← Chapters

အသန်မာဆုံးအရှင်

Vol. 74 Ch. 1035

အသန်မာဆုံးအရှင်

Vol. 74 Ch. 1035

ဓားမော့ကျိုးအပါအဝင်ဆိုရင် လီဖူချန်းမှာ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းအစအနနှစ်ခု‌ရှိထားပါပြီ။

အခြားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းအစအနကတော့ မီးသူတော်ကောင်းနတ်ဘုရားအရှင်မှရရှိခဲ့တဲ့မီးတာအိုအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းအစအနပဲဖြစ်တယ်။

ဒါပေမယ့် မီးတာအိုအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းအစအနက ခွက်အရွယ်အစားလောက်သာရှိပြီး ပြင်းပြင်းထန်ထန်ထိခိုက်ထားတယ်။ ၎င်းရဲ့တန်ဖိုးက ဓားမော့ကျိုးထက် အများကြီးနိမ့်ကျတယ်။

ဒါပေမယ့် မီးတာအိုအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းအစအနပဲဖြစ်ဖြစ်ဒါမှမဟုတ်ဓားမော့ကျိုးပဲဖြစ်ဖြစ် စွမ်းအားအရ သူတို့က သာမန်အလယ်ဆင့်စကြာဝဠာရတနာတွေထက် သာလွန်တယ်။

မူလဘူတမြေပြင်မှ လီဖူချန်းက အဆင့်နိမ့်စကြာဝဠာရတနာနှစ်ဆယ်နီးပါးရရှိထားတယ်။ သူတို့အထဲမှာ ကောင်းကင်ဘုံမိစ္ဆာဓားမော့အမြုတေလို့ခေါ်တဲ့ဓားမော့တာအိုစကြာဝဠာအသုံးအဆောင်ပစ္စည်းတစ်ခု ပါဝင်တယ်။

ကောင်းကင်ဘုံမိစ္ဆာဓားမော့အမြုတေကို စကြာဝဠာရဲ့ဓားမော့တာအိုရင်းမြစ်ရဲ့ခြိမ်းခြောက်ခြင်းချီပါဝင်တယ်။ ၎င်းမှာ ဓားမော့တာအိုအမှန်တရားပါဝင်ပြီး ဓားမော့ပညာရှင်တွေအတွက် ရှားပါးတဲ့ကျင့်ကြံခြင်းရတနာတစ်ခုဖြစ်တယ်။

ဒါ့အပြင် လီဖူချန်းက မူလဘူတမြေပြင်မှာ ဉာဏ်အလင်းပန်းကိုလည်း ရရှိခဲ့တယ်။

ဉာဏ်အလင်းပန်းက ထူးကဲအဆင့်အသုံးအဆောင်ပစ္စည်းတစ်ခုသာဖြစ်ပေမယ့် ၎င်းရဲ့တန်ဖိုးက သာမန်အဆင့်နိမ့်စကြာဝဠာရတနာတွေအောက် မနိမ့်ကျပါဘူး။ ၎င်းက ကျင့်ကြံသူရဲ့ထိုးထွင်းသိမြင်မှုကို ဆေးသက်ရောက်တဲ့သက်တမ်းအတွင်း အဆတစ်ရာတိုးစေတယ်။

ထိုးထွင်းသိမြင်မှုအဆတစ်ရာတိုးခြင်းက အကျိုးထိရောက်ခြင်းအဆတစ်ရာတိုးတာလောက် မရိုးရှင်းပါဘူး။ တစ်ဆို့နေတဲ့အချိန်မှာ ထိုးထွင်းသိမြင်မှုမြင့်မားတဲ့သူတွေက အချိန်တိုအတွင်းမှာ ချိုးဖြတ်နိုင်တယ်။ ထိုးထွင်းသိမြင်မှုနိမ့်တဲ့သူတွေက အဆတစ်ထောင်၊ အဆတစ်သောင်းဒါမှမဟုတ် အဆတစ်သိန်းလောက် အသုံးပြုဖို့ လိုအပ်နိုင်တယ်။

ထိုးထွင်းသိမြင်မှုအဆတစ်ရာတိုးလာခြင်းက အထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်တွေအတွက်တောင်မှ အသုံးဝင်လိမ့်မယ်။ ဒါပေမယ့် လီဖူချန်းလိုကောင်းကင်ဆန့်ကျင်ထိုးထွင်းသိမြင်မှုရှိသူတွေအတွက်ကတော့ အသုံးဝင်လိမ့်မှာမဟုတ်ဘူး။

သူက အနည်းငယ်သုံးစွဲကြည့်ခဲ့ပြီး သူ့အတွေးတွေက အနည်းငယ်မျှသာပိုမြန်လာတာကို သဘောပေါက်ခဲ့တယ်။ ဒါက မလိုအပ်ပါဘူး။

ကောင်းကင်ဘုံမိစ္ဆာဓားမော့အမြုတေနဲ့ဉာဏ်အလင်းပန်းတွေကလွဲပြီး လီဖူချန်းက ဓားမော့အရိုးကျောက်ရုပ်ကြွင်း၊ ကပ်ဘေးတစ်သောင်းဓား‌မော့သဲတို့လိုဓားမော့တာအိုထူးကဲအဆင့်အသုံးအဆောင်ပစ္စည်းတွေလည်း ရရှိခဲ့တယ်။

ဒီလောက်များတဲ့ဓားမော့တာအိုရတနာတွေနဲ့အကူအညီနဲ့ဆိုရင် ရန်ချင်းဟူရဲ့ကျင့်ကြံခြင်းအရှိန်က တိမ်‌တွေစီးနေရတာနဲ့ အတူတူနီးပါးပါပဲ။ နှစ်ငါးဆယ်အောက်နဲ့ သူမက အဆင့်၄ကောင်းကင်ဘုံအရှင်မှအဆင့်၃ကောင်းကင်ဘုံအရှင်၊ ပြီးရင် အဆင့်၃ကောင်းကင်ဘုံအရှင်၊ အဆင့်၂ကောင်းကင်ဘုံအရှင်၊ အဆင့်၁ကောင်းကင်ဘုံအရှင်၊နောက်ဆုံးမှာတော့ မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်လာခဲ့တယ်။

ရန်ချင်းဟူရဲ့ကျင့်ကြံခြင်းတည်နေရာက ကမ္ဘာသစ်သီးမှ ကမ္ဘာနှလုံးသားထဲသို့ ပြောင်းရွှေ့ခဲ့တယ်။ ဒါ့ပြင် နေရာလပ်-အချိန်က အဆသုံးထောင်အစား အဆတစ်သောင်းအထိ မြှင့်တင်ခဲ့တယ်။

ဒါကြောင့် နှစ်ငါးဆယ်အောက်သာကုန်ဆုံးသွားခဲ့ပေမယ့် ရန်ချင်းဟူရဲ့အသက်က နှစ်ငါးသိန်းလောက် တိုးလာတယ်။

သူမရဲ့အသက်အမှန်က လီဖူချန်းကို ကျော်လွန်သွားတယ်။

ဒါပေမယ့် ကောင်းကင်ဘုံအရှင်နယ်ပယ်မှာ တစ်ယောက်ယောက်ရဲ့သက်တမ်းက မကုန်ဆုံးသရွေ့ အသက်က အဓိပ္ပါယ်မရှိပါဘူး။

ရန်ချင်းဟူက လျင်မြန်စွာတိုးတက်လာသလို သမန်းဝံပုလွေလူဝင်စားကလည်း အဆင့်နိမ့်စကြာဝဠာရတနာဖြစ်တဲ့အမှောင်စိတ်ဝိညာဉ်ပုလဲနဲ့အတူ နှစ်ငါးဆယ်အောက်မှာ ပြိုင်ဘက်ကင်းအရှင်အထိ တိုးမြှင့်လာခဲ့တယ်။

သမန်းဝံပုလွေလီဖူချန်းမှာ ခွန်အားလုံလုံလောက်လောက်ရှိလာတာကို မြင်ပြီး လီဖူချန်းက အလယ်ဆင့်စကြာဝဠာရတနာတွေဖြစ်တဲ့ဖရိုဖရဲမီးကြာပန်းနဲ့ဖရိုဖရဲကျောက်တုံးအဆီအနှစ်တို့ကို သူ့ထံ ပေးလိုက်တယ်။

ဒီအလယ်ဆင့်စကြာဝဠာရတနာနှစ်ခုနဲ့ဆိုရင် အကြိုနတ်ဘုရားအောက်တစ်ယောက်ကမှ သမန်းဝံပုလွေလီဖူချန်းကို မယှဉ်နိုင်တော့ဘူးလို့ လီဖူချန်းက ယုံကြည်ထားတယ်။

ဒါပေမယ့် သမန်းဝံပုလွေလီဖူချန်းက ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ဖြစ်လာတာကြောင့် ကမ္ဘာနှလုံးသားက ‌နေရာလပ်-အချိန်ကို အဆတစ်ထောင်လောက်သာ မြှင်တင်နိုင်တယ်။ အဲဒါက အရင်အဆတစ်သောင်းထက် ဆယ်‌ဆပိုတိုတယ်။

ဒါက တကယ်ကို သနားစရာတစ်ခုပဲ။

နောက်ထပ်နှစ်ငါးဆယ်ကုန်ဆုံးသွားတယ်၊ လီဖူချန်း မူလဘူတမြေပြင်မှ ပြန်ရောက်လာကတည်းက နှစ်တစ်ရာရှိပါပြီ။ ရန်ချင်းဟူက မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်ရဲ့အကန့်အသတ်အထိ ရောက်ရှိသွားပါပြီ။

"ဉာဏ်အလင်းပန်းက နောက်ဆုံးတစ်ခါစာသာ ကျန်တော့တယ်"

ရန်ချင်းဟူက မျက်လုံးတွေကို ဖွင့်လိုက်ပြီး သူမရဲ့လက်ထဲရှိ ဉာဏ်အလင်းပန်းအကြွင်းအကျန်ကို ကြည့်လိုက်တယ်။

ဉာဏ်အလင်းပန်းက တန်ဖိုးရှိကာ ရှားပါးတယ်။ ရန်ချင်းဟူက ၎င်းကို အစိတ်အပိုင်းတစ်ရာခွဲလိုက်ပြီး သူမ တစ်ဆို့မှုကြုံတွေ့တဲ့အချိန်တိုင်း တစ်ပိုင်းသုံးစွဲခဲ့တယ်။ သူမ ဒီလောက်လျင်မြန်စွာတိုးတက်လာရတဲ့အကြောင်းပြချက်ကတော့ ဉာဏ်အလင်းပန်းကြောင့်ပဲ။

"ငါ မင်းကို ဒီဓားမော့‌ကျိုး ပေးလိုက်မယ်။ ဒါက မင်းကို ဈာန်ဝင်စားခြင်းအချို့ ပေးချင်ပေးနိုင်တယ်"

မနီးမဝေးမှ လီဖူချန်းကလည်း မျက်လုံးတွေ ဖွင့်လိုက်ပြီး ဓားမော့ကျိုးကို ရန်ချင်းဟူထံ ပစ်ပေးလိုက်တယ်။

"ဒါက"

ဓား‌မော့ကျိုးမှ အလွန်အမင်းကြောက်စရာကောင်းတဲ့ဓားမော့ချီကို ရန်ချင်းဟူက ခံစားရနိုင်တယ်။ ၎င်းက ကောင်းကင်ဘုံမိစ္ဆာဓားမော့အမြုတေထက် အများကြီးသာလွန်တယ်လို့ ရန်ချင်းဟူက ခံစားမိတယ်။

လီဖူချန်းက ပြောလိုက်တယ်"ဒါက အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းအကျိုးအပျက်တစ်ခုပဲ။ အထဲမှာပါဝင်တဲ့ဓားမော့တာအိုက ဒီစကြာဝဠာရှိဓားမော့တာအိုထက် ပိုမြင့်တယ်။ ဒါပေမယ့် ထုံးစံအတိုင်းပေါ့၊ ဓားမော့တာအိုက နက်နဲသိမ်မွေ့လွန်းတာကြောင့် နားလည်ဖို့ဆိုတာ မလွယ်ကူပါဘူး"

"အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းလား"

ရန်ချင်းဟူက သူမရဲ့နှင်းဆီနှုတ်ခမ်းလေးကို အလိုအလျောက်ဟလိုက်မိတယ်။

.

အတိတ်မှာ ဘဝမှာ ပျော်ရွှင်မှုအချို့ကင်းမဲ့ခဲ့တာကြောင့် လီဖူချန်းအပေါ်မှာပဲ လုံးဝမှီခိုဖို့ဆိုတာ သက်သောင့်သက်သာမရှိဘူးလို့ သူမက ခံစားမိတယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ သူမက လီဖူချန်းကို မမှီခိုရင် လီဖူချန်းရဲ့အရိပ်ကိုတောင် မြင်ရနိုင်မှာမဟုတ်ဘူးလို့ သူမက တဖြည်းဖြည်းနားလည်လာခဲ့တယ်။

လီဖူချန်းရဲ့တိုးတက်မှုက မြန်လွန်းတယ်။ သူမက လိုက်မိီချင်ရင် ပြင်ပအကူအညီကို လက်မခံဖို့က မဖြစ်နိုင်ပါဘူး။

အခုဆိုရင် လီဖူချန်းက အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကိုတောင် ပေးနိုင်တယ်။ ၎င်းက ထိခိုက်ထားတယ်ဆိုပေမယ့် ရန်ချင်းဟူကို ထိတ်လန့်တုန်လှုပ်စေတုန်းပါပဲ။

လီဖူချန်းအပေါ်လုံးဝမှီခိုတာကလည်း ဆိုးဝါးတဲ့အရာတစ်ခုမဟုတ်လောက်ပါဘူး။ အပြင်ကမ္ဘာက စိတ်လှုပ်ရှားစရာကောင်းပေမယ့် ထာဝရသက်တမ်းနဲ့ဆိုရင် သူမက ဖြည်းဖြည်းချင်းစီ ခံစားလို့ရပါတယ်။

"နင် တစ်နေ့မှာ နတ်ဘုရားတစ်ယောက်ဖြစ်လာရင်တောင် ထူးဆန်တယ်လို့ ငါ ခံစားရမှာမဟုတ်ဘူး" ရန်ချင်းဟူက ရယ်ကာ ပြောလိုက်တယ်။

လီဖူချန်းက ပြောလိုက်တယ်"မစိုးရိမ်နဲ့၊ ငါ နတ်ဘုရားဖြစ်လာတာနဲ့ မင်းတို့နှစ်ယောက်ကိုလည်း နတ်ဘုရားဖြစ်အောင် သေချာ‌ပေါက်လုပ်ပေးမှာပါ"

"ဒါဆိုလဲ ငါ အဲနေ့ကို စောင့်မျှော်နေပါ့မယ်"

ရန်ချင်းဟူက အသက်ကို ခပ်ပြင်းပြင်းရှုသွင်းကာ ဓား‌မော့ကျိုးကို စတင်လေ့လာလိုက်တယ်။

ဒီဓားမော့ကျိုးကို အလှဓားမော့လို့ခေါ်တယ်။ ဓားမော့ထဲကို စွမ်းအားထည့်သွင်းလိုက်ရာ ကြောက်စရာကောင်းတဲ့ဓားမော့အလင်းတွေ ပေါက်ကွဲထွက်လာတယ်။

ဒီလိုကြောက်စရာကောင်းတဲ့ဓား‌မော့"

ရန်ချင်းဟူရဲ့အမွှေးတွေကတောင် ထောင်တက်သွားတယ်၊ ဓား‌‌မော့မှ မျက်လုံးတစ်စုံက သူမကို စိုက်ကြည့်နေသလို ခံစားရတယ်။

အနှစ်၁၂၀......

"ငါ့ရဲ့ဓားပညာက နောက်ဆုံးတော့ အလုံးစုံတတ်သိနားလည်ခြင်းအဆင့်ကို ရောက်ရှိလာပြီပေါ့"

ဒီနေ့မှာ လီဖူချန်းရဲ့ချီတည်ရှိမှုက ရုတ်တရက် သာမန်ဆန်သွားတယ်။ ပြိုင်ဘက်ကင်းဓားသမားတစ်ယောက်က သာမန်လူတစ်ယောက်အဖြစ် ပြောင်းလဲသွားသလိုပါပဲ။

ဒါပေမယ့် အကွက်တိုင်းက သဘာဝဆန်တယ်၊ ဓားတာအိုမှခွဲခြားလို့မရနိုင်‌တဲ့အခြေအနေကို ရောက်ရှိနေမှန်း သိသာတယ်။

"ကောင်းကင်ဘုံဖောက်ဓားတာအိုဖြစ်စေ၊ ထိုက်ချိဓားတာအိုဖြစ်စေ၊ ဒါမှမဟုတ် မူလအဆုံးစွန်းဓားတာအိုဖြစ်စေ၊ သူတို့အားလုံးက နာမည်မျှသာပဲ။ တကယ်အရေးကြီးတာက နာမည်ပေးတဲ့သူက ဘယ်သူဆိုတာပဲ"

သူ့ခန္ဓာကိုယ်ထဲဝင်လာနေတဲ့အဆုံးမဲ့ဓားတာအိုရင်းမြစ်အဆီအနှစ်ကို ခံစားနေရင်း လီဖူချန်းရဲ့ချီတည်ရှိမှုက ပိုပိုပြီးသာမန်ဆန်လာတယ်။ လမ်းပေါ်မှာ လမ်းလျှောက်တဲ့အထါ သူက ဓားသမားတစ်ယောက်ဆိုတာပဲ အခြားသူတွေက သိတယ်။ သူက ဘယ်လောက်အံ့မခန်းစရာကောင်းသလဲဆိုတာ တစ်ယောက်မှ မသိဘူး။

"ဒီရင်းနှီးမြုပ်နှံမှုက ထိုက်တန်တယ်"

ကန့်လန့်ဖြတ်မြစ်ကြယ်ပိုင်နက်ထဲရှိအန္တရာယ်နေရာတစ်ခုမှာ ကောင်းကင်ဘုံဖောက်ဓားနတ်ဘုရားနဲ့ရေတံခွန်မိုးဓားမော့နတ်ဘုရားတို့က ရေတံခွန်ဘေးနားမှာ ထိုင်လျက် ဝိုင်သောက်နေတယ်။ ဒီရေတံခွန်က အလွန်အားကောင်းပြီး ရေစက်တွေက သာမန်မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တွေကို အပြင်းအထန်ဒဏ်ရာရစေဖို့ လုံလောက်တယ်။ ဒါပေမယ့် ရေစက်တွေက သူတို့နှစ်ယောက်အပေါ် ကျရောက်လာတဲ့အခါ သူတို့က သာမန်ရေစက်တွေ ဖြစ်သွားကြတယ်။

ကောင်းကင်ဘုံဖောက်ဓားနတ်ဘုရားရဲ့မျက်လုံးတွေက အံ့အားသင့်မှု၊ ထိတ်လန့်မှုတွေနဲ့ ပြည့်နေတယ်၊ အများစုကတော့ ပျော်ရွှင်ခြင်းပေါ့။

"ဒိီကလေးက တကယ်ကို အများနဲ့မတူဘူး"

ရေတံခွန်မိုးဓားမော့နတ်ဘုရားက ခေါင်းညိတ်လိုက်တယ်။

လီဖူချန်းရဲ့ဓားပညာချိုးဖြတ်သွားတာနဲ့ အရှင်သတ်မှတ်ချက်က ထွက်ပေါ်လာတယ်။ လီဖူချန်းရဲ့နာမည်က နံပါတ်၂မှ၁ကို တက်သွားပြီး အလင်းနတ်ဘုရားအရှင်က ၂သို့ ကျသွားတယ်။

တစ်ခဏအတွင်း စကြာဝဠာက အုတ်အုတ်ကျက်ကျက်ဖြစ်သွားတော့တယ်။

"နံပါတ်၁။ မူလအဆုံးစွန်းအရှင်က အလင်းနတ်ဘုရားအရှင်ကို ကျော်ဖြတ်သွားခဲ့ပြီးပဲ"

ဒါ ပုံမှန်ပဲမဟုတ်လား။ မူလဘူတမြေပြင်မှာ ဒီလောက်‌များတဲ့အထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်တွေ ပူးပေါင်းခဲ့တာတောင် မူလအဆုံးစွန်းအရှင်အတွက် ပြိုင်ဘက်မဟုတ်ခဲ့ဘူးမလား"

"ဒါ မတူဘူး။ မူလဘူတမြေပြင်မှာ လူတိုင်းကို အနိုင်ယူဖို့ မူလအဆုံးစွန်းအရှင်က စကြာဝဠာရတနာတစ်ခုကို မှီခိုခဲ့တယ်။ ခွန်အားအရ သူက အရှင်သတ်မှန်ချက်မှာ နံပါတ်၂ပဲ ဖြစ်ခဲ့တာ။ အခု သူက အရှင်သတ်မှတ်ချက်ရဲ့နံပါတ်၁ဖြစ်လာပြီ။ သူက စကြာဝဠာရတနာကို မမှီခိုရင်တောင် အရှင်တစ်ယောက်မှ သူ့ကို အနိုင်ယူနိုင်မှာမဟုတ်ဘူး"

လူတိုင်းက အသည်းအသန်ဆွေးနွေးနေကြတယ်။

"ဒါ ဟုတ်တယ်၊ ဘာပဲပြောပြော မူလအဆုံးစွန်းအရှင်က တကယ်မယုံနိုင်စရာပဲ။ နှစ်ပေါင်းမရေမတွက်များစွာကြာ အရှင်သတ်မှတ်ချက်ရဲ့နံပါတ်၁ကို နတ်ဘုရားမျိုးနွယ်ကပဲ အချိန်အများဆုံးပိုင်ဆိုင်ခဲ့တာ။ ဒီတစ်ခါတော့ ပြောင်းလဲသွားပြီးပေါ့"

"ဒါ ဟုတ်တယ်၊ မူလအဆုံးစွန်းအရှင်က လွှမ်းမိုးနိုင်လွန်းပါတယ်ကွာ။ နတ်ဘုရားမျိုးနွယ်က အရှင်သတ်မှတ်ချက်ရဲ့ထိပ်ဆုံးဆယ်နေရာမှာ သုံးနေရာကို ရယူထားခဲ့တာ"

"နတ်ဘုရားမျိုးနွယ်မှာ အကြိုနတ်ဘုရားတွေလဲ အများကြီးရှိတယ်။ စကြာဝဠာရဲ့နံပါတ်၁အကြိုနတ်ဘုရားက နတ်ဘုရားမျိုးနွယ်ရဲ့အကြိုနတ်ဘုရားပဲ"

နတ်ဘုရားမျိုးနွယ်ရဲ့အခြေခံအုတ်မြစ်နဲ့ပတ်သက်ပြီး ပိုနားလည်လာလေလေ၊ သူတို့ရဲ့နှလုံးသားက ပိုအေးစက်လာလေလေပဲ။

လွန်ခဲ့တဲ့နှစ်ပေါင်းမရေမတွက်များစွာကတည်းက နတ်ဘုရားမျိုးနွယ်က စကြာဝဠာရဲ့ပင်မဖြစ်ခဲ့တယ်။ သူတို့က စကြာဝဠာရဲ့သမိုင်းတိုင်းမှာ လွှမ်းမိုးခဲ့တယ်။ ကမ္ဘာသစ်ပင်စစ်ပွဲ၊ မသေမျိုးစစ်ပွဲတို့လိုအဓိကအဖြစ်အပျက်များစွာက နတ်ဘုရားမျိုးနွယ်နဲ့ဆက်စပ်တယ်။ အဲဒါတွေဖြစ်အောင် နတ်ဘုရားမျိုးနွယ်က လှုံ့ဆော်ပေးခဲ့တယ်လို့ ပြောကြတယ်။

နတ်ဘုရားမျိုးနွယ်ရဲ့ဘိုးဘေးက အစစ်အမှန်နတ်ဘုရားတစ်ယောက်လို့ ပြောကြတယ်။ အစစ်အမှန်နတ်ဘုရားတစ်ယောက်ကသာ ဒီလိုကြောက်စရာကောင်းတဲ့မျိုးနွယ်တစ်ခုကို မွေးထုတ်နိုင်လိမ့်မယ်။

လီဖူချန်းက စကြာဝဠာရှိဆွေးနွေးချက်တွေကို မကြားနိုင်ပါဘူး။ အခုဆိုရင် သူက ဓားတာအိုရင်းမြစ်နဲ့ပေါင်းစပ်လုနီးပါးဖြစ်တယ်။

၌

မူလအဆုံးစွန်းဓားပညာကို အလုံးစုံတတ်သိနားလည်ခြင်းကြယ်ပိုင်နက်အဆင့်ကို ရောက်ရှိသွားပြီ၊ ဆိုလိုတာက‌တော့ လီဖူချန်းရဲ့မူလအဆုံးစွန်းဓားတာအိုကလည်း အလုံးစုံတတ်သိနားလည်ခြင်းအဆင့်ကို ရောက်ရှိပြီးပေါ့။

မူလအဆုံးစွန်းဓားနည်းစနစ်အတွက်ကတော့ အတိအကျဆိုရလျှင် ၎င်းက သန့်စင်တဲ့ဓားတာအိုတစ်ခုမဟုတ်ဘူး။

ပထမ၊ ကျင့်ကြံခြင်းနည်းစနစ်ရဲ့မူလကို ရှင်းပြရပါမယ်။

သံသယရှိစရာမလိုဘဲ ကျင့်ကြံခြင်းနည်းစနစ်က လူသားမျိုးနွယ်မှ စတင်ခဲ့တာပဲ။

လူသားဘိုးဘေးက နေ၊လနဲ့ကြယ်တွေကို လေ့လာခဲ့တယ်။ သူက စကြာဝဠာရဲ့လည်ပတ်မှုကို လေ့လာခဲ့တယ်၊ စကြာဝဠာရဲ့ကျယ်ပြောမှုကို ညည်းညူခဲ့တယ်။ စကြာဝဠာက အဆုံးမဲ့ကာ အကန့်အသတ်မဲ့စွမ်းအားတွေရှိတယ်လို့ သူက ခံစားခဲ့ရတယ်။ လူသားမျိုးနွယ်က ဘယ်အချိန်မဆိုပျောက်ကွယ်သွားနိုင်တဲ့ဖုန်တစ်မှုန့်ပမာ အရေးမပါလှပါဘူး။

လူသားမျိုးနွယ်ရဲ့မဟာပညာရှင်က စကြာဝဠာကို စတင်အတုယူပြီး လူသားမျိုးနွယ်နဲ့သင့်တော်တဲ့လှည့်ပတ်ခြင်းနည်းလမ်းတစ်ခုကို ဖန်တီးခဲ့တယ်။ ဒီစွမ်းအားလှည့်ပတ်ခြင်းနည်းစနစ်က အစောဆုံးကျင့်ကြံခြင်းနည်းစနစ်ပဲဖြစ်တယ်။

ဒါနဲ့ပတ်သက်ပြီးစဉ်းစားကြည့်ရအောင်၊ စကြာဝဠာမှာ ကြယ်ဘီးတွေ မရေမတွက်နိုင်လောက်အောင်ရှိတယ်။ ဒီကြယ်ဘီးတွေက မရီးဒီယန်နဲ့တူတယ်။ သူတို့က ချိတ်ဆက်ထားပုံမရပေမယ့် တကယ်တော့ နက်ရှိုင်းတဲ့ချိတ်ဆက်မှုတစ်ခုရှိတယ်။ ကြယ်ဘီးတွေအတွင်းမှာ ကြီးမားတဲ့ကြယ်စက်ကွင်းအရေအတွက်တစ်ခုရှိပြီး ကြယ်စက်ကွင်းတွေမှာ ကြယ်တွေအဆုံးမဲ့ရှိတယ်။ အကွင်းတစ်ခုစီက ဆက်သွယ်နေပြီး အကွင်းတစ်ခုစီက ဂီယာတစ်ခုနဲ့တူတယ်။ သူတို့က တင်းကြပ်စွာစုပြုံနေပြီး ချို့ယွင်းချက်တစ်ခုမှ မရှိဘူး။ ဒါက ကျင့်ကြံခြင်းနည်းလမ်းတစ်ခုနဲ့ အလားသဏ္ဍာန်တူတယ်။

ဓားတာအိုကျင့်ကြံခြင်းနည်းစနစ်နဲ့ကျင့်ကြံခြင်းနည်းစနစ်တွေမှာ ပင်ကိုခြားနားချက်တစ်ခုမှမရှိဘူး။ တစ်ခုတည်းသောခြားနားချက်ကတော့ ဓားတာအိုနားလည်မှုကို ကျင့်ကြံခြင်းနည်းစနစ်နဲ့ ပေါင်းစပ်ထားတာပဲ။

လီဖူချန်းရဲ့မူလအဆုံးစွန်းဓားတာအိုက အလုံးစုံတတ်သိနားလည်ခြင်းအဆင့်ကို ရောက်ရှိထားတယ်။ သူက သူ့ရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်ဖွဲ့စည်းပုံကို အပြည့်အဝနားလည်ပြီး စကြာဝဠာရဲ့ဖွဲ့စည်းပုံကို ရှင်းရှင်းလင်းလင်းနားလည်သရွေ့ သူက မူလအဆုံးစွန်းဓားနည်းစနစ်ကို အလုံးစုံတတ်သိနားလည်ခြင်းအဆင့်သို့ တွန်းပို့နိုင်လိမ့်မယ်။

ပြီးရင်တော့ သူက အသန်မာဆုံးအရှင်ဖြစ်လာပြီး သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က စကြာဝဠာရဲ့အကန့်အသတ်ကို ရောက်ရှိပေလိမ့်မယ်။

သူက နောက်ထပ်တိုးတက်လာရင် သူက နတ်ဘုရားအဆင့်ကို ရောက်ရှိသွားလိမ့်မယ်။

အနှစ်၁၃၀......

ဝုန်း.....

ထာဝရချီတည်ရှိမှုတစ်ခုပါဝင်တဲ့ဓားမော့ချီတစ်ခုက ကောင်းကင်သို့ ထိုးတက်သွားတယ်။

ရန်ချင်းဟူက ချိုးဖြတ်နိုင်ခဲ့ပြီ။

အခု သူမက သာမန်အရှင်တစ်ယောက်သာ ဖြစ်သေးပေမယ့် သူမရဲ့သက်တမ်းက ထာဝရဖြစ်လာတယ်။ သူမက အသက်ကြီးလာမှာတွေ၊ သက်တမ်းကုန်ဆုံးသွားမှာတွေကို စိုးရိမ်စရာမလိုတော့ပါဘူး။

"ငါ နောက်ဆုံးတော့ ချိုးဖြတ်သွားပြီ"

ရန်ချင်းဟူက ပျော်ရွှင်မှုတွေနဲ့ ပြည့်နေတော့တယ်။

သူမရဲ့ခွန်အားက လီဖူချန်းအရှေ့မှာဆိုရင် ဖော်ပြဖို့မထိုက်တန်ဘူးဆိုတာ သူမက ရှင်းရှင်းလင်းလင်းသိတယ်။ ဒါပေမယ့် အနည်းဆုံး သက်တမ်းအားဖြင့် သူတို့နှစ်ယောက်က တူညီတယ်။

ဒီနှစ်၁၃၀အတွင်း ရန်ချင်းဟူက ဘယ်လောက်ဖိအားများနေသလဲကို တစ်ယောက်မှမသိဘူး။

လီဖူချန်းကို တစ်ချက်ကြည့်ပြီးနောက် ရန်ချင်းဟူက ဓားမော့တာအိုကို ဆက်လက်နားလည်စေလိုက်တယ်။

အနှစ်၁၈၀၊ သမန်းဝံပုလွေလီဖူချန်းကပြိုင်ဘက်ကင်းအရှင်အဆင့်သို့ ချိုးဖြတ်သွားခဲ့တယ်။

အချိန်ကုန်ဆုံးလာတဲ့အမျှ သမန်းဝံပုလွေလီဖူချန်းရဲ့ချိုးဖြတ်ခြင်းအရှိန်က ပိုနှေးလာမှန်း သိသာတယ်။

ဒါ ဘာမှမတတ်နိုင်ပါဘူး၊ သမန်းဝံပုလွေလီဖူချန်းမှာ လီဖူချန်းရဲ့စိတ်ဝိညာဉ်အနည်းငယ်သာ ရှိတာလေ။ ဒီလိုဆိုပေမယ့် သူ့ရဲ့ကျင့်ကြံခြင်းမြန်နှုန်းက အကြိုနတ်ဘုရားတွေကတောင် နှိုင်းယှဉ်နိုင်တဲ့အရာမျိုးမဟုတ်ဘူး။

အနှစ်၂၀၀၊ လီဖူချန်းက ထရပ်လိုက်တယ်။

"နားလည်ဖို့အတွက် ငါ့ကိုယ်ငါပဲ မှီခိုနေရင် မူလအဆုံးစွန်းဓားနည်းစနစ်ကို အလုံးစုံတတ်သိနားလည်ခြင်းအဆင့်သို့ တွန်းပို့ဖို့က မဖြစ်နိုင်ဘူး။ လူသားဘိုးဘေးက နေ၊လနဲ့ကြယ်တွေသာမက စကြာဝဠာရဲ့လည်ပတ်မှုကိုပါ လေ့လာပြီး ကျင့်ကြံခြင်းနည်းလမ်းကို ဖန်တီးခဲ့တဲ့အတွက် ငါလဲပဲ နေ၊လ၊ကြယ်နဲ့စကြာဝဠာရဲ့လည်ပတ်မှုကို လေ့လာသင့်တယ်"

လျှပ်တစ်ပြက်လက်ကာ လီဖူချန်းက နက်ပြာပလိန်းမှ ထွက်သွားတယ်။

သူက အခုနေ ထွက်သွားရင် အန္တရာယ်တစ်ခုရှိနိုင်ပါသေးတယ်။ သူ့ကို အကြိုနတ်ဘုရားတစ်ယောက်က ရှာတွေ့ချင်တွေ့သွားနိုင်တယ်။

ကံကောင်းတာကတော့ သူ့ရဲ့ဓားပညာက အခု အလုံးစုံတတ်သိနားလည်ခြင်းအဆင့်မှာရှိပြီး ကမ္ဘာဦးမူလလက်ကောက်နဲ့ဆိုရင် သူက ပထမတန်းစားအဆင့်အကြိုနတ်ဘုရားတွေနဲ့ ယှဉ်နိုင်လောက်တယ်။

……

အချိန်တွေက ရေပမာ စီးဆင်းနေတယ်၊ လီဖူချန်းက စကြာဝဠာရှိနေရာအမျိုးမျိုးမှာ လှည့်လည်နေခဲ့တယ်။

သူ့ရဲ့လက်ရှိမြန်နှုန်းနဲ့ဆိုရင် ကြယ်ပိုင်နက်တစ်ခုမှ အခြားတစ်ခုကို သွားဖို့ အချိန်တစ်ခဏတာပဲ လိုအပ်တယ်။

အန္တရာယ်နယ်မြေတွေ၊ အပျက်အစီးတွေ၊ ထူးခြားတဲ့ကြယ်အချို့တွေ၊ စကြာဝဠာရဲ့အံ့ဩဖွယ်ရာမြင်ကွင်းတွေ၊ အဆုံးမဲ့မျိုးနွယ်စုတွေ......

သွားနေစဉ် လီဖူချန်းက မူလအဆုံးစွန်းနည်းစနစ်တိုးတက်ဖို့နဲ့ပတ်သက်ပြီး မေ့လုနီးပါးပါပဲ။

စကြာဝဠာက ဒီလောက်လှမယ်လို့ သူ ဘယ်တုန်းကမှ မတွေးထားခဲ့ဘူး။

All Chapters