← Chapters

အခန်း (၃၁၃)

Vol. 32 Ch. 313

အခန်း (၃၁၃)

Vol. 32 Ch. 313

ကျန်းချွမ်ဟွား ခုံပေါ်တွင်ထိုင်ရင်း သက်ပြင်းချလိုက်၏။

“မင်းတို့ အဘွားနဲ့ အဘိုးအတွက် ငါ့က တစ်ဦးတည်းသောကလေးပဲ၊ သူတို့တွေက သားမက်ရှာဖို့အတွက် အ စကတည်းကပဲ စိုးရိမ်ပူပန်နေကြခဲ့တာ၊ ဒါကြောင့် သူတို့တွေ အသက်ကြီးသွားရင် ထောက်ပံ့ပေးမဲ့သူမရှိမှာကို ကြောက်ပြီး ပင်စင်ကြေးအတွက် ရသမျှပိုက်ဆံအားလုံးကို စုဆောင်းချင်နေခဲ့ကြတယ်၊

တကယ်တော့ မင်းတို့ အဘိုးရဲ့ လစာက မနည်းပါဘူး၊အဲဒီတုန်းက တစ်ယောက်တည်းကို မဆိုထားနှင့်၊ ဆယ်ယောက် ရှစ်ယောက်လောက်တောင် မွေးနိုင်တယ်၊ ဒါပေမဲ့ သူက လစဉ် ဆင့်ရှစ်ဆယ်ပဲ ထုတ်ပြီး သုံးခဲ့တယ်။

အမဲသားလက်မှတ်ကို ရောင်းတဲ့အချိန်မှာတောင် အိမ်အတွက်ဆိုပြီး အသားစားချင်ကိုစိတ်ကို ဆန္ဒပြည့်ဝအောင်လို့ အမဲသားတစ်ပိုင်းလေးတောင်မှမဝယ်လာခဲ့ဖူးဘူး၊

လစာအတွက်လည်း အတူတူပဲ။ ငါ ငယ်ငယ်တုန်းက အိမ်မှာ စားခဲ့တဲ့ အစားအသောက်တွေက ဘေးအိမ်က သားခုနစ်ယောက်ကို မွေးထားတဲ့ အိမ်လောက်တောင် မကောင်းခဲ့ဘူး။”

လီမင်ရှုနှင့် လီမင်ရှင်းသည်ကား ဤသို့ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ချေ။ သူတို့ တစ်ဦးကိုတစ်ဦး ကြည့်၍ သူတို့အဘိုး၏ လုပ်ရပ်ကို မည်သို့ မှတ်ချက်ပေးရမည်ကို မသိဖြစ်နေခဲ့ကြသည်။

ကြိုတင်စီစဉ်ခြင်းဆိုသည်မှာ မှန်ကန်သည့်လုပ်ရပ်ဖြစ်သော်လည်း ထိုသူတို့သည်ကား အလွန်ပင် လွန်ကဲနေခဲ့သည်။

ကျန်းချွမ်ဟွားက နောက်ဆုံး၌ စကာ့ကို နိဂုံးချုပ်ခဲ့၏။

“ဒါကြောင့် ငါ ဆင်းရဲတာကို ကြောက်တယ်၊ သူများတွေရဲ့ ပစ္စည်းကောင်းတွေကို မြင်ရင်လည်း အမြတ်ထုတ်ချင်တယ်၊ ငါလည်း ကိုယ့်ကိုယ်ကိုသိပါတယ်”

လီမူလင်းက ညှိုးမှိုင်စွာဖြင့် ဆိုလာ၏။

“အရင်ခေတ်တွေတုန်းက ဘယ်လောက်ထိ ချမ်းသာတဲ့ မိသားစုတွေ ရှိခဲ့လို့လဲ၊ အဲဒီတုန်းက လူတိုင်းနီးပါး ဒီလိုပဲ ဖြစ်ခဲ့ကြရတာမဟုတ်ဘူးလား၊

ဒါက မိဘတွေ ကောင်းကောင်း မသင်ပေးလို့ဖြစ်ခဲ့ရတာပဲ၊ ဒါကြောင့် အသုံးမဝင်တဲ့ အကြောင်းပြချက်တွေ မပေးပါနဲ့”

လီမင်ရှုက လီမူလင်း၏ ပခုံးကို ဖိကာ ကျန်းချွမ်ဟွားကို နှစ်သိမ့်၍ ဆို၏။

“ကျွန်တော်တို့ မိသားစုက အခု ကောင်းကောင်းမွန်မွန် ဖြစ်နေပြီလေ၊ ကျွန်တော်နဲ့ ကျွန်တော့်အစ်ကိုလည်း အမေကို လစဉ် ပိုက်ဆံပေးထားတယ်၊ အမေ ဘယ်လောက် စားစား၊ ဘယ်လောက်ပဲ သုံးသုံး၊ ဘာပဲ ဝယ်ဝယ် သုံးစွဲနေလို့ရတယ၊ညသူများကို မနာလို မဖြစ်ပါနဲ့”

ကျန်းချွမ်ဟွားက ချက်ချင်း သူမ၏သားနှစ်ဦးကို မော့ကြည့်၍ ပြောလိုက်သည်။

“ငါအဝတ်လျှော်စက် ဝယ်ချင်တယ်၊ ကိုယ့်ဘာသာ အဝတ်လျှော်ရတာကို မလုပ်ချင်ဘူး”

လီမင်ရှုနှင့် လီမင်ရှင်းသည်က စျေးနှုန်းကို တွက်ချက်ကြည့်၍ သူတို့၏ဝင်ငွေအရ တတ်နိုင်သောကြောင်း သဘောတူခဲ့ကြသည်။

“ကောင်းပြီ၊ ဒီတစ်ခါသာ အမေ ပြသနာမရှာဘူးဆိုရင် ကျွန်တော်တို့ အိမ်ပြန်ရောက်ရင် အဝတ်လျှော်စက် ဝယ်ပေးမယ်”

ကျန်းချွမ်ဟွားတစ်ယောကင ပျော်ရွှင်စွာဖြင့် အနောက်ခန်းသို့ သွား၍ အိပ်ရာပြင်ဆင်တော့၏။ လီမူလင်းသည် သူ၏သားနှစ်ဦးကို ကြည့်၍ သက်ပြင်းချ၏။

“မင်းတို့အမေက တစ်သက်လုံး ဒီလိုပဲ။ မင်းတို့ရဲ့စိတ်ထဲမှာ မထားကြပါနဲ့”

လီမင်ရှုနှင့် လီမင်ရှင်းသည်က ပြုံး၍ ပြောလိုက်ကြသည်။

“ကျွန်တော်တို့က ကျွန်တော်တို့ရဲ့အမေကို ဘယ်လိုလုပ်ပြီး မကြိုက်ဖြစ်ရမှာလဲ၊ သူမကို ချော့လိုက်ရင် ပြီးပြီပဲလေ”

လီမူလင်း ခေါင်းငြိမ့်၍ နောက်ဆုံးတွင် အသံတိုးတိုးဖြင့် ဆို၏။

“အဝတ်လျှော်စက်က ပိုက်ဆံအများကြီးကုန်လိမ့်မယ်၊ အဖေ့မှာ ကိုယ်ပိုင်ငွေလုံလုံလောက်လောက် ရှိတယ်၊ အခု မင်းတို့မှာ ကိုယ်ပိုင်ကလေးတွေ ရှိနေပြီ။ လစဉ် ငါတို့ကိုထောက်ပံ့ငွေအပြင်၊ ပွဲတော်တွေနဲ့ နှစ်သစ်ကူးအတွက် ပစ္စည်းဝယ်ဖို့လည်း သုံးစွဲနေရတယ်။

ကျန်တာတွေ မသုံးနဲ့၊ မိသားစုကို ထောက်ပံ့ရတာ မလွယ်ဘူး၊မင်းတို့ရဲ့ ကလေးတွေ ကျောင်းတက်ဖို့ ပိုက်ဆံပိုစုထား၊ မဟုတ်ရင် မင်းတို့ရဲ့ဇနီးတွေက စိတ်မသက်မသာဖြစ်ကြရလိမ့်မယ်”

လီမင်ရှုနှင့် လီမင်ရှင်းတို့က ချက်ချင်း ပြုံး၍ ငြင်းဆိုခဲ့ကြသည်။

“မဟုတ်ပါဘူး အဖေ၊ အဖေ ဘယ်ကိုများ သွားချင်လို့လဲ”

လီမူလင်းက ပြုံး၍ လီမင်ရှု၏ ပခုံးကို ပုတ်၏။

“အဖေလည်း အဲဒီအချိန်ကနေ ဒီကို ရောက်လာတာပဲ၊ မင်းတို့ရဲ့ အခက်အခဲတွေကို နားလည်တယ်၊ ကဲ၊ ညဉ့်နက်နေပြီ၊ မြန်မြန်ပြန်အိပ်တော့”

နောက်တစ်နေ့ နံနက်စောစော၊ နံနက်စာ စားပြီးသည်နှင့် တခြားလူများ အပြင်သို့ မထွက်မီ ကွေ့ဟွားက အထုပ်ကြီးများစွာနှင့် ရောက်လာ၏။

သူမက ချွေးများစွာ ရွှဲနေသည်ကို မြင်သော် ဝမ်စုဖန်းသည် သူမကို ရေတစ်ခွက် အလျင်အမြန် လောင်းပေး၏။

“ဘာလို့ ဒီလောက် စောစော ရောက်လာတာလဲ၊ ဆိုင်သွားစရာ မလိုဘူးလား။”

“ဒီနေ့က တနင်္ဂနွေ မဟုတ်ဘူးလေ၊ ဒီတော့ အများကြီး အလုပ်မရှုပ်ပါဘူး၊ ကျွန်မ စာရေးလေးကို စောင့်ခိုင်းထားတာ”

ကွေ့ဟွားက ရေကိုယူ၍ အလျင်အမြန် သောက်ပြီးမှ အိမ်ထဲမှလူများကို အလျင်အမြန် ခေါ်လိုက်၏။

လီမူစန်းနှင့် အခြားသူများ အစောပိုင်းတွင် ရောက်လာစဉ်က ကျောင်းများဖွင့်ထားသည်မှာမကြာသေးပေ။

ကျောင်းသားများက သူတို့ဇာတိမှ အိတ်များကို ပိုမိုယူလာခဲ့ကြသည်။ ကွေ့ဟွား၏ ဆိုင်မှ အဝတ်အစားများသည်ကား အလွန်ခေတ်မီသည်။

ကျောင်းသားများက ကျောင်းသို့ပြန်ရောက်သည်နှင့် အဝတ်အစားများ ဝယ်ရန် မစောင့်နိုင်တော့။ ကွေ့ဟွားမှာ စာရေးတစ်ဦး ငှားထားသော်လည်း အလျင်အမြန် လုပ်ဆောင်နေခဲ့ရပြီး စိတ်ပူနေခဲ့ရသည်။

လီမူစန်းတို့ ရောက်လာသည့်နေ့တွင် တစ်နပ်စာ စားရန်သာ ရောက်လာနိုင်ပြီး အလျင်အမြန် ပြန်သွားခဲ့သည်။

သူမအနေဖြင့် စကားနည်းနည်းမျှပင် ဆိုရန် အချိန်မရခဲ့။

လျို့ရှို့လန်သည်က ကွေ့ဟွားကို ငယ်စဉ်ကတည်းက ကြည့်ရှုစောင့်ရှောက်ခဲ့သူဖြစ်သောကြောင့် ဤမျှ စိမ်းသက်နေခြင်းမရှိပေ။ သူမက ကွေ့ဟွားကို မျက်နှာသုတ်ပဝါ ပေးပြီး အပြုံးလေးနှင့် မေး၏။

“မင်း ဘာဆိုင်ဖွင့်ထားတာလဲ၊ ဒီလောက်တောင် အလုပ်များနေတာပဲလား”

“အဝတ်အထည်ဆိုင်ပါ”

ကွေ့ဟွားက ရယ်မော၍ပြောလိုက်၏။

“ပထမတော့ အသားမုန့်လုံးက စပြီးလုပ်ခဲ့တာပါ၊ တောင်ပိုင်းကနေ အဝတ်အထည်တွေ သွားယူပြီး ကျောင်းမှာ လမ်းဘေးဈေးဖွင့်ဖို့ သွားတာကို သူ့အဖေ ဖမ်းမိသွားတာလေ၊

အမေက ချော့မော့ထားခဲ့ရပြီး လီမင်တုန်ကလည်း အသားမုန့်လုံး တကယ် ကျောင်းမပျက်မှ စိတ်အေးသွားတာ၊

နောက်တော့ သူ့ဆီကနေ အဝတ်အစား ရောင်းတာက အရမ်း အမြတ်များတယ်လို့ ကြားတာနဲ့ အလုပ်ကို လွှဲယူပြီး အဝတ်အထည်ဆိုင် ဖွင့်လိုက်တာ၊

ဘာပဲဖြစ်ဖြစ် အိမ်မှာထိုင်နေတာထက်စာရင် တစ်ခုခု လုပ်တာ ပိုကောင်းတာပေါ့။”

“အိုး၊ ဒါက အရမ်းကောင်းတာပဲ”

လျို့ရှို့လန်က ကွေ့ဟွားကို လက်မထောင်ပြ၍ ပြောခဲ့သည်။

“ကွေ့ဟွားက ငယ်ငယ်ကတည်းက လုပ်တတ်တယ်၊ အခု ကိုယ်ပိုင်ဆိုင်တောင် ဖွင့်နိုင်ပြီပဲ”

ကျန်းချွမ်ဟွားသည်ကား ဇာတိ၌ ရှိစဉ်က ကွေ့ဟွား၏ ဆူပူခြင်းကို ခံရတတ်ပြီး သူတို့ ဆုံသည်နှင့် ရန်ဖြစ်လေ့ရှိသော်လည်း ဤတစ်ကြိမ်၌မူ ခေါင်းငြိမ့်၍ ထောက်ခံခဲ့သည်

“ကွေ့ဟွားက တကယ်ကိုတော်တဲ့ ကလေးတစ်ယောက်ပဲ။”

ကွေ့ဟွားတစ်ယောက် ကျန်းချွမ်ဟွားကို အံ့သြစွာ ကြည့်လိုက်မိ၏။ သူမ၏ပုံစံသည်က အတော်လေး မှားနေသည်ပင်။ သူ၏ စိတ်နေစိတ်ထားအရ အဝတ်အစားများ တောင်းရန် ပါးစပ်ဖွင့်သင့်သည် မဟုတ်ပါလော။

အသက်ကြီးလာ၍ စိတ်ပြောင်းလဲသွားခြင်းများလား။

သို့သော်လည်း ကျန်းချွမ်ဟွားသည်ကား မဒမ်လီကို ဒေါသထွက်အောင် မလုပ်သရွေ့ ကွေ့ဟွားကလည်း သူ့ကို ဒုက္ခမပေးလိုပါချေ။

မည်သူသည်က ပျော်ရွှင်စရာအချိန်တွင် ထိုသို့စကားကို ဆိုချင်မည်နည်း။

သူမက ယူလာသည့် အိတ်များကို ဖွင့်ကြည့်လိုက်ပြီး အဝတ်အစားများကို ထုပ်ပိုးထားသည့် အထုပ်များကို ခွဲခြားထားလိုက်သည်။

“ကျန်းကျန်းရဲ့ မင်္ဂလာဆောင်ရက် သတ်မှတ်တာနဲ့ ကျွန်မလည်း တောင်ပိုင်းကို အလျင်အမြန်သွားပြီး အဝတ်အစားတွေ ဝယ်လိုက်တာ၊ အထူးသဖြင့် ဒေါ်လေးတို့အတွက်ပဲ”

သူမက အိတ်တစ်လုံး ထုတ်၍ အပေါ်မှ နာမည်ကို တစ်ချက်ကြည့်ပြီး လျို့ရှို့လန်၏ လက်ထဲ ထိုးထည့်၏။

“စတုတ္တအဒေါ်၊ ဒါက အဒေါ့်အတွက်ပါ”

လျို့ရှို့လန်က ထိုအိတ်ထဲ၌ အနည်းဆုံး ငါးခြောက်ထည်မျှ ရှိနေသည်ကို ကြည့်၍ ပြောလိုက်သည်။

“ဘာလို့ ငါ့ကို အဝတ်အစားတွေ ဒီလောက် အများကြီး ပေးနေတာလဲ ဒါတွေက ဘယ်လောက်တောင် ကုန်ကျသွားလောက်လဲ”

“ဘယ်သူကများ ကျွန်မကို ကျွန်မရဲ့ စတုတ္ထအဒေါ်ကို ချစ်ခိုင်းလို့လဲ”

ကွေ့ဟွားက ချစ်ခင်စွာ ဆို၏။

“စတုတ္ထအဒေါ်ရဲ့ တူမနဲ့ တူက စတုတ္ထအဒေါ်ကို ချစ်ခင်လို့ပေးတယ်ဆိုရင် လက်ခံလိုက်ပါ”

လျို့ရှို့လန်သည်လည်း ပြုံး၍ အိတ်ကို ဖွင့်ကြည့်လိုက်၏။ အထဲမှ အဝတ်အစားများသည်က အတော်လေးခေတ်ဆန်သော်လည်း လျို့ရှို့လန်၏ အသက်နှင့်လည်း လိုက်ဖက်ညီနေခဲ့ပြီး လုံးဝ မထူးဆန်းနေခဲ့ပေ။

ကွေ့ဟွားသည်က အဝတ်အစားများကို အိတ်များထဲ၌ စုစည်း၍ ခွဲခြားထားသည်။ လီမူစန်းနှင့် လီမူလင်းတို့၌ ဂျာကင်၊ ဆွယ်တာ၊ ဘောင်းဘီများကို ပုံစံတူ ပေးထားသည်။

သူမက ဝမ်းကွဲမောင်များ၊ ယောက်မများနှင့် ကလေးများအတွက်လည်း ပြင်ဆင်ထားခဲ့သည်။ မိသားစုတစ်ဦးစီ၏ အဝတ်အစားများသည်က ပုံစံဒီဇိုင်းများ မတူညီကြသော်လည်း အရည်အသွေးမှာ တူညီနေခဲ့လေ၏။

ဆိုရလျှင် မရ်သည့်အတွက်က ကောင်းမွန်ပြီး မည်သူ့အတွက် ဆိုးရွားသည် ဟူ၍မရှိပေ။

နောက်ဆုံး အထုပ်ကို ထုတ်ယူရင်းဖြင့် ကွေ့ဟွားက တိတ်ဆိတ်စွာ ထိုင်နေသည့် ကျန်းချွမ်ဟွားကို ကြည့်၍ အပြုံးလေးနှင့် သူမ၏လက်ထဲသို့ ထိုးထည့်လိုက်၏။

“တတိယအဒေါ်၊ ဒါက တတိယအဒေါ်အတွက်ပါ”

“ငါ့အတွက်ရော ရှိနေသေးတာလား”

ကျန်းချွမ်ဟွားသည်ကား ဤသည်က ပျော်ရွှင်ဖွယ် အံ့သြစရာကောင်းသည်ဟု ခံစားရ၏။

ကွေ့ဟွားမှ လျို့ရှို့လန်ကို ပေးစဉ်က သူမ ပါးစပ်ဖွင့်လိုခဲ့သော်လည်း သူ၏သား ဆိုခဲ့သည့်စကားများကို သတိရ၍ ရုတ်တရက် ထိန်းချုပ်လိုက်သည်။

သူမသည်ကား ကွေ့ဟွားနှင့် အမြဲတစေ ဆက်ဆံရေး မကောင်းခဲ့ချေ။ ကွေ့ဟွားမှ သူမအတွက်လည်း တစ်စုံတစ်ရာ ပြင်ဆင်ပေးလိမ့်မည်ဟု မည်သည့်အခါမျှ မထင်ခဲ့ပါပေ။

ထို့ကြောင့် အဝတ်အစားအိတ်ကြီးကို လှမ်းယူပြီးနောက် ကျန်းချွမ်ဟွားက ကွေ့ဟွားကို ရှက်ရွံ့စွာ ကြည့်လိုက်၏။

“မင်းရဲ့တတိယဒေါ်လေးကို ကြည့်ပါဦး၊ ဒီလောက်နှစ်ပေါင်းများစွာကြာတာတောင်ငါ မင်းကို ဘာမှ မဝယ်ပေးခဲ့ရဘူး၊ အခု မင်းကို ပိုက်ဆံကုန်ကျအောင် လုပ်မိပြန်ပြီ။”

ဤသို့သော စကားလုံးများ ကျန်းချွမ်ဟွား၏ ပါးစပ်မှ ထွက်လာသည်ကို ကြားသော် မဒမ်လီပင်လျှင် သူမကို လှည့်ကြည့်မိ၏။

ကွေ့ဟွားသည်ကား ရိုးသားစွာ ပြုံးပြီး သူမ၏လေသံသည်လည်း အနည်းငယ်ခန့် ပိုမိုချိုသာလာခဲ့၏။

“ဘာတွေ ပြောနေတာလဲ ဒေါ်လေး၊ မင်တုန် ပင်းချန်မှာ ကျောင်းတက်တုန်းက ဒေါ်လေးနဲ့ ဦးလေးက သူ့ကို အများကြီး ဂရုစိုက်ပေးခဲ့တာလေ၊ ဒေါ်လေးကို ဂါရဝပြုရမှာက ကျွန်မရဲ့ တာဝန်ပဲ”

မဒမ်လီသည်လည်း ဖော်ရွေစွာ ခေါင်းငြိမ့်၏။

“ကလေးရဲ့ စိတ်ထားကို လက်ခံလိုက်ပါ၊ မိသားစုဝင်အချင်းချင်း သူစိမ်းလို မလုပ်ပါနဲ့”

အိမ်ထောင်ပြုပြီး နှစ်များစွာကြာမှသာ မဒမ်လီသည်က သူမကို ဤသို့ နူးညံ့သည့် အသံနှင့် ပထမဆုံးအကြိမ် စကားဆိုခြင်းဖြစ်ပေသည်။

သူမ၏တူမနှင့် ယောက္ခမသည်က သူမကို ဤမျှ ချစ်ခင်စွာ ပထမဆုံးအကြိမ် ဆက်ဆံခြင်းလည်းဖြစ်သည်။ ထို့ကြောင့် ကျန်းချွမ်ဟွားတစ်ယောက် သူမ၏သားနှင့် ချွေးမများအားလုံးက သူမကို ကြည့်၍ ကြင်နာစွာ ပြုံးနေသည်ကို မြင်သော် သူမ၏မျက်လုံးများ ရုတ်တရက် နီရဲလာ၏။

*

All Chapters