကို ကိုင်ထားဆဲဖြစ်ကာ ငိုတော့မလိုဖြစ်နေသည်။

“အစ်ကို... နင်... ဒါမှမဟုတ် ငါတို့ အဖမ်းခံလိုက်ကြမလား”

“စဥ်းတောင့ မစဉ်းစားနဲ့”

အစ်ကိုနင်က တစ်ဖက်လူ၏လက်ထဲမှ ဘဲသားခြေထောက်ကို ဆွဲယူ၍ တစ်ကိုက်ကိုက်လိုက်သည်။

“အရင်တုန်းက ငါတို့ လောလောနဲ့ ဘယ်ကားကိုမဆို တက်လိုက်မိလို့ သူမက ငါတို့ဘယ်ရောက်နေလဲ သိသွားတာပဲဖြစ်ရမယ်၊ ဒီတစ်ခါတော့ အရင်ဆုံး ပုန်းစရာနေရာရှာရအောင်၊ ပြီးရင် နှစ်ရက်နေမှ ကားပေါ်ကို တက်ရမယ်၊ သူမ ငါတို့ကို ရှာမတွေ့စေရဘူး”

ကျန်းကျန်းက စားသောက်ဆိုင်အတွင်း၌ ထိုင်နေခဲ့ပြီး အသိစိတ်ထဲမှတဆင့် ထိုနှစ်ယောက်သား တီးတိုးပြောနေသည်ကို နားထောင်နေခဲ့သည်။

ထို့နောက် ထိုနှစ်ယောက်က သူတို့သွားမည့် လမ်းကြောင်းကို စိတ်ကူးတိုင်ပင်နေသည်ကို ကြားလိုက်ရပြီးနောက်တွင် ခပ်ဖွဖွလေး ပြုံးလိုက်လေသည်။

“စားပွဲထိုး၊ ကျွန်မ စားပြီးရင် ဘဲသားဆားနယ် သုံးကောင်ကို ပါဆယ် ထုပ်ပေးပါ”

“ကောင်းပါပြီ၊ ဒါပေမဲ့ အရင်ဆုံး ပေးချေရပါမယ်”

စားပွဲထိုးမလေးက ထိုသို့ တောင်းဆိုရသည့်အခြေအနေကို ကျင့်သားမရသေးဟန်ရှိနေပြီး ငိုတော့မလိုဖြစ်နေခဲ့သည်။

“တကယ်တော့ ကျွန်မလည်း ဒါကို မလုပ်ချင်ပါဘူး၊ ဒါပေမယ့် ကြည့်ပါဦး၊ ခုနတုန်းက ကျွန်မ ဟင်းတစ်ပွဲပဲ ချပေးရသေးတယ်၊ အဲဒီနှစ်ယောက်က ပိုက်ဆံမပေးဘဲ ထွက်ပြေးသွားတယ်လေ၊ အခု သူတို့မှာလိုက်တဲ့ ဟင်းပွဲအတွက် ကျွန်မကိုယ်တိုင် ပေးလျော်ရတော့မှာ”

ကျန်းကျန်းက ဗလာကျင်းနေသည့်စားပွဲကို နောက်ပြန်လှည့်ကြည့်၍ စားပွဲထိုးကောင်မလေးကို ပြုံးပြလိုက်သည်။

“ကျွန်မ သူတို့အစား ပေးလိုက်ပါမယ်”

ဆယ်ရက်အကြာတွင် ဟွားထူရထားဘူတာ၌၊ သူတို့နှစ်ယောက်က ရထားပေါ်မှ ဆင်းလိုက်ကြပြီးနောက်တွင် လမ်းကျဉ်းလေးတစ်ခုရှိရာသို့ ရောက်သည့်အချိန်တွင်ပင် အဖမ်းခံလိုက်ရသည်။

“ရှင်တို့တွေ အတော်လေးကြာကြာ ပြေးနေခဲ့ကြတာပဲ၊ နောက်တစ်ခါ ဟိုင်နန်ကျွန်းကို သွားဖို့ စီစဉ်နေတာလား”

အစ်ကိုနင်သည်ကား တောင့်မခံနိုင်တော့ဘဲခြေထောက်များကလည်း ပျော့ခွေနေခဲ့ကာ ဒူးထောက်လိုက်မိသည်။

“အန်တီလေး၊ မလိုက်တော့ပါနဲ့တော့၊ ကျွန်တော် အခုပဲ အဖမ်းခံပါတော့မယ်”

ဝမ်ကျိုးကလည်း မျက်ရည်များစီးကျနေလျက်နှင့်ပင် ခေါင်းညိတ်လိုက်သည်။ ဤအမျိုးသမီးငယ်သည်ကား ရဲထက်ပင် ပိုကြောက်စရာကောင်းသည်။

*

ကျန်းကျန်းက နေရာလွတ်ထဲသို့ ပြန်လည်ဝင်သွားခဲ့ကာ တော်ဝင်မြို့တော်ဆီသို့ ပြန်ရောက်လာခဲ့သည်။

သူမသည်ကား သူမ၏နေရာလွတ်ရှိ အဝတ်အစားများကို စီစဉ်၍ ဆိုင်အမျိုးမျိုးရှိရာသို့ ပို့လိုက်သည်။

သူမ အိမ်သို့ ပြန်ရောက်သည်နှင့် မဒမ်လီက သူမကို ဖမ်းဆွဲလိုက်လေသည်။

“မင်း ဘယ်နေရာတွေကို ထပ်သွားနေတာလဲ၊ ဒီလောက်ကြာအောင် ပြေးလွှားပြီးမှ ပြန်လာတော့တယ်!”

ကျန်းကျန်းက ပြုံး၍ မဒမ်လီ၏ လက်မောင်းကို ဖက်လိုက်သည်။

“သမီး စက်ရုံကို ထပ်ပြီး မသွားတော့ပါဘူး”

မဒမ်လီက နားထောင်ရင်း မျက်ခုံးပင့်လိုက်သည်။

“သေချာပေါက် လုပ်ရမှာပေါ့၊ မင်း လီမိသားစုရဲ့ ကွမ်းယင်းဘုရင်မင်းပဲ၊ ငါ့ရဲ့ချစ်လှစွာသော မြေးမလေးပဲ၊

ငါ မင်းကို ပြောတယ်၊ အိမ်မှာ မင်း စက်ရုံဖွင့်တာတွေကို မပြောနဲ့၊ မင်းရဲ့ စတုတ္ထအဒေါ်က မျက်နှာပြောင်းလွယ်တယ်၊ မင်းရဲ့ အစ်ကိုဝမ်းကွဲတွေကလည်း ရင်းနှီးတာမဟုတ်ဘူး၊

မင်းရဲ့ စတုတ္ထအဒေါ်လိုမျိုး အရေပြားထူထဲပြီးမျက်နှာပြောင်တိုက်တဲ့လူမျိုးဆိုရင် သိပ်ပြီးမပေါင်းသင်းသင့်ဘူး၊ အဲဒီလို လူမျိုးတွေရှေ့မှာ မကြွားဝါသင့်ဘူး”

“အဘွား၊ သမီးသိပါတယ်”

ကျန်းကျန်းက ပြုံး၍ မဒမ်လီ၏ လက်မောင်းကို ဖက်လိုက်သည်။

“စည်းစိမ်ဥစ္စာ မပြသင့်ဘူးမလား”

မဒမ်လီကား များစွာပျော်နေခဲ့သည်။

“ဒီရက်ပိုင်း မင်း အပြင်ထွက်စရာမလိုတော့ဘူးလို့ပြောခဲ့တယ်မလား၊ အဖွား မင်းကို မေးစရာတွေ အများကြီး ရှိသေးတယ်။

ဒါနဲ့၊ ငါ အခုပဲ ရှီကျွင့်ကျဲ ကို ပြောလိုက်ပြီ၊ မင်္ဂလာပွဲမတိုင်ခင် သုံးရက်အတွင်း မင်းတို့တွေ မတွေ့ရဘူးနော်၊ ငါတို့ အိပ်နေတုန်း ညဘက် နောက်ဖေးခြံထဲကို ခိုးမဝင်နဲ့”

ကျန်းကျန်းက ရက်ကို တွက်ကြည့်၍ အံ့သြသွားသည်။

“ဒါဆို ဒီနေ့ ရှီကျွင့်ကျဲ နဲ့ မတွေ့ရတော့ဘူးလား”

“မင်း အခုမှ သိတာလား”

မဒမ်လီက သူမ၏လက်ဖြင့် ကျန်းကျန်း၏ နဖူးကို တို့လိုက်သည်။

“အားလပ်ရက်တွေမှာ ငါတို့တွေ မင်းကို ရှီကျွင့်ကျဲနဲ့ ပိုပြီးကစားခိုင်းတယ်လေ၊ မင်းက ကောင်းချက်ပဲ၊

အလုပ်ပြီးအလုပ် .. အလုပ်တွေနဲ့ပဲ ပိုအလုပ်ရှုပ်နေတယ်၊ ဘာတွေလုပ်နေလဲတောင် မသိဘူး၊

ရှီကျွင့်ကျဲ က မင်းကို ချစ်တေု့ မင်း ဘာပဲလုပ်လုပ် မင်းကို ကာကွယ်ပေးတယ်၊ ဒါပေမဲ့ တခြားသူတွေကိုဘက်ကိုလည်း တွေးကြည့်လေ၊တစ်ယောက်တည်း ထားခဲ့ခံရတာက ပျော်ရွှင်နိုင်ပါးမလား”

မဒမ်လီက ခေါင်းကို ခါရမ်း၍ သက်ပြင်းချလိုက်သည်။

“ကောင်းပြီ၊ အခု မြန်မြန်လေး အိမ်ထဲ ဝင်လိုက်ျော့၊ မင်းရဲ့ တတိယအဒေါ်က ဒီနေ့ မင်းအကြိုက်ဆုံး ဟင်းတွေ ချက်ထားတယ်”

ကျန်းကျန်းက ပြုံးလိုက်သည်။

“တတိယအဒေါ်ရဲ့ လက်ရာက ကျွန်မအမေထက်တောင် ပိုကောင်းတယ်”

ဧည့်ခန်းမကြီးရှိ စားပွဲနှစ်လုံးတွင် လူများက အပြည့်ရှိနေပြီး ဟင်းပွဲပေါင်းကလည်း တစ်ဒါဇင်ကျော်စီလောက်ရှိနေသည်ကို တွေးလိုက်သော် မဒမ်လီ သက်ပြင်းချလိုက်မိသည်။

“ဒီတစ်ခါတော့ ငါတို့ အရှုံးကြီးရှုံးပြီထင်တယ်၊ သူတို့ကို မင်္ဂလာပွဲရဲ့ ပထမဆုံးနေ့မှာပဲ လာဖို့ပြောလိုက်ရင် လုံလောက်ပြီကို၊ အခုတော့ ဒီလောက်များတဲ့လူတွေနဲ့ဆို တစ်နေ့ကို ဆန် ဆယ်ပြည်လောက်တောင် စားနိုင်တယ်”

ကျန်းကျန်းတစ်ယောက် မျက်လုံးများ ကွေးညွတ်သွားသည် ရယ်မောလိုက်မိသည်။

“အဘွား၊ အဘွားက တကယ်ကို ကပ်စေးနဲတာပဲ”

ဤစကားကိုကြားသော် မဒမ်လီက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“ကောင်းပြီ၊ မြန်မြန် မျက်နှာသစ်ပြီး စားကြစို့”

ဤအချိန်သည်ကား အပူဆုံးအချိန် ကုန်ဆုံးသွားပြီ ဖြစ်သော်လည်း ဆောင်းဦး၏ အပူချိန်သည်က ရံဖန်ရံခါ ပြန်လည်ခြိမ်းခြောက်နေဆဲပင်။

ကျန်းကျန်းက အပြင်သို့ထွက်ကာ ချွေးများစွာဖြင့် ပြန်လာသည်။ထို့ကြောင့် စားသောက်ဖို့ဦးစွာမလုပ်ခဲ့ဘဲ အခန်းထဲပြန်၍ သန့်ရှင်းရေးလုပ်ကာ ဧည့်ခန်းမကြီးရှိရာသို့ သွားလိုက်လေသည်။

နေရာသည်ကား တော်ဝင်နန်းတော်၏ ဧည့်သည်များ ဧည့်ခံရန် အသုံးပြုခဲ့သည့် နေရာဖြစ်သောကြောင့် စားပွဲဝိုင်းလေးငါးလုံး ထားနိုင်လောက်အောင် ကျယ်ဝန်းသည်။

ယခင်င်က ဤနေရာ၌ထားခဲ့သည့် ရှေးဟောင်းပရိဘောဂဟောင်းများကိုမူ ထိခိုက်မည်ကို စိုးရိမ်သောကြောင့် ကျန်းကျန်းက သူတို့ မလာခင်ကတည်းက မူလပရိဘောဂများကို ဘေးခန်းသို့ ပြောင်းထားခဲ့သည်။

ဤနေရာ၌မူ ပရိဘောဂစက်ရုံမှ စားပွဲကြီးနှစ်လုံးနှင့် သစ်သားခုံမာများ တိုက်ရိုက်ပို့ပေးထားသောကြောင့် စားသည့်အခါ ပရိဘောဂရွှေ့စရာ မလိုတော့။

လင်းရှို့လန်နှင့် အိမ်ထိန်းနှစ်ယောက်က နောက်ဆုံးသောဟင်းပွဲကို ချထားပြီးသော် မဒမ်လီနှင့် ကျန်းကျန်းလည်း ရောက်လာကြသည်။

လင်းရှို့လန်က ပြုံး၍ နှုတ်ဆက်လိုက်သည်။

“ကျန်းကျန်း ပြန်လာပြီ၊ မြန်မြန်လာပြီး စားလေ”

ကျန်းကျန်းက ပြုံး၍ လူများကို နှုတ်ဆက်လိုက်ပြီး၊ သူမနှင့် အသက်ရွယ်တူသူများကို အနည်းငယ်နှင့် ခေါင်းညိတ်နှုတ်ဆက်ကာ မဒမ်လီနှင့်အတူ အတွင်းစားပွဲ၌ ထိုင်လိုက်သည်။

*

All Chapters